(Unicode)
ဦးနှောက်ထဲတွင် ဘာဆိုဘာမှမမှတ်မိ။ အကုန်လုံးဟာ ဗလာနတ္ထိ။ သို့သော်ငြား သူ၏ရင်ဘတ်မှ တင်းကြပ်စွာအောင့်မျက်လာခြင်းနှင့်အတူ မြတ်နိုးမှုအပိုင်းအစကလေးကိုပါ ခံစား၍ရနေသည်။ မြစ်ဖျားခံရာကို စူးစမ်းကြည့်သောအခါ မီးပုံပျံကို လှမ်းကြည့်နေသော ကောင်ကလေး ငယ်ငယ်။
အနားကပ်၍ ထိကိုင်လိုက်မည်ပြုသောအခါ ဒိုင်းကနဲမြည်သံကျယ်က နှလုံးသားကို စုတ်ဖွာလိုက်သကဲ့သို့ အပြိုပြိုအလဲလဲဖြစ်စွာ။ သွေးအိုင်ကြားထဲက ကောင်ကလေးငယ်က သူ့အား တစ်စုံတစ်ခုကို လှမ်းပြောနေသည်။
ဘယ်စကားလုံးမှန်း သူမသိချေ။ ဘာပြောနေမှန်းလည်း မကြားရချေ။ သို့သော် ထိုအရာသည် အလွန်ပင်အရေးကြီးသောအရာဖြစ်ကြောင်း ရင်ဘတ်ကပါ သိရှိနားလည်နေသည်။
ကောင်ကလေး သေးငယ်ငယ်က သူ့ကို "လူကြီး" ဟူသော နာမ်စားကလေးသုံးနှုန်းကာ ချွဲတတ်လွန်းသည်။ အကဲပိုတတ်လွန်းသည်။
ဖျင်အင်္ကျီကလေးဝတ်ကာ သူ့ဆီပြေးလာနေဟန် ..
တစ်ခုခုအလိုမကျလျှင် နှုတ်ခမ်းလေးဆူကာပူဆာဟန် ..
နောက်ဆုံး ...
သွေးပင်လယ်တွင် အေးချမ်းစွာ အိပ်ပျော်နေသကဲ့သို့ ဇီဝိန်ချုပ်ငြိမ်းဟန် ..
ထိုကောင်လေးကို သူသိသည်။ သူ့ရင်ဘတ်တစ်နေရာမှာ သေချာစွဲမြဲစွာပင်သိနေသည်။
"ခွန်နှောင်း .!"
"ခွန်နှောင်း .."
အော်သံကြောင့် အိပ်မက်အဖြစ်အပျက်များကတဆင့် အပြင်လောကသို့ပြန်ထွက်လာရမှ ပူကျစ်နေသောခန္ဓာကိုယ်နှင့် ချွေးစေးတို့ကို သတိထားမိသည်။
"ဖျားပြီထင်တယ် ....ကျစ်"
ဟိုတစ်နေ့က ခွန်နှောင်းပြန်ချိန်တွင် ထီးငှါးလိုက်သည်ဖြစ်ရာ မိုးရေများက စဝ်စံဦးသာကို အချိန်အတော်ကြာ မိတ်ဆက်ခဲ့ကြသေးသည်။ ထိုနေ့က ရနံ့ကုထုံးဖြင့် အိပ်မွေ့ချကုသရာတွင်လည်း ဘာမှမထူးသော်ငြား အခုမှသာ ဦးနှောက်က တစ်ခုခုဖြင့် ပိတ်ခံထားရသလို ခံစားနေရပြန်ပါ၏။
"သခင်လေး နိုးပြီပဲ"
ဦးလေးနောင်က အခန်းထဲဝင်လာကာ ဗန်းကို ခုံပေါ်သို့တင်ပြီး ဦးသာကို ဆွဲထူသည်"
"မယ်မယ်တို့ရော"
"မင်္ဂလာဆောင်တစ်ခုသွားပါတယ် သခင်လေး"
"အော်"
"ဆေးနဲ့ ဆန်ပြုတ်ချထားခဲ့ပါတယ်၊ သောက်လိုက်ပါဦး"
"ဟိုဟာ"
"သကြားလုံးလည်း ထည့်ထားပေးပါတယ်"
စဝ်စံဦးသာ၏ အားနည်းချက်တစ်ခုမှာ ဆေးခါးများကြောက်ခြင်းသာ။
"ကျေးဇူး ဦးလေးနောင်"
ထို့နောက်တွင် နားထဲ၌ အသံတို့ဖျော့ဖျော့ကလေးကို ကြားလိုက်ရသည်။
"ဒီမယ် မလိုင်လုံးရှိရော့ စားပါလေ့၊ ခါးသော်လည်း မျိုချရမည်စ ခွန်နှောင်း၊ နောက်များတော့ တွေ့ရာမစားလေနှင့်၊ အကျွန်စိတ်မချရော့၊ ဧည့်သည်ကို နှိပ်စက်သလိုဖြစ်နေစ"
ခွန်နှောင်း ..
ခွန်နှောင်း ...
ဆန်ပြုတ်ပန်းကန်ကို ကိုင်ထားသော လက်အစုံတို့က တုန်ယင်လာသည်။ အိပ်ခန်း ပြတင်းပေါက်ကို ဖြတ်ကာ တိုက်ခတ်လာသော လေညှင်းတို့က အနည်းငယ်ပင် အေးနေသယောင်ယောင်။
အဘယ်ကြောင့် သျှန်ခွန်နှောင်းဟာ သူ့စိတ်နှလုံးအစုံကို လွှမ်းမိုးနိုင်သည်နည်းဟု အကြိမ်ကြိမ်မေးခွန်းထုတ်သော်ငြား အဖြေနေရာသည် ကွက်လပ်။ ဦးနှောက်ထဲတွင် အဆိုပါအဖြေရှိနေသော်ငြား စဉ်းစား၍မတတ်။
Keyword တစ်ခုလိုနေသကဲ့သို့၊ လျှို့ဝှက်စကားစုက ပျောက်ဆုံးနေသကဲ့သို့။ ရအောင်ပြန်ရှာရပေမည်။ စဝ်စံဦးသာသည် သံယောဇဉ်ကြီးသလောက် ဇွဲလည်း ကြီးသည်ပင်။
"သား"
"မယ်မယ်"
မင်္ဂလာဆောင်က ပြန်လာသော မယ်မယ်က နန်းဟိတ်နန်းဟန်အပြည့်ဖြင့် အခန်းထဲ တစ်လှမ်းချင်း လှမ်းလာခဲ့လေသည်။ အရှိန်အဝါအပြည့်။
"သားနေမကောင်းဘူးပြောလို့ မင်္ဂလာဆောင်မခေါ်သွားတာ၊ နန်းကြူသမီးလေးဟာလေ သိပ်ကိုလှသောပဲ"
"ဟုတ်"
"သားနဲ့တောင် ချိတ်ပေးဖို့လုပ်ထားသေးတယ်"
မယ်မယ်ကပြောရင်း ဦးသာလက်ထဲမှ ဆန်ပြုတ်ပန်းကန်ကို လှမ်းယူကာ အေးသွားအောင် ဖြည်းဖြည်းချင်း မွှေပေးနေသည်။
"မယ်မယ် သားက အခုမှ"
"အခုမှ ၂၀ ပဲရှိသေးတယ် မလုပ်နဲ့လေ၊ သားကတစ်ဦးတည်းသောမျိုးဆက်၊ မယ်မယ်တို့ကို စိတ်ပျက်အောင် လုပ်ဝံ့လို့လား"
ထိုးထားသော ရွှေဆံထိုးတွဲလဲကလေးက တလှုပ်လှုပ်။ မာန်ပါသော စကားအချို့က ကျက်သရေရှိသော မျက်နှာနှင့် မလိုက်ဖက်လွန်းစွာ။
"သားစဉ်းစားပါ့မယ်"
"အင်း၊ ဟိုတလောက ဆရာဝန်တစ်ယောက်ဆီ ခဏခဏသွားတယ်ဆို၊ သားဘာဖြစ်သလဲ"
"ဘာမှမဖြစ်ပါဘူး မယ်မယ်"
"ကဲ .. ဆန်ပြုတ်အေးသွားပြီ ဆေးသောက်ဦးနော်"
မယ်မယ်ထွက်သွားပြီးနောက်တွင် တင်းထားသော စိတ်ကို လျှော့ချလိုက်ရသည်။ သူသည် မယ်မယ်ဘုရားတို့ဆီတွင် လုံးဝကို ခြေချုပ်မိနေသော သားကောင်ငယ်နှယ်။
~~~~~~~
ကျောင်းပြန်တက်ရန် တစ်လလောက်သာ လိုတော့သည့်အချိန်မှာမှ ခွန်နှောင်းက ဝါသနာပါသည့် သင်တန်းကို တက်ခွင့်ရတော့သည်။ မေမေက ခွင့်မပြုသော်ငြားလည်း ဖေဖေ၏ "ငယ်တုန်းလေး သားကြိုက်တာ လုပ်ပါစေကွာ"ဟူသောစကားကြောင့် ခွန်နှောင်း လွတ်လပ်ခွင့်ကလေးရသွားခြင်းဖြစ်သည်။
လိုအပ်မည်ထင်သည့် စာရွက်များ ၊ လက်အိတ်နှင့် apron ကိုထည့်ကာ bakery သင်တန်းသို့ ထွက်လာရာမှ လမ်းထိပ်တွင် စဝ်စံဦးသာနှင့်ထိပ်တိုက်တိုးပြန်ပါ၏။
"ခွန်နှောင်း"
"ကုထုံးကပြီးသွားခဲ့ပြီလေ၊ အတူတူမှ သွားစရာမရှိတော့တာ၊ အစ်ကိုက ဘာလာလုပ်တာလဲ"
"သင်တန်းလိုက်ပို့ပေးမလို့"
"ဘယ်လိုသိလဲ"
ဝိုင်းစက်သွားသော မျက်လုံးအစုံ၊ ပွင့်ဟသွားသော နှုတ်ခမ်းလွှာ။ ခွန်နှောင်းကအမှန်ပင် မျက်စိမလွှဲနိုင်အောင်ပင် ချောလွန်းလှသည်။ အစိတ်အပိုင်းတစ်ခုချင်းစီက လှလွန်းလှသည်။
"ခွန်နှောင်းညက facebook မှာ share ထားသေးတယ်လေ၊ သင်တန်း post ကို"
"အာ ..."
"ကဲ .. တက်သွားမယ်"
တစ်ဆိတ် ..ဤသည်ကား စီနီယာအကိုကြီးက ဂျူနီယာညီလေးကို ပိုးနေခြင်းနှင့်ပင်း တူမနေပါဘူးလား။
ခွန်နှောင်းက တက်ဖို့ တွန့်ဆုတ်နေသည့်အချိန်တွင်ပင် ဦးသာက နောက်မှ လိုက်လာတော့ ဟိုတစ်ခါကလို လက်မောင်းဆွဲခံရမှာကြောက်သောကြောင့် ခပ်မြန်မြန်ပင်တက်လိုက်ရပေသည်။
"ဘယ်နားလဲ ... သင်တန်းက"
"အင်းလျားလမ်း၊ ခြံအမှတ် ၂၆"
"အပြန် ကိုယ်စောင့်နေမယ်၊ တစ်ခုခုစားကြတာပေါ့"
"မဆာဘူး၊ ရတယ် အစ်ကိုဦးသာ"
"ကိုယ်က ဗိုက်ဆာမှာပဲလေ"
ဘာကြောင့်ရယ်မှန်းမသိ ဦးသာစိတ်ထဲတွင် ခွန်နှောင်းကလေးအား စချင်နောက်ချင်စိတ်က ပြင်းပျလျက်။ တစ်ခါတစ်ရံ သူကိုယ်တိုင်ကပါ ရူးသွပ်နေသလား သို့မဟုတ် ခွန်နှောင်းကပဲ ပဥ္ဇလက်အတတ်ကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းနေသလား သူမသိနိုင်ပါ။ ခွန်နှောင်းနှင့် မရင်းနှီးခင်က ရှောင်ဖယ်ချင်သည်။ ရင်းနှီးသောအခါ အမြဲတစေ အနားတွင်နေချင်သည်။ သေချာသည်က ခွန်နှောင်းက မှော်ဆရာ မဟုတ်။ သူသည်သာ ရူးနေခြင်း ဖြစ်မည်ထင်သည်။
~~~~~~~
ကားထဲမှ လေထုက အေးစက်စက်ရယ်နှင့်။ ဘေးသို့ စောင်းငဲ့ကြည့်သောအခါ စဝ်စံဦးသာ၏ ဖျာထွက်နေသော သွေးကြောအပြာများက လက်ဖျံရိုးတစ်လျှောက်အထင်သား။
ခွန်နှောင်းလည်း ရှမ်းသွေးအနည်းငယ်လေးမျှပါသော်ငြား ဦးသာလောက်မဖြူပါ။ ဦးသာက ဖြူသည်ထက် အသားက ကြည်လင်နေတတ်ပြီး သွေးကြောစိမ်းများမဟုတ်။ သွေးကြောအပြာများသာ။
"ကဲ မငေးနေနဲ့တော့ ရောက်ပြီ"
"ဘာ .. ဘယ်မှာ ငေးနေလို့လဲ၊ မငေးပါဘူး"
နှုတ်ခမ်းဟရုံသာရယ်ပြီး ခွန်နှောင်း ဆံပင်ကို လှမ်းဖွသော်ငြား နောက်သို့ရှောင်လိုက်မိသည်။ ခုနပဲ သူခိုးလူမိသလိုဖြစ်ခဲ့သည်မလား။
"ကိုယ် ဒီနားတစ်နေရာရာဝင်ပြီး စောင့််နေမယ်၊ နောက်နေ့ အကြိုအပို့ ကိုယ်ပဲ တာဝန်ယူမယ်"
"မဟုတ် .."
"သင်တန်းချိန် ကိုးနာရီဟုတ်၊ ဆင်းတော့"
အငြင်းဝါကျ မဆိုစေရန် ကားပေါ်မှ အတင်းနှင်ချနေသော စဝ်စံဦးသာမှာ အမှန်ပင် ကလေးဆိုးကြီးနှယ်။ ပြန်ပြောနေလည်း ထူးမလာတော့သည်ကို သိသည်မို့ ဘာမှပြန်မပြောတော့ပဲ bakery room ထဲသို့သာ တန်းတန်းမတ်မတ်ဝင်ခဲ့တော့သည်။
Bakery room ထဲတွင် အမတစ်ယောက်က အလုပ်များနေဟန် ပေါင်မုန့် dough များကို ထောပတ်ဆီသုတ်နေလေ၏။ ရင်းနှီးသည့် ဟန်ပန်အမူအရာများက ခွန်နှောင်းဆီကို တိုက်ရိုက် လာရောက်ချိတ်ဆက်ပြန်ပါသည်။
အတိတ် ပစ္စုပ္ပန် ဒွန်တွဲနေလျက်။
"မမနန်းစော ..?"
~~~~~~~
(Zaw Gyi)
ဦးေႏွာက္ထဲတြင္ ဘာဆိုဘာမွမမွတ္မိ။ အကုန္လုံးဟာ ဗလာနတၳိ။ သို႔ေသာ္ျငား သူ၏ရင္ဘတ္မွ တင္းၾကပ္စြာေအာင့္မ်က္လာျခင္းႏွင့္အတူ ျမတ္ႏိုးမႈအပိုင္းအစကေလးကိုပါ ခံစား၍ရေနသည္။ ျမစ္ဖ်ားခံရာကို စူးစမ္းၾကည့္ေသာအခါ မီးပုံပ်ံကို လွမ္းၾကည့္ေနေသာ ေကာင္ကေလး ငယ္ငယ္။
အနားကပ္၍ ထိကိုင္လိုက္မည္ျပဳေသာအခါ ဒိုင္းကနဲျမည္သံက်ယ္က ႏွလုံးသားကို စုတ္ဖြာလိုက္သကဲ့သို႔ အၿပိဳၿပိဳအလဲလဲျဖစ္စြာ။ ေသြးအိုင္ၾကားထဲက ေကာင္ကေလးငယ္က သူ႔အား တစ္စုံတစ္ခုကို လွမ္းေျပာေနသည္။
ဘယ္စကားလုံးမွန္း သူမသိေခ်။ ဘာေျပာေနမွန္းလည္း မၾကားရေခ်။ သို႔ေသာ္ ထိုအရာသည္ အလြန္ပင္အေရးႀကီးေသာအရာျဖစ္ေၾကာင္း ရင္ဘတ္ကပါ သိရွိနားလည္ေနသည္။
ေကာင္ကေလး ေသးငယ္ငယ္က သူ႔ကို "လူႀကီး" ဟူေသာ နာမ္စားကေလးသုံးႏႈန္းကာ ခြၽဲတတ္လြန္းသည္။ အကဲပိုတတ္လြန္းသည္။
ဖ်င္အက်ႌကေလးဝတ္ကာ သူ႔ဆီေျပးလာေနဟန္ ..
တစ္ခုခုအလိုမက်လွ်င္ ႏႈတ္ခမ္းေလးဆူကာပူဆာဟန္ ..
ေနာက္ဆုံး ...
ေသြးပင္လယ္တြင္ ေအးခ်မ္းစြာ အိပ္ေပ်ာ္ေနသကဲ့သို႔ ဇီဝိန္ခ်ဳပ္ၿငိမ္းဟန္ ..
ထိုေကာင္ေလးကို သူသိသည္။ သူ႔ရင္ဘတ္တစ္ေနရာမွာ ေသခ်ာစြဲၿမဲစြာပင္သိေနသည္။
"ခြန္ေႏွာင္း .!"
"ခြန္ေႏွာင္း .."
ေအာ္သံေၾကာင့္ အိပ္မက္အျဖစ္အပ်က္မ်ားကတဆင့္ အျပင္ေလာကသို႔ျပန္ထြက္လာရမွ ပူက်စ္ေနေသာခႏၶာကိုယ္ႏွင့္ ေခြၽးေစးတို႔ကို သတိထားမိသည္။
"ဖ်ားၿပီထင္တယ္ ....က်စ္"
ဟိုတစ္ေန႔က ခြန္ေႏွာင္းျပန္ခ်ိန္တြင္ ထီးငွါးလိုက္သည္ျဖစ္ရာ မိုးေရမ်ားက စဝ္စံဦးသာကို အခ်ိန္အေတာ္ၾကာ မိတ္ဆက္ခဲ့ၾကေသးသည္။ ထိုေန႔က ရနံ႔ကုထုံးျဖင့္ အိပ္ေမြ႕ခ်ကုသရာတြင္လည္း ဘာမွမထူးေသာ္ျငား အခုမွသာ ဦးေႏွာက္က တစ္ခုခုျဖင့္ ပိတ္ခံထားရသလို ခံစားေနရျပန္ပါ၏။
"သခင္ေလး ႏိုးၿပီပဲ"
ဦးေလးေနာင္က အခန္းထဲဝင္လာကာ ဗန္းကို ခုံေပၚသို႔တင္ၿပီး ဦးသာကို ဆြဲထူသည္"
"မယ္မယ္တို႔ေရာ"
"မဂၤလာေဆာင္တစ္ခုသြားပါတယ္ သခင္ေလး"
"ေအာ္"
"ေဆးနဲ႔ ဆန္ျပဳတ္ခ်ထားခဲ့ပါတယ္၊ ေသာက္လိုက္ပါဦး"
"ဟိုဟာ"
"သၾကားလုံးလည္း ထည့္ထားေပးပါတယ္"
စဝ္စံဦးသာ၏ အားနည္းခ်က္တစ္ခုမွာ ေဆးခါးမ်ားေၾကာက္ျခင္းသာ။
"ေက်းဇူး ဦးေလးေနာင္"
ထို႔ေနာက္တြင္ နားထဲ၌ အသံတို႔ေဖ်ာ့ေဖ်ာ့ကေလးကို ၾကားလိုက္ရသည္။
"ဒီမယ္ မလိုင္လုံးရွိေရာ့ စားပါေလ့၊ ခါးေသာ္လည္း မ်ိဳခ်ရမည္စ ခြန္ေႏွာင္း၊ ေနာက္မ်ားေတာ့ ေတြ႕ရာမစားေလႏွင့္၊ အကြၽန္စိတ္မခ်ေရာ့၊ ဧည့္သည္ကို ႏွိပ္စက္သလိုျဖစ္ေနစ"
ခြန္ေႏွာင္း ..
ခြန္ေႏွာင္း ...
ဆန္ျပဳတ္ပန္းကန္ကို ကိုင္ထားေသာ လက္အစုံတို႔က တုန္ယင္လာသည္။ အိပ္ခန္း ျပတင္းေပါက္ကို ျဖတ္ကာ တိုက္ခတ္လာေသာ ေလညႇင္းတို႔က အနည္းငယ္ပင္ ေအးေနသေယာင္ေယာင္။
အဘယ္ေၾကာင့္ သွ်န္ခြန္ေႏွာင္းဟာ သူ႔စိတ္ႏွလုံးအစုံကို လႊမ္းမိုးႏိုင္သည္နည္းဟု အႀကိမ္ႀကိမ္ေမးခြန္းထုတ္ေသာ္ျငား အေျဖေနရာသည္ ကြက္လပ္။ ဦးေႏွာက္ထဲတြင္ အဆိုပါအေျဖရွိေနေသာ္ျငား စဥ္းစား၍မတတ္။
Keyword တစ္ခုလိုေနသကဲ့သို႔၊ လွ်ိဳ႕ဝွက္စကားစုက ေပ်ာက္ဆုံးေနသကဲ့သို႔။ ရေအာင္ျပန္ရွာရေပမည္။ စဝ္စံဦးသာသည္ သံေယာဇဥ္ႀကီးသေလာက္ ဇြဲလည္း ႀကီးသည္ပင္။
"သား"
"မယ္မယ္"
မဂၤလာေဆာင္က ျပန္လာေသာ မယ္မယ္က နန္းဟိတ္နန္းဟန္အျပည့္ျဖင့္ အခန္းထဲ တစ္လွမ္းခ်င္း လွမ္းလာခဲ့ေလသည္။ အရွိန္အဝါအျပည့္။
"သားေနမေကာင္းဘူးေျပာလို႔ မဂၤလာေဆာင္မေခၚသြားတာ၊ နန္းၾကဴသမီးေလးဟာေလ သိပ္ကိုလွေသာပဲ"
"ဟုတ္"
"သားနဲ႔ေတာင္ ခ်ိတ္ေပးဖို႔လုပ္ထားေသးတယ္"
မယ္မယ္ကေျပာရင္း ဦးသာလက္ထဲမွ ဆန္ျပဳတ္ပန္းကန္ကို လွမ္းယူကာ ေအးသြားေအာင္ ျဖည္းျဖည္းခ်င္း ေမႊေပးေနသည္။
"မယ္မယ္ သားက အခုမွ"
"အခုမွ ၂၀ ပဲရွိေသးတယ္ မလုပ္နဲ႔ေလ၊ သားကတစ္ဦးတည္းေသာမ်ိဳးဆက္၊ မယ္မယ္တို႔ကို စိတ္ပ်က္ေအာင္ လုပ္ဝံ့လို႔လား"
ထိုးထားေသာ ေ႐ႊဆံထိုးတြဲလဲကေလးက တလႈပ္လႈပ္။ မာန္ပါေသာ စကားအခ်ိဳ႕က က်က္သေရရွိေသာ မ်က္ႏွာႏွင့္ မလိုက္ဖက္လြန္းစြာ။
"သားစဥ္းစားပါ့မယ္"
"အင္း၊ ဟိုတေလာက ဆရာဝန္တစ္ေယာက္ဆီ ခဏခဏသြားတယ္ဆို၊ သားဘာျဖစ္သလဲ"
"ဘာမွမျဖစ္ပါဘူး မယ္မယ္"
"ကဲ .. ဆန္ျပဳတ္ေအးသြားၿပီ ေဆးေသာက္ဦးေနာ္"
မယ္မယ္ထြက္သြားၿပီးေနာက္တြင္ တင္းထားေသာ စိတ္ကို ေလွ်ာ့ခ်လိုက္ရသည္။ သူသည္ မယ္မယ္ဘုရားတို႔ဆီတြင္ လုံးဝကို ေျခခ်ဳပ္မိေနေသာ သားေကာင္ငယ္ႏွယ္။
~~~~~~~
ေက်ာင္းျပန္တက္ရန္ တစ္လေလာက္သာ လိုေတာ့သည့္အခ်ိန္မွာမွ ခြန္ေႏွာင္းက ဝါသနာပါသည့္ သင္တန္းကို တက္ခြင့္ရေတာ့သည္။ ေမေမက ခြင့္မျပဳေသာ္ျငားလည္း ေဖေဖ၏ "ငယ္တုန္းေလး သားႀကိဳက္တာ လုပ္ပါေစကြာ"ဟူေသာစကားေၾကာင့္ ခြန္ေႏွာင္း လြတ္လပ္ခြင့္ကေလးရသြားျခင္းျဖစ္သည္။
လိုအပ္မည္ထင္သည့္ စာ႐ြက္မ်ား ၊ လက္အိတ္ႏွင့္ apron ကိုထည့္ကာ bakery သင္တန္းသို႔ ထြက္လာရာမွ လမ္းထိပ္တြင္ စဝ္စံဦးသာႏွင့္ထိပ္တိုက္တိုးျပန္ပါ၏။
"ခြန္ေႏွာင္း"
"ကုထုံးကၿပီးသြားခဲ့ၿပီေလ၊ အတူတူမွ သြားစရာမရွိေတာ့တာ၊ အစ္ကိုက ဘာလာလုပ္တာလဲ"
"သင္တန္းလိုက္ပို႔ေပးမလို႔"
"ဘယ္လိုသိလဲ"
ဝိုင္းစက္သြားေသာ မ်က္လုံးအစုံ၊ ပြင့္ဟသြားေသာ ႏႈတ္ခမ္းလႊာ။ ခြန္ေႏွာင္းကအမွန္ပင္ မ်က္စိမလႊဲႏိုင္ေအာင္ပင္ ေခ်ာလြန္းလွသည္။ အစိတ္အပိုင္းတစ္ခုခ်င္းစီက လွလြန္းလွသည္။
"ခြန္ေႏွာင္းညက facebook မွာ share ထားေသးတယ္ေလ၊ သင္တန္း post ကို"
"အာ ..."
"ကဲ .. တက္သြားမယ္"
တစ္ဆိတ္ ..ဤသည္ကား စီနီယာအကိုႀကီးက ဂ်ဴနီယာညီေလးကို ပိုးေနျခင္းႏွင့္ပင္း တူမေနပါဘူးလား။
ခြန္ေႏွာင္းက တက္ဖို႔ တြန္႔ဆုတ္ေနသည့္အခ်ိန္တြင္ပင္ ဦးသာက ေနာက္မွ လိုက္လာေတာ့ ဟိုတစ္ခါကလို လက္ေမာင္းဆြဲခံရမွာေၾကာက္ေသာေၾကာင့္ ခပ္ျမန္ျမန္ပင္တက္လိုက္ရေပသည္။
"ဘယ္နားလဲ ... သင္တန္းက"
"အင္းလ်ားလမ္း၊ ၿခံအမွတ္ ၂၆"
"အျပန္ ကိုယ္ေစာင့္ေနမယ္၊ တစ္ခုခုစားၾကတာေပါ့"
"မဆာဘူး၊ ရတယ္ အစ္ကိုဦးသာ"
"ကိုယ္က ဗိုက္ဆာမွာပဲေလ"
ဘာေၾကာင့္ရယ္မွန္းမသိ ဦးသာစိတ္ထဲတြင္ ခြန္ေႏွာင္းကေလးအား စခ်င္ေနာက္ခ်င္စိတ္က ျပင္းပ်လ်က္။ တစ္ခါတစ္ရံ သူကိုယ္တိုင္ကပါ ႐ူးသြပ္ေနသလား သို႔မဟုတ္ ခြန္ေႏွာင္းကပဲ ပၪၨလက္အတတ္ကို တစ္ဖက္ကမ္းခတ္ တတ္ကြၽမ္းေနသလား သူမသိႏိုင္ပါ။ ခြန္ေႏွာင္းႏွင့္ မရင္းႏွီးခင္က ေရွာင္ဖယ္ခ်င္သည္။ ရင္းႏွီးေသာအခါ အၿမဲတေစ အနားတြင္ေနခ်င္သည္။ ေသခ်ာသည္က ခြန္ေႏွာင္းက ေမွာ္ဆရာ မဟုတ္။ သူသည္သာ ႐ူးေနျခင္း ျဖစ္မည္ထင္သည္။
~~~~~~~
ကားထဲမွ ေလထုက ေအးစက္စက္ရယ္ႏွင့္။ ေဘးသို႔ ေစာင္းငဲ့ၾကည့္ေသာအခါ စဝ္စံဦးသာ၏ ဖ်ာထြက္ေနေသာ ေသြးေၾကာအျပာမ်ားက လက္ဖ်ံ႐ိုးတစ္ေလွ်ာက္အထင္သား။
ခြန္ေႏွာင္းလည္း ရွမ္းေသြးအနည္းငယ္ေလးမွ်ပါေသာ္ျငား ဦးသာေလာက္မျဖဴပါ။ ဦးသာက ျဖဴသည္ထက္ အသားက ၾကည္လင္ေနတတ္ၿပီး ေသြးေၾကာစိမ္းမ်ားမဟုတ္။ ေသြးေၾကာအျပာမ်ားသာ။
"ကဲ မေငးေနနဲ႔ေတာ့ ေရာက္ၿပီ"
"ဘာ .. ဘယ္မွာ ေငးေနလို႔လဲ၊ မေငးပါဘူး"
ႏႈတ္ခမ္းဟ႐ုံသာရယ္ၿပီး ခြန္ေႏွာင္း ဆံပင္ကို လွမ္းဖြေသာ္ျငား ေနာက္သို႔ေရွာင္လိုက္မိသည္။ ခုနပဲ သူခိုးလူမိသလိုျဖစ္ခဲ့သည္မလား။
"ကိုယ္ ဒီနားတစ္ေနရာရာဝင္ၿပီး ေစာင့္္ေနမယ္၊ ေနာက္ေန႔ အႀကိဳအပို႔ ကိုယ္ပဲ တာဝန္ယူမယ္"
"မဟုတ္ .."
"သင္တန္းခ်ိန္ ကိုးနာရီဟုတ္၊ ဆင္းေတာ့"
အျငင္းဝါက် မဆိုေစရန္ ကားေပၚမွ အတင္းႏွင္ခ်ေနေသာ စဝ္စံဦးသာမွာ အမွန္ပင္ ကေလးဆိုးႀကီးႏွယ္။ ျပန္ေျပာေနလည္း ထူးမလာေတာ့သည္ကို သိသည္မို႔ ဘာမွျပန္မေျပာေတာ့ပဲ bakery room ထဲသို႔သာ တန္းတန္းမတ္မတ္ဝင္ခဲ့ေတာ့သည္။
Bakery room ထဲတြင္ အမတစ္ေယာက္က အလုပ္မ်ားေနဟန္ ေပါင္မုန္႔ dough မ်ားကို ေထာပတ္ဆီသုတ္ေနေလ၏။ ရင္းႏွီးသည့္ ဟန္ပန္အမူအရာမ်ားက ခြန္ေႏွာင္းဆီကို တိုက္႐ိုက္ လာေရာက္ခ်ိတ္ဆက္ျပန္ပါသည္။
အတိတ္ ပစၥဳပၸန္ ဒြန္တြဲေနလ်က္။
"မမနန္းေစာ ..?"
~~~~~~~