A Moon Shines In The World Ov...

By Hayden_duan

186K 16.5K 722

အ​ေမွာင္​ထုသာ စိုးမိုးထားတဲ့ အျခားတစ္​ဖက္​မွာ .. ​ကြၽန္​​ေတာ္​က အလင္​း​ေရာင္​​ျဖာလင္​း​ေပးရမယ္​့ လမင္​း.. က်... More

Chapter : 1
Chapter : 3
Chapter : 4
Chapter : 5
Chapter : 6
Chapter : 7
Chapter : 8
Chapter : 9
Chapter : 10
Chapter : 11
Chapter : 12
Chapter : 13
Chapter : 14
Chapter : 15
Chapter : 16
Chapter : 17
Chapter : 18
Chapter : 19
Chapter : 20
Chapter : 21
Chapter : 22
Chapter : 23
Chapter : 24
Chapter : 25
Chapter : 26
Chapter : 27
Chapter : 28
Chapter : 29
Chapter : 30
Chapter : 31
Chapter : 32
Chapter : 33
Chapter : 34
Chapter : 35
Chapter : 36
Chapter : 37
Chapter : 38
Chapter :39
Chapter : 40
Chapter : 41
Announcing The Trilogy
Book Announcement

Chapter : 2

7.2K 688 25
By Hayden_duan

2003 ခုနှစ် မိုးရာသီ။

အဲလက်စ် အပြင်က မိုးရွာသံတွေကို မျက်လုံးမှိတ်ကာ နားထောင်နေမိသည်။ မိုးရေတွေ မြေကြီးပေါ် တဖျောက်ဖျောက်ကျသံက အစီအစဉ်မကျသည့် သံစဉ်တစ်ခုနှင့်တူသည်။

တစ်ခဏနားထောင်ပြီးတဲ့နောက် သူ မျက်လုံးပြန်ဖွင့်ကာ သူ့ရဲ့ CD player လေးကို အိပ်ရာပေါ် ပစ်ချလိုက်သည်။ သူအခန်းကို ဝင်လာကတည်းက သေချာမကြည့်မိခဲ့။ အောက်ထပ်တွင် အမေ သူ့အဖေဆိုသော ဦးလေးကြီးနဲ့ အဒီအိမ်ရဲ့ ပိုင်ရှင်ဖြစ်ဟန်တူသော အဖွားကြီးတို့ စကားပြောနေသဖြင့် သူ့ကို အပေါ်ထပ်က အခန်းတစ်ခုထဲ ခဏနေရာချထားပေး၍သာ တက်လာခြင်းဖြစ်သည်။ သူ ထို ရှုပ်ရှတ်ခတ်လှသော အရေးကိစ္စတွေ ဘာဆိုဘာကိုမှ စိတ်မဝင်စား။

တကယ်တော့ ဒီအိမ်ကို မြင်လိုက်တုန်းကတော့ သူ နည်းနည်းစိတ်ဝင်စားမိသည်ကို ဝန်ခံပါသည်။ သူနဲ့အနေ နေနေကျ ပျဉ်ထောင်အိမ်ကျဉ်းလေးထက် ဒီအိမ်က အဆပေါင်းတစ်ရာမက ကျယ်ဝန်းကာ ခမ်းခမ်းနားနားရှိလှသည်ကိုး။ သူ့စိတ်ထဲတွင် ဤစံအိမ်ကြီးသည် ဟိုး ကိုလိုနီခေတ်က ဘုရင်ခံတွေ နေလောက်မည့်အိမ်ဟု ထင်မှတ်မိအောင်ကို အရှိန်အဝါတစ်ခုရှိလေသည်။

သူ အခန်းထဲက ပစ္စည်းတစ်ခုချင်းစီကို သေချာလိုက်ကြည့်မိသည်။ အခန်းထဲသို့ဝင်လိုက်လျှင် အရင်ဆုံး နံရံတွင်ကပ်ထားသော ဗီရိုကြီးတစ်ခုကို ဘေးစောင်းအနေအထားဖြင့်တွေ့ရသည်။ ထို့နောက် ထိုဗီရိုမျက်နှာမူရာ မျက်နှာချင်းဆိုင် နံရံတစ်ဖက်တွင်မူ နှစ်ယောက်အိပ် ကုတင်ကြီးတစ်ခုရှိပြီး ထိုကုတင်၏ ခေါင်းရင်းတွင်မူ ပြတင်းပေါက်ကြီးတစ်ခုရှိသည်။ တကယ်တော့ ပြတင်းပေါက်ဆိုပေမဲ့ သာမန်အိမ်တွေမှာ တွေ့ရလေ့ရှိသော ပြတင်းပေါက်မျိုးမဟုတ်ပဲ အရမ်းကို ကြီးမားလွန်းသော မှန်ပြတင်းပေါက်ဟုဆိုရမလား?? ဒီလိုမျိုး မှန်ပြတင်းပေါက်ကို သူ ရုပ်ရှင်ဇာတ်ကားတွေထဲမှာသာ တွေ့ဖူးပါသည်။ ထိုမှန်ပြတင်းပေါက်ကိုမှ ကန့်လန့်ကာ ကာထားကာ အိပ်ရာ၏ဘေးတွင် စာကြည့်စားပွဲတစ်ခုထားရှိထားသည်။ ထိုစာကြည့်စားပွဲက ကျွန်းသားနှင့်လုပ်ထားသည်ထင်သည်။ သူ့အိမ်က Desk ခုံသေးသေးလေးလို ဈေးပေါပေါ ပျဉ်ပြားဖြင့်လုပ်ထားသည်မဟုတ်။ တော်တော် တောက်တောက်ပြောင်ပြောင်ရှိကာ စားပွဲမျက်နှာပြင်မှာလည်း တော်တော်ကျယ်ပါသည်။ ထို စားပွဲပေါ်တွင်တော့ ပန်းအိုးတစ်အိုးတစ်အိုးတင်ထားလေသည်။

ကုတင်ခြေရင်းတွင်တော့ မှန်တင်ခုံတစ်ခုရှိသည့်အပြင် မှန်ကိုကြည့်ရသည်မှာ မည်သည့်ဖုန်မှ တက်မနေပုံထောက် နေ့တိုင်းလာ၍ ဖုန်သုတ်ထားသည်ဟု သူထင်သည်။ မှန်တင်ခုံပေါ်တွင်တော့ ဘာမှမရှိ။ ထိုမှန်တင်ခုံ၏ ညာဘက်ဘေးတွင်မူ တံခါးတစ်ချပ်ရှိကာ ထိုတံခါးမှ ဝင်လိုက်လျှင် ရေချိုးခန်း သန့်စင်ခန်းသို့ရောက်သည်။ သူတို့အိမ်တွင် ရေချိုးခန်းဆိုသည်မှာ အိမ်နောက်ဖေး ဟာလာဟင်းလင်းပြင်တွင် သစ်သားဖောင်တစ်ခုချကာ ထိုဖောင်ပေါ် စည်ပိုင်းတစ်ပိုင်းတင်ထားသော နေရာသာဖြစ်သည်။ အိမ်သာကတော့ ရေချိုးစင်ဘေး ခပ်လှမ်းလှမ်းတွင်ရှိကာ သာမန် ဆောင့်ကြောင့်ထိုင် အိမ်သာမျိုးသာဖြစ်သည်။ အခု သူ့မြင်နေရသော ရေချိုးခန်းကတော့ မတူ။ ရေပန်းနှင့် ဘိုထိုင်အိမ်သာနှင့် တေယ်တော်သပ်ရပ်လေသည်။

သူ အပြင်သို့ပြန်ထွက်ကာ ဗီရိုကဘက်သို့ လျှောက်လာပြီး ဗီရိုကို သေချာကြည့်မိသည်။ ဗီရိုက တော်တော်ကြီးသည်။ ကြီးတာမှ တော်တော့်ကို ကြီးတာ။ အထဲ လူနှစ်ယောက်လောက်ဝင်ပုန်းလို့ရလောက်သည်အထိပင်။ သို့သော် ထူးဆန်းသည်က ဗီရိုထဲ ဘာအင်္ကျီမှ ရှိမနေ။ ကြည့်ရတာ ဒီအခန်းက လူမနေသည့်အခန်ဖြစ်ပုံရလေသည်။ သို့သော် လူသာမနေပေမယ့် လူနေသည့်အတိုင်းပင် ဖုန်တစ်စက်မျှမရှိ။ သူ့စိတ်ထဲတွင်တော့ သူဌေးအိမ်ဆိုတာ ဒီလိုပုံပါလားဟု ပထမဆုံး ကောက်ချက်ချမိသွားသည်အထိပင်။

သူ တစ်ခန်းလုံးကို လိုက်ပတ်ကြည့်ပြီးနောက် ခပ်ပျင်းပျင်းဖြင့် ကုတင်ပေါ်ပြန်ထိုင်လိုက်သည်။

"ကျွီ.."

အခန်းတံခါးပွင့်သံကြားလိုက်၍ သူ ချက်ချင်း လှည့်ကြည့်လိုက်တော့ အမေက သူ့ထံသို့ ဖြည်းညင်းစွာ လျှောက်လာသည်ကိုတွေ့ရသည်။ အမေ့မျက်နှာမကောင်း။ ကြည့်ရတာ ထိုအဖွားကြီး အမေ့ကို ဘာတွေပြောလိုက်လို့လဲမသိ။

"အမေ"

သူ့ လှမ်းခေါ်သံကြားတော့ အမေက သူ့နားမရောက်ခင်ပင် သူ့ကိုလှမ်း၍ ခပ်ဖျော့ဖျော့ ပြုံးပြသည်။

"ကျွန်တော်တို့ အိမ်ပြန်လို့ရပြီလား"

အမေက ဘာမှ မပြောပဲ သူ့ဘေးနားဝင်ထိုင်လိုက်သည်။ ထို့နောက် တစ်ခဏမျှ ဘာမှ မပြောပဲ သူ့ရဲ့လက်ကို ဆုပ်ကိုင်ကာ သူ့မျက်နှာကို တစိမ့်စိမ့် စိုက်ကြည့်နေခဲ့လေသည်။

"သား.. "

"..."

"ဒီအိမ်က နောက်ဆို သားရဲ့အိမ်ဖြစ်သွားပြီ။
သား ဒီအိမ်မှာ ကောင်းကောင်းနေရမယ်။ အဖေ့ကို ကောင်းကောင်းဆက်ဆံပြီး ဒီအိမ်က လူတွေနဲ့ အဆင်ပြေအောင်နေရမယ်။ ပြီးတော့ သားက...."

"အမေကကော"

အမေ့စကားမဆုံးခင် သူ ဝင်ပြောလိုက်ပါသည်။ အမေ့ကို ကြည့်ရတာ သူ့ကို ထားသွားရန်ကြံစည်နေပုံပေါ်သည်။ သူ့စိတ်ထဲ ဘဝတွင် တစ်ခါမှ မခံစားဖူးသော တင်းကျပ်အောင့်နင့်သောခံစားချက်တချို့ ရင်ဘတ်ထဲက တစ်ဆင့် လည်မျိုထဲ ပျို့တက်လာသလိုခံစားရသည်။

"အမေက.. အမေက တစ်နေရာ သွားစရာရှိတယ်။

အမေ ပြန်.."

"အမေ.. ကျွန်တော့်ကို ဒီအိမ်မှာ ထားသွားဖို့ စဉ်းစားနေတာလား"

သူ အမေ့ကို ရှင်းရှင်းပဲ မေးလိုက်ပါသည်။ အမေ ဒီလို ပတ်လည်ရိုက်အောင်ပြောနေတာ သူ စိတ်မရှည်နိုင်တော့။

အမေက သူ့ကို ပြန်မဖြေပဲ ခေါင်းကိုသာ တွင်တွင်ငုံ့ထားလေသည်။

တိတ်ဆိတ်နေသည်။ အရမ်းကို တိတ်ဆိတ်နေသည်။ သူခဏက ကြားခဲ့ရသော မိုးရေစက်တွေ ခေါင်မိုးကို ထိခတ်သံကို သူမကြားရတော့။ သူ့အသက်ရှူသံ အမေ့အသက်ရှူသံကလွဲပြီး ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်နေလေသည်။

"သား.. အဲလက်စ်.."

အမေက အက်ကွဲသော အသံဖြင့် ခေါင်းကိုငုံ့လျက်ပင် သူ့အားခေါ်လေသည်။

"အမေ ကျွန်တော် ဒီမှာမနေချင်ဘူး"

အမေက သူ့စကားကြားတော့ ခေါင်းမော့လာသည်။ အမေ့ရဲ့ပါးပြင်ပေါ်မှာ စီးကျနေတဲ့ မျက်ရည်စီးကြောင်းနှစ်ကြောင်းကို သူ ထင်ရှားစွာတွေ့လိုက်ရတော့ ရုတ်တရက်ဆိုသလို သူ့ရဲ့ ရင်ထဲအောင့်သက်သွားကာ ရုတ်တရက် ဒေါသအငွေ့အသက် တချို့ကို ခံစားလိုက်ရသည်။

သို့သော် အမေ့ရဲ့ မျက်လုံးကို သူမြင်လိုက်ကတည်းက သူ့ရဲ့ ဆုံးဖြတ်ချက်က အကျုံးမဝင်မှန်းနားလည်လိုက်ပါသည်။ အမေ သူ့ကို ထားသွားဖို့ ကြံစည်နေပြီ။ရုတ်တရက် သူ့ရဲ့မျက်လုံးထဲ အရည်ကြည်တချို့တို့ ဝေ့တက်လာခဲ့သည်။ သူ့ရဲ့ခေါင်းထဲ မိုက်ခနဲဆိုသလို ခံစားလိုက်ရကာ ကြက်သီးမွှေးညင်းများထလာသည်။

"အဲလက်စ်.. ဒီတော့လေ အမေ ပြောချင်တာက အမေ သားကို ထားသွားမှာ မဟုတ်ဘူး။ အမေက"

"ညာနေတာ"

"...."

"အမေညာနေတာ။ အမေ ကျွန်တော့်ကို ကျွန်တော်တစ်ခါမှ မမြင်ဖူးတဲ့ မရင်းနှီးတဲ့ ယောကျာ်းတစ်ယောက်လက်ထဲ ပုံထည့်သွားဖို့ အမေတွေးနေတယ်"

"မဟုတ်ဘူး သား။ အမေ"

"အမေ ထွက်သွားလို့ရပြီ။ ကျွန်တော် အမေ့ကို မလိုတော့ဘူး"

သူ့ရင်ထဲ ပျို့တက်လာသော ဝမ်းနည်းစိတ်တချို့ကြောင့် သူ့ရဲ့စကားအဖျားခတ်ကာ တုန်ယင်သွားသည်ကို သူသတိထားမိလိုက်သည်။ အမေက သူ့ကို ဘာမှ မပြောပဲ သူ့ရဲ့လက်ကို ဆုပ်ကိုင်ထားလျက် သူ့ကို စိုက်ကြည့်နေခဲ့သည်။

သူ အမေ့ကို မကြည့်ပါ။ အောက်က ကြမ်းပြင်ကိုသာ မျက်နှာစိုက်ထားလျက် ဘာစကားမှ ထပ်မပြောတော့ပဲ နှုတ်ဆိတ်နေမိသည်။ သူ အမေ့ကို မောင်းထုတ်တဲ့စကားဆိုနိုင်ခဲ့ပေမဲ့ အမေဆုပ်ကိုင်ထားသော သူ့လက်ကိုတော့ မရုန်းနိုင်ခဲ့။ တစ်နည်းနည်းဖြင့် အမေ သူ့ရဲ့လက်ကို ဆုပ်ကိုင်ထားဖို့ မျှော်လင့်နေမိခဲ့သည်။

ကျွန်တော့်ကို အိမ်ပြန်ခေါ်သွားမယ်လို့ ပြောလိုက်ပါ အမေ။ ကျွန်တော့်ကို ဒီမှာ မထားခဲ့ဘူးလို့ စကားပြင်ပြောပေးပါ။

ဘယ်လောက်ကြာသွားလဲ သူမသိပါ။ အမေက ရုတ်တရက်ဆိုသလို သူမ ပါးပေါ်က မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်လိုက်ပြီး သူ့ရဲ့လက်ကို လွှတ်ချလိုက်ကာ သူ့ကို တင်းတင်းကျပ်ကျပ် ထွေးပွေ့လိုက်လေသည်။

"သား ဒီမှာ ပျော်မှာပါ။ အမေ မပေးနိုင်တဲ့ အရာတွေ ဒီမှာ အကုန်ရှိတာမို့ သား ဒီမှာ ပျော်မှာပါ"

သူ နှုတ်ခမ်းကို ဒေါသတချို့ဖြင့် တွန့်ကာပြုံးလိုက်မိပါသည်။

"ကဲ.. အမေ သွားတော့မယ်။

တစ်နေ့ကျရင် အမေသားကို လာတွေ့မယ်။ ဟုတ်ပြီလား။ အဲ့မတိုင်ခင်တော့ သား ဒီအိမ်မှာ ကောင်းကောင်းနေနော်"

သူ အမေ့ကို မော်မကြည့်ပါ။ သူ နှုတ်ဆက်စကားမပြောမိ။ သူ့နှုတ်ခမ်းက စကားတစ်ခွန်းထွက်ဖို့ကို သူ့ခန္ဓာကိုယ်က နည်းလမ်းမျိုးစုံဖြင့်တားနေသလိုပင်။ ခံရခက်သော ဝေဒနာက သူ့ရဲ့လည်မျိုမှာ တစ်စို့နေလျက် သူ ဘာစကားမှမထွက်နိုင်။ ပြောလည်း မပြောချင်။ ပြောမိလျှင် သူ့အသံတွေ တုန်နေတာကို သူသတိထားမိမှာမို့။

တစ်လောကလုံး ကမ္ဘာပျက်နေပါစေ ဘာမှ မခံစားရသော သူ့အဖို့ အမေနဲ့ပတ်သက်လာလျှင်တော့ ဘာလို့ ဒီလိုမျိုး ဝမ်းနည်းစိတ်တွေ ဒေါသတွေ ခံစားနေရလဲမသိ။ အမေ သူ့ကို ထားပစ်ခဲ့တယ်ဆိုတဲ့ အတွေးနဲ့တင် သူ ရူးမတတ်ဒေါသထွက်နေမိသည်။

အမေက သူ့ကို နှုတ်ဆက်စကားဆိုပြီးသည့်နောက် သူ့အားပြန်လှည့်မကြည့်ပဲ အခန်းထဲမှ ထွက်သွားလေတော့သည်။ အမေ နောက်သို့ လှည့်မှ သူ ငုံ့ထားသော ခေါင်းကို မော့၍ အမေ့ရဲ့ ကျောပြင်ကို စိုက်ကြည့်နေမိသည်။ သူ့စိတ်ထဲမှာတော့ ခံစားချက်ပေါင်းများစွာ ရှုပ်ထွေးနေခဲ့သည်။

အမေ့ရဲ့ကျောပြင်ကို ငေးကြည့်ရင်း အမေ ဘယ်တော့မှ ပြန်မလာလောက်တော့ဘူးဟု အဲလက်စ်တွေးမိသည်။ သူ ဝမ်းနည်းစိတ် ခံစားနေရပေမဲ့ အမေ့ရဲ့ သွင်ပြင် သူ့မျက်လုံးအောက်မှ ပျောက်သွားသည်နှင့် သူ့ရင်ထဲ ပြင်းထန်သော ဒေါသများသာ ပြည့်နှက်နေခဲ့လေသည်။

××××××××××××××××××××××××××××××××××××××

3.3.2008

ဦးရဲထင် ဟောင်းလောင်းပွင့်နေသော သခင်လေးအဲလက်စ်​၏ အိပ်ခန်းတံခါးကို ကြည့်ကာ ကြောင်အမ်းအမ်း ရပ်နေမိသည်။

တံခါး... တံခါးက ဘယ်သူ...

"ရဲထင်"

ထိုစဉ် အခန်းထဲမှ ဩဇာရှိသည့် အသံခပ်ဩဩတစ်သံကို ကြားလိုက်ရလေသည်။ ထိုအသံပိုင်ရှင်မှာ မည်သူဖြစ်သည်ကို ဦးရဲထင် နှစ်ခါထပ်မစဉ်းစားလိုက်ရပါ။ ထိုအသံပိုင်ရှင်သည် သူ့အား အနှစ် ၂၀ လောက် အမိန့်ပေး စေခိုင်းခဲ့သည်မဟုတ်ပါလား။

"ဒီအခန်းထဲက အဲ့ကောင်လေးရဲ့ ပစ္စည်းတွေ အကုန် ပစ်ထုတ်လိုက်။

ဒါနဲ့ ဒီ ဆန်ခွက်တွေ အမွှေးတိုင်ခွက်တွေက ဘာလုပ်တာလဲ"

ထိုမေးခွန်းကို ကြားလိုက်သောအခါ ဦးရဲထင်​၏ စိတ်ထဲ နွေလည်ခေါင် မိုးကြိုးထပစ်သလိုပင် ခံစားလိုက်ရသည်။ ဦးရဲထင် ပျက်နေသော မျက်နှာကို ပြင်လျက် အခန်းထဲသို့ ဝင်လာခဲ့သည်။ ထို့နောက် ကုတင်ခြေရင်းတွင် တုတ်ကောက်ကို အားပြုလျက် ရပ်နေသော အိမ်ကြီးသခင်မ ဒေါ်ဒေဝီလင်းကို ခေါင်းငုံ့ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် သခင်မကြီး​၏ ခြေထောက်ဘေးတွင် မှောက်လျက်ရှိနေသော ဆန်စိမ်းခွက်ကို ကြည့်ကာ သက်ပြင်းခိုးရှိုက်မိလိုက်သည်။ ဒေါ်ဒေဝီလင်းက သူ့ကိုငေးကြည့်မနေ၊ ကန့်လန့်ကာများ အပြည့်ကာထားသောကြောင့် အနည်းငယ် မှောင်မည်းနေသော အခန်းထဲမှ ပရိဘောဂပစ္စည်းများနှင့် သခင်လေး အဲလက်စ်​၏ ကိုယ်ရေးကိုယ်တာ ပစ္စည်းများကိုသာ ဝေ့ကြည့်နေခဲ့သည်။ ထို့နောက် သခင်မကြီးဆီမှ တော်ရုံကြားရရန်မလွယ်သော သက်ပြင်းချသံကို ကြားလိုက်ရလေသည်။

"သွားခဲ့သူက သွားခဲ့ပြီ။ ဒီပစ္စည်းတွေ သိမ်းထားပြီး ဘာလုပ်မှာလဲ"

"ဒါပေမဲ့ သခင်မကြီး။ သခင်ကြီးက ဒီအခန်းထဲက ပစ္စည်းတွေကို သူပြန်မလာမချင်း မထိဖို့ ပြောထားပါတယ်"

"သူ့စကားကို နားထောင်စရာမလိုဘူး။ ငါပြောတဲ့အတိုင်းလုပ်။

အဲ့ကောင်လေးရဲ့ ပစ္စည်းတွေ အကုန်ထုတ်ပြီး အိမ်အနောက်ဘက်က ကွင်းပြင်မှာ မီးရှို့လိုက်"

သခင်မကြီးသည် သူမပြောလိုရာကိုသာ တစိုက်မတ်မတ်ပြောပြီးနောက် တုတ်ကောက်တစ်ဖက်ကို အားပြုထောက်ကာ ဖြေးညင်းစွာ အခန်းထဲမှ ထွက်သွားလေတော့သည်။ ဦးရဲထင်တစ်ယောက်တည်း အခန်းထဲ ကျန်နေခဲ့သည်။

သူ့စိတ်ထဲ မကောင်းသောကိစ္စတစ်ခုခု ဖြစ်တော့မလို မသိုးမသန့် ခံစားနေရသည်။ သခင်လေး အဲလက်စ်​၏ ထို အသက်မရှိသော အေးစက်စက် အကြည့်များကို သူကိုယ်တိုင် မြင်ခဲ့သည်မဟုတ်ပါလား။

"ခင်ဗျားကို သတ်မယ် အဖွားကြီး။ ခင်ဗျားကိုကော ခင်ဗျားတစ်မိသားစုလုံးကိုကော ခင်ဗျားနဲ့ပတ်သက်သမျှလူအားလုံးကိုကော"

ထိုခပ်ဩဩ ကြိမ်းဝါးသံများကို ပြန်ကြားယောင်လာရသောအခါ ဦးရဲထင် မှောက်နေသော ဆန်စိမ်းခွက်ကို မယူလိုက်ကာ ဆန်စိမ်းခွက်ထဲမှ ကြိုးလက်ကောက်ရှိနေမနေကို စစ်ဆေးကြည့်လိုက်သည်။

ကြိုးလက်ကောက်က ရှိမနေပေ။

သို့နှင့် ဦးရဲထင် အိမ်အောက်ထပ်သို့ ခပ်သွက်သွက်ပြေးကာ သခင်လေးအဲလက်စ် သတ်မည်ဟု ကြိမ်းဝါးခဲ့သော အပနှင်ဆရာမဆီသို့ ဖုန်းပြေးဆက်ရလေသည်။ ဒေါ်စိန်ပွင့်ကတော့ အကြောက်လွန်ပြီး ဖျားသွားသည်မှာ အခုထက်ထိ အိပ်ရာက မထနိုင်သေး။ ဦးရဲထင် သူ့မှတ်စုစာအုပ်တွင် ရေးမှတ်ထားသော ဖုန်းနံပါတ်အား ခပ်သွက်သွက် နှိပ်ကာ ဖုန်းခေါ်လိုက်သည်။

ဖုန်းဝင်သွားပေမဲ့ အချိန်အတန်ကြာသည်အထိ တစ်ဖက်မှ ဖုန်းမကိုင်သောကြောင့် ဖုန်းမှာ ပြန်ကျသွားရပြန်သည်။ သူ့စိတ်ထဲ ထိုအပနှင်ဆရာမအတွက် ပို၍ပင် စိတ်ပူလာလေသည်။

သို့နှင့် ဦးရဲထင် ရွေးချယ်စရာမရှိတော့သည့်အလျော​က် ဒေါ်စိန်ပွင့်ထံပြေး၍ အပနှင်ဆရာမနှင့် ဒေါ်စိန်ပွင့်အား ဆက်သွယ်ပေးသည့် ဒေါ်စိန်ပွင့်​မိတ်ဆွေ ဆိုသူ​၏ ဖုန်းနံပါတ်ကို တောင်းရသည်။ ဒေါ်စိန်ပွင့်မှာ ဘာတွေဖြစ်နေမှန်းမသိစွာ သူ့အား ကြောင်အမ်းအမ်းဖြင့်ပင် ဖုန်းနံပါတ်အား ရှာပေးသည်။ သူလည်း ဒေါ်စိန်ပွင့် ကြောက်မည်စိုး၍ အကြောင်းရင်းကို ရှင်းပြမနေတော့။

ဖုန်းနံပါတ်ရသည်နှင့် ဦရဲထင် ဖုန်းထံသို့ တစ်ဖန်ပြေးရပြန်လေသည်။

××××××××××××××××××××××××××××××××××

အဲလက်စ် သူ့ရှေ့တွင် လှဲလျောင်းနေသော အဖွားကြီး​၏ အလောင်းကို ကျေနပ်အားရစိတ်ဖြင့် စိုက်ကြည့်နေမိသည်။

"ခံစားရတာ ကောင်းတယ်"

အသက်ရှင်တုန်းကထက် အခုအခြေအနေကို သူပိုသဘောကျသည်။ အသက်ရှင်ချိန်က သူလုပ်နိုင်သည့်အရာတွေမှာ အကန့်အသတ်ရှိကာ သူ့ရင်ထဲတွင် အမြစ်တွယ်နေသော ဒေါသနှင့် အမုန်းတရားများက ဖောက်ထွက်စရာမရှိ ထိုအိမ်ကြီးမှ ပြေးထွက်စရာလမ်းမရှိအသက်ရှူကျပ်နေခဲ့ပေမဲ့ အခုတော့ အရာအားလုံးက သူ့လက်ခုပ်ထဲက ရေဖြစ်လာသလို ခံစားရသည်။ သူ သတ်ချင်သောသူကို သတ်နိုင်သည်။ အသက်ရှင်ခွင့်ပေးချင်သောသူကို အသက်ရှင်ခွင့်ပေးနိုင်သည်။ အရာအားလုံးက သူ့သဘောကျပင်။

အဲလက်စ် သူ့လက်မှ မီးလောင်ရာကို ငုံ့ကြည့်လိုက်မိသည်။ ထိုမီးလောင်ရာသည် ဆန်စိမ်းခွက်ထဲမှ သူ့လက်ကောက်ကို နှိုက်ရင်း ရခဲ့သော ဒဏ်ရာပင်။ ထိုလက်ကောက်တွေက သူ့အတွက် အရေးကြီးသည်။ ထိုလက်ကောက်တွေသာမရှိလျှင် သူထိုအိမ်ကြီးထဲမှာပင် ပိတ်မိနေလောက်မည်ထင်သည်။ သူ ထိုလက်ကောက်တွေ​၏ အသုံးဝင်ပုံကို သိခဲ့တာ သိပ်တော့မကြာသေး။ ထိုလက်ကောက်တွေကို ဝတ်ထားသည့်သူကို သူအလွယ်တကူဝင်ပူးနိုင်တာကအစ၊ ထိုလက်ကောက်တွေကို အသုံးပြုပြီး သူသွားလိုရာ သွားနိုင်တာကအဆုံး ထိုလက်ကောက်တွေသည် သူ့အတွက် ဓားတစ်လက်လည်းဖြစ်သည်၊ မြင်းတစ်ကောင်လည်းဖြစ်လေသည်။

အဲလက်စ် ထိုအဖွားကြီး​၏ ကုတ်အင်္ကျီထဲတွင် ရှိနေသော သူ့လက်ကောက်ကို ပြန်ယူသွားရန်မကြိုးစားပဲ ဒီအတိုင်း ထားပစ်ခဲ့လိုက်ပါသည်။ ဤအဖွားကြီးသေပြီးပေမဲ့ သတ်စရာ သူ့မိသားစု ရှိသေးသည်မဟုတ်ပါလား။

သူ့အတွက်က စံအိမ်ကြီးထဲတွင် လက်ကောက်တစ်ကွင်းရှိသည်။ နိုအယ်ဆိုသည့် ကလေးလေးတွင် တစ်ကွင်းရှိသည်။ ယခု တစ်ကွင်းကိုလည်း သူအသုံးချ၍ ရမည့်လူတစ်ယောက်ယောက်လက်ထဲ ရောက်ဖို့လိုအပ်သည်ကတော့ အမှန်ပင်။

အဲလက်စ် ထိုအဖွားကြီးအလောင်းကို စိုက်ကြည့်နေရင်းမှ လှည့်ထွက်လာခဲ့သည်။

နိုအယ်ရှင်းသန့်။

သူ ထိုကလေးနာမည်ကို တွေးမိတော့ အားရစွာပင် ပြုံးမိလေသည်။ သူ ရေးဆွဲထားသော အစီအစဉ်တွေရှိသည်။ တစ်ခုမှ လွဲချော်၍မဖြစ်။

×××××××××××××××××××××××××××××××××××××

Zawgyi

2003 ခုႏွစ္ မိုးရာသီ။

အဲလက္စ္ အျပင္က မိုး႐ြာသံေတြကို မ်က္လုံးမွိတ္ကာ နားေထာင္ေနမိသည္။ မိုးေရေတြ ေျမႀကီးေပၚ တေဖ်ာက္ေဖ်ာက္က်သံက အစီအစဥ္မက်သည့္ သံစဥ္တစ္ခုႏွင့္တူသည္။

တစ္ခဏနားေထာင္ၿပီးတဲ့ေနာက္ သူ မ်က္လုံးျပန္ဖြင့္ကာ သူ႔ရဲ႕ CD player ေလးကို အိပ္ရာေပၚ ပစ္ခ်လိုက္သည္။ သူအခန္းကို ဝင္လာကတည္းက ေသခ်ာမၾကည့္မိခဲ့။ ေအာက္ထပ္တြင္ အေမ သူ႔အေဖဆိုေသာ ဦးေလးႀကီးနဲ႔ အဒီအိမ္ရဲ႕ ပိုင္ရွင္ျဖစ္ဟန္တူေသာ အဖြားႀကီးတို႔ စကားေျပာေနသျဖင့္ သူ႔ကို အေပၚထပ္က အခန္းတစ္ခုထဲ ခဏေနရာခ်ထားေပး၍သာ တက္လာျခင္းျဖစ္သည္။ သူ ထို ရႈပ္ရွတ္ခတ္လွေသာ အေရးကိစၥေတြ ဘာဆိုဘာကိုမွ စိတ္မဝင္စား။

တကယ္ေတာ့ ဒီအိမ္ကို ျမင္လိုက္တုန္းကေတာ့ သူ နည္းနည္းစိတ္ဝင္စားမိသည္ကို ဝန္ခံပါသည္။ သူနဲ႔အေန ေနေနက် ပ်ဥ္ေထာင္အိမ္က်ဥ္းေလးထက္ ဒီအိမ္က အဆေပါင္းတစ္ရာမက က်ယ္ဝန္းကာ ခမ္းခမ္းနားနားရွိလွသည္ကိုး။ သူ႔စိတ္ထဲတြင္ ဤစံအိမ္ႀကီးသည္ ဟိုး ကိုလိုနီေခတ္က ဘုရင္ခံေတြ ေနေလာက္မည့္အိမ္ဟု ထင္မွတ္မိေအာင္ကို အရွိန္အဝါတစ္ခုရွိေလသည္။

သူ အခန္းထဲက ပစၥည္းတစ္ခုခ်င္းစီကို ေသခ်ာလိုက္ၾကည့္မိသည္။ အခန္းထဲသို႔ဝင္လိုက္လွ်င္ အရင္ဆုံး နံရံတြင္ကပ္ထားေသာ ဗီ႐ိုႀကီးတစ္ခုကို ေဘးေစာင္းအေနအထားျဖင့္ေတြ႕ရသည္။ ထို႔ေနာက္ ထိုဗီ႐ိုမ်က္ႏွာမူရာ မ်က္ႏွာခ်င္းဆိုင္ နံရံတစ္ဖက္တြင္မူ ႏွစ္ေယာက္အိပ္ ကုတင္ႀကီးတစ္ခုရွိၿပီး ထိုကုတင္၏ ေခါင္းရင္းတြင္မူ ျပတင္းေပါက္ႀကီးတစ္ခုရွိသည္။ တကယ္ေတာ့ ျပတင္းေပါက္ဆိုေပမဲ့ သာမန္အိမ္ေတြမွာ ေတြ႕ရေလ့ရွိေသာ ျပတင္းေပါက္မ်ိဳးမဟုတ္ပဲ အရမ္းကို ႀကီးမားလြန္းေသာ မွန္ျပတင္းေပါက္ဟုဆိုရမလား?? ဒီလိုမ်ိဳး မွန္ျပတင္းေပါက္ကို သူ ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာသာ ေတြ႕ဖူးပါသည္။ ထိုမွန္ျပတင္းေပါက္ကိုမွ ကန႔္လန႔္ကာ ကာထားကာ အိပ္ရာ၏ေဘးတြင္ စာၾကည့္စားပြဲတစ္ခုထားရွိထားသည္။ ထိုစာၾကည့္စားပြဲက ကြၽန္းသားႏွင့္လုပ္ထားသည္ထင္သည္။ သူ႔အိမ္က Desk ခုံေသးေသးေလးလို ေဈးေပါေပါ ပ်ဥ္ျပားျဖင့္လုပ္ထားသည္မဟုတ္။ ေတာ္ေတာ္ ေတာက္ေတာက္ေျပာင္ေျပာင္ရွိကာ စားပြဲမ်က္ႏွာျပင္မွာလည္း ေတာ္ေတာ္က်ယ္ပါသည္။ ထို စားပြဲေပၚတြင္ေတာ့ ပန္းအိုးတစ္အိုးတစ္အိုးတင္ထားေလသည္။

ကုတင္ေျခရင္းတြင္ေတာ့ မွန္တင္ခုံတစ္ခုရွိသည့္အျပင္ မွန္ကိုၾကည့္ရသည္မွာ မည္သည့္ဖုန္မွ တက္မေနပုံေထာက္ ေန႔တိုင္းလာ၍ ဖုန္သုတ္ထားသည္ဟု သူထင္သည္။ မွန္တင္ခုံေပၚတြင္ေတာ့ ဘာမွမရွိ။ ထိုမွန္တင္ခုံ၏ ညာဘက္ေဘးတြင္မူ တံခါးတစ္ခ်ပ္ရွိကာ ထိုတံခါးမွ ဝင္လိုက္လွ်င္ ေရခ်ိဳးခန္း သန႔္စင္ခန္းသို႔ေရာက္သည္။ သူတို႔အိမ္တြင္ ေရခ်ိဳးခန္းဆိုသည္မွာ အိမ္ေနာက္ေဖး ဟာလာဟင္းလင္းျပင္တြင္ သစ္သားေဖာင္တစ္ခုခ်ကာ ထိုေဖာင္ေပၚ စည္ပိုင္းတစ္ပိုင္းတင္ထားေသာ ေနရာသာျဖစ္သည္။ အိမ္သာကေတာ့ ေရခ်ိဳးစင္ေဘး ခပ္လွမ္းလွမ္းတြင္ရွိကာ သာမန္ ေဆာင့္ေၾကာင့္ထိုင္ အိမ္သာမ်ိဳးသာျဖစ္သည္။ အခု သူ႔ျမင္ေနရေသာ ေရခ်ိဳးခန္းကေတာ့ မတူ။ ေရပန္းႏွင့္ ဘိုထိုင္အိမ္သာႏွင့္ ေတယ္ေတာ္သပ္ရပ္ေလသည္။

သူ အျပင္သို႔ျပန္ထြက္ကာ ဗီ႐ိုကဘက္သို႔ ေလွ်ာက္လာၿပီး ဗီ႐ိုကို ေသခ်ာၾကည့္မိသည္။ ဗီ႐ိုက ေတာ္ေတာ္ႀကီးသည္။ ႀကီးတာမွ ေတာ္ေတာ့္ကို ႀကီးတာ။ အထဲ လူႏွစ္ေယာက္ေလာက္ဝင္ပုန္းလို႔ရေလာက္သည္အထိပင္။ သို႔ေသာ္ ထူးဆန္းသည္က ဗီ႐ိုထဲ ဘာအက်ႌမွ ရွိမေန။ ၾကည့္ရတာ ဒီအခန္းက လူမေနသည့္အခန္ျဖစ္ပုံရေလသည္။ သို႔ေသာ္ လူသာမေနေပမယ့္ လူေနသည့္အတိုင္းပင္ ဖုန္တစ္စက္မွ်မရွိ။ သူ႔စိတ္ထဲတြင္ေတာ့ သူေဌးအိမ္ဆိုတာ ဒီလိုပုံပါလားဟု ပထမဆုံး ေကာက္ခ်က္ခ်မိသြားသည္အထိပင္။

သူ တစ္ခန္းလုံးကို လိုက္ပတ္ၾကည့္ၿပီးေနာက္ ခပ္ပ်င္းပ်င္းျဖင့္ ကုတင္ေပၚျပန္ထိုင္လိုက္သည္။

"ကြၽီ.."

အခန္းတံခါးပြင့္သံၾကားလိုက္၍ သူ ခ်က္ခ်င္း လွည့္ၾကည့္လိုက္ေတာ့ အေမက သူ႔ထံသို႔ ျဖည္းညင္းစြာ ေလွ်ာက္လာသည္ကိုေတြ႕ရသည္။ အေမ့မ်က္ႏွာမေကာင္း။ ၾကည့္ရတာ ထိုအဖြားႀကီး အေမ့ကို ဘာေတြေျပာလိုက္လို႔လဲမသိ။

"အေမ"

သူ႔ လွမ္းေခၚသံၾကားေတာ့ အေမက သူ႔နားမေရာက္ခင္ပင္ သူ႔ကိုလွမ္း၍ ခပ္ေဖ်ာ့ေဖ်ာ့ ၿပဳံးျပသည္။

"ကြၽန္ေတာ္တို႔ အိမ္ျပန္လို႔ရၿပီလား"

အေမက ဘာမွ မေျပာပဲ သူ႔ေဘးနားဝင္ထိုင္လိုက္သည္။ ထို႔ေနာက္ တစ္ခဏမွ် ဘာမွ မေျပာပဲ သူ႔ရဲ႕လက္ကို ဆုပ္ကိုင္ကာ သူ႔မ်က္ႏွာကို တစိမ့္စိမ့္ စိုက္ၾကည့္ေနခဲ့ေလသည္။

"သား.. "

"..."

"ဒီအိမ္က ေနာက္ဆို သားရဲ႕အိမ္ျဖစ္သြားၿပီ။
သား ဒီအိမ္မွာ ေကာင္းေကာင္းေနရမယ္။ အေဖ့ကို ေကာင္းေကာင္းဆက္ဆံၿပီး ဒီအိမ္က လူေတြနဲ႔ အဆင္ေျပေအာင္ေနရမယ္။ ၿပီးေတာ့ သားက...."

"အေမကေကာ"

အေမ့စကားမဆုံးခင္ သူ ဝင္ေျပာလိုက္ပါသည္။ အေမ့ကို ၾကည့္ရတာ သူ႔ကို ထားသြားရန္ႀကံစည္ေနပုံေပၚသည္။ သူ႔စိတ္ထဲ ဘဝတြင္ တစ္ခါမွ မခံစားဖူးေသာ တင္းက်ပ္ေအာင့္နင့္ေသာခံစားခ်က္တခ်ိဳ႕ ရင္ဘတ္ထဲက တစ္ဆင့္ လည္မ်ိဳထဲ ပ်ိဳ႕တက္လာသလိုခံစားရသည္။

"အေမက.. အေမက တစ္ေနရာ သြားစရာရွိတယ္။

အေမ ျပန္.."

"အေမ.. ကြၽန္ေတာ့္ကို ဒီအိမ္မွာ ထားသြားဖို႔ စဥ္းစားေနတာလား"

သူ အေမ့ကို ရွင္းရွင္းပဲ ေမးလိုက္ပါသည္။ အေမ ဒီလို ပတ္လည္႐ိုက္ေအာင္ေျပာေနတာ သူ စိတ္မရွည္ႏိုင္ေတာ့။

အေမက သူ႔ကို ျပန္မေျဖပဲ ေခါင္းကိုသာ တြင္တြင္ငုံ႔ထားေလသည္။

တိတ္ဆိတ္ေနသည္။ အရမ္းကို တိတ္ဆိတ္ေနသည္။ သူခဏက ၾကားခဲ့ရေသာ မိုးေရစက္ေတြ ေခါင္မိုးကို ထိခတ္သံကို သူမၾကားရေတာ့။ သူ႔အသက္ရႉသံ အေမ့အသက္ရႉသံကလြဲၿပီး ကမာၻႀကီးတစ္ခုလုံး တိတ္ဆိတ္ေနေလသည္။

"သား.. အဲလက္စ္.."

အေမက အက္ကြဲေသာ အသံျဖင့္ ေခါင္းကိုငုံ႔လ်က္ပင္ သူ႔အားေခၚေလသည္။

"အေမ ကြၽန္ေတာ္ ဒီမွာမေနခ်င္ဘူး"

အေမက သူ႔စကားၾကားေတာ့ ေခါင္းေမာ့လာသည္။ အေမ့ရဲ႕ပါးျပင္ေပၚမွာ စီးက်ေနတဲ့ မ်က္ရည္စီးေၾကာင္းႏွစ္ေၾကာင္းကို သူ ထင္ရွားစြာေတြ႕လိုက္ရေတာ့ ႐ုတ္တရက္ဆိုသလို သူ႔ရဲ႕ ရင္ထဲေအာင့္သက္သြားကာ ႐ုတ္တရက္ ေဒါသအေငြ႕အသက္ တခ်ိဳ႕ကို ခံစားလိုက္ရသည္။

သို႔ေသာ္ အေမ့ရဲ႕ မ်က္လုံးကို သူျမင္လိုက္ကတည္းက သူ႔ရဲ႕ ဆုံးျဖတ္ခ်က္က အက်ဳံးမဝင္မွန္းနားလည္လိုက္ပါသည္။ အေမ သူ႔ကို ထားသြားဖို႔ ႀကံစည္ေနၿပီ။႐ုတ္တရက္ သူ႔ရဲ႕မ်က္လုံးထဲ အရည္ၾကည္တခ်ိဳ႕တို႔ ေဝ့တက္လာခဲ့သည္။ သူ႔ရဲ႕ေခါင္းထဲ မိုက္ခနဲဆိုသလို ခံစားလိုက္ရကာ ၾကက္သီးေမႊးညင္းမ်ားထလာသည္။

"အဲလက္စ္.. ဒီေတာ့ေလ အေမ ေျပာခ်င္တာက အေမ သားကို ထားသြားမွာ မဟုတ္ဘူး။ အေမက"

"ညာေနတာ"

"...."

"အေမညာေနတာ။ အေမ ကြၽန္ေတာ့္ကို ကြၽန္ေတာ္တစ္ခါမွ မျမင္ဖူးတဲ့ မရင္းႏွီးတဲ့ ေယာက်ာ္းတစ္ေယာက္လက္ထဲ ပုံထည့္သြားဖို႔ အေမေတြးေနတယ္"

"မဟုတ္ဘူး သား။ အေမ"

"အေမ ထြက္သြားလို႔ရၿပီ။ ကြၽန္ေတာ္ အေမ့ကို မလိုေတာ့ဘူး"

သူ႔ရင္ထဲ ပ်ိဳ႕တက္လာေသာ ဝမ္းနည္းစိတ္တခ်ိဳ႕ေၾကာင့္ သူ႔ရဲ႕စကားအဖ်ားခတ္ကာ တုန္ယင္သြားသည္ကို သူသတိထားမိလိုက္သည္။ အေမက သူ႔ကို ဘာမွ မေျပာပဲ သူ႔ရဲ႕လက္ကို ဆုပ္ကိုင္ထားလ်က္ သူ႔ကို စိုက္ၾကည့္ေနခဲ့သည္။

သူ အေမ့ကို မၾကည့္ပါ။ ေအာက္က ၾကမ္းျပင္ကိုသာ မ်က္ႏွာစိုက္ထားလ်က္ ဘာစကားမွ ထပ္မေျပာေတာ့ပဲ ႏႈတ္ဆိတ္ေနမိသည္။ သူ အေမ့ကို ေမာင္းထုတ္တဲ့စကားဆိုႏိုင္ခဲ့ေပမဲ့ အေမဆုပ္ကိုင္ထားေသာ သူ႔လက္ကိုေတာ့ မ႐ုန္းႏိုင္ခဲ့။ တစ္နည္းနည္းျဖင့္ အေမ သူ႔ရဲ႕လက္ကို ဆုပ္ကိုင္ထားဖို႔ ေမွ်ာ္လင့္ေနမိခဲ့သည္။

ကြၽန္ေတာ့္ကို အိမ္ျပန္ေခၚသြားမယ္လို႔ ေျပာလိုက္ပါ အေမ။ ကြၽန္ေတာ့္ကို ဒီမွာ မထားခဲ့ဘူးလို႔ စကားျပင္ေျပာေပးပါ။

ဘယ္ေလာက္ၾကာသြားလဲ သူမသိပါ။ အေမက ႐ုတ္တရက္ဆိုသလို သူမ ပါးေပၚက မ်က္ရည္ေတြကို ခပ္ၾကမ္းၾကမ္းသုတ္လိုက္ၿပီး သူ႔ရဲ႕လက္ကို လႊတ္ခ်လိုက္ကာ သူ႔ကို တင္းတင္းက်ပ္က်ပ္ ေထြးေပြ႕လိုက္ေလသည္။

"သား ဒီမွာ ေပ်ာ္မွာပါ။ အေမ မေပးႏိုင္တဲ့ အရာေတြ ဒီမွာ အကုန္ရွိတာမို႔ သား ဒီမွာ ေပ်ာ္မွာပါ"

သူ ႏႈတ္ခမ္းကို ေဒါသတခ်ိဳ႕ျဖင့္ တြန႔္ကာၿပဳံးလိုက္မိပါသည္။

"ကဲ.. အေမ သြားေတာ့မယ္။

တစ္ေန႔က်ရင္ အေမသားကို လာေတြ႕မယ္။ ဟုတ္ၿပီလား။ အဲ့မတိုင္ခင္ေတာ့ သား ဒီအိမ္မွာ ေကာင္းေကာင္းေနေနာ္"

သူ အေမ့ကို ေမာ္မၾကည့္ပါ။ သူ ႏႈတ္ဆက္စကားမေျပာမိ။ သူ႔ႏႈတ္ခမ္းက စကားတစ္ခြန္းထြက္ဖို႔ကို သူ႔ခႏၶာကိုယ္က နည္းလမ္းမ်ိဳးစုံျဖင့္တားေနသလိုပင္။ ခံရခက္ေသာ ေဝဒနာက သူ႔ရဲ႕လည္မ်ိဳမွာ တစ္စို႔ေနလ်က္ သူ ဘာစကားမွမထြက္ႏိုင္။ ေျပာလည္း မေျပာခ်င္။ ေျပာမိလွ်င္ သူ႔အသံေတြ တုန္ေနတာကို သူသတိထားမိမွာမို႔။

တစ္ေလာကလုံး ကမာၻပ်က္ေနပါေစ ဘာမွ မခံစားရေသာ သူ႔အဖို႔ အေမနဲ႔ပတ္သက္လာလွ်င္ေတာ့ ဘာလို႔ ဒီလိုမ်ိဳး ဝမ္းနည္းစိတ္ေတြ ေဒါသေတြ ခံစားေနရလဲမသိ။ အေမ သူ႔ကို ထားပစ္ခဲ့တယ္ဆိုတဲ့ အေတြးနဲ႔တင္ သူ ႐ူးမတတ္ေဒါသထြက္ေနမိသည္။

အေမက သူ႔ကို ႏႈတ္ဆက္စကားဆိုၿပီးသည့္ေနာက္ သူ႔အားျပန္လွည့္မၾကည့္ပဲ အခန္းထဲမွ ထြက္သြားေလေတာ့သည္။ အေမ ေနာက္သို႔ လွည့္မွ သူ ငုံ႔ထားေသာ ေခါင္းကို ေမာ့၍ အေမ့ရဲ႕ ေက်ာျပင္ကို စိုက္ၾကည့္ေနမိသည္။ သူ႔စိတ္ထဲမွာေတာ့ ခံစားခ်က္ေပါင္းမ်ားစြာ ရႈပ္ေထြးေနခဲ့သည္။

အေမ့ရဲ႕ေက်ာျပင္ကို ေငးၾကည့္ရင္း အေမ ဘယ္ေတာ့မွ ျပန္မလာေလာက္ေတာ့ဘူးဟု အဲလက္စ္ေတြးမိသည္။ သူ ဝမ္းနည္းစိတ္ ခံစားေနရေပမဲ့ အေမ့ရဲ႕ သြင္ျပင္ သူ႔မ်က္လုံးေအာက္မွ ေပ်ာက္သြားသည္ႏွင့္ သူ႔ရင္ထဲ ျပင္းထန္ေသာ ေဒါသမ်ားသာ ျပည့္ႏွက္ေနခဲ့ေလသည္။

××××××××××××××××××××××××××××××××××××××

3.3.2008

ဦးရဲထင္ ေဟာင္းေလာင္းပြင့္ေနေသာ သခင္ေလးအဲလက္စ္​၏ အိပ္ခန္းတံခါးကို ၾကည့္ကာ ေၾကာင္အမ္းအမ္း ရပ္ေနမိသည္။

တံခါး... တံခါးက ဘယ္သူ...

"ရဲထင္"

ထိုစဥ္ အခန္းထဲမွ ဩဇာရွိသည့္ အသံခပ္ဩဩတစ္သံကို ၾကားလိုက္ရေလသည္။ ထိုအသံပိုင္ရွင္မွာ မည္သူျဖစ္သည္ကို ဦးရဲထင္ ႏွစ္ခါထပ္မစဥ္းစားလိုက္ရပါ။ ထိုအသံပိုင္ရွင္သည္ သူ႔အား အႏွစ္ ၂၀ ေလာက္ အမိန႔္ေပး ေစခိုင္းခဲ့သည္မဟုတ္ပါလား။

"ဒီအခန္းထဲက အဲ့ေကာင္ေလးရဲ႕ ပစၥည္းေတြ အကုန္ ပစ္ထုတ္လိုက္။

ဒါနဲ႔ ဒီ ဆန္ခြက္ေတြ အေမႊးတိုင္ခြက္ေတြက ဘာလုပ္တာလဲ"

ထိုေမးခြန္းကို ၾကားလိုက္ေသာအခါ ဦးရဲထင္​၏ စိတ္ထဲ ေႏြလည္ေခါင္ မိုးႀကိဳးထပစ္သလိုပင္ ခံစားလိုက္ရသည္။ ဦးရဲထင္ ပ်က္ေနေသာ မ်က္ႏွာကို ျပင္လ်က္ အခန္းထဲသို႔ ဝင္လာခဲ့သည္။ ထို႔ေနာက္ ကုတင္ေျခရင္းတြင္ တုတ္ေကာက္ကို အားျပဳလ်က္ ရပ္ေနေသာ အိမ္ႀကီးသခင္မ ေဒၚေဒဝီလင္းကို ေခါင္းငုံ႔ကာ ႏႈတ္ဆက္လိုက္သည္။ ထို႔ေနာက္ သခင္မႀကီး​၏ ေျခေထာက္ေဘးတြင္ ေမွာက္လ်က္ရွိေနေသာ ဆန္စိမ္းခြက္ကို ၾကည့္ကာ သက္ျပင္းခိုးရႈိက္မိလိုက္သည္။ ေဒၚေဒဝီလင္းက သူ႔ကိုေငးၾကည့္မေန၊ ကန႔္လန႔္ကာမ်ား အျပည့္ကာထားေသာေၾကာင့္ အနည္းငယ္ ေမွာင္မည္းေနေသာ အခန္းထဲမွ ပရိေဘာဂပစၥည္းမ်ားႏွင့္ သခင္ေလး အဲလက္စ္​၏ ကိုယ္ေရးကိုယ္တာ ပစၥည္းမ်ားကိုသာ ေဝ့ၾကည့္ေနခဲ့သည္။ ထို႔ေနာက္ သခင္မႀကီးဆီမွ ေတာ္႐ုံၾကားရရန္မလြယ္ေသာ သက္ျပင္းခ်သံကို ၾကားလိုက္ရေလသည္။

"သြားခဲ့သူက သြားခဲ့ၿပီ။ ဒီပစၥည္းေတြ သိမ္းထားၿပီး ဘာလုပ္မွာလဲ"

"ဒါေပမဲ့ သခင္မႀကီး။ သခင္ႀကီးက ဒီအခန္းထဲက ပစၥည္းေတြကို သူျပန္မလာမခ်င္း မထိဖို႔ ေျပာထားပါတယ္"

"သူ႔စကားကို နားေထာင္စရာမလိုဘူး။ ငါေျပာတဲ့အတိုင္းလုပ္။

အဲ့ေကာင္ေလးရဲ႕ ပစၥည္းေတြ အကုန္ထုတ္ၿပီး အိမ္အေနာက္ဘက္က ကြင္းျပင္မွာ မီးရႈိ႕လိုက္"

သခင္မႀကီးသည္ သူမေျပာလိုရာကိုသာ တစိုက္မတ္မတ္ေျပာၿပီးေနာက္ တုတ္ေကာက္တစ္ဖက္ကို အားျပဳေထာက္ကာ ေျဖးညင္းစြာ အခန္းထဲမွ ထြက္သြားေလေတာ့သည္။ ဦးရဲထင္တစ္ေယာက္တည္း အခန္းထဲ က်န္ေနခဲ့သည္။

သူ႔စိတ္ထဲ မေကာင္းေသာကိစၥတစ္ခုခု ျဖစ္ေတာ့မလို မသိုးမသန႔္ ခံစားေနရသည္။ သခင္ေလး အဲလက္စ္​၏ ထို အသက္မရွိေသာ ေအးစက္စက္ အၾကည့္မ်ားကို သူကိုယ္တိုင္ ျမင္ခဲ့သည္မဟုတ္ပါလား။

"ခင္ဗ်ားကို သတ္မယ္ အဖြားႀကီး။ ခင္ဗ်ားကိုေကာ ခင္ဗ်ားတစ္မိသားစုလုံးကိုေကာ ခင္ဗ်ားနဲ႔ပတ္သက္သမွ်လူအားလုံးကိုေကာ"

ထိုခပ္ဩဩ ႀကိမ္းဝါးသံမ်ားကို ျပန္ၾကားေယာင္လာရေသာအခါ ဦးရဲထင္ ေမွာက္ေနေသာ ဆန္စိမ္းခြက္ကို မယူလိုက္ကာ ဆန္စိမ္းခြက္ထဲမွ ႀကိဳးလက္ေကာက္ရွိေနမေနကို စစ္ေဆးၾကည့္လိုက္သည္။

ႀကိဳးလက္ေကာက္က ရွိမေနေပ။

သို႔ႏွင့္ ဦးရဲထင္ အိမ္ေအာက္ထပ္သို႔ ခပ္သြက္သြက္ေျပးကာ သခင္ေလးအဲလက္စ္ သတ္မည္ဟု ႀကိမ္းဝါးခဲ့ေသာ အပႏွင္ဆရာမဆီသို႔ ဖုန္းေျပးဆက္ရေလသည္။ ေဒၚစိန္ပြင့္ကေတာ့ အေၾကာက္လြန္ၿပီး ဖ်ားသြားသည္မွာ အခုထက္ထိ အိပ္ရာက မထႏိုင္ေသး။ ဦးရဲထင္ သူ႔မွတ္စုစာအုပ္တြင္ ေရးမွတ္ထားေသာ ဖုန္းနံပါတ္အား ခပ္သြက္သြက္ ႏွိပ္ကာ ဖုန္းေခၚလိုက္သည္။

ဖုန္းဝင္သြားေပမဲ့ အခ်ိန္အတန္ၾကာသည္အထိ တစ္ဖက္မွ ဖုန္းမကိုင္ေသာေၾကာင့္ ဖုန္းမွာ ျပန္က်သြားရျပန္သည္။ သူ႔စိတ္ထဲ ထိုအပႏွင္ဆရာမအတြက္ ပို၍ပင္ စိတ္ပူလာေလသည္။

သို႔ႏွင့္ ဦးရဲထင္ ေ႐ြးခ်ယ္စရာမရွိေတာ့သည့္အေလ်ာ​က္ ေဒၚစိန္ပြင့္ထံေျပး၍ အပႏွင္ဆရာမႏွင့္ ေဒၚစိန္ပြင့္အား ဆက္သြယ္ေပးသည့္ ေဒၚစိန္ပြင့္​မိတ္ေဆြ ဆိုသူ​၏ ဖုန္းနံပါတ္ကို ေတာင္းရသည္။ ေဒၚစိန္ပြင့္မွာ ဘာေတြျဖစ္ေနမွန္းမသိစြာ သူ႔အား ေၾကာင္အမ္းအမ္းျဖင့္ပင္ ဖုန္းနံပါတ္အား ရွာေပးသည္။ သူလည္း ေဒၚစိန္ပြင့္ ေၾကာက္မည္စိုး၍ အေၾကာင္းရင္းကို ရွင္းျပမေနေတာ့။

ဖုန္းနံပါတ္ရသည္ႏွင့္ ဦရဲထင္ ဖုန္းထံသို႔ တစ္ဖန္ေျပးရျပန္ေလသည္။

××××××××××××××××××××××××××××××××××

အဲလက္စ္ သူ႔ေရွ႕တြင္ လွဲေလ်ာင္းေနေသာ အဖြားႀကီး​၏ အေလာင္းကို ေက်နပ္အားရစိတ္ျဖင့္ စိုက္ၾကည့္ေနမိသည္။

"ခံစားရတာ ေကာင္းတယ္"

အသက္ရွင္တုန္းကထက္ အခုအေျခအေနကို သူပိုသေဘာက်သည္။ အသက္ရွင္ခ်ိန္က သူလုပ္ႏိုင္သည့္အရာေတြမွာ အကန႔္အသတ္ရွိကာ သူ႔ရင္ထဲတြင္ အျမစ္တြယ္ေနေသာ ေဒါသႏွင့္ အမုန္းတရားမ်ားက ေဖာက္ထြက္စရာမရွိ ထိုအိမ္ႀကီးမွ ေျပးထြက္စရာလမ္းမရွိအသက္ရႉက်ပ္ေနခဲ့ေပမဲ့ အခုေတာ့ အရာအားလုံးက သူ႔လက္ခုပ္ထဲက ေရျဖစ္လာသလို ခံစားရသည္။ သူ သတ္ခ်င္ေသာသူကို သတ္ႏိုင္သည္။ အသက္ရွင္ခြင့္ေပးခ်င္ေသာသူကို အသက္ရွင္ခြင့္ေပးႏိုင္သည္။ အရာအားလုံးက သူ႔သေဘာက်ပင္။

အဲလက္စ္ သူ႔လက္မွ မီးေလာင္ရာကို ငုံ႔ၾကည့္လိုက္မိသည္။ ထိုမီးေလာင္ရာသည္ ဆန္စိမ္းခြက္ထဲမွ သူ႔လက္ေကာက္ကို ႏႈိက္ရင္း ရခဲ့ေသာ ဒဏ္ရာပင္။ ထိုလက္ေကာက္ေတြက သူ႔အတြက္ အေရးႀကီးသည္။ ထိုလက္ေကာက္ေတြသာမရွိလွ်င္ သူထိုအိမ္ႀကီးထဲမွာပင္ ပိတ္မိေနေလာက္မည္ထင္သည္။ သူ ထိုလက္ေကာက္ေတြ​၏ အသုံးဝင္ပုံကို သိခဲ့တာ သိပ္ေတာ့မၾကာေသး။ ထိုလက္ေကာက္ေတြကို ဝတ္ထားသည့္သူကို သူအလြယ္တကူဝင္ပူးႏိုင္တာကအစ၊ ထိုလက္ေကာက္ေတြကို အသုံးျပဳၿပီး သူသြားလိုရာ သြားႏိုင္တာကအဆုံး ထိုလက္ေကာက္ေတြသည္ သူ႔အတြက္ ဓားတစ္လက္လည္းျဖစ္သည္၊ ျမင္းတစ္ေကာင္လည္းျဖစ္ေလသည္။

အဲလက္စ္ ထိုအဖြားႀကီး​၏ ကုတ္အက်ႌထဲတြင္ ရွိေနေသာ သူ႔လက္ေကာက္ကို ျပန္ယူသြားရန္မႀကိဳးစားပဲ ဒီအတိုင္း ထားပစ္ခဲ့လိုက္ပါသည္။ ဤအဖြားႀကီးေသၿပီးေပမဲ့ သတ္စရာ သူ႔မိသားစု ရွိေသးသည္မဟုတ္ပါလား။

သူ႔အတြက္က စံအိမ္ႀကီးထဲတြင္ လက္ေကာက္တစ္ကြင္းရွိသည္။ ႏိုအယ္ဆိုသည့္ ကေလးေလးတြင္ တစ္ကြင္းရွိသည္။ ယခု တစ္ကြင္းကိုလည္း သူအသုံးခ်၍ ရမည့္လူတစ္ေယာက္ေယာက္လက္ထဲ ေရာက္ဖို႔လိုအပ္သည္ကေတာ့ အမွန္ပင္။

အဲလက္စ္ ထိုအဖြားႀကီးအေလာင္းကို စိုက္ၾကည့္ေနရင္းမွ လွည့္ထြက္လာခဲ့သည္။

ႏိုအယ္ရွင္းသန႔္။

သူ ထိုကေလးနာမည္ကို ေတြးမိေတာ့ အားရစြယပင္ ၿပဳံးမိေလသည္။ သူ ေရးဆြဲထားေသာ အစီအစဥ္ေတြရွိသည္။ တစ္ခုမွ လြဲေခ်ာ္၍မျဖစ္။

×××××××××××××××××××××××××××××××××××××

Continue Reading

You'll Also Like

170K 10.7K 22
Uni "ခင်ဗျားက ရွာသူကြီးဆိုတော့ ခင်ဗျားကိုကျုပ်ယူလိုက်ရင် ကျုပ်ဒီရွာကိုပိုင်ပြီမလား?" -မင်းတစ်ခေတ်- "ခင်...
759K 53.1K 51
" မောင်ပိုင်တဲ့ ဂမုန်းပင်ကို သေခြင်းတရားကတောင် လုယူပိုင်ခွင့်မရှိဘူး.. " သစ်မင်းမောင်..
999K 63.1K 32
[Unicode]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ...... [Zawgyi]အားလုံးအႀကိဳက္ Sugar Daddyလိုပုံစံမ်ိဳးဇာတ္လမ္းေလး ......
178K 11.7K 16
မင္းထက္ငါကပိုမိုက္တယ္ဖတ္ၿပီးမွဒါေလးဖတ္ပါေနာ္ (owncreation) မင်းထက်ငါကပိုမိုက်တယ်ဖတ်ပြီးမှဒါလေးဖတ်ပါနော် #Timetravel