Days of Counting Camellia (Hi...

By All-shine

277K 18K 2.5K

Own-Creation.(R18+) လူတစ်‌ယောက်ဟာ မိမိ၏ ရန်သူအဖြစ်မှ အသက်ထက်ချစ်ရသူအဖြစ် ပြောင်းလဲသွားနိုင်သလား ? စစ်သုံ့ပ... More

[1] War Slave
[2] Little Thief
[3] What's wrong with the Emperor ? "
[4] Dominant Sadist
[5] Hurtful
[6] Why she can't bloom
[7] Honey Lips
[8] Prince with Red eyes
[10] In Emperor's chamber
[11] Easy to break, easy to fall
[12] The Boy who collects Happiness in a bottle (1) '
[13] The Deadly Simulation
[14] What do you really want , your Majesty ? '
[15]' Colours of Ash '
[16] The past in mud '
[17]Ravens have claws '
[18]' One Long Fateful Night '
[19]Why Ash take an orange to high "
[20]' The West Wind of Mine '
[21]' Romance of a maiden '
[22]' Enemies of the damn '
[23]' Sex-slave in name '
[24]Real Sex-slave(18+)
[24]' Kissing A Rose🌹 '
[26]' Whispers in the forest '
[27]' Hunt down the Beast '
[28] They call him Ash , the Evil '
[29] Blood Red Eyes in the Snow '
[30]' Embrace in the Snow '
[31]' Defenseless in his arms '
[32]' Her Warm body '
[33]' All paths to hell are paved with good intentions '
[34]' The cleansing day of Xavia '
[35]' Love can be harmful '
[36]' Your Majesty, you will frighten the little lamb '
[37] These feelings are too dirty to be called Love '
[38]' Calm before the storm '
[39]' Born from ashes '
[40]' Paradise on fire '
[41] A drop of poison
[42] The Golden Cage of Desire
[43] Love turns into Lust
[44] Loving Your Enemy
[45] She is the God's Weakness '
[46]Scandalous Woman

[9] Emperor wants a cage

5.7K 483 38
By All-shine

Check Zawgyi version below ⬇️

#Unicode

" သေဘေးကို တစ်ကြိမ်ရှောင်နိုင်တာဟာ တိုက်ဆိုင်မှုလို့ဆိုနိုင်ပေမယ့် ၊ ဒုတိယအကြိမ်ကတော့ ကံကြမ္မာပဲ "

အဖိုးအိုက ထိုသို့ဆိုလေသည် ။
နွမ်းပါးသောအဝတ်ကြမ်းကို ခန္ဓာကိုယ်၌ ဝတ်ဆင်ထားသော်လည်း အဖိုးအိုသည် နှုတ်မှပညာရှိစကားကိုဆိုသည် ။
အသက်အရွယ်ကြောင့် မျက်နှာမှအရေပြားတို့သည် တွန့်ရွဲနေပြီဖြစ်သော်လည်း ကြည့်မကောင်းနေခြင်းမဟုတ်ပဲ ၊ နက်နဲမှုနဲ့ ရင့်ကျက်ခြင်းတို့ကို ဖော်ကျူးနေ၏ ။
ထိုအဖိုးအိုသည် အခြားမဟုတ် ၊ Raven အင်ပါယာ၏ သစ္စာရှိပရောဟိတ်ကြီးပင်ဖြစ်သည် ။

" ဒါပေမယ့် နှစ်ကြိမ်စလုံး နဂါးနက်ရဲ့ကယ်တင်ခြင်းကိုခံခဲ့ရတယ်ဆိုတဲ့အချက်ဟာ သတိပြုစရာပဲ . . . . .
ဘာအကြောင်းကြောင့်ပဲဖြစ်စေ အသက်သခင်လဲဖြစ် အဆင်းလဲလှတဲ့ယောင်္ကျား‌တစ်ယောက်အပေါ် ငယ်သူတို့ရဲ့သဘောသဘာဝအရ စိတ်ယိုင်မိရင်လဲအပြစ်မဟုတ်ပါဘူး "

ထိုစကားကိုကြားတော့ ကုတင်ပေါ်မှာ နှုတ်ဆိတ်ကာလှဲနေတဲ့ Afa တစ်ယောက် တုန်လှုပ်သွားရသည် ။
ဤလောက၌ နဂါးနက်ဆိုတာဟာ Xavia ရဲ့ ဘုရင်တွေကို တင်စားတဲ့အခေါ်အဝေါ်ဖြစ်ကြောင်း လူသားတိုင်းသိသည် ။

Afa က ထိုသူကို . . . ?
ပရောဟိတ်ကြီးက ဘာကြောင့် Afa ကို ဒီလိုစကားပြောရတာလဲ ?
ဘာအဓိပ္ပါယ်လဲ ?

အဆင်းလှတဲ့ယောင်္ကျားဆိုတဲ့ အသုံးအနှုန်းသည် မျက်လုံးထဲမြင်ယောင်မိလိုက်သော လူသား၏အလှတရားအတွက် မလုံလောက် ။
ဒါပေမယ့် Afa ဟာ အဲဒီယောင်္ကျားအပေါ် စိတ်ကူးထဲမှာတောင် ရင်ခုန်မိဖို့မရဲတာဖြစ်သည် ။
ထိတွေ့ခံစားကြည့်ရုံနဲ့ သေတန်တဲ့အလှမို့ ။
အခုလိုအတွေးဝင်မိတာကိုက မတန်တရာ ။
Afa ဟာ ထိုသူရဲ့ မျက်လုံးထဲမှာ စူးနေတဲ့ဖုန်တစလိုပဲ ၊ အနှိပ်စက်ခံ ကျွန်မလေးတစ်ယောက်သက်သက်သာ ။

နေရောင်အောက် ရွှေအိုရောင်များယှက်ပြေးနေသကဲ့သို့ အရည်လဲ့သောမျက်ဝန်းညိုလေးများသည် အတွေးနယ်ထဲ ထွေပြားသွား၏ ။
ပါးလျသောနှုတ်ခမ်းလေးများ ဖြေးညှင်းစွာ ပွင့်ဟသွား‌ပေမယ့် ခွန်းတုံ့ပြန်လာခြင်းမရှိ ။
မြင်သာသည်က မျက်နှာ‌ပေါ်မှ အားငယ်မှုတို့ဖြစ်သည် ။

ထိုသည်ကို ဘေးနားမှ ပရောဟိတ်အိုကြီးသည် တိတ်ဆိတ်စွာအကဲခတ်နေလေတော့သည် ။
အနှီအဖိုးကြီးသည် နဂိုတည်းက မှေးစင်းသောမျက်လုံးအိမ်တို့ရှိသူမို့ ၊ သူဘာပြောပြော ဖုံးကွယ်ထားတဲ့ဗဟေဠိများပါဝင်နေသည်လို့ တစ်ဖက်လူကို အထင်ရောက်စေသည် ။
လေပြေထဲက ပန်းချယ်ရီလေးများသကဲ့သို့ ယိမ်းနွဲ့နေတဲ့မိန်းမငယ်လေး၏စိတ်နှလုံးကို အဖိုးကြီးသည် မမြင်ယောင်ဆောင်ခဲ့ပြီး နှုတ်ဆက်ကာ လူနာဆောင်မှထွက်ခဲ့သည် ။

ဤနန်းဆောင်ကြီးသည် လူနာဆောင်ဟုအမည်တပ်နေရသော်လည်း အမှန်တကယ်မှာ အဆင့်နိမ့်ကိုယ်လုပ်တော်များကို ယာယီနေရာချလေ့ရှိသော နန်းဆောင်သာဖြစ်၏ ။
အဆင်အယင်မှာ မိန်းမပျိုလေးများ၏အကြိုက် ပြင်ဆင်ထားတာကြောင့် သေသပ်လှပပြီး ၊ နိမ့်ကျတဲ့ စစ်သုံ့ပန်းတစ်ယောက်အတွက် မသင့်လျော်လှပေ ။

ဒါကို ဘယ်သူကြည့်ကြည့် ရိပ်မိပြီဖြစ်သည် ။
Afa အပေါ်မှာထားရှိတဲ့ Xavia ဧကရာဇ်ရဲ့သဘောထားဟာ မရိုးရှင်းတော့ပေ. . . ။
နန်းတက်စတည်းက ပိတ်ထားတဲ့ မောင်းမ‌ဆောင်ဟာ နောက်ဆုံးတော့တံခါးဖွင့်မယ့်အချိန်ကာလကို ရောက်ခဲ့ပြီလော ?

နန်းတော်ထဲ စစ်နိုင်သူရှင်ဘုရင်နှင့် စစ်သုံ့ပန်းကျွန်မလေးတို့ကြားက စည်းခြားထားတဲ့အချစ်ပုံပြင်လေးတစ်ပုဒ် ပါးစပ်ရာဇဝင်တွင်နေကြောင်း Afa သည် အဘယ်သို့သိနိုင်မည်နည်း ။
သူမသည် တစ်လ‌နီးပါး မေ့မျောနေခဲ့ပြီး ရက်ပိုင်းကမှ သတိရတာဖြစ်သည် ။
မျက်လုံးဖွင့်တဲ့အခိုက် မိုးနဲ့မြေလိုကွာခြားသွားတဲ့ ပတ်ဝန်းကျင်ကို Afa အသားမကျနိုင်သေး ။
ဘေးနားကလူတွေရဲ့ Afa အပေါ် ဆက်ဆံကြပုံဟာလဲ မေးခွန်းထုတ်စရာဖြစ်နေပြီ ။
ဒါပေမယ့် ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ ၊ ထိုသူနဲ့ဝေးဝေးနေနေရတာမို့ Afa အဖို့ သက်တောင့်သက်သာဖြစ်စေတာကအမှန် ။

မီးတွေတောက်လောင်နေပေမယ့် ထိတွေ့မိတိုင်း အေးခဲသွားရတဲ့ မျက်ဝန်းတစ်စုံ ၊ စူးထက်တဲ့စကားလုံးတွေနဲ့ ထိခိုက်နာကျင်စေသော်လည်း မထင်မှတ်တဲ့အချိန်တွေမှာ တစိမ့်စိမ့်နွေးစေတဲ့ နှုတ်ခမ်းနီနီတွေ . . . ။
ထိုသူဟာ အဲသလောက်အန္တရာယ်ကြီးတာပဲဖြစ်သည် ။
တခါတလေ ပြတ်သားသယောင်ထင်ရပေမယ့် တခါတလေ တွေဝေနေတတ်တာက Afa ရဲ့အမြင်ပဲမှားနေသလား ။
ရေအေးစီးကြောင်းတွေနဲ့ ရေနွေးစီးကြောင်းတွေ ရောယှက်တည်ရှိနေတဲ့ ခန့်မှန်း၍မရသော မဟာသမုန္ဒရာကြီးလို လူပဲဖြစ်သည် ။

ဒါကို ဘယ်လိုသတ္တိ‌မျိုးနဲ့ ရင်ခုန်လို့ရဲမှာလဲ ?

ထိုသို့အတွေး‌လေးဝင်ရောက်ချိန် စိတ်ကိုဖောက်ဖြားစေတဲ့ အိပ်မက်‌များကိုသတိရမိသည် ။
နှုတ်ခမ်း‌ပေါ်က နူးညံ့တဲ့အထိအတွေ့တွေဟာ သိပ်ကိုစစ်မှန်နေခဲ့သည် ။
နီးကပ်သွားတဲ့အခိုက်တန့် မျက်နှာပေါ်မှာယှက်ပြေးသွား‌သည့် လေနွေးနွေးနှင့်အတူယှဉ်တွဲပါလာတတ်တဲ့ အနမ်းရှိန်းရှိန်းတွေသည် အိပ်မက်တွေမှနိုးထလာသည်အထိ ဖျောက်ဖျက်မရခဲ့ ။
နီလို့ရဲရဲ သူ့နှုတ်ခမ်းတွေနဲ့ Afa.ရဲ့နှုတ်ခမ်း‌သားလွှာတွေအပေါ် ဖိနှိပ်လိုက်တဲ့ တံဆိပ်တစ်ခုပမာ ဆွဲကာကျန်နေခဲ့၏ ။

တကယ်တော့ အိပ်မက်ဆိုတာဟာ နှလုံးသားကတောင်းဆိုတဲ့ ဆုတောင်းတဲ့ . . . ။

" ဟင့်အင်း မဟုတ်ဘူး . . . "

Afa သည် လှိုက်ခနဲတုန်သောရင်ကို ဖိထားရင်း ခေါင်းကိုအတင်းခါပစ်လိုက်မိသည် ။

‌ရှက်သွေးဖြာ၍ တစ်ကိုယ်လုံးပူနွေးလာသော‌ ကောင်မလေးသည် အမှန်တကယ်အနမ်းခံခဲ့ရပြီး ၊ အနမ်းခိုးသူ၏ သရုပ်မှန်ကို ဘယ်တော့မှသိနိုင်တော့မည်မဟုတ် ။
ထိုအဖြစ်အပျက်အား ထိုနေ့ညက ထွန်းလင်းသောလမင်းကြီးနှင့် တေးဆိုသော ပုစဉ်းရင်ကွဲကောင်လေးများသာ သက်သေပြုခဲ့ကြလေသတည်း ။

_____________________________

" နွေးနွေးထွေးထွေးနေပြီး အစားကိုသေချာစားရင် ပုံမှန်‌လှုပ်ရှားမှုတွေကို ပြန်လုပ်နိုင်‌လာမှာပါ ၊ ဒါပေမယ့် ခန္ဓာကိုယ်အပေါ်ဝန်ပိစေမယ့် အလုပ်ကြမ်းတွေကိုတော့ တားမြစ်ပါတယ် . . . . . "

သမားတော်ငယ်သည် Afa ၏လက်ကောက်ဝတ် သွေးပြန်ကြောကို ခပ်ဖွဖွစမ်းနေရင်း နှုတ်မှလဲတတွတ်တွတ်မှာကြားနေလေသည် ။

ထိုသမားတော်ငယ်သည် Afa အား မေ့မျောနေသောကာလအတွင်း စောင့်ကြည့်ပေးခဲ့သော သမားတော်ပဲဖြစ်သည် ။
အချိန်အတော်ကြာအောင် ပြုစုခဲ့ရသောလူနာမို့လားမသိ ၊ အနှီသမားတော်ငယ်သည် Afa အား အလွန်ဂရုစိုက်ကာ တလေးတစားလဲ‌ဆက်ဆံ၏ ။

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒီအတောအတွင်း Afa ကြောင့် ပင်ပန်းသွားရပြီ "

ထိုစကားကို Afa က အပြုံးလေးနဲ့ ဆိုလိုက်သောအခါ ဆေးမြစ်များကို ထုတ်ပိုးပေးနေသော သမားတော်လေးသည် တစ်ကိုယ်လုံးတုန်ယင်သွားကာ အကြည့်အမြန်လွှဲသည် ။
ထို့နောက် ဦးခေါင်းတစ်ခုလုံးပြုတ်ထွက်လုမတတ် လည်နေအောင်ခါယမ်းကာ ငြင်း၏ ။

" ရ . . . ရပါတယ် , ကျွန်တော်က တာဝန်အရလုပ်တာပါ ၊ ကျေးဇူးတင်စရာမလိုပါဘူး . . . . ပြီးတော့ ရင်းနှီးသလိုမဆက်ဆံပါနဲ့ ဗျာ . . . "

ထိုအခါ Afa လဲ စိတ်မကောင်းဖြစ်သွားရသည် ။
ဒါပေမယ့်လည်း Afa. လိုအဆင့်အတန်းနဲ့လူတစ်‌ယောက်ကို ဖော်ဖော်ရွေရွေဆက်ဆံလိုပုံမရသော သမားတော်လေးကို အပြစ်မတင်လို ။
တစ်လလောက်အေးချမ်းနေခဲ့ရတာနဲ့ပဲ ကိုယ့်နေရာကိုယ်မမေ့သင့် ။

သေးငယ်သထက်သေးသွားသော မျက်နှာငယ်လေးကို မြင်တော့ သမားတော်ငယ်သည် သူမအားအခြေအနေကို ရှင်းပြဖို့စဉ်းစားမိသည် ။
‌သို့သော် စကားလုံးတွေ လမ်းတစ်ဝက်၌တစ်နေကာ ထွက်မလာ ။
တစ်နေ့ညက သူမျက်မြင်တွေ့ခဲ့ရတဲ့ ဧကရာဇ်ရဲ့အမူအရာသည် ဝတ်ရည်စုပ်မည့်ပျားပုတုံးလို ပန်းကလေးနားမှာ ရစ်သီရစ်သီ ၊ တဝဲလည်လည် ။
နတ်ဆိုးဘုရင်ကြီးက ကျွန်မလေးကို ဘာဘာညာညာ . . . ။

မဖြစ်သေး ။
ဒီစကားကို ဘယ်လိုမှ ကွက်ကွက်ကွင်းကွင်း ထုတ်မပြောရဲ ။
‌နှုတ်မစောင့်လို့ အသက်ပျောက်ရမည့်အဖြစ်တော့ အရောက်မခံနိုင် . . . ။
သူ မပြောရင်လဲ တစ်ချိန်တော့ သူမသိလောက်ပါမည် ။
လျှို့ဝှက်ချက်ဆိုတာ ဖုံးကွယ်ထားလို့ရပေမယ့် ခံစားချက်တွေကိုတော့ဖုံးကွယ်ရရိုးမရှိ ။
သမားတော်လေးသည် ထိုသို့ဆုံးဖြတ်ကာ နှုတ်ပိတ်နေလိုက်တော့သည် ။

" အဟမ်း ! ‌ သေချာတာကတော့ အေးတဲ့ကြမ်းပြင်မှာထပ်ပြီး အိပ်ရမှာမဟုတ်တော့ ၊ ‌တဖြေးဖြေးကောင်းသွားမှာပါ
ဒါပါပဲ ကျွန်တော်အလုပ်ရှိ‌သေးလို့ ခွင့်ပြုပါဦး "

Afa တောင်ပြန်ပြီး မနှုတ်ဆက်လိုက်ရ ။
သမားတော်ငယ်သည် အခန်းအတွင်းမှ ခပ်သုတ်သုတ်ထွက်သွားတော့သည် ။
မသိရင် Afa ဟာ အန္တရာယ်တစ်ခုလို ။
လူအများ၏ ‌ကျဉ်ဖယ်ခြင်းကို အသားကျနေသော်လည်း ၊ ကြောက်ရွံ့ခံရခြင်းက ဒါပထမဆုံးဖြစ်၏ ။

ရေခဲမြစ်ကြီးအရည်ပျော်၍ ပြောင်းလဲခဲ့ပြီဖြစ်သော ရာသီဥတုအခြေအနေအား မသိနိုင်ခဲ့သော ငှက်ငယ်ကလေးသည် နတ်ဆိုးတစ်ကောင်၏ ခံတွင်းဝမှာ အေးချမ်းစွာ နားခိုလျက် ။

______________________________

Xavia နန်းတော်ပတ်လမ်းသည် မီးတောင်ကျောက်နက်တို့ဖြင့် ခင်းကျင်းထားတာ‌ကြောင့် ထင်းကာနေသည် ။
မီးတောင်ကျောက်နက်ဟူသည် တစ်နှစ်ပတ်လုံး အပူဓာတ်ကိုသိုလှောင်ထားနိုင်သော ‌မီးကျောက်များဖြစ်၍ နှင်းမှုန်တို့သည် ကျောက်သားနဲ့ထိတွေ့သည်နှင့် အရည်ပျော်သွားကြ၏ ။
ကောင်းကင်ယံမှ လှိမ့်ဆင်းလာသော နှင်းဖြူတို့က လမ်းဘေးမြေပြင်ပေါ်၌ ပွကျဲကာ အနက်ရောင်ပတ်လမ်းကြီး၏ဗိသုကာကို ပိုမိုပေါ်လွင်စေသည် ။
ကွေ့ကောက်နေတဲ့ နန်းတော််ပတ်လမ်းသည် တိမ်ဖြူတွေကြား တွန့်သွားပျံ့လွှားနေသော နဂါးနက်ကြီးပမာ . . . ။
သည်လိုမြင်ရ‌အောင်ပဲ ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့ကြသည်ဟုလဲ သမိုင်းကရှိ၏ ။

‌ထိုကဲ့သို့ ခမ်းနားကြီးကျယ်သော လမ်းပေါ်သို့ ခြေချခွင့်ရခြင်းသည် သာမန်အရပ်သားတစ်ယောက်အတွက် မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်း‌အပ်‌သော ဂုဏ်ယူစရာကိစ္စပင် ။
ဒါကြောင့် ရှေ့ကလမ်းပြသော ဧကရာဇ်၏လက်ပါးစေသူရဲကောင်း၏ အနောက်မှ လိုက်ပါလာသော အသက်လတ်ပိုင်း အရပ်သားကြီးသည် ကြွရွသောခြေလှမ်းတို့ဖြင့် ခပ်မြောက်မြောက်လျောက်၏ ။
ဧကရာဇ်မင်းကိုယ်တိုင်က မိမိအားတကူးတက အခေါ်တော်ပါးခြင်းဖြစ်သည် ။
မည်သူက ဂုဏ်မဆာပဲနေမည်နည်း ?

သို့သော် တစ်ဖက်ကလဲ စိုးရိမ်ပူပန်မိသည်။
ငယ်ရွယ်သော ဧကရာဇ်မင်း၏ အမြတ်ကြီးပုံတို့သည် ပုံပြင်မဟုတ် ။
နန်းတက်စဉ်ကတည်းက သွေးချောင်းစီးကာ ၊ အမြတ်သင့်လျှင် ခေါင်းပြတ်သည့် သာဓကများစွာရှိ၏ ။
‌ဒါပေမယ့် အဆိုးရွားဆုံးမှာ ခေါင်းဖြတ်သတ်ခြင်းမဟုတ် ။
လူအရှင်လတ်လတ်ကို ရေခဲရိုက်ခြင်း ၊ အာခေါင်ထဲအရည်ပူလောင်းချကာ တပိုးနင့်အောင်ကျွေးပြီးသတ်ခြင်း စသောစသောလူမဆန်သည့် အပြစ်ဒဏ်များလဲရှိသေးသည်ဟု ကြားဖူးနားဝရှိသည် ။
ထို့ကြောင့် ဧကရာဇ်ကို ဖူးမျှော်ရခြင်းတွင် ကံကောင်းမှုချည်းပဲမဟုတ် ။

" ဒီမှာစောင့်နေ "

ရှေ့ကလျောက်နေသောသူရဲကောင်းက အရပ်သားကြီးကို အမိန့်ပေးလေသည် ။
အ‌တွင်း‌ဆောင်ထဲ အတန်ကြာအောင်လျောက်ဝင်လာခဲ့ပြီးနောက်ဆုံး လွန်စွာကြီးမားလှသော တံခါးချပ်ကြီး၏အရှေ့၌ ရပ်ခိုင်းသည် ။
ပြီးနောက် သူရဲကောင်းမှာ တံခါးမကြီးကို သုံးချက်ခေါက်ကာ အထဲဝင်သွားလိုက်သည် ။
တအောင့်အကြာ အပြင်သို့ပြန်ထွက်လာကာ ၊ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာတစ်ခုလုံးဖြူယော်နေသော အရပ်သားကြီးအား ပြောလေသည် ။

" ဝင်သွား "

ထိုသည်နှင့် အရပ်သားကြီးသည် တုန်တုန်ယင်ယင်ဖြင့် အခန်းထဲဝင်ခဲ့လိုက်၏ ။
အခန်းကြီးသည် လွန်စွာကြီးမားကာ အရှည်ကြီးဖြစ်သည် ။
သို့သော် အခန်း၏ခမ်းနားပုံကိုသတိမထားမိ ။
အဘယ်ကြောင့်ဆိုသော် မျက်စိရှေ့တွင် ရွှေမှင်တံကိုကိုင်ရင်း စာလွှာတစ်ခုကို ဖတ်ရှုနေသည့် ၊ နတ်တစ်ပါးပမာကြည်လင်တဲ့ အရောင်အဝါရှိသော ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသောကြောင့်ပင်တည်း ။

မျက်လွှာချထားသဖြင့် စင်းကျနေသောမျက်တောင်နက်နက်တို့သည် လွန်စွာရှည်လျား၏ ။
ကြွေထည်ပမာဖြူစွတ်‌သောအသားအရည်နှင့် နီထွေးသော နှုတ်ခမ်းနီနီတို့သည် ဆွဲဆောင်မှုရှိစွာ ပြည့်ဖူးလျက် တင်းတင်းစေ့ထားနေသည် ။
မာကျောသည့် မျက်နှာအမူအရာကြောင့် သူ၏အလှတရားသည် ‌နှင်းတောင်ထိတ်မှ ရေခဲပန်းပွင့်ပမာ . . . ။
လူသားတို့ထိတွေ့လျှင် သွေးခဲကာ သေဆုံးလိမ့်မည်ထင်သည် ။

အံ့ဩမှင်သက်နေသော အရပ်သားကြီးကို Ash ၏ အနောက်၌ရပ်နေသော Alexander က ချောင်းဟန့်ကာသတိပေးလိုက်သည် ။
ထိုအခါမှ အိပ်မက်ကနိုးလာသောသူလို အရပ်သားကြီးသည် လျင်မြန်စွာဒူးထောက်ချကာ နှဖူးကိုကြမ်းပြင်ထပ် အပ်ထားလိုက်သည် ။

" ဧကရာဇ်မင်းမြတ်ကို နိမ့်ကျတဲ့ ဒီကျွန်ကဖူးမျှော်ပါတယ် "

ထိုကျယ်လောင်သောအသံကြီးက Ash ၏ အာရုံထဲဝင်ရောက်သွား၏ ။

Ash သည် ကြမ်းပြင်ပေါ်၌ဝပ်နေသော ခပ်ဝဝယောင်္ကျားကြီးကို အကဲခတ်လိုက်သည် ။
ထိုလူကြီးသည် မင်းနေပြည်တော်ဖြစ်‌သည့် Xavar မြို့ကြီးတစ်ခုလုံးတွင် အတော််ဆုံး‌တိရစ္ဆာန်လှောင်အိမ်လုပ်သမားကြီးဟုကြားသိရ၍ ခေါ်တော်လွှတ်ခဲ့ခြင်းဖြစ်သည် ။
ဧကရာဇ်နှင့် ဤသို့အတားအဆီးမရှိ တိုက်ရိုက်တွေ့ခွင့်ရခြင်းသည် ခပ်ပေါ့ပေါ့ကိစ္စတစ်ခုမဟုတ် ။
အပြင်ကကြားလျှင် ဘာမဟုတ်ပဲရှုပ်ထွေးဦးမည်ဖြစ်သည် ။
ဒါ့အပြင် ညီလာခံမှာ အဖိုးကြီးတစ်စုရဲ့ အရစ်ထုပ်ကိုလဲ ခံရဦးမည်ဖြစ်သည် ။

ဒါဆိုရင် သူဘာကြောင့် ဒီလိုလုပ်ရသလဲ မေးခွန်းထုတ်စရာရှိသည် ။

Ash : " ကိုယ်တော် လှောင်အိမ်တစ်ခုအလိုရှိတယ် "

ကြည်လင်သောအသံသည် ကန်ရေပြင်လိုတည်ငြိမ်လျက် ။
ဘာအနက်အဓိပ္ပါယ်မှမပါ ။
အလိုရှိရာကို တည့်တိုးမိန့်ဆိုခြင်းဖြစ်သည် ။

ထိုသို့ ပြတ်သားသောစကားသံကို ကြားသောအခါ လှောင်အိမ်လုပ်သမားကြီးသည် စိတ်သက်သာရာရသွား၏ ။
အသားလွတ်အမြတ်ထွက် ဒေါသကြီးတတ်သည်ဟုပြောကြသော ဧကရာဇ်သည် ကောလဟာလများထဲကလိုမဟုတ် ။
အရပ်သားကြီး၏အမြင်၌ အရှင်သခင်သည် သူ၏အိမ်မွေးတိရစ္ဆာန်ကလေးအတွက် လှောင်အိမ်တစ်ခုဆောက်လုပ်ပေးချင်သော ဆယ်ကျော်သက်ကောင်လေးတစ်‌ယောက်အဖြစ် ရုတ်ချည်းပြောင်းသွားလေသည် ။
ထိုကြောင့် ဝမ်းသာအားရ ဖြေကြားလိုက်သည် ။

" အရှင်မင်းမြတ် အမိန့်ရှိပါ ၊ ဒီကျွန်က အစွမ်းကုန်ဖြည့်ဆည်းပေးဖို့ အသင့်ပါပဲ "

တက်ကြွနေသော လှောင်အိမ်လုပ်သမားကြီးကို မြင်တော့ Ash သည် စဉ်းစားနေမိသည် ။
သူလိုချင်တဲ့ လှောင်အိမ်ကနည်းနည်းတော့ထူးခြားသည် ။
ဒီလူကြီး တတ်နိုင်မည်လော ?

ဧကရာဇ်၏ တွေနေသောမျက်နှာတော်ကို သတိထားမိတဲ့ အရပ်သားကြီးက ရိုကျိုးစွာလျောက်တင်လိုက်သည် ။

" သားရဲက ဘယ်လိုသားရဲမျိုးလဲဆိုတာက အရေးကြီးပါတယ် အရှင် ၊ ဒါမှ ဘယ်လိုလှောင်အိမ်အမျိုးအစားနဲ့သင့်လျော်မလဲ ကျွန်တော်မျိုးခန့်မှန်းနိုင်မှာ မို့လို့ပါ "

အလုပ်သမားကြီး၏လျှောက်ကြားမှုကို ကြားသော် Ash သည် သူ၏ ' သားရဲကလေး ' ကို ပြေးမြင်ယောင်လိုက်၏ ။
သေးငယ်သော မျက်နှာလေးရှိကာ ၊ သေးငယ်သော ခြေလက်ကလေးတွေရှိသည် ။ ပျားဝတ်ရည်ပမာ တောက်ပသောမျက်ဝန်းညိုများနှင့် သနားဖွယ်အမူအရာလေးတွေပြုမူတတ်၏ ။

တသသတွေးရင်း ပြုံးစစဖြစ်လာ၏။

Ash : " ရွှေညိုရောင်အမွှေးတွေရှိတယ် . . .အရွယ်အစား ဒီလောက်ရှိတယ် "

ဧကရာဇ်သည် ခပ်တိုတိုပဲမိန့်လေ၏ ။
လှောင်အိမ်လုပ်သမားကြီးသည် လမ်းပျောက်ရပြီ ။

" ကျားသစ်တစ်ကောင်များလား အရှင် ?
ဒါ. . . ဒါမှမဟုတ် ရွှေညိုရောင်ဝက်ဝံ . . . ? "

စမ်းတဝါးဝါးခန့်မှန်းရင်း အရှင်သခင်၏မျက်နှာအမူအရာကို အကဲခတ်မိတော့ မျက်မှောင်တွေတွန့်ကွေးနေ၏ ။
သိပါပြီ ။
ခန့်မှန်းချက်မှားပြီဖြစ်သည် ။
ကျားသစ်ရော ၊ ဝက်ဝံရောမဟုတ် ။
ဒါဆိုရင်ဘာလဲ ?
အရှင်သခင်သာ ခပ်ရှင်းရှင်းပြောလိုက်ရင် ဘယ်လောက်ကောင်းလိုက်လေမလဲနော် ။

လှောင်အိမ်သမားကြီးသည် စိတ်ထဲကနေသာ ငြီးတွားနိုင်သည် ။
ဧကရာဇ်ရဲ့ မျက်နှာတည့်တည့် ' ဘာကောင်လဲ သေချာပြောကွာ ' ဆိုပြီး မေးမြန်းလို့ရတာမှမဟုတ်တာပဲ. . . ။
ဘုရင်က မပြောချင်ရင် မပြောဘူးပေါ့ ။

အခက်တွေ့နေသော အရပ်သားကြီးကို သနားမိတဲ့ Alexander က ဝင်ထောက်ရန်ကြိုးစားသည် ။

Alexander : " ငှက်ကြီးမျိုးများဖြစ်နေမလား အရှင် ? "

ထိုမေးခွန်းကို ကြားတဲ့ဧကရာဇ်မှာ အလိုမကျဖြစ်သွား၏ ။

Ash : " Alexander , ကိုယ်တော်က ရုပ်ဆိုးတဲ့သတ္တဝါတွေကို အိပ်ဆောင်ထဲခေါ်ထားမလား ? သေချာပေါက် ကိုယ်တော်မွေးမယ့်အကောင်လေးဟာ ချစ်စရာကောင်းတယ် . . .
လူတစ်ရပ်စာကျော်ကျော်ရှည်ပြီး လူတစ်ရပ်စာ‌ကျော်ကျော်ကျယ်ဝန်းတဲ့ လှောင်အိမ်မျိုးကို လိုချင်တယ် "

ထိုသို့ မျက်မှောင်ကျုံ့ကာ မာထန်ထန်မိန့်ကြားလိုက်မှ စေကျွန်နှစ်ယောက်မှာ ပင့်သက်ချသွားရသည် ။
အစတည်းက အဲ့သလိုမိန့်ခဲ့ရင်ပြီးတာပဲကိုလေ . . . ။

အရပ်သားကြီးသည် ဧကရာဇ်မင်း အိပ်‌ေဆာင်ထဲမှာ ထည့်မွေးမည့် ချစ်စရာသတ္တဝါ‌၏ သရုပ်မှန်ကို သိချင်ကြပါသော်လည်း ဆက်မမေး‌တော့ ။
အရှင်သခင်ကလိုချင်သော လှောင်အိမ်ပုံစံကို စိတ်မှန်းဖြင့်ရှင်းပြ အတည်ပြုလိုက်သည် ။
နောက်ဆုံးအဖြေက အလိုရှိနေသော လှောင်အိမ်ဆိုသည်မှာ အိမ်မွေးခွေးကလေး ၊ ကြောင်ကလေးကို ထည့်ထားလေ့သော လှောင်အိမ်ပုံစံအကြီးစားသာဖြစ်သည် ။
ဆန်းပြားသည်က ဧကရာဇ်မင်းပြောသော လှောင်အိမ်သည် လှောင်အိမ်မဆန်ပဲ အိပ်ယာလေးတစ်ခုပါသည့် ရွေ့ပြောင်း၍ရသော ခပ်လှလှအခန်းငယ်လေးပင်ဖြစ်ပေတော့သည် ။

လှောင်အိမ်ဆောင်သမားကြီးပြန်သွားပြီးနောက် ၊ ခဏကတည်းက အဖြေအတိအကျမရသေးသော Alexander က မေးလေသည် ။

Alexander : " အရှင် , ဘယ်တုန်းက အိမ်မွေးတိရစ္ဆာန်တစ်ကောင်ရလိုက်တာလဲ ? အရှင့်ရဲ့အနားမှာ တစ်ချိန်လုံးရှိနေရတဲ့ ကျွန်တော်တောင်မသိလိုက်ဘူး "

Alexander ၏ မေးခွန်းမှာ သံသယတွေပါ၏ ။

Alexander ဟာ Kai လောက် Ash ရဲ့စိတ်ကို မခန့်မှန်းနိုင်ပေမယ့်လည်း ၊ အများသူငါထပ်တော့ ပိုနားလည်နိုင်ပါသည် ။
နန်းတော်အပြင်က အရပ်သားတစ်ယောက်ကို ရုတ်တရက်ခေါ်‌ပြီး အမည်မသိသားရဲတစ်ကောင်အတွက် နေစရာဆောက်ခိုင်းသည်တဲ့ . . . ။
ဒါ့အပြင် အနှီအေးစက်သော လူသားသည် အပြုံးတစ်ခုနဲ့ ' ချစ်စရာ ' ဆိုသော စကားလုံးကို သံသယဖြစ်စရာကောင်းအောင် သုံးနှုန်းခဲ့၏ ။
ဤကိစ္စသည် ရိုးရိုးသားသား ' ချစ်စရာအိမ်မွေးသတ္တဝါလေးအတွက် လှောင်အိမ်ကလေး‌ဆောက်ပေးပါ ' ဆိုတဲ့ အဓိပ္ပါယ်မဟုတ် ။
တစ်စုံတစ်ခုတော့လွဲနေပြီ ။
Alexander သည် မိမိ၏ စိတ်အာရုံမှခံစားမိနေသည် ။

ပြီးတော့ အဲသည်မျက်နှာလှလှပေါ်က အပြုံးလို့မခေါ်နိုင်တဲ့ ညစ်ကျယ်‌ကျယ်အပြုံးတစ်ခု. . . ။

ဦးနှောက်ထဲ အတွေးပေါင်းများစွာနှင့် ဧကထောင်ချီ ခရီးနှင်နေပြီဖြစ်သော Alexander ၏ မျက်နှာတည်ကြီးက စိတ်ပူပန်နေတာ သိသာ၏ ။
ထိုသည်ကို ရိပ်မိတဲ့ Ash သည် ရယ်ကျဲကျဲသာ မိန့်လိုက်သည် ။

Ash : " ကိုယ်တော့်အနားမှာ တစ်ချိန်လုံးရှိိနေခဲ့တာ ၊ Alexander မင်းမှာက ချစ်စရာကောင်းတာလေးတွေကို မြင်တတ်တဲ့အမြင်မှမရှိတာကွ ဘယ်သိပါ့မလဲ ဟား ဟား ဟား "

အဖြစ်မှန်မှာ ဖုန်တက်နေပြီဖြစ်သော မောင်းမဆောင်တံခါးဖွင့်သည်မဟုတ်ပဲ ၊ သွေးအေးရက်စက်သောရှင်ဘုရင်လေး၏ နှလုံးအိမ်တံခါးသည် အနည်းငယ်ပွင့်ဟသွားခြင်းသာဖြစ်၏ ။
မေးခွန်းမှာ ထိုနှလုံးအိမ်ထဲ ဝင်ရောက်နေထိုင်မည့် ကံဆိုးလှ‌သောသူလေးသည် မည်သူဖြစ်မည်နည်း ?

_______________________________

_______________________________

#Zawgyi

" ေသေဘးကို တစ္ႀကိမ္ေရွာင္ႏိုင္တာဟာ တိုက္ဆိုင္မႈလို႔ဆိုႏိုင္ေပမယ့္ ၊ ဒုတိယအႀကိမ္ကေတာ့ ကံၾကမၼာပဲ "

အဖိုးအိုက ထိုသို႔ဆိုေလသည္ ။
ႏြမ္းပါးေသာအဝတ္ၾကမ္းကို ခႏၶာကိုယ္၌ ဝတ္ဆင္ထားေသာ္လည္း အဖိုးအိုသည္ ႏႈတ္မွပညာရွိစကားကိုဆိုသည္ ။
အသက္အ႐ြယ္ေၾကာင့္ မ်က္ႏွာမွအေရျပားတို႔သည္ တြန႔္႐ြဲေနၿပီျဖစ္ေသာ္လည္း ၾကည့္မေကာင္းေနျခင္းမဟုတ္ပဲ ၊ နက္နဲမႈနဲ႔ ရင့္က်က္ျခင္းတို႔ကို ေဖာ္က်ဴးေန၏ ။
ထိုအဖိုးအိုသည္ အျခားမဟုတ္ ၊ Raven အင္ပါယာ၏ သစၥာရွိပေရာဟိတ္ႀကီးပင္ျဖစ္သည္ ။

" ဒါေပမယ့္ ႏွစ္ႀကိမ္စလုံး နဂါးနက္ရဲ႕ကယ္တင္ျခင္းကိုခံခဲ့ရတယ္ဆိုတဲ့အခ်က္ဟာ သတိျပဳစရာပဲ . . . . .
ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ေစ အသက္သခင္လဲျဖစ္ အဆင္းလဲလွတဲ့ေယာက်ၤား‌တစ္ေယာက္အေပၚ ငယ္သူတို႔ရဲ႕သေဘာသဘာဝအရ စိတ္ယိုင္မိရင္လဲအျပစ္မဟုတ္ပါဘူး "

ထိုစကားကိုၾကားေတာ့ ကုတင္ေပၚမွာ ႏႈတ္ဆိတ္ကာလွဲေနတဲ့ Afa တစ္ေယာက္ တုန္လႈပ္သြားရသည္ ။
ဤေလာက၌ နဂါးနက္ဆိုတာဟာ Xavia ရဲ႕ ဘုရင္ေတြကို တင္စားတဲ့အေခၚအေဝၚျဖစ္ေၾကာင္း လူသားတိုင္းသိသည္ ။

Afa က ထိုသူကို . . . ?
ပေရာဟိတ္ႀကီးက ဘာေၾကာင့္ Afa ကို ဒီလိုစကားေျပာရတာလဲ ?
ဘာအဓိပၸါယ္လဲ ?

အဆင္းလွတဲ့ေယာက်ၤားဆိုတဲ့ အသုံးအႏႈန္းသည္ မ်က္လုံးထဲျမင္ေယာင္မိလိုက္ေသာ လူသား၏အလွတရားအတြက္ မလုံေလာက္ ။
ဒါေပမယ့္ Afa ဟာ အဲဒီေယာက်ၤားအေပၚ စိတ္ကူးထဲမွာေတာင္ ရင္ခုန္မိဖို႔မရဲတာျဖစ္သည္ ။
ထိေတြ႕ခံစားၾကည့္႐ုံနဲ႔ ေသတန္တဲ့အလွမို႔ ။
အခုလိုအေတြးဝင္မိတာကိုက မတန္တရာ ။
Afa ဟာ ထိုသူရဲ႕ မ်က္လုံးထဲမွာ စူးေနတဲ့ဖုန္တစလိုပဲ ၊ အႏွိပ္စက္ခံ ကြၽန္မေလးတစ္ေယာက္သက္သက္သာ ။

ေနေရာင္ေအာက္ ေ႐ႊအိုေရာင္မ်ားယွက္ေျပးေနသကဲ့သို႔ အရည္လဲ့ေသာမ်က္ဝန္းညိဳေလးမ်ားသည္ အေတြးနယ္ထဲ ေထြျပားသြား၏ ။
ပါးလ်ေသာႏႈတ္ခမ္းေလးမ်ား ေျဖးညႇင္းစြာ ပြင့္ဟသြား‌ေပမယ့္ ခြန္းတုံ႔ျပန္လာျခင္းမရွိ ။
ျမင္သာသည္က မ်က္ႏွာ‌ေပၚမွ အားငယ္မႈတို႔ျဖစ္သည္ ။

ထိုသည္ကို ေဘးနားမွ ပေရာဟိတ္အိုႀကီးသည္ တိတ္ဆိတ္စြာအကဲခတ္ေနေလေတာ့သည္ ။
အႏွီအဖိုးႀကီးသည္ နဂိုတည္းက ေမွးစင္းေသာမ်က္လုံးအိမ္တို႔ရွိသူမို႔ ၊ သူဘာေျပာေျပာ ဖုံးကြယ္ထားတဲ့ဗေဟဠိမ်ားပါဝင္ေနသည္လို႔ တစ္ဖက္လူကို အထင္ေရာက္ေစသည္ ။
ေလေျပထဲက ပန္းခ်ယ္ရီေလးမ်ားသကဲ့သို႔ ယိမ္းႏြဲ႕ေနတဲ့မိန္းမငယ္ေလး၏စိတ္ႏွလုံးကို အဖိုးႀကီးသည္ မျမင္ေယာင္ေဆာင္ခဲ့ၿပီး ႏႈတ္ဆက္ကာ လူနာေဆာင္မွထြက္ခဲ့သည္ ။

ဤနန္းေဆာင္ႀကီးသည္ လူနာေဆာင္ဟုအမည္တပ္ေနရေသာ္လည္း အမွန္တကယ္မွာ အဆင့္နိမ့္ကိုယ္လုပ္ေတာ္မ်ားကို ယာယီေနရာခ်ေလ့ရွိေသာ နန္းေဆာင္သာျဖစ္၏ ။
အဆင္အယင္မွာ မိန္းမပ်ိဳေလးမ်ား၏အႀကိဳက္ ျပင္ဆင္ထားတာေၾကာင့္ ေသသပ္လွပၿပီး ၊ နိမ့္က်တဲ့ စစ္သုံ႔ပန္းတစ္ေယာက္အတြက္ မသင့္ေလ်ာ္လွေပ ။

ဒါကို ဘယ္သူၾကည့္ၾကည့္ ရိပ္မိၿပီျဖစ္သည္ ။
Afa အေပၚမွာထားရွိတဲ့ Xavia ဧကရာဇ္ရဲ႕သေဘာထားဟာ မ႐ိုးရွင္းေတာ့ေပ. . . ။
နန္းတက္စတည္းက ပိတ္ထားတဲ့ ေမာင္းမ‌ေဆာင္ဟာ ေနာက္ဆုံးေတာ့တံခါးဖြင့္မယ့္အခ်ိန္ကာလကို ေရာက္ခဲ့ၿပီေလာ ?

နန္းေတာ္ထဲ စစ္ႏိုင္သူရွင္ဘုရင္ႏွင့္ စစ္သုံ႔ပန္းကြၽန္မေလးတို႔ၾကားက စည္းျခားထားတဲ့အခ်စ္ပုံျပင္ေလးတစ္ပုဒ္ ပါးစပ္ရာဇဝင္တြင္ေနေၾကာင္း Afa သည္ အဘယ္သို႔သိႏိုင္မည္နည္း ။
သူမသည္ တစ္လ‌နီးပါး ေမ့ေမ်ာေနခဲ့ၿပီး ရက္ပိုင္းကမွ သတိရတာျဖစ္သည္ ။
မ်က္လုံးဖြင့္တဲ့အခိုက္ မိုးနဲ႔ေျမလိုကြာျခားသြားတဲ့ ပတ္ဝန္းက်င္ကို Afa အသားမက်ႏိုင္ေသး ။
ေဘးနားကလူေတြရဲ႕ Afa အေပၚ ဆက္ဆံၾကပုံဟာလဲ ေမးခြန္းထုတ္စရာျဖစ္ေနၿပီ ။
ဒါေပမယ့္ ဘယ္ေလာက္ပဲ ေျပာင္းလဲသြားပါေစ ၊ ထိုသူနဲ႔ေဝးေဝးေနေနရတာမို႔ Afa အဖို႔ သက္ေတာင့္သက္သာျဖစ္ေစတာကအမွန္ ။

မီးေတြေတာက္ေလာင္ေနေပမယ့္ ထိေတြ႕မိတိုင္း ေအးခဲသြားရတဲ့ မ်က္ဝန္းတစ္စုံ ၊ စူးထက္တဲ့စကားလုံးေတြနဲ႔ ထိခိုက္နာက်င္ေစေသာ္လည္း မထင္မွတ္တဲ့အခ်ိန္ေတြမွာ တစိမ့္စိမ့္ေႏြးေစတဲ့ ႏႈတ္ခမ္းနီနီေတြ . . . ။
ထိုသူဟာ အဲသေလာက္အႏၲရာယ္ႀကီးတာပဲျဖစ္သည္ ။
တခါတေလ ျပတ္သားသေယာင္ထင္ရေပမယ့္ တခါတေလ ေတြေဝေနတတ္တာက Afa ရဲ႕အျမင္ပဲမွားေနသလား ။
ေရေအးစီးေၾကာင္းေတြနဲ႔ ေရေႏြးစီးေၾကာင္းေတြ ေရာယွက္တည္ရွိေနတဲ့ ခန႔္မွန္း၍မရေသာ မဟာသမုႏၵရာႀကီးလို လူပဲျဖစ္သည္ ။

ဒါကို ဘယ္လိုသတၱိ‌မ်ိဳးနဲ႔ ရင္ခုန္လို႔ရဲမွာလဲ ?

ထိုသို႔အေတြး‌ေလးဝင္ေရာက္ခ်ိန္ စိတ္ကိုေဖာက္ျဖားေစတဲ့ အိပ္မက္‌မ်ားကိုသတိရမိသည္ ။
ႏႈတ္ခမ္း‌ေပၚက ႏူးညံ့တဲ့အထိအေတြ႕ေတြဟာ သိပ္ကိုစစ္မွန္ေနခဲ့သည္ ။
နီးကပ္သြားတဲ့အခိုက္တန႔္ မ်က္ႏွာေပၚမွာယွက္ေျပးသြား‌သည့္ ေလေႏြးေႏြးႏွင့္အတူယွဥ္တြဲပါလာတတ္တဲ့ အနမ္းရွိန္းရွိန္းေတြသည္ အိပ္မက္ေတြမွႏိုးထလာသည္အထိ ေဖ်ာက္ဖ်က္မရခဲ့ ။
နီလို႔ရဲရဲ သူ႔ႏႈတ္ခမ္းေတြနဲ႔ Afa.ရဲ႕ႏႈတ္ခမ္း‌သားလႊာေတြအေပၚ ဖိႏွိပ္လိုက္တဲ့ တံဆိပ္တစ္ခုပမာ ဆြဲကာက်န္ေနခဲ့၏ ။

တကယ္ေတာ့ အိပ္မက္ဆိုတာဟာ ႏွလုံးသားကေတာင္းဆိုတဲ့ ဆုေတာင္းတဲ့ . . . ။

" ဟင့္အင္း မဟုတ္ဘူး . . . "

Afa သည္ လႈိက္ခနဲတုန္ေသာရင္ကို ဖိထားရင္း ေခါင္းကိုအတင္းခါပစ္လိုက္မိသည္ ။

‌ရွက္ေသြးျဖာ၍ တစ္ကိုယ္လုံးပူေႏြးလာေသာ‌ ေကာင္မေလးသည္ အမွန္တကယ္အနမ္းခံခဲ့ရၿပီး ၊ အနမ္းခိုးသူ၏ သ႐ုပ္မွန္ကို ဘယ္ေတာ့မွသိႏိုင္ေတာ့မည္မဟုတ္ ။
ထိုအျဖစ္အပ်က္အား ထိုေန႔ညက ထြန္းလင္းေသာလမင္းႀကီးႏွင့္ ေတးဆိုေသာ ပုစဥ္းရင္ကြဲေကာင္ေလးမ်ားသာ မ်က္ျမင္သက္ေသျပဳခဲ့ၾကေလသတည္း ။

သမားေတာ္ငယ္သည္ Afa ၏လက္ေကာက္ဝတ္ ေသြးျပန္ေၾကာကို ခပ္ဖြဖြစမ္းေနရင္း ႏႈတ္မွလဲတတြတ္တြတ္မွာၾကားေနေလသည္ ။

" ေႏြးေႏြးေထြးေထြးေနၿပီး အစားကိုေသခ်ာစားရင္ ပုံမွန္‌လႈပ္ရွားမႈေတြကို ျပန္လုပ္ႏိုင္‌လာမွာပါ ၊ ဒါေပမယ့္ ခႏၶာကိုယ္အေပၚဝန္ပိေစမယ့္ အလုပ္ၾကမ္းေတြကိုေတာ့ တားျမစ္ပါတယ္ . . . . . "

ထိုသမားေတာ္ငယ္သည္ Afa အား ေမ့ေမ်ာေနေသာကာလအတြင္း ေစာင့္ၾကည့္ေပးခဲ့ေသာ သမားေတာ္ပဲျဖစ္သည္ ။
အခ်ိန္အေတာ္ၾကာေအာင္ ျပဳစုခဲ့ရေသာလူနာမို႔လားမသိ ၊ အႏွီသမားေတာ္ငယ္သည္ Afa အား အလြန္ဂ႐ုစိုက္ကာ တေလးတစားလဲ‌ဆက္ဆံ၏ ။

" ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ ဒီအေတာအတြင္း Afa ေၾကာင့္ ပင္ပန္းသြားရၿပီ "

ထိုစကားကို Afa က အၿပဳံးေလးနဲ႔ ဆိုလိုက္ေသာအခါ ေဆးျမစ္မ်ားကို ထုတ္ပိုးေပးေနေသာ သမားေတာ္ေလးသည္ တစ္ကိုယ္လုံးတုန္ယင္သြားကာ အၾကည့္အျမန္လႊဲသည္ ။
ထို႔ေနာက္ ဦးေခါင္းတစ္ခုလုံးျပဳတ္ထြက္လုမတတ္ လည္ေနေအာင္ခါယမ္းကာ ျငင္း၏ ။

" ရ . . . ရပါတယ္ , ကြၽန္ေတာ္က တာဝန္အရလုပ္တာပါ ၊ ေက်းဇူးတင္စရာမလိုပါဘူး . . . . ၿပီးေတာ့ ရင္းႏွီးသလိုမဆက္ဆံပါနဲ႔ ဗ်ာ . . . "

ထိုအခါ Afa လဲ စိတ္မေကာင္းျဖစ္သြားရသည္ ။
ဒါေပမယ့္လည္း Afa. လိုအဆင့္အတန္းနဲ႔လူတစ္‌ေယာက္ကို ေဖာ္ေဖာ္ေ႐ြေ႐ြဆက္ဆံလိုပုံမရေသာ သမားေတာ္ေလးကို အျပစ္မတင္လို ။
တစ္လေလာက္ေအးခ်မ္းေနခဲ့ရတာနဲ႔ပဲ ကိုယ့္ေနရာကိုယ္မေမ့သင့္ ။

ေသးငယ္သထက္ေသးသြားေသာ မ်က္ႏွာငယ္ေလးကို ျမင္ေတာ့ သမားေတာ္ငယ္သည္ သူမအားအေျခအေနကို ရွင္းျပဖို႔စဥ္းစားမိသည္ ။
‌သို႔ေသာ္ စကားလုံးေတြ လမ္းတစ္ဝက္၌တစ္ေနကာ ထြက္မလာ ။
တစ္ေန႔ညက သူမ်က္ျမင္ေတြ႕ခဲ့ရတဲ့ ဧကရာဇ္ရဲ႕အမူအရာသည္ ဝတ္ရည္စုပ္မည့္ပ်ားပုတုံးလို ပန္းကေလးနားမွာ ရစ္သီရစ္သီ ၊ တဝဲလည္လည္ ။
နတ္ဆိုးဘုရင္ႀကီးက ကြၽန္မေလးကို ဘာဘာညာညာ . . . ။

မျဖစ္ေသး ။
ဒီစကားကို ဘယ္လိုမွ ကြက္ကြက္ကြင္းကြင္း ထုတ္မေျပာရဲ ။
‌ႏႈတ္မေစာင့္လို႔ အသက္ေပ်ာက္ရမည့္အျဖစ္ေတာ့ အေရာက္မခံႏိုင္ . . . ။
သူ မေျပာရင္လဲ တစ္ခ်ိန္ေတာ့ သူမသိေလာက္ပါမည္ ။
လွ်ိဳ႕ဝွက္ခ်က္ဆိုတာ ဖုံးကြယ္ထားလို႔ရေပမယ့္ ခံစားခ်က္ေတြကိုေတာ့ဖုံးကြယ္ရ႐ိုးမရွိ ။
သမားေတာ္ေလးသည္ ထိုသို႔ဆုံးျဖတ္ကာ ႏႈတ္ပိတ္ေနလိုက္ေတာ့သည္ ။

" အဟမ္း ! ‌ ေသခ်ာတာကေတာ့ ေအးတဲ့ၾကမ္းျပင္မွာထပ္ၿပီး အိပ္ရမွာမဟုတ္ေတာ့ ၊ ‌တေျဖးေျဖးေကာင္းသြားမွာပါ "

သမားေတာ္ေလး၏ မခ်ိဳမခ်ဥ္အၿပဳံးကို Afa နားမလည္ ။

" ဒါပါပဲ ကြၽန္ေတာ္အလုပ္ရွိ‌ေသးလို႔ ခြင့္ျပဳပါဦး "

Afa ေတာင္ျပန္ၿပီး မႏႈတ္ဆက္လိုက္ရ ။
သမားေတာ္ငယ္သည္ အခန္းအတြင္းမွ ခပ္သုတ္သုတ္ထြက္သြားေတာ့သည္ ။
မသိရင္ Afa ဟာ အႏၲရာယ္တစ္ခုလို ။
လူအမ်ား၏ ‌က်ဥ္ဖယ္ျခင္းကို အသားက်ေနေသာ္လည္း ၊ ေၾကာက္႐ြံ႕ခံရျခင္းက ဒါပထမဆုံးျဖစ္၏ ။

ေရခဲျမစ္ႀကီးအရည္ေပ်ာ္၍ ေျပာင္းလဲခဲ့ၿပီျဖစ္ေသာ ရာသီဥတုအေျခအေနအား မသိႏိုင္ခဲ့ေသာ ငွက္ငယ္ကေလးသည္ နတ္ဆိုးတစ္ေကာင္၏ ခံတြင္းဝမွာ ေအးခ်မ္းစြာ နားခိုလ်က္ ။

______________________________

Xavia နန္းေတာ္ပတ္လမ္းသည္ မီးေတာင္ေက်ာက္နက္တို႔ျဖင့္ ခင္းက်င္းထားတာ‌ေၾကာင့္ ထင္းကာေနသည္ ။
မီးေတာင္ေက်ာက္နက္ဟူသည္ တစ္ႏွစ္ပတ္လုံး အပူဓာတ္ကိုသိုေလွာင္ထားႏိုင္ေသာ ‌မီးေက်ာက္မ်ားျဖစ္၍ ႏွင္းမႈန္တို႔သည္ ေက်ာက္သားနဲ႔ထိေတြ႕သည္ႏွင့္ အရည္ေပ်ာ္သြားၾက၏ ။
ေကာင္းကင္ယံမွ လွိမ့္ဆင္းလာေသာ ႏွင္းျဖဴတို႔က လမ္းေဘးေျမျပင္ေပၚ၌ ပြက်ဲကာ အနက္ေရာင္ပတ္လမ္းႀကီး၏ဗိသုကာကို ပိုမိုေပၚလြင္ေစသည္ ။
ေကြ႕ေကာက္ေနတဲ့ နန္းေတာ္ပတ္လမ္းသည္ တိမ္ျဖဴေတြၾကား တြန႔္သြားပ်ံ႕လႊားေနေသာ နဂါးနက္ႀကီးပမာ . . . ။
သည္လိုျမင္ရ‌ေအာင္ပဲ ရည္႐ြယ္ၿပီး ေဆာက္လုပ္ခဲ့ၾကသည္ဟုလဲ သမိုင္းကရွိ၏ ။

‌ထိုကဲ့သို႔ ခမ္းနားႀကီးက်ယ္ေသာ လမ္းေပၚသို႔ ေျခခ်ခြင့္ရျခင္းသည္ သာမန္အရပ္သားတစ္ေယာက္အတြက္ မ်ိဳး႐ိုးစဥ္ဆက္လက္ဆင့္ကမ္း‌အပ္‌ေသာ ဂုဏ္ယူစရာကိစၥပင္ ။
ဒါေၾကာင့္ ေရွ႕ကလမ္းျပေသာ ဧကရာဇ္၏လက္ပါးေစသူရဲေကာင္း၏ အေနာက္မွ လိုက္ပါလာေသာ အသက္လတ္ပိုင္း အရပ္သားႀကီးသည္ ႂကြ႐ြေသာေျခလွမ္းတို႔ျဖင့္ ခပ္ေျမာက္ေျမာက္ေလ်ာက္၏ ။
ဧကရာဇ္မင္းကိုယ္တိုင္က မိမိအားတကူးတက အေခၚေတာ္ပါးျခင္းျဖစ္သည္ ။
မည္သူက ဂုဏ္မဆာပဲေနမည္နည္း ?

သို႔ေသာ္ တစ္ဖက္ကလဲ စိုးရိမ္ပူပန္မိသည္။
ငယ္႐ြယ္ေသာ ဧကရာဇ္မင္း၏ အျမတ္ႀကီးပုံတို႔သည္ ပုံျပင္မဟုတ္ ။
နန္းတက္စဥ္ကတည္းက ေသြးေခ်ာင္းစီးကာ ၊ အျမတ္သင့္လွ်င္ ေခါင္းျပတ္သည့္ သာဓကမ်ားစြာရွိ၏ ။
‌ဒါေပမယ့္ အဆိုး႐ြားဆုံးမွာ ေခါင္းျဖတ္သတ္ျခင္းမဟုတ္ ။
လူအရွင္လတ္လတ္ကို ေရခဲ႐ိုက္ျခင္း ၊ အာေခါင္ထဲအရည္ပူေလာင္းခ်ကာ တပိုးနင့္ေအာင္ေကြၽးၿပီးသတ္ျခင္း စေသာစေသာလူမဆန္သည့္ အျပစ္ဒဏ္မ်ားလဲရွိေသးသည္ဟု ၾကားဖူးနားဝရွိသည္ ။
ထို႔ေၾကာင့္ ဧကရာဇ္ကို ဖူးေမွ်ာ္ရျခင္းတြင္ ကံေကာင္းမႈခ်ည္းပဲမဟုတ္ ။

" ဒီမွာေစာင့္ေန "

ေရွ႕ကေလ်ာက္ေနေသာသူရဲေကာင္းက အရပ္သားႀကီးကို အမိန႔္ေပးေလသည္ ။
အ‌တြင္း‌ေဆာင္ထဲ အတန္ၾကာေအာင္ေလ်ာက္ဝင္လာခဲ့ၿပီးေနာက္ဆုံး လြန္စြာႀကီးမားလွေသာ တံခါးခ်ပ္ႀကီး၏အေရွ႕၌ ရပ္ခိုင္းသည္ ။
ၿပီးေနာက္ သူရဲေကာင္းမွာ တံခါးမႀကီးကို သုံးခ်က္ေခါက္ကာ အထဲဝင္သြားလိုက္သည္ ။
တေအာင့္အၾကာ အျပင္သို႔ျပန္ထြက္လာကာ ၊ စိတ္လႈပ္ရွားလြန္းသျဖင့္ မ်က္ႏွာတစ္ခုလုံးျဖဴေယာ္ေနေသာ အရပ္သားႀကီးအား ေျပာေလသည္ ။

" ဝင္သြား "

ထိုသည္ႏွင့္ အရပ္သားႀကီးသည္ တုန္တုန္ယင္ယင္ျဖင့္ အခန္းထဲဝင္ခဲ့လိုက္၏ ။
အခန္းႀကီးသည္ လြန္စြာႀကီးမားကာ အရွည္ႀကီးျဖစ္သည္ ။
သို႔ေသာ္ အခန္း၏ခမ္းနားပုံကိုသတိမထားမိ ။
အဘယ္ေၾကာင့္ဆိုေသာ္ မ်က္စိေရွ႕တြင္ ေ႐ႊမွင္တံကိုကိုင္ရင္း စာလႊာတစ္ခုကို ဖတ္ရႈေနသည့္ ၊ နတ္တစ္ပါးပမာၾကည္လင္တဲ့ အေရာင္အဝါရွိေသာ ေကာင္ေလးတစ္ေယာက္ကိုေတြ႕လိုက္ရေသာေၾကာင့္ပင္တည္း ။

မ်က္လႊာခ်ထားသျဖင့္ စင္းက်ေနေသာမ်က္ေတာင္နက္နက္တို႔သည္ လြန္စြာရွည္လ်ား၏ ။
ေႂကြထည္ပမာျဖဴစြတ္‌ေသာအသားအရည္ႏွင့္ နီေထြးေသာ ႏႈတ္ခမ္းနီနီတို႔သည္ ဆြဲေဆာင္မႈရွိစြာ ျပည့္ဖူးလ်က္ တင္းတင္းေစ့ထားေနသည္ ။
မာေက်ာသည့္ မ်က္ႏွာအမူအရာေၾကာင့္ သူ၏အလွတရားသည္ ‌ႏွင္းေတာင္ထိတ္မွ ေရခဲပန္းပြင့္ပမာ . . . ။
လူသားတို႔ထိေတြ႕လွ်င္ ေသြးခဲကာ ေသဆုံးလိမ့္မည္ထင္သည္ ။

အံ့ဩမွင္သက္ေနေသာ အရပ္သားႀကီးကို Ash ၏ အေနာက္၌ရပ္ေနေသာ Alexander က ေခ်ာင္းဟန႔္ကာသတိေပးလိုက္သည္ ။
ထိုအခါမွ အိပ္မက္ကႏိုးလာေသာသူလို အရပ္သားႀကီးသည္ လ်င္ျမန္စြာဒူးေထာက္ခ်ကာ ႏွဖူးကိုၾကမ္းျပင္ထပ္ အပ္ထားလိုက္သည္ ။

" ဧကရာဇ္မင္းျမတ္ကို နိမ့္က်တဲ့ ဒီကြၽန္ကဖူးေမွ်ာ္ပါတယ္ "

ထိုက်ယ္ေလာင္ေသာအသံႀကီးက Ash ၏ အာ႐ုံထဲဝင္ေရာက္သြား၏ ။

Ash သည္ ၾကမ္းျပင္ေပၚ၌ဝပ္ေနေသာ ခပ္ဝဝေယာက်ၤားႀကီးကို အကဲခတ္လိုက္သည္ ။
ထိုလူႀကီးသည္ မင္းေနျပည္ေတာ္ျဖစ္‌သည့္ Xavar ၿမိဳ႕ႀကီးတစ္ခုလုံးတြင္ အေတာ္ဆုံး‌တိရစာၦန္ေလွာင္အိမ္လုပ္သမားႀကီးဟုၾကားသိရ၍ ေခၚေတာ္လႊတ္ခဲ့ျခင္းျဖစ္သည္ ။
ဧကရာဇ္ႏွင့္ ဤသို႔အတားအဆီးမရွိ တိုက္႐ိုက္ေတြ႕ခြင့္ရျခင္းသည္ ခပ္ေပါ့ေပါ့ကိစၥတစ္ခုမဟုတ္ ။
အျပင္ကၾကားလွ်င္ ဘာမဟုတ္ပဲရႈပ္ေထြးဦးမည္ျဖစ္သည္ ။
ဒါ့အျပင္ ညီလာခံမွာ အဖိုးႀကီးတစ္စုရဲ႕ အရစ္ထုပ္ကိုလဲ ခံရဦးမည္ျဖစ္သည္ ။

ဒါဆိုရင္ သူဘာေၾကာင့္ ဒီလိုလုပ္ရသလဲ ေမးခြန္းထုတ္စရာရွိသည္ ။

Ash : " ကိုယ္ေတာ္ ေလွာင္အိမ္တစ္ခုအလိုရွိတယ္ "

ၾကည္လင္ေသာအသံသည္ ကန္ေရျပင္လိုတည္ၿငိမ္လ်က္ ။
ဘာအနက္အဓိပၸါယ္မွမပါ ။
အလိုရွိရာကို တည့္တိုးမိန႔္ဆိုျခင္းျဖစ္သည္ ။

ထိုသို႔ ျပတ္သားေသာစကားသံကို ၾကားေသာအခါ ေလွာင္အိမ္လုပ္သမားႀကီးသည္ စိတ္သက္သာရာရသြား၏ ။
အသားလြတ္အျမတ္ထြက္ ေဒါသႀကီးတတ္သည္ဟုေျပာၾကေသာ ဧကရာဇ္သည္ ေကာလဟာလမ်ားထဲကလိုမဟုတ္ ။
အရပ္သားႀကီး၏အျမင္၌ အရွင္သခင္သည္ သူ၏အိမ္ေမြးတိရစာၦန္ကေလးအတြက္ ေလွာင္အိမ္တစ္ခုေဆာက္လုပ္ေပးခ်င္ေသာ ဆယ္ေက်ာ္သက္ေကာင္ေလးတစ္‌ေယာက္အျဖစ္ ႐ုတ္ခ်ည္းေျပာင္းသြားေလသည္ ။
ထိုေၾကာင့္ ဝမ္းသာအားရ ေျဖၾကားလိုက္သည္ ။

" အရွင္မင္းျမတ္ အမိန႔္ရွိပါ ၊ ဒီကြၽန္က အစြမ္းကုန္ျဖည့္ဆည္းေပးဖို႔ အသင့္ပါပဲ "

တက္ႂကြေနေသာ ေလွာင္အိမ္လုပ္သမားႀကီးကို ျမင္ေတာ့ Ash သည္ စဥ္းစားေနမိသည္ ။
သူလိုခ်င္တဲ့ ေလွာင္အိမ္ကနည္းနည္းေတာ့ထူးျခားသည္ ။
ဒီလူႀကီး တတ္ႏိုင္မည္ေလာ ?

ဧကရာဇ္၏ ေတြေနေသာမ်က္ႏွာေတာ္ကို သတိထားမိတဲ့ အရပ္သားႀကီးက ႐ိုက်ိဳးစြာေလ်ာက္တင္လိုက္သည္ ။

" သားရဲက ဘယ္လိုသားရဲမ်ိဳးလဲဆိုတာက အေရးႀကီးပါတယ္ အရွင္ ၊ ဒါမွ ဘယ္လိုေလွာင္အိမ္အမ်ိဳးအစားနဲ႔သင့္ေလ်ာ္မလဲ ကြၽန္ေတာ္မ်ိဳးခန႔္မွန္းႏိုင္မွာ မို႔လို႔ပါ "

အလုပ္သမားႀကီး၏ေလွ်ာက္ၾကားမႈကို ၾကားေသာ္ Ash သည္ သူ၏ ' သားရဲကေလး ' ကို ေျပးျမင္ေယာင္လိုက္၏ ။
ေသးငယ္ေသာ မ်က္ႏွာေလးရွိကာ ၊ ေသးငယ္ေသာ ေျခလက္ကေလးေတြရွိသည္ ။ ပ်ားဝတ္ရည္ပမာ ေတာက္ပေသာမ်က္ဝန္းညိဳမ်ားႏွင့္ သနားဖြယ္အမူအရာေလးေတြျပဳမူတတ္၏ ။

တသသေတြးရင္း ၿပဳံးစစျဖစ္လာ၏။

Ash : " ေ႐ႊညိဳေရာင္အေမႊးေတြရွိတယ္ . . .အ႐ြယ္အစား ဒီေလာက္ရွိတယ္ "

ဧကရာဇ္သည္ ခပ္တိုတိုပဲမိန႔္ေလ၏ ။
ေလွာင္အိမ္လုပ္သမားႀကီးသည္ လမ္းေပ်ာက္ရၿပီ ။

" က်ားသစ္တစ္ေကာင္မ်ားလား အရွင္ ?
ဒါ. . . ဒါမွမဟုတ္ ေ႐ႊညိဳေရာင္ဝက္ဝံ . . . ? "

စမ္းတဝါးဝါးခန႔္မွန္းရင္း အရွင္သခင္၏မ်က္ႏွာအမူအရာကို အကဲခတ္မိေတာ့ မ်က္ေမွာင္ေတြတြန႔္ေကြးေန၏ ။
သိပါၿပီ ။
ခန႔္မွန္းခ်က္မွားၿပီျဖစ္သည္ ။
က်ားသစ္ေရာ ၊ ဝက္ဝံေရာမဟုတ္ ။
ဒါဆိုရင္ဘာလဲ ?
အရွင္သခင္သာ ခပ္ရွင္းရွင္းေျပာလိုက္ရင္ ဘယ္ေလာက္ေကာင္းလိုက္ေလမလဲေနာ္ ။

ေလွာင္အိမ္သမားႀကီးသည္ စိတ္ထဲကေနသာ ၿငီးတြားႏိုင္သည္ ။
ဧကရာဇ္ရဲ႕ မ်က္ႏွာတည့္တည့္ ' ဘာေကာင္လဲ ေသခ်ာေျပာကြာ ' ဆိုၿပီး ေမးျမန္းလို႔ရတာမွမဟုတ္တာပဲ. . . ။
ဘုရင္က မေျပာခ်င္ရင္ မေျပာဘူးေပါ့ ။

အခက္ေတြ႕ေနေသာ အရပ္သားႀကီးကို သနားမိတဲ့ Alexander က ဝင္ေထာက္ရန္ႀကိဳးစားသည္ ။

Alexander : " ငွက္ႀကီးမ်ိဳးမ်ားျဖစ္ေနမလား အရွင္ ? "

ထိုေမးခြန္းကို ၾကားတဲ့ဧကရာဇ္မွာ အလိုမက်ျဖစ္သြား၏ ။

Ash : " Alexander , ကိုယ္ေတာ္က ႐ုပ္ဆိုးတဲ့သတၱဝါေတြကို အိပ္ေဆာင္ထဲေခၚထားမလား ? ေသခ်ာေပါက္ ကိုယ္ေတာ္ေမြးမယ့္အေကာင္ေလးဟာ ခ်စ္စရာေကာင္းတယ္ . . .
လူတစ္ရပ္စာေက်ာ္ေက်ာ္ရွည္ၿပီး လူတစ္ရပ္စာ‌ေက်ာ္ေက်ာ္က်ယ္ဝန္းတဲ့ ေလွာင္အိမ္မ်ိဳးကို လိုခ်င္တယ္ "

ထိုသို႔ မ်က္ေမွာင္က်ဳံ႕ကာ မာထန္ထန္မိန႔္ၾကားလိုက္မွ ေစကြၽန္ႏွစ္ေယာက္မွာ ပင့္သက္ခ်သြားရသည္ ။
အစတည္းက အဲ့သလိုမိန႔္ခဲ့ရင္ၿပီးတာပဲကိုေလ . . . ။

အရပ္သားႀကီးသည္ ဧကရာဇ္မင္း အိပ္‌ေဆာင္ထဲမွာ ထည့္ေမြးမည့္ ခ်စ္စရာသတၱဝါ‌၏ သ႐ုပ္မွန္ကို သိခ်င္ၾကပါေသာ္လည္း ဆက္မေမး‌ေတာ့ ။
အရွင္သခင္ကလိုခ်င္ေသာ ေလွာင္အိမ္ပုံစံကို စိတ္မွန္းျဖင့္ရွင္းျပ အတည္ျပဳလိုက္သည္ ။
ေနာက္ဆုံးအေျဖက အလိုရွိေနေသာ ေလွာင္အိမ္ဆိုသည္မွာ အိမ္ေမြးေခြးကေလး ၊ ေၾကာင္ကေလးကို ထည့္ထားေလ့ေသာ ေလွာင္အိမ္ပုံစံအႀကီးစားသာျဖစ္သည္ ။
ဆန္းျပားသည္က ဧကရာဇ္မင္းေျပာေသာ ေလွာင္အိမ္သည္ ေလွာင္အိမ္မဆန္ပဲ အိပ္ယာေလးတစ္ခုပါသည့္ ေ႐ြ႕ေျပာင္း၍ရေသာ ခပ္လွလွအခန္းငယ္ေလးပင္ျဖစ္ေပေတာ့သည္ ။

ေလွာင္အိမ္ေဆာင္သမားႀကီးျပန္သြားၿပီးေနာက္ ၊ ခဏကတည္းက အေျဖအတိအက်မရေသးေသာ Alexander က ေမးေလသည္ ။

Alexander : " အရွင္ , ဘယ္တုန္းက အိမ္ေမြးတိရစာၦန္တစ္ေကာင္ရလိုက္တာလဲ ? အရွင့္ရဲ႕အနားမွာ တစ္ခ်ိန္လုံးရွိေနရတဲ့ ကြၽန္ေတာ္ေတာင္မသိလိုက္ဘူး "

Alexander ၏ ေမးခြန္းမွာ သံသယေတြပါ၏ ။

Alexander ဟာ Kai ေလာက္ Ash ရဲ႕စိတ္ကို မခန႔္မွန္းႏိုင္ေပမယ့္လည္း ၊ အမ်ားသူငါထပ္ေတာ့ ပိုနားလည္ႏိုင္ပါသည္ ။
နန္းေတာ္အျပင္က အရပ္သားတစ္ေယာက္ကို ႐ုတ္တရက္ေခၚ‌ၿပီး အမည္မသိသားရဲတစ္ေကာင္အတြက္ ေနစရာေဆာက္ခိုင္းသည္တဲ့ . . . ။
ဒါ့အျပင္ အႏွီေအးစက္ေသာ လူသားသည္ အၿပဳံးတစ္ခုနဲ႔ ' ခ်စ္စရာ ' ဆိုေသာ စကားလုံးကို သံသယျဖစ္စရာေကာင္းေအာင္ သုံးႏႈန္းခဲ့၏ ။
ဤကိစၥသည္ ႐ိုး႐ိုးသားသား ' ခ်စ္စရာအိမ္ေမြးသတၱဝါေလးအတြက္ ေလွာင္အိမ္ကေလး‌ေဆာက္ေပးပါ ' ဆိုတဲ့ အဓိပၸါယ္မဟုတ္ ။
တစ္စုံတစ္ခုေတာ့လြဲေနၿပီ ။
Alexander သည္ မိမိ၏ စိတ္အာ႐ုံမွခံစားမိေနသည္ ။

ၿပီးေတာ့ အဲသည္မ်က္ႏွာလွလွေပၚက အၿပဳံးလို႔မေခၚႏိုင္တဲ့ ညစ္က်ယ္‌က်ယ္အၿပဳံးတစ္ခု. . . ။

ဦးေႏွာက္ထဲ အေတြးေပါင္းမ်ားစြာႏွင့္ ဧကေထာင္ခ်ီ ခရီးႏွင္ေနၿပီျဖစ္ေသာ Alexander ၏ မ်က္ႏွာတည္ႀကီးက စိတ္ပူပန္ေနတာ သိသာ၏ ။
ထိုသည္ကို ရိပ္မိတဲ့ Ash သည္ ရယ္က်ဲက်ဲသာ မိန႔္လိုက္သည္ ။

Ash : " ကိုယ္ေတာ့္အနားမွာ တစ္ခ်ိန္လုံးရွိေနခဲ့တာ ၊ Alexander မင္းမွာက ခ်စ္စရာေကာင္းတာေလးေတြကို ျမင္တတ္တဲ့အျမင္မွမရွိတာကြ ဘယ္သိပါ့မလဲ ဟား ဟား ဟား "

အျဖစ္မွန္မွာ ဖုန္တက္ေနၿပီျဖစ္ေသာ ေမာင္းမေဆာင္တံခါးဖြင့္သည္မဟုတ္ပဲ ၊ ေသြးေအးရက္စက္ေသာရွင္ဘုရင္ေလး၏ ႏွလုံးအိမ္တံခါးသည္ အနည္းငယ္ပြင့္ဟသြားျခင္းသာျဖစ္၏ ။
ေမးခြန္းမွာ ထိုႏွလုံးအိမ္ထဲ ဝင္ေရာက္ေနထိုင္မည့္ ကံဆိုးသူေလးက မည္သူျဖစ္မည္နည္း ?

_______________________________





































Continue Reading

You'll Also Like

253K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
290K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
3.5M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်