HE'S ✓

By VemberCB_Kai

151K 15.9K 467

ChanBaek [Unicode + Zawgyi] Warning✓✓ Cover Photo Crd.. Pinterest More

HE'S .1
🎂
HE'S . 2
HE'S . 3
HE'S . 4
HE'S . 5
🎂
HE'S . 6
HE'S . 7
HE'S . 8
HE'S . 9
HE'S . 10
HE'S . 11
HE'S . 12
HE'S . 13
HE'S . 14
HE'S . 15
HE'S . 16
HE'S . 17
HE'S . 18
🚨
HE'S . 19
HE'S . 20
HE'S . 21
HE'S . 22
🚨
HE'S . 23
HE'S . 24
HE'S . 25
HE'S . 26
HE'S . 27
HE'S . 28
HE'S . 29
🚨
HE'S . 30
HE'S . 31
HE'S . 32
🚨
HE'S . 33
HE'S . 35
HE'S . 36
HE'S . 37
HE'S . 38 [ Fin< ]
👋

HE'S . 34

2.2K 308 9
By VemberCB_Kai

[Unicode + Zawgyi]

ချစ်သူတစ်ယောက်အဖြစ်တွဲဖြစ်သွားတာကိုလက်ခံနိုင်ပေမဲ့ လက်ထပ်ဖို့အထိကိုတော့လက်ခံမပေးနိုင်ဘူးလား..
သာမန်စုံတွဲမဟုတ်တာဆိုတဲ့ကိစ္စနဲ့ပဲ ကန့်ကွက်မှာလား
ဒီလိုမဖြစ်သင့်ဘူးလေ
အချစ်ကအချစ်ပဲဖြစ်လို့ လူနှစ်ယောက်ရဲ့ဘဝအတွက်ရွေးချယ်မှုကို သဘာဝတရားတွေနဲ့ယှဉ်ကြည့်မနေသင့်ဘူး

ဒါပေမဲ့ ကိုကိုကြီးကကန့်ကွက်လာခဲ့ရင်.. ငါကကောလွန်ဆန်နိုင်လို့လား..
ငယ်စဉ်ကတည်းကနေ အခုအရွယ်ရောက်တဲ့အထိ ဘာကိစ္စဖြစ်နေပါစေ ကိုကိုကြီးရဲ့ဆုံးဖြတ်ချက်ကိုပဲ ညီအစ်ကိုတွေအကုန်ကလိုက်နာခဲ့ကြတာမို့ ဒီတစ်ကြိမ်မှာကော ကိုကိုကြီးရဲ့ဆုံးဖြတ်ချက်ကဘယ်လိုမျိုးရှိမလဲ..

ကိုကိုကြီးကလက်မခံနိုင်ဘူးဆိုရင်..
တကယ်ပဲရွေးချယ်မှုတွေလုပ်လာခိုင်းခဲ့ရင်.. ငါChanyeolကိုထားခဲ့နိုင်မှာလား..
ငါ့ကိုပဲကြည့်ပြီးနေ နေ ခဲ့တဲ့ ကိုကိုတို့ကိုထားခဲ့ရင် ငါကအရမ်းရက်စက်တဲ့သူဖြစ်သွားမလား

သေချာနေတာကတော့ Chanyeolသာငါနဲ့ဝေးသွားရင် ငါကောင်းကောင်းရှင်သန်နိုင်မှာမဟုတ်ဘူး
Chanyeolက ငါအနားမှာမရှိတော့တဲ့အခါ တခြားတစ်ယောက်ယောက်နဲ့ပျော်ရွှင်သွားရင်ကော..
ဒါကို ငါလက်ခံနိုင်မှာမဟုတ်ဘူး

ဟင့်အင်း.. ဒီလိုမျိုးတွေလည်းဖြစ်မလာနိုင်ပါဘူး
Chanyeolကငါ့ကိုသိပ်ချစ်တာ.. သူငါ့ကိုအရမ်းချစ်တာ
ဘယ်လိုနည်းနဲ့မှ ငါ့နေရာမှာတခြားတစ်ယောက်ကရှိလာနိုင်မှာမဟုတ်ဘူး
Chanyeolက ငါနာကျင်ရတာမျိုးဘယ်တော့မှလုပ်မှာမဟုတ်ဘူး

ဒါပေမဲ့.. Chanyeolကလုပ်နိုင်ခဲ့ရင်ကော..
Chanyeolက တခြားတစ်ယောက်ကိုရွေးချယ်ပြီး ငါ့ကိုမေ့သွားနိုင်တယ်ဆိုရင်ကော

လက်ထပ်ဖို့မဖြစ်နိုင်တာတစ်ခုအတွက်နဲ့ Chanyeolက ငါနဲ့အဝေးကြီးကိုထွက်သွားနိုင်တယ်ဆိုရင်ကော

ငါ့ထက်ပိုပြီးပြည့်စုံတဲ့မိန်းကလေးတစ်ယောက်ကလည်း Chanyeolအတွက်အဆင်သင့်ရှိနေခဲ့တယ်ဆိုရင်ကော

ဟင့်အင်း... ဟင့်အင်း...

လက်ထပ်ဖို့ကို..

လက်ထပ်ဖို့ကို.. ကိုကိုကြီးက..

ခွင့်ပြုတယ်..??

ခွင့်မပြုဘူး..??

ငါဘာလုပ်သင့်လဲ..

အာ့... ငါ့နှလုံးခုန်နှုန်းကအရမ်းမြန်လာတာ.. အသက်ရှူရတာအဆင်မပြေတော့ဘူး။

"ဟူး...."

Baekhyunအ‌တွေးတွေထဲနစ်မြုပ်နေကာ တအားခုန်လှုပ်လာတဲ့ရင်ဘတ်တစ်နေရာကိုပြန်ဆုပ်ကိုင်လိုက်ပြီး အသက်ကိုတဖြေးဖြေးရှူသွင်းနေလိုက်ရင်း တိုက်ခန်းဆီကိုတရွေ့ရွေ့နဲ့တက်လာခဲ့သည်။

တိုက်ခန်းဆီရောက်တဲ့အခါ Chanyeolပြန်ရောက်နေတာကိုတွေ့တော့ Baekhyunချက်ချင်းပဲ အခန်းထဲလိုက်ကြည့်တာChanyeolကိုမတွေ့တာနဲ့ Chanyeolရှိနေမယ်ထင်တဲ့အိပ်ခန်းထဲဝင်သွားသည်။

တကယ်ပဲ.. Chanyeolကအိပ်ယာ‌ပေါ်မှာအိပ်နေတာကိုတွေ့ရသည်။
Baekhyun မြန်နေတဲ့နှလုံးခုန်နှုန်းကြောင့် Chanyeolကိုမြင်တာနဲ့ Chanyeolအိပ်နေတဲ့ကုတင်ဘေးမှာထိုင်ချလိုက်ပြီး အသက်ကိုတဖြေးဖြေးချင်းရှူရင်း စိတ်ငြိမ်အောင်လုပ်နေသည်။

"Baekhyun..??"

ပြင်းနေတဲ့အသက်ရှူသံကြောင့်Chanyeolနိုးသွားခဲ့ပြီး ‌ဘေးကိုကြည့်မိတဲ့အခါ Baekhyunကမျက်လုံးများမှိတ်ထားပြီး ရင်ဘတ်ကိုဖိထားထားတဲ့ပုံကိုမြင်လိုက်ရတာနဲ့ အိပ်ယာကချက်ချင်းထလာခဲ့သည်။

"ဘာဖြစ်တာလဲ.. ငါ့ကိုကြည့်စမ်း"

"အ..အသက်.. ရှူလို့..မဝဘူး"

Baekhyunစိုးရိမ်စရာတစ်ခုခုရှိတိုင်း စိတ်လှုပ်ရှားပြီးနှလုံးကအလုပ်အရမ်းလုပ်တတ်တာကို သိတဲ့Chanyeolက
Baekhyunကိုယ်ကိုပွေ့လိုက်ကာ အိပ်ယာပေါ်မှာလှဲစေလိုက်သည်။

Baekhyunကိုယ်မှာချွေးတွေပါရွှဲနေတာကိုခံစားမိသွားတဲ့အခါ Baekhyunရဲ့နဖူး‌ဆီကို ဖွဖွလေးချွေးသုတ်‌ပေးပြီး လက်တွေကိုဆုပ်ကိုင်ထားပေးလိုက်သည်။

"စိတ်ကိုလျှော့လိုက်.. ငါမင်းဘေးမှာရှိတာပဲ.. ဘာမှစိုးရိမ်စရာမရှိတော့ဘူး
ငါကာကွယ်ပေးမယ်ပြောခဲ့တယ်မလား
ငါရှိနေသရွေ့ .. ဘာကမှမင်းကိုမထိခိုက်နိုင်ဘူး
ငါ့ကိုယုံ.. ဟုတ်ပြီလား
အခု စိတ်ကိုလျှော့ပြီးအသက်ကိုတဖြေးဖြေးချင်းရှူ"

Baekhyunခေါင်းညိတ်လိုက်ပြီး စိတ်တည်ငြိမ်အောင်လုပ်ရင်း Chanyeolလက်တွေကိုလည်း ပြန်ဆုပ်ကိုင်ထားသည်။

"ဘယ်လိုနေလဲ"

Baekhyunပြန်မဖြေဘဲ Chanyeolလက်တွေကိုယူပြီး သူ့(Baekhyun)ခါးဆီထိခိုင်းလိုက်တဲ့အခါ Baekhyunဖက်ခိုင်းနေမှန်းChanyeolနားလည်လိုက်သည်။

Chanyeolလည်း Baekhyunကို သူ့(Chanyeol)ကိုယ်ပေါ်ပွေ့တင်လိုက်တဲ့အခါ Baekhyunလက်တွေကChanyeolဂျိုင်းအောက်ကနေသိုင်းဖက်လာပြီး ခေါင်းလေးကရင်ခွင်ထဲတိုးဝေ့နေတာနဲ့ Chanyeolလက်တွေက Baekhyunတစ်ကိုယ်လုံးကိုသိမ်းကျုံးဖက်ထားပေးလိုက်တာ
တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုကို တခြားတစ်ယောက်ယောက်ကလာလုလို့မရအောင် ရင်ခွင်ထဲမှာမြုပ်ဝင်နေစေလေသည်။

"သက်သာသွားပါပြီ"

"ဘာဖြစ်လာတာလဲ.. "

Baekhyun လက်ထပ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ပြောပြလာတဲ့အခါ Chanyeolက ရင်ခွင်ထဲကခေါင်းလုံးလေးကိုနမ်းလိုက်သည်။

"ဘာတွေစိတ်ပူနေတာလဲ.. လက်ထပ်ဖို့ခွင့်မပြုဘူးဆိုလည်း
ငါနဲ့မင်းကအတူတူရှိနေနိုင်တာပဲလေ
ငါတို့နှစ်‌ယောက်သာ အတူတူရှိနေရမယ်ဆိုရင်စာရွက်‌ပေါ်ကလက်မှတ်နှစ်ခုက ဘာအရေးကြီးလို့လဲ
ငါတို့နှလုံးသားတွေကနီးစပ်နေပြီပဲလေ
မင်းလည်းငါ့ကိုချစ်တယ်
ငါလည်းမင်းကိုချစ်တယ်
ပြည့်စုံနေပြီ
ဒါကြောင့် လက်ထပ်ဖို့ခွင့်မပြုတာကို စိတ်မကောင်းဖြစ်စရာမလိုပါဘူး
စိတ်မကောင်းဖြစ်မနေတော့နဲ့"

"Chanyeol.. ငါ့ထက်ပြည့်စုံတဲ့မိန်းကလေးတစ်ယောက်က မင်းအတွက်ရှိနေတယ်ဆိုရင်
ငါက.. ငါကမင်းနဲ့ဝေးသွားရမှာလား
ပြီးတော့လည်း သူမကတော့မင်းနဲ့လွယ်လွယ်ကူကူပဲလက်ထပ်နိုင်တယ်
ဒါဆို သူမက မင်းအနားမှာမင်းနဲ့တူတူပျော်နေကြမှာလားဟင်"

"အရူးလေး.. ဘာတွေလိုက်တွေးနေတာလဲ
သူမကဘယ်သူလဲ.. ဘယ်ကလဲ
ငါမှစိတ်မဝင်စားတာ
ငါစိတ်ဝင်စားတာကမင်းတစ်ယောက်ပဲရှိတယ်လေ
ပြီတော့ ငါ့ကိုစိတ်ဝင်စားအောင်လုပ်နိုင်တာလည်း မင်းပဲရှိတာ

သူမကမင်းထက်ပြည့်စုံတယ်‌ဆိုရအောင် ငါ့နှလုံးသားလေးဖြစ်တဲ့မင်းလောက်နူးညံ့နိုင်ပါ့မလား
ငါ့အချစ်တွေကမင်းနဲ့အဆုံးသတ်သွားတာ
ငါ့ပျော်ရွှင်မှုတွေကလည်းမင်းဆီအကုန်ပေးထားတာ
ဒီထက် ငါ့ဘဝကမင်းပိုင်နေတာလေ
သူမအတွက် ငါ့ဆီကရနိုင်တာကဘာမှမရှိဘူးကို
ငါသူမနဲ့ပျော်နေဖို့ကလုံးဝမဖြစ်နိုင်ဘူး
ငါ့ဘဝရဲ့ပိုင်ရှင်လေးကိုကော ငါကအဝေးပို့ပစ်ပြီး ရှင်သန်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးလေ

ငါ့ရဲ့ပိုင်ရှင်က သေသည့်အထိမင်းတစ်ယောက်ပဲဖြစ်ခွင့်ရှိမှာ
ဒါကြောင့် ဒီလိုမေးခွန်းမျိုးက တကယ်ဆိုရင်ငါ့ကိုမမေ့သင့်ဘူး
မေးခွန်းအတွက်အချိန်ကုန်တာပဲရှိတယ်
ငါ့နှလုံးသားထဲမှာရှိတဲ့လူကမင်းဆိုတာ ဘယ်တန်ခိုးရှင်က လာပြီးပြောင်းလဲပြောင်းလဲ ပြောင်းလဲလို့ရတဲ့အရာထဲ မင်းမပါဘူး"

"Chanyeolရဲ့စိတ်ကိုသိနေခဲ့တဲ့ဟာ ငါအတွေးတွေလွန်နေခဲ့တာပဲ"

"နေပါဦး.. လက်မထပ်နိုင်တာနဲ့ပဲ ငါကမင်းနဲ့ဝေးသွားမယ်ဆိုပြီး
ဆိုးရွားတာတွေလိုက်တွေးနေခဲ့တာလား"

Baekhyunခေါင်းညိတ်ပြတဲ့အခါ Chanyeolက Baekhyunမျက်နှာကိုရင်ဘတ်ထဲကနေခွာထုတ်ကာ မျက်လုံးချင်းဆုံပြီးကြည့်လာသည်။

"Baekhyun.. လက်ထပ်တယ်ဆိုရင်လည်း ငါတို့အတွက်အသိသက်သေမလိုအပ်ဘူးလေ
ငါတို့နှစ်ယောက်ပဲသိရင်ရပြီ"

"ဒါပေမဲ့.. ကိုကိုတို့ကလက်မခံနိုင်တာကို ငါကဆက်တိုးလို့ဖြစ်ပါ့မလား"

"မင်းအစ်ကိုတွေကငါနဲ့လမ်းခွဲခိုင်းရင်.. မင်းကလမ်းခွဲမယ်ဆိုတဲ့သဘောလား"

Chanyeolဒေါသထွက်သွားခဲ့သည်။ လွယ်လွယ်လေးဖြစ်တည်လာတဲ့ဆက်ဆံရေးတစ်ခုမဟုတ်တာမို့
ဒီဆက်ဆံရေးကိုChanyeolအရမ်းတန်ဖိုးထားသည်။
ဒါကို ပြီးဆုံးသွားဖို့ကလွယ်ကူနေတာမြင်ရတော့ ဒေါသကထိန်းမရဘူး။
သိပ်ချစ်ပြခဲ့ပြီး.. သူ့(Chanyeol)အချစ်ကိုသိပ်လိုချင်နေခဲ့တာမဟုတ်ဘူးလား
ဘာလို့များ တခြားသူတွေရဲ့စကားကို အရမ်းအလေးထားနေရတာလဲ။
လက်ထပ်တယ်ဆိုကကော ဘာတွေအရေးကြီးနေလို့လဲ။

"ငါ့ဘက်ကလည်းလွယ်ကူနေခဲ့တာမဟုတ်ပေမဲ့.. ငါကလက်ခံခဲ့ရင်ကော..
ငါကလမ်းခွဲဖို့ခေါင်းညိတ်မိခဲ့ရင်ကော..
ငါကမင်းနဲ့ဝေးဖို့ရွေးချယ်ခဲ့ရင်ကော..
မင်းငါ့ကိုစိတ်ပျက်သွားမှာလား"

အမြဲအရိပ်တကြည့်ကြည့်နဲ့နေလာခဲ့တာမို့ Chanyeolဒေါသထွက်သွားတာကို Baekhyunသိသည်။
ဒါပေမဲ့လည်း အခုကိစ္စကဒီမှာတင်မပြီးလိုက်နိုင်ဘူး။ ထာဝရဆိုပြီးရည်ရွယ်ခဲ့ပေမဲ့လည်း.. အခုလိုဖြစ်လာနိုင်မှန်းမှမသိခဲ့တာ
Baekhyunအကြောက်ဆုံးက Chanyeolစိတ်ပျက်သွားမှာကိုဖြစ်သည်။

Chanyeolကိုဘယ်လောက်ထိချစ်ပြီး ဘယ်လိုတောင်တန်ဖိုးထားခဲ့လည်းဆိုတာ သူ(Chanyeol)မသိနိုင်ဘူးဆိုရင်တောင် ကိုယ့်နှလုံးသားကတော့သိသည်။

ချစ်သူနှစ်ဦးရဲလက်ထပ်ကြခြင်းဆိုတာ ဘယ်လောက်အရေးကြီးလည်းမသိပေမဲ့
Baekhyunအတွက်တော့ Chanyeolနဲ့ပတ်သက်ပြီးမှလက်ထပ်ရဖို့ကလည်းအရေးကြီးသည်။
အရင်ကလက်ထပ်ဖို့ကိုမစဉ်းစားမိခဲ့ပေမဲ့လည်း Chanyeolကြောင့်သာလက်ထပ်ဖို့စိတ်ဝင်စားလားသည်။

Chanyeolနဲ့ဖြတ်ကျော်လာရတဲ့အချိန်တွေများလာလေလေ Chanyeolကိုအဆုံးရှုံးမခံနိုင်လွန်းလို့ Chanyeolကိုဆွဲထားနိုင်မဲ့ အရာသေးသေးလေးဆိုရင်တောင် Baekhyunအတွက်တော့ ကြီးမားတဲ့မျှော်လင့်ချက်တစ်ခုဖြစ်ပြီး ရယူပိုင်ဆိုင်ချင်ခဲ့သည်။

ဒါကြောင့်လည်း Chanyeolနဲ့လက်ထပ်ရဖို့အထိ လောဘတက်ခဲ့မိခြင်းဖြစ်သည်။

"ငါ့အတွက်ခက်ခဲလွန်းတယ်.. ဖြစ်လာမှာတွေကို ငါလက်မခံနိုင်ဘူး
ငါတောင်းပန်ပါတယ်"

Baekhyunငိုတာမြင်လိုက်ရတဲ့အခါ Chanyeolထွက်လာတဲ့ဒေါသက အလိုလိုပြီးဆုံးသွားပြီး Baekhyunကိုယ်လေးကိုဖက်လိုက်သည်။

"ထာဝရဆိုတာ လွယ်လွယ်လေးပြောခဲ့တာမဟုတ်ဘူး
ငါဖြစ်နေလို့ တခြားတစ်ယောက်အပေါ်ချစ်ဖို့ဆိုတာလည်းလွယ်မနေခဲ့ဘူး
အချစ်ကိုမင်းနဲ့စပြီး အဆုံးမရှိတဲ့အချစ်ခရီးတစ်ခုကို မင်းနဲ့ပဲသွားချင်တယ်
စာရွက်ပေါ်က လက်မှတ်တွေလည်းမလိုအပ်ဘူး
ငါ့အတွက်တော့ မင်းကိုပဲလိုအပ်တယ်"

"ငါမင်းကိုချစ်တယ်.."

Baekhyun Chanyeolစကားတွေကြားပြီး တစ်ခွန်းအပြင်ဆက်မပြောနိုင်ဘဲငိုနေတဲ့အခါ Chanyeolက Baekhyunရဲ့ကျလာတဲ့မျက်ရည်တွေကိုသုတ်ပေးနေသည်။

"မငိုနဲ့"

"ငါ့ရင်ဘတ်ကတော်တော်လေးနာကျင်‌နေတယ်.. ညကျရင်ကိုကိုတို့ကိုသွားတွေ့နိုင်ပါတော့မလား"

Chanyeol Baekhyunနဖူးကိုညှင်သာစွာနမ်းလိုက်ပြီး ပါးပြင်ပေါ်ကမျက်ရည်တွေကိုကုန်စင်‌အောင်သုတ်ပေးလိုက်သည်။

"အရမ်းမငိုနဲ့တော့.. စိတ်မကောင်းစရာတွေလည်းမတွေးနဲ့
ဒီလိုပဲဆက်ဖြစ်နေရင် နှလုံးရောဂါရသွားလိမ့်မယ်"

ထပ်ကျလာပြန်တဲ့မျက်ရည်တွေကြောင့် Chanyeolကထပ်သုတ်ပေးနေပြန်ပေမဲ့ Baekhyunကျ‌ချင်နေတဲ့မျက်ရည်တွေကိုရပ်တန့်လို့မရဘူး။

"ရွေးချယ်စရာတွေရှိလာခဲ့ရင် ဘာမှလိုက်တွေးမနေဘဲ မင်းစိတ်ကြိုက်ဆုံးဖြတ်နိုင်တယ်
ငါ့ကိုမငဲ့ပါနဲ့
မင်းရဲ့နှလုံးသားကဖြစ်ချင်တဲ့အတိုင်းလုပ်ပါ
မင်းဘာလုပ်လုပ် ငါအပြစ်မြင်မှာမဟုတ်ဘူး..
တိတ်တော့ အရမ်းငိုနေရင် မင်းပင်ပန်းလိမ့်မယ်
နေကောင်းတာမကြာသေးတာကို ထပ်ပင်ပန်းလို့မဖြစ်ဘူးလေ"

"Chanyeol-Ya.."

"ငါ့အတွက်ဆိုရင် မင်းဘာမှမဖြစ်ဘဲနေကောင်းအောင်ပဲနေပေးပါ
ဒါဆိုငါ့အတွက်ကလုံလောက်ပါပြီ"

BaekhyunကChanyeolကိုဖက်လာပြီးငိုနေပြန်တဲ့အခါ Chanyeolတားမနေတော့ဘဲ ပြန်ဖက်ထားပေးလိုက်ကာ ဝအောင်ပဲငိုခိုင်းလိုက်တော့သည်။

"ညသွားတဲ့အခါငါလိုက်ပို့ပေးမယ်.. ပြီးတော့အပြင်မှာပဲစောင့်နေပေးမယ်
ငါအနားမှာရှိနေတာမို့..တစ်ခုခုဆိုငါ့ဆီပြေးသာလာခဲ့ မင်းကိုဘာမှမထိခိုက်စေရဘူး"

ဒီလိုချစ်သူမျိုးကို ဘယ်လိုစိတ်မျိုးနဲ့နာကျင်ခိုင်းရက်ပါ့မလဲ
နည်းနည်းလေးတောင်အပွန်းအပဲ့မခံနိုင်တာကို တစ်ဘဝလုံးစာဒဏ်ရာတွေပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး
ကိုကိုတို့ကိုလက်ထပ်ဖို့ခွင့်တောင်းမိတာမှားသွားပြီလား..
ငါ့အတ္တတစ်ခုကြောင့် မင်းကိုနာကျင်စေမိပြီလား
ဒီလက်ထပ်ပွဲကိုမရှိသလိုပဲသဘောထားပြီး ချစ်သူအဖြစ်ပဲဆက်ရှိနေဖို့ ပြန်တောင်းဆိုလို့ကောရပါဦးမလား
ငါမှားခဲ့တာ .. Chanyeolကိုမတိုင်ပင်ဘဲ ငါဆုံးဖြတ်မိခဲ့တာက တကယ်ကိုမှားယွင်းခဲ့တာပဲ..
ငါမလုပ်ခဲ့သင့်ဘူး
ကိုကိုတို့ပေးတဲ့အခွင့်အရေးကို ငါကဖျက်ဆီးခဲ့မိတာ
ငါက အရမ်းလောဘကြီးသွားတာ
ငါ့အမှားတွေပါ

"တိတ်တော့..
လက်ထပ်ဖို့သဘောမတူကြဘူးဆိုလည်း
ငါကမင်းကိုထားပြီး တခြားတစ်ယောက်ယောက်နဲ့ပျော်နေနိုင်တဲ့သူမဟုတ်ဘူး
ဘာအကြောင်းနဲ့မှလည်း မင်းအပေါ်စိတ်ပျက်သွားမှာမဟုတ်ဘူး
ငါတို့တွေကြိုးစားခဲ့ကြတာပဲ အခုလည်းငါတို့တွေကြိုးစားလိုရတယ်မလား
Baekhyun.. မျက်ရည်ကိုလွယ်လွယ်မကျရဘူး
အခုက မင်းအစ်ကိုဆီကဆုံးဖြတ်ချက်ကိုလည်းသိရသေးတာမဟုတ်ဘူးလေ
ဘာလို့ အဆိုးတွေကိုတွေးပြီး စိတ်မကောင်းဖြစ်နေတာလဲ
အရင်ဆုံးကြိုးစားကြည့်ရမယ်လေ"

"ဟင့် .. တွေးထားသင့်တာပဲလေ..
ပျော်စရာတွေတွေးပြီးပျော်နေရာကနေ အဆိုးတွေဖြစ်လာလို့လက်မခံနိုင်ရင်ဘယ်လိုလုပ်မလဲ"

Chanyeol Baekhyunကျောပြင်လေးကိုသပ်ချပေးနေလိုက်သည်။

"ဒါဆိုလည်း အဆိုးတွေကိုပဲတစ်ဖက်သက်မတွေးသင့်ဘူးလေ
ပျော်စရာဆိုတာရှိပါတယ်
ဘာအန္တရာယ်မှမလာခင်
ငါတို့နှစ်ယောက်အတူတူရှိနေတုန်း ပျော်နိုင်တာပဲလေ
ဟုတ်တယ်မလား
အတွေးတွေနဲ့စိတ်မကောင်းဖြစ်နေမဲ့အစား လက်တွေ့ဖြစ်နေတဲ့အရာတွေမှာ ကိုယ့်အတွက်ပျော်စရာကိုရှာသင့်တယ်လေ"

Baekhyunခေါင်းညိတ်လာခဲ့ပြီး ငိုလို့ဝတဲ့အထိChanyeolကငြိမ်နေပေးခဲ့သည်။
ငိုလို့ဝသွားတဲ့အခါ အချိန်ကအစ်ကိုတွေဆီသွားဖို့အတွက်နီးလာတာနဲ့ အဆိုးလေးကိုလိုအပ်တာတွေပြင်ဆင်ခိုင်းရသည်။

ပူပန်နေတဲ့အဆိုးလေးရဲ့စိတ်ကို နားလည်နေခဲ့တာမို့ ဒီညတော့ အစားစားဖို့လွတ်သွားနိုင်သည်ကို Chanyeolခန့်မှန်းမိသည်။ ဒါကြောင့် မသွားခင်မှာ ညစာအတွက်အစားအစာအနည်းငယ်ကိုအတင်းကျွေးတာကြောင့် အဆိုးလေးမှာမစားချင်လည်း အစားတော့ဝင်သွားခဲ့သည်။
အားလုံးပြီးတော့ အဆိုးလေးကိုလိုက်ပို့ရသည်။
စိုးရိမ်နေတဲ့အဆိုးလေးကို အမျိုးမျိုးအားပေးကာ ရင်ဆိုင်ရမဲ့ပြဿနာတစ်ခုကိုရင်ဆိုင်စေခဲ့သည်။

"Chanyeol-Ya.."

"ငါမင်းကိုယုံတယ်Baekhyun.. မင်းအတွက်ငါရှိနေတယ်နော်
ကောင်းကောင်းရင်ဆိုင်လာခဲ့!!
မင်း ငါ့ဆီပြန်လာခဲ့ရင် အနွေးထွေးဆုံးကြိုဆိုပေးမယ်"

Baekhyunကားပေါ်ကဆင်းသွားတဲ့အခါ အိမ်ထဲဝင်သွားလို့ကျောပြင်လေးပျောက်သွားတဲ့အထိ Chanyeolကြည့်နေခဲ့သည်။

ရင်ထဲမှာဘယ်လောက်ထိဗြောင်းဆန်နေလဲကိုပြောမပြတတ်ဘူး။
အဆိုးလေးက ပြန်လာမှာလား.. ဒါက အတူရှိရခြင်းရဲ့ နောက်ဆုံးပဲလား..
မေးခွန်းနှစ်ခုကပဲ ရင်ကိုတင်းကြပ်လာစေသည်။

အတူတူရင်ဆိုင်ပေးချင်ပေမဲ့.. ညီအစ်ကိုတွေကြားမှာ အဆိုးလေးအတွက်ခြယ်လှယ်လွန်းရာကျမည်ဆိုးတာကြောင့် သည်းခံခဲ့ရခြင်းဖြစ်သည်။
ချစ်တာ.. ပိုင်ဆိုင်ချင်တာ.. အတူတူရှိနေချင်တာ.. ဒါတွေအတွက်နဲ့တခြားသူရဲ့ဘဝကိုတော့ ဝင်မစွက်ဖက်သင့်ဘူးမလား
သူ့ဘဝ သူ့ကိစ္စတွေရှိနေတာကို ချစ်သူတစ်ယောက် လက်တွဲဖော်တစ်ယောက်အနေနဲ့ နားလည်ပေးနိုင်ရမည်။

ချစ်တာတစ်ခုနဲ့ ဘာတစ်ခုမှမမြင်နိုင်တော့ရင် ဒါကအတ္တတစ်ခုသက်သက်ပဲဖြစ်လိမ့်မည်။
ချစ်တယ်ဆိုရင် နားလည်ပေးနိုင်မှသာ ရေရှည်အတွက်ရှင်သန်ရပ်တည်နေနိုင်မည်။

ဒါကြောင့် Baekhyunရဲ့ဘဝကိုဝင်မစွက်ဖက်ဘဲ သူ့(Baekhyun)ဆုံးဖြတ်ချက်ကိုလက်ခံပေးဖို့ပဲဆုံးဖြတ်ခဲ့လိုက်သည်။

Chanyeol Baekhyunရဲ့အိမ်နဲ့မနီးမဝေးတစ်နေရာကရပ်ထားတဲ့ကားထဲမှာ စိတ်လှုပ်ရှားစွာထိုင်စောင့်နေသည်။
မျှော်လင့်ချက်သေးသေးလေးတောင်အမိအရဆုပ်ကိုင်ထားသင့်သေးတာပဲကို
Chanyeolလည်း မျှော်လင့်ချက်တစ်ခုနဲ့ Baekhyunကိုစောင့်မျှော်နေခဲ့သည်။

ဒါကအဆုံးသတ်မဟုတ်နိုင်ပါဘူး.. ချစ်တာတစ်ခုတည်းနဲ့ ငါတို့ကြိုးစားခွင့်ရှိသေးတာပဲ

Baekhyun..
ကျေးဇူးပြုပြီး
ငါ့လက်ကိုဆွဲထားတာမဖြုတ်လိုက်ပါနဲ့

TBc...




[Zawgyi 👇]

ခ်စ္သူတစ္ေယာက္အျဖစ္တြဲျဖစ္သြားတာကိုလက္ခံႏိုင္ေပမဲ့ လက္ထပ္ဖို႔အထိကိုေတာ့လက္ခံမေပးႏိုင္ဘူးလား..
သာမန္စုံတြဲမဟုတ္တာဆိုတဲ့ကိစၥနဲ႔ပဲ ကန႔္ကြက္မွာလား
ဒီလိုမျဖစ္သင့္ဘူးေလ
အခ်စ္ကအခ်စ္ပဲျဖစ္လို႔ လူႏွစ္ေယာက္ရဲ႕ဘဝအတြက္ေ႐ြးခ်ယ္မႈကို သဘာဝတရားေတြနဲ႔ယွဥ္ၾကည့္မေနသင့္ဘူး

ဒါေပမဲ့ ကိုကိုႀကီးကကန႔္ကြက္လာခဲ့ရင္.. ငါကေကာလြန္ဆန္ႏိုင္လို႔လား..
ငယ္စဥ္ကတည္းကေန အခုအ႐ြယ္ေရာက္တဲ့အထိ ဘာကိစၥျဖစ္ေနပါေစ ကိုကိုႀကီးရဲ႕ဆုံးျဖတ္ခ်က္ကိုပဲ ညီအစ္ကိုေတြအကုန္ကလိုက္နာခဲ့ၾကတာမို႔ ဒီတစ္ႀကိမ္မွာေကာ ကိုကိုႀကီးရဲ႕ဆုံးျဖတ္ခ်က္ကဘယ္လိုမ်ိဳးရွိမလဲ..

ကိုကိုႀကီးကလက္မခံႏိုင္ဘူးဆိုရင္..
တကယ္ပဲေ႐ြးခ်ယ္မႈေတြလုပ္လာခိုင္းခဲ့ရင္.. ငါChanyeolကိုထားခဲ့ႏိုင္မွာလား..
ငါ့ကိုပဲၾကည့္ၿပီးေန ေန ခဲ့တဲ့ ကိုကိုတို႔ကိုထားခဲ့ရင္ ငါကအရမ္းရက္စက္တဲ့သူျဖစ္သြားမလား

ေသခ်ာေနတာကေတာ့ Chanyeolသာငါနဲ႔ေဝးသြားရင္ ငါေကာင္းေကာင္းရွင္သန္ႏိုင္မွာမဟုတ္ဘူး
Chanyeolက ငါအနားမွာမရွိေတာ့တဲ့အခါ တျခားတစ္ေယာက္ေယာက္နဲ႔ေပ်ာ္႐ႊင္သြားရင္ေကာ..
ဒါကို ငါလက္ခံႏိုင္မွာမဟုတ္ဘူး

ဟင့္အင္း.. ဒီလိုမ်ိဳးေတြလည္းျဖစ္မလာႏိုင္ပါဘူး
Chanyeolကငါ့ကိုသိပ္ခ်စ္တာ.. သူငါ့ကိုအရမ္းခ်စ္တာ
ဘယ္လိုနည္းနဲ႔မွ ငါ့ေနရာမွာတျခားတစ္ေယာက္ကရွိလာႏိုင္မွာမဟုတ္ဘူး
Chanyeolက ငါနာက်င္ရတာမ်ိဳးဘယ္ေတာ့မွလုပ္မွာမဟုတ္ဘူး

ဒါေပမဲ့.. Chanyeolကလုပ္ႏိုင္ခဲ့ရင္ေကာ..
Chanyeolက တျခားတစ္ေယာက္ကိုေ႐ြးခ်ယ္ၿပီး ငါ့ကိုေမ့သြားႏိုင္တယ္ဆိုရင္ေကာ

လက္ထပ္ဖို႔မျဖစ္ႏိုင္တာတစ္ခုအတြက္နဲ႔ Chanyeolက ငါနဲ႔အေဝးႀကီးကိုထြက္သြားႏိုင္တယ္ဆိုရင္ေကာ

ငါ့ထက္ပိုၿပီးျပည့္စုံတဲ့မိန္းကေလးတစ္ေယာက္ကလည္း Chanyeolအတြက္အဆင္သင့္ရွိေနခဲ့တယ္ဆိုရင္ေကာ

ဟင့္အင္း... ဟင့္အင္း...

လက္ထပ္ဖို႔ကို..

လက္ထပ္ဖို႔ကို.. ကိုကိုႀကီးက..

ခြင့္ျပဳတယ္..??

ခြင့္မျပဳဘူး..??

ငါဘာလုပ္သင့္လဲ..

အာ့... ငါ့ႏွလုံးခုန္ႏႈန္းကအရမ္းျမန္လာတာ.. အသက္ရွဴရတာအဆင္မေျပေတာ့ဘူး။

"ဟူး...."

Baekhyunအ‌ေတြးေတြထဲနစ္ျမဳပ္ေနကာ တအားခုန္လႈပ္လာတဲ့ရင္ဘတ္တစ္ေနရာကိုျပန္ဆုပ္ကိုင္လိုက္ၿပီး အသက္ကိုတေျဖးေျဖးရွဴသြင္းေနလိုက္ရင္း တိုက္ခန္းဆီကိုတေ႐ြ႕ေ႐ြ႕နဲ႔တက္လာခဲ့သည္။

တိုက္ခန္းဆီေရာက္တဲ့အခါ Chanyeolျပန္ေရာက္ေနတာကိုေတြ႕ေတာ့ Baekhyunခ်က္ခ်င္းပဲ အခန္းထဲလိုက္ၾကည့္တာChanyeolကိုမေတြ႕တာနဲ႔ Chanyeolရွိေနမယ္ထင္တဲ့အိပ္ခန္းထဲဝင္သြားသည္။

တကယ္ပဲ.. Chanyeolကအိပ္ယာ‌ေပၚမွာအိပ္ေနတာကိုေတြ႕ရသည္။
Baekhyun ျမန္ေနတဲ့ႏွလုံးခုန္ႏႈန္းေၾကာင့္ Chanyeolကိုျမင္တာနဲ႔ Chanyeolအိပ္ေနတဲ့ကုတင္ေဘးမွာထိုင္ခ်လိုက္ၿပီး အသက္ကိုတေျဖးေျဖးခ်င္းရွဴရင္း စိတ္ၿငိမ္ေအာင္လုပ္ေနသည္။

"Baekhyun..??"

ျပင္းေနတဲ့အသက္ရွဴသံေၾကာင့္Chanyeolႏိုးသြားခဲ့ၿပီး ‌ေဘးကိုၾကည့္မိတဲ့အခါ Baekhyunကမ်က္လုံးမ်ားမွိတ္ထားၿပီး ရင္ဘတ္ကိုဖိထားထားတဲ့ပုံကိုျမင္လိုက္ရတာနဲ႔ အိပ္ယာကခ်က္ခ်င္းထလာခဲ့သည္။

"ဘာျဖစ္တာလဲ.. ငါ့ကိုၾကည့္စမ္း"

"အ..အသက္.. ရွဴလို႔..မဝဘူး"

Baekhyunစိုးရိမ္စရာတစ္ခုခုရွိတိုင္း စိတ္လႈပ္ရွားၿပီးႏွလုံးကအလုပ္အရမ္းလုပ္တတ္တာကို သိတဲ့Chanyeolက
Baekhyunကိုယ္ကိုေပြ႕လိုက္ကာ အိပ္ယာေပၚမွာလွဲေစလိုက္သည္။

Baekhyunကိုယ္မွာေခြၽးေတြပါ႐ႊဲေနတာကိုခံစားမိသြားတဲ့အခါ Baekhyunရဲ႕နဖူး‌ဆီကို ဖြဖြေလးေခြၽးသုတ္‌ေပးၿပီး လက္ေတြကိုဆုပ္ကိုင္ထားေပးလိုက္သည္။

"စိတ္ကိုေလွ်ာ့လိုက္.. ငါမင္းေဘးမွာရွိတာပဲ.. ဘာမွစိုးရိမ္စရာမရွိေတာ့ဘူး
ငါကာကြယ္ေပးမယ္ေျပာခဲ့တယ္မလား
ငါရွိေနသေ႐ြ႕ .. ဘာကမွမင္းကိုမထိခိုက္ႏိုင္ဘူး
ငါ့ကိုယုံ.. ဟုတ္ၿပီလား
အခု စိတ္ကိုေလွ်ာ့ၿပီးအသက္ကိုတေျဖးေျဖးခ်င္းရွဴ"

Baekhyunေခါင္းညိတ္လိုက္ၿပီး စိတ္တည္ၿငိမ္ေအာင္လုပ္ရင္း Chanyeolလက္ေတြကိုလည္း ျပန္ဆုပ္ကိုင္ထားသည္။

"ဘယ္လိုေနလဲ"

Baekhyunျပန္မေျဖဘဲ Chanyeolလက္ေတြကိုယူၿပီး သူ႔(Baekhyun)ခါးဆီထိခိုင္းလိုက္တဲ့အခါ Baekhyunဖက္ခိုင္းေနမွန္းChanyeolနားလည္လိုက္သည္။

Chanyeolလည္း Baekhyunကို သူ႔(Chanyeol)ကိုယ္ေပၚေပြ႕တင္လိုက္တဲ့အခါ Baekhyunလက္ေတြကChanyeolဂ်ိဳင္းေအာက္ကေနသိုင္းဖက္လာၿပီး ေခါင္းေလးကရင္ခြင္ထဲတိုးေဝ့ေနတာနဲ႔ Chanyeolလက္ေတြက Baekhyunတစ္ကိုယ္လုံးကိုသိမ္းက်ဳံးဖက္ထားေပးလိုက္တာ
တန္ဖိုးရွိတဲ့ပစၥည္းတစ္ခုကို တျခားတစ္ေယာက္ေယာက္ကလာလုလို႔မရေအာင္ ရင္ခြင္ထဲမွာျမဳပ္ဝင္ေနေစေလသည္။

"သက္သာသြားပါၿပီ"

"ဘာျဖစ္လာတာလဲ.. "

Baekhyun လက္ထပ္ဖို႔ကိစၥနဲ႔ပတ္သက္ၿပီး ေျပာျပလာတဲ့အခါ Chanyeolက ရင္ခြင္ထဲကေခါင္းလုံးေလးကိုနမ္းလိုက္သည္။

"ဘာေတြစိတ္ပူေနတာလဲ.. လက္ထပ္ဖို႔ခြင့္မျပဳဘူးဆိုလည္း
ငါနဲ႔မင္းကအတူတူရွိေနႏိုင္တာပဲေလ
ငါတို႔ႏွစ္‌ေယာက္သာ အတူတူရွိေနရမယ္ဆိုရင္စာ႐ြက္‌ေပၚကလက္မွတ္ႏွစ္ခုက ဘာအေရးႀကီးလို႔လဲ
ငါတို႔ႏွလုံးသားေတြကနီးစပ္ေနၿပီပဲေလ
မင္းလည္းငါ့ကိုခ်စ္တယ္
ငါလည္းမင္းကိုခ်စ္တယ္
ျပည့္စုံေနၿပီ
ဒါေၾကာင့္ လက္ထပ္ဖို႔ခြင့္မျပဳတာကို စိတ္မေကာင္းျဖစ္စရာမလိုပါဘူး
စိတ္မေကာင္းျဖစ္မေနေတာ့နဲ႔"

"Chanyeol.. ငါ့ထက္ျပည့္စုံတဲ့မိန္းကေလးတစ္ေယာက္က မင္းအတြက္ရွိေနတယ္ဆိုရင္
ငါက.. ငါကမင္းနဲ႔ေဝးသြားရမွာလား
ၿပီးေတာ့လည္း သူမကေတာ့မင္းနဲ႔လြယ္လြယ္ကူကူပဲလက္ထပ္ႏိုင္တယ္
ဒါဆို သူမက မင္းအနားမွာမင္းနဲ႔တူတူေပ်ာ္ေနၾကမွာလားဟင္"

"အ႐ူးေလး.. ဘာေတြလိုက္ေတြးေနတာလဲ
သူမကဘယ္သူလဲ.. ဘယ္ကလဲ
ငါမွစိတ္မဝင္စားတာ
ငါစိတ္ဝင္စားတာကမင္းတစ္ေယာက္ပဲရွိတယ္ေလ
ၿပီေတာ့ ငါ့ကိုစိတ္ဝင္စားေအာင္လုပ္ႏိုင္တာလည္း မင္းပဲရွိတာ

သူမကမင္းထက္ျပည့္စုံတယ္‌ဆိုရေအာင္ ငါ့ႏွလုံးသားေလးျဖစ္တဲ့မင္းေလာက္ႏူးညံ့ႏိုင္ပါ့မလား
ငါ့အခ်စ္ေတြကမင္းနဲ႔အဆုံးသတ္သြားတာ
ငါ့ေပ်ာ္႐ႊင္မႈေတြကလည္းမင္းဆီအကုန္ေပးထားတာ
ဒီထက္ ငါ့ဘဝကမင္းပိုင္ေနတာေလ
သူမအတြက္ ငါ့ဆီကရႏိုင္တာကဘာမွမရွိဘူးကို
ငါသူမနဲ႔ေပ်ာ္ေနဖို႔ကလုံးဝမျဖစ္ႏိုင္ဘူး
ငါ့ဘဝရဲ႕ပိုင္ရွင္ေလးကိုေကာ ငါကအေဝးပို႔ပစ္ၿပီး ရွင္သန္ဖို႔ဆိုတာလည္းမျဖစ္ႏိုင္ဘူးေလ

ငါ့ရဲ႕ပိုင္ရွင္က ေသသည့္အထိမင္းတစ္ေယာက္ပဲျဖစ္ခြင့္ရွိမွာ
ဒါေၾကာင့္ ဒီလိုေမးခြန္းမ်ိဳးက တကယ္ဆိုရင္ငါ့ကိုမေမ့သင့္ဘူး
ေမးခြန္းအတြက္အခ်ိန္ကုန္တာပဲရွိတယ္
ငါ့ႏွလုံးသားထဲမွာရွိတဲ့လူကမင္းဆိုတာ ဘယ္တန္ခိုးရွင္က လာၿပီးေျပာင္းလဲေျပာင္းလဲ ေျပာင္းလဲလို႔ရတဲ့အရာထဲ မင္းမပါဘူး"

"Chanyeolရဲ႕စိတ္ကိုသိေနခဲ့တဲ့ဟာ ငါအေတြးေတြလြန္ေနခဲ့တာပဲ"

"ေနပါဦး.. လက္မထပ္ႏိုင္တာနဲ႔ပဲ ငါကမင္းနဲ႔ေဝးသြားမယ္ဆိုၿပီး
ဆိုး႐ြားတာေတြလိုက္ေတြးေနခဲ့တာလား"

Baekhyunေခါင္းညိတ္ျပတဲ့အခါ Chanyeolက Baekhyunမ်က္ႏွာကိုရင္ဘတ္ထဲကေနခြာထုတ္ကာ မ်က္လုံးခ်င္းဆုံၿပီးၾကည့္လာသည္။

"Baekhyun.. လက္ထပ္တယ္ဆိုရင္လည္း ငါတို႔အတြက္အသိသက္ေသမလိုအပ္ဘူးေလ
ငါတို႔ႏွစ္ေယာက္ပဲသိရင္ရၿပီ"

"ဒါေပမဲ့.. ကိုကိုတို႔ကလက္မခံႏိုင္တာကို ငါကဆက္တိုးလို႔ျဖစ္ပါ့မလား"

"မင္းအစ္ကိုေတြကငါနဲ႔လမ္းခြဲခိုင္းရင္.. မင္းကလမ္းခြဲမယ္ဆိုတဲ့သေဘာလား"

Chanyeolေဒါသထြက္သြားခဲ့သည္။ လြယ္လြယ္ေလးျဖစ္တည္လာတဲ့ဆက္ဆံေရးတစ္ခုမဟုတ္တာမို႔
ဒီဆက္ဆံေရးကိုChanyeolအရမ္းတန္ဖိုးထားသည္။
ဒါကို ၿပီးဆုံးသြားဖို႔ကလြယ္ကူေနတာျမင္ရေတာ့ ေဒါသကထိန္းမရဘူး။
သိပ္ခ်စ္ျပခဲ့ၿပီး.. သူ႔(Chanyeol)အခ်စ္ကိုသိပ္လိုခ်င္ေနခဲ့တာမဟုတ္ဘူးလား
ဘာလို႔မ်ား တျခားသူေတြရဲ႕စကားကို အရမ္းအေလးထားေနရတာလဲ။
လက္ထပ္တယ္ဆိုကေကာ ဘာေတြအေရးႀကီးေနလို႔လဲ။

"ငါ့ဘက္ကလည္းလြယ္ကူေနခဲ့တာမဟုတ္ေပမဲ့.. ငါကလက္ခံခဲ့ရင္ေကာ..
ငါကလမ္းခြဲဖို႔ေခါင္းညိတ္မိခဲ့ရင္ေကာ..
ငါကမင္းနဲ႔ေဝးဖို႔ေ႐ြးခ်ယ္ခဲ့ရင္ေကာ..
မင္းငါ့ကိုစိတ္ပ်က္သြားမွာလား"

အၿမဲအရိပ္တၾကည့္ၾကည့္နဲ႔ေနလာခဲ့တာမို႔ Chanyeolေဒါသထြက္သြားတာကို Baekhyunသိသည္။
ဒါေပမဲ့လည္း အခုကိစၥကဒီမွာတင္မၿပီးလိုက္ႏိုင္ဘူး။ ထာဝရဆိုၿပီးရည္႐ြယ္ခဲ့ေပမဲ့လည္း.. အခုလိုျဖစ္လာႏိုင္မွန္းမွမသိခဲ့တာ
Baekhyunအေၾကာက္ဆုံးက Chanyeolစိတ္ပ်က္သြားမွာကိုျဖစ္သည္။

Chanyeolကိုဘယ္ေလာက္ထိခ်စ္ၿပီး ဘယ္လိုေတာင္တန္ဖိုးထားခဲ့လည္းဆိုတာ သူ(Chanyeol)မသိႏိုင္ဘူးဆိုရင္ေတာင္ ကိုယ့္ႏွလုံးသားကေတာ့သိသည္။

ခ်စ္သူႏွစ္ဦးရဲလက္ထပ္ၾကျခင္းဆိုတာ ဘယ္ေလာက္အေရးႀကီးလည္းမသိေပမဲ့
Baekhyunအတြက္ေတာ့ Chanyeolနဲ႔ပတ္သက္ၿပီးမွလက္ထပ္ရဖို႔ကလည္းအေရးႀကီးသည္။
အရင္ကလက္ထပ္ဖို႔ကိုမစဥ္းစားမိခဲ့ေပမဲ့လည္း Chanyeolေၾကာင့္သာလက္ထပ္ဖို႔စိတ္ဝင္စားလားသည္။

Chanyeolနဲ႔ျဖတ္ေက်ာ္လာရတဲ့အခ်ိန္ေတြမ်ားလာေလေလ Chanyeolကိုအဆုံးရႈံးမခံႏိုင္လြန္းလို႔ Chanyeolကိုဆြဲထားႏိုင္မဲ့ အရာေသးေသးေလးဆိုရင္ေတာင္ Baekhyunအတြက္ေတာ့ ႀကီးမားတဲ့ေမွ်ာ္လင့္ခ်က္တစ္ခုျဖစ္ၿပီး ရယူပိုင္ဆိုင္ခ်င္ခဲ့သည္။

ဒါေၾကာင့္လည္း Chanyeolနဲ႔လက္ထပ္ရဖို႔အထိ ေလာဘတက္ခဲ့မိျခင္းျဖစ္သည္။

"ငါ့အတြက္ခက္ခဲလြန္းတယ္.. ျဖစ္လာမွာေတြကို ငါလက္မခံႏိုင္ဘူး
ငါေတာင္းပန္ပါတယ္"

Baekhyunငိုတာျမင္လိုက္ရတဲ့အခါ Chanyeolထြက္လာတဲ့ေဒါသက အလိုလိုၿပီးဆုံးသြားၿပီး Baekhyunကိုယ္ေလးကိုဖက္လိုက္သည္။

"ထာဝရဆိုတာ လြယ္လြယ္ေလးေျပာခဲ့တာမဟုတ္ဘူး
ငါျဖစ္ေနလို႔ တျခားတစ္ေယာက္အေပၚခ်စ္ဖို႔ဆိုတာလည္းလြယ္မေနခဲ့ဘူး
အခ်စ္ကိုမင္းနဲ႔စၿပီး အဆုံးမရွိတဲ့အခ်စ္ခရီးတစ္ခုကို မင္းနဲ႔ပဲသြားခ်င္တယ္
စာ႐ြက္ေပၚက လက္မွတ္ေတြလည္းမလိုအပ္ဘူး
ငါ့အတြက္ေတာ့ မင္းကိုပဲလိုအပ္တယ္"

"ငါမင္းကိုခ်စ္တယ္.."

Baekhyun Chanyeolစကားေတြၾကားၿပီး တစ္ခြန္းအျပင္ဆက္မေျပာႏိုင္ဘဲငိုေနတဲ့အခါ Chanyeolက Baekhyunရဲ႕က်လာတဲ့မ်က္ရည္ေတြကိုသုတ္ေပးေနသည္။

"မငိုနဲ႔"

"ငါ့ရင္ဘတ္ကေတာ္ေတာ္ေလးနာက်င္‌ေနတယ္.. ညက်ရင္ကိုကိုတို႔ကိုသြားေတြ႕ႏိုင္ပါေတာ့မလား"

Chanyeol Baekhyunနဖူးကိုညႇင္သာစြာနမ္းလိုက္ၿပီး ပါးျပင္ေပၚကမ်က္ရည္ေတြကိုကုန္စင္‌ေအာင္သုတ္ေပးလိုက္သည္။

"အရမ္းမငိုနဲ႔ေတာ့.. စိတ္မေကာင္းစရာေတြလည္းမေတြးနဲ႔
ဒီလိုပဲဆက္ျဖစ္ေနရင္ ႏွလုံးေရာဂါရသြားလိမ့္မယ္"

ထပ္က်လာျပန္တဲ့မ်က္ရည္ေတြေၾကာင့္ Chanyeolကထပ္သုတ္ေပးေနျပန္ေပမဲ့ Baekhyunက်‌ခ်င္ေနတဲ့မ်က္ရည္ေတြကိုရပ္တန႔္လို႔မရဘူး။

"ေ႐ြးခ်ယ္စရာေတြရွိလာခဲ့ရင္ ဘာမွလိုက္ေတြးမေနဘဲ မင္းစိတ္ႀကိဳက္ဆုံးျဖတ္ႏိုင္တယ္
ငါ့ကိုမငဲ့ပါနဲ႔
မင္းရဲ႕ႏွလုံးသားကျဖစ္ခ်င္တဲ့အတိုင္းလုပ္ပါ
မင္းဘာလုပ္လုပ္ ငါအျပစ္ျမင္မွာမဟုတ္ဘူး..
တိတ္ေတာ့ အရမ္းငိုေနရင္ မင္းပင္ပန္းလိမ့္မယ္
ေနေကာင္းတာမၾကာေသးတာကို ထပ္ပင္ပန္းလို႔မျဖစ္ဘူးေလ"

"Chanyeol-Ya.."

"ငါ့အတြက္ဆိုရင္ မင္းဘာမွမျဖစ္ဘဲေနေကာင္းေအာင္ပဲေနေပးပါ
ဒါဆိုငါ့အတြက္ကလုံေလာက္ပါၿပီ"

BaekhyunကChanyeolကိုဖက္လာၿပီးငိုေနျပန္တဲ့အခါ Chanyeolတားမေနေတာ့ဘဲ ျပန္ဖက္ထားေပးလိုက္ကာ ဝေအာင္ပဲငိုခိုင္းလိုက္ေတာ့သည္။

"ညသြားတဲ့အခါငါလိုက္ပို႔ေပးမယ္.. ၿပီးေတာ့အျပင္မွာပဲေစာင့္ေနေပးမယ္
ငါအနားမွာရွိေနတာမို႔..တစ္ခုခုဆိုငါ့ဆီေျပးသာလာခဲ့ မင္းကိုဘာမွမထိခိုက္ေစရဘူး"

ဒီလိုခ်စ္သူမ်ိဳးကို ဘယ္လိုစိတ္မ်ိဳးနဲ႔နာက်င္ခိုင္းရက္ပါ့မလဲ
နည္းနည္းေလးေတာင္အပြန္းအပဲ့မခံႏိုင္တာကို တစ္ဘဝလုံးစာဒဏ္ရာေတြေပးဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး
ကိုကိုတို႔ကိုလက္ထပ္ဖို႔ခြင့္ေတာင္းမိတာမွားသြားၿပီလား..
ငါ့အတၱတစ္ခုေၾကာင့္ မင္းကိုနာက်င္ေစမိၿပီလား
ဒီလက္ထပ္ပြဲကိုမရွိသလိုပဲသေဘာထားၿပီး ခ်စ္သူအျဖစ္ပဲဆက္ရွိေနဖို႔ ျပန္ေတာင္းဆိုလို႔ေကာရပါဦးမလား
ငါမွားခဲ့တာ .. Chanyeolကိုမတိုင္ပင္ဘဲ ငါဆုံးျဖတ္မိခဲ့တာက တကယ္ကိုမွားယြင္းခဲ့တာပဲ..
ငါမလုပ္ခဲ့သင့္ဘူး
ကိုကိုတို႔ေပးတဲ့အခြင့္အေရးကို ငါကဖ်က္ဆီးခဲ့မိတာ
ငါက အရမ္းေလာဘႀကီးသြားတာ
ငါ့အမွားေတြပါ

"တိတ္ေတာ့..
လက္ထပ္ဖို႔သေဘာမတူၾကဘူးဆိုလည္း
ငါကမင္းကိုထားၿပီး တျခားတစ္ေယာက္ေယာက္နဲ႔ေပ်ာ္ေနႏိုင္တဲ့သူမဟုတ္ဘူး
ဘာအေၾကာင္းနဲ႔မွလည္း မင္းအေပၚစိတ္ပ်က္သြားမွာမဟုတ္ဘူး
ငါတို႔ေတြႀကိဳးစားခဲ့ၾကတာပဲ အခုလည္းငါတို႔ေတြႀကိဳးစားလိုရတယ္မလား
Baekhyun.. မ်က္ရည္ကိုလြယ္လြယ္မက်ရဘူး
အခုက မင္းအစ္ကိုဆီကဆုံးျဖတ္ခ်က္ကိုလည္းသိရေသးတာမဟုတ္ဘူးေလ
ဘာလို႔ အဆိုးေတြကိုေတြးၿပီး စိတ္မေကာင္းျဖစ္ေနတာလဲ
အရင္ဆုံးႀကိဳးစားၾကည့္ရမယ္ေလ"

"ဟင့္ .. ေတြးထားသင့္တာပဲေလ..
ေပ်ာ္စရာေတြေတြးၿပီးေပ်ာ္ေနရာကေန အဆိုးေတြျဖစ္လာလို႔လက္မခံႏိုင္ရင္ဘယ္လိုလုပ္မလဲ"

Chanyeol Baekhyunေက်ာျပင္ေလးကိုသပ္ခ်ေပးေနလိုက္သည္။

"ဒါဆိုလည္း အဆိုးေတြကိုပဲတစ္ဖက္သက္မေတြးသင့္ဘူးေလ
ေပ်ာ္စရာဆိုတာရွိပါတယ္
ဘာအႏၲရာယ္မွမလာခင္
ငါတို႔ႏွစ္ေယာက္အတူတူရွိေနတုန္း ေပ်ာ္ႏိုင္တာပဲေလ
ဟုတ္တယ္မလား
အေတြးေတြနဲ႔စိတ္မေကာင္းျဖစ္ေနမဲ့အစား လက္ေတြ႕ျဖစ္ေနတဲ့အရာေတြမွာ ကိုယ့္အတြက္ေပ်ာ္စရာကိုရွာသင့္တယ္ေလ"

Baekhyunေခါင္းညိတ္လာခဲ့ၿပီး ငိုလို႔ဝတဲ့အထိChanyeolကၿငိမ္ေနေပးခဲ့သည္။
ငိုလို႔ဝသြားတဲ့အခါ အခ်ိန္ကအစ္ကိုေတြဆီသြားဖို႔အတြက္နီးလာတာနဲ႔ အဆိုးေလးကိုလိုအပ္တာေတြျပင္ဆင္ခိုင္းရသည္။

ပူပန္ေနတဲ့အဆိုးေလးရဲ႕စိတ္ကို နားလည္ေနခဲ့တာမို႔ ဒီညေတာ့ အစားစားဖို႔လြတ္သြားႏိုင္သည္ကို Chanyeolခန႔္မွန္းမိသည္။ ဒါေၾကာင့္ မသြားခင္မွာ ညစာအတြက္အစားအစာအနည္းငယ္ကိုအတင္းေကြၽးတာေၾကာင့္ အဆိုးေလးမွာမစားခ်င္လည္း အစားေတာ့ဝင္သြားခဲ့သည္။
အားလုံးၿပီးေတာ့ အဆိုးေလးကိုလိုက္ပို႔ရသည္။
စိုးရိမ္ေနတဲ့အဆိုးေလးကို အမ်ိဳးမ်ိဳးအားေပးကာ ရင္ဆိုင္ရမဲ့ျပႆနာတစ္ခုကိုရင္ဆိုင္ေစခဲ့သည္။

"Chanyeol-Ya.."

"ငါမင္းကိုယုံတယ္Baekhyun.. မင္းအတြက္ငါရွိေနတယ္ေနာ္
ေကာင္းေကာင္းရင္ဆိုင္လာခဲ့!!
မင္း ငါ့ဆီျပန္လာခဲ့ရင္ အေႏြးေထြးဆုံးႀကိဳဆိုေပးမယ္"

Baekhyunကားေပၚကဆင္းသြားတဲ့အခါ အိမ္ထဲဝင္သြားလို႔ေက်ာျပင္ေလးေပ်ာက္သြားတဲ့အထိ Chanyeolၾကည့္ေနခဲ့သည္။

ရင္ထဲမွာဘယ္ေလာက္ထိေျဗာင္းဆန္ေနလဲကိုေျပာမျပတတ္ဘူး။
အဆိုးေလးက ျပန္လာမွာလား.. ဒါက အတူရွိရျခင္းရဲ႕ ေနာက္ဆုံးပဲလား..
ေမးခြန္းႏွစ္ခုကပဲ ရင္ကိုတင္းၾကပ္လာေစသည္။

အတူတူရင္ဆိုင္ေပးခ်င္ေပမဲ့.. ညီအစ္ကိုေတြၾကားမွာ အဆိုးေလးအတြက္ျခယ္လွယ္လြန္းရာက်မည္ဆိုးတာေၾကာင့္ သည္းခံခဲ့ရျခင္းျဖစ္သည္။
ခ်စ္တာ.. ပိုင္ဆိုင္ခ်င္တာ.. အတူတူရွိေနခ်င္တာ.. ဒါေတြအတြက္နဲ႔တျခားသူရဲ႕ဘဝကိုေတာ့ ဝင္မစြက္ဖက္သင့္ဘူးမလား
သူ႔ဘဝ သူ႔ကိစၥေတြရွိေနတာကို ခ်စ္သူတစ္ေယာက္ လက္တြဲေဖာ္တစ္ေယာက္အေနနဲ႔ နားလည္ေပးႏိုင္ရမည္။

ခ်စ္တာတစ္ခုနဲ႔ ဘာတစ္ခုမွမျမင္ႏိုင္ေတာ့ရင္ ဒါကအတၱတစ္ခုသက္သက္ပဲျဖစ္လိမ့္မည္။
ခ်စ္တယ္ဆိုရင္ နားလည္ေပးႏိုင္မွသာ ေရရွည္အတြက္ရွင္သန္ရပ္တည္ေနႏိုင္မည္။

ဒါေၾကာင့္ Baekhyunရဲ႕ဘဝကိုဝင္မစြက္ဖက္ဘဲ သူ႔(Baekhyun)ဆုံးျဖတ္ခ်က္ကိုလက္ခံေပးဖို႔ပဲဆုံးျဖတ္ခဲ့လိုက္သည္။

Chanyeol Baekhyunရဲ႕အိမ္နဲ႔မနီးမေဝးတစ္ေနရာကရပ္ထားတဲ့ကားထဲမွာ စိတ္လႈပ္ရွားစြာထိုင္ေစာင့္ေနသည္။
ေမွ်ာ္လင့္ခ်က္ေသးေသးေလးေတာင္အမိအရဆုပ္ကိုင္ထားသင့္ေသးတာပဲကို
Chanyeolလည္း ေမွ်ာ္လင့္ခ်က္တစ္ခုနဲ႔ Baekhyunကိုေစာင့္ေမွ်ာ္ေနခဲ့သည္။

ဒါကအဆုံးသတ္မဟုတ္ႏိုင္ပါဘူး.. ခ်စ္တာတစ္ခုတည္းနဲ႔ ငါတို႔ႀကိဳးစားခြင့္ရွိေသးတာပဲ

Baekhyun..
ေက်းဇူးျပဳၿပီး
ငါ့လက္ကိုဆြဲထားတာမျဖဳတ္လိုက္ပါနဲ႔

TBc...

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...
10.2K 373 52
in which ex lovers and sworn enemies are trapped in a room together. [daily updates]
37.6K 2.9K 28
Krist...နာမည္ႀကီးသ႐ုပ္ေဆာင္တစ္ေယာက္.. သူ႔ရဲ႕ ႀကီးမားတဲ့လႈိ႕ဝွက္ခ်က္တစ္ခု..Krist သူပိုင္ဆိုင္ထားတဲ့ လႈိ႕ဝွက္ခ်က္ဆိုတာဘာလဲ..? Singto...နာမည္အေက်ာ္ၾကားဆ...
1.8M 127K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...