ႏွစ္အေတာ္ၾကာမေတြ႕ခဲ့ရသည့္ ဖခင္ျဖစ္သူကို ေလယာဥ္ကြင္းမွာသြားႀကိဳခဲ့ၿပီးေနာက္ အိမ္သို႔သာေခၚလာခဲ့သည္။
ကြၽန္မအိမ္လာတိုင္း တည္းေနက်ျဖစ္ေသာအခန္းတြင္ အထုပ္အပိုးတစ္ခ်ိဳ႕ကို အန္တီဂေရစ့္နွင့္အတူ ေနရာခ်ၿပီးသည့္အခါ အခ်ိန္က ေန႔လယ္စာစားခ်ိန္ပင္ေရာက္ေနနွင့္ၿပီ။
ထို႔ေၾကာင့္ ဆိုင္ေကာင္းေကာင္းတစ္ခုတြင္သာေကြၽးလိုက္ရန္ ဆံုးျဖတ္လိုက္သည္။
ထိုင္းဆိုင္ကေလးတစ္ခုျဖစ္သည္။
ကြၽန္မအထင္ သက္တမ္းဆယ္နွစ္ေက်ာ္ရွိေလာက္ၿပီ။
အျပင္အဆင္ ေသေသသပ္သပ္နွင့္ ေအးေဆးပံုပင္။
ျဖတ္သြားျဖတ္လာတြင္ မ်က္လံုးထဲတိုးဝင္ခဲ့ေသာဆိုင္ကေလးျဖစ္သည္။
သို႔ေသာ္ ဆိုင္ထဲေရာက္သည့္အခါမွ အန္တီဂေရစ့္က ထူးထူးဆန္းဆန္းေခါင္းကိုက္လာပံုရသည္။
"ေဆာင္း...အဆင္ေျပရဲ႕လား"
ေဆာင္း...။
အန္တီဂေရစ့္ကို ေဖေဖက ေဆာင္း ဟုေခၚလိုက္သည္။
အဘယ္ေၾကာင့္နည္း။
"ရာသီဥတုအေျပာင္းအလဲေၾကာင့္ျဖစ္မွာပါ ကိုရယ္...ထိုင္ၾကရေအာင္ေလ"
ကြၽန္မသိခဲ့ေသာ အမ်ိဳးသမီး......ဟုတ္သည္။
အန္တီဂေရစ့္ကို အန္တီဂေရစ့္ ဟုပင္ကြၽန္မသိခဲ့သည္။
ၾကည့္ေကာင္းေသာ ျမန္မာမ်က္နွာေပါက္နွင့္ အန္တီဂေရစ့္က ေဆာင္းျဖစ္ေၾကာင္း ေဖေဖေခၚမွ ကြၽန္မသိခဲ့ရသည္။
ထိုအရာက ကြၽန္မ၏သိခ်င္စိတ္ကို မၾကာခဏလႈံ႕ေဆာ္ေပးေနခဲ့သည္။
အထူးသျဖင့္ ထမင္းစားေနရင္းနွင့္ တရႈံ႕ရႈံ႕ထြက္လာေသာအသံကျဖစ္သည္။
ၾကားစက အန္တီဂေရစ့္ ထိုင္းစာပူပူစပ္စပ္မ်ားကိုမစားနိုင္ျခင္းဟု ေတြးခဲ့ေသာ္လည္း စားေနရာမွေမာ့ၾကည့္လိုက္သည့္အခါ ကြၽန္မစိတ္တို႔ေျပာင္းခဲ့ရသည္။
ေဖေဖ့မ်က္နွာတြင္လည္း အံ့ၾသမႈနွင့္ထိတ္လန္႔မႈက ဖံုးဖိမရေအာင္ေပၚလြင္ေနသည္။
"ဘာလို႔လဲမသိပါဘူး...ရင္ထဲမေကာင္းဘူး"
ဆိုေသာစကားနွင့္အတူ ကြၽန္မစိတ္တြင္အန္တီဂေရစ့္နွင့္ပတ္သတ္ေသာ ပေဟဠိမ်ား ပိုမိုေနရာယူလာခဲ့သည္။
ထိုဆိုင္မွျပန္လာၿပီး အိမ္ေရာက္သည္ထိလည္း သူမမွာမ်က္နွာမေကာင္းလွသျဖင့္ ဖခင္ကလည္း သူ၏ခ်စ္ဇနီးအနားမွ တစ္ဖဝါးမ်ွမခြာေပ။
ကြၽန္မသိခ်င္သည္က..သူမအဘယ္ေၾကာင့္ငိုေနခဲ့သနည္း။
..........
ညေနေျခာက္နာရီ။
ေနာက္က်မွအိမ္ျပန္လာမည္ဆိုေသာ ကေလးငယ္ကို ဟင္းခ်က္ရင္းေစာင့္ေနရသည္က ကြၽန္မကိုပိုၿပီးစိတ္မရွည္ျဖစ္လာေစသည္။
ခ်က္ေနသည့္ၾကက္သားက က်က္လုဆဲဆဲ....။
ေဂၚဖီနွင့္ခဝဲသီးဟင္းရည္ကဆူၿပီမို႔ ဂတ္စ္မီးကိုပိတ္လိုက္သည္။
ၾကက္သားဟင္းအိုးကိုအဖံုးပိတ္ၿပီး ကိုယ္လက္သန္႔စင္ရန္ ေရခ်ိဳးခန္းထဲဝင္ခဲ့သည္။
တစ္ေအာင့္ၾကာမွ ကေလးငယ္ကေရာက္လာသည္။
လက္ထဲတြင္ ဟင္းသီးဟင္း႐ြက္တစ္ခ်ိဳ႕နွင့္ ေဈးဝယ္လာဟန္တူသည္။
"နည္းနည္းေနာက္က်သြားတယ္...မမ..ညစာကခ်က္ၿပီးသြားၿပီလား"
"အင္း...ၾကက္သားပဲခ်က္ထားတယ္"
ေျပာရင္း သူ႔လက္ထဲကအထုပ္မ်ားကိုဆြဲယူၿပီး ေရခဲေသတၱာထဲထည့္သည္။
ေရခန္းသြားေသာၾကက္သားအိုးကိုမီးပိတ္ၿပီး ပန္းကန္ထဲခပ္လိုက္သည္။
အေျခအေနကေအးေဆးဆဲ။
ထိုအခ်ိန္..
"ခြမ္း"
ငယ္ေလးက သူေသာက္ေနက်ဖန္ခြက္ကို လႊတ္ခ်လိုက္ျခင္းပင္။
သို႔ေသာ္ သူဆက္ေျပာလိုက္ေသာစကားေၾကာင့္ ကြၽန္မစိတ္ထဲေတြေဝသြားရသည္။
"ေမေမ...ေမေမ မဟုတ္လား..ေမေမ ဟုတ္တယ္မလား"
အေၾကာင္းက သူအန္တီဂေရ႕စ္ကိုၾကည့္ေနျခင္းေၾကာင့္ပင္။
"မျဖစ္နိုင္ဘူး...မဟုတ္ရဘူး..."
ကြၽန္မစိတ္ထဲ ခပ္ေလးေလးေရ႐ြတ္မိေသာ္လည္း ဦးေနွာက္ကအလုပ္လုပ္လာသည္။
ေန႔လယ္က အန္တီဂေရ႕စ္ကို ေဖေဖက'ေဆာင္း'ဟုေခၚခဲ့သည္။
ရႈပ္ေထြးသည္ထက္ရႈပ္ေထြးလာေသာအေၾကာင္းအရာမ်ားက ေခါင္းထဲတိုးဝင္လာသည္။
အေျဖကိုသိလ်က္နွင့္ လ်ွာဖ်ားတြင္က်ေပ်ာက္သည့္ခံစားခ်က္ပင္။
လဲက်သြားေသာအန္တီဂေရ႕စ္ကို ငယ္ကေပြ႕ထားၿပီး ေဖေဖမ်က္နွာကဣိေျႏၵမဆည္နိုင္ေအာင္ေၾကာက္႐ြံ႕လ်က္။
'ဘာေတြလဲ...ဒီလိုေတြျဖစ္ကုန္လို႔မရဘူးေလ'
အရာရာက ကြၽန္မမတိုင္ခင္ကတည္းကလြဲေခ်ာ္နွင့္ခဲ့ၿပီ။
.........
အခ်ိန္တစ္ခုအၾကာမွာ တစ္စံုတစ္ေယာက္ရဲ႕မ်က္ဝန္းေတြထဲစိုက္ၾကည့္ေနေသာ ကေလးငယ္။
ကေလးငယ္က အၾကင္အမ်ိဳးသမီး၏လက္နွစ္ဖက္ကို မလႊတ္တမ္းဆုပ္ကိုင္ထားသည္။
ထပ္ၿပီး အဆံုးရႈံးမခံနိုင္ေတာ့သည့္အလား။
အမ်ိဳးသမီး၏ မ်က္ဝန္းညိဳေတြကလည္း စိုစြတ္လာသည္။
မိုးသည္ အခ်ိန္အခါမဟုတ္ ေဆြလာသည္။
အမ်ိဳးသမီးနွစ္ေယာက္လည္း ယူႀကံဳးမရ ရႈိက္ႀကီးတငင္ငိုေႂကြးေတာ့သည္။
"ေမေမေတာင္းပန္ပါတယ္...ေမေမ သိပ္မွားတယ္အမရာရယ္...ေမေမေတာင္းပန္ပါတယ္...ေမေမ့အမွားေတြပါပဲ...ေမေမ့ကိုခြင့္လႊတ္ပါ ကေလးရယ္"
ၿပံဳးျပတတ္ေသာ မ်က္ဝန္းတို႔တြင္လည္း မ်က္ရည္တစ္ခ်ိဳ႕ကလြဲ၍ ဗလာနတၳိ။
"ဘယ္ေတြေရာက္ေနခဲ့တာလဲ ေမေမရယ္...ငယ္တစ္ခ်ိန္လံုးေမ်ွာ္ေနခဲ့ရတာ..မာမီမရွိေတာ့တဲ့အျပင္ ေမေမကပါေပ်ာက္သြားလို႔ အန္ကယ္တက္ဒီနဲ႔သမီးတို႔ ဘယ္ေလာက္ေတာင္ရွာခဲ့ရလဲ"
"ေမေမေတာင္းပန္ပါတယ္ကေလးရယ္...ငါ့သမီးေလးအ႐ြယ္ေရာက္လာတာကုိေတာင္ ေမေမမျမင္ခဲ့ရဘူး"
ငယ့္အၾကည့္ေတြက ေဖေဖ့ဆီေရာက္လာသည္။
"ရွင္က...ဟိုလူပဲ"
"အမရာ..သမီးဘာကိုေျပာတာလဲ"
"ငယ္တို႔အိမ္ျပန္ၾကမယ္ေမေမ"
"အိမ္??"
အဝတ္ေတြသိမ္းေနေသာအမ်ိဳးသမီးနွစ္ေယာက္ကုိထိုင္ၾကည့္ေနရံုကလြဲၿပီးဘာမွမတတ္နိုင္ခဲ့။
"ငယ္...တို႔အိမ္မွာေနလို႔ရပါေသးတယ္ငယ္ရယ္...အျဖစ္အပ်က္ေတြကုိေသခ်ာသိဖို႔အခ်ိန္ယူ..."
"ဘာကိုထပ္ၿပီးသိရဦးမွာလဲ...ငယ့္ေမေမကိုျပန္ရွာေတြ႕ၿပီ
ျပန္ေတြ႕တာကလဲ...."
ငယ့္မ်က္ဝန္းဝိုင္းဝိုင္းေလးမွာမ်က္ရည္စေတြခ်ည္းျဖစ္သည္။
နီရဲေနေသာနွာဖ်ားေလးနွင့္အနည္းငယ္ရႈပ္ပြေနေသာဆံပင္တို႔မွာကြၽန္မ၏ငယ္ေလးျဖစ္ေၾကာင္းကိုျငင္းဆိုခ်င္ေနသေယာင္ပင္။
"အား....ေတာ္ပါေတာ့...ေတာင္းပန္ပါတယ္..ေတာ္ပါေတာ့"
ပိုက္ထားေသာ လက္ႏွစ္ဖက္သည္ ေျဖခ်ခံလိုက္ရၿပီး လူတစ္ေယာက္အနားမွာ ပ်ာယာအခတ္ဆံုးျဖစ္လာသည္။
"ငယ္..ငယ္..ဘာျဖစ္တာလဲ"
"မထိနဲ႔...ကြၽန္မကိုမထိနဲ႔"
မွတ္ဉာဏ္ျပန္ရျခင္း။
ငယ္နွင့္ပတ္သတ္၍ ထိုအေၾကာင္းကို ဆရာဝန္အားေမးျမန္းခဲ့ဖူးသည္။
ေခါင္းကုိက္တတ္သည္တဲ့။
မ်က္စိေရွ႕က ကေလးငယ္ကမူ ေပါက္ကြဲထြက္မတတ္ နာက်င္ေနျခင္းျဖစ္ရမည္။
"သမီး...သမီးငယ္...ဘာျဖစ္တာလဲ.."
"ဘာလို႔လဲ...ဘာလို႔မ်ားသူမ်ားမိသားစုကို ဖ်က္ဆီးခဲ့ရတာလဲ
ရွင့္အက်ိဳးဘာမ်ားရခဲ့လို႔လဲ...ကြၽန္မ ဘယ္ေလာက္ေတာင္ပင္ပန္းခဲ့ရလဲ
ရွင္သိရဲ႕လား"
နီရဲလာေသာ မ်က္ဝန္းမ်ားတြင္ ေဒါသခ်ည္းျဖစ္လာသည္။
ေဖေဖ့ေကာ္လံစေပၚက လက္ျဖဴျဖဴေတြကို ကြၽန္မဖယ္ရွားေပးဖို႔ လိုမယ္မထင္။
တစ္ခ်ိန္လံုး တ္တ္ဆိတ္ေနခဲ့ေသာေဖေဖက စကားနွစ္ခြန္းကိုသာ အႀကိမ္ေပါင္းမ်ားစြာထပ္တလဲလဲေျပာေနခဲ့သည္။
"ေတာင္းပန္ပါတယ္....ငါသူ႔ကိုသိပ္ခ်စ္ခဲ့လို႔ပါ"
မ်က္ရည္လည္႐ြဲက ကြၽန္မကို ငယ့္အနားကေသြဖည္ေစခဲ့သည္။
"ရွင့္အတၱႀကီးလြန္းလို႔ကြၽန္မတို႔...မာမီ့ကိုရွင္သတ္ခဲ့တာ..ရွင္သတ္ခဲ့တာမလား"
အဆက္မျပတ္က်ဆင္းလာတဲ့ သူ႔မ်က္ရည္ေတြ...
"ရွင္လည္း သိေနခဲ့တယ္မလား...ကြၽန္မကိုအနားမွာထားၿပီး..ေပ်ာ္ေနခဲ့တာလား"
ကြၽန္မကိုၾကည့္တဲ့ သူ႔မ်က္လံုးေတြထဲမွာ ေတြေဝမႈေတြခ်ည္း။
"မဟုတ္ဘူး...မဟုတ္ဘူးငယ္...တို႔တကယ္..တကယ္ဘာမွမသိခဲ့ဘူး"
"မလာခဲ့နဲ႔...ရွင္တု႔ိကအတူတူပဲ..မုန္းတယ္..မုန္းတယ္"
ထိုစကားေၾကာင့္ ရင္ထဲမွာကမၻာၿပိဳရသည္။
"ကြၽန္မေမေမ့ကိုေခၚၿပီး ထြက္သြားရလိမ့္မယ္"
ဘယ္လိုနည္းနဲ႔မွ မတားရက္။
ေနာက္ဆံုးအေနနွင့္ အသနားခံျခင္းက လက္က်န္ႀကိဳးပမ္းခ်က္မို႔......
"ငယ္"
သမင္လည္ျပန္အၾကည့္တစ္ခ်က္တြင္ အမုန္းတရာမ်ားေရာေထြးေန၏။
ေမ်ွာ္လင့္ခ်က္တို႔ကား ေပ်ာက္ဆံုးေပၿပီ။
ေၾကကြဲတတ္ေသာ စိတ္နွလံုးတို႔သည္ အေသြးအသားထဲေနရာယူလ်က္။
ရွက္စိတ္နွင့္ ဆံုးရႈံးစိတ္တို႔ပါေသာ အျပစ္ေႂကြးက ေဖေဖနွင့္ကြၽန္မကိုျပင္းျပင္းထန္ထန္ ရိုက္ခတ္ေနခဲ့သည္။
ထိုေန႔က ငယ္တို႔သားအမိနွစ္ေယာက္ထြက္သြားသည့္ ပံုရိပ္တစ္ခ်ိဳ႕သည္ ကြၽန္မတို႔သားအဖနွစ္ေယာက္ရင္ထဲတြင္ ေသရာပါစြဲထင္ေစခဲ့သည္မွတ္၏။
..........
2262
ဇာတ္သိမ္းပါေတာ့မယ္
ဒန္ဒန္႔ဒန္:')
Unicode
နှစ်အတော်ကြာမတွေ့ခဲ့ရသည့် ဖခင်ဖြစ်သူကို လေယာဉ်ကွင်းမှာသွားကြိုခဲ့ပြီးနောက် အိမ်သို့သာခေါ်လာခဲ့သည်။
ကျွန်မအိမ်လာတိုင်း တည်းနေကျဖြစ်သောအခန်းတွင် အထုပ်အပိုးတစ်ချို့ကို အန်တီဂရေစ့်နှင့်အတူ နေရာချပြီးသည့်အခါ အချိန်က နေ့လယ်စာစားချိန်ပင်ရောက်နေနှင့်ပြီ။
ထို့ကြောင့် ဆိုင်ကောင်းကောင်းတစ်ခုတွင်သာကျွေးလိုက်ရန် ဆုံးဖြတ်လိုက်သည်။
ထိုင်းဆိုင်ကလေးတစ်ခုဖြစ်သည်။
ကျွန်မအထင် သက်တမ်းဆယ်နှစ်ကျော်ရှိလောက်ပြီ။
အပြင်အဆင် သေသေသပ်သပ်နှင့် အေးဆေးပုံပင်။
ဖြတ်သွားဖြတ်လာတွင် မျက်လုံးထဲတိုးဝင်ခဲ့သောဆိုင်ကလေးဖြစ်သည်။
သို့သော် ဆိုင်ထဲရောက်သည့်အခါမှ အန်တီဂရေစ့်က ထူးထူးဆန်းဆန်းခေါင်းကိုက်လာပုံရသည်။
"ဆောင်း...အဆင်ပြေရဲ့လား"
ဆောင်း...။
အန်တီဂရေစ့်ကို ဖေဖေက ဆောင်း ဟုခေါ်လိုက်သည်။
အဘယ်ကြောင့်နည်း။
"ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်မှာပါ ကိုရယ်...ထိုင်ကြရအောင်လေ"
ကျွန်မသိခဲ့သော အမျိုးသမီး......ဟုတ်သည်။
အန်တီဂရေစ့်ကို အန်တီဂရေစ့် ဟုပင်ကျွန်မသိခဲ့သည်။
ကြည့်ကောင်းသော မြန်မာမျက်နှာပေါက်နှင့် အန်တီဂရေစ့်က ဆောင်းဖြစ်ကြောင်း ဖေဖေခေါ်မှ ကျွန်မသိခဲ့ရသည်။
ထိုအရာက ကျွန်မ၏သိချင်စိတ်ကို မကြာခဏလှုံ့ဆော်ပေးနေခဲ့သည်။
အထူးသဖြင့် ထမင်းစားနေရင်းနှင့် တရှုံ့ရှုံ့ထွက်လာသောအသံကဖြစ်သည်။
ကြားစက အန်တီဂရေစ့် ထိုင်းစာပူပူစပ်စပ်များကိုမစားနိုင်ခြင်းဟု တွေးခဲ့သော်လည်း စားနေရာမှမော့ကြည့်လိုက်သည့်အခါ ကျွန်မစိတ်တို့ပြောင်းခဲ့ရသည်။
ဖေဖေ့မျက်နှာတွင်လည်း အံ့သြမှုနှင့်ထိတ်လန့်မှုက ဖုံးဖိမရအောင်ပေါ်လွင်နေသည်။
"ဘာလို့လဲမသိပါဘူး...ရင်ထဲမကောင်းဘူး"
ဆိုသောစကားနှင့်အတူ ကျွန်မစိတ်တွင်အန်တီဂရေစ့်နှင့်ပတ်သတ်သော ပဟေဠိများ ပိုမိုနေရာယူလာခဲ့သည်။
ထိုဆိုင်မှပြန်လာပြီး အိမ်ရောက်သည်ထိလည်း သူမမှာမျက်နှာမကောင်းလှသဖြင့် ဖခင်ကလည်း သူ၏ချစ်ဇနီးအနားမှ တစ်ဖဝါးမျှမခွာပေ။
ကျွန်မသိချင်သည်က..သူမအဘယ်ကြောင့်ငိုနေခဲ့သနည်း။
..........
ညနေခြောက်နာရီ။
နောက်ကျမှအိမ်ပြန်လာမည်ဆိုသော ကလေးငယ်ကို ဟင်းချက်ရင်းစောင့်နေရသည်က ကျွန်မကိုပိုပြီးစိတ်မရှည်ဖြစ်လာစေသည်။
ချက်နေသည့်ကြက်သားက ကျက်လုဆဲဆဲ....။
ဂေါ်ဖီနှင့်ခဝဲသီးဟင်းရည်ကဆူပြီမို့ ဂတ်စ်မီးကိုပိတ်လိုက်သည်။
ကြက်သားဟင်းအိုးကိုအဖုံးပိတ်ပြီး ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲဝင်ခဲ့သည်။
တစ်အောင့်ကြာမှ ကလေးငယ်ကရောက်လာသည်။
လက်ထဲတွင် ဟင်းသီးဟင်းရွက်တစ်ချို့နှင့် ဈေးဝယ်လာဟန်တူသည်။
"နည်းနည်းနောက်ကျသွားတယ်...မမ..ညစာကချက်ပြီးသွားပြီလား"
"အင်း...ကြက်သားပဲချက်ထားတယ်"
ပြောရင်း သူ့လက်ထဲကအထုပ်များကိုဆွဲယူပြီး ရေခဲသေတ္တာထဲထည့်သည်။
ရေခန်းသွားသောကြက်သားအိုးကိုမီးပိတ်ပြီး ပန်းကန်ထဲခပ်လိုက်သည်။
အခြေအနေကအေးဆေးဆဲ။
ထိုအချိန်..
"ခွမ်း"
ငယ်လေးက သူသောက်နေကျဖန်ခွက်ကို လွှတ်ချလိုက်ခြင်းပင်။
သို့သော် သူဆက်ပြောလိုက်သောစကားကြောင့် ကျွန်မစိတ်ထဲတွေဝေသွားရသည်။
"မေမေ...မေမေ မဟုတ်လား..မေမေ ဟုတ်တယ်မလား"
အကြောင်းက သူအန်တီဂရေ့စ်ကိုကြည့်နေခြင်းကြောင့်ပင်။
"မဖြစ်နိုင်ဘူး...မဟုတ်ရဘူး..."
ကျွန်မစိတ်ထဲ ခပ်လေးလေးရေရွတ်မိသော်လည်း ဦးနှောက်ကအလုပ်လုပ်လာသည်။
နေ့လယ်က အန်တီဂရေ့စ်ကို ဖေဖေက'ဆောင်း'ဟုခေါ်ခဲ့သည်။
ရှုပ်ထွေးသည်ထက်ရှုပ်ထွေးလာသောအကြောင်းအရာများက ခေါင်းထဲတိုးဝင်လာသည်။
အဖြေကိုသိလျက်နှင့် လျှာဖျားတွင်ကျပျောက်သည့်ခံစားချက်ပင်။
လဲကျသွားသောအန်တီဂရေ့စ်ကို ငယ်ကပွေ့ထားပြီး ဖေဖေမျက်နှာကဣိနြေ္ဒမဆည်နိုင်အောင်ကြောက်ရွံ့လျက်။
'ဘာတွေလဲ...ဒီလိုတွေဖြစ်ကုန်လို့မရဘူးလေ'
အရာရာက ကျွန်မမတိုင်ခင်ကတည်းကလွဲချော်နှင့်ခဲ့ပြီ။
.........
အချိန်တစ်ခုအကြာမှာ တစ်စုံတစ်ယောက်ရဲ့မျက်ဝန်းတွေထဲစိုက်ကြည့်နေသော ကလေးငယ်။
ကလေးငယ်က အကြင်အမျိုးသမီး၏လက်နှစ်ဖက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားသည်။
ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့သည့်အလား။
အမျိုးသမီး၏ မျက်ဝန်းညိုတွေကလည်း စိုစွတ်လာသည်။
မိုးသည် အချိန်အခါမဟုတ် ဆွေလာသည်။
အမျိုးသမီးနှစ်ယောက်လည်း ယူကြုံးမရ ရှိုက်ကြီးတငင်ငိုကြွေးတော့သည်။
"မေမေတောင်းပန်ပါတယ်...မေမေ သိပ်မှားတယ်အမရာရယ်...မေမေတောင်းပန်ပါတယ်...မေမေ့အမှားတွေပါပဲ...မေမေ့ကိုခွင့်လွှတ်ပါ ကလေးရယ်"
ပြုံးပြတတ်သော မျက်ဝန်းတို့တွင်လည်း မျက်ရည်တစ်ချို့ကလွဲ၍ ဗလာနတ္ထိ။
"ဘယ်တွေရောက်နေခဲ့တာလဲ မေမေရယ်...ငယ်တစ်ချိန်လုံးမျှော်နေခဲ့ရတာ..မာမီမရှိတော့တဲ့အပြင် မေမေကပါပျောက်သွားလို့ အန်ကယ်တက်ဒီနဲ့သမီးတို့ ဘယ်လောက်တောင်ရှာခဲ့ရလဲ"
"မေမေတောင်းပန်ပါတယ်ကလေးရယ်...ငါ့သမီးလေးအရွယ်ရောက်လာတာကိုတောင် မေမေမမြင်ခဲ့ရဘူး"
ငယ့်အကြည့်တွေက ဖေဖေ့ဆီရောက်လာသည်။
"ရှင်က...ဟိုလူပဲ"
"အမရာ..သမီးဘာကိုပြောတာလဲ"
"ငယ်တို့အိမ်ပြန်ကြမယ်မေမေ"
"အိမ်??"
အဝတ်တွေသိမ်းနေသောအမျိုးသမီးနှစ်ယောက်ကိုထိုင်ကြည့်နေရုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့။
"ငယ်...တို့အိမ်မှာနေလို့ရပါသေးတယ်ငယ်ရယ်...အဖြစ်အပျက်တွေကိုသေချာသိဖို့အချိန်ယူ..."
"ဘာကိုထပ်ပြီးသိရဦးမှာလဲ...ငယ့်မေမေကိုပြန်ရှာတွေ့ပြီ
ပြန်တွေ့တာကလဲ...."
ငယ့်မျက်ဝန်းဝိုင်းဝိုင်းလေးမှာမျက်ရည်စတွေချည်းဖြစ်သည်။
နီရဲနေသောနှာဖျားလေးနှင့်အနည်းငယ်ရှုပ်ပွနေသောဆံပင်တို့မှာကျွန်မ၏ငယ်လေးဖြစ်ကြောင်းကိုငြင်းဆိုချင်နေသယောင်ပင်။
"အား....တော်ပါတော့...တောင်းပန်ပါတယ်..တော်ပါတော့"
ပိုက်ထားသော လက်နှစ်ဖက်သည် ဖြေချခံလိုက်ရပြီး လူတစ်ယောက်အနားမှာ ပျာယာအခတ်ဆုံးဖြစ်လာသည်။
"ငယ်..ငယ်..ဘာဖြစ်တာလဲ"
"မထိနဲ့...ကျွန်မကိုမထိနဲ့"
မှတ်ဉာဏ်ပြန်ရခြင်း။
ငယ်နှင့်ပတ်သတ်၍ ထိုအကြောင်းကို ဆရာဝန်အားမေးမြန်းခဲ့ဖူးသည်။
ခေါင်းကိုက်တတ်သည်တဲ့။
မျက်စိရှေ့က ကလေးငယ်ကမူ ပေါက်ကွဲထွက်မတတ် နာကျင်နေခြင်းဖြစ်ရမည်။
"သမီး...သမီးငယ်...ဘာဖြစ်တာလဲ.."
"ဘာလို့လဲ...ဘာလို့များသူများမိသားစုကို ဖျက်ဆီးခဲ့ရတာလဲ
ရှင့်အကျိုးဘာများရခဲ့လို့လဲ...ကျွန်မ ဘယ်လောက်တောင်ပင်ပန်းခဲ့ရလဲ
ရှင်သိရဲ့လား"
နီရဲလာသော မျက်ဝန်းများတွင် ဒေါသချည်းဖြစ်လာသည်။
ဖေဖေ့ကော်လံစပေါ်က လက်ဖြူဖြူတွေကို ကျွန်မဖယ်ရှားပေးဖို့ လိုမယ်မထင်။
တစ်ချိန်လုံး တ်တ်ဆိတ်နေခဲ့သောဖေဖေက စကားနှစ်ခွန်းကိုသာ အကြိမ်ပေါင်းများစွာထပ်တလဲလဲပြောနေခဲ့သည်။
"တောင်းပန်ပါတယ်....ငါသူ့ကိုသိပ်ချစ်ခဲ့လို့ပါ"
မျက်ရည်လည်ရွဲက ကျွန်မကို ငယ့်အနားကသွေဖည်စေခဲ့သည်။
"ရှင့်အတ္တကြီးလွန်းလို့ကျွန်မတို့...မာမီ့ကိုရှင်သတ်ခဲ့တာ..ရှင်သတ်ခဲ့တာမလား"
အဆက်မပြတ်ကျဆင်းလာတဲ့ သူ့မျက်ရည်တွေ...
"ရှင်လည်း သိနေခဲ့တယ်မလား...ကျွန်မကိုအနားမှာထားပြီး..ပျော်နေခဲ့တာလား"
ကျွန်မကိုကြည့်တဲ့ သူ့မျက်လုံးတွေထဲမှာ တွေဝေမှုတွေချည်း။
"မဟုတ်ဘူး...မဟုတ်ဘူးငယ်...တို့တကယ်..တကယ်ဘာမှမသိခဲ့ဘူး"
"မလာခဲ့နဲ့...ရှင်တုိ့ကအတူတူပဲ..မုန်းတယ်..မုန်းတယ်"
ထိုစကားကြောင့် ရင်ထဲမှာကမ္ဘာပြိုရသည်။
"ကျွန်မမေမေ့ကိုခေါ်ပြီး ထွက်သွားရလိမ့်မယ်"
ဘယ်လိုနည်းနဲ့မှ မတားရက်။
နောက်ဆုံးအနေနှင့် အသနားခံခြင်းက လက်ကျန်ကြိုးပမ်းချက်မို့......
"ငယ်"
သမင်လည်ပြန်အကြည့်တစ်ချက်တွင် အမုန်းတရာများရောထွေးနေ၏။
မျှော်လင့်ချက်တို့ကား ပျောက်ဆုံးပေပြီ။
ကြေကွဲတတ်သော စိတ်နှလုံးတို့သည် အသွေးအသားထဲနေရာယူလျက်။
ရှက်စိတ်နှင့် ဆုံးရှုံးစိတ်တို့ပါသော အပြစ်ကြွေးက ဖေဖေနှင့်ကျွန်မကိုပြင်းပြင်းထန်ထန် ရိုက်ခတ်နေခဲ့သည်။
ထိုနေ့က ငယ်တို့သားအမိနှစ်ယောက်ထွက်သွားသည့် ပုံရိပ်တစ်ချို့သည် ကျွန်မတို့သားအဖနှစ်ယောက်ရင်ထဲတွင် သေရာပါစွဲထင်စေခဲ့သည်မှတ်၏။
..........
2262
ဇာတ်သိမ်းပါတော့မယ်
ဒန်ဒန့်ဒန်:')