JOYOUS

By HaeBoom

361K 45.6K 2K

ChanBaek You're the source of my Joy And the whole of my heart 🤍 (M-preg) Cover crd More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
39
39(2)
40(1)
40(2)
40(3)
Ending(1)
🤴Ending 🤴
🎄
👨‍👨‍👦
EXO' CLOCK

38

6.1K 980 43
By HaeBoom

ဆုပ်ကိုင်ထားတဲ့ လက်ဖဝါးဖြူဖြူက ရုတ်တရက် လှုပ်ရှားလာကာ မှိတ်ထားတဲ့ မျက်ဝန်းဆီက မျက်ရည်တစ်စက် စီးဆင်းလာတော့ ချန်းယောလ် ထိတ်လန့်သွားမိသည်။ ဘတ်ခ်ဟွန်းနီးက သတိရလာပြီ အထင်နဲ့
သူထရပ်လိုက်မိသော်လည်း မှိတ်ထားတဲ့ မျက်ဝန်းတွေက
ပွင့်မလာပဲ ခေါင်းလုံးလုံးလေးဟာ အနည်းငယ်လှုပ်ရှားလာကာ တအင့်အင့်နဲ့ ရှိုက်သံလေးတွေ ထွက်လာသည်။

" အချစ် ဘတ်ခ်ဟွန်းနီး"

အဆက်မပြတ်ကျလာတဲ့ မျက်ရည်တွေက အိမ်မက်ဆိုးတွေကြောင့်လို့ မှတ်ယူမိတော့ လှုပ်ယမ်းနေတဲ့ ခေါင်းလေးကို ဖိကိုင်ကာ နဖူးထပ် ဖိကပ်နမ်းရင်း ထိန်းချုပ်လိုက်သည်။

အိမ်မက်ဆိုးတွေဆီကနေ ကိုယ်နဲ့ သားသားဆီကို
မြန်မြန်ပြေးလာပါတော့ ကိုယ့်ပူတင်းလုံးလေးရယ်။

ပြန်လည်ငြိမ်သက်သွားလည်း နဖူးဆီက အနမ်းတွေက်ု မခွါသေးပဲ ခပ်ဖွဖွ ဖိကပ်ထားမိသည်။ အရမ်းပင်ပန်းနေတာမို့ဘတ်ခ်ဟွန်းနီးက အကြာကြီးအိပ်နေပေမယ့် ကိုယ်အရမ်းလွမ်းနေပြီ နိူးလာပါတော့ အချစ်ရယ်။ သားသားကလည်း ဘတ်ခ်ဟွန်းနီးကို တွေ့ချင်လို့ စောင့်နေပြီလေကွာ။

" သား ချန်းယောလ် ငယ်လေးသတိရတာလား "

" အိမ်မက်ဆိုးတွေ မက်နေတာ ထင်တယ် အန်တီ "

အန်တီရဲ့ အသံကြားမှ အနမ်းတို့ကိုခွါလိုက်ပြီး
ကိုယ်ကိုပြန်မတ်ရင်း ဖြေလိုက်သည်။

အနောက်က ဆိုဖာခုံရှည်မှာ အန်တီက ဝင်ထိုင်ပြီး
မျက်လုံးအသာမှိတ်ကာ မှိန်းရင်း ခနအနားယူနေသည်မို့
သူလည်း ထိုင်ခုံမှာ ပြန်ထိုင်ပြီး လက်ဖမိုးလေးကို
ပါးနဲ့ကပ်ထားမိသည်။

ဆေးပိုက်တွေပြန်ဖြုတ်လိုက်ပြီမို့ ရှင်းလင်းနေတဲ့
မြတ်နိုးရသော မျက်နာလေးကို ငေးကြည့်နေမိသည်။
ဖြစ်နိုင်ရင် တသက်လုံး တဖွဖွနမ်းကာ ချစ်ကြောင်း
ကြင်နာကြောင်းတွေသာပြော၍ အမြဲတမ်းပြုံးစေချင်နေမိသည်အထိ ဒီလူသားကို ချစ်မြတ်နိုးရသည်။

ဒီနိုင်ငံမှာ လူသန်းပေါင်းများစွာရှိတဲ့အထဲ၊ လူပေါင်းများစွာရှိနေတဲ့ ပန်းခြံလေးအထဲမှာ ကိုယ်မင်းကို ရှာတွေ့ခဲ့တယ်။ရေစက်ဆိုရင်လည်း သံသရာအဆက်ဆက်ထိ
ဆုံဖို့ ကိုယ်ဆုတောင်းပါတယ်။

ငေးကြည့်နေတဲ့ မျက်နာလေးက မျက်ခွံတို့ တဖြေးဖြေးလှုပ်ရှားလာသည်။ အဆက်မပြတ်လှုပ်ရှားလာတော့ သူလက်လေးကို သေချာဆုပ်ကိုင်ရင်း

"ဘတ်ခ်ဟွန်းနီး " လို့ တဖွဖွခေါ်နေမိတော့ မျက်လုံးတို့ ပွင့်လာသည်။

" သားသား ကလေးလေး "

သတိရတာနဲ့ သွေးရူးသွေးတမ်းဖြစ်နေတဲ့ ဘတ်ခ်ဟွန်းနီးရဲ့ မျက်ဝန်းတို့က ဂနာမငြိမ်ဘဲ လှုပ်ခတ်နေသည်။
အန်တီကလည်း ချက်ချင်းထလာကာ ကုတင်ဘေး
ဘတ်ခ်ဟွန်းနီးဆီ ရောက်လာသည်။

"ငယ်လေး စိတ်လျော့ သားလေး"

"ဘတ်ခ်ဟွန်းနီး သတိထားပါအုန်း "

" ကလေးလေးရောလို့ ချန်းယောလ် သားသားရော"

"ရှိတယ် ကိုယ်တို့ သားသားလေးရှိတယ် ဘာမှမဖြစ်တာမို့
အချစ်က စိတ်လျော့နော် ကိုယ့်ကိုယုံပါ သားက
ဘာမှမဖြစ်ဘူး"

ရုန်းရင်ဆန်ခတ်ဖြစ်နေသည့် ဘတ်ခ်ဟွန်းနီးကို
ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်ပြီး နဖူးကို ပါးပြင်နဲ့ ကပ်ကာ
တုန်ယင်နေတဲ့ ခန္ဓာကိုယ်လေးကို ထွေးပွေ့ထားလိုက်သည်။ ချုပ်ရိုးကြောင့် လှုပ်ရှားလို့မဖြစ်သေးသည်မို့
ငြိမ်သွားအောင် ဖက်ထားပေးမိတော့ ရင်ခွင်ထဲ ငိုရှိုက်နေသည်။ အန်တီကလည်း ခေါင်းရင်းက intercom ကိုနှိပ်ကာ ဆရာဝန်မြန်မြန်ရောက်လာမို့ ဆုတောင်းနေသည်။

" မငိုရဘူးလေ ဘတ်ခ်ဟွန်းနီးရယ် သားက အချစ်ငိုနေရင် ဘယ်ကြိုက်ပါ့မလဲ မငိုရဘူးနော် ကိုယ်တို့ သားသားဆီသွားကြမယ်နော် "

ပါးပြင်နုနုက မျက်ရည်တွေသုတ်ပေးနေသည်အထိ ဘတ်ခ်ဟွန်းနီးမျက်ဝန်းတို့ အသက်မဲ့နေသေးသည်မို့
ချန်းယောလ်ထိတ်လန့်လာသည်။

"အချစ်ရယ်"

စိတ်မကောင်းဖြစ်လွန်းလို့ ရင်ခွင်ထဲသာ ထွေးပွေ့ထားမိတော့သည်။ ကလေးလေး ဘာမှမဖြစ်ဘူးဆိုရင်တောင်
ဆရာဝန်ကြီးပြောထားသလို ဘတ်ခ်ဟွန်းနီဟာ သူ့ကြောင့်ဆိုပြီး ကိုယ့်ဘာသာ အပြစ်တင်ကာ စိတ်ဒဏ်ရာ ရသွားခဲ့ပြီ။

ဆရာဝန်တွေရောက်လာပြီး စစ်ဆေးသည့်အချိန်ထိ
သူ့လက်တွေကို ဘတ်ခ်ဟွန်းနီးက တင်းကြပ်စွာ
ဆုပ်ကိုင်ထားသည်။ အစ်ကိုဂျွန်မြောင်နဲ့ မေဟာလည်း
စိုးရိမ်တကြီးနဲ့ ဆရာဝန်စစ်ဆေးတာကို ရင်တမမနဲ့
စောင့်နေကြသည်။

" စိုးရိမ်စရာတော့မရှိပါဘူး ချုပ်ရိုးကိုပဲ သေချာဂရုစိုက်ပေးပါ ပြီးတော့ ဘတ်ခ်ဟွန်း ဆရာပြောတာသေချာနားထောင်နော် ဘတ်ခ်ဟွန်းကိုယ်တိုင်က စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာကော ကျန်းမာနေမှရမယ်နော်
ကလေးအတွက် ဘတ်ခ်ဟွန်းက အဓိက အရေးကြီးဆုံးပဲ
သိတယ်မဟုတ်လား"

"ဟုတ်ကဲ့ "

" ၃ရက်ပြီးရင် ကလေးကို ဘတ်ခ်ဟွန်းတစ်ယောက်ပဲ
ထိတွေ့ခွင့်ရမယ် ဒါကြောင့် ဘတ်ခ်ဟွန်းက ကျန်းမာအောင်နေရမယ်နော် ဘတ်ခ်ဟွန်းရဲ့ မေမေတို့က ကျွန်တော်တို့နဲ့
ခနလိုက်ခဲ့ပါ"

"ငယ်လေး မေ နဲ့ကိုကြီး လိုက်သွားအုန်းယ်နော် ခနမှိန်းနေလိုက် "

ဒေါက်တာတို့နဲ့အတူ မေနဲ့ အစ်ကို ဂျွန်မြောင်ပါလိုက်ထွက်သွားပြီမို့ လှဲနေတဲ့ ဘတ်ခ်ဟွန်းနီးရဲ့ဘေး ကိုယ်ပါ မှီချကာ ရင်ခွင်ထဲထွေးပွေ့ပေးထားလိုက်သည်။ ရင်ဘတ်ပေါ်
ရောက်လာတဲ့ လက်လေးကိုဆွဲယူကာ အားရပါးရနမ်းရှိုက်ရင်း ခံစားနေရတဲ့ဝေဒနာတွေ သက်သာသွားဖို့ ကိုယ်ဆုတောင်းပါတယ်အချစ်ရယ်။

"ချန်းယောလ် တောင်းပန်ပါတယ် "

"မဟုတ်တာပဲ အချစ်ဆုံးရယ် ကိုယ်က ဘတ်ခ်ဟွန်းနီးကိုတောင် ကျေးဇူးအများကြီးတင်နေရတာပါ သားလေးရော
ဘတ်ခ်ဟွန်းနီးရော အန္တရာယ်ကင်းကင်းနဲ့ ကိုယ့်ဆီပြန်လာပေးလို့ ပြီးတော့ ထပ်ကျေးဇူးတင်ပါတယ် အချစ်
သားကို အချစ်က ကာကွယ်ပေးနိုင်ခဲ့လို့"

အင့်

"မငိုပါနဲ့ ကိုယ့်အချစ်ရယ်"

ပါးပြင်ပေါ်က မျက်ရည်တွေကို အနမ်းတွေနဲ့ သဲ့ယူပေးပစ်ရင် နှုတ်ခမ်းပါးလေးကိုပါ ငုံထွေးပစ်လိုက်မိသည်။
ဖြေးဖြေးနဲ့ ညင်သာစွာပဲ ခံစားပြီးတာနဲ့ ချက်ချင်းပြန်လွှတ်ကာ နဖူးထပ် နောက်တကြိမ် ဆင်းသက်ရင်း ရပ်တန့်ပစ်လိုက်သည်။

"ကိုယ်တို့ သားသားရဲ့ ပုံကြည့်ကြမလား "

Day-1ဆိုပြီး စတင်တဲ့နေ့စွဲလေးနဲ့အတူ သေးငယ်လွန်းပြီး
ဆေးပိုက်တွေကြားက နီတာရဲလေးက ဖုန်းစခရင်ပေါ်မှာ
အသဲယားစရာကောင်းမှုနဲ့အတူ သနားစရာကောင်းလွန်းစွာ ပေါ်လာသည်။ ချစ်သက်သေလေးကို ကြည့်ရင်း သူ့စိတ်ကို ခနပြေပျောက်အောင် အရိပ်တကြည့်ကြည့်နဲ့ ချော့မော့ရတော့သည်။

"သားသားက အရမ်းသေးညက်လွန်းတယ် အင့်
အခုချိန်ဆို အိပ်နေပြီလား မသိဖူး သူတစ်ယောက်တည်း
အထီးကျန်နေတော့မှာပဲ"

ကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်ရတာမို့ ကျဆင်းလာတဲ့ မျက်ရည်တွေကို ဘတ်ခ်ဟွန်းနီးခေါင်းပေါ် မျက်နာအပ်ကာ လွတ်လပ်ခွင့်ပေးလိုက်သည်။ ကိုယ့်ကိုလည်း
အားအင်တွေပြန်ပေးပါအုန်း ဘတ်ခ်ဟွန်းနီးရယ်။

Isolation roomထဲက သားသားကို အပြင်ကနေ လှည့်ကြည့်နေတဲ့အခါ ဝှီးချဲပေါ်က ဘတ်ခ်ဟွန်းနီးက သူ့လက်ကို
တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း ငိုတယ် ။ ဘေးက အန်တီလည်း မျက်ရည်ကျရသလို အစ်ကိိုဂျွန်မြောင်နဲ့
ရီရှင်းလည်း စိတ်မကောင်းကြီး စွာကြည့်နေတယ်။

ချုပ်ရိုးကြောင့် ကြာကြာထိုင်လို့မရတဲ့ အချစ်က
သားသားဆီကနေ အခန်းထဲပြန်ဖို့ မနည်းချော့မော့ကာ
ခေါ်ခဲ့ရလည်း သူ့လက်ကို ပါးလေးနဲ့ ဖိကပ်အိပ်ရင်း
ရှိုက်နေသေးသည်။ ချုပ်ရိုးကြောင့် သောက်ရတဲ့
အနာကျက်ဆေးတွေ အကိုက်အခဲပျောက်ဆေးတွေကြောင့်လားမသိ တဖြေးဖြေးနဲ့ ငိုရှိုက်ရင်း ဘတ်ခ်ဟွန်းနီးက
ပြန်အိပ်ပျော်သွားသည်။

" အန်တီ ခနနော် သားသားရဲ့ မနေ့က respiration rate ကြည့်ဖို့ ဒေါက်တာက ခေါ်ထားလို့"

"အေးအေးသွား အန်တီတ်ု့ရှိနေမယ်"

ငယ်လေးကိုလည်း စိတ်မချစွာ လှည့်တကြည့်ကြည့်နဲ့
ကလေးလေးဆီ ပြေးရပြန်တဲ့ ချန်းယောလ်ကိုကြည့်ပြီးတော့လည်း စိတ်ကမကောင်းဖြစ်ရသည်။ ဒီအချိန်တွေကျော်လွန်ပြီးရင် မေ့သားတွေ အများကြီးပျော်ရွှင်ရပါစေကွယ်။

ငယ်လေးပြီးရင် သားကြီးအတွက်လည်း သူမနေ့ညကတည်းက အတွေးတွေများနေခဲ့သည်။ ရီရှင်းပုခုံးပေါ် ခေါင်းမှီထားတဲ့ သားကြီးပုံစံကို တွေ့လိုက်ရတာက မထူးဆန်းပါဘူးလို့ တွေးလို့ရပေမယ့် သားကြီးကိုကြည့်တဲ့ ရီရှင်းအကြည့်တွေကို အိမ်မှာ လက်ဆောင်လာပေးရင်း ညစာ အတူတူစားတဲ့ ညကတည်းက သူရိပ်မိပါသည်။

_______
ဒီနေ့က ဘတ်ခ်ဟွန်းသားသားကို ပထမဆုံးအကြိမ်
ထိတွေ့ပြီး ရင်ငွေ့ပေးရမည့်နေ့။

Isolation roomထဲကို ဆရာဝန်ကြီးရယ် သားသားကို
တာဝန်ယူရတဲ့ သူနာပြုရယ် ဘတ်ခ်ဟွန်းရယ် ချန်းယောလ်ရယ်ကလွဲပြီး တခြားသူမဝင်ရ။ ကျန်တဲ့သုံးယောက်မှာ
Mask,လက်အိတ် စသည်ဖြင့် isolation gowns ကိုအပြည့်အစုံဝတ်ထားရပေမယ့် ဘတ်ခ်ဟွန်းကတော့ ပိုးသတ်ထားတဲ့ အရှေ့ကြယ်သီးနဲ့ pajamas လေးကိုသာဝတ်ထားသည်။


Incubator ဘေးကလက်ထည့်တဲ့ အပေါက်လေးကနေ
ဘတ်ခ်ဟွန်းရဲ့ လက်လေးတစ်ဖက် တိုးဝင်လိုက်တာနဲ့
မျက်လုံးလေးတွေ မှိတ်ထားပြီး အိပ်နေတဲ့ သားသား
လက်လေးလှုပ်လာကာ သူ့ကို ထိတွေ့လာတဲ့ လက်ညိုးလေးက်ို လာဆုပ်ကိုင်သည်။

" သားသားလေး"

ရှိုက်သံတွေကြားက ဘတ်ခ်ဟွန်းရဲ့ အသံတိုးတိုးကို
သားသားက ကြားနိုင်လားမသေချာပေမယ့် သူ့လက်ညိုးလေးဆီက ဖျစ်ညစ်မှုတစ်ခုက ဟိုးနှလုံးသားထဲအထိ
တိုးဝင်လာကာ ငြိမ့်ညောင်းပြီး အေးချမ်းသည်။
မိဘမေတ္တာဆိုတာ ဒီလိုခံစားချက်မျိုးဖြစ်ပါလိမ့်မည်။

သူမော့ကြည့်လိုက်တဲ့ ချန်းယောလ် မျက်ဝန်းတွေမှာလဲ
မျက်ရည်တွေ ဝေ့သီနေသည်။ ဒါက ချန်းယောလ်နဲ့ သူ့ရဲ့
အချစ်မှတ်တိုင်လေးဖြစ်သည်။ တသက်လုံးအရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ပြီးချစ်ပေးရမည့် မေတ္တာကို
သူရော ချန်းယောလ်ရော ပိုင်ဆိုင်ရတော့မည်။

" ဘတ်ခ်ဟွန်းက ဒီဖက်ကုတင်မှာ လှဲပါ
အောက်ဆီဂျင်ပိုက်တပ်ထားရင် ဘယ်လို position ထားရမယ်ဆိုတာ သိတယ်မလား ဘတ်ခ်ဟွန်း မှားရင်
အဆူခံရမယ်"

ဆရာဝန်ကြီးက ဘတ်ခ်ဟွန်းကို ဟာသနှောရင်း စာမေးနေသည်မို့ သူတို့အားလုံး မျက်ရည်တွေနဲ့ ပြုံးမိကြသေးသည်။

ကြယ်သီးတွေဖြုတ်ချကာ နွေးနေတဲ့ ဘတ်ခ်ဟွန်းရင်ဘတ်ပေါ် diaper လေးသာပါတဲ့ သားသားကို သူနာပြုဆရာမလေးက သေချာတင်ပေးလိုက်သည်။ ဆေးပိုက်များစွာအောက်က သားသားလေးဟာ ဘတ်ခ်ဟွန်းရင်ခွင်ထဲ လှုပ်စိလှုပ်စိနဲ့တိုးဝင်နေတာ ဘတ်ခ်ဟွန်းကိုယ်တိုင်
အသဲယားရပြီး ပီတိဆိုတာခံစားလာရသည်။

Incubator ထဲကနေ အပြင်ထွက်ရတာမို့ ပြင်ပလေ ခံလို့မရသေးတဲ့ သားသားကို ဘတ်ခ်ဟွန်းဝတ်ထားတဲ့ အင်္ကျီနဲ့ပဲ
ပြန်ထွေးပိုက်ထားရသည်။ သားသားကလည်း ဘတ်ခ်ဟွန်းရင်ဘတ်လေးကို ပါးလေးနဲ့ ပွတ်နေရင်း သူဖေဖေလေးကို အရမ်းလွမ်းနေကြောင်း ပြသည်။

တင်ပါးလေးကို ဖွဖွပုတ်ကာ ဘတ်ခ်ဟွန်းက မျက်လုံးတွေမှိတ်ထားသည်။ မှိတ်ထားရင်း မျက်ရည်တွေကလည်း
စီးဆင်းမပြတ် ။ ချန်းယောလ်ကိုယ်တိုင်လည်း အနီးကပ်တွေ့ခွင့်ရတဲ့ သားသားကို နမ်းရှုံ့ပစ်ချင်လောက်အောင်
အသဲယားနေရသည်။ ခါးကိုင်းကာ ဘတ်ခ်ဟွန်းနဖူးတွေပေါ် နမ်းရှိုက်လိုက်သည်။

ကိုယ်တို့ မိသားစုလေး စတင်တွေ့ဆုံရတဲ့ နေ့ပါအချစ်။

ရီရှင်းလက်ထဲက camera လေးထဲမှာ ပျော်စရာတွေ စိတ်မကောင်းစရာတွေနဲ့ ချစ်စရာမိသားစုလေးရဲ့ ပုံရိပ်တွေကို
မှတ်တမ်းများစွာ တင်ထားလေရဲ့။

_____

❤️

ဆုပ္ကိုင္ထားတဲ့ လက္ဖဝါးျဖဴျဖဴက ႐ုတ္တရက္ လွုပ္ရွားလာကာ မွိတ္ထားတဲ့ မ်က္ဝန္းဆီက မ်က္ရည္တစ္စက္ စီးဆင္းလာေတာ့ ခ်န္းေယာလ္ ထိတ္လန့္သြားမိသည္။ ဘတ္ခ္ဟြန္းနီးက သတိရလာၿပီ အထင္နဲ႔
သူထရပ္လိုက္မိေသာ္လည္း မွိတ္ထားတဲ့ မ်က္ဝန္းေတြက
ပြင့္မလာပဲ ေခါင္းလုံးလုံးေလးဟာ အနည္းငယ္လွုပ္ရွားလာကာ တအင့္အင့္နဲ႔ ရွိုက္သံေလးေတြ ထြက္လာသည္။

" အခ်စ္ ဘတ္ခ္ဟြန္းနီး"

အဆက္မျပတ္က်လာတဲ့ မ်က္ရည္ေတြက အိမ္မက္ဆိုးေတြေၾကာင့္လို႔ မွတ္ယူမိေတာ့ လွုပ္ယမ္းေနတဲ့ ေခါင္းေလးကို ဖိကိုင္ကာ နဖူးထပ္ ဖိကပ္နမ္းရင္း ထိန္းခ်ဳပ္လိုက္သည္။

အိမ္မက္ဆိုးေတြဆီကေန ကိုယ္နဲ႔ သားသားဆီကို
ျမန္ျမန္ေျပးလာပါေတာ့ ကိုယ့္ပူတင္းလုံးေလးရယ္။

ျပန္လည္ၿငိမ္သက္သြားလည္း နဖူးဆီက အနမ္းေတြက္ု မခြါေသးပဲ ခပ္ဖြဖြ ဖိကပ္ထားမိသည္။ အရမ္းပင္ပန္းေနတာမို႔ဘတ္ခ္ဟြန္းနီးက အၾကာႀကီးအိပ္ေနေပမယ့္ ကိုယ္အရမ္းလြမ္းေနၿပီ နိူးလာပါေတာ့ အခ်စ္ရယ္။ သားသားကလည္း ဘတ္ခ္ဟြန္းနီးကို ေတြ႕ခ်င္လို႔ ေစာင့္ေနၿပီေလကြာ။

" သား ခ်န္းေယာလ္ ငယ္ေလးသတိရတာလား "

" အိမ္မက္ဆိုးေတြ မက္ေနတာ ထင္တယ္ အန္တီ "

အန္တီရဲ့ အသံၾကားမွ အနမ္းတို႔ကိုခြါလိုက္ၿပီး
ကိုယ္ကိုျပန္မတ္ရင္း ေျဖလိုက္သည္။

အေနာက္က ဆိုဖာခုံရွည္မွာ အန္တီက ဝင္ထိုင္ၿပီး
မ်က္လုံးအသာမွိတ္ကာ မွိန္းရင္း ခနအနားယူေနသည္မို႔
သူလည္း ထိုင္ခုံမွာ ျပန္ထိုင္ၿပီး လက္ဖမိုးေလးကို
ပါးနဲ႔ကပ္ထားမိသည္။

ေဆးပိုက္ေတြျပန္ျဖဳတ္လိုက္ၿပီမို႔ ရွင္းလင္းေနတဲ့
ျမတ္နိုးရေသာ မ်က္နာေလးကို ေငးၾကည့္ေနမိသည္။
ျဖစ္နိုင္ရင္ တသက္လုံး တဖြဖြနမ္းကာ ခ်စ္ေၾကာင္း
ၾကင္နာေၾကာင္းေတြသာေျပာ၍ အျမဲတမ္းျပဳံးေစခ်င္ေနမိသည္အထိ ဒီလူသားကို ခ်စ္ျမတ္နိုးရသည္။

ဒီနိုင္ငံမွာ လူသန္းေပါင္းမ်ားစြာရွိတဲ့အထဲ၊ လူေပါင္းမ်ားစြာရွိေနတဲ့ ပန္းၿခံေလးအထဲမွာ ကိုယ္မင္းကို ရွာေတြ႕ခဲ့တယ္။ေရစက္ဆိုရင္လည္း သံသရာအဆက္ဆက္ထိ
ဆုံဖို႔ ကိုယ္ဆုေတာင္းပါတယ္။

ေငးၾကည့္ေနတဲ့ မ်က္နာေလးက မ်က္ခြံတို႔ တေျဖးေျဖးလွုပ္ရွားလာသည္။ အဆက္မျပတ္လွုပ္ရွားလာေတာ့ သူလက္ေလးကို ေသခ်ာဆုပ္ကိုင္ရင္း

"ဘတ္ခ္ဟြန္းနီး " လို႔ တဖြဖြေခၚေနမိေတာ့ မ်က္လုံးတို႔ ပြင့္လာသည္။

" သားသား ကေလးေလး "

သတိရတာနဲ႔ ေသြး႐ူးေသြးတမ္းျဖစ္ေနတဲ့ ဘတ္ခ္ဟြန္းနီးရဲ့ မ်က္ဝန္းတို႔က ဂနာမၿငိမ္ဘဲ လွုပ္ခတ္ေနသည္။
အန္တီကလည္း ခ်က္ခ်င္းထလာကာ ကုတင္ေဘး
ဘတ္ခ္ဟြန္းနီးဆီ ေရာက္လာသည္။

"ငယ္ေလး စိတ္ေလ်ာ့ သားေလး"

"ဘတ္ခ္ဟြန္းနီး သတိထားပါအုန္း "

" ကေလးေလးေရာလို႔ ခ်န္းေယာလ္ သားသားေရာ"

"ရွိတယ္ ကိုယ္တို႔ သားသားေလးရွိတယ္ ဘာမွမျဖစ္တာမို႔
အခ်စ္က စိတ္ေလ်ာ့ေနာ္ ကိုယ့္ကိုယုံပါ သားက
ဘာမွမျဖစ္ဘူး"

႐ုန္းရင္ဆန္ခတ္ျဖစ္ေနသည့္ ဘတ္ခ္ဟြန္းနီးကို
ရင္ခြင္ထဲ ဆြဲဖက္ထားလိုက္ၿပီး နဖူးကို ပါးျပင္နဲ႔ ကပ္ကာ
တုန္ယင္ေနတဲ့ ခႏၶာကိုယ္ေလးကို ေထြးေပြ႕ထားလိုက္သည္။ ခ်ဳပ္ရိုးေၾကာင့္ လွုပ္ရွားလို႔မျဖစ္ေသးသည္မို႔
ၿငိမ္သြားေအာင္ ဖက္ထားေပးမိေတာ့ ရင္ခြင္ထဲ ငိုရွိုက္ေနသည္။ အန္တီကလည္း ေခါင္းရင္းက intercom ကိုႏွိပ္ကာ ဆရာဝန္ျမန္ျမန္ေရာက္လာမို႔ ဆုေတာင္းေနသည္။

" မငိုရဘူးေလ ဘတ္ခ္ဟြန္းနီးရယ္ သားက အခ်စ္ငိုေနရင္ ဘယ္ႀကိဳက္ပါ့မလဲ မငိုရဘူးေနာ္ ကိုယ္တို႔ သားသားဆီသြားၾကမယ္ေနာ္ "

ပါးျပင္ႏုႏုက မ်က္ရည္ေတြသုတ္ေပးေနသည္အထိ ဘတ္ခ္ဟြန္းနီးမ်က္ဝန္းတို႔ အသက္မဲ့ေနေသးသည္မို႔
ခ်န္းေယာလ္ထိတ္လန့္လာသည္။

"အခ်စ္ရယ္"

စိတ္မေကာင္းျဖစ္လြန္းလို႔ ရင္ခြင္ထဲသာ ေထြးေပြ႕ထားမိေတာ့သည္။ ကေလးေလး ဘာမွမျဖစ္ဘူးဆိုရင္ေတာင္
ဆရာဝန္ႀကီးေျပာထားသလို ဘတ္ခ္ဟြန္းနီဟာ သူ႔ေၾကာင့္ဆိုၿပီး ကိုယ့္ဘာသာ အျပစ္တင္ကာ စိတ္ဒဏ္ရာ ရသြားခဲ့ၿပီ။

ဆရာဝန္ေတြေရာက္လာၿပီး စစ္ေဆးသည့္အခ်ိန္ထိ
သူ႔လက္ေတြကို ဘတ္ခ္ဟြန္းနီးက တင္းၾကပ္စြာ
ဆုပ္ကိုင္ထားသည္။ အစ္ကိုဂၽြန္ေျမာင္နဲ႔ ေမဟာလည္း
စိုးရိမ္တႀကီးနဲ႔ ဆရာဝန္စစ္ေဆးတာကို ရင္တမမနဲ႔
ေစာင့္ေနၾကသည္။

" စိုးရိမ္စရာေတာ့မရွိပါဘူး ခ်ဳပ္ရိုးကိုပဲ ေသခ်ာဂ႐ုစိုက္ေပးပါ ၿပီးေတာ့ ဘတ္ခ္ဟြန္း ဆရာေျပာတာေသခ်ာနားေထာင္ေနာ္ ဘတ္ခ္ဟြန္းကိုယ္တိုင္က စိတ္ပိုင္းဆိုင္ရာေကာ ႐ုပ္ပိုင္းဆိုင္ရာေကာ က်န္းမာေနမွရမယ္ေနာ္
ကေလးအတြက္ ဘတ္ခ္ဟြန္းက အဓိက အေရးႀကီးဆုံးပဲ
သိတယ္မဟုတ္လား"

"ဟုတ္ကဲ့ "

" ၃ရက္ၿပီးရင္ ကေလးကို ဘတ္ခ္ဟြန္းတစ္ေယာက္ပဲ
ထိေတြ႕ခြင့္ရမယ္ ဒါေၾကာင့္ ဘတ္ခ္ဟြန္းက က်န္းမာေအာင္ေနရမယ္ေနာ္ ဘတ္ခ္ဟြန္းရဲ့ ေမေမတို႔က ကၽြန္ေတာ္တို႔နဲ႔
ခနလိုက္ခဲ့ပါ"

"ငယ္ေလး ေမ နဲ႔ကိုႀကီး လိုက္သြားအုန္းယ္ေနာ္ ခနမွိန္းေနလိုက္ "

ေဒါက္တာတို႔နဲ႔အတူ ေမနဲ႔ အစ္ကို ဂၽြန္ေျမာင္ပါလိုက္ထြက္သြားၿပီမို႔ လွဲေနတဲ့ ဘတ္ခ္ဟြန္းနီးရဲ့ေဘး ကိုယ္ပါ မွီခ်ကာ ရင္ခြင္ထဲေထြးေပြ႕ေပးထားလိုက္သည္။ ရင္ဘတ္ေပၚ
ေရာက္လာတဲ့ လက္ေလးကိုဆြဲယူကာ အားရပါးရနမ္းရွိုက္ရင္း ခံစားေနရတဲ့ေဝဒနာေတြ သက္သာသြားဖို႔ ကိုယ္ဆုေတာင္းပါတယ္အခ်စ္ရယ္။

"ခ်န္းေယာလ္ ေတာင္းပန္ပါတယ္ "

"မဟုတ္တာပဲ အခ်စ္ဆုံးရယ္ ကိုယ္က ဘတ္ခ္ဟြန္းနီးကိုေတာင္ ေက်းဇူးအမ်ားႀကီးတင္ေနရတာပါ သားေလးေရာ
ဘတ္ခ္ဟြန္းနီးေရာ အႏၲရာယ္ကင္းကင္းနဲ႔ ကိုယ့္ဆီျပန္လာေပးလို႔ ၿပီးေတာ့ ထပ္ေက်းဇူးတင္ပါတယ္ အခ်စ္
သားကို အခ်စ္က ကာကြယ္ေပးနိုင္ခဲ့လို႔"

အင့္

"မငိုပါနဲ႔ ကိုယ့္အခ်စ္ရယ္"

ပါးျပင္ေပၚက မ်က္ရည္ေတြကို အနမ္းေတြနဲ႔ သဲ့ယူေပးပစ္ရင္ ႏွုတ္ခမ္းပါးေလးကိုပါ ငုံေထြးပစ္လိုက္မိသည္။
ေျဖးေျဖးနဲ႔ ညင္သာစြာပဲ ခံစားၿပီးတာနဲ႔ ခ်က္ခ်င္းျပန္လႊတ္ကာ နဖူးထပ္ ေနာက္တႀကိမ္ ဆင္းသက္ရင္း ရပ္တန့္ပစ္လိုက္သည္။

"ကိုယ္တို႔ သားသားရဲ့ ပုံၾကည့္ၾကမလား "

Day-1ဆိုၿပီး စတင္တဲ့ေန႔စြဲေလးနဲ႔အတူ ေသးငယ္လြန္းၿပီး
ေဆးပိုက္ေတြၾကားက နီတာရဲေလးက ဖုန္းစခရင္ေပၚမွာ
အသဲယားစရာေကာင္းမွုနဲ႔အတူ သနားစရာေကာင္းလြန္းစြာ ေပၚလာသည္။ ခ်စ္သက္ေသေလးကို ၾကည့္ရင္း သူ႔စိတ္ကို ခနေျပေပ်ာက္ေအာင္ အရိပ္တၾကည့္ၾကည့္နဲ႔ ေခ်ာ့ေမာ့ရေတာ့သည္။

"သားသားက အရမ္းေသးညက္လြန္းတယ္ အင့္
အခုခ်ိန္ဆို အိပ္ေနၿပီလား မသိဖူး သူတစ္ေယာက္တည္း
အထီးက်န္ေနေတာ့မွာပဲ"

ကိုယ္တိုင္လည္း စိတ္မေကာင္းျဖစ္ရတာမို႔ က်ဆင္းလာတဲ့ မ်က္ရည္ေတြကို ဘတ္ခ္ဟြန္းနီးေခါင္းေပၚ မ်က္နာအပ္ကာ လြတ္လပ္ခြင့္ေပးလိုက္သည္။ ကိုယ့္ကိုလည္း
အားအင္ေတြျပန္ေပးပါအုန္း ဘတ္ခ္ဟြန္းနီးရယ္။

Isolation roomထဲက သားသားကို အျပင္ကေန လွည့္ၾကည့္ေနတဲ့အခါ ဝွီးခ်ဲေပၚက ဘတ္ခ္ဟြန္းနီးက သူ႔လက္ကို
တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ရင္း ငိုတယ္ ။ ေဘးက အန္တီလည္း မ်က္ရည္က်ရသလို အစ္ကိိုဂၽြန္ေျမာင္နဲ႔
ရီရွင္းလည္း စိတ္မေကာင္းႀကီး စြာၾကည့္ေနတယ္။

ခ်ဳပ္ရိုးေၾကာင့္ ၾကာၾကာထိုင္လို႔မရတဲ့ အခ်စ္က
သားသားဆီကေန အခန္းထဲျပန္ဖို႔ မနည္းေခ်ာ့ေမာ့ကာ
ေခၚခဲ့ရလည္း သူ႔လက္ကို ပါးေလးနဲ႔ ဖိကပ္အိပ္ရင္း
ရွိုက္ေနေသးသည္။ ခ်ဳပ္ရိုးေၾကာင့္ ေသာက္ရတဲ့
အနာက်က္ေဆးေတြ အကိုက္အခဲေပ်ာက္ေဆးေတြေၾကာင့္လားမသိ တေျဖးေျဖးနဲ႔ ငိုရွိုက္ရင္း ဘတ္ခ္ဟြန္းနီးက
ျပန္အိပ္ေပ်ာ္သြားသည္။

" အန္တီ ခနေနာ္ သားသားရဲ့ မေန႔က respiration rate ၾကည့္ဖို႔ ေဒါက္တာက ေခၚထားလို႔"

"ေအးေအးသြား အန္တီတ္ု႔ရွိေနမယ္"

ငယ္ေလးကိုလည္း စိတ္မခ်စြာ လွည့္တၾကည့္ၾကည့္နဲ႔
ကေလးေလးဆီ ေျပးရျပန္တဲ့ ခ်န္းေယာလ္ကိုၾကည့္ၿပီးေတာ့လည္း စိတ္ကမေကာင္းျဖစ္ရသည္။ ဒီအခ်ိန္ေတြေက်ာ္လြန္ၿပီးရင္ ေမ့သားေတြ အမ်ားႀကီးေပ်ာ္ရႊင္ရပါေစကြယ္။

ငယ္ေလးၿပီးရင္ သားႀကီးအတြက္လည္း သူမေန႔ညကတည္းက အေတြးေတြမ်ားေနခဲ့သည္။ ရီရွင္းပုခုံးေပၚ ေခါင္းမွီထားတဲ့ သားႀကီးပုံစံကို ေတြ႕လိုက္ရတာက မထူးဆန္းပါဘူးလို႔ ေတြးလို႔ရေပမယ့္ သားႀကီးကိုၾကည့္တဲ့ ရီရွင္းအၾကည့္ေတြကို အိမ္မွာ လက္ေဆာင္လာေပးရင္း ညစာ အတူတူစားတဲ့ ညကတည္းက သူရိပ္မိပါသည္။

_______
ဒီေန႔က ဘတ္ခ္ဟြန္းသားသားကို ပထမဆုံးအႀကိမ္
ထိေတြ႕ၿပီး ရင္ေငြ႕ေပးရမည့္ေန႔။

Isolation roomထဲကို ဆရာဝန္ႀကီးရယ္ သားသားကို
တာဝန္ယူရတဲ့ သူနာျပဳရယ္ ဘတ္ခ္ဟြန္းရယ္ ခ်န္းေယာလ္ရယ္ကလြဲၿပီး တျခားသူမဝင္ရ။ က်န္တဲ့သုံးေယာက္မွာ
Mask,လက္အိတ္ စသည္ျဖင့္ isolation gowns ကိုအျပည့္အစုံဝတ္ထားရေပမယ့္ ဘတ္ခ္ဟြန္းကေတာ့ ပိုးသတ္ထားတဲ့ အေရွ႕ၾကယ္သီးနဲ႔ pajamas ေလးကိုသာဝတ္ထားသည္။


Incubator ေဘးကလက္ထည့္တဲ့ အေပါက္ေလးကေန
ဘတ္ခ္ဟြန္းရဲ့ လက္ေလးတစ္ဖက္ တိုးဝင္လိုက္တာနဲ႔
မ်က္လုံးေလးေတြ မွိတ္ထားၿပီး အိပ္ေနတဲ့ သားသား
လက္ေလးလွုပ္လာကာ သူ႔ကို ထိေတြ႕လာတဲ့ လက္ညိဳးေလးက္ို လာဆုပ္ကိုင္သည္။

" သားသားေလး"

ရွိုက္သံေတြၾကားက ဘတ္ခ္ဟြန္းရဲ့ အသံတိုးတိုးကို
သားသားက ၾကားနိုင္လားမေသခ်ာေပမယ့္ သူ႔လက္ညိဳးေလးဆီက ဖ်စ္ညစ္မွုတစ္ခုက ဟိုးႏွလုံးသားထဲအထိ
တိုးဝင္လာကာ ၿငိမ့္ေညာင္းၿပီး ေအးခ်မ္းသည္။
မိဘေမတၱာဆိုတာ ဒီလိုခံစားခ်က္မ်ိဳးျဖစ္ပါလိမ့္မည္။

သူေမာ့ၾကည့္လိုက္တဲ့ ခ်န္းေယာလ္ မ်က္ဝန္းေတြမွာလဲ
မ်က္ရည္ေတြ ေဝ့သီေနသည္။ ဒါက ခ်န္းေယာလ္နဲ႔ သူ႔ရဲ့
အခ်စ္မွတ္တိုင္ေလးျဖစ္သည္။ တသက္လုံးအရိပ္တၾကည့္ၾကည့္နဲ႔ ေစာင့္ေရွာက္ၿပီးခ်စ္ေပးရမည့္ ေမတၱာကို
သူေရာ ခ်န္းေယာလ္ေရာ ပိုင္ဆိုင္ရေတာ့မည္။

" ဘတ္ခ္ဟြန္းက ဒီဖက္ကုတင္မွာ လွဲပါ
ေအာက္ဆီဂ်င္ပိုက္တပ္ထားရင္ ဘယ္လို position ထားရမယ္ဆိုတာ သိတယ္မလား ဘတ္ခ္ဟြန္း မွားရင္
အဆူခံရမယ္"

ဆရာဝန္ႀကီးက ဘတ္ခ္ဟြန္းကို ဟာသေႏွာရင္း စာေမးေနသည္မို႔ သူတို႔အားလုံး မ်က္ရည္ေတြနဲ႔ ျပဳံးမိၾကေသးသည္။

ၾကယ္သီးေတြျဖဳတ္ခ်ကာ ေႏြးေနတဲ့ ဘတ္ခ္ဟြန္းရင္ဘတ္ေပၚ diaper ေလးသာပါတဲ့ သားသားကို သူနာျပဳဆရာမေလးက ေသခ်ာတင္ေပးလိုက္သည္။ ေဆးပိုက္မ်ားစြာေအာက္က သားသားေလးဟာ ဘတ္ခ္ဟြန္းရင္ခြင္ထဲ လွုပ္စိလွုပ္စိနဲ႔တိုးဝင္ေနတာ ဘတ္ခ္ဟြန္းကိုယ္တိုင္
အသဲယားရၿပီး ပီတိဆိုတာခံစားလာရသည္။

Incubator ထဲကေန အျပင္ထြက္ရတာမို႔ ျပင္ပေလ ခံလို႔မရေသးတဲ့ သားသားကို ဘတ္ခ္ဟြန္းဝတ္ထားတဲ့ အကႌ်နဲ႔ပဲ
ျပန္ေထြးပိုက္ထားရသည္။ သားသားကလည္း ဘတ္ခ္ဟြန္းရင္ဘတ္ေလးကို ပါးေလးနဲ႔ ပြတ္ေနရင္း သူေဖေဖေလးကို အရမ္းလြမ္းေနေၾကာင္း ျပသည္။

တင္ပါးေလးကို ဖြဖြပုတ္ကာ ဘတ္ခ္ဟြန္းက မ်က္လုံးေတြမွိတ္ထားသည္။ မွိတ္ထားရင္း မ်က္ရည္ေတြကလည္း
စီးဆင္းမျပတ္ ။ ခ်န္းေယာလ္ကိုယ္တိုင္လည္း အနီးကပ္ေတြ႕ခြင့္ရတဲ့ သားသားကို နမ္းရွုံ႔ပစ္ခ်င္ေလာက္ေအာင္
အသဲယားေနရသည္။ ခါးကိုင္းကာ ဘတ္ခ္ဟြန္းနဖူးေတြေပၚ နမ္းရွိုက္လိုက္သည္။

ကိုယ္တို႔ မိသားစုေလး စတင္ေတြ႕ဆုံရတဲ့ ေန႔ပါအခ်စ္။

ရီရွင္းလက္ထဲက cameraေလးထဲမွာ ေပ်ာ္စရာေတြ စိတ္မေကာင္းစရာေတြနဲ႔ ခ်စ္စရာမိသားစုေလးရဲ့ ပုံရိပ္ေတြကို
မွတ္တမ္းမ်ားစြာ တင္ထားေလရဲ့။

_____

❤️

Continue Reading

You'll Also Like

26.6K 668 20
Author: 리티티 Translator: Canmonarch Proofreader: Canmonarch Raw provider: Canmonarch Violet, known to all as the wicked Ducal Princess, had regained h...
40.7M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...
19K 639 11
Abandoned by his father, he did everything it takes to survive, he hunt to survive, eat to survive and in the end, he became a beast the no one has e...