မဟူရာ ( Completed )

By thin_zar_moe_oo

59.2K 3.6K 146

မဟူရာ အစိမ်းရောင် မျက်ဝန်းတွေနဲ့ မွေးဖွားလာခဲ့တဲ့ အမြွှာနှစ်ယောက်ထဲက ညီမဖြစ်သူ မဟူရာ ။ မဟူရာက မျက်ဝန်းအရောင... More

part-2
part - 3
part - 4
part-5
part - 6
part - 7
part - 8
part - 9
part - 10
part - 11
part - 12
part - 13
part - 14
part - 15
part - 16
part - 17
part - 18
part - 19
part - 20
Final

part - 1

8.7K 274 4
By thin_zar_moe_oo

မဟူရာ

( အပိုင်း - ၁ )

တိတ်ဆိတ်၍ မှောင်မိုက်သော ညချမ်းတွင် ကလေးငိုသံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏ ။

"အူဝဲ...အူဝဲ "

သစ်ပင် ၊ သစ်ခက် ၊ ခြုံနွယ်ပိတ်ပေါင်းတွေနှင့် ဝိုင်းရံထားသော  ခြံကျယ်ကြီးထဲတွင် ရှေးကျသော နှစ်ထပ်တိုက်အိမ်ကြီးက ထီးထီးကြီး ရှိနေသည် ။ ထိုအိမ်ကြီးထဲရှိ အခန်းတစ်ခု၏ ကုတင်ပေါ်၌ နွမ်းလျစွာ လဲလျောင်းနေသော အမျိုးသမီးငယ်တစ်ဦးရှိ၏ ။ သူ့အနီးတွင် မွေးကင်းစ ကလေးငယ်ကို ပွေ့ချီထားသော အသက်ကြီးကြီး အမျိသမီးတစ်ဦးလည်း ရှိနေခဲ့၏ ။

"ဘာလေးလဲ ဒေါ်ကျင် "

သစ္စာသည် ကလေးကို ခက်ခဲစွာ မီးဖွားပြီးနောက် နာကျင်ပင်ပန်းနေသည်ကို အမှုမထားနိုင် ။ ဝမ်းဆွဲသည် ဒေါ်ကျင်ကို အလောတကြီးဖြင့် မေးမိသည် ။

"မိန်းကလေး "

ဒေါ်ကျင်၏ စကားအဆုံး  သစ္စာ အံ့သြထိတ်လန့်သွားရ၏ ။ ထိုစဉ် တံခါးဖွင့်၍ အခန်းထဲ ဝင်လာသူက ခင်ပွန်းဖြစ်သူ ကိုမြင့်မောင် ။ 

"ယောကျာ်းလေး မဟုတ်လား သစ္စာ "

မျှော်လင့်ချက်အပြည့်နှင့် မေးလိုက်သံက လှိုက်လှိုက်လှဲလှဲ ။ ထို့ကြောင့်ပင် သစ္စာ၏ မျက်နှာက ကွက်ခနဲ ပျက်သွားရ၏ ။ သစ္စာသည် မျက်နှာမသာမယာနှင့် ခေါင်းကို ခါယမ်းလိုက်မိ၏ ။ ထို့နောက် စိုးရိမ်တုန်လှုပ်နေသော လေသံဖြင့်....။

"သစ္စာတို့ ဘယ်လိုလုပ်ကြမလဲ ကို ။ သမီး...သမီးလေးကို သစ္စာ  အဆုံးအရှုံး မခံနိုင်ဘူး ကို "

ကိုမြင့်မောင်က စိတ်ညစ်ညူးစွာဖြင့် သက်ပြင်းရှိုက်မိသည် ။ ထို့နောက် ဒေါ်ကျင့်လက်ထဲက သမီးငယ်ကို လွှဲယူ၍ ပိုက်ချီလိုက်သည် ။ သမီးလေးက ငိုနေရာမှ တိတ်သွားပြီး မျက်ဝန်းလေး မှေးစင်းသွား၏ ။ ဖြူဖြူဖွေးဖွေး နှင့် ချစ်စရာကောင်းသည့် ကလေးက ကိုယ့်သွေးသားမို့ သူလည်းပဲ လက်မလွှတ်နိုင် ။ ထို့နောက် ဇနီးဖြစ်သူ၏ လက်ထဲ ထည့်ပေးလိုက်၏ ။ ဒေါ်ကျင်က အလိုက်သိစွာဖြင့် အခန်းထဲမှ တိတ်တဆိတ် ထွက်သွားသည် ။

သစ္စာက သမီးလေးကို တစိမ့်စိမ့်ကြည့်ရင်းမှ မျက်ရည်ကျလာ၏ ။ ထို့နောက် မျက်ရည်တွေကို လက်ဖြင့် ခပ်ကြမ်းကြမ်း သုတ်ကာ စူးရှသော အကြည့်တို့နှင့် ဆိုသည် ။

" သစ္စာ စဉ်းစားပြီးပြီ ကို ။ သမီးလေးကို သစ္စာ လုံးဝ အဆုံးအရှုံး မခံနိုင်ဘူး ။ အဲ့ဒီအတွက် မမသဇင်ရဲ့ အကူအညီ လိုတယ် ။ မမသဇင်ကို ဒီအိမ်ကို ပြန်ခေါ်မှဖြစ်မယ် "

သစ္စာက သွေးရူးသွေးတန်းဖြင့် တတွတ်တွတ် ရေရွတ်နေသည် ။

"မဖြစ်ဘူး သစ္စာ ။ မင်းလဲ သိတာပဲ ။ ဖေဖေ နဲ့ မေမေ မဆုံးခင်က ဘာမှာခဲ့လဲဆိုတာ ။ သူတို့ရဲ့ နောက်ဆုံးဆန္ဒကို မဖျက်ဆီးချင်ပါနဲ့ကွာ "

ကိုမြင့်မောင်က နားချသော်လည်း သစ္စာက ခေါင်းခါ၍ ငြင်းဆိုသည် ။

"ဟင့်အင်း ၊ ဒါတွေ သစ္စာ မသိဘူး ကို ။ သိလဲ မသိချင်ဘူး ။   အခုချိန်မှာ သစ္စာ သိတာက သမီးလေးကို အဆုံးအရှုံးမခံနိူင်ဘူးဆိုတာပဲ အဟင့်....ဟင့် "

သစ္စာက ပြောနေရင်း ရှိုက်ငိုပြီး သတိလစ်မေ့မျောသွား၏ ။ ကိုမြင့်မောင် ပျာပျာသလဲ ဖြစ်သွားပြီး သမီးလေးကို အမြန်ပွေ့ယူကာ ဘေးမှာ အသာအယာချလိုက်သည် ။ ထို့နောက် သစ္စာ၏ နဖူးထက်မှ ချွေးတွေကို အဝတ်စလေးဖြင့် သုတ်ပေးပြီး ဆံပင်ကို ညင်သာစွာ သပ်တင်ပေးလိုက်သည် ။ ထိုနောက် သူ ဆုံးဖြတ်ချက်တစ်ခုကို  ခိုင်မာစွာ  ချလိုက်သည် ။

"သက်နောင် "

သူ ခေါ်လိုက်သည်နှင့် သက်နောင်က အသံပေး၍ အခန်းထဲသို့ ချက်ချင်း ရောက်လာ၏ ။

"ဗျာ ၊ အစ်ကိုလေး "

"ဓနုတောကို အခုချက်ချင်း သွား ။ မသဇင်ကို ဒီအိမ်ကို ခေါ်ခဲ့ ။ ရအောင် ခေါ်လာခဲ့ "

"ဟုတ်ကဲ့ အစ်ကိုလေး "

သက်နောင်က ချက်ချင်းပင် ခြေလှမ်းသွက်သွက် နှင့် အခန်းထဲမှ ထွက်သွား၏ ။

ကိုမြင့်မောင် သက်ပြင်းသဲ့သဲ့ချမိသည် ။ ယခုလုပ်ရပ်က မှားယွင်းသည်ဆိုလျှင်တောင် သူ နောက်မဆုတ်နိုင် ။ ဒါ သမီး နှင့် ဇနီးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်၏ ။ မမှန်ဘူးဆိုလျှင်တောင် ဆက်၍ မှားပါစေလေ ။

"ဖေဖေ "

တိုးလျလျအသံနှင့်အတူ အခန်းထဲ ရောက်လာသူက သားကြီး မင်းဒီပါမောင် ဖြစ်၏ ။

"သား လန့်နိုးလာတာလား "

"ဟုတ်"

သားက ခေါင်းညိတ်၍ ဖြေပြီး မိခင်ဖြစ်သူ၏ ဘေးက ကလေးငယ်လေးကို စူးစိုက်ကြည့်နေသည် ။

"အဲ့ဒါ သားရဲ့ ညီမလေးလေ ။ သား ချီချင်လား "

ကိုမြင့်မောင်မေးတော့ ဒီပါက ခေါင်းတဆတ်ဆတ်ညိတ်သည် ။ သားကိုကြည့်၍ သူ ပြုံးရင်း လက်ထဲ အသာအယာ ထည့်ပေးလိုက်သည် ။

သားလေးက ညီမဖြစ်သူကို သေချာ စေ့စေ့စပ်စပ် အကဲခတ်နေ၏ ။

"ညီမလေးက ချစ်စရာမကောင်းဘူးလား သားကြီး "

"အရမ်းချစ်စရာကောင်းတယ် ။ သား ညီမလေးကို အရမ်း ချစ်တယ်"

ကိုမြင့်မောင်က သား၏ အဖြေကြားသော် စိတ်ညစ်ညူးနေသည်ကို မေ့လျော့ပြီး ကျေနပ်စွာ ရယ်မိသည်  ။

"ညီမလေးကို တကယ်ချစ်ရင် ဘာအန္တရယ်မှ မဖြစ်အောင် စောင့်ရှောက်ရမယ်နော် သားကြီး "

"ဟုတ် "

ဒီပါသည် နီတာရဲ၍ အသည်းယားစရာကောင်းသည့် ညီမပိစိလေးကို ချစ်မဝနိုင်စွာ ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခုချခဲ့သည်  ။

အသက်ခုနှစ်နှစ်သာ ရှိသေးသည့် ဒီပါလေး၏ နှလုံးသားထဲတွင် ညီမလေးကို စောင့်ရှောက်ရန် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်တည်ခဲ့လေ၏ ။

*********

"အစ်ကို ၊ သမီးငယ်က ဘာလို့ လုံးဝ မငိုရတာလဲဟင် "

မြမေသည် ကုတင်ပေါ်မှာ ချထားသော အမြွှာသမီးလေးနှစ်ယောက်ကို ချစ်မြတ်နိုးစွာ ငေးကြည့်နေရင်း ခင်ပွန်းဖြစ်သူ ကိုထွန်းအောင်ကို မေးမိသည် ။

သမီးလေးနှစ်ယောက်က မိနစ်အနည်းငယ်သာ ခြား၍ ရှေ့ဆင့်နောက်ဆင့်  မွေးခဲ့သည် ။ အကြီးမလေးက အခြားကလေးများနည်းတူ အော်ငို၍ ထွက်လာသော်လည်း အငယ်မလေးကမူ တစိုးတစိမျှ မငိုချေ ။ ထို့ပြင် အိပ်ပျော်နေဟန်ရှိပြီး မျက်ဝန်းပင် မဖွင့် ။

မြမေက စိတ်ပူစွာဖြင့် သမီးငယ်လေး၏ ပါးနုနုကို အသာအယာ ထိတွေ့မိသည် ။ ထိုစဉ် မှိတ်ထားသော မျက်ခွံက လှုပ်ခတ်လာပြီး အသာအယာပွင့်လာ၏ ။

"ဟင် "

"အို "

အာမေဍိတ်သံကိုယ်စီ ထွက်သွားကြ၏ ။ အဘယ်ကြောင့်ဆိုသော် သမီးငယ်၏ မျက်လုံးအိမ်သည် သာမန်ကဲ့သို့ အညို ၊ အနက် မဟုတ်ခဲ့ဘဲ အစိမ်းရောင်ဖြစ်နေခဲ့၏ ။

သူတို့ မတိုင်ပင်ဘဲ တစ်ယောက်နှင့် တစ်ယောက် ကြည့်မိကြ၏ ။

"ဒါ ဘယ်လိုဖြစ်ရတာလဲ အစ်ကို "

မြမေက ကိုထွန်းအောင်ကို မေးမိသည် ။

"ဒါ ဘုရားသခင် အလိုကျပေါ့ မြမေရယ် "

ကိုထွန်းအောင် သက်ပြင်းရှိုက်ရင်း ပြောလိုက်သည် ။ ထိုစဉ် ထူးဆန်းသော ဖြစ်ရပ်တစ်ခုက နောက်တစ်ကြိမ် ဖြစ်ပေါ်လာ၏ ။ သူတို့ လင်မယားနှစ်ယောက်လုံး၏ မျက်နှာဖြူဖျော့၍ မျက်လုံးပြူးကျယ်သွားရ၏ ။

အဘယ်ကြောင့်ဆိုသော် သမီးငယ်၏ မျက်လုံးအိမ်သည် အစိမ်းရောင်မှ အနက်သို့ ပြောင်းသွား၏ ။ ရိုးရိုးတန်းတန်း မဟုတ်ခဲ့ဘဲ မျက်ဝန်းအတွင်းတစ်ခုလုံး မဲနက်သွားခဲ့ခြင်းဖြစ်၏ ။ သို့သော် စက္ကန့်အနည်းငယ်မျှသာ ။ နဂို အစိမ်းရောင်သို့ ပြန်ပြောင်းသွားခဲ့၏ ။

" ကျွန်မပဲ အမြင်မှားတာများလား "

မြမေသည်  ကိုထွန်းအောင်ကို ကြည့်ရင်း ထိတ်ထိတ်လန့်လန့်နှင့် မေးမိသည် ။

"ငါ...ငါလဲ မြင်ခဲ့တယ် "

သူတို့ တစ်ယောက်နှင့် တစ်ယောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေမိခဲ့ကြသည် ။

****************

နှစ်နှစ်ဆယ်ခန့်ကြာသော် ။

"ကျွီ...."

ဒေါ်မြမေသည် အခန်းတံခါးဖွင့်၍ ဝင်လိုက်သော် အမှောင်ထုက စီးကြိုနေခဲ့သည် ။ နေ့လယ်နေ့ခင်း ဖြစ်သော်လည်း ဤအခန်းလေးကတော့ အမြဲလို မှောင်မိုက်နေကျပင် ။ ဒေါ်မြမေ သက်ပြင်းရှိုက်မိပြီး လိုက်ကာအကုန်ဆွဲတင်၍ ပြတင်းပေါက်တွေ လိုက်ဖွင့်သည် ။ ထိုအခါမှ အခန်းလေးက လင်းထိန်သွား၏ ။ ထိုစဉ် နံရံထောင့်မှာ မှီ၍ တောင့်တောင့်ကြီး ထိုင်နေသူမှာ သမီးငယ်ဖြစ်သူ မဟူရာ ။ ဆံပင်တွေက မျက်စိကို ဖုန်းအုပ်နေပြီး ချစ်စရာကောင်းသော မျက်နှာလေးက ပျောက်ကွယ်လုနီးနီးပင် ။

"ရာရာ အောက်ထပ်ကို ခဏဆင်းလာခဲ့ ။ မေမေ ပြောစရာရှိတယ် "

ပြန်မဖြေသော်လည်း မဟူရာက ခေါင်းညိတ်ပြသည် ။

"ဒါဆို မေမေ စောင့်နေမယ် ။ အခု ဆင်းလာခဲ့နော် "

ဒေါ်မြမေက ပြောပြီး အခန်းထဲက ထွက်သွားသည် ။ ရာရာ မတ်တပ်ရပ်လိုက်သော် ပြတင်းမှ တိုးဝင်နေသော နေရောင်က မျက်စိကို စူးခနဲဖြစ်ကာ ကျိန်းစပ်သွား၏ ။ သူ မျက်ဝန်းတို့ကို မှိတ်လိုက်ပြီး ခဏကြာမှ ဖြည်းဖြည်းဖွင့်သည် ။ ပြတင်းမှ အပြင်ဘက်သို့ ကြည့်လိုက်သော် နေရောင်အောက်မှာ တောက်ပနေသော ရေကန်လေး ။ စိမ်းစိုနေသော သစ်ပင်များ ။ ခြံဝန်းအပြင်ဘက်မှာ ဆော့ကစားနေသော ကလေးများ ။

ရာရာ ငေးကြည့်နေရင်းမှ သက်ပြင်းသဲ့သဲ့ချကာ အခန်းထဲမှ ထွက်ခဲ့သည် ။

ဧည့်ခန်းက ဆိုဖာမှာ ထိုင်နေသူက မေမေ ၊ ပုလဲဖြူ နဲ့ အန်တီခင် ။ သူတို့၏ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည် ။ သူ ထိုင်လိုက်သည်နှင့် ဖြူက ချက်ချင်းပင် ဘေးမှာ လာကပ်ထိုင်သည် ။ ရာရာ့ကိုယ်လေး တွန့်ခနဲ ဖြစ်သွားရ၏ ။ ဖြူ နှင့် သူက အမြွှာတွေဆိုသော်ငြား ရင်းရင်းနှီးနှီး နေကြသည်မဟုတ် ။ ဖြူက ယခုလို ပူးကပ်လာတော့ သူ မျက်ခုံးတွန့်သွားရသည် ။

"ငါ လက်ထပ်တော့မှာ ရာရာ "

ဆံပင်အောက်မှ ဖုံးကွယ်နေသော ရာရာ့မျက်ဝန်းတစ်စုံ ပြူးကျယ်သွားရ၏ ။ ထိုစဉ် ဒေါ်မြမေကပါ ရာရာ့ဘေးမှာ လာကပ်ထိုင်သည် ။

"ရာရာ ၊ သမီးအစ်မက လက်ထပ်တော့မှာ ။ သမီး အစ်မနဲ့ သတို့သားက အဆင်ပြေရဲ့လားဆိုတာ သမီး ကြည့်ပေးပါလား "

မေမေ့စကားအဆုံး ရာရာ့ရင်ထဲ နင့်ခနဲ ။ မေမေက သူ့ကို ခေါ်ရသည့် ရည်ရွယ်ချက်က  အသုံးချဖို့သက်သက်ပဲ ။

"ငါ့ကို ကူညီပါ ရာရာ ။ ငါ အဲ့ဒီလူကို လက်ခံသင့်လားဆိုတာ သေချာသိချင်တယ် "

ရာရာ သက်ပြင်းသဲ့သဲ့ချမိသည် ။

"ညည်းက ဘာတွေမူနေတာလဲ ။ ညည်းကို အကူအညီတောင်းနေတာလေ ။ မိသားစုအချင်းချင်းတောင် သွေးအေးနေလိုက်တာအေ "

အန်တီခင်၏ မကျေမနပ်လေသံ ထွက်လာသည် ။ ရာရာ နှုတ်ခမ်းကို ဖိကိုက်၍ ဆံပင်တွေကို သပ်တင်လိုက်သည် ။ ထို့နောက် ဖြူ့ဘက်ကို လှည့်၍ ထိုင်လိုက်သော် မေမေက ချက်ချင်းပင် မျက်နှာချင်းဆိုင်နေရာမှာ သွားထိုင်သည် ။ ထို့နောက် စိတ်ဝင်တစား စောင့်ကြည့်နေ၏ ။

ရာရာ သက်ပြင်းရှိုက်ရင်း ဖြူ့ကို စိုက်ကြည့်သည် ။ ထို့နောက် ဖြူ့လက်ဖဝါးတစ်ဖက်ကို ဆုပ်ကိုင်ပြီး မျက်ဝန်းတွေကို စူးစိုက်ကြည့်၏ ။ အအေးလှိုင်းတစ်ခုက ဖြူ့လက်ဖဝါးမှတဆင့် ရာရာ့၏ ကိုယ်ထဲသို့ စိမ့်ဝင်လာသည်။ ရာရာ့ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်လာသည် ။ စိမ်းညှို့နေသော မျက်ဝန်းတွေက တဖြည်းဖြည်းနှင့် အနက်ရောင်သို့ ပြောင်းလာခဲ့ပြီးနောက် ။

တဖျပ်ဖျပ် နှင့် မြင်လာရသော ပုံရိပ်များစွာ ။ ထိုထဲမှ ကြောက်မက်ဖွယ် မျက်လုံးများ ။ ထို့နောက် သွေးအိုင်ထဲမှာ အသက်မဲ့စွာ  လဲလျောင်းနေသော ဖြူ ။

ရာရာသည် ထိတ်လန့်စွာ ဖြူ့လက်ကို ရုတ်ချည်းလွှတ်လိုက်မိပြီး အသက်ကို ဝအောင်ရှူရှိုက်မိသည် ။ ထို့နောက် မျက်လုံးအိမ်က နဂိုအသွင်သို့ ပြန်ပြောင်းလဲ၏ ။

"နင် ဘာမြင်လိုက်တာလဲ ။ မကောင်းတဲ့အရာ မဟုတ်လား "

ဖြူက အလောတကြီး မေးသည် ။ ရာရာ နှုတ်ခမ်းကို ဖိကိုက်၍  ခေတ္တ စဉ်းစားမိသည် ။ ထို့နောက် ခေါင်းကို လေးပင်စွာ ခါယမ်းလိုက်သည် ။

"ဟင့်အင်း "

"ညည်း လိမ်နေတာမဟုတ်တ်လား ။ ညည်း မကောင်းတာတစ်ခုခု မြင်လိုက်တယ် မဟုတ်လား "

အန်တီခင်က ရာရာ့ကို စေ့စေ့ကြည့်၍ လေသံမာမာဖြင့် မေးသည် ။

"မဟုတ်ဘူး "

ရာရာ ခေါင်းမာစွာနှင့် ငြင်းဆန်မိသည် ။

"တကယ်ပဲလား ရာရာ "

မေမေက ထပ်မေးတော့ ရာရာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ခေါင်းညိတ်လိုက်သည် ။ ထို့နောက် နေရာမှာ ထရပ်ကာ....။

"ရာရာ အခန်းထဲ သွားတော့မယ် "

ရာရာက ကပျာကယာ ထွက်သွားတော့ သူတို့သုံးယောက် မတိုင်ပင်ဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်မိကြ၏ ။ ကိုယ်စီ အတွေးများစွာနှင့် နှုတ်ဆိတ်နေလေ၏ ။

*************

"အင့် "

ခန္ဓာကိုယ်က ယိမ်းထိုးနေတာကြောင့် ရာရာ အိပ်ပျော်နေရာမှ နိုးလာခဲ့၏ ။ တွေ့မြင်လိုက်ရသည့် မြင်ကွင်းက သူ့ကို အထိတ်တလန့် ဖြစ်သွားစေသည် ။

"ဟင် "

ရာရာက ကားပေါ်မှာ ရှိနေခဲ့ပြီး ဘေးမှာ မေမေ ၊ ကားရှေ့ခန်း၏ ကားမောင်းသူ ဘေးမှာ ထိုင်နေသူက အန်တီခင် ။ ကိုယ့်ကိုယ်ကိုယ် သတိထားမိချိန်မှာ ပို၍ အံ့သြထိတ်လန့်သွားရသည် ။ နှင်းကဲ့သို့ ဖြူစွတ်နေသော ဂါဝန်အဖြူလွလွကို ရာရာက ဝတ်ဆင်ထားခဲ့၏ ။

"ဒါ ဘယ်လိုဖြစ်ရတာလဲ "

ရာရာ ထိတ်လန့်တကြား ရေရွတ်မိသည် ။

ထိုစဉ် မေမေက လှည့်ကြည့်၍ ပြုံးပြလာသည် ။

"သမီးတောင် တရေးနိုးပြီပဲ "

"မေမေ ဒါက ဘယ်လိုဖြေရတာလဲ ။ ရာရာက ဘာလို့ ကားပေါ်ရောက်နေရတာလဲ ။ ဒါက ဘာလဲ ။ ရာရာက ဘာလို့ ဒါတွေ ဝတ်ထားရတာလဲ "

အမြဲ ငြိမ်သက်နေတတ်သော ရာရာ သည်တစ်ခါ ​ငြိမ်မနေနိုင်တော့ပါ ။ ရာရာ တကယ်ပဲ ထိတ်လန့်တုန်လှုပ်နေရသည် ။

"ဘာတွေ အလန့်တကြား ဖြစ်နေရတာလဲ သမီးရဲ့ ။ ဒီနေ့က သမီးရဲ့ လက်ထပ်မဲ့နေ့လေ ။ မေမေတို့တွေ ညတည်းက အိမ်က ထွက်လာခဲ့ကြတာလေ "

"ဟမ် မေမေ ဘာတွေပြောနေတာလဲ ။ လက်ထပ်မဲ့သူက ဖြူလေ ။ ရာရာမှ မဟုတ်တာ "

ထိုစဉ် ရှေ့ခန်းမှ အန်တီခင်က လှည့်ကြည့်၍ ဆိုသည် ။

"ညည်း ဘာတွေအရူးထနေတာလဲ ။ ခဏ အိပ်ပျော်သွားတာနဲ့ အတိတ်ပါ မေ့သွားတာလား "

"မဟုတ်ဘူး ။ ဒါ အမှန် မဟုတ်ဘူး "

ရာရာ အရူးတစ်ယောက်လို ရေရွတ်နေမိသည် ။

မေမေ နှင့် အန်တီခင်က ရာရာ့ကို အဖြစ်ကို ကြည့်ပြီး  ခေါင်းတခါခါနှင့် ။

ရာရာ တကယ်ကို နားမလည်နိုင်ဖြစ်နေရသည် ။ မနေ့ညက ပုံမှန်ညတွေလို အိပ်ရာဝင်ခဲ့သည် ။ နိုးလာချိန်၌ ဤကားပေါ်သို့ ဘာကြောင့် ရောက်နေခဲ့ရတာလဲ ။ ထို့ပြင် လက်ထပ်ဖို့ စီစဉ်ထားသူက ဖြူ ။ ယခု ဘာကြောင့် ရာရာ ဖြစ်နေခဲ့ရတာလဲ ။

"ဖြူ....ဖြူရော "

"သမီး ဘာတွေဖြစ်နေတာလဲကွယ် ။ ဖြူက လွန်ခဲ့တဲ့တစ်ပတ်ကပဲ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ ထွက်သွားပြီလေကွယ် "

"ရှင် "

တစ်ခုခုတော့ မှားနေခဲ့ပြီ ။ ရာရာ ကားပြတင်းမှ အပြင်ကို ကြည့်မိသည် ။ ဘယ်နေရာကြည့်ကြည့် သစ်ပင်တွေနှင့် မြေကွက်လပ်ကျယ်တွေ ပြည့်နေ၏ ။ လူနေအိမ်ပင် မတွေ့ရ ။

"ခု ဘယ်သွားနေတာလဲ မေမေ "

"သမီးရဲ့ သတို့သားလောင်းအိမ်သွားနေတာလေ "

ရာရာ ခေါင်းကို ခါယမ်း၍ ကားကို မှီလိုက်သည် ။ မျက်ဝန်းတွေကို မှိတ်လိုက်ပြီး အိပ်ပျော်ရန် ကြိုးစားသည် ။ ယခု အဖြစ်အပျက်က အိပ်မက်တစ်ခုဖြစ်ပါစေဟု တိတ်တဆိတ် ဆုတောင်းမိသည် ။ ခဏအကြာ မှေးခနဲ ဖြစ်သွားခဲ့ပြီးနောက်....။

************

"ရာရာ....ထတော့ ။ မေမေတို့ ရောက်ပြီ

ရာရာ နိုးလာချိန်၌ စိတ်မကောင်းစွာဖြင့် အမှန်တရားကို လက်ခံလိုက်ရတော့သည် ။ ယခုအဖြစ်အပျက်က အိပ်မက်တစ်ခု မဟုတ်ခဲ့ ။ ခြံကြီးတစ်ခုရှေ့၌ ကားလေးက ရပ်နေခဲ့သည် ။ ထိုအနီးအနားပတ်ဝန်းကျင်တွင် လူနေအိမ်တွေ မတွေ့ရ ။ သစ်ပင်တွေနှင့် ဝန်းရံထားသော ခြံထဲရှိ အိမ်ကြီးက ရှေးဆန်သည့်အပြင် အနက်ရောက်ဆေးများ သုတ်ထား၏ ။

"ဆင်းလေ သမီး ။ ကားက အပြင်မှာပဲ ရပ်ခဲ့ရမှာ "

ရာရာ ကြောင်အနေရင်းဖြင့် ကားပေါ်မှ ဆင်းလိုက်သည် ။ ထို့​နောက် ခြံတံခါး၏ အရှေ့၌ ရပ်လိုက်သည် ။ အန်တီခင်က ခြံတံခါးကို တဘုန်းဘုန်း ထုရင်း အသံကျယ်ကြီးဖြင့်  အော်ခေါ်နေသည် ။

"အိမ်ရှင်တို့....အိမ်ရှင်တို့ "

ထိုစဉ် ရာရာ့ လက်တစ်ဖက် မြောက်သွားပြီး ခြံတံခါးကို အလိုလို ထိမိသွားသည် ။ ထိုစဉ် အေးစက်စက် လေပွေတစ်ခုက ရာရာ့ဆီသို့ အရှိန်ဖြင့် ပြေးဝင်လာသည် ။ အရှိန်မထိန်းနိုင်စွာဖြင့် ထိုင်လျက်သား လဲကျသွား၏ ။

"ဘယ်လိုဖြစ်တာလဲ သမီး "

မေမေက စိုးရိမ်တကြီး လာထူသည် ။ ရာရာ ပြန်မဖြေနိုင်သေး ။ ဤအိမ်ကြီးမှ မကောင်းသည့်အငွေ့အသက်ကို ခံစားနေရသည် ။ ဤအိမ်က ရာရာ့စိတ်ထဲ ရင်းနှီးနေ၏ ။

ကျွီ!

ခြံစောင့်ဖြစ်ဟန်တူသော အသက်ကြီးကြီး အမျိုးသားတစ်ယောက်က တံခါးလာဖွင့်၏ ။ တံခါးပွင့်သွားသည်နှင့် ခြံထဲ၌ ရပ်နေသော လူသုံးယောက်ကို တွေ့လိုက်ရ၏ ။

မျက်နှာထားတင်းတင်းနှင့် အကြည့်စူးစူးဖြင့် စိုက်ကြည့်နေသော အမျိုးသမီးတစ်ယောက် ။ ထို့နောက် သွေးမရှိသလို ဖြူဖျော့နေသော မျက်နှာနှင့် မိန်းမငယ်လေးတစ်ယောက် ။ နောက်ဆုံးတစ်ယောက်ကတော့ အသားခပ်လတ်လတ် ၊ တောင့်တင်းသော ခန္ဓာကိုယ် ၊ ချောမောသည့် ရုပ်ရည်ရှိသော ယောကျာ်းတစ်ယောက် ဖြစ်၏ ။ သူတို့သုံးယောက်လုံး၏ အကြည့်စူးစူးတွေက ရာရာ့ဆီမှ တစ်ချက်မရွေ့ ။ ရာရာသည် သူတို့ သုံးယောက်ကို သတိလက်လွတ်ဖြင့် စိုက်ကြည့်နေမိ၏ ။ သူတို့၏ မျက်ဝန်းများ ။ ဤမျက်ဝန်းများက ဖြူ့လက်ကို ကိုင်ခဲ့စဉ်က မြင်ခဲ့သည် ။ ဤအိမ်ကြီးကလည်းပဲ ။

ရာရာ အတိအကျ မှတ်မိလာပြီး မျက်နှာဖြူဖျော့သွား၏ ။

ယခု ရာရာ မြင်ရသည့် အရာများမှာ ဖြူ ကြုံတွေ့ရမည့် ပုံရိပ်များထဲက တစ်ခု ။ သို့သော် ယခု ကြုံတွေနေရသူက ဖြူ မဟုတ်ခဲ့ ။ မဟူရာဆိုသည့် ရာရာ ဖြစ်နေခဲ့လေ၏ ။

**************

ဤ ဇာတ်လမ်းပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာ ။

ဆက်ရန်. ..။

Thin Zar Moe Oo

9.11.2020

အသစ်လေး စရေးလိုက်ပြီ ။ ဖတ်ကြည့်ပေးပါဦး  ။

မဟူရာ

( အပိုင္း - ၁ )

တိတ္ဆိတ္၍ ေမွာင္မိုက္ေသာ ညခ်မ္းတြင္ ကေလးငိုသံက က်ယ္ေလာင္စြာ ထြက္ေပၚလာ၏ ။

"အူဝဲ...အူဝဲ "

သစ္ပင္ ၊ သစ္ခက္ ၊ ၿခဳံႏြယ္ပိတ္ေပါင္းေတြႏွင့္ ဝိုင္းရံထားေသာ  ၿခံက်ယ္ႀကီးထဲတြင္ ေရွးက်ေသာ ႏွစ္ထပ္တိုက္အိမ္ႀကီးက ထီးထီးႀကီး ရွိေနသည္ ။ ထိုအိမ္ႀကီးထဲရွိ အခန္းတစ္ခု၏ ကုတင္ေပၚ၌ ႏြမ္းလ်စြာ လဲေလ်ာင္းေနေသာ အမ်ိဳးသမီးငယ္တစ္ဦးရွိ၏ ။ သူ႕အနီးတြင္ ေမြးကင္းစ ကေလးငယ္ကို ေပြ႕ခ်ီထားေသာ အသက္ႀကီးႀကီး အမ်ိသမီးတစ္ဦးလည္း ရွိေနခဲ့၏ ။

"ဘာေလးလဲ ေဒၚက်င္ "

သစၥာသည္ ကေလးကို ခက္ခဲစြာ မီးဖြားၿပီးေနာက္ နာက်င္ပင္ပန္းေနသည္ကို အမႈမထားနိုင္ ။ ဝမ္းဆြဲသည္ ေဒၚက်င္ကို အေလာတႀကီးျဖင့္ ေမးမိသည္ ။

"မိန္းကေလး "

ေဒၚက်င္၏ စကားအဆုံး  သစၥာ အံ့ၾသထိတ္လန့္သြားရ၏ ။ ထိုစဥ္ တံခါးဖြင့္၍ အခန္းထဲ ဝင္လာသူက ခင္ပြန္းျဖစ္သူ ကိုျမင့္ေမာင္ ။ 

"ေယာက်ာ္းေလး မဟုတ္လား သစၥာ "

ေမွ်ာ္လင့္ခ်က္အျပည့္ႏွင့္ ေမးလိုက္သံက လွိုက္လွိုက္လွဲလွဲ ။ ထို႔ေၾကာင့္ပင္ သစၥာ၏ မ်က္ႏွာက ကြက္ခနဲ ပ်က္သြားရ၏ ။ သစၥာသည္ မ်က္ႏွာမသာမယာႏွင့္ ေခါင္းကို ခါယမ္းလိုက္မိ၏ ။ ထို႔ေနာက္ စိုးရိမ္တုန္လႈပ္ေနေသာ ေလသံျဖင့္....။

"သစၥာတို႔ ဘယ္လိုလုပ္ၾကမလဲ ကို ။ သမီး...သမီးေလးကို သစၥာ  အဆုံးအရႈံး မခံနိုင္ဘူး ကို "

ကိုျမင့္ေမာင္က စိတ္ညစ္ၫူးစြာျဖင့္ သက္ျပင္းရွိုက္မိသည္ ။ ထို႔ေနာက္ ေဒၚက်င့္လက္ထဲက သမီးငယ္ကို လႊဲယူ၍ ပိုက္ခ်ီလိုက္သည္ ။ သမီးေလးက ငိုေနရာမွ တိတ္သြားၿပီး မ်က္ဝန္းေလး ေမွးစင္းသြား၏ ။ ျဖဴျဖဴေဖြးေဖြး ႏွင့္ ခ်စ္စရာေကာင္းသည့္ ကေလးက ကိုယ့္ေသြးသားမို႔ သူလည္းပဲ လက္မလႊတ္နိုင္ ။ ထို႔ေနာက္ ဇနီးျဖစ္သူ၏ လက္ထဲ ထည့္ေပးလိုက္၏ ။ ေဒၚက်င္က အလိုက္သိစြာျဖင့္ အခန္းထဲမွ တိတ္တဆိတ္ ထြက္သြားသည္ ။

သစၥာက သမီးေလးကို တစိမ့္စိမ့္ၾကည့္ရင္းမွ မ်က္ရည္က်လာ၏ ။ ထို႔ေနာက္ မ်က္ရည္ေတြကို လက္ျဖင့္ ခပ္ၾကမ္းၾကမ္း သုတ္ကာ စူးရွေသာ အၾကည့္တို႔ႏွင့္ ဆိုသည္ ။

" သစၥာ စဥ္းစားၿပီးၿပီ ကို ။ သမီးေလးကို သစၥာ လုံးဝ အဆုံးအရႈံး မခံနိုင္ဘူး ။ အဲ့ဒီအတြက္ မမသဇင္ရဲ႕ အကူအညီ လိုတယ္ ။ မမသဇင္ကို ဒီအိမ္ကို ျပန္ေခၚမွျဖစ္မယ္ "

သစၥာက ေသြး႐ူးေသြးတန္းျဖင့္ တတြတ္တြတ္ ေရ႐ြတ္ေနသည္ ။

"မျဖစ္ဘူး သစၥာ ။ မင္းလဲ သိတာပဲ ။ ေဖေဖ နဲ႕ ေမေမ မဆုံးခင္က ဘာမွာခဲ့လဲဆိုတာ ။ သူတို႔ရဲ႕ ေနာက္ဆုံးဆႏၵကို မဖ်က္ဆီးခ်င္ပါနဲ႕ကြာ "

ကိုျမင့္ေမာင္က နားခ်ေသာ္လည္း သစၥာက ေခါင္းခါ၍ ျငင္းဆိုသည္ ။

"ဟင့္အင္း ၊ ဒါေတြ သစၥာ မသိဘူး ကို ။ သိလဲ မသိခ်င္ဘူး ။   အခုခ်ိန္မွာ သစၥာ သိတာက သမီးေလးကို အဆုံးအရႈံးမခံနိူင္ဘူးဆိုတာပဲ အဟင့္....ဟင့္ "

သစၥာက ေျပာေနရင္း ရွိုက္ငိုၿပီး သတိလစ္ေမ့ေမ်ာသြား၏ ။ ကိုျမင့္ေမာင္ ပ်ာပ်ာသလဲ ျဖစ္သြားၿပီး သမီးေလးကို အျမန္ေပြ႕ယူကာ ေဘးမွာ အသာအယာခ်လိဳက္သည္ ။ ထို႔ေနာက္ သစၥာ၏ နဖူးထက္မွ ေခြၽးေတြကို အဝတ္စေလးျဖင့္ သုတ္ေပးၿပီး ဆံပင္ကို ညင္သာစြာ သပ္တင္ေပးလိုက္သည္ ။ ထိုေနာက္ သူ ဆုံးျဖတ္ခ်က္တစ္ခုကို  ခိုင္မာစြာ  ခ်လိဳက္သည္ ။

"သက္ေနာင္ "

သူ ေခၚလိုက္သည္ႏွင့္ သက္ေနာင္က အသံေပး၍ အခန္းထဲသို႔ ခ်က္ခ်င္း ေရာက္လာ၏ ။

"ဗ်ာ ၊ အစ္ကိုေလး "

"ဓႏုေတာကို အခုခ်က္ခ်င္း သြား ။ မသဇင္ကို ဒီအိမ္ကို ေခၚခဲ့ ။ ရေအာင္ ေခၚလာခဲ့ "

"ဟုတ္ကဲ့ အစ္ကိုေလး "

သက္ေနာင္က ခ်က္ခ်င္းပင္ ေျခလွမ္းသြက္သြက္ ႏွင့္ အခန္းထဲမွ ထြက္သြား၏ ။

ကိုျမင့္ေမာင္ သက္ျပင္းသဲ့သဲ့ခ်မိသည္ ။ ယခုလုပ္ရပ္က မွားယြင္းသည္ဆိုလွ်င္ေတာင္ သူ ေနာက္မဆုတ္နိုင္ ။ ဒါ သမီး ႏွင့္ ဇနီးအတြက္ အေကာင္းဆုံး ဆုံးျဖတ္ခ်က္တစ္ခု ျဖစ္၏ ။ မမွန္ဘူးဆိုလွ်င္ေတာင္ ဆက္၍ မွားပါေစေလ ။

"ေဖေဖ "

တိုးလ်လ်အသံႏွင့္အတူ အခန္းထဲ ေရာက္လာသူက သားႀကီး မင္းဒီပါေမာင္ ျဖစ္၏ ။

"သား လန့္နိုးလာတာလား "

"ဟုတ္"

သားက ေခါင္းညိတ္၍ ေျဖၿပီး မိခင္ျဖစ္သူ၏ ေဘးက ကေလးငယ္ေလးကို စူးစိုက္ၾကည့္ေနသည္ ။

"အဲ့ဒါ သားရဲ႕ ညီမေလးေလ ။ သား ခ်ီခ်င္လား "

ကိုျမင့္ေမာင္ေမးေတာ့ ဒီပါက ေခါင္းတဆတ္ဆတ္ညိတ္သည္ ။ သားကိုၾကည့္၍ သူ ၿပဳံးရင္း လက္ထဲ အသာအယာ ထည့္ေပးလိုက္သည္ ။

သားေလးက ညီမျဖစ္သူကို ေသခ်ာ ေစ့ေစ့စပ္စပ္ အကဲခတ္ေန၏ ။

"ညီမေလးက ခ်စ္စရာမေကာင္းဘူးလား သားႀကီး "

"အရမ္းခ်စ္စရာေကာင္းတယ္ ။ သား ညီမေလးကို အရမ္း ခ်စ္တယ္"

ကိုျမင့္ေမာင္က သား၏ အေျဖၾကားေသာ္ စိတ္ညစ္ၫူးေနသည္ကို ေမ့ေလ်ာ့ၿပီး ေက်နပ္စြာ ရယ္မိသည္  ။

"ညီမေလးကို တကယ္ခ်စ္ရင္ ဘာအႏၲရယ္မွ မျဖစ္ေအာင္ ေစာင့္ေရွာက္ရမယ္ေနာ္ သားႀကီး "

"ဟုတ္ "

ဒီပါသည္ နီတာရဲ၍ အသည္းယားစရာေကာင္းသည့္ ညီမပိစိေလးကို ခ်စ္မဝနိုင္စြာ ၾကည့္ရင္း ဆုံးျဖတ္ခ်က္တစ္ခုခ်ခဲ့သည္  ။

အသက္ခုႏွစ္ႏွစ္သာ ရွိေသးသည့္ ဒီပါေလး၏ ႏွလုံးသားထဲတြင္ ညီမေလးကို ေစာင့္ေရွာက္ရန္ ခိုင္မာေသာ ဆုံးျဖတ္ခ်က္တစ္ခု ျဖစ္တည္ခဲ့ေလ၏ ။

*********

"အစ္ကို ၊ သမီးငယ္က ဘာလို႔ လုံးဝ မငိုရတာလဲဟင္ "

ျမေမသည္ ကုတင္ေပၚမွာ ခ်ထားေသာ အႁမႊာသမီးေလးႏွစ္ေယာက္ကို ခ်စ္ျမတ္နိုးစြာ ေငးၾကည့္ေနရင္း ခင္ပြန္းျဖစ္သူ ကိုထြန္းေအာင္ကို ေမးမိသည္ ။

သမီးေလးႏွစ္ေယာက္က မိနစ္အနည္းငယ္သာ ျခား၍ ေရွ႕ဆင့္ေနာက္ဆင့္  ေမြးခဲ့သည္ ။ အႀကီးမေလးက အျခားကေလးမ်ားနည္းတူ ေအာ္ငို၍ ထြက္လာေသာ္လည္း အငယ္မေလးကမူ တစိုးတစိမွ် မငိုေခ် ။ ထို႔ျပင္ အိပ္ေပ်ာ္ေနဟန္ရွိၿပီး မ်က္ဝန္းပင္ မဖြင့္ ။

ျမေမက စိတ္ပူစြာျဖင့္ သမီးငယ္ေလး၏ ပါးႏုႏုကို အသာအယာ ထိေတြ႕မိသည္ ။ ထိုစဥ္ မွိတ္ထားေသာ မ်က္ခြံက လႈပ္ခတ္လာၿပီး အသာအယာပြင့္လာ၏ ။

"ဟင္ "

"အို "

အာေမဍိတ္သံကိုယ္စီ ထြက္သြားၾက၏ ။ အဘယ္ေၾကာင့္ဆိုေသာ္ သမီးငယ္၏ မ်က္လုံးအိမ္သည္ သာမန္ကဲ့သို႔ အညို ၊ အနက္ မဟုတ္ခဲ့ဘဲ အစိမ္းေရာင္ျဖစ္ေနခဲ့၏ ။

သူတို႔ မတိုင္ပင္ဘဲ တစ္ေယာက္ႏွင့္ တစ္ေယာက္ ၾကည့္မိၾက၏ ။

"ဒါ ဘယ္လိုျဖစ္ရတာလဲ အစ္ကို "

ျမေမက ကိုထြန္းေအာင္ကို ေမးမိသည္ ။

"ဒါ ဘုရားသခင္ အလိုက်ေပါ့ ျမေမရယ္ "

ကိုထြန္းေအာင္ သက္ျပင္းရွိုက္ရင္း ေျပာလိုက္သည္ ။ ထိုစဥ္ ထူးဆန္းေသာ ျဖစ္ရပ္တစ္ခုက ေနာက္တစ္ႀကိမ္ ျဖစ္ေပၚလာ၏ ။ သူတို႔ လင္မယားႏွစ္ေယာက္လုံး၏ မ်က္ႏွာျဖဴေဖ်ာ့၍ မ်က္လုံးျပဴးက်ယ္သြားရ၏ ။

အဘယ္ေၾကာင့္ဆိုေသာ္ သမီးငယ္၏ မ်က္လုံးအိမ္သည္ အစိမ္းေရာင္မွ အနက္သို႔ ေျပာင္းသြား၏ ။ ရိုးရိုးတန္းတန္း မဟုတ္ခဲ့ဘဲ မ်က္ဝန္းအတြင္းတစ္ခုလုံး မဲနက္သြားခဲ့ျခင္းျဖစ္၏ ။ သို႔ေသာ္ စကၠန့္အနည္းငယ္မွ်သာ ။ နဂို အစိမ္းေရာင္သို႔ ျပန္ေျပာင္းသြားခဲ့၏ ။

" ကြၽန္မပဲ အျမင္မွားတာမ်ားလား "

ျမေမသည္  ကိုထြန္းေအာင္ကို ၾကည့္ရင္း ထိတ္ထိတ္လန့္လန့္ႏွင့္ ေမးမိသည္ ။

"ငါ...ငါလဲ ျမင္ခဲ့တယ္ "

သူတို႔ တစ္ေယာက္ႏွင့္ တစ္ေယာက္ ထိတ္လန့္တုန္လႈပ္စြာျဖင့္ စိုက္ၾကည့္ေနမိခဲ့ၾကသည္ ။

****************

ႏွစ္ႏွစ္ဆယ္ခန့္ၾကာေသာ္ ။

"ကြၽီ...."

ေဒၚျမေမသည္ အခန္းတံခါးဖြင့္၍ ဝင္လိုက္ေသာ္ အေမွာင္ထုက စီးႀကိဳေနခဲ့သည္ ။ ေန႕လယ္ေန႕ခင္း ျဖစ္ေသာ္လည္း ဤအခန္းေလးကေတာ့ အၿမဲလို ေမွာင္မိုက္ေနက်ပင္ ။ ေဒၚျမေမ သက္ျပင္းရွိုက္မိၿပီး လိုက္ကာအကုန္ဆြဲတင္၍ ျပတင္းေပါက္ေတြ လိုက္ဖြင့္သည္ ။ ထိုအခါမွ အခန္းေလးက လင္းထိန္သြား၏ ။ ထိုစဥ္ နံရံေထာင့္မွာ မွီ၍ ေတာင့္ေတာင့္ႀကီး ထိုင္ေနသူမွာ သမီးငယ္ျဖစ္သူ မဟူရာ ။ ဆံပင္ေတြက မ်က္စိကို ဖုန္းအုပ္ေနၿပီး ခ်စ္စရာေကာင္းေသာ မ်က္ႏွာေလးက ေပ်ာက္ကြယ္လုနီးနီးပင္ ။

"ရာရာ ေအာက္ထပ္ကို ခဏဆင္းလာခဲ့ ။ ေမေမ ေျပာစရာရွိတယ္ "

ျပန္မေျဖေသာ္လည္း မဟူရာက ေခါင္းညိတ္ျပသည္ ။

"ဒါဆို ေမေမ ေစာင့္ေနမယ္ ။ အခု ဆင္းလာခဲ့ေနာ္ "

ေဒၚျမေမက ေျပာၿပီး အခန္းထဲက ထြက္သြားသည္ ။ ရာရာ မတ္တပ္ရပ္လိုက္ေသာ္ ျပတင္းမွ တိုးဝင္ေနေသာ ေနေရာင္က မ်က္စိကို စူးခနဲျဖစ္ကာ က်ိန္းစပ္သြား၏ ။ သူ မ်က္ဝန္းတို႔ကို မွိတ္လိုက္ၿပီး ခဏၾကာမွ ျဖည္းျဖည္းဖြင့္သည္ ။ ျပတင္းမွ အျပင္ဘက္သို႔ ၾကည့္လိုက္ေသာ္ ေနေရာင္ေအာက္မွာ ေတာက္ပေနေသာ ေရကန္ေလး ။ စိမ္းစိုေနေသာ သစ္ပင္မ်ား ။ ၿခံဝန္းအျပင္ဘက္မွာ ေဆာ့ကစားေနေသာ ကေလးမ်ား ။

ရာရာ ေငးၾကည့္ေနရင္းမွ သက္ျပင္းသဲ့သဲ့ခ်ကာ အခန္းထဲမွ ထြက္ခဲ့သည္ ။

ဧည့္ခန္းက ဆိုဖာမွာ ထိုင္ေနသူက ေမေမ ၊ ပုလဲျဖဴ နဲ႕ အန္တီခင္ ။ သူတို႔၏ မ်က္ႏွာခ်င္းဆိုင္မွာ ဝင္ထိုင္လိုက္သည္ ။ သူ ထိုင္လိုက္သည္ႏွင့္ ျဖဴက ခ်က္ခ်င္းပင္ ေဘးမွာ လာကပ္ထိုင္သည္ ။ ရာရာ့ကိုယ္ေလး တြန့္ခနဲ ျဖစ္သြားရ၏ ။ ျဖဴ ႏွင့္ သူက အႁမႊာေတြဆိုေသာ္ျငား ရင္းရင္းႏွီးႏွီး ေနၾကသည္မဟုတ္ ။ ျဖဴက ယခုလို ပူးကပ္လာေတာ့ သူ မ်က္ခုံးတြန့္သြားရသည္ ။

"ငါ လက္ထပ္ေတာ့မွာ ရာရာ "

ဆံပင္ေအာက္မွ ဖုံးကြယ္ေနေသာ ရာရာ့မ်က္ဝန္းတစ္စုံ ျပဴးက်ယ္သြားရ၏ ။ ထိုစဥ္ ေဒၚျမေမကပါ ရာရာ့ေဘးမွာ လာကပ္ထိုင္သည္ ။

"ရာရာ ၊ သမီးအစ္မက လက္ထပ္ေတာ့မွာ ။ သမီး အစ္မနဲ႕ သတို႔သားက အဆင္ေျပရဲ႕လားဆိုတာ သမီး ၾကည့္ေပးပါလား "

ေမေမ့စကားအဆုံး ရာရာ့ရင္ထဲ နင့္ခနဲ ။ ေမေမက သူ႕ကို ေခၚရသည့္ ရည္႐ြယ္ခ်က္က  အသုံးခ်ဖိဳ႕သက္သက္ပဲ ။

"ငါ့ကို ကူညီပါ ရာရာ ။ ငါ အဲ့ဒီလူကို လက္ခံသင့္လားဆိုတာ ေသခ်ာသိခ်င္တယ္ "

ရာရာ သက္ျပင္းသဲ့သဲ့ခ်မိသည္ ။

"ညည္းက ဘာေတြမူေနတာလဲ ။ ညည္းကို အကူအညီေတာင္းေနတာေလ ။ မိသားစုအခ်င္းခ်င္းေတာင္ ေသြးေအးေနလိုက္တာေအ "

အန္တီခင္၏ မေက်မနပ္ေလသံ ထြက္လာသည္ ။ ရာရာ ႏႈတ္ခမ္းကို ဖိကိုက္၍ ဆံပင္ေတြကို သပ္တင္လိုက္သည္ ။ ထို႔ေနာက္ ျဖဴ႕ဘက္ကို လွည့္၍ ထိုင္လိုက္ေသာ္ ေမေမက ခ်က္ခ်င္းပင္ မ်က္ႏွာခ်င္းဆိုင္ေနရာမွာ သြားထိုင္သည္ ။ ထို႔ေနာက္ စိတ္ဝင္တစား ေစာင့္ၾကည့္ေန၏ ။

ရာရာ သက္ျပင္းရွိုက္ရင္း ျဖဴ႕ကို စိုက္ၾကည့္သည္ ။ ထို႔ေနာက္ ျဖဴ႕လက္ဖဝါးတစ္ဖက္ကို ဆုပ္ကိုင္ၿပီး မ်က္ဝန္းေတြကို စူးစိုက္ၾကည့္၏ ။ အေအးလွိုင္းတစ္ခုက ျဖဴ႕လက္ဖဝါးမွတဆင့္ ရာရာ့၏ ကိုယ္ထဲသို႔ စိမ့္ဝင္လာသည္။ ရာရာ့ ခႏၶာကိုယ္က တဆတ္ဆတ္ တုန္ယင္လာသည္ ။ စိမ္းညွို႔ေနေသာ မ်က္ဝန္းေတြက တျဖည္းျဖည္းႏွင့္ အနက္ေရာင္သို႔ ေျပာင္းလာခဲ့ၿပီးေနာက္ ။

တဖ်ပ္ဖ်ပ္ ႏွင့္ ျမင္လာရေသာ ပုံရိပ္မ်ားစြာ ။ ထိုထဲမွ ေၾကာက္မက္ဖြယ္ မ်က္လုံးမ်ား ။ ထို႔ေနာက္ ေသြးအိုင္ထဲမွာ အသက္မဲ့စြာ  လဲေလ်ာင္းေနေသာ ျဖဴ ။

ရာရာသည္ ထိတ္လန့္စြာ ျဖဴ႕လက္ကို ႐ုတ္ခ်ည္းလႊတ္လိုက္မိၿပီး အသက္ကို ဝေအာင္ရႉရွိုက္မိသည္ ။ ထို႔ေနာက္ မ်က္လုံးအိမ္က နဂိုအသြင္သို႔ ျပန္ေျပာင္းလဲ၏ ။

"နင္ ဘာျမင္လိုက္တာလဲ ။ မေကာင္းတဲ့အရာ မဟုတ္လား "

ျဖဴက အေလာတႀကီး ေမးသည္ ။ ရာရာ ႏႈတ္ခမ္းကို ဖိကိုက္၍  ေခတၱ စဥ္းစားမိသည္ ။ ထို႔ေနာက္ ေခါင္းကို ေလးပင္စြာ ခါယမ္းလိုက္သည္ ။

"ဟင့္အင္း "

"ညည္း လိမ္ေနတာမဟုတ္တ္လား ။ ညည္း မေကာင္းတာတစ္ခုခု ျမင္လိုက္တယ္ မဟုတ္လား "

အန္တီခင္က ရာရာ့ကို ေစ့ေစ့ၾကည့္၍ ေလသံမာမာျဖင့္ ေမးသည္ ။

"မဟုတ္ဘူး "

ရာရာ ေခါင္းမာစြာႏွင့္ ျငင္းဆန္မိသည္ ။

"တကယ္ပဲလား ရာရာ "

ေမေမက ထပ္ေမးေတာ့ ရာရာ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္၍ ေခါင္းညိတ္လိုက္သည္ ။ ထို႔ေနာက္ ေနရာမွာ ထရပ္ကာ....။

"ရာရာ အခန္းထဲ သြားေတာ့မယ္ "

ရာရာက ကပ်ာကယာ ထြက္သြားေတာ့ သူတို႔သုံးေယာက္ မတိုင္ပင္ဘဲ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္မိၾက၏ ။ ကိုယ္စီ အေတြးမ်ားစြာႏွင့္ ႏႈတ္ဆိတ္ေနေလ၏ ။

*************

"အင့္ "

ခႏၶာကိုယ္က ယိမ္းထိုးေနတာေၾကာင့္ ရာရာ အိပ္ေပ်ာ္ေနရာမွ နိုးလာခဲ့၏ ။ ေတြ႕ျမင္လိုက္ရသည့္ ျမင္ကြင္းက သူ႕ကို အထိတ္တလန့္ ျဖစ္သြားေစသည္ ။

"ဟင္ "

ရာရာက ကားေပၚမွာ ရွိေနခဲ့ၿပီး ေဘးမွာ ေမေမ ၊ ကားေရွ႕ခန္း၏ ကားေမာင္းသူ ေဘးမွာ ထိုင္ေနသူက အန္တီခင္ ။ ကိုယ့္ကိုယ္ကိုယ္ သတိထားမိခ်ိန္မွာ ပို၍ အံ့ၾသထိတ္လန့္သြားရသည္ ။ ႏွင္းကဲ့သို႔ ျဖဴစြတ္ေနေသာ ဂါဝန္အျဖဴလြလြကို ရာရာက ဝတ္ဆင္ထားခဲ့၏ ။

"ဒါ ဘယ္လိုျဖစ္ရတာလဲ "

ရာရာ ထိတ္လန့္တၾကား ေရ႐ြတ္မိသည္ ။

ထိုစဥ္ ေမေမက လွည့္ၾကည့္၍ ၿပဳံးျပလာသည္ ။

"သမီးေတာင္ တေရးနိုးၿပီပဲ "

"ေမေမ ဒါက ဘယ္လိုေျဖရတာလဲ ။ ရာရာက ဘာလို႔ ကားေပၚေရာက္ေနရတာလဲ ။ ဒါက ဘာလဲ ။ ရာရာက ဘာလို႔ ဒါေတြ ဝတ္ထားရတာလဲ "

အၿမဲ ၿငိမ္သက္ေနတတ္ေသာ ရာရာ သည္တစ္ခါ ​ၿငိမ္မေနနိုင္ေတာ့ပါ ။ ရာရာ တကယ္ပဲ ထိတ္လန့္တုန္လႈပ္ေနရသည္ ။

"ဘာေတြ အလန့္တၾကား ျဖစ္ေနရတာလဲ သမီးရဲ႕ ။ ဒီေန႕က သမီးရဲ႕ လက္ထပ္မဲ့ေန႕ေလ ။ ေမေမတို႔ေတြ ညတည္းက အိမ္က ထြက္လာခဲ့ၾကတာေလ "

"ဟမ္ ေမေမ ဘာေတြေျပာေနတာလဲ ။ လက္ထပ္မဲ့သူက ျဖဴေလ ။ ရာရာမွ မဟုတ္တာ "

ထိုစဥ္ ေရွ႕ခန္းမွ အန္တီခင္က လွည့္ၾကည့္၍ ဆိုသည္ ။

"ညည္း ဘာေတြအ႐ူးထေနတာလဲ ။ ခဏ အိပ္ေပ်ာ္သြားတာနဲ႕ အတိတ္ပါ ေမ့သြားတာလား "

"မဟုတ္ဘူး ။ ဒါ အမွန္ မဟုတ္ဘူး "

ရာရာ အ႐ူးတစ္ေယာက္လို ေရ႐ြတ္ေနမိသည္ ။

ေမေမ ႏွင့္ အန္တီခင္က ရာရာ့ကို အျဖစ္ကို ၾကည့္ၿပီး  ေခါင္းတခါခါႏွင့္ ။

ရာရာ တကယ္ကို နားမလည္နိုင္ျဖစ္ေနရသည္ ။ မေန႕ညက ပုံမွန္ညေတြလို အိပ္ရာဝင္ခဲ့သည္ ။ နိုးလာခ်ိန္၌ ဤကားေပၚသို႔ ဘာေၾကာင့္ ေရာက္ေနခဲ့ရတာလဲ ။ ထို႔ျပင္ လက္ထပ္ဖို႔ စီစဥ္ထားသူက ျဖဴ ။ ယခု ဘာေၾကာင့္ ရာရာ ျဖစ္ေနခဲ့ရတာလဲ ။

"ျဖဴ....ျဖဴေရာ "

"သမီး ဘာေတြျဖစ္ေနတာလဲကြယ္ ။ ျဖဴက လြန္ခဲ့တဲ့တစ္ပတ္ကပဲ နိုင္ငံျခားမွာ အလုပ္လုပ္ဖို႔ ထြက္သြားၿပီေလကြယ္ "

"ရွင္ "

တစ္ခုခုေတာ့ မွားေနခဲ့ၿပီ ။ ရာရာ ကားျပတင္းမွ အျပင္ကို ၾကည့္မိသည္ ။ ဘယ္ေနရာၾကည့္ၾကည့္ သစ္ပင္ေတြႏွင့္ ေျမကြက္လပ္က်ယ္ေတြ ျပည့္ေန၏ ။ လူေနအိမ္ပင္ မေတြ႕ရ ။

"ခု ဘယ္သြားေနတာလဲ ေမေမ "

"သမီးရဲ႕ သတို႔သားေလာင္းအိမ္သြားေနတာေလ "

ရာရာ ေခါင္းကို ခါယမ္း၍ ကားကို မွီလိုက္သည္ ။ မ်က္ဝန္းေတြကို မွိတ္လိုက္ၿပီး အိပ္ေပ်ာ္ရန္ ႀကိဳးစားသည္ ။ ယခု အျဖစ္အပ်က္က အိပ္မက္တစ္ခုျဖစ္ပါေစဟု တိတ္တဆိတ္ ဆုေတာင္းမိသည္ ။ ခဏအၾကာ ေမွးခနဲ ျဖစ္သြားခဲ့ၿပီးေနာက္....။

************

"ရာရာ....ထေတာ့ ။ ေမေမတို႔ ေရာက္ၿပီ

ရာရာ နိုးလာခ်ိန္၌ စိတ္မေကာင္းစြာျဖင့္ အမွန္တရားကို လက္ခံလိုက္ရေတာ့သည္ ။ ယခုအျဖစ္အပ်က္က အိပ္မက္တစ္ခု မဟုတ္ခဲ့ ။ ၿခံႀကီးတစ္ခုေရွ႕၌ ကားေလးက ရပ္ေနခဲ့သည္ ။ ထိုအနီးအနားပတ္ဝန္းက်င္တြင္ လူေနအိမ္ေတြ မေတြ႕ရ ။ သစ္ပင္ေတြႏွင့္ ဝန္းရံထားေသာ ၿခံထဲရွိ အိမ္ႀကီးက ေရွးဆန္သည့္အျပင္ အနက္ေရာက္ေဆးမ်ား သုတ္ထား၏ ။

"ဆင္းေလ သမီး ။ ကားက အျပင္မွာပဲ ရပ္ခဲ့ရမွာ "

ရာရာ ေၾကာင္အေနရင္းျဖင့္ ကားေပၚမွ ဆင္းလိုက္သည္ ။ ထို႔​ေနာက္ ၿခံတံခါး၏ အေရွ႕၌ ရပ္လိုက္သည္ ။ အန္တီခင္က ၿခံတံခါးကို တဘုန္းဘုန္း ထုရင္း အသံက်ယ္ႀကီးျဖင့္  ေအာ္ေခၚေနသည္ ။

"အိမ္ရွင္တို႔....အိမ္ရွင္တို႔ "

ထိုစဥ္ ရာရာ့ လက္တစ္ဖက္ ေျမာက္သြားၿပီး ၿခံတံခါးကို အလိုလို ထိမိသြားသည္ ။ ထိုစဥ္ ေအးစက္စက္ ေလေပြတစ္ခုက ရာရာ့ဆီသို႔ အရွိန္ျဖင့္ ေျပးဝင္လာသည္ ။ အရွိန္မထိန္းနိုင္စြာျဖင့္ ထိုင္လ်က္သား လဲက်သြား၏ ။

"ဘယ္လိုျဖစ္တာလဲ သမီး "

ေမေမက စိုးရိမ္တႀကီး လာထူသည္ ။ ရာရာ ျပန္မေျဖနိုင္ေသး ။ ဤအိမ္ႀကီးမွ မေကာင္းသည့္အေငြ႕အသက္ကို ခံစားေနရသည္ ။ ဤအိမ္က ရာရာ့စိတ္ထဲ ရင္းႏွီးေန၏ ။

ကြၽီ!

ၿခံေစာင့္ျဖစ္ဟန္တူေသာ အသက္ႀကီးႀကီး အမ်ိဳးသားတစ္ေယာက္က တံခါးလာဖြင့္၏ ။ တံခါးပြင့္သြားသည္ႏွင့္ ၿခံထဲ၌ ရပ္ေနေသာ လူသုံးေယာက္ကို ေတြ႕လိုက္ရ၏ ။

မ်က္ႏွာထားတင္းတင္းႏွင့္ အၾကည့္စူးစူးျဖင့္ စိုက္ၾကည့္ေနေသာ အမ်ိဳးသမီးတစ္ေယာက္ ။ ထို႔ေနာက္ ေသြးမရွိသလို ျဖဴေဖ်ာ့ေနေသာ မ်က္ႏွာႏွင့္ မိန္းမငယ္ေလးတစ္ေယာက္ ။ ေနာက္ဆုံးတစ္ေယာက္ကေတာ့ အသားခပ္လတ္လတ္ ၊ ေတာင့္တင္းေသာ ခႏၶာကိုယ္ ၊ ေခ်ာေမာသည့္ ႐ုပ္ရည္ရွိေသာ ေယာက်ာ္းတစ္ေယာက္ ျဖစ္၏ ။ သူတို႔သုံးေယာက္လုံး၏ အၾကည့္စူးစူးေတြက ရာရာ့ဆီမွ တစ္ခ်က္မေ႐ြ႕ ။ ရာရာသည္ သူတို႔ သုံးေယာက္ကို သတိလက္လြတ္ျဖင့္ စိုက္ၾကည့္ေနမိ၏ ။ သူတို႔၏ မ်က္ဝန္းမ်ား ။ ဤမ်က္ဝန္းမ်ားက ျဖဴ႕လက္ကို ကိုင္ခဲ့စဥ္က ျမင္ခဲ့သည္ ။ ဤအိမ္ႀကီးကလည္းပဲ ။

ရာရာ အတိအက် မွတ္မိလာၿပီး မ်က္ႏွာျဖဴေဖ်ာ့သြား၏ ။

ယခု ရာရာ ျမင္ရသည့္ အရာမ်ားမွာ ျဖဴ ႀကဳံေတြ႕ရမည့္ ပုံရိပ္မ်ားထဲက တစ္ခု ။ သို႔ေသာ္ ယခု ႀကဳံေတြေနရသူက ျဖဴ မဟုတ္ခဲ့ ။ မဟူရာဆိုသည့္ ရာရာ ျဖစ္ေနခဲ့ေလ၏ ။

**************

ဤ ဇာတ္လမ္းပါ အေၾကာင္းအရာမ်ားသည္ စာေရးသူ၏ စိတ္ကူးသက္သက္သာ ။

ဆက္ရန္. ..။

Thin Zar Moe Oo

9.11.2020

အသစ္ေလး စေရးလိုက္ၿပီ ။ ဖတ္ၾကည့္ေပးပါဦး  ။

Continue Reading

You'll Also Like

4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
300K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...