(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

712K 153K 8.6K

ပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီသည် သူ့အတိတ်ဘဝမှာ ကမ္ဘာကြီးကို မလွှမ်းမိုးခဲ့သော်လည်း ယန်ထျန်းဟန်အပေါ် သစ္စာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(203) - မက်မွန်ပန်းလေး

4.8K 984 68
By Xiao_Yiii

Unicode

အခန်း(၂၀၃) - မက်မွန်ပန်းလေး

"ကောင်းပြီ...အဲ့ဒီလိုအရာမျိုးကပြော နေလို့လဲဘာအဓိပ္ပါယ်မှမရှိဘူး" ပိုင်ရိချန်ကမျက်လုံးများကိုမှိတ်လိုက် ပြီးထိုအကြောင်းကိုဆက်ပြီးဆွေးနွေး နေဖို့မလိုအပ်ဘူးလို့ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

သူကသူ့ဘီးတပ်ကုလားထိုင်အားတွန်း လိုက်ပြီးသူ့အခန်းဆီသို့သွားလိုက်ကာ သူ့အသံကတော့အနည်းငယ်အေးစက် နေသည်။

"အကယ်၍သူထပ်လာရင်ငါမရှိဘူး လို့ပြောလိုက်သူနဲ့ငါကတစ်ယောက်နဲ့ တစ်ယောက်အရမ်းရင်းနှီးနေဖို့မလိုဘူး ဒီအချိန်အတိုင်းအတာမှာဟွမ်ဖူဂျင်ဘေး လန်ဂျီရွှယ်ရှိနေသ၍အဲ့ဒါကလုံလောက် နေပြီ"

ပိုင်ရိချန်ရဲ့အထီးကျန်ဆန်လှသော ပုံစံကိုကြည့်ပြီးပိုင်ဝူယမှာဘာမှမတတ် နိုင်ပဲတွေးမိသည်။

အရမ်းရင်းနှီးနေစရာမလိုဘူးတဲ့လား ....အဲ့ဒါဘာဖြစ်လို့လဲဆိုတော့တစ်နေ့နေ့ မှာဟွမ်ဖူဂျင်ကလန်ဂျီရွှယ်နဲ့မင်းဟာ တစ်ယောက်တည်းပဲဆိုတာရုတ်တရက် နားလည်သွားမှာကိုမလိုလားလို့မှတ်လား?

ဒါပေမဲ့လည်းသူတို့နယ်မြေကြီးကိုးခု ကနေတိုက်ကြီးငါးတိုက်ကိုလာခဲ့တာ နှစ်ပေါင်းတစ်ရာထက်တောင်ကျော်ခဲ့ ပြီလေ...ဒီနှစ်ပေါင်းတစ်ရာမှာမင်း ဘယ်တုန်းကမှသူငယ်ချင်းတစ်ယောက် တစ်လေဒါမှမဟုတ်ရင်းနှီးတဲ့သူမရှိဘူး ဘူး...နေ့တိုင်းမှော်ကိရိယာတွေနဲ့ပဲအ ဖော်ပြုနေခဲ့တာတကယ်ပဲဘယ်တုန်း ကမှအထီးကျန်မှုကိုမခံစားဘူးလား?

လူသားတွေကအပင်တွေမှမဟုတ်တာ ဘယ်လိုများခံစားချက်မရှိပဲနေမှာလဲ?

ပိုင်ဝူယတောင်ဒီအချိန်တွေမှာအရမ်း ပျင်းလွန်းလို့တစ်ခါတစ်လေအပျော် တစ်ချို့ရှာဖို့ထွက်သွားတတ်သေးတာ တစ်ခြားတစ်ဖက်မှာတော့ပိုင်ရိချန်က သူ့အချိန်အများစုကိုဒီအမှိုက်ခြံဝင်း လေးထဲမှာပဲကုန်ဆုံးနေခဲ့ပြီးသူ့မှော် ကိရိယာတွေနဲ့ကစားနေတာဖြစ်ဖြစ် ဒါမှမဟုတ်သူ့အချိန်တွေကိုအယူအဆ တစ်ချို့အားတွေးတောနေတာဖြစ်ဖြစ် လုပ်နေတတ်သည်။

ဟွမ်ဖူဂျင်မွေးဖွားချိန်တွင်သာပိုင်ရိချန် ကဒဏ္ဍာရီလာနမိတ်ဖတ်သူအားရှာဖွေ ရန်ပိုင်အိမ်တော်မှမိုင်ပေါင်းများစွာဝေး ကွာသည့်နေရာကိုတစ်ကြိမ်ထွက်ခွာခဲ့သည်။

အဲ့ဒီနောက်မှာပိုင်ရိချန်ကအရှေ့ဘက် တိုက်ကြီး၏နက်ရှိုင်းမြို့ကိုသွားဖို့ရွေး ချယ်ခဲ့ပြီးကံကြမ္မာအရရောက်လာမည့် သူအားစောင့်ဆိုင်းနေခဲ့သည်။

အဲ့ဒါကလွဲရင်သူကအပြင်ဘက် ကမ္ဘာကြီးနဲ့ထိတွေ့ဆက်ဆံနိုင်တဲ့ မည့်သည့်အခွင့်အရေးမှမရှိခဲ့ပေ။

ဒီနေ့ပိုင်ရိချန်ကဟွမ်ဖူဂျင်ကိုရုတ်တရက် တွေ့ချင်ခဲ့ပေမယ့်သူလုပ်သမျှအရာအား လုံးကသူ့ကိုအနည်းငယ်စနောက်တာနဲ့ ဟွမ်ဖူဂျင်နဲ့သူနဲ့ကြားလေးစားစရာ ကောင်းတဲ့အကွာအဝေးတစ်ခုခြား နားလိုက်တာပဲရှိသည်။

ပိုင်ဝူယရဲ့လျှာတစ်လျှောက်မှာ ခါးသက်မှုတစ်ခုပျံ့နှံ့လာရသည်။

ပိုင်ရိချန်ကပရိယာယ်များတဲ့သူဖြစ်ပြီး ပရိယာယ်များတဲ့သူကသဘာဝကိုက အထီးကျန်ဖို့ကံကြမ္မာပါသည်လေ။

ဟွမ်ဖူဂျင်မြို့သခင်အိမ်တော်ကိုပြန် ရောက်တဲ့အချိန်မှာအစေခံတစ်ယောက် လာပြီးပြောသည်ကိုကြားလိုက်ရသည်။

"သခင်လေး...လန်သခင်လေး ရောက်နေပါတယ်"

ဟွမ်ဖူဂျင်ကပထမတော့ကြည့်ရတာ မှုန်မှိုင်းနေခဲ့သော်လည်းချက်ချင်းပင် တက်ကြွသွားသည်။

"သူဘယ်တုန်းကရောက်တာလဲ?"

"သူဒီကိုရောက်တာတော်တော်လေး တော့ကြာပါပြီ"အစေခံလေးကပြန်ဖြေသည်။

ဟွမ်ဖူဂျင်ကသူ့အရှိန်ကိုမြှင့်လိုက်ပြီး အခန်းထဲသို့အမြန်ဝင်သွားတော့၏။

လန်ဂျီရွှယ်ကအပြင်လူမဟုတ်တာ ကြောင့်ကြိုတင်အကြောင်းမကြား ထားပဲလာတဲ့အချိန်တိုင်းစောင့်ဆိုင်း ရန်သူ့အခန်းထဲသို့သာတည့်တည့်သွား လိမ့်မည်။

အခန်းထဲမှာကအပြင်မှာထက်ပိုပြီး နွေးထွေးတာသိသာလှပြီးအဲ့ဒါက အပူချိန်ကိုမြှင့်ရန်အခန်းရဲ့ထောင့်တိုင်း မှာထည့်ထားသည့်မီးတောက်တိမ်တိုက် ကျောက်တုန်းလေးခုရဲ့ကျေးဇူးကြောင့် ပင်ဖြစ်သည်။

လန်ဂျီရွှယ်ကပြတင်းပေါက်ဘေးမှာ ထိုင်နေကာအပြင်ဘက်မြင်ကွင်းကို ရှုစားနေသည်။ထိုထောင့်တစ်နေရာမှ ကြည့်မယ်ဆိုရင်မက်မွန်နတ်ဘုရား ပန်းပွင့်လေးများကလှပစွာဖူးပွင့် နေကြသည်လေ။

တံခါးပွင့်လာသည့်အသံကိုကြားသော အခါလန်ဂျီရွှယ်ကသူ့ခေါင်းကိုလှည့် လိုက်ပြီးမတ်တပ်ထရပ်လိုက်ကာ ဟွမ်ဖူဂျင်အားခပ်ဖျော့ဖျော့ပြုံး ကြည့်လိုက်သည်။

"အားဂျင်...ဘယ်သွားနေတာလဲ? ဘာလို့ပြန်လာတာဒီလောက်နောက် ကျနေတာလဲ?"

လန်ဂျီရွှယ်ကသူ့ဓားကိုပိုင်ရိချန်အား သူနဲ့အရင်တိုင်ပင်ခြင်းမရှိပဲပေးလိုက် သည်ကိုဟွမ်ဖူဂျင်ကအနည်းငယ်မကျေ မနပ်ဖြစ်နေမိသော်လည်းထိုမကျေမနပ် မှုကသူလန်ဂျီရွှယ်ကိုမြင်လိုက်ရတာနဲ့ အကုန်လုံးခွေးကျွေးပစ်လိုက်တော့သည်။

ဟွမ်ဖူဂျင်ကထိုနေရာကိုလျှောက်လာ ပြီးသူ့သိုလှောင်အိတ်ထဲမှဓားအား ထုတ်ကာလန်ဂျီရွှယ်အားရတနာတစ် ခုပေးနေသလိုပေးလိုက်သည်။

"ရှစ်ရှုန်း...ကျွန်တော်ရှစ်ရှုန်းပေးထား တဲ့ဓားကိုလင်ရွှမ်းဇီဆီကပြန်တောင်းဆို လာခဲ့ပြီ"

"တောင်းဆိုလာတာလား?" လန်ဂျီရွှယ်ကထူးဆန်းလျို့ဝှက် စွာပြုံးလိုက်သည်။

"မင်းရဲ့သြဇာအာဏာနဲ့တစ်ခြားသူ တွေကိုအနိုင်ကျင့်လာပြန်ပြီလား?"

"ကျွန်တော်ကအဲ့ဒီလိုလူမျိုးလား? ကျွန်တော်စကားလုံးသုံးတာမှားသွား တာ..ဒီဓားကိုအလဲအလှယ်လုပ်လာခဲ့တာ"

"အလဲအလှယ်အနေနဲ့ဘာကိုသုံးခဲ့လဲ?"

"အရင်တစ်ခေါက်ကယင်တစ္စေအလံ"

"ယင်တစ္စေအလံကိုလင်ရွှမ်းဇီကဘ ာလို့လိုချင်ရတာလဲ?" လန်ဂျီရွှယ်ကမေးလိုက်၏။

"ဘယ်သူသိမှာလဲ?" ဟွမ်ဖူဂျင်ကဂရုမစိုက်စွာသာပြန်ပြောသည်။

"သူတို့လိုလက်မှုပညာရှင်တွေက ရှိသမျှမှော်ရတနာတွေအကုန်လုံး ကိုစိတ်ဝင်စားနေလို့ဖြစ်မှာပေါ့"

လန်ဂျီရွှယ်ကအတွးနက်နေသလိုမျိုး မျက်လုံးများကိုကျဉ်းမြောင်းနေသည်။

လင်ရွှမ်းဇီဘက်မှာတော့တော် တော်လေးချောမွေ့သွားသည်ဟု သတ်မှတ်လို့ရသည်။သို့သော်ဟွမ်ဖူဂျင် ကပိုင်ရိချန်အကြောင်းတွေးမိသွားသော အခါသူစိတ့်ခံစားချက်ကတော်တော် လေးရှုပ်ထွေးသွားရသည်။

"ရှစ်ရှုန်း" ဟွမ်ဖူဂျင်ကစကားလုံးကိုဘယ်လိုသုံး နှုန်းရင်ကောင်းမလဲဆိုတာစဉ်းစား လိုက်ပြီးမှမေးလိုက်သည်။

"အကိုပိုင်ရိချန်နဲ့ရင်းနှီးလား?"

လန်ဂျီရွှယ်ကခေါင်းခါပြသည် "မရင်းနှီးပါဘူးငါတို့တစ်ယောက် နဲ့တစ်ယောက်တစ်ခါပဲတွေ့ဘူးတာ"

ဟွမ်ဖူဂျင်ကသူ့ဘာသာသူ တိတ်တိတ်လေးရေရွတ်လိုက်သည်။

အကိုတို့နှစ်ယောက်ကတစ်ခါပဲတွေ့ ဘူးတာတောင်သူ့ကိုကျွန်တော့ဓား ကိုပေးပစ်လိုက်တယ်နော်

လန်ဂျီရွှယ်ရဲ့ထူးဆန်းတဲ့အပြုံးက တစ်ဆင့်ဟွမ်ဖူဂျင်သည်သူ့အတွေး များကမတော်တဆပေါ်သွားခဲ့ပြီဆို တာပြောနိုင်သည်။ထိုအခြေအနေထိ ရောက်နေပြီဖြစ်တာကြောင့်ဟွမ်ဖူဂျင် ကလည်းထိုလမ်းကြောင်းအတိုင်းသာ သွားတော့မယ်လို့ဆုံးဖြတ်လိုက်သည်။

"ရှစ်ရှုန်း..ဘာဖြစ်လို့ကျွန်တော့ဓားကို သူ့ဆီလက်လွှဲပေးလိုက်တာလဲ?အဲ့ဒီ ယှဉ်ပြိုင်ပွဲအတွင်းမှာတစ်ခြားသာမာန် အဆင့်ထက်နိမ့်နေတဲ့လက်မှုပညာရှင် တစ်ယောက်ကသာကျွန်တော့ဓားကိုလုံးဝ ဖျက်ဆီးပစ်လိုက်ရင်ဘယ်လိုလုပ်မလဲ?"

"အကယ်၍အဲ့ဒါပျက်ဆီးသွားတယ် ဆိုရင်တောင်ငါမင်းကိုနောက်တစ် ချောင်းပေးလို့ရတယ်လေ" လန်ဂျီရွှယ်ကတော့ထိုအပေါ်မှာ တော်တော်လေးပေါ့ပေါ့တန်တန် ဖြစ်နေသည်။

"ငါကဒီအတိုင်းမင်းအဲ့ဒီသိပ်အသုံး မဝင်တော့တဲ့ဓားကျိုးကိုအဖိုးတန် ရတနာတစ်ခုလိုကိုင်ဆောင်ထားတာ ကိုမမြင်ချင်တော့လို့..အကယ်၍ အဲ့ဒါကျိုးသွားတယ်ဆိုရင်ပြန်ပြင် သင့်တယ်လေ;အကယ်၍အသုံးမဝင် တော့ဘူးဆိုရင်တော့အဲ့ဒါကပစ်လိုက် သင့်တယ်..ငါမင်းကိုအမြဲတမ်းပိုကောင်း တဲ့ရတနာတွေကိုပေးလို့ရနေတာပဲကို"

ဟွမ်ဖူဂျင်ကသူ့စကားများကိုနားနဲ့ နားထောင်ပြီးနှလုံးသားနဲ့သိမ်းဆည်း သည်။သူ့တစ်ကိုယ်လုံးကနွေးထွေး သွားသလိုခံစားလိုက်ရပြီးပြုံးလိုက် မိသော်လည်းငြင်းဆန်နေဆဲပင်။

"ဟင့်အင်းကျွန်တော်ကတော့ရှစ်ရှုန်း ပေးထားခဲ့တဲ့အဲ့ဒီတစ်ခုကိုကြိုက်နေတုန်းပဲ"

ဟွမ်ဖူဂျင်ကရှင်းရှင်းလင်းလင်းကို ကလေးတစ်ယောက်အတွက်လုပ်ပေး ထားတဲ့ဓားကိုကိုင်ထားပြီး,ပြီးပြည့် စုံအောင်ချောမွေ့ထက်ရှနေသည့် ဓားကိုကြည့်လိုက်သည်

"ဒါကပြောင်ကောကျွန်တော့ကို ပထမဆုံးပေးခဲ့တဲ့လက်ဆောင်လေ"

(ပြောင်ကော - အကိုဝမ်းကွဲ)

ပြောင်ကော, "..."

လန်ဂျီရွှယ်ကအနည်းငယ်အံ့အားသင့် သွားပြီးအချိန်ခဏကြာသွားသည် အထိအနည်းငယ်ကြောင်အအဖြစ်နေ မိသည်။

"မင်းငါ့ကိုအဲ့ဒီလိုမခေါ်ခဲ့တာတော် တော်ကြာသွားပြီပဲ"

လန်ဂျီရွှယ်ကိုကြည့်နေတဲ့ဟွမ်ဖူဂျင် ရဲ့အကြည့်များကတော့တော်တော် လေးရှုပ်ထွေးနေသည်။

"ကျွန်တော်အကို့ကိုအဲ့ဒီလိုမခေါ်ချင် ဘူး..ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလိုခေါ် လိုက်ရင်ကျွန်တော်တို့နှစ်ယောက်က သွေးနှောနေတာကိုပြန်စဉ်းစားမိစေ တယ်ဒါပေမဲ့ကျွန်တော်ကအကို့ကို ကျွန်တော့အကိုဝမ်းကွဲအနေနဲ့ပဲ လိုချင်တာမဟုတ်ဘူး"

"ဟုတ်တယ်ပြီးတော့ငါလည်းဟွမ်ဖူ မိသားစုနဲ့မပတ်သတ်ချင်ဘူး" လန်ဂျီရွှယ်ကဟွမ်ဖူဂျင်သူ့ကိုပေးနေတဲ့ ဓားကိုပေါ့ပေါ့ပါးပါးပင်ဘေးသို့ ရွှေ့လိုက်သည်။

"ရှစ်ရှုန်းနဲ့ရှစ်တိဆိုတာကလည်း အတူတူပဲလေ"

ဟွမ်ဖူဂျင်ကအနည်းငယ်စိတ်ပျက် နေမှုတစ်ချို့ကိုဖော်ပြနေသည်။

လန်ဂျီရွှယ်ကခေါင်းစဉ်ကိုအန္တရယ်ရှိ နေတဲ့နေရာကနေဖယ်ရှားလိုက်သည်ကို သူသိလိုက်သည်။

လန်ဂျီရွှယ်ကသူ့ကိုဘယ်တုန်းကမှ ဝန်ခံဖို့အခွင့်အရေးမပေးပေ။သူပြော ဖို့ပြင်လိုက်တဲ့အချိန်တိုင်းလည်း လန်ဂျီရွှယ်ကခေါင်းစဉ်ပြောင်းပစ် တတ်သည်။

အချိန်တိုင်းအဲ့ဒီလိုမျိုးပဲဖြစ်နေခဲ့ တာကြောင့်ဟွမ်ဖူဂျင်ကဘယ်လောက် ပဲနားလည်ဖို့နှေးကွေးတဲ့သူဖြစ်ပါစေ သူ့ကိုယ်သူဘယ်လောက်ပဲလှည့်စားနေ ပါစေလန်ဂျီရွှယ်ကသူ့ကိုအဲ့ဒီပုံစံနဲ့ စိတ်ဝင်စားတာမဟုတ်ကြောင်းဝန်ခံရ မှာဖြစ်သည်။ဒါပေမဲ့လည်းသူကသူတို့ ဆက်ဆံရေးကိုအရမ်းကြီးတင်းကြပ်နေ တာမလိုချင်ပေ။ထို့ကြောင့်လည်းအမြဲ တမ်းဒီလိုမျိုးပေါ့ပေါ့ပါးပါးသတိပေး နေတာဖြစ်သည်။

ဟွမ်ဖူဂျင်ကတော်တော်လေးစိုးရိမ် ပူပန်ခဲ့သော်လည်းအခုတော့အဲ့ဒီလို မဟုတ်တော့ပေ။

ဘယ်လိုပဲဖြစ်နေပါစေတစ်နေ့နေ့မှာ တော့အခွင့်အရေးဆိုတာအမြဲတမ်းရှိ နေတာပဲလေ

"ပိုင်သခင်လေးကိုမင်းသွားရှာတုန်း ကမင်းတို့ဘာအကြောင်းတွေပြောခဲ့ကြလဲ?" လန်ဂျီရွှယ်ကစကားစပြီးမေးလိုက်သည်။

ဟွမ်ဖူဂျင်ကအသက်ကိုပြင်းပြင်းရှု လိုက်ပြီးမှပေါ့ပေါ့ပါးပါးပြန်ပြောသည်။

"ဘာမှမဟုတ်ပါဘူးကျွန်တော်က ဒီအတိုင်းသူ့ဆီသွားလည်သင့်တယ် လို့ခံစားရလို့"

"ဘယ်လိုခံစားရလဲ?"

"ခံစားချက်ကလား...အဆင်ပြေပါတယ်"

တကယ်တော့လုံးဝအဆင်မပြေဘူး

ဟွမ်ဖူဂျင်ရဲ့ခေါင်းပေါ်မှာတိမ်မည်းလေး တစ်ခုရှိနေသည်။သူ့ရင်ထဲမှာတော့ဒီကို ပြန်လာတဲ့တစ်လျှောက်လုံးပိုင်ရိချန်က သူ့ကိုစီနီယာကျမှုနဲ့စကားဖြင့်အနိုင်ယူ လိုက်တဲ့အပေါ်ဆူပူနေခဲ့တာဖြစ်၏။ သူကတကယ်ကိုအရှက်ကင်းမဲ့တယ် လေ။အခုမှသာသူပိုင်ရိချန်ဆီသွားခဲ့တဲ့ မူလရည်ရွယ်ချက်ကစစ်ဆေးမေးမြန်းဖို့ ဖြစ်ကြောင်းနဲ့အဲ့ဒါကိုမေ့သွားခဲ့ကြောင်း ရုတ်တရက်နားလည်သွားရသည်!

သူအရမ်းကိုစိတ်ဆိုးနေတယ်!

*****

ယွင်လိုင်တည်းခိုခန်း....

သုံးရက်ကြာပြီးနောက်လင်ရွှမ်းဇီက လင်းချီဂုအတွက်မှော်ရတနာထွင်း ထုပေးပြီးသွားပြီဖြစ်သည်။

မှော်ရတနာအားအဆင်ပြေစွာသယ် ဆောင်သွားနိုင်ဖို့အတွက်အဲ့ဒါကိုလက်မ တွင်စွပ်သည့်လက်စွပ်ပုံစံအဆင်တန်ဆာ အဖြစ်သန့်စင်ခဲ့ခြင်းဖြစ်၏။အဲ့ဒါကလုံးဝ ကိုနက်မှောင်နေပြီးအပြင်ဘက်မှကြည် ရင်ရိုးရိုးအဆင်တန်ဆာပုံစံပဲဖြစ်တာ ကြောင့်တစ်ယောက်ယောက်တွေ့သွား ရင်တောင်သူတို့ကအဲ့ဒါကိုအလောင်းချီ အားဖုံးကွယ်ဖို့အတွက်အသုံးပြုမှန်းမသိ နိုင်ပေ။

လင်ရွှမ်းဇီကဒီသုံးရက်လုံးမတွေ့ရသေး သည့်အားဟန်အားသွားရှာချင်သော်လည်း သူအပြင်ကိုထွက်ထွက်ခြင်းပင်တစ်နေရာ ရာမှာအမြဲတမ်းပုန်းနေတတ်ပြီးလင်မိသား စုမှအငယ်တွေကိုသာသူတို့နေချင်သလိုနေ စေသည့်လင်လျိုချွန်းရဲ့တားဆီးခြင်းကို ခံလိုက်ရသည်။

လင်လျိုချွန်းကလင်ရွှမ်းဇီရဲ့အခန်းထဲသို့ တည့်တည့်ဝင်သွားပြီးသူ့ကိုစစ်ဆေးတော့ သည်။သူ့အကြည့်ကလင်ရွှမ်းဇီအား အနည်းငယ်ရှုပ်ထွေးသလိုခံစားရစေသည်။

"တကယ်ကိုဆွဲဆောင်မှုရှိတဲ့ ယောကျာ်းတစ်ယောက်ရဲ့အသွင်အပြင်ပဲ" လင်လျိုချွန်းကပြော၏။

လင်ရွှမ်းဇီကလုံးဝကိုစိတ်ရှုပ်သွားသည်။

"စတုတ္တအကြီးအကဲအကယ်၍ပြော စရာရှိတယ်ဆိုရင်ကျေးဇူးပြုပြီးပြောပါ"

လင်လျိုချွန်းကပြုံးလိုက်သည်။

"ကလေး...မင်းကတကယ့်ကိုကောင်း တဲ့ဘဝရှိတာပဲ...မိသားစုတစ်ရာစုဝေးပွဲ မှာမင်းရဲ့မျက်နှာလေးကိုထုတ်ပြလိုက် တာနဲ့ထိပ်တန်းအဆင့်မက်မွန်ပန်းလေး ကိုနှိုးဆွလိုက်နိုင်တယ်"

လင်ရွှမ်းဇီကအနည်းငယ်အံ့အားသင့် သွားမိသည်။အဲ့ဒါကမက်မွန်ပန်းနဲ့ ပတ်သတ်နေမှန်းသူမမျှော်လင့်ထားမိပေ။

"စတုတ္တအကြီးအကဲဘာကိုဆိုလိုတာလဲ?"

လင်လျိုချွန်းကပြောလိုက်သည်။

"မင်းတိမ်လွှာကျောက်စိမ်းဂိုဏ်းက ရှန်ရူပင်းကိုကြားဘူးလား?"

ဘယ်လိုလုပ်မကြားဘူးပဲနေမှာလဲ? တိမ်လွှာကျောက်စိမ်းဂိုဏ်းရဲ့အဆင့် အတန်းကတိုက်ကြီးငါးတိုက်ရဲ့အဓိက ကုန်းမြေကြီးကကောင်းကင်တောင် ထွတ်ဂိုဏ်းနဲ့ပုခုံးခြင်းယှဉ်နိုင်နေတာ ပြီးတော့ရှန်ရူပင်းဆိုတာကလည်း တိမ်လွှာကျောက်စိမ်းဂိုဏ်းရဲ့အကျော် ကြားဆုံးဂိုဏ်းသခင်မလေးပဲလေ... သူမကအထက်တန်းလွှာရှန်မိသားစုရဲ့ တိုက်ရိုက်သမီးလည်းဖြစ်နေသေးတယ်။

လင်ရွှမ်းဇီကပြောလိုက်သည်။

"သိပါတယ်ပြီးတော့ဘာဖြစ်လို့လဲ?"

"ဘာဖြစ်လို့လဲတွေဘာမှမဖြစ်တာ တွေမပြောနဲ့ဦးအရင်နားထောင်ချေ"

လင်လျိုချွန်းကတည့်တည့်ပင်ပြော လိုက်ပြီးတစ်ဖက်လူအားငြင်းဆန် ရန်ပင်အချိန်မပေးပေ။

"တစ်လောလေးကရှန်မိသားစုကနေ လင်မိသားစုကိုသတင်းစကားတစ်ခုပို့ လိုက်တယ်..ပြောတာတော့ရှန်ရူပင်းက မင်းကိုသဘောကျသွားလို့မိသားစုနှစ်ခု ကိုလက်ထပ်ပွဲနဲ့အတူတကွပေါင်းစည်း ဖို့မျှော်လင့်တယ်တဲ့....ဒီနေ့ပဲမိသားစု ကနေသတင်းရတာသူတို့ပြောတာတော့ အဲဒါကမကောင်းတဲ့အဆိုပြုချက်လို့မ ထင်ဘူးအဲ့ဒါကြောင့်ရှန်မိသားစုရဲ့ သမီးကြီးဆီကိုမင်းရဲ့စေတနာကောင်း လေးတွေသွားပြီးအစပြုပြသဖို့ငါ့ကို တာဝန်ပေးလိုက်တယ်ပြီးတော့စကား သွားပြောရင်လည်းအဲ့ဒီအကြောင်းအရာ ထဲမှာအဓိပ္ပါယ်လေးအနည်းနဲ့အများ ပါဝင်နေသ၍လုံလောက်တယ်"

လင်ရွှမ်းဇီ , "..."

ဘေးအန္တာရယ်ကြီးကကောင်းကင် ကနေပြုတ်ကျလာတာပဲ

လင်ရွှမ်းဇီကတော့အဲ့ဒါကရယ်စရာ ကောင်းပြီးရွှင်မြူးဖို့လည်းကောင်း တယ်လို့ခံစားလိုက်ရသည်။

"စတုတ္တအကြီးအကဲ..ကြည့်ရတာ အကြီးအကဲကကျွန်တော့ကိုဟာသ လာလုပ်နေတယ်နဲ့တူတယ်အဲ့ဒီရှန်ရူပင်း ကဝလားပိန်လားလှလားရုပ်ဆိုးလား ဒါမှမဟုတ်ရိုင်းစိုင်းလားဆိုတာတောင် မသိဘူးအဲ့ဒါကိုဘယ်လိုလုပ်ကျွန်တော့ ရဲ့စိတ်ရင်းစေတနာကောင်းကိုသွားပြ လို့ရမှာလဲ?မင်္ဂလာဆောင်ပြီးတာအို စုံတွဲဖြစ်ဖို့ကိုထားဦး"

ဒါကလုံးဝကိုမဖြစ်နိုင်တဲ့အရာတစ်ခု ဖြစ်ပြီးရှန်ရူပင်းကတကယ်ပဲသူ့ကို နှစ်သက်နေတာလားဆိုတာကိုတောင် သူမသိပေ။ပြီးတော့သူမကဒီလောက် မြန်မြန်ကြီးအရေးယူဆောင်ရွက်လိုက် တယ်ဆိုတော့အဲဒါကတကယ့်ကို လျင်မြန်ပြီးအဆုံးအဖြတ်ပေးတဲ့ ဆုံးဖြတ်ချက်လို့ဆိုနိုင်သည်။

လင်လျိုချွန်းကလင်ရွှမ်းဇီအား ပျင်းရိနေတဲ့မျက်လုံးနဲ့ကြည့်လိုက်သည်။

"ငါရှန်ရူပင်းကိုမြင်ဘူးတယ်မဝပါဘူး ဒါပေမဲ့ရှိသင့်တဲ့နေရာတော့ရှိတယ်... သူမကအရမ်းလှတယ်"

"အဲ့ဒါကအလှအပနဲ့ဆိုင်တဲ့ကိစ္စ မဟုတ်ဘူးလေ"

"မှန်တယ်မင်းတစ်ခြားသူတွေရဲ့ ပုံပန်းသွင်ပြင်ကိုဂရုမစိုက်သင့်ဘူး, သူတို့ကမင်းထက်လှနိုင်တာမှမဟုတ်တာ"

လင်ရွှမ်းဇီမှာထိုသို့သောစနောက်မှု ကိုကြားသောအခါရယ်ရခက်ငိုရခက် ဖြစ်သွားသည်။

"စတုတ္တအကြီးအကဲကျေးဇူးပြုပြီး ကျွန်တော့ကိုတော့လွှတ်ပေးပါဗျာ... ကျွန်တော်အခုချိန်မှာတစ်စုံတစ်ယောက် နဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်တာ တို့တာအိုအတွဲတွေဖြစ်ဖို့အတွက်တို့ ကိုခံစားချက်လုံးဝမရှိဘူး"

"ရှန်မိသားစုကအထက်တန်းလွှာ မိသားစုပြီးတော့ရှန်ရူပင်းက ရှန်မိသားစုရဲ့တစ်ဦးတည်းသော တိုက်ရိုက်သမီးကွတိမ်လွှာကျောက်စိမ်း ဂိုဏ်းရဲ့နောက်တက်မယ့်ဂိုဏ်းသခင်မ လည်းဖြစ်သေးတယ်"လင်လျိုချွန်းက အဓိကအချက်များကိုချက်ချင်းဆွဲထုတ် လိုက်ပြီးအဲ့ဒါကိုလုံးဝမညစ်နွမ်းစေပေ။ သူကကောင်းကျိုးဆိုးကျိုးများနဲ့ ပတ်သတ်ပြီးအရမ်းကိုရှင်းလင်းနေသည်။

သို့သော်လင်ရွှမ်းဇီကတော့ တင်းကြပ်စွာပြန်လည်ဖြေကြားသည်။

"ရှန်မိသားစုကသြဇာညောင်းတဲ့မိသားစု တစ်ခုဖြစ်ပြီးရှန်ရူပင်းကလည်းအထိ မခံတဲ့အဆင့်အတန်းတစ်ခုရှိတယ် အဲ့ဒီလိုလူမျိုးနဲ့ကျွန်တော်သွားပြီး မပတ်သတ်သင့်ဘူး"

"ပြီးတော့ပိုင်သခင်လေးကလည်း အဲ့ဒီအတိုင်းပဲမဟုတ်ဘူးလား?" လင်လျိုချွန်းကထောက်ပြသည်။

လင်ရွှမ်းဇီကရပ်တန့်သွားပြီးမှ လင်လျိုချွန်းကိုကြည့်လိုက်သည်။

"ကျွန်တောနဲ့ပိုင်သခင်လေးရဲ့ဆက်သွယ် မှုကြားမှာအကြီးအကဲကအထင်လွဲမှု တစ်ချို့ရှိနေတာလား?"

"မင်းပိုင်မိသားစုကသခင်လေးကို တစ်ခြားဘယ်သူနဲ့မှမတူပဲဆက်ဆံ တယ်လေ...ငါကလူအိုကြီးတစ် ယာက်မို့လို့မျက်စိအမြင်မရှိဘူး ဒါမှမဟုတ်ဘာမှမမြင်နိုင်ဘူးလို့ ထင်နေတာလား?"လင်လျိုချွန်းက ပေါ့ပေါ့ပါးပါးပဲပြောသည်။

"ပိုင်ရိချန်နဲ့ငါကအသိအကျွမ်းဟောင်း တွေလို့သတ်မှတ်လို့ရတယ်သူအလယ် ပိုင်းတိုက်ကြီးကိုပြန်လာကတည်းက သူနဲ့ငါတစ်ခါတစ်လေလက်ဖက်ရည် သောက်ပြီးငါတို့နှစ်ယောက်သားမကြာ ခဏမင်းအကြောင်းပြောမိကြတယ်... သူ့လက်မောင်းထဲကဘယ်တုန်းကမှ မထွက်သွားခဲ့ဘူးတဲ့ဝိုင်ပုလင်းက လည်းမင်းသူ့အတွက်အထူးတစ်လှယ် ထွင်းထုပေးထားတဲ့ပစ္စည်းမဟုတ်လား?"

လင်ရွှမ်းဇီကဒီတစ်ခေါက်တော့ တကယ်ပဲထိတ်လန့်သွားမိတာ ဖြစ်သည်။သူ့အတိတ်ဘဝတုန်း ကလည်းလင်လျိုချွန်းနဲ့ပိုင်ရိချန်တို့ ကမိတ်ဆွေတွေဖြစ်ကြောင်းသူ ဘယ်တုန်းကမှမသိခဲ့ဘူးပေ။

သို့သော်ပြန်တွေးကြည့်လိုက်တော့ သူအဲ့ဒါကိုတွက်ဆလို့ရနိုင်သည်။ ပိုင်ရိချန်ကဘယ်လိုပဲဖြစ်ဖြစ်အရမ်း ကိုလျို့ဝှက်ဆန်းကြယ်တဲ့သူတစ် ယောက်ပဲလေ။သူ့အတိတ်ဘဝတုန်း ကတောင်သူနဲ့လန်ဂျီရွှယ်တို့ကတစ် ယောက်တည်းပဲဆိုတာကိုအဆုံးသတ် မှသိခဲ့ရတာဖြစ်သည်။အဲ့ဒီလူဆီမှာ ဘယ်လိုမမျှော်လင့်ထားတဲ့ဖြစ်ရပ် မျိုးဖြစ်ပွားလာပါစေ၎င်းတို့အားလုံး သည်မျှော်လင့်ထားခြင်းမရှိသည့် အရာများသာဖြစ်သည်။

သူရပ်တန့်သွားတာကိုလင်လျိုချွန်း တွေ့သောအခါသူမှန်းတာမှန်တယ် လို့ထင်လိုက်ပြီးဝမ်းနည်းစွာကြည့် လိုက်သည်။

"အကယ်၍မင်းသူ့ကိုနှစ်သက်နေတာ ဆိုရင်အဲ့ဒါကဖြစ်တော့ဖြစ်နိုင်ပါတယ် လေ...ပိုင်ရိချန်နဲ့နှိင်းယှဉ်ရရင်အဲ့ဒီ ရှန်ရူပင်းကတကယ်ကိုအများကြီး ဆိုးဝါးတယ်ဒါပေမဲ့ပိုင်ရိချန်ကနည်း နည်းအိုနေပြီကွပြီးတော့ဆုပ်ကိုင်ဖို့ လည်းမလွယ်ကူဘူးအဲ့ဒါကြောင့် မင်းနည်းနည်းတော့ခံစားရမှာကို ငါစိုးရိမ်တယ်"

တည်းဖြတ်သူရဲ့ပြဇာတ်ငယ်လေး

ရှန်ရူပင်း ; ရှင့်မိသားစုကိုရှင်ကကျွန်မကို လက်ထပ်ခွင့်တောင်းတယ်ဆိုပြီးကျွန်မ လက်ထပ်ခွင့်တောင်းလိုက်တယ်!

လင်ရွှမ်းဇီ ; ငါမလိုချင်ဘူး

ယန်ထျန်းဟန် ; ခင်ဗျားကျုပ်အကိုကြီးကိုမရနိုင်ဘူး! ခင်ဗျားကရုပ်ဆိုးလွန်းတယ်!ဘယ်လို လုပ်သူ့ဘေးမှာထိုင်နိုင်မှာလဲ!ခင်ဗျားပဲ မျက်နှာအားလုံးပျက်ရမှာ!

လင်ရွှမ်းဇီ ; ငါသူမကိုလက်မထပ်ပါဘူး အားဟန်စိတ်မပူနဲ့နော်

ဟွမ်ဖူဂျင် ; မင်းလန်ဂျီရွှယ်ကိုလည်း လက်ထပ်လို့မရဘူး!

လန်ဂျီရွှယ် ; .........

ပိုင်ရိချန် ; ..........

ယန်ထျန်းဟန် ; အကိုကြီး....ကိုယ့်ညီလေး ကိုယ်ဒီလိုမျိုးစွန့်ပစ်လို့မရဘူးနော်!

လင်ရွှမ်းဇီ ; ..........

.............................................

Next Episode

ပြောဖို့ခက်တယ်

.............................................
Zawgyi






















































ပြောင်ကော, "..."
















"ဘယ်လိုခံစားရလဲ?"





*****





















လင်ရွှမ်းဇီ , "..."





























လန်ဂျီရွှယ် ; .........

ပိုင်ရိချန် ; ..........


လင်ရွှမ်းဇီ ; ..........

.............................................

Next Episode

ပြောဖို့ခက်တယ်

.............................................

Continue Reading

You'll Also Like

459K 65.2K 47
အသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှ...
510K 83.3K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras
363K 66K 82
Lord Seventh by Priest
104K 12.6K 56
ကျောင်း၏idolများဖြစ်ကြသော ကောင်ချောလေးနှစ်ယောက်မှာ ရန်ဖက်များဖြစ်ကြသလို..အကြိုက်ချင်းကလည်းတူနေကြပြန်သေးသည်..တစ်နေ့သောအခါဝယ် ရုတ်တရက်ဆိုသလို best frie...