နေရောင်ခြည်နွေးနွေးလေးက မှန်ပြတင်းပေါက်ကိုဖြတ်ကာ မျက်ခွံပေါ်သို့လာရောက်ကျီစယ်
သောကြောင့် ကျတော် ကုတင်ပေါ်မှာ စောင်အထွေးလိုက်နှင့် လူးလူးလှိမ့်လှိမ့်လုပ်ရင်း
မျက်လုံးများပွင့်လာသည်
ဦးနှောက်ထဲကို အရင်ဆုံးရောက်လာသည်က
ထယ်ယောင်းဖြစ်သည့်အတွက် လှဲလျောင်းနေရာမှ ဆက်ခနဲထထိုင်လိုက်ရင်း အိပ်ရာဘေးနှင့်
အခန်းတစ်ဝိုက်ကို လှည့်လည်ကြည့်ကာ မျက်လုံးကစားမိလိုက်တော့ ထယ်ယောင်းကို
တွေ့ဖို့မပြောနှင့် သူနဲ့တူသည့် အရိပ်အယောင်မျှ
တောင် တစ်ခုမှမတွေ့
မှန်ပြတင်းပေါက်နားသို့ လေးပင်းစွာ လျှောက်သွားလိုက်ရင်း ပြတင်းပေါက်ကိုဖွင့်လိုက်တော့
မျက်နှာပေါ်နေရာလပ်မကျန်အောင်ကျရောက်လာတဲ့ နေရောင်ခြည်နဲ့အတူ မြေနံ့သင်းသင်းလေးကလည်း နှာခေါင်းထဲသို့
၀င်ရောက်လာ၏
ပတ်၀န်းကျင်တစ်ခုလုံးကလည်း စိုစွတ်နေတဲ့အပြင် ခြံ၀င်းထဲမှာရှိတဲ့ပန်းပင်တွေမှာလည်း
မိုးစက်လေးတွေ တွဲလွဲခိုနေတာကို တွေ့ရသဖြင့်
မနေ့က မိုးရွာသွားတာလား
ဒါဆို သူ ကကော ဘာကိစ္စတွေရှိနေလို့ ပြန်မလာ
ရတာလည်း
ကုတင်နားသို့ချက်ချင်းပြန်သွားလိုက်ကာ
ဘေးစားပွဲပေါ်မှာတင်ထားတဲ့ Phone ကို
ဆက်ခနဲဆွဲယူလိုက်ပြီး လက်ချောင်းများကလည်း ဖုန်း Screen ပေါ်သို့ အမြဲရွေ့လျားလိုက်ရင်း Contact တစ်ခုဆီသို့-
"Hello"
"Hello ထယ်...ထယ်ယောင်းလား"
"အော် ဟိုဆော့လား ငါ ဂျောင်ကုပါ"
"ဟင် သူ့ Phone က မင်းဆီဘယ်လိုလုပ်...."
"အော် သူ ည ကလေ Bar မှာရုပ်ပျက်ဆင်းပျက်
ကိုမှောက်နေတာ
အဲ့ Bar မှာရှိတဲ့ Manager က ငါတို့နဲ့အသိလေ
ထယ်ယောင်းနဲ့လည်းခင်တယ်
အဲ့တာ သူ့ကိုပြန်ခေါ်ဖို့ ငါ့ကို Phone ဆက်
လိုက်တာ"
"အဲ့တာများကွာ အိမ်ကိုတစ်ခါတည်းပြန်ပို့လိုက်တာမဟုတ်ဘူး
သူ့အမေ ကော ငါ ကော သူ့ကို တညလုံးစောင့်
နေတာ"
"ငါလည်းပြန်ပို့ပေးမလို့ပါကွာ
ဒါပေမယ့်....."
"ဒါပေမယ့် ဘာလဲ"
ဂျောင်ကုအသံမှာ တစ်စုံတစ်ရာကိုပြောရန်
အားနာသလိုဖြစ်နေသည်ကို ကျတော်ရိပ်စားမိလိုက်ပြီး-
"ရပါတယ် ပြောစရာရှိတာကိုသာပြောပါ
ငါ့ကိုဘာမှအားနာနေစရာမလိုဘူး"
"သူကမပြန်ချင်ဘူးဆိုပြီး အိမ်မှာအတင်းကိုကပ်နေနေလို့
ငါ နဲ့ ဂျီမင်းလည်း သူ့ကို ဘယ်လိုမှ ပြန်လွှတ်လို့မရဘူး"
"ငါ ထင်ပါတယ်...."
ဟိုဆော့ အသံကသိသိသာသာတိုး၀င်သွားသည်ကို ဂျောင်ကုတစ်ယောက် သတိထားမိလိုက်ပြီး
"မင်းကလည်းစိတ်မကောင်းဖြစ်မနေပါနဲ့
ဒီကောင်ကမူးနေတာလေ ဘာသိမှာလဲကွာ ဟားးဟားး"
"အေးပါ အဲ့တာဆိုလည်း ပြီးတာပါပဲ
ငါဖုန်းချလိုက်တော့မယ်"
ကျတော်တို့နဲ့ကျ နှစ်ခွက်လောက်ပဲသောက်ပြီး
ပြန်သွားတဲ့သူ က နောက်ပြီးကျမှ Bar မှာ
စိတ်လိုအားရသွားသောက်နေတယ်တဲ့လား
အိမ်ကိုပြန်မလာချင်ဘူးလို့ဆိုရလောက်တဲ့အထိ
မင်းမှာဘာတွေစိတ်ညစ်စရာရှိနေလို့လည်း
ထယ်ယောင်း
အတွေးတွေကိုအမြန်လက်စသစ်လိုက်ရင်း
မျက်နှာသစ်သွားတိုက်ကာ အောက်ထပ်ကို
အမြန်ဆင်းသွားလိုက်တော့
ထမင်းစားပွဲမှာ အသင့်နေရာယူလျက်ရှိတဲ့
အန်တီဆူး ကို မြင်၍ အလိုက်တသိ
နှုတ်ဆက်လိုက်၏
"အန်တီဆူး Morning ပါ"
"ဟိုဆော့လေး Morning ပါကွယ်"
အန်တီဆူးက ကျတော့်ကို Coffee ထည့်ပေးရင်း-
"ထယ်ယောင်း ကော မနှိုးသေးဘူးလား"
"ဗျာ"
"ထယ်ယောင်းလေ..."
"တကယ်တော့ သူ....သူ ညက ပြန်မလာဘူး
အန်တီဆူး"
"ဘာ!!!!"
အန်တီဆူးကတော့ မယုံကြည်နိုင်သော မျက်၀န်းများဖြင့်-
"တကယ်ပြန်မလာခဲ့တာလား"
"ဟုတ်...ဟုတ်ပါတယ်"
"ဒီကောင်လေးအဲ့တာ ဘာအချိုးချိုးတာလဲ
မင်္ဂလာဦးညမှာပြန်မလာဘူးဆိုတော့
ဘယ်လိုစိတ်ထားမျိုးနဲ့များ..."
"သူ အမူးလွန်သွားလို့ဆိုပြီး ဂျောင်ကုတို့
အိမ်မှာအိပ်လိုက်တာတဲ့"
"ဘယ်လိုပဲဖြစ်ဖြစ်လေ ဒီလိုတော့မလုပ်သင့်ဘူး
နေပါစေအုံး ဒီကောင်အိမ်ပြန်ရောက်ရင်
အန်တီ သူ့ကို ဆူပစ်အုံးမယ်
သား ဟိုဆော့ ဘာမှစိတ်မကောင်းမဖြစ်နဲ့နော်"
ဟိုဆော့ က ခပ်ဖျော့ဖျော့ပြုံးလိုက်ရင်း-
"အန်တီဆူးရယ် သူလည်းအရွယ်ရောက်နေပြီပဲ
သူဘာကြောင့်ဒီလိုတွေလုပ်နေရတာလဲဆိုတာ
သူပဲအသိဆုံးဖြစ်မှာပဲ
ဆူလိုက်တော့လည်း သူကပြောင်းလဲသွားမှာမှ
မဟုတ်ပဲ"
"ဟင်...သား ဟိုဆော့ မင်း ဘာကိုဆိုလို...."
"ဒီလိုပါပဲ အန်တီဆူးရယ်.....ကျတော့် အမြင်ကိုပြောပြတာပါ"
ထိုစဉ်-
ထမင်းစားခန်းထဲကို ရုတ်တရက်ရောက်လာကာ
ကော်ဖီသောက်နေတဲ့ အန်တီဆူးကို
နောက်မှသိုင်းဖက်လိုက်ရင်း ပါးကို နမ်းလိုက်တဲ့
ထယ်ယောင်းကြောင့်-
"အမလေး လန့်လိုက်တာ ထယ်ယောင်းရယ်"
"Morning ပါ မေမေ
Morning ဟိုဆော့"
ထို့နောက် ထယ်ယောင်း က ကျတော့်ဘေးနား
ကို၀င်ထိုင်လိုက်ရင်း-
"မင်း ဘာလို့ မနေ့ကပြန်မလာတာလဲ
ထယ်ယောင်း"
"ဟို....အဲ့တာကလေ"
အန်တီဆူးအမေးကိုချက်ချင်းဖြေသေးပဲ
ထယ်ယောင်းက ကိတ်မုန့်တစ်ခုကို ယူလိုက်ကာ
မလုပ်ပလောင်းစားရင်းနှင့်-
"တကယ်တော့ သားမနေ့ကပြန်လာဖို့ပါပဲ
အရမ်းမူးနေမှန်းမသိလောက်တဲ့အထိကို
အရက်သောက်မိသွားလို့
အဲ့တာနဲ့ Bar က Manager က သားတို့နဲ့အသိဆိုတော့ သူလည်း ဂျောင်ကုတို့ဆီကို
ဖုန်းဆက်လိုက်တယ်ရှိမှာပေါ့ သားကိုလာခေါ်ဖို့လေ
အဲ့တာနဲ့ ဂျောင်ကုတို့အိမ်ရောက်သွားတာ
သားပြန်ဖို့လုပ်ပါသေးတယ်
မနေ့ညက မိုးကလည်းတအားရွာနေတော့
ဂျီမင်းက သား ကို မပြန်ခိုင်းဘူးလေ
အရမ်းမူးနေတော့ ကားလည်းမမောင်းခိုင်းဘူး
အဲ့တာနဲ့ ဂျောင်ကု က လိုက်ပို့မယ်ဆိုတော့လည်း
ဂျီမင်း က စိတ်မချဘူး
အဲ့တာနဲ့ မနေ့က အဲ့ဒီအိမ်မှာသောင်တင်ဖြစ်သွားတာပါ မေမေ ရဲ့ ဟီးးဟီးး"
ညာတယ် မင်းညာတယ် ထယ်ယောင်း....
ထယ်ယောင်းကအပြစ်ကင်းသလို ပြုံးပြကာ ပြောနေပေမယ့်
ကျတော့်အတွက့်ကတော့ လှောင်ရီစရာတစ်ခုလိုဖြစ်နေ၏
မင်းတကယ်ရိုးသားတယ်ဆို အိမ်ကိုပြန်မလာချင်လို့ဆိုတဲ့ အကြောင်းလေးကိုကော
ဘာဖြစ်လို့ထည့်မပြောတာလဲ ထယ်ယောင်းရဲ့
"ထယ်ယောင်း မင်းနော် မနေ့ကမှ လက်ထက်ပြီးတယ် အချိုးတွေပြောင်းဖို့မကြိုးစားနဲ့
ငါနဲ့ကောင်းကောင်းတွေ့မယ်ကြားလား"
"မေမေကလည်း...."
"စားပြီးပါပြီ ကျတော်သွားတော့မယ်"
"တော်ပြီလား သား ရဲ့"
"ဟုတ်"
တော်ပါပြီ အန်တီဆူးရယ်
ထယ်ယောင်းရဲ့ အလိမ်အညာတွေကို ကျတော်
ဆက်ပြီး နားမထောင်ချင်တော့လို့ပါ
မသိခဲ့ရင်ပိုကောင်းမှာပဲ
အခုက အမှန်တရားကိုသိနေတော့
သူပြောသမျှက ကျတော့်အတွက်က ရီစရာဟာသတစ်ပုဒ်လိုဖြစ်နေလေတယ်
Beautifully Illustrated:Me and He
ဗီရိုကတစ်ခုတည်းပဲရှိသည့်အတွက် ကျတော်နဲ့
ထယ်ယောင်းအ၀တ်တွေကို မျှထားဖို့ဆိုပြီး
သူ့ဗီရိုထဲမှာ ကျတော့် အ၀တ်တွေကို ထပ်ထည့်ဖို့
သေချာရှင်းနေလိုက်သည်
ထိုအချိန် ထယ်ယောင်းက ကျတော့်ဘေးနားကိုရောက်လာပြီး-
"အဲ့တာဘာတွေလုပ်နေတာလဲ"
"ငါ့အ၀တ်တွေထားမလို့လုပ်နေတာလေ"
"ဘယ်လို..?? ငါ့ဗီရိုထဲမှာလား"
"အေးလေ အန်တီဆူးက ငါ့အ၀တ်တွေကို မင်းဗီရို
ထဲမှာပဲ ထည့်ထားတဲ့"
"မင်းအ၀တ်တွေကို Luggage ထဲမှာပဲထားလို့မရဘူးလား"
"ဟင် ဘာဖြစ်လို့လည်း မင်းဗီရိုကလည်း အကျယ်ကြီးလေ"
"ဒါပေမယ့် ငါမကြိုက်ဘူး"
"ထယ်ယောင်း......"
"ငါ့ပစ္စည်းတွေကို တခြားတစ်ယောက် ပစ္စည်းတွေနဲ့ အတူတူထားတာ ငါမကြိုက်ဘူး"
"ငါ က အခြားတစ်ယောက်လား
ငါ က မင်းနဲ့လက်ထပ်ထားတဲ့လူလေ
ငါ က မင်းရဲ့ အိမ်ထောင်ဖက်လေ"
"ဟက်!!! အဲ့ဒီစည်းတွေနဲ့ ငါ့ကို လာပြီး
ချုပ်ချယ်မနေပါနဲ့
အဲ့လိုစကားလုံးတွေကို မုန်းလွန်းလို့
ဘယ်သူဘာပြောပြော ငါကြိုက်သလိုနေမယ်"
"ကြိုက်သလိုနေလို့ရမလား ဟမ်!!!
မင်းမစဉ်းစားတတ်ဘူးလား အသိဉာဏ်မရှိဘူးလား မင်းက ကလေးလား"
"အဲ့တာတွေငါမသိဘူး"
"ကောင်းပြီလေ ငါ မင်းနဲ့ပြိုင်မငြင်းတော့ဘူး
ငါအခုနေနေရတယ်ဆိုတာ မင်းအိမ်မှာဆိုတော့
မင်းရဲ့ပြောစကားအတိုင်းပဲပေါ့
ငါ့အင်္ကျီတွေကို Luggage ထဲမှာပဲ ပြန်ထည့်ထားလိုက်လို့လည်းကိစ္စမရှိဘူး
ရတယ် မင်းဗီရိုကို ငါမသုံးဘူး"
"ကျေးဇူးပဲ"
"ထယ်ယောင်း မင်းသိလား
တစ်ချို့အရာတွေက တကယ်လိုအပ်လို့ ပြောင်းလဲပစ်ရတာဆိုပေမယ့်
မလိုအပ်ပဲနဲ့တော့ အရာအားလုံးကို လိုက်ပြီးပြောင်းလဲပစ်စရာမလိုပါဘူး
မင်း သဘောမကျတဲ့ အရာတစ်ခုအတွက်ပေါ့"
"........"
ဒီလောက်ပဲပြောမယ် ထယ်ယောင်း
ငါပြောတာမင်းနားလည်မယ်ဆိုတာ သိနေတဲ့အတွက်ပေါ့
ဒါပေမယ့်စိတ်ချပါ
မင်းတုံ့ပြန်သလို ငါ မင်းကိုမတုံ့ပြန်ဘူးဆိုတာ
ငါနာကျင်သလို မင်းကိုမနာကျင်စေချင်လို့ပေ့ါ
------
"ဟုတ်ပြီ ဟိုဆော့ ဒါဆို မနက်ဖြန်ကစပြီး
အန်တီတို့ Company ကို လိုက်ခဲ့တော့လေ"
"ဖြစ်ပါ့မလား အန်တီဆူး
ကျတော်တော့ အရမ်းကိုစိတ်လှုပ်ရှားနေတယ်"
"ဟယ် မဟုတ်တာပဲ အန်တီလည်းမင်းဘေးမှာ
ရှိနေမယ့်ဟာကို
တကယ်ပါပဲ ဟိုဆော့လေးရယ်
မင်းလုပ်နိုင်မယ်လို့ အန်တီယုံကြည်ပြီးသားပါ"
"ဟုတ်ကဲ့ပါ ကျတော်လည်း အကောင်းဆုံးကြိုးစားသွားပါ့မယ်"
"ဟိုရောက်ရင် မင်းကို အနီးကပ်သင်ကြားပေးဖို့
Manager တစ်ယောက် အန်တီစီစဉ်ထားတယ်"
"ဟုတ် အန်တီဆူး"
"သူကမင်းကို လိုအပ်တာတွေ လုပ်ငန်းနဲ့ပတ်သတ်သမျှအကုန်လုံးသင်ကြားပေးလိမ့်မယ်"
"ဟုတ်ကဲ့"
"အန်တီသူ့ကိုအကုန်ပြောပြထားပြီးသားမလို့
ဘာမှအားနားစရာမရှိဘူးနော်
သား မသိတာတွေပဲဖြစ်ဖြစ် နားမလည်တာပဲဖြစ်ဖြစ်ချက်ချင်းမေးလို့ရတယ်"
"ဟုတ် အန်တီဆူး"
ထယ်ယောင်းကတော့ သူ့ကိစ္စမဟုတ်သည့်နှယ်
TV ကိုသာ အရေးစိုက်ကြည့်နေ၏
"ဟဲ့ ထယ်ယောင်း"
"......"
"ထယ်ယောင်း"
"ဗျာ..."
"မင်းကကော ဘယ်တော့ အလုပ်လုပ်မှာလဲ
မင်းလေ တကယ်ပါပဲ ငါ့သားဆိုပြီးအားကိုး
ရမလဲမှတ်တယ်
ဟိုဆော့လောက်တောင် အားမကိုးရဘူး"
"အမေကလည်း ကျတော့်ကမှ အဲ့ဒီလုပ်ငန်းဘက်ကိုစိတ်မှမပါတာ"
"ဒါဆိုလည်း လုပ်ငန်းတစ်ခုခုလုပ်တော့လေ
ဒီတိုင်းပဲ ယောင်ခြောက်ဆယ်လုပ်ပြီး အိမ်မှာထိုင်နေတော့မှာလား"
"အင်းပါ မေမေ ကလည်း ကျတော်သိပါပြီ"
------
အမှန်တိုင်းပြောရရင် ည ဆိုတာကို ကျတော်
မရောက်ချင်ဘူး
အမှောင်ထုတွေကြီးစိုးနေလို့ ကြောက်တာထက်
ကျတော့်ကိုတစ်ယောက်တည်းထားသွားမှာကိုကြောက်တယ်
မိုးခြိမ်းသံတွေ လျှပ်စီးလက်သံတွေကို
ကြောက်တာထက်
အားကိုးတကြီး ခိုလှိုစရာရင်ခွင်တစ်ခု
မရှိမှာကို ကျတော်ကြောက်တယ်
တိမ်တွေထူထပ်နေလို့ ကျတော် မြတ်နိုးရတဲ့
ကြယ်လေးတွေကို မြင်ခွင့်မရမှာထက်
သူမျက်နှာလေးညှိုးနေမှာကိုတော့ ကျတော်
သေလောက်အောင်ကြောက်မိတယ်
နောက်ဆုံးအနေနဲ့
သူကိုယ်ငွေ့နဲ့ အနီးဆုံးမှာ ရှိနေခွင့်မရရင်တောင်
မိုးလင်းရင် သူ့မျက်နှာလေးကို အရင်ဆုံး
မြင်ခွင့်မရမှာကို ကျတော်ကြောက်တယ်
ည ၁၁ ခွဲတော့ အိပ်ရတော့မယ်ဆိုတဲ့ အသိနဲ့
ကျတော့်ခြေလှမ်းတွေဟာ အပေါ်ထပ်ကိုသွားဟန်ပြင်လိုက်ရင်း Sofa ပေါ်ကနေထိုင်ရာကမထသေးတဲ့ ကျတော့်ရဲ့
သံယောဇဉ်ကြိုးလေးကိုဖျက်ခနဲမြင်လိုက်တော့-
"ထယ်ယောင်း မအိပ်သေးဘူးလား"
"ဟင့်အင်း ဘာလို့လည်း"
"အင်းပါ.....ဒါဆိုလည်း ညဉ့်နက်အောင်မနေနဲ့နော်"
"မင်းငါ့ကိုစောင့်မနေနဲ့လေ
အိပ်ချင်ရင်အိပ်လိုက်တော့"
"အေးပါ ဒါဆို ငါသွားနှင့်မယ်နော်"
"အင်း"
-----
သို့သော် မနက်၁ နာရီထိုးတဲ့အထိ ကျတော်
အိပ်မပျော်ခဲ့ပေ
ထယ်ယောင်းရှိပါလျက် ကျတော့်ဘေးနား
မရှိနိုင်သော သူ့ကြောင့် တစ်ခုခုလစ်ဟာနေတဲ့
စိတ်ကြီးက အနှောင့်အယှက်ပေး၏
"ကျစ်!!!"
နောက်ဆုံးတော့ ကျတော် ဘယ်လိုမှမနေနိုင်တော့တဲ့ အဆုံး အောက်ထပ်ကိုဆင်းလိုက်တော့
တွေ့ပါပြီ
ခေါင်းအုံးလေးတစ်ခု စောင်လေးတစ်ထည်နှင့်ဆိုဖာပေါ်မှာ ကွေးကွေးလေးအိပ်နေတဲ့ ထယ်ယောင်း
အော်....
မင်းကTVကြည့်ရင်း အိပ်ပျော်သွားတာမှ
မဟုတ်ပဲ
ရည်ရွယ်ချက်ရှိရှိ အိပ်ပျော်သွားခဲ့တာကို
ငါ့မှာတော့ မင်းကိုစောင့်နေခဲ့တာ
မင်းကတော့......မင်းကတော့ ငါနဲ့တောင်
တစ်ကုတင်တည်းမအိပ်ချင်လို့
ရှောင်ပြေးနေပြီကို
အေးလေ ငါကကော ဘာတွေကို မျှော်လင့်နေခဲ့ရတာလဲ အသုံးမကျလိုက်တဲ့ငါ!!
ဝဲတက်လာတဲ့ မျက်ရည်စတွေကိုသတိပြုမိတော့
လက်ဖမိုးနှင့် ချက်ချင်းသုတ်ပစ်လိုက်သည်
ကျတော် ထယ်ယောင်းကို အပြစ်မတင်ဘူး
သူကတောင် နေနိုင်သေးတယ် ကျတော်ကတော့
ဒီလောက်တောင် ပျော့ညံ့ရသလားဆိုပြီး
ကိုယ့်ဘာကိုယ်ပဲအပြစ်တင်မယ်
"ထယ်ယောင်း....ထ...ထ"
"ထယ်ယောင်း..."
သူကတော့ မျက်လုံးမဖွင့်ပဲ အိပ်ချင်မူးတူးအသံဖြင့်-
"ဟင်...အင်း ဘာလဲ"
"ထလို့ သွားသွား အခန်းထဲသွားအိပ်ချေ"
"ရ...ရတယ် ဒီမှာပဲအိပ်မယ်"
"ကျစ်!!! သွားအိပ်ပါလို့
တစ်ညလုံး ဒီလို အိပ်နေရင် မင်း သက်တောင့်သက်သာဘယ်ရှိပါ့မလဲ"
"ရပါတယ်"
"ကဲ သွားပါကွာ ငါပဲအိပ်လိုက်မယ်"
"ဒါဆို မင်းကကော..."
ဟက်!!! မဆိုးပါဘူး ဟန်ဆောင်ပန်ဆောင်တော့
မေးဖော်လေးရသားပဲ
"ကိစ္စမရှိဘူး ငါကအိပ်နေကြ
ကဲသွားပါဆို ထယ်ယောင်းရာ"
"အေးပါ"
ထယ်ယောင်းထွက်သွားပြီးအပေါ်ထပ်ရောက်ပြီဆိုတာသေချာမှ ကျတော့်ရဲ့ပျော့ညံ့မှုတွေကို
ဆက်ပြီးဟန်ဆောင်မထားနိုင်တဲ့အဆုံး
ဖွင့်ချမိလိုက်တော့တယ်
ဘယ်လောက်တောင်ငိုနေမိလဲမသိ
နာရီကြည့်မိလိုက်တော့ ၂ နာရီတောင်ထိုးတော့မယ်
မနက်ကျရင် Company ကို ပထမဆုံးခြေလှမ်းရမယ့်နေလည်းဖြစ်တာကြောင့်-
"သွားပါပြီ မနက်ကြရင်တော့ ငါ့မျက်လုံးတွေ
မို့တက်နေတော့မှာပဲ"
ထိုအသိနှင့်ပင် ဆိုဖာပေါ်အတင်းမှောက်ကာ
ပြန်အိပ်ရန်ကြိုးစားလိုက်ရတော့၏
အတန်ငယ်ချမ်းနေတယ်ဆိုတာ ကျတော်သိသော်လည်း မဖြစ်နိုင်မှန်းသိတဲ့ မျှော်လင့်ချက်လေးတစ်ခုနှင့် ပေကပ်စွာ ထိုစောင်ကို မခြုံပဲ
နေခဲ့ပါသည်
မနက်ကျရင် ထိုစောင်လေးက တစ်စုံတစ်ယောက်ကြောင့် ကျတော့်ကိုယ်ပေါ်ရောက်နေမလားဆိုတဲ့
ရီစရာ မျှော်လင့်ချက်လေးတစ်ခုတည်းနဲ့ပေါ့
မဖြစ်နိုင်ဘူးဆိုတာ ကျတော်သိနေတယ်
သို့သော်လည်း ကျတော်မှန်းချင်နေခဲ့တယ်
ဒါပေမယ့်.....
မနက်ရောက်နဲ့အထိ ထိုစောင်လေးဟာ
ဟိုဆော့ ညကတည်းကခေါက်ထားခဲ့တဲ့အတိုင်း
ပုံမပျက်ပဲရှိနေခဲ့တာကို သူသိခဲ့မည်ဆိုပါလျှင်~
❄️⛄❄️⛄❄️⛄❄️⛄❄️☃️❄️☃️❄️☃️❄️
ေနေရာင္ျခည္ႏြေးႏြေးေလးက မွန္ျပတင္းေပါက္ကိုျဖတ္ကာ မ်က္ခြံေပၚသို႔လာေရာက္က်ီစယ္
ေသာေၾကာင့္ က်ေတာ္ ကုတင္ေပၚမွာ ေစာင္အေထြးလိုက္ႏွင့္ လူးလူးလွိမ့္လွိမ့္လုပ္ရင္း
မ်က္လုံးမ်ားပြင့္လာသည္
ဦးႏွောက္ထဲကို အရင္ဆုံးေရာက္လာသည္က
ထယ္ေယာင္းျဖစ္သည့္အတြက္ လွဲေလ်ာင္းေနရာမွ ဆက္ခနဲထထိုင္လိုကရင်း အိပ္ရာေဘးႏွင့္
အခန္းတစ္ဝိုက္ကို လွည့္လည္ၾကည့္ကာ မ်က္လုံးကစားမိလိုက္ေတာ့ ထယ္ေယာင္းကို
ေတြ႕ဖို႔မေျပာႏွင့္ သူနဲ႕တူသည့္ အရိပ္အေယာင္မွ်
ေတာင္ တစ္ခုမွမေတြ႕
မွန္ျပတင္းေပါက္နားသို႔ ေလးပင္းစြာ ေလွ်ာက္သြားလိုက္ရင္း ျပတင္းေပါက္ကိုဖြင့္လိုက္ေတာ့
မ်က္ႏွာေပၚေနရာလပ္မက်န္ေအာင္က်ေရာက္လာတဲ့ ေနေရာင္ျခည္နဲ႕အတူ ေျမနံ႕သင္းသင္းေလးကလည္း ႏွာေခါင္းထဲသို႔
၀င္ေရာက္လာ၏
ပတ္၀န္းက်င္တစ္ခုလုံးကလည္း စိုစြတ္ေနတဲ့အျပင္ ၿခံ၀င္းထဲမွာရွိတဲ့ပန္းပင္ေတြမွာလည္း
မိုးစက္ေလးေတြ တြဲလြဲခိုေနတာကို ေတြ႕ရသျဖင့္
မေန႕က မိုး႐ြာသြားတာလား
ဒါဆို သူ ကေကာ ဘာကိစၥေတြရွိေနလို႔ ျပန္မလာ
ရတာလည္း
ကုတင္နားသို႔ခ်က္ခ်င္းျပန္သြားလိုက္ကာ
ေဘးစားပြဲေပၚမွာတင္ထားတဲ့ Phone ကို
ဆက္ခနဲဆြဲယူလိုက္ၿပီး လက္ေခ်ာင္းမ်ားကလည္း ဖုန္း Screen ေပၚသို႔ အၿမဲေ႐ြ႕လ်ားလိုက္ရင္း Contact တစ္ခုဆီသို႔-
"Hello"
"Hello ထယ္...ထယ္ေယာင္းလား"
"ေအာ္ ဟိုေဆာ့လား ငါ ေဂ်ာင္ကုပါ"
"ဟင္ သူ႕ Phone က မင္းဆီဘယ္လိုလုပ္...."
"ေအာ္ သူ ည ကေလ Bar မွာ႐ုပ္ပ်က္ဆင္းပ်က္
ကိုေမွာက္ေနတာ
အဲ့ Bar မွာရွိတဲ့ Manager က ငါတို႔နဲ႕အသိေလ
ထယ္ေယာင္းနဲ႕လည္းခင္တယ္
အဲ့တာ သူ႕ကိုျပန္ေခၚဖို႔ ငါ့ကို Phone ဆက္
လိုက္တာ"
"အဲ့တာမ်ားကြာ အိမ္ကိုတစ္ခါတည္းျပန္ပို႔လိုက္တာမဟုတ္ဘူး
သူ႕အေမ ေကာ ငါ ေကာ သူ႕ကို တညလုံးေစာင့္
ေနတာ"
"ငါလည္းျပန္ပို႔ေပးမလို႔ပါကြာ
ဒါေပမယ့္....."
"ဒါေပမယ့္ ဘာလဲ"
ေဂ်ာင္ကုအသံမွာ တစ္စုံတစ္ရာကိုေျပာရန္
အားနာသလိုျဖစ္ေနသည္ကို က်ေတာ္ရိပ္စားမိလိုက္ၿပီး-
"ရပါတယ္ ေျပာစရာရွိတာကိုသာေျပာပါ
ငါ့ကိုဘာမွအားနာေနစရာမလိုဘူး"
"သူကမျပန္ခ်င္ဘူးဆိုၿပီး အိမ္မွာအတင္းကိုကပ္ေနေနလို႔
ငါ နဲ႕ ဂ်ီမင္းလည္း သူ႕ကို ဘယ္လိုမွ ျပန္လႊတ္လို႔မရဘူး"
"ငါ ထင္ပါတယ္...."
ဟိုေဆာ့ အသံကသိသိသာသာတိုး၀င္သြားသည္ကို ေဂ်ာင္ကုတစ္ေယာက္ သတိထားမိလိုက္ၿပီး
"မင္းကလည္းစိတ္မေကာင္းျဖစ္မေနပါနဲ႕
ဒီေကာင္ကမူးေနတာေလ ဘာသိမွာလဲကြာ ဟားးဟားး"
"ေအးပါ အဲ့တာဆိုလည္း ၿပီးတာပါပဲ
ငါဖုန္းခ်လိဳက္ေတာ့မယ္"
က်ေတာ္တို႔နဲ႕က် ႏွစ္ခြက္ေလာက္ပဲေသာက္ၿပီး
ျပန္သြားတဲ့သူ က ေနာက္ၿပီးက်မွ Bar မွာ
စိတ္လိုအားရသြားေသာက္ေနတယ္တဲ့လား
အိမ္ကိုျပန္မလာခ်င္ဘူးလို႔ဆိုရေလာက္တဲ့အထိ
မင္းမွာဘာေတြစိတ္ညစ္စရာရွိေနလို႔လည္း
ထယ္ေယာင္း
အေတြးေတြကိုအျမန္လက္စသစ္လိုက္ရင္း
မ်က္ႏွာသစ္သြားတိုက္ကာ ေအာက္ထပ္ကို
အျမန္ဆင္းသြားလိုက္ေတာ့
ထမင္းစားပြဲမွာ အသင့္ေနရာယူလ်က္ရွိတဲ့
အန္တီဆူး ကို ျမင္၍ အလိုက္တသိ
ႏႈတ္ဆက္လိုက္၏
"အန္တီဆူး Morning ပါ"
"ဟိုေဆာ့ေလး Morning ပါကြယ္"
အန္တီဆူးက က်ေတာ့္ကို Coffee ထည့္ေပးရင္း-
"ထယ္ေယာင္း ေကာ မႏွိုးေသးဘူးလား"
"ဗ်ာ"
"ထယ္ေယာင္းေလ..."
"တကယ္ေတာ့ သူ....သူ ညက ျပန္မလာဘူး
အန္တီဆူး"
"ဘာ!!!!"
အန္တီဆူးကေတာ့ မယုံၾကည္နိုင္ေသာ မ်က္၀န္းမ်ားျဖင့္-
"တကယ္ျပန္မလာခဲ့တာလား"
"ဟုတ္...ဟုတ္ပါတယ္"
"ဒီေကာင္ေလးအဲ့တာ ဘာအခ်ိဳးခ်ိဳးတာလဲ
မဂၤလာဦးညမွာျပန္မလာဘူးဆိုေတာ့
ဘယ္လိုစိတ္ထားမ်ိဳးနဲ႕မ်ား..."
"သူ အမူးလြန္သြားလို႔ဆိုၿပီး ေဂ်ာင္ကုတို႔
အိမ္မွာအိပ္လိုက္တာတဲ့"
"ဘယ္လိုပဲျဖစ္ျဖစ္ေလ ဒီလိုေတာ့မလုပ္သင့္ဘူး
ေနပါေစအုံး ဒီေကာင္အိမ္ျပန္ေရာက္ရင္
အန္တီ သူ႕ကို ဆူပစ္အုံးမယ္
သား ဟိုေဆာ့ ဘာမွစိတ္မေကာင္းမျဖစ္နဲ႕ေနာ္"
ဟိုေဆာ့ က ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးလိုက္ရင္း-
"အန္တီဆူးရယ္ သူလည္းအ႐ြယ္ေရာက္ေနၿပီပဲ
သူဘာေၾကာင့္ဒီလိုေတြလုပ္ေနရတာလဲဆိုတာ
သူပဲအသိဆုံးျဖစ္မွာပဲ
ဆူလိုက္ေတာ့လည္း သူကေျပာင္းလဲသြားမွာမွ
မဟုတ္ပဲ"
"ဟင္...သား ဟိုေဆာ့ မင္း ဘာကိုဆိုလို...."
"ဒီလိုပါပဲ အန္တီဆူးရယ္.....က်ေတာ့္ အျမင္ကိုေျပာျပတာပါ"
ထိုစဥ္-
ထမင္းစားခန္းထဲကို ႐ုတ္တရက္ေရာက္လာကာ
ေကာ္ဖီေသာက္ေနတဲ့ အန္တီဆူးကို
ေနာက္မွသိုင္းဖက္လိုက္ရင္း ပါးကို နမ္းလိုက္တဲ့
ထယ္ေယာင္းေၾကာင့္-
"အမေလး လန႔္လိုက္တာ ထယ္ေယာင္းရယ္"
"Morning ပါ ေမေမ
Morning ဟိုေဆာ့"
ထို႔ေနာက္ ထယ္ေယာင္း က က်ေတာ့္ေဘးနား
ကို၀င္ထိုင္လိုက္ရင္း-
"မင္း ဘာလို႔ မေန႕ကျပန္မလာတာလဲ
ထယ္ေယာင္း"
"ဟို....အဲ့တာကေလ"
အန္တီဆူးအေမးကိုခ်က္ခ်င္းေျဖေသးပဲ
ထယ္ေယာင္းက ကိတ္မုန႔္တစ္ခုကို ယူလိုက္ကာ
မလုပ္ပေလာင္းစားရင္းႏွင့္-
"တကယ္ေတာ့ သားမေန႕ကျပန္လာဖို႔ပါပဲ
အရမ္းမူးေနမွန္းမသိေလာက္တဲ့အထိကို
အရက္ေသာက္မိသြားလို႔
အဲ့တာနဲ႕ Bar က Manager က သားတို႔နဲ႕အသိဆိုေတာ့ သူလည္း ေဂ်ာင္ကုတို႔ဆီကို
ဖုန္းဆက္လိုက္တယ္ရွိမွာေပါ့ သားကိုလာေခၚဖို႔ေလ
အဲ့တာနဲ႕ ေဂ်ာင္ကုတို႔အိမ္ေရာက္သြားတာ
သားျပန္ဖို႔လုပ္ပါေသးတယ္
မေန႕ညက မိုးကလည္းတအား႐ြာေနေတာ့
ဂ်ီမင္းက သား ကို မျပန္ခိုင္းဘူးေလ
အရမ္းမူးေနေတာ့ ကားလည္းမေမာင္းခိုင္းဘူး
အဲ့တာနဲ႕ ေဂ်ာင္ကု က လိုက္ပို႔မယ္ဆိုေတာ့လည္း
ဂ်ီမင္း က စိတ္မခ်ဘဴး
အဲ့တာနဲ႕ မေန႕က အဲ့ဒီအိမ္မွာေသာင္တင္ျဖစ္သြားတာပါ ေမေမ ရဲ႕ ဟီးးဟီးး"
ညာတယ္ မင္းညာတယ္ ထယ္ေယာင္း....
ထယ္ေယာင္းကအျပစ္ကင္းသလို ၿပဳံးျပကာ ေျပာေနေပမယ့္
က်ေတာ့္အတြက့္ကေတာ့ ေလွာင္ရီစရာတစ္ခုလိုျဖစ္ေန၏
မင္းတကယ္ရိုးသားတယ္ဆို အိမ္ကိုျပန္မလာခ်င္လို႔ဆိုတဲ့ အေၾကာင္းေလးကိုေကာ
ဘာျဖစ္လို႔ထည့္မေျပာတာလဲ ထယ္ေယာင္းရဲ႕
"ထယ္ေယာင္း မင္းေနာ္ မေန႕ကမွ လက္ထက္ၿပီးတယ္ အခ်ိဳးေတြေျပာင္းဖို႔မႀကိဳးစားနဲ႕
ငါနဲ႕ေကာင္းေကာင္းေတြ႕မယ္ၾကားလား"
"ေမေမကလည္း...."
"စားၿပီးပါၿပီ က်ေတာ္သြားေတာ့မယ္"
"ေတာ္ၿပီလား သား ရဲ႕"
"ဟုတ္"
ေတာ္ပါၿပီ အန္တီဆူးရယ္
ထယ္ေယာင္းရဲ႕ အလိမ္အညာေတြကို က်ေတာ္
ဆက္ၿပီး နားမေထာင္ခ်င္ေတာ့လို႔ပါ
မသိခဲ့ရင္ပိုေကာင္းမွာပဲ
အခုက အမွန္တရားကိုသိေနေတာ့
သူေျပာသမွ်က က်ေတာ့္အတြက္က ရီစရာဟာသတစ္ပုဒ္လိုျဖစ္ေနေလတယ္
Beautifully Illustrated:Me and He
ဗီရိုကတစ္ခုတည္းပဲရွိသည့္အတြက္ က်ေတာ္နဲ႕
ထယ္ေယာင္းအ၀တ္ေတြကို မွ်ထားဖို႔ဆိုၿပီး
သူ႕ဗီရိုထဲမွာ က်ေတာ့္ အ၀တ္ေတြကို ထပ္ထည့္ဖို႔
ေသခ်ာရွင္းေနလိုက္သည္
ထိုအခ်ိန္ ထယ္ေယာင္းက က်ေတာ့္ေဘးနားကိုေရာက္လာၿပီး-
"အဲ့တာဘာေတြလုပ္ေနတာလဲ"
"ငါ့အ၀တ္ေတြထားမလို႔လုပ္ေနတာေလ"
"ဘယ္လို..?? ငါ့ဗီရိုထဲမွာလား"
"ေအးေလ အန္တီဆူးက ငါ့အ၀တ္ေတြကို မင္းဗီရို
ထဲမွာပဲ ထည့္ထားတဲ့"
"မင္းအ၀တ္ေတြကို Luggage ထဲမွာပဲထားလို႔မရဘူးလား"
"ဟင္ ဘာျဖစ္လို႔လည္း မင္းဗီရိုကလည္း အက်ယ္ႀကီးေလ"
"ဒါေပမယ့္ ငါမႀကိဳက္ဘူး"
"ထယ္ေယာင္း......"
"ငါ့ပစၥည္းေတြကို တျခားတစ္ေယာက္ ပစၥည္းေတြနဲ႕ အတူတူထားတာ ငါမႀကိဳက္ဘူး"
"ငါ က အျခားတစ္ေယာက္လား
ငါ က မင္းနဲ႕လက်ထပ်ထားတဲ့လူေလ
ငါ က မင္းရဲ႕ အိမ္ေထာင္ဖက္ေလ"
"ဟက္!!! အဲ့ဒီစည္းေတြနဲ႕ ငါ့ကို လာၿပီး
ခ်ဳပ္ခ်ယ္မေနပါနဲ႕
အဲ့လိုစကားလုံးေတြကို မုန္းလြန္းလို႔
ဘယ္သူဘာေျပာေျပာ ငါႀကိဳက္သလိုေနမယ္"
"ႀကိဳက္သလိုေနလို႔ရမလား ဟမ္!!!
မင္းမစဥ္းစားတတ္ဘူးလား အသိဉာဏ္မရွိဘူးလား မင္းက ကေလးလား"
"အဲ့တာေတြငါမသိဘူး"
"ေကာင္းၿပီေလ ငါ မင္းနဲ႕ၿပိဳင္မျငင္းေတာ့ဘူး
ငါအခုေနေနရတယ္ဆိုတာ မင္းအိမ္မွာဆိုေတာ့
မင္းရဲ႕ေျပာစကားအတိုင္းပဲေပါ့
ငါ့အကၤ်ီေတြကို Luggage ထဲမွာပဲ ျပန္ထည့္ထားလိုက္လို႔လည္းကိစၥမရွိဘူး
ရတယ္ မင္းဗီရိုကို ငါမသုံးဘူး"
"ေက်းဇူးပဲ"
"ထယ္ေယာင္း မင္းသိလား
တစ္ခ်ိဳ႕အရာေတြက တကယ္လိုအပ္လို႔ ေျပာင္းလဲပစ္ရတာဆိုေပမယ့္
မလိုအပ္ပဲနဲ႕ေတာ့ အရာအားလုံးကို လိုက္ၿပီးေျပာင္းလဲပစ္စရာမလိုပါဘူး
မင္း သေဘာမက်တဲ့ အရာတစ္ခုအတြက္ေပါ့"
"........"
ဒီေလာက္ပဲေျပာမယ္ ထယ္ေယာင္း
ငါေျပာတာမင္းနားလည္မယ္ဆိုတာ သိေနတဲ့အတြက္ေပါ့
ဒါေပမယ့္စိတ္ခ်ပါ
မင္းတုံ႕ျပန္သလို ငါ မင္းကိုမတုံ႕ျပန္ဘူးဆိုတာ
ငါနာက်င္သလို မင္းကိုမနာက်င္ေစခ်င္လို႔ေပ့ါ
------
"ဟုတ္ၿပီ ဟိုေဆာ့ ဒါဆို မနက္ျဖန္ကစၿပီး
အန္တီတို႔ Company ကို လိုက္ခဲ့ေတာ့ေလ"
"ျဖစ္ပါ့မလား အန္တီဆူး
က်ေတာ္ေတာ့ အရမ္းကိုစိတ္လႈပ္ရွားေနတယ္"
"ဟယ္ မဟုတ္တာပဲ အန္တီလည္းမင္းေဘးမွာ
ရွိေနမယ့္ဟာကို
တကယ္ပါပဲ ဟိုေဆာ့ေလးရယ္
မင္းလုပ္နိုင္မယ္လို႔ အန္တီယုံၾကည္ၿပီးသားပါ"
"ဟုတ္ကဲ့ပါ က်ေတာ္လည္း အေကာင္းဆုံးႀကိဳးစားသြားပါ့မယ္"
"ဟိုေရာက္ရင္ မင္းကို အနီးကပ္သင္ၾကားေပးဖို႔
Manager တစ္ေယာက္ အန္တီစီစဥ္ထားတယ္"
"ဟုတ္ အန္တီဆူး"
"သူကမင္းကို လိုအပ္တာေတြ လုပ္ငန္းနဲ႕ပတ္သတ္သမွ်အကုန္လုံးသင္ၾကားေပးလိမ့္မယ္"
"ဟုတ္ကဲ့"
"အန္တီသူ႕ကိုအကုန္ေျပာျပထားၿပီးသားမလို႔
ဘာမွအားနားစရာမရွိဘူးေနာ္
သား မသိတာေတြပဲျဖစ္ျဖစ္ နားမလည္တာပဲျဖစ္ျဖစ္ခ်က္ခ်င္းေမးလို႔ရတယ္"
"ဟုတ္ အန္တီဆူး"
ထယ္ေယာင္းကေတာ့ သူ႕ကိစၥမဟုတ္သည့္ႏွယ္
TV ကိုသာ အေရးစိုက္ၾကည့္ေန၏
"ဟဲ့ ထယ္ေယာင္း"
"......"
"ထယ္ေယာင္း"
"ဗ်ာ..."
"မင္းကေကာ ဘယ္ေတာ့ အလုပ္လုပ္မွာလဲ
မင္းေလ တကယ္ပါပဲ ငါ့သားဆိုၿပီးအားကိုး
ရမလဲမွတ္တယ္
ဟိုေဆာ့ေလာက္ေတာင္ အားမကိုးရဘူး"
"အေမကလည္း က်ေတာ့္ကမွ အဲ့ဒီလုပ္ငန္းဘက္ကိုစိတ္မွမပါတာ"
"ဒါဆိုလည္း လုပ္ငန္းတစ္ခုခုလုပ္ေတာ့ေလ
ဒီတိုင္းပဲ ေယာင္ေျခာက္ဆယ္လုပ္ၿပီး အိမ္မွာထိုင္ေနေတာ့မွာလား"
"အင္းပါ ေမေမ ကလည္း က်ေတာ္သိပါၿပီ"
------
အမွန္တိုင္းေျပာရရင္ ည ဆိုတာကို က်ေတာ္
မေရာက္ခ်င္ဘူး
အေမွာင္ထုေတြႀကီးစိုးေနလို႔ ေၾကာက္တာထက္
က်ေတာ့္ကိုတစ္ေယာက္တည္းထားသြားမွာကိုေၾကာက္တယ္
မိုးၿခိမ္းသံေတြ လွ်ပ္စီးလက္သံေတြကို
ေၾကာက္တာထက္
အားကိုးတႀကီး ခိုလွိုစရာရင္ခြင္တစ္ခု
မရွိမွာကို က်ေတာ္ေၾကာက္တယ္
တိမ္ေတြထူထပ္ေနလို႔ က်ေတာ္ ျမတ္နိုးရတဲ့
ၾကယ္ေလးေတြကို ျမင္ခြင့္မရမွာထက္
သူမ်က္ႏွာေလးညွိုးေနမွာကိုေတာ့ က်ေတာ္
ေသေလာက္ေအာင္ေၾကာက္မိတယ္
ေနာက္ဆုံးအေနနဲ႕
သူကိုယ္ေငြ႕နဲ႕ အနီးဆုံးမွာ ရွိေနခြင့္မရရင္ေတာင္
မိုးလင္းရင္ သူ႕မ်က္ႏွာေလးကို အရင္ဆုံး
ျမင္ခြင့္မရမွာကို က်ေတာ္ေၾကာက္တယ္
ည ၁၁ ခြဲေတာ့ အိပ္ရေတာ့မယ္ဆိုတဲ့ အသိနဲ႕
က်ေတာ့္ေျခလွမ္းေတြဟာ အေပၚထပ္ကိုသြားဟန္ျပင္လိုက္ရင္း Sofa ေပၚကေနထိုင္ရာကမထေသးတဲ့ က်ေတာ့္ရဲ႕
သံေယာဇဥ္ႀကိဳးေလးကိုဖ်က္ခနဲျမင္လိုက္ေတာ့-
"ထယ္ေယာင္း မအိပ္ေသးဘူးလား"
"ဟင့္အင္း ဘာလို႔လည္း"
"အင္းပါ.....ဒါဆိုလည္း ညဉ့္နက္ေအာင္မေနနဲ႕ေနာ္"
"မင္းငါ့ကိုေစာင့္မေနနဲ႕ေလ
အိပ္ခ်င္ရင္အိပ္လိုက္ေတာ့"
"ေအးပါ ဒါဆို ငါသြားႏွင့္မယ္ေနာ္"
"အင္း"
-----
သို႔ေသာ္ မနက္၁ နာရီထိုးတဲ့အထိ က်ေတာ္
အိပ္မေပ်ာ္ခဲ့ေပ
ထယ္ေယာင္းရွိပါလ်က္ က်ေတာ့္ေဘးနား
မရွိနိုင္ေသာ သူ႕ေၾကာင့္ တစ္ခုခုလစ္ဟာေနတဲ့
စိတ္ႀကီးက အႏွောင့္အယွက္ေပး၏
"က်စ္!!!"
ေနာက္ဆုံးေတာ့ က်ေတာ္ ဘယ္လိုမွမေနနိုင္ေတာ့တဲ့ အဆုံး ေအာက္ထပ္ကိုဆင္းလိုက္ေတာ့
ေတြ႕ပါၿပီ
ေခါင္းအုံးေလးတစ္ခု ေစာင္ေလးတစ္ထည္ႏွင့္ဆိုဖာေပၚမွာ ေကြးေကြးေလးအိပ္ေနတဲ့ ထယ္ေယာင္း
ေအာ္....
မင္းကTVၾကည့္ရင္း အိပ္ေပ်ာ္သြားတာမွ
မဟုတ္ပဲ
ရည္႐ြယ္ခ်က္ရွိရွိ အိပ္ေပ်ာ္သြားခဲ့တာကို
ငါ့မွာေတာ့ မင္းကိုေစာင့္ေနခဲ့တာ
မင္းကေတာ့......မင္းကေတာ့ ငါနဲ႕ေတာင္
တစ္ကုတင္တည္းမအိပ္ခ်င္လို႔
ေရွာင္ေျပးေနၿပီကို
ေအးေလ ငါကေကာ ဘာေတြကို ေမွ်ာ္လင့္ေနခဲ့ရတာလဲ အသုံးမက်လိဳက္တဲ့ငါ!!
ဝဲတက္လာတဲ့ မ်က္ရည္စေတြကိုသတိျပဳမိေတာ့
လက္ဖမိုးႏွင့္ ခ်က္ခ်င္းသုတ္ပစ္လိုက္သည္
က်ေတာ္ ထယ္ေယာင္းကို အျပစ္မတင္ဘူး
သူကေတာင္ ေနနိုင္ေသးတယ္ က်ေတာ္ကေတာ့
ဒီေလာက္ေတာင္ ေပ်ာ့ညံ့ရသလားဆိုၿပီး
ကိုယ့္ဘာကိုယ္ပဲအျပစ္တင္မယ္
"ထယ္ေယာင္း....ထ...ထ"
"ထယ္ေယာင္း..."
သူကေတာ့ မ်က္လုံးမဖြင့္ပဲ အိပ္ခ်င္မူးတူးအသံျဖင့္-
"ဟင္...အင္း ဘာလဲ"
"ထလို႔ သြားသြား အခန္းထဲသြားအိပ္ေခ်"
"ရ...ရတယ္ ဒီမွာပဲအိပ္မယ္"
"က်စ္!!! သြားအိပ္ပါလို႔
တစ္ညလုံး ဒီလို အိပ္ေနရင္ မင္း သက္ေတာင့္သက္သာဘယ္ရွိပါ့မလဲ"
"ရပါတယ္"
"ကဲ သြားပါကြာ ငါပဲအိပ္လိုက္မယ္"
"ဒါဆို မင္းကေကာ..."
ဟက္!!! မဆိုးပါဘူး ဟန္ေဆာင္ပန္ေဆာင္ေတာ့
ေမးေဖာ္ေလးရသားပဲ
"ကိစၥမရွိဘူး ငါကအိပ္ေနၾက
ကဲသြားပါဆို ထယ္ေယာင္းရာ"
"ေအးပါ"
ထယ္ေယာင္းထြက္သြားၿပီးအေပၚထပ္ေရာက္ၿပီဆိုတာေသခ်ာမွ က်ေတာ့္ရဲ႕ေပ်ာ့ညံ့မႈေတြကို
ဆက္ၿပီးဟန္ေဆာင္မထားနိုင္တဲ့အဆုံး
ဖြင့္ခ်မိလိုက္ေတာ့တယ္
ဘယ္ေလာက္ေတာင္ငိုေနမိလဲမသိ
နာရီၾကည့္မိလိုက္ေတာ့ ၂ နာရီေတာင္ထိုးေတာ့မယ္
မနက္က်ရင္ Company ကို ပထမဆုံးေျခလွမ္းရမယ့္ေနလည္းျဖစ္တာေၾကာင့္-
"သြားပါၿပီ မနက္ၾကရင္ေတာ့ ငါ့မ်က္လုံးေတြ
မို႔တက္ေနေတာ့မွာပဲ"
ထိုအသိႏွင့္ပင္ ဆိုဖာေပၚအတင္းေမွာက္ကာ
ျပန္အိပ္ရန္ႀကိဳးစားလိုက္ရေတာ့၏
အတန္ငယ္ခ်မ္းေနတယ္ဆိုတာ က်ေတာ္သိေသာ္လည္း မျဖစ္နိုင္မွန္းသိတဲ့ ေမွ်ာ္လင့္ခ်က္ေလးတစ္ခုႏွင့္ ေပကပ္စြာ ထိုေစာင္ကို မၿခဳံပဲ
ေနခဲ့ပါသည္
မနက္က်ရင္ ထိုေစာင္ေလးက တစ္စုံတစ္ေယာက္ေၾကာင့္ က်ေတာ့္ကိုယ္ေပၚေရာက္ေနမလားဆိုတဲ့
ရီစရာ ေမွ်ာ္လင့္ခ်က္ေလးတစ္ခုတည္းနဲ႕ေပါ့
မျဖစ္နိုင္ဘူးဆိုတာ က်ေတာ္သိေနတယ္
သို႔ေသာ္လည္း က်ေတာ္မွန္းခ်င္ေနခဲ့တယ္
ဒါေပမယ့္.....
မနက္ေရာက္နဲ႕အထိ ထိုေစာင္ေလးဟာ
ဟိုေဆာ့ ညကတည္းကေခါက္ထားခဲ့တဲ့အတိုင္း
ပုံမပ်က္ပဲရွိေနခဲ့တာကို သူသိခဲ့မည္ဆိုပါလွ်င္~