Days of Counting Camellia (Hi...

By All-shine

277K 18K 2.5K

Own-Creation.(R18+) လူတစ်‌ယောက်ဟာ မိမိ၏ ရန်သူအဖြစ်မှ အသက်ထက်ချစ်ရသူအဖြစ် ပြောင်းလဲသွားနိုင်သလား ? စစ်သုံ့ပ... More

[1] War Slave
[2] Little Thief
[3] What's wrong with the Emperor ? "
[4] Dominant Sadist
[5] Hurtful
[6] Why she can't bloom
[7] Honey Lips
[8] Prince with Red eyes
[9] Emperor wants a cage
[11] Easy to break, easy to fall
[12] The Boy who collects Happiness in a bottle (1) '
[13] The Deadly Simulation
[14] What do you really want , your Majesty ? '
[15]' Colours of Ash '
[16] The past in mud '
[17]Ravens have claws '
[18]' One Long Fateful Night '
[19]Why Ash take an orange to high "
[20]' The West Wind of Mine '
[21]' Romance of a maiden '
[22]' Enemies of the damn '
[23]' Sex-slave in name '
[24]Real Sex-slave(18+)
[24]' Kissing A Rose🌹 '
[26]' Whispers in the forest '
[27]' Hunt down the Beast '
[28] They call him Ash , the Evil '
[29] Blood Red Eyes in the Snow '
[30]' Embrace in the Snow '
[31]' Defenseless in his arms '
[32]' Her Warm body '
[33]' All paths to hell are paved with good intentions '
[34]' The cleansing day of Xavia '
[35]' Love can be harmful '
[36]' Your Majesty, you will frighten the little lamb '
[37] These feelings are too dirty to be called Love '
[38]' Calm before the storm '
[39]' Born from ashes '
[40]' Paradise on fire '
[41] A drop of poison
[42] The Golden Cage of Desire
[43] Love turns into Lust
[44] Loving Your Enemy
[45] She is the God's Weakness '
[46]Scandalous Woman

[10] In Emperor's chamber

5.3K 453 56
By All-shine

Check Zawgyi version below ⬇️

#Unicode

Afa သည် ရေလဲပဝါဖြူကို ပိုက်ထားရင်း အငွေ့တထောင်းထောင်းထနေသော ရေချိုးကန်ကို တအံ့တဩငေးကြည့်နေမိသည် ။

ဤရေချိုးခန်းသည် အစေခံတန်းရားရှိရေချိုးခန်းများနှင့်မတူပဲ ကျောက်သားတို့ဖြင့် အဆင့်မြင့်မြင့်ဆောက်လုပ်ထားသည် ။
အတော်အသင့်ကျယ်ဝန်းသည့်အပြင် ရေနွေးပါရသော ရေချိုးခန်းဖြစ်၍ တော်ရုံအစေခံများအတွက်မဟုတ်လောက် ။
ဒါ့အပြင် အခန်း၏ထောင့် ကျောက်သားစဉ်ပုကလေးပေါ်တွင် ထောင်ထားသော ရောင်စုံပုလင်းအကြည်ကလေးများကိုလဲ တွေ့ရသည် ။
ထိုပုလင်းထဲတွင်ပါရှိသောအရာတို့သည် Afa မင်းသမီးဘဝတည်းက သုံးခဲ့သော အမွှေးဆီများပဲဖြစ်သည် ။
ရေချိုးရင်သုံးသောအမွှေးဆီတို့သည် သူချမ်းသာတချို့နှင့် တော်ဝင်မျိုးနွယ်များသာတတ်နိုင်သော ဇိမ်ခံပစ္စည်းတစ်မျိုးပဲဖြစ်သည် ။
ဒါတောင် နေ့စဉ်‌နေ့တိုင်းသုံးကြတာမဟုတ် ။
အခါကြီးရက်ကြီးများနှင့် အရေးကြီးပွဲလမ်းသဘင်များဖြစ်သော အရွယ်ရောက်ပွဲ ၊ လက်ထပ်ပွဲ ၊ မွေးနေ့ပွဲစသည့်ပွဲများမတိုင်ခင် ရေချိုးသန့်စင်ရန်သုံးကြသော အဖိုးတန်ပစ္စည်းပဲဖြစ်၏။

" မဝင်ပဲ ဘာလုပ်နေတာလဲ ? "

အသံလာရာကို လှည့်ကြည့်လိုက်သော် နီညိုရောင်သူရဲကောင်းဝတ်ရုံကို ဝတ်ဆင်ထားသော ထောင်ထောင်မောင်းမောင်းအမျိုးသမီးတစ်ဦးကို တွေ့ရ၏ ။
ထိုအမျိုးသမီး၏အရပ်အမောင်းသည် ဘယ်လောက်မြင့်သလဲဆိုရင် Afa နှင့် ခေါင်းတစ်လုံးစာမျှကွာ၏ ။
Afa သည် နဂိုသေးငယ်သောကိုယ်လုံးပိုင်ရှင်ပေမယ့် သူမအား Afa မော့ပြီးကြည့်ရသည်အထိမြင့်သည် ။

သူမကို Afa သေသေချာချာ မှတ်မိသည် ။
သူမသည် အစေခံမလေး Lucy အား စည်းကမ်းမရှိသဖြင့် ရိုက်နှက်ဆုံးမသော အမျိုးသမီးသူရဲကောင်းပင်ဖြစ်ပေတော့သည် ။

ထိုအမျိုးသမီးသူရဲကောင်းတွင် သူမ၏ တောင့်တင်းသောခန္ဓာကိုယ်အပြင် မည်သူမှဖြိုလှဲ၍မရနိုင်သော အားပြင်းသည့်အရှိန်အဝါတစ်ခု တည်ရှိနေသလို ။
တော်ရုံလူများသည် သူမနှင့်မျက်လုံးချင်းဆုံရဲကြမှာတောင်မဟုတ် ။
သေးသွယ်ရှည်လျားသော မျက်လုံးအိမ်တို့နှင့် ပယင်းရောင်မျက်စံတို့ကြောင့် သူမ၏အကြည့်သည် စူးရဲ၏ ။
ဒါ့အပြင် သူမသည် လွန်စွာစည်းကမ်းတင်းကျပ်ပြီး ကြမ်းတမ်းတတ်ကြောင်း Afa ကိုယ်တိုင်မျက်မြင်ပဲ မဟုတ်ပါလား ။

Afa မသိသည်မှာ ထိုအမျိုးသမီးသူရဲကောင်းသည် Xavia ၏ စည်းကမ်းဥပဒေကို ကာကွယ်သည့် Order of Radiant ခေါ် , Radiant တပ်၏ ထိတ်သီးတစ်ယောက်ဖြစ်ကြောင်းပင် ။
ငါးခုသော အင်ပါယာစောင့်တပ်မကြီးများထဲ၌ ဒုတိယအင်အားအကြီးဆုံးဖြစ်ကာ ၊ အမျိုးသမီးသူရဲကောင်းများစွာပါရှိသော တပ်ဖြစ်၏ ။
ထိုလိုအရေးပါသော လူတစ်ယောက်က နိမ့်ကျသော ကျွန်ငယ်၏ အရှေ့ရောက်နေရခြင်းမှာ ဧကရာဇ်မင်း၏ ကလေးဆန်ဆန် နှုတ်မိန့်တစ်ခွန်းကြောင့်ပဲဖြစ်သည် ။

Ash : " Jane , မင်းရဲ့တပ်သားတွေရေချိုးတဲ့နေရာကို ရောက်နေတယ်လို့ကြားတယ်
အဲ့ဒီ သတ္တိမရှိတဲ့ Raven မျိုးရိုး ဘယ်လောက်တောင် ကြောက်ပြီးတုန်နေသလဲ သွားကြည့်ကြည့်စမ်း " တဲ့ . . . ။

အရှင်သခင်၏စကားအဓိပ္ပါယ်မှာ ကျွန်တစ်ယောက်အား ရာထူးမြင့် အမျိုးသမီးတပ်သားတွေသုံးသည့် ရေချိုးခန်းကိုသုံးစေဖို့ သူပဲအမိန့်ပေးလိုက်တာကြောင့် အဲ့ဒီကောင်မလေးအနိုင်အကျင့်ခံနေရသလား ၊ အဆင်ပြေသလား ၊အခြေအနေသိချင်တာပဲဖြစ်၏ ။
ပွင့်ပွင့်လင်းလင်းမိန့်လျှင်လဲ ရပါလျက်နဲ့ အရှင်သခင်သည် လွန်စွာခေါင်းမာလှပေသည် ။
အကြောင်းကောင်းကောင်းမသိလျှင် ကောင်မလေးကို အနိုင်သွားကျင့်ခိုင်းတယ်လို့ အထင်ရောက်ကြလိမ့်မည် ။

Jane ၏ မျက်စိရှေ့တွင် ပုခုံးလေးကျုံ့ကာ ရပ်နေသောကောင်မလေးသည် အနည်းဆုံး အသက်အရွယ်မျှဖြင့် တစ်ဆယ်ကျော် ဆယ့်ငါးဆယ့်ခြောက်နှစ်မျှသာရှိလောက်ဦးမည် ။
လက်ဖဝါးတစ်ဆုပ်စာလောက်သာရှိမည့် မျက်နှာလေးသည် လွန်စွာသေးငယ်ကာ လွန်စွာအားနည်းသော ပုံသဏ္ဌာန်ကိုပေးစွမ်း၏ ။
ရှေ့ဆက် ရှင်ဘုရင်၏အလေးပေးမှုကို မထမ်းနိုင်ပဲ ကျိုးကျေသွားမှာစိုးမိသည် ။

ဒါပေမယ့် Raven အင်ပါယာရဲ့ ဧကရီတစ်ပါးတဲ့ ။
အားနွဲ့သောပုံစံလေးနဲ့ မလိုက်ပဲ အနှီကောင်မလေးသည် Xavia နန်းတွင်း၏ ရက်စက်မှုဒဏ်ကို လပေါင်းများစွာတောင့်ခံနိုင်ခဲ့သည် ။
Jane စိတ်ပူစရာမလိုဘူးလို့ ဆုံးဖြတ်လိုက်သည် ။

Jane : " အရှင်စောင့်နေတယ် အမြန်သန့်စင်အောင် ချိုးပြီးထွက်လာခဲ့ ညစ်ပတ်တဲ့ ခန္ဓာကိုယ်နဲ့ အဆောင်တော်ထဲ ဝင်ခွင့်ရမယ်မထင်နဲ့ ? "

Jane သည် အသံမာမာနဲ့ ချိန်းခြောက်လိုက်၏ ။
ထိုအခါ ကောင်မလေးသည် လန့်ဖြန့်သွားပုံရသည် ။

" အ. . . အရှင်က ဘာကြောင့် . . . "

မျက်လုံးလေးပြူးကာ အံ့ဩနေသော ကျွန်မလေးကို ကြည့်ရင်း Jane သည် စိတ်ထဲမှ ပင့်သက်ရှိုက်လိုက်မိသည် ။

အရှင်က သူမကိုရေကူချိုးပေးဖို့ အစေခံတချို့ကိုပါ လွှတ်ခိုင်းထားတယ် ဆိုရင် သူမဘယ်လိုတုံ့ပြန်မလဲ ?

ဒါပေမယ့် ကျွန်တစ်ယောက်ရေချိုးဖို့အတွက်နဲ့ နန်းတွင်းသူတွေကို သုံးခဲ့ရင် ပြန့်နှံ့သွားမည့် သတင်းကို တားနိုင်မည်မဟုတ် ။
ဒါ့အပြင် ဘယ်နန်းတွင်းသူကမှ ကျွန်တစ်ယောက်ကို ခစားချင်မည်မဟုတ် ။
ပုံမှန်ဆိုလျှင် အရှင်သခင်၏အိပ်ဆောင်ထဲ ဝင်ရမည့် မည်သူမဆို ‌သေချာစွာရေချိုးသန့်စင်ထားရမှာပဲဖြစ်သည် ။
သို့ပေမယ့် Jane က ကြားထဲမှနေ၍ အားလုံးအနေမခက်ရအောင် အရှင့်နောက်ကွယ် အစေခံတွေကို ပြန်လွှတ်လိုက်သည် ။

Jane လို ရာထူးကြီးသူရဲကောင်း၏ အစောင့်အရှောက်ခံရတာနဲ့တင် လုံလောက်နေပြီမဟုတ်လား ။
အဓိပ္ပါယ်မဲ့‌နေမှုကြီးဟာ တော်ရုံပဲကောင်း၏ ။

______________________________

ရက်အတော်ကြာမှ အသေအချာ ရေမိုးချိုးသန့်စင်ရခြင်းဖြစ်သည် ။
ဒီလို အခွင့်အရေးမျိုးက နောက်လာပါ့မလားမသိတာကြောင့် Afa တစ်ယောက် ရေနွေးကန်ထဲ တဝစိမ်ပစ်ပလိုက်သည် ။
ဆန်းပြားသည်မှာ ရေချိုးခန်းထဲ၌ ထားရှိသော အမွှေးရည်သည် Afa ငယ်စဉ်က လွန်စွာကြိုက်နှစ်သက်ခဲ့သော နှင်းဆီမွှေးရည်ဖြစ်နေခြင်းပင် ။

အနံ့တွေဟာ မှတ်ဉာဏ်တွေကိုသိုလှောင်ထားတယ် ဆိုတဲ့ စကားဟာ အမှန်ပဲဖြစ်မည် ။
နှင်းဆီအမွှေးရည်ကို ပထမဆုံးအကြိမ်သုံးခဲ့ဖူးတဲ့ညက အိပ်မက်ဆန်သောဖြစ်ရပ်တစ်ခု . . . ။
ရနံ့တွေနဲ့ တွဲပါလာသော အတိတ်တွေဟာ ပြန်လည်အသက်ဝင်လာ၏ ။
ညှင်သာတဲ့ နှင်းဆီနံ့မွှေးမွှေးလေးသည် Afa အား လပြည့်ညတစ်ညဆီခေါ်ဆောင်သွားတော့သည် ။

တိတ်ဆိတ်အေးစက်တဲ့ အဆောင်ကြီးထဲ တစ်ယောက်တည်းနေထိုင်တဲ့ မင်းသမီးလေးသည် နီရဲသောမျက်လုံးပိုင်ရှင် ကောင်လေးတစ်ကောင်နဲ့ ဆုံဆည်းခဲ့၏ ။
လရောင်အောင် မြင်တွေ့ရတဲ့ မျက်လုံးတွေသည် မကောင်းဆိုးဝါးတစ်ကောင်ပမာ ကြောက်မက်ဖွယ်ကောင်းခဲ့သော်လည်း ၊ Afa သည် ထိုသတ္တဝါလေးအား တစ်စက်မှမကြောက်ရွံ့ခဲ့ ။
Afa ၏အဆောင်ထဲ လမ်းမှားဝင်ခဲ့သော ဒဏ်ရာများနဲ့ မကောင်းဆိုးဝါးငယ်သည် Afa ၏ လက်တစ်ဖက်ကို ကိုက်ခဲ‌ခဲ့ပေမယ့် ၊ နောက်ဆုံး Afa ရဲ့ ပေါင်ပေါ်မှာပဲ အကာအကွယ်မဲ့စွာ အိပ်‌ပျော်သွားပုံကို အမှတ်ရသေးသည် ။
တစ်ညလုံးအတူ ကုန်ဆုံးခဲ့သော်လည်း ဘယ်သူဘယ်ဝါမသိခဲ့ ။
မှတ်မိသည်က မျက်ဝန်းနီကြီးများသာ . . . ။

အန္တရာယ်များသော အသွင်ကို‌ဆောင်ပါလျက် ထိုသူသည် နာကျင်စွာ၊ အားနည်းစွာ တဆတ်ဆတ်တုန်ယင်နေခဲ့သည် ။
ဒါကြောင့်လဲ Afa သည် သူ့အား သနားကြင်နာခဲ့တာနေမည် ။
မိမိထက် အင်အားကြီးတဲ့သူမှန်း သေချာပါလျက် Afa သည် ကောင်လေးအား အစွမ်းကုန်ကာကွယ်ပေးချင်ခဲ့သည် ။

သတိတရဖြစ်မိတော့ လက်ကောက်ဝတ်မှ အမာရွတ်အကွက်ကလေးကို ကြည့်မိသည် ။
အဆွယ်တွေကို အသားထဲအထိ စိုက်ဝင်ကိုက်ဖဲ့ခဲ့တာကြောင့် အရုပ်ဆိုးသော ဒဏ်ရာတစ်ခုဖြစ်ခဲ့‌သော်လည်း ၊ အခုတော့ ပြန်တွေးမိတိုင်း မိမိကိုယ်ကို ဂုဏ်ယူရသည့် အမှတ်တရလေးအဖြစ် ကျန်ရစ်ခဲ့လေပြီ ။

အိုက်စက်တဲ့ညမှာ Afa ရဲ့ ရင်ခွင်ထဲ ကြွေကျခဲ့တဲ့ နှင်းမှုန်ကလေးသည် ယခု အန္တရာယ်တွေရဲ့ဝေးရာမှာ ရှိနေရင်‌တော့ကောင်းမည် ။
အဲ့ဒီညက သူဟာ Afa. ရင်ကို ခေတ္တခဏ အေးချမ်းစေခဲ့သည် . . . ။

အတိတ်တစ်ခု၌ ကျန်ရစ်ခဲ့ပြီဖြစ်သော မျက်လုံးနီနီနဲ့ သားရဲငယ်ရေ . . .ပျော်ရွှင်နေရဲ့လား ?

ထိုစဉ် ရေချိုးခန်း၏အပြင်ဖက်မှ နေ၍အသံဗလံများ ပေါ်ထွက်လာ၏ ။
Afa ၏ အတွေးစများလဲ ပြတ်တောက်သွားသည် ။

" ဟာ ? အစေခံတောင်မဟုတ်ပဲ ကျွန်တဲ့လား ? သူချိုးထားတဲ့ကန်ထဲ ငါကဘာကြောင့် ချိုးရမှာလဲ သိက္ခာကျလိုက်တာ "

" တိတ်တိတ်နေ အထဲကနေကြားသွားမယ် ၊ ခေါင်းဆောင်ကိုယ်တိုင် လာပို့သွားတာတဲ့ "

" အဲဒီတော့ ? ကြားကြားပေါ့ဟ ၊ ငါတို့က သောက် Raven ‌မျိုးတွေကို ကြောက်ရမှာလား ? စစ်ပွဲထဲမှာ အဲဒီကျီးမျိုးတွေရဲ့ခေါင်းဘယ်နှလုံးလောက် ငါဖြတ်ခဲ့တယ် ထင်သလဲ "

အမျိုးသမီးများ၏အသံဖြစ်၏။
သို့သော် စကားပြောပုံဆိုပုံမှာ ဆွေမျိုးကြီးထဲမှလာသော သမီးပျိုလေးများလို မနူးညံ့နေပဲ ကြမ်းတမ်းကာ ကျယ်လောင်သည်။
သူမတို့သည် သေချာပေါက် စစ်ပွဲများစွာတိုက်လာ‌သော သူရဲကောင်းများပဲဖြစ်မည် ။
ဒါ့အပြင် ရိုးရိုးတပ်သားရာထူးလောက်မဟုတ်နိုင် ။
ရိုးရိုးတပ်သားများသည် နန်းတော်ထဲ၌ နေခွင့်မရ ။
ရာထူးအတော်အသင့်ရှိသော သူရဲကောင်းများသာ ဧကရာဇ်ကိုတိုက်ရိုက် ခစားခွင့်ရသည် ။
ဤရေချိုးခန်းသည် ထို့ကြောင့်လဲ အဆင့်မြင့်နေတာဖြစ်သည် ။

ဒါဆိုရင် ကျွန်တစ်‌ယောက်ဖြစ်တဲ့ Afa ကို ဘာကြောင့် အသုံးပြုခွင့်ပေးသနည်း ?
ပြီးတော့ အရှင်ရဲ့ အဆောင်တော်ထဲကို ဝင်ရမည်တဲ့ ?
ဘာကြောင့်လဲ ?
မေးခွန်းများတစ်ခုပြီးတစ်ခု တန်းစီလာပေမယ့် အဖြေတော့ မထွက်လာခဲ့ ။

မည်းမှောင်သော အသူရာချောက်ကမ်းပါးကြီးရဲ့ထိတ်မှာ မျက်လုံးပိတ်ကာ ရှင်ဘုရင်တစ်ပါး၏အလိုကျ ယိမ်းကနေရသလို ။
အခန့်မသင့်ရင် ချော်ကျသွားနိုင်ပေမယ့် ရပ်လို့မရ ။
ခိုင်းစေသမျှ တလွဲမသွေပြုမူရ၏ ။
တခါတလေ ဘေးပိရိတ်သတ်က ခဲတွေနဲ့ပေါက်တတ်သေးသည် ။
အခုလိုပေါ့ . . . ။

" အရှင်ရဲ့ အတွေးက ဘယ်လိုရှိသလဲ မသိပေမယ့် ၊ ငါရဲ့ အရှေ့မှာ ထောင်လွှားကြည့်ပါလား နှစ်ခါစဥ်းစား‌‌နေမှာမဟုတ်ဘူး သတ်ပစ်ပလိုက်မှာ "

ထိုစကားကို ကြားရတော့ Afa သည် အံကိုကြိတ်ထားမိသည် ။
Afa နှင့် ကိုယ်ရေးကိုယ်တာ ပတ်သတ်မှုမရှိသောသူများကပင် Afa အား မုန်းတီးကြတာဖြစ်သည် ။
သူသာဆိုရင် Afa ကို ဘယ်လောက်တောင် သတ်ပစ်ချင်နေမလဲနော် . . . ။

ရာထူးရော နောက်ခံပါမရှိ ။
အင်အားရော အရည်အချင်းပါမရှိ ။
Afa သည် သူတို့နဲ့မတူ ကွဲပြားစွာ သေးငယ်သည် ။
သူတို့ကို ရင်ဆိုင်ဖို့က မဖြစ်နိုင် ။
အပြင်မှအသံများ တိတ်သွားသည်အထိ စောင့်နေလိုက်ပြီးမှ ရေချိုးခန်းထဲမှ ထွက်ခဲ့လိုက်သည် ။

အပြင်၌ ခဏက Afa အား ရေချိုးရန်ခွင့်ပြုပေးခဲ့သော အမျိုးသမီးသူရဲကောင်းသည် လက်ပိုက်ကာရပ်စောင့်နေခဲ့သည် ။
ရေချိုးခန်းထဲမှ ပဝါဖြူလေးပတ်ကာ ကုပ်ချောင်းကုပ်ချောင်းနဲ့ ထွက်လာသော Afa အား သူမသည် စူးစိုက်ကာကြည့်နေသည် ။
သူမ၏ အကြည့်ကို Afa ကောင်းစွာ ရင်းနှီးသည် ။
စိတ်ပျက်သော ၊ အထင်သေးသော . . . ။ Afa အပေါ် ငုံ့မိုးကာ ကြည့်တတ်သည့် Xavia ဧကရာဇ်၏ မျက်ဝန်းမှာ တခါတလေတွေ့ရတတ်သော အကြည့်တွေပဲဖြစ်သည် ။

ထိုအကြည့်အမျိုးအစားသည် လူတစ်ယောက်၏ မာန်မာနကိုထိပါးစော်ကားသည် ။
ခဏက နှိမ်ချပြောဆိုနေခဲ့သောသူများကို ကြောက်၍ Afa သည် ပုန်းရှောင်ခဲ့သောကြောင့် သူမသည် Afa ကို အထင်သေးစိတ်ပျက်သွားခြင်းပဲဖြစ်မည် ။

မတတ်နိုင် ။
Afa သည် ခေါင်းငုံ့၍သာ ခံတတ်သည် ။
ဘာဆိုဘာမှ မတုံ့ပြန်နိုင် ။
ဒါဟာ Afa အခုထိနေထိုင်ခဲ့သော နည်းပဲဖြစ်သည် ။

ခေါင်းငုံ့ကာ အကြည့်လွှဲသွားသော Afa ဆီမှ သူမသည်လဲ ပင့်သက်တစ်ခုဖြင့်သာ မျက်နှာလွှဲလိုက်သည် ။

Jane : " အဝတ်လဲပြီးရင် ယောင်္ကျားအစေခံတစ်ယောက် လာ‌ခေါ်လိမ့်မယ် ၊ လိုက်သွားလိုက် "

ထိုသို့ပြောပြီး သူမထွက်သွားတော့သည် ။
Afa သည် သူမ၏ဖြောင့်မတ်သော နောက်ကျောပြင်ကို ငေးကြည့်ရင်း သေးငယ်သထက် သေးငယ်သွားတော့သည် ။

_________________________________

" အရှင့်ကို ဘယ်အချိန်စကားပြောခွင့်ရှိသလဲဆိုရင် ဘယ်တော့မှမရှိဘူးလို့မှတ် ၊
အရှင်ကမေးမှ ဖြေ ၊ ခွင့်ပြုမှ အိပ် ၊ ခွင့်ပြုမှစား ကြားလား ! "

ခပ်ဩဩနှင့် လွန်စွာကျယ်လောင်သော အသံရှိသည့် ဧကရာဇ်မင်း၏ စက်တော်ဆောင်စောင့်သည် သူ၏အနောက်မှ အမောတကောလိုက်ပါလာသော ကျွန်မလေးအား သင်ကြားနေခြင်းပင် ။

ညနေစောင်း ညီလာခံပြီးချိန်ဖြစ်၍ အရှင်မင်းမြတ်၏ အမိန့်တော်အတိုင်း ကျွန်မလေးအား အဆောင်တော်သို့ ပို့ဆောင်ပေးရလေသည် ။
ပိန်လှီကာ ဖြူလျနေသော ထိုကျွန်မလေးသည် ဘာမှထူးထူးခြားခြားမရှိသည် မှန်ပါလျက်၊ ဘာအစွမ်းနဲ့ အရှင်သခင်အား ဖမ်းစားလိုက်သည်မသိ ။
အခုတော့ ဧကရာဇ်မင်းမြတ်ရဲ့ အိပ်ဆောင်ထဲ နေရာရခဲ့ပြီ ။
အိမ်မွေးတိရစ္ဆာန်ဖြစ်ဖြစ် ၊ ကစားစရာဖြစ်ဖြစ် ၊ လိင်ကျွန်ဖြစ်ဖြစ် . . . ။
ဘယ်လိုပုံစံနဲ့ပဲဖြစ်စေ အရှင့်ရဲ့အနားကို ရောက်ချင်တဲ့ သူတွေမှာ မရေတွက်နိုင်အောင်ရှိသည် ။
ဒါကို ဒီရွက်ကြမ်းရေကျို အရိုးခြောက်ဖြူကို ရွေးသည်တဲ့လား ?
ရင်နာနာနဲ့ပဲ ပို့ဆောင်ပေးရပါသည် ။

နွဲ့လျသောအသံဩဩသည် ထပ်မံကျယ်လောင်သွားပြန်သည် ။

" ကြားလားဟဲ့ ? "

ထိုအော်ငေါက်သံကြောင့် Afa လဲ အမြန်ခေါင်းညိတ်ပြလိုက်သည် ။

" ဟုတ်ကဲ့ "

ဒါဏ်ဖြစ်‌နေသောAfa ရဲ့ အသံအိုးသည် မောဟိုက်နေသဖြင့် ကောင်းစွာအလုပ်မလုပ်နိုင် ။
‌သေးငယ်သော အသံလေးသာထွက်၏ ။
အဲ့ဒီအခါမှ အိပ်ဆောင်စောင့်‌ဆိုသူသည် သနားစိတ်ဝင်ပြီး အနည်းငယ်စိတ်ပျော့သွားပုံရကာ ဆက်ပြောပြသည် ။

" မင်းရဲ့တာဝန်က အရှင့်ရဲ့ စိတ်ဖိစီးမှုတွေကို လျော့‌ပါးစေဖို့ပဲ ၊ ဖြစ်နိုင်ရင် အရှင် အိပ်မောကျစေဖို့ ဘာမဆိုလုပ်ပေးရမယ်
' ဘာမဆို ' ဆိုတာ ' ဘာမဆို ' ပဲ ကြားလား ! "

လမ်းလျောက်နေရာမှ ရုတ်တရက်ရပ်ကာ အနောက်လှည့်ပြီး မျက်လုံးကြီးပြူးကာ ပြောသောကြောင့် Afa မှာ လန့်သွားရ၏ ။

" ဟုတ် . . . ဟုတ်ကဲ့ "

ပြန်သာဖြေလိုက်ရသည် ရင်ထဲ၌ စိုးရိမ်မှုတွေ တိုးလာ၏ ။
ဧကရာဇ်ရဲ့ ညအိပ်မပျော်မှုဟာ Afa ကနေပြီး ' ဘာမဆို ' လုပ်ပေးရင် ပျောက်သွားမှာလား ?
ကုသဖို့က အဲသလောက်ပဲလွယ်သလား ?
မေးခွန်းများ၏အဖြေကို အတွင်းတစ်နေရာမှ အသိပေးနေခဲ့ပေမယ့် Afa သည် မသိယောင်ဆောင်နေခဲ့မိသည် ။
သေခြင်းတရားကိုတောင် ရင်ဆိုင်ခဲ့တာပဲ ၊ ဒီထပ်ပိုပြီး ဆိုးရွားတာ ဘာထပ်ရှိနိုင်မှာလဲ ?

တဖြေးဖြေး နီးကပ်လာသော အနက်ရောင်အဆောင်တော်ကြီးသည် ညဖက်၌ ပိုမိုအေးစက်နေသလို ။
မည်သည့်နန်းဆောင်နှင့်မှ ဆက်သွယ်ထားခြင်းမရှိပဲ တစ်ဆောင်တည်း တည်ရှိနေတာကြောင့်ပဲလားမသိ . . . ။

အဆောင်တော်၏တစ်ဝိုက် ဆီမီးတိုင်များရှိကြောင်း Afa သည် အခုမှ သတိထားမိသည် ။
အဆောင်ပတ်လည်နှင့် လာရာလမ်းတစ်လျောက်တွင် ညရောက်မှ ထောင်ထားပုံရသော မီးတိုင်ပုလေးများညီညာစွာ တည်ရှိနေသည် ။
Afa သည် မနက်ပိုင်းများတွင် ဤနေရာသို့ အပြစ်ဒဏ်အရ လာရောက်ရသူဖြစ်၍ ဤနေရာကိုကောင်းစွာ ရင်းနှီးသည် ။
ထို့ကြောင့် မနက်ပိုင်းတွင် မီးတိုင်များမရှိကြောင်း သိသည် ။
ညရောက်တိုင်း မီးတိုင်များကို ဤနေရာသို့သယ်လာရ ၊ မနက်ရောက်လျှင်ရွေ့ပြောင်းရ လုပ်ရမည်ဖြစ်သောကြောင့် နန်းတွင်းအစေခံတို့အလုပ်များကြမှာ အသေအချာပင် ။

မဟူရာအဆောင်ကြီး၏ တံခါးရှေ့သို့ရောက်သည်နှင့် Afa ၏ အတွေးများ အလိုလျောက်ရပ်တန့်သွား၏ ။
အဝေးမှ ငေးကြည့်ခဲ့ရသော အနက်ရောင်တံခါးကြီးသည် အခုတော့ မျက်စိရှေ့လက်တစ်ကမ်းမှာ ။
တံခါးနက်ကြီးပေါ်တွင် ရွှေရောင်ကနုတ်ပန်းခတ်များထွင်းထားကာ၊ ထိုပန်းခတ်များ၏အလယ်၌ နဂါးအနက်ကြီးတစ်ကောင် လေပေါ်သို့ဆန်တက်နေသော သဏ္ဌာန်ကို ခမ်းနားစွာရေးဆွဲထားသည် ။

Afa သည် ထိုနဂါးကြီးအား ကြည့်နေရင်း ဂါဝန်စလေးကို ကျစ်ကျစ်ဆုပ်ထားမိသည် ။
ပထမဆုံးအကြိမ် ထိုသူနဲ့ အနီးကပ်အချိန်ကုန်ရမှာပဲဖြစ်သည် ။
ပြီးတော့ ဘယ်သူမှ မရှိပဲ နှစ်ယောက်တည်း . . . ။
တဒိတ်ဒိတ်မြည်ဟည်းလာသော ဘယ်ဖက်ခြမ်းမှ စည်သံများကျယ်လောင်လာလေပြီ ။

" အရှင် , အမိန့်အတိုင်း အပြစ်သားကို ခေါ်ဆောင်ခဲ့ပါပြီ !!! "

ထိုအစေခံသည် တံခါးဝမှ‌နေ၍ ကျယ်လောင်စွာ လျောက်တင်လေသည် ။
' အပြစ်သား ' တဲ့ ။

ထိုအခေါ်အဝေါ်ကြောင့် ရင်ခုန်သံတွေသည် ရုတ်ချည်းတိတ်ဆိတ်သွားခဲ့သည်။
ကွက်ကြားမိုးလို ချက်ချင်းရွာပြီး ချက်ချင်းစဲသည် ။
တချို့သော အရာတွေကတော့ မပြောင်းဘူးထင်ပါသည် ။
Afa ရင်ခုန်ခွင့်ရှိတဲ့ နေရာမဟုတ် ။

အံကိုကြိတ်ရင်း အသက်ကိုအောင့်ထားလိုက်သည် ။
မျက်စိရှေ့မှ တံခါးသည် ဖြေးညှင်းစွာ ပွင့်သွားခဲ့သည် ။
အိပ်ဆောင်ကြီး၏ အတွင်းသည် ဝါကျင်ကျင်မီးရောင်တို့ဖြင့် နွေးနွေးထွေးထွေး ။
အထဲ၌ အမြင်သာဆုံးမှာ သလွန်အနက်ကြီးတစ်ခုရှိကာ ၊ ထိုသလွန်ပေါ်မှာ စံမြန်းနေသော ရှင်ဘုရင်တစ်ပါးပင် ။

သူသည် လက်တစ်ဖက်၌ စာအုပ်တစ်အုပ်ကို ကိုင်ထားကာ အိပ်ယာခေါင်းရင်းကို ပျင်းတွဲတွဲမှီရင်း စာဖတ်နေခြင်းဖြစ်သည် ။
သူ၏ အနက်ရောင်ပိုးသားဝတ်ရုံရှည်သည် ရေလဲဝတ်ရုံပမာ အလယ်၌ကွဲနေပြီး
ရော့ရောရဲရဲဝတ်ဆင်ထားတာကြောင့် ရင်မှာဟိုက်၍ ကြွက်သားအစိုင်စိုင်နှင့်ဖြူစွတ်သောအတွင်းသားတို့ကို အတိုင်းသားမြင်နေရသည် ။
အမြင်နဲ့သာ လူသေနိုင်လျှင် ထိုမြင်ကွင်းဟာ လူသတ်လက်နှက်ပဲဖြစ်မည် ။
နီရဲထူထဲသော နှုတ်ခမ်းလွှာတို့သည် တင်းတင်းစေ့ထားကာ နှင်းရည်စိုသောဖယောင်းပန်းလွှာတို့ပမာ မြင်သူကို ယစ်မူးစေသည် ။
မျက်ဝန်းနက်တို့သည် စာအုပ်ဆီမှမခွာ ။
နဂိုတင်းမာအေးစက်သော မျက်နှာလှလှသည် ပျင်းတွဲတွဲအမူအရာနှင့် ပေါင်းစပ်ကာ အလှတရားအသစ်တစ်ခုကို ဖော်ကျူး၏ ။

Afa သည် ထိုမြင်ကွင်း၌ အရာရာကို ဆုံးရှုံးသွားတော့မလို ။
ဆွဲဆောင်လွန်းနေသည်က ဒူးတွေပါ ယိုင်နဲ့စေသည် ။

ထိုသို့အတွေးရောက်တော့ တစ်ကိုယ်လုံး ပူကာရှိန်းသွား၏ ။
အဆောင်ထဲ၌ မီးမွှေးရန်ပြင်နေကြသော နန်းတွင်းသူသုံးဦးသည် ကျွန်မလေး၏အမူအရာကို သတိထားမိကာ မျက်နှာမဲ့ကြသည် ။
သူမတို့မျက်လုံးထဲ Afa ဟာ ညစ်ပတ်တဲ့ လမ်းဘေးခွေးတစ်ကောင် ။
ဧကရာဇ်မင်းရဲ့ အနားမှာနေဖို့ မထိုက်တန်။

ဒါကို Afa က သေချာ နားလည်တာပေါ့ ။
စိတ်ပူစရာမရှိပါဘူး . . . ။

Afa သည် ထိုလှပသောလူသားဆီမှ အကြည့်ကိုလွှဲကာ ခေါင်းငုံ့ရင်း အခန်းဝ၌ တောင့်တင်းစွာရပ်နေလိုက်သည် ။

ကောင်းစွာရေချိုးသန့်စင်ခဲ့ရ၍ ဝင်းပလာသောအသားပေါ်၌ အဖြူရောင်ဂွမ်းသားညဝတ်ဂါဝန်လေးကိုသာ ရိုးရိုးရှင်းရှင်းထပ်ဝတ်ထား၏ ။
ရှည်လျားသော ဂါဝန်ဖြူသည် ခပ်ပွပွဖြစ်သော်လည်း ခါးသိမ်သိမ်လေး၌ဖဲကြိုးဖြင့်စည်းထုတ်ထားကာ သေးငယ်နွဲ့လျသော ကိုယ်လုံးလေးကို တိကျစွာပုံဖော်သည် ။
ထိုဂါဝန်အား ရွေးချယ်ပေးသူသည် ကျွန်မလေးအား အသေအချာကြည့်ထားပြီး အချိုးအစားကို ကောင်းစွာ သိမြင်သူပဲဖြစ်မည် ။

အညိုရောင်ဆံနွယ်လှိုင်းတို့သည် အဖြား၌ အနည်းငယ်စိုနေသေးတာကြောင့် ရေစက်ကလေးများယိုစီးကျနေသည် ။
တံခါးဝ၌ ရပ်နေသော Afa သည် သေးငယ်သောကိုယ်လုံးတို့ရှိသည့်အပြင် ၊ ခေါင်းငုံ့‌ကာနေသဖြင့် နွမ်းလျအားငယ်သောပုံသဏ္ဌာန်လေးသည် အိပ်ယာဝင်ဂါဝန်အဖြူအောက်တွင် အိပ်မက်ဆိုးထဲ လမ်း‌ပျောက်နေသော ကလေးငယ်လေးသဖွယ် ထင်ရစေသည် ။

" အနားလာခဲ့ "

အေးစက်သော အသံတွေသည် ကျွန်မလေး၏ရိုးရှင်းသောကမ္ဘာငယ်လေးကို အဆုံးသတ်စေမည့် ယမမင်း၏ခေါ်သံပေလော . . . ။

_____________________________

_____________________________

#Zawgyi

Afa သည္ ေရလဲပဝါျဖဴကို ပိုက္ထားရင္း အေငြ႕တေထာင္းေထာင္းထေနေသာ ေရခ်ိဳးကန္ကို တအံ့တဩေငးၾကည့္ေနမိသည္ ။

ဤေရခ်ိဳးခန္းသည္ အေစခံတန္းရားရွိေရခ်ိဳးခန္းမ်ားႏွင့္မတူပဲ ေက်ာက္သားတို႔ျဖင့္ အဆင့္ျမင့္ျမင့္ေဆာက္လုပ္ထားသည္ ။
အေတာ္အသင့္က်ယ္ဝန္းသည့္အျပင္ ေရေႏြးပါရေသာ ေရခ်ိဳးခန္းျဖစ္၍ ေတာ္႐ုံအေစခံမ်ားအတြက္မဟုတ္ေလာက္ ။
ဒါ့အျပင္ အခန္း၏ေထာင့္ ေက်ာက္သားစဥ္ပုကေလးေပၚတြင္ ေထာင္ထားေသာ ေရာင္စုံပုလင္းအၾကည္ကေလးမ်ားကိုလဲ ေတြ႕ရသည္ ။
ထိုပုလင္းထဲတြင္ပါရွိေသာအရာတို႔သည္ Afa မင္းသမီးဘဝတည္းက သုံးခဲ့ေသာ အေမႊးဆီမ်ားပဲျဖစ္သည္ ။
ေရခ်ိဳးရင္သုံးေသာအေမႊးဆီတို႔သည္ သူခ်မ္းသာတခ်ိဳ႕ႏွင့္ ေတာ္ဝင္မ်ိဳးႏြယ္မ်ားသာတတ္ႏိုင္ေသာ ဇိမ္ခံပစၥည္းတစ္မ်ိဳးပဲျဖစ္သည္ ။
ဒါေတာင္ ေန႔စဥ္‌ေန႔တိုင္းသုံးၾကတာမဟုတ္ ။
အခါႀကီးရက္ႀကီးမ်ားႏွင့္ အေရးႀကီးပြဲလမ္းသဘင္မ်ားျဖစ္ေသာ အ႐ြယ္ေရာက္ပြဲ ၊ လက္ထပ္ပြဲ ၊ ေမြးေန႔ပြဲစသည့္ပြဲမ်ားမတိုင္ခင္ ေရခ်ိဳးသန႔္စင္ရန္သုံးၾကေသာ အဖိုးတန္ပစၥည္းပဲျဖစ္၏။

" မဝင္ပဲ ဘာလုပ္ေနတာလဲ ? "

အသံလာရာကို လွည့္ၾကည့္လိုက္ေသာ္ နီညိဳေရာင္သူရဲေကာင္းဝတ္႐ုံကို ဝတ္ဆင္ထားေသာ ေထာင္ေထာင္ေမာင္းေမာင္းအမ်ိဳးသမီးတစ္ဦးကို ေတြ႕ရ၏ ။
ထိုအမ်ိဳးသမီး၏အရပ္အေမာင္းသည္ ဘယ္ေလာက္ျမင့္သလဲဆိုရင္ Afa ႏွင့္ ေခါင္းတစ္လုံးစာမွ်ကြာ၏ ။
Afa သည္ နဂိုေသးငယ္ေသာကိုယ္လုံးပိုင္ရွင္ေပမယ့္ သူမအား Afa ေမာ့ၿပီးၾကည့္ရသည္အထိျမင့္သည္ ။

သူမကို Afa ေသေသခ်ာခ်ာ မွတ္မိသည္ ။
သူမသည္ အေစခံမေလး Lucy အား စည္းကမ္းမရွိသျဖင့္ ႐ိုက္ႏွက္ဆုံးမေသာ အမ်ိဳးသမီးသူရဲေကာင္းပင္ျဖစ္ေပေတာ့သည္ ။

ထိုအမ်ိဳးသမီးသူရဲေကာင္းတြင္ သူမ၏ ေတာင့္တင္းေသာခႏၶာကိုယ္အျပင္ မည္သူမွၿဖိဳလွဲ၍မရႏိုင္ေသာ အားျပင္းသည့္အရွိန္အဝါတစ္ခု တည္ရွိေနသလို ။
ေတာ္႐ုံလူမ်ားသည္ သူမႏွင့္မ်က္လုံးခ်င္းဆုံရဲၾကမွာေတာင္မဟုတ္ ။
ေသးသြယ္ရွည္လ်ားေသာ မ်က္လုံးအိမ္တို႔ႏွင့္ ပယင္းေရာင္မ်က္စံတို႔ေၾကာင့္ သူမ၏အၾကည့္သည္ စူးရဲ၏ ။
ဒါ့အျပင္ သူမသည္ လြန္စြာစည္းကမ္းတင္းက်ပ္ၿပီး ၾကမ္းတမ္းတတ္ေၾကာင္း Afa ကိုယ္တိုင္မ်က္ျမင္ပဲ မဟုတ္ပါလား ။

Afa မသိသည္မွာ ထိုအမ်ိဳးသမီးသူရဲေကာင္းသည္ Xavia ၏ စည္းကမ္းဥပေဒကို ကာကြယ္သည့္ Order of Radiant ေခၚ , Radiant တပ္၏ ထိတ္သီးတစ္ေယာက္ျဖစ္ေၾကာင္းပင္ ။
ငါးခုေသာ အင္ပါယာေစာင့္တပ္မႀကီးမ်ားထဲ၌ ဒုတိယအင္အားအႀကီးဆုံးျဖစ္ကာ ၊ အမ်ိဳးသမီးသူရဲေကာင္းမ်ားစြာပါရွိေသာ တပ္ျဖစ္၏ ။
ထိုလိုအေရးပါေသာ လူတစ္ေယာက္က နိမ့္က်ေသာ ကြၽန္ငယ္၏ အေရွ႕ေရာက္ေနရျခင္းမွာ ဧကရာဇ္မင္း၏ ကေလးဆန္ဆန္ ႏႈတ္မိန႔္တစ္ခြန္းေၾကာင့္ပဲျဖစ္သည္ ။

Ash : " Jane , မင္းရဲ႕တပ္သားေတြေရခ်ိဳးတဲ့ေနရာကို ေရာက္ေနတယ္လို႔ၾကားတယ္
အဲ့ဒီ သတၱိမရွိတဲ့ Raven မ်ိဳး႐ိုး ဘယ္ေလာက္ေတာင္ ေၾကာက္ၿပီးတုန္ေနသလဲ သြားၾကည့္ၾကည့္စမ္း " တဲ့ . . . ။

အရွင္သခင္၏စကားအဓိပၸါယ္မွာ ကြၽန္တစ္ေယာက္အား ရာထူးျမင့္ အမ်ိဳးသမီးတပ္သားေတြသုံးသည့္ ေရခ်ိဳးခန္းကိုသုံးေစဖို႔ သူပဲအမိန႔္ေပးလိုက္တာေၾကာင့္ အဲ့ဒီေကာင္မေလးအႏိုင္အက်င့္ခံေနရသလား ၊ အဆင္ေျပသလား ၊အေျခအေနသိခ်င္တာပဲျဖစ္၏ ။
ပြင့္ပြင့္လင္းလင္းမိန႔္လွ်င္လဲ ရပါလ်က္နဲ႔ အရွင္သခင္သည္ လြန္စြာေခါင္းမာလွေပသည္ ။
အေၾကာင္းေကာင္းေကာင္းမသိလွ်င္ ေကာင္မေလးကို အႏိုင္သြားက်င့္ခိုင္းတယ္လို႔ အထင္ေရာက္ၾကလိမ့္မည္ ။

Jane ၏ မ်က္စိေရွ႕တြင္ ပုခုံးေလးက်ဳံ႕ကာ ရပ္ေနေသာေကာင္မေလးသည္ အနည္းဆုံး အသက္အ႐ြယ္မွ်ျဖင့္ တစ္ဆယ္ေက်ာ္ ဆယ့္ငါးဆယ့္ေျခာက္ႏွစ္မွ်သာရွိေလာက္ဦးမည္ ။
လက္ဖဝါးတစ္ဆုပ္စာေလာက္သာရွိမည့္ မ်က္ႏွာေလးသည္ လြန္စြာေသးငယ္ကာ လြန္စြာအားနည္းေသာ ပုံသဏၭာန္ကိုေပးစြမ္း၏ ။
ေရွ႕ဆက္ ရွင္ဘုရင္၏အေလးေပးမႈကို မထမ္းႏိုင္ပဲ က်ိဳးေက်သြားမွာစိုးမိသည္ ။

ဒါေပမယ့္ Raven အင္ပါယာရဲ႕ ဧကရီတစ္ပါးတဲ့ ။
အားႏြဲ႕ေသာပုံစံေလးနဲ႔ မလိုက္ပဲ အႏွီေကာင္မေလးသည္ Xavia နန္းတြင္း၏ ရက္စက္မႈဒဏ္ကို လေပါင္းမ်ားစြာေတာင့္ခံႏိုင္ခဲ့သည္ ။
Jane စိတ္ပူစရာမလိုဘူးလို႔ ဆုံးျဖတ္လိုက္သည္ ။

Jane : " အရွင္ေစာင့္ေနတယ္ အျမန္သန႔္စင္ေအာင္ ခ်ိဳးၿပီးထြက္လာခဲ့ ညစ္ပတ္တဲ့ ခႏၶာကိုယ္နဲ႔ အေဆာင္ေတာ္ထဲ ဝင္ခြင့္ရမယ္မထင္နဲ႔ ? "

Jane သည္ အသံမာမာနဲ႔ ခ်ိန္းေျခာက္လိုက္၏ ။
ထိုအခါ ေကာင္မေလးသည္ လန႔္ျဖန႔္သြားပုံရသည္ ။

" အ. . . အရွင္က ဘာေၾကာင့္ . . . "

မ်က္လုံးေလးျပဴးကာ အံ့ဩေနေသာ ကြၽန္မေလးကို ၾကည့္ရင္း Jane သည္ စိတ္ထဲမွ ပင့္သက္ရႈိက္လိုက္မိသည္ ။

အရွင္က သူမကိုေရကူခ်ိဳးေပးဖို႔ အေစခံတခ်ိဳ႕ကိုပါ လႊတ္ခိုင္းထားတယ္ ဆိုရင္ သူမဘယ္လိုတုံ႔ျပန္မလဲ ?

ဒါေပမယ့္ ကြၽန္တစ္ေယာက္ေရခ်ိဳးဖို႔အတြက္နဲ႔ နန္းတြင္းသူေတြကို သုံးခဲ့ရင္ ျပန႔္ႏွံ႔သြားမည့္ သတင္းကို တားႏိုင္မည္မဟုတ္ ။
ဒါ့အျပင္ ဘယ္နန္းတြင္းသူကမွ ကြၽန္တစ္ေယာက္ကို ခစားခ်င္မည္မဟုတ္ ။
ပုံမွန္ဆိုလွ်င္ အရွင္သခင္၏အိပ္ေဆာင္ထဲ ဝင္ရမည့္ မည္သူမဆို ‌ေသခ်ာစြာေရခ်ိဳးသန႔္စင္ထားရမွာပဲျဖစ္သည္ ။
သို႔ေပမယ့္ Jane က ၾကားထဲမွေန၍ အားလုံးအေနမခက္ရေအာင္ အရွင့္ေနာက္ကြယ္ အေစခံေတြကို ျပန္လႊတ္လိုက္သည္ ။

Jane လို ရာထူးႀကီးသူရဲေကာင္း၏ အေစာင့္အေရွာက္ခံရတာနဲ႔တင္ လုံေလာက္ေနၿပီမဟုတ္လား ။
အဓိပၸါယ္မဲ့‌ေနမႈႀကီးဟာ ေတာ္႐ုံပဲေကာင္း၏ ။

______________________________

ရက္အေတာ္ၾကာမွ အေသအခ်ာ ေရမိုးခ်ိဳးသန႔္စင္ရျခင္းျဖစ္သည္ ။
ဒီလို အခြင့္အေရးမ်ိဳးက ေနာက္လာပါ့မလားမသိတာေၾကာင့္ Afa တစ္ေယာက္ ေရေႏြးကန္ထဲ တဝစိမ္ပစ္ပလိုက္သည္ ။
ဆန္းျပားသည္မွာ ေရခ်ိဳးခန္းထဲ၌ ထားရွိေသာ အေမႊးရည္သည္ Afa ငယ္စဥ္က လြန္စြာႀကိဳက္ႏွစ္သက္ခဲ့ေသာ ႏွင္းဆီေမႊးရည္ျဖစ္ေနျခင္းပင္ ။

အနံ႔ေတြဟာ မွတ္ဉာဏ္ေတြကိုသိုေလွာင္ထားတယ္ ဆိုတဲ့ စကားဟာ အမွန္ပဲျဖစ္မည္ ။
ႏွင္းဆီအေမႊးရည္ကို ပထမဆုံးအႀကိမ္သုံးခဲ့ဖူးတဲ့ညက အိပ္မက္ဆန္ေသာျဖစ္ရပ္တစ္ခု . . . ။
ရနံ႔ေတြနဲ႔ တြဲပါလာေသာ အတိတ္ေတြဟာ ျပန္လည္အသက္ဝင္လာ၏ ။
ညႇင္သာတဲ့ ႏွင္းဆီနံ႔ေမႊးေမႊးေလးသည္ Afa အား လျပည့္ညတစ္ညဆီေခၚေဆာင္သြားေတာ့သည္ ။

တိတ္ဆိတ္ေအးစက္တဲ့ အေဆာင္ႀကီးထဲ တစ္ေယာက္တည္းေနထိုင္တဲ့ မင္းသမီးေလးသည္ နီရဲေသာမ်က္လုံးပိုင္ရွင္ ေကာင္ေလးတစ္ေကာင္နဲ႔ ဆုံဆည္းခဲ့၏ ။
လေရာင္ေအာင္ ျမင္ေတြ႕ရတဲ့ မ်က္လုံးေတြသည္ မေကာင္းဆိုးဝါးတစ္ေကာင္ပမာ ေၾကာက္မက္ဖြယ္ေကာင္းခဲ့ေသာ္လည္း ၊ Afa သည္ ထိုသတၱဝါေလးအား တစ္စက္မွမေၾကာက္႐ြံ႕ခဲ့ ။
Afa ၏အေဆာင္ထဲ လမ္းမွားဝင္ခဲ့ေသာ ဒဏ္ရာမ်ားနဲ႔ မေကာင္းဆိုးဝါးငယ္သည္ Afa ၏ လက္တစ္ဖက္ကို ကိုက္ခဲ‌ခဲ့ေပမယ့္ ၊ ေနာက္ဆုံး Afa ရဲ႕ ေပါင္ေပၚမွာပဲ အကာအကြယ္မဲ့စြာ အိပ္‌ေပ်ာ္သြားပုံကို အမွတ္ရေသးသည္ ။
တစ္ညလုံးအတူ ကုန္ဆုံးခဲ့ေသာ္လည္း ဘယ္သူဘယ္ဝါမသိခဲ့ ။
မွတ္မိသည္က မ်က္ဝန္းနီႀကီးမ်ားသာ . . . ။

အႏၲရာယ္မ်ားေသာ အသြင္ကို‌ေဆာင္ပါလ်က္ ထိုသူသည္ နာက်င္စြာ၊ အားနည္းစြာ တဆတ္ဆတ္တုန္ယင္ေနခဲ့သည္ ။
ဒါေၾကာင့္လဲ Afa သည္ သူ႔အား သနားၾကင္နာခဲ့တာေနမည္ ။
မိမိထက္ အင္အားႀကီးတဲ့သူမွန္း ေသခ်ာပါလ်က္ Afa သည္ ေကာင္ေလးအား အစြမ္းကုန္ကာကြယ္ေပးခ်င္ခဲ့သည္ ။

သတိတရျဖစ္မိေတာ့ လက္ေကာက္ဝတ္မွ အမာ႐ြတ္အကြက္ကေလးကို ၾကည့္မိသည္ ။
အဆြယ္ေတြကို အသားထဲအထိ စိုက္ဝင္ကိုက္ဖဲ့ခဲ့တာေၾကာင့္ အ႐ုပ္ဆိုးေသာ ဒဏ္ရာတစ္ခုျဖစ္ခဲ့‌ေသာ္လည္း ၊ အခုေတာ့ ျပန္ေတြးမိတိုင္း မိမိကိုယ္ကို ဂုဏ္ယူရသည့္ အမွတ္တရေလးအျဖစ္ က်န္ရစ္ခဲ့ေလၿပီ ။

အိုက္စက္တဲ့ညမွာ Afa ရဲ႕ ရင္ခြင္ထဲ ေႂကြက်ခဲ့တဲ့ ႏွင္းမႈန္ကေလးသည္ ယခု အႏၲရာယ္ေတြရဲ႕ေဝးရာမွာ ရွိေနရင္‌ေတာ့ေကာင္းမည္ ။
အဲ့ဒီညက သူဟာ Afa. ရင္ကို ေခတၱခဏ ေအးခ်မ္းေစခဲ့သည္ . . . ။

အတိတ္တစ္ခု၌ က်န္ရစ္ခဲ့ၿပီျဖစ္ေသာ မ်က္လုံးနီနီနဲ႔ သားရဲငယ္ေရ . . .ေပ်ာ္႐ႊင္ေနရဲ႕လား ?

ထိုစဥ္ ေရခ်ိဳးခန္း၏အျပင္ဖက္မွ ေန၍အသံဗလံမ်ား ေပၚထြက္လာ၏ ။
Afa ၏ အေတြးစမ်ားလဲ ျပတ္ေတာက္သြားသည္ ။

" ဟာ ? အေစခံေတာင္မဟုတ္ပဲ ကြၽန္တဲ့လား ? သူခ်ိဳးထားတဲ့ကန္ထဲ ငါကဘာေၾကာင့္ ခ်ိဳးရမွာလဲ သိကၡာက်လိုက္တာ "

" တိတ္တိတ္ေန အထဲကေနၾကားသြားမယ္ ၊ ေခါင္းေဆာင္ကိုယ္တိုင္ လာပို႔သြားတာတဲ့ "

" အဲဒီေတာ့ ? ၾကားၾကားေပါ့ဟ ၊ ငါတို႔က ေသာက္ Raven ‌မ်ိဳးေတြကို ေၾကာက္ရမွာလား ? စစ္ပြဲထဲမွာ အဲဒီက်ီးမ်ိဳးေတြရဲ႕ေခါင္းဘယ္ႏွလုံးေလာက္ ငါျဖတ္ခဲ့တယ္ ထင္သလဲ "

အမ်ိဳးသမီးမ်ား၏အသံျဖစ္၏။
သို႔ေသာ္ စကားေျပာပုံဆိုပုံမွာ ေဆြမ်ိဳးႀကီးထဲမွလာေသာ သမီးပ်ိဳေလးမ်ားလို မႏူးညံ့ေနပဲ ၾကမ္းတမ္းကာ က်ယ္ေလာင္သည္။
သူမတို႔သည္ ေသခ်ာေပါက္ စစ္ပြဲမ်ားစြာတိုက္လာ‌ေသာ သူရဲေကာင္းမ်ားပဲျဖစ္မည္ ။
ဒါ့အျပင္ ႐ိုး႐ိုးတပ္သားရာထူးေလာက္မဟုတ္ႏိုင္ ။
႐ိုး႐ိုးတပ္သားမ်ားသည္ နန္းေတာ္ထဲ၌ ေနခြင့္မရ ။
ရာထူးအေတာ္အသင့္ရွိေသာ သူရဲေကာင္းမ်ားသာ ဧကရာဇ္ကိုတိုက္႐ိုက္ ခစားခြင့္ရသည္ ။
ဤေရခ်ိဳးခန္းသည္ ထို႔ေၾကာင့္လဲ အဆင့္ျမင့္ေနတာျဖစ္သည္ ။

ဒါဆိုရင္ ကြၽန္တစ္‌ေယာက္ျဖစ္တဲ့ Afa ကို ဘာေၾကာင့္ အသုံးျပဳခြင့္ေပးသနည္း ?
ၿပီးေတာ့ အရွင္ရဲ႕ အေဆာင္ေတာ္ထဲကို ဝင္ရမည္တဲ့ ?
ဘာေၾကာင့္လဲ ?
ေမးခြန္းမ်ားတစ္ခုၿပီးတစ္ခု တန္းစီလာေပမယ့္ အေျဖေတာ့ မထြက္လာခဲ့ ။

မည္းေမွာင္ေသာ အသူရာေခ်ာက္ကမ္းပါးႀကီးရဲ႕ထိတ္မွာ မ်က္လုံးပိတ္ကာ ရွင္ဘုရင္တစ္ပါး၏အလိုက် ယိမ္းကေနရသလို ။
အခန႔္မသင့္ရင္ ေခ်ာ္က်သြားႏိုင္ေပမယ့္ ရပ္လို႔မရ ။
ခိုင္းေစသမွ် တလြဲမေသြျပဳမူရ၏ ။
တခါတေလ ေဘးပိရိတ္သတ္က ခဲေတြနဲ႔ေပါက္တတ္ေသးသည္ ။
အခုလိုေပါ့ . . . ။

" အရွင္ရဲ႕ အေတြးက ဘယ္လိုရွိသလဲ မသိေပမယ့္ ၊ ငါရဲ႕ အေရွ႕မွာ ေထာင္လႊားၾကည့္ပါလား ႏွစ္ခါစဥ္းစား‌‌ေနမွာမဟုတ္ဘူး သတ္ပစ္ပလိုက္မွာ "

ထိုစကားကို ၾကားရေတာ့ Afa သည္ အံကိုႀကိတ္ထားမိသည္ ။
Afa ႏွင့္ ကိုယ္ေရးကိုယ္တာ ပတ္သတ္မႈမရွိေသာသူမ်ားကပင္ Afa အား မုန္းတီးၾကတာျဖစ္သည္ ။
သူသာဆိုရင္ Afa ကို ဘယ္ေလာက္ေတာင္ သတ္ပစ္ခ်င္ေနမလဲေနာ္ . . . ။

ရာထူးေရာ ေနာက္ခံပါမရွိ ။
အင္အားေရာ အရည္အခ်င္းပါမရွိ ။
Afa သည္ သူတို႔နဲ႔မတူ ကြဲျပားစြာ ေသးငယ္သည္ ။
သူတို႔ကို ရင္ဆိုင္ဖို႔က မျဖစ္ႏိုင္ ။
အျပင္မွအသံမ်ား တိတ္သြားသည္အထိ ေစာင့္ေနလိုက္ၿပီးမွ ေရခ်ိဳးခန္းထဲမွ ထြက္ခဲ့လိုက္သည္ ။

အျပင္၌ ခဏက Afa အား ေရခ်ိဳးရန္ခြင့္ျပဳေပးခဲ့ေသာ အမ်ိဳးသမီးသူရဲေကာင္းသည္ လက္ပိုက္ကာရပ္ေစာင့္ေနခဲ့သည္ ။
ေရခ်ိဳးခန္းထဲမွ ပဝါျဖဴေလးပတ္ကာ ကုပ္ေခ်ာင္းကုပ္ေခ်ာင္းနဲ႔ ထြက္လာေသာ Afa အား သူမသည္ စူးစိုက္ကာၾကည့္ေနသည္ ။
သူမ၏ အၾကည့္ကို Afa ေကာင္းစြာ ရင္းႏွီးသည္ ။
စိတ္ပ်က္ေသာ ၊ အထင္ေသးေသာ . . . ။ Afa အေပၚ ငုံ႔မိုးကာ ၾကည့္တတ္သည့္ Xavia ဧကရာဇ္၏ မ်က္ဝန္းမွာ တခါတေလေတြ႕ရတတ္ေသာ အၾကည့္ေတြပဲျဖစ္သည္ ။

ထိုအၾကည့္အမ်ိဳးအစားသည္ လူတစ္ေယာက္၏ မာန္မာနကိုထိပါးေစာ္ကားသည္ ။
ခဏက ႏွိမ္ခ်ေျပာဆိုေနခဲ့ေသာသူမ်ားကို ေၾကာက္၍ Afa သည္ ပုန္းေရွာင္ခဲ့ေသာေၾကာင့္ သူမသည္ Afa ကို အထင္ေသးစိတ္ပ်က္သြားျခင္းပဲျဖစ္မည္ ။

မတတ္ႏိုင္ ။
Afa သည္ ေခါင္းငုံ႔၍သာ ခံတတ္သည္ ။
ဘာဆိုဘာမွ မတုံ႔ျပန္ႏိုင္ ။
ဒါဟာ Afa အခုထိေနထိုင္ခဲ့ေသာ နည္းပဲျဖစ္သည္ ။

ေခါင္းငုံ႔ကာ အၾကည့္လႊဲသြားေသာ Afa ဆီမွ သူမသည္လဲ ပင့္သက္တစ္ခုျဖင့္သာ မ်က္ႏွာလႊဲလိုက္သည္ ။

Jane : " အဝတ္လဲၿပီးရင္ ေယာက်ၤားအေစခံတစ္ေယာက္ လာ‌ေခၚလိမ့္မယ္ ၊ လိုက္သြားလိုက္ "

ထိုသို႔ေျပာၿပီး သူမထြက္သြားေတာ့သည္ ။
Afa သည္ သူမ၏ေျဖာင့္မတ္ေသာ ေနာက္ေက်ာျပင္ကို ေငးၾကည့္ရင္း ေသးငယ္သထက္ ေသးငယ္သြားေတာ့သည္ ။

_________________________________

" အရွင့္ကို ဘယ္အခ်ိန္စကားေျပာခြင့္ရွိသလဲဆိုရင္ ဘယ္ေတာ့မွမရွိဘူးလို႔မွတ္ ၊
အရွင္ကေမးမွ ေျဖ ၊ ခြင့္ျပဳမွ အိပ္ ၊ ခြင့္ျပဳမွစား ၾကားလား ! "

ခပ္ဩဩႏွင့္ လြန္စြာက်ယ္ေလာင္ေသာ အသံရွိသည့္ ဧကရာဇ္မင္း၏ စက္ေတာ္ေဆာင္ေစာင့္သည္ သူ၏အေနာက္မွ အေမာတေကာလိုက္ပါလာေသာ ကြၽန္မေလးအား သင္ၾကားေနျခင္းပင္ ။

ညေနေစာင္း ညီလာခံၿပီးခ်ိန္ျဖစ္၍ အရွင္မင္းျမတ္၏ အမိန႔္ေတာ္အတိုင္း ကြၽန္မေလးအား အေဆာင္ေတာ္သို႔ ပို႔ေဆာင္ေပးရေလသည္ ။
ပိန္လွီကာ ျဖဴလ်ေနေသာ ထိုကြၽန္မေလးသည္ ဘာမွထူးထူးျခားျခားမရွိသည္ မွန္ပါလ်က္၊ ဘာအစြမ္းနဲ႔ အရွင္သခင္အား ဖမ္းစားလိုက္သည္မသိ ။
အခုေတာ့ ဧကရာဇ္မင္းျမတ္ရဲ႕ အိပ္ေဆာင္ထဲ ေနရာရခဲ့ၿပီ ။
အိမ္ေမြးတိရစာၦန္ျဖစ္ျဖစ္ ၊ ကစားစရာျဖစ္ျဖစ္ ၊ လိင္ကြၽန္ျဖစ္ျဖစ္ . . . ။
ဘယ္လိုပုံစံနဲ႔ပဲျဖစ္ေစ အရွင့္ရဲ႕အနားကို ေရာက္ခ်င္တဲ့ သူေတြမွာ မေရတြက္ႏိုင္ေအာင္ရွိသည္ ။
ဒါကို ဒီ႐ြက္ၾကမ္းေရက်ိဳ အ႐ိုးေျခာက္ျဖဴကို ေ႐ြးသည္တဲ့လား ?
ရင္နာနာနဲ႔ပဲ ပို႔ေဆာင္ေပးရပါသည္ ။

ႏြဲ႕လ်ေသာအသံဩဩသည္ ထပ္မံက်ယ္ေလာင္သြားျပန္သည္ ။

" ၾကားလားဟဲ့ ? "

ထိုေအာ္ေငါက္သံေၾကာင့္ Afa လဲ အျမန္ေခါင္းညိတ္ျပလိုက္သည္ ။

" ဟုတ္ကဲ့ "

ဒါဏ္ျဖစ္‌ေနေသာAfa ရဲ႕ အသံအိုးသည္ ေမာဟိုက္ေနသျဖင့္ ေကာင္းစြာအလုပ္မလုပ္ႏိုင္ ။
‌ေသးငယ္ေသာ အသံေလးသာထြက္၏ ။
အဲ့ဒီအခါမွ အိပ္ေဆာင္ေစာင့္‌ဆိုသူသည္ သနားစိတ္ဝင္ၿပီး အနည္းငယ္စိတ္ေပ်ာ့သြားပုံရကာ ဆက္ေျပာျပသည္ ။

" မင္းရဲ႕တာဝန္က အရွင့္ရဲ႕ စိတ္ဖိစီးမႈေတြကို ေလ်ာ့‌ပါးေစဖို႔ပဲ ၊ ျဖစ္ႏိုင္ရင္ အရွင္ အိပ္ေမာက်ေစဖို႔ ဘာမဆိုလုပ္ေပးရမယ္
' ဘာမဆို ' ဆိုတာ ' ဘာမဆို ' ပဲ ၾကားလား ! "

လမ္းေလ်ာက္ေနရာမွ ႐ုတ္တရက္ရပ္ကာ အေနာက္လွည့္ၿပီး မ်က္လုံးႀကီးျပဴးကာ ေျပာေသာေၾကာင့္ Afa မွာ လန႔္သြားရ၏ ။

" ဟုတ္ . . . ဟုတ္ကဲ့ "

ျပန္သာေျဖလိုက္ရသည္ ရင္ထဲ၌ စိုးရိမ္မႈေတြ တိုးလာ၏ ။
ဧကရာဇ္ရဲ႕ ညအိပ္မေပ်ာ္မႈဟာ Afa ကေနၿပီး ' ဘာမဆို ' လုပ္ေပးရင္ ေပ်ာက္သြားမွာလား ?
ကုသဖို႔က အဲသေလာက္ပဲလြယ္သလား ?
ေမးခြန္းမ်ား၏အေျဖကို အတြင္းတစ္ေနရာမွ အသိေပးေနခဲ့ေပမယ့္ Afa သည္ မသိေယာင္ေဆာင္ေနခဲ့မိသည္ ။
ေသျခင္းတရားကိုေတာင္ ရင္ဆိုင္ခဲ့တာပဲ ၊ ဒီထပ္ပိုၿပီး ဆိုး႐ြားတာ ဘာထပ္ရွိႏိုင္မွာလဲ ?

တေျဖးေျဖး နီးကပ္လာေသာ အနက္ေရာင္အေဆာင္ေတာ္ႀကီးသည္ ညဖက္၌ ပိုမိုေအးစက္ေနသလို ။
မည္သည့္နန္းေဆာင္ႏွင့္မွ ဆက္သြယ္ထားျခင္းမရွိပဲ တစ္ေဆာင္တည္း တည္ရွိေနတာေၾကာင့္ပဲလားမသိ . . . ။

အေဆာင္ေတာ္၏တစ္ဝိုက္ ဆီမီးတိုင္မ်ားရွိေၾကာင္း Afa သည္ အခုမွ သတိထားမိသည္ ။
အေဆာင္ပတ္လည္ႏွင့္ လာရာလမ္းတစ္ေလ်ာက္တြင္ ညေရာက္မွ ေထာင္ထားပုံရေသာ မီးတိုင္ပုေလးမ်ားညီညာစြာ တည္ရွိေနသည္ ။
Afa သည္ မနက္ပိုင္းမ်ားတြင္ ဤေနရာသို႔ အျပစ္ဒဏ္အရ လာေရာက္ရသူျဖစ္၍ ဤေနရာကိုေကာင္းစြာ ရင္းႏွီးသည္ ။
ထို႔ေၾကာင့္ မနက္ပိုင္းတြင္ မီးတိုင္မ်ားမရွိေၾကာင္း သိသည္ ။
ညေရာက္တိုင္း မီးတိုင္မ်ားကို ဤေနရာသို႔သယ္လာရ ၊ မနက္ေရာက္လွ်င္ေ႐ြ႕ေျပာင္းရ လုပ္ရမည္ျဖစ္ေသာေၾကာင့္ နန္းတြင္းအေစခံတို႔အလုပ္မ်ားၾကမွာ အေသအခ်ာပင္ ။

မဟူရာအေဆာင္ႀကီး၏ တံခါးေရွ႕သို႔ေရာက္သည္ႏွင့္ Afa ၏ အေတြးမ်ား အလိုေလ်ာက္ရပ္တန႔္သြား၏ ။
အေဝးမွ ေငးၾကည့္ခဲ့ရေသာ အနက္ေရာင္တံခါးႀကီးသည္ အခုေတာ့ မ်က္စိေရွ႕လက္တစ္ကမ္းမွာ ။
တံခါးနက္ႀကီးေပၚတြင္ ေ႐ႊေရာင္ကႏုတ္ပန္းခတ္မ်ားထြင္းထားကာ၊ ထိုပန္းခတ္မ်ား၏အလယ္၌ နဂါးအနက္ႀကီးတစ္ေကာင္ ေလေပၚသို႔ဆန္တက္ေနေသာ သဏၭာန္ကို ခမ္းနားစြာေရးဆြဲထားသည္ ။

Afa သည္ ထိုနဂါးႀကီးအား ၾကည့္ေနရင္း ဂါဝန္စေလးကို က်စ္က်စ္ဆုပ္ထားမိသည္ ။
ပထမဆုံးအႀကိမ္ ထိုသူနဲ႔ အနီးကပ္အခ်ိန္ကုန္ရမွာပဲျဖစ္သည္ ။
ၿပီးေတာ့ ဘယ္သူမွ မရွိပဲ ႏွစ္ေယာက္တည္း . . . ။
တဒိတ္ဒိတ္ျမည္ဟည္းလာေသာ ဘယ္ဖက္ျခမ္းမွ စည္သံမ်ားက်ယ္ေလာင္လာေလၿပီ ။

" အရွင္ , အမိန႔္အတိုင္း အျပစ္သားကို ေခၚေဆာင္ခဲ့ပါၿပီ !!! "

ထိုအေစခံသည္ တံခါးဝမွ‌ေန၍ က်ယ္ေလာင္စြာ ေလ်ာက္တင္ေလသည္ ။
' အျပစ္သား ' တဲ့ ။

ထိုအေခၚအေဝၚေၾကာင့္ ရင္ခုန္သံေတြသည္ ႐ုတ္ခ်ည္းတိတ္ဆိတ္သြားခဲ့သည္။
ကြက္ၾကားမိုးလို ခ်က္ခ်င္း႐ြာၿပီး ခ်က္ခ်င္းစဲသည္ ။
တခ်ိဳ႕ေသာ အရာေတြကေတာ့ မေျပာင္းဘူးထင္ပါသည္ ။
Afa ရင္ခုန္ခြင့္ရွိတဲ့ ေနရာမဟုတ္ ။

အံကိုႀကိတ္ရင္း အသက္ကိုေအာင့္ထားလိုက္သည္ ။
မ်က္စိေရွ႕မွ တံခါးသည္ ေျဖးညႇင္းစြာ ပြင့္သြားခဲ့သည္ ။
အိပ္ေဆာင္ႀကီး၏ အတြင္းသည္ ဝါက်င္က်င္မီးေရာင္တို႔ျဖင့္ ေႏြးေႏြးေထြးေထြး ။
အထဲ၌ အျမင္သာဆုံးမွာ သလြန္အနက္ႀကီးတစ္ခုရွိကာ ၊ ထိုသလြန္ေပၚမွာ စံျမန္းေနေသာ ရွင္ဘုရင္တစ္ပါးပင္ ။

သူသည္ လက္တစ္ဖက္၌ စာအုပ္တစ္အုပ္ကို ကိုင္ထားကာ အိပ္ယာေခါင္းရင္းကို ပ်င္းတြဲတြဲမွီရင္း စာဖတ္ေနျခင္းျဖစ္သည္ ။
သူ၏ အနက္ေရာင္ပိုးသားဝတ္႐ုံရွည္သည္ ေရလဲဝတ္႐ုံပမာ အလယ္၌ကြဲေနၿပီး
ေရာ့ေရာရဲရဲဝတ္ဆင္ထားတာေၾကာင့္ ရင္မွာဟိုက္၍ ႂကြက္သားအစိုင္စိုင္ႏွင့္ျဖဴစြတ္ေသာအတြင္းသားတို႔ကို အတိုင္းသားျမင္ေနရသည္ ။
အျမင္နဲ႔သာ လူေသႏိုင္လွ်င္ ထိုျမင္ကြင္းဟာ လူသတ္လက္ႏွက္ပဲျဖစ္မည္ ။
နီရဲထူထဲေသာ ႏႈတ္ခမ္းလႊာတို႔သည္ တင္းတင္းေစ့ထားကာ ႏွင္းရည္စိုေသာဖေယာင္းပန္းလႊာတို႔ပမာ ျမင္သူကို ယစ္မူးေစသည္ ။
မ်က္ဝန္းနက္တို႔သည္ စာအုပ္ဆီမွမခြာ ။
နဂိုတင္းမာေအးစက္ေသာ မ်က္ႏွာလွလွသည္ ပ်င္းတြဲတြဲအမူအရာႏွင့္ ေပါင္းစပ္ကာ အလွတရားအသစ္တစ္ခုကို ေဖာ္က်ဴး၏ ။

Afa သည္ ထိုျမင္ကြင္း၌ အရာရာကို ဆုံးရႈံးသြားေတာ့မလို ။
ဆြဲေဆာင္လြန္းေနသည္က ဒူးေတြပါ ယိုင္နဲ႔ေစသည္ ။

ထိုသို႔အေတြးေရာက္ေတာ့ တစ္ကိုယ္လုံး ပူကာရွိန္းသြား၏ ။
အေဆာင္ထဲ၌ မီးေမႊးရန္ျပင္ေနၾကေသာ နန္းတြင္းသူသုံးဦးသည္ ကြၽန္မေလး၏အမူအရာကို သတိထားမိကာ မ်က္ႏွာမဲ့ၾကသည္ ။
သူမတို႔မ်က္လုံးထဲ Afa ဟာ ညစ္ပတ္တဲ့ လမ္းေဘးေခြးတစ္ေကာင္ ။
ဧကရာဇ္မင္းရဲ႕ အနားမွာေနဖို႔ မထိုက္တန္။

ဒါကို Afa က ေသခ်ာ နားလည္တာေပါ့ ။
စိတ္ပူစရာမရွိပါဘူး . . . ။

Afa သည္ ထိုလွပေသာလူသားဆီမွ အၾကည့္ကိုလႊဲကာ ေခါင္းငုံ႔ရင္း အခန္းဝ၌ ေတာင့္တင္းစြာရပ္ေနလိုက္သည္ ။

ေကာင္းစြာေရခ်ိဳးသန႔္စင္ခဲ့ရ၍ ဝင္းပလာေသာအသားေပၚ၌ အျဖဴေရာင္ဂြမ္းသားညဝတ္ဂါဝန္ေလးကိုသာ ႐ိုး႐ိုးရွင္းရွင္းထပ္ဝတ္ထား၏ ။
ရွည္လ်ားေသာ ဂါဝန္ျဖဴသည္ ခပ္ပြပြျဖစ္ေသာ္လည္း ခါးသိမ္သိမ္ေလး၌ဖဲႀကိဳးျဖင့္စည္းထုတ္ထားကာ ေသးငယ္ႏြဲ႕လ်ေသာ ကိုယ္လုံးေလးကို တိက်စြာပုံေဖာ္သည္ ။
ထိုဂါဝန္အား ေ႐ြးခ်ယ္ေပးသူသည္ ကြၽန္မေလးအား အေသအခ်ာၾကည့္ထားၿပီး အခ်ိဳးအစားကို ေကာင္းစြာ သိျမင္သူပဲျဖစ္မည္ ။

အညိဳေရာင္ဆံႏြယ္လႈိင္းတို႔သည္ အျဖား၌ အနည္းငယ္စိုေနေသးတာေၾကာင့္ ေရစက္ကေလးမ်ားယိုစီးက်ေနသည္ ။
တံခါးဝ၌ ရပ္ေနေသာ Afa သည္ ေသးငယ္ေသာကိုယ္လုံးတို႔ရွိသည့္အျပင္ ၊ ေခါင္းငုံ႔‌ကာေနသျဖင့္ ႏြမ္းလ်အားငယ္ေသာပုံသဏၭာန္ေလးသည္ အိပ္ယာဝင္ဂါဝန္အျဖဴေအာက္တြင္ အိပ္မက္ဆိုးထဲ လမ္း‌ေပ်ာက္ေနေသာ ကေလးငယ္ေလးသဖြယ္ ထင္ရေစသည္ ။

" အနားလာခဲ့ "

ေအးစက္ေသာ အသံေတြသည္ ကြၽန္မေလး၏႐ိုးရွင္းေသာကမာၻငယ္ေလးကို အဆုံးသတ္ေစမည့္ ယမမင္း၏ေခၚသံေပေလာ . . . ။

_____________________________










Continue Reading

You'll Also Like

2.1M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "က်ဳပ္နာမည္ ေတာ္ဝင္ေယာက္်ား...
608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
253K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...