{Unicode}
လွန်ခဲ့သော12နှစ်....
မှောင်မည်းနေသောအခန်းတစ်ခန်း....
သွေးများစွာနှင့်လဲကျနေသော လူနှစ်ယောက်....
အခန်းထောင့်ကဗီရိုနဲ့နံရံကြားနေရာလေးမှာ ဒူးပိုက်လို့ငိုယိုနေသော 12နှစ်အရွယ်ကလေးတစ်ယောက်....
မရှိတော့ဘူး ဟူသောတီးတိုးရေရွတ်သံနှင့် ငိုရှိုက်သံသေးသေးလေးကလွှဲ ဘာသံမှမကြားရသောအခန်း....
အဖြစ်အပျက်တစ်ခုက ကလေးငယ်တစ်ယောက်အတွက် စိတ်ဒဏ်ရာကြီးကြီးမားမားဖြစ်ဖို့ လုံလောက်လေရဲ့.....
.♡ ♡ ♡.
ရိပေါ်ဦးလေးအပြေးရောက်လာချိန်မှာ ဘာဆက်လုပ်သင့်ကြောင်း ဟောက်ရွမ်းတို့တိုင်ပင်တယ်။
ရိပေါ်က ဘာအတွက်ကြောင့် ဒီလောက်ထိကမ္ဘာပျက်လာမှန်း အတိအကျမသိတောင် ဦးလေးမရောက်လာသေးခင် ဝင်လာသောPhone callနှစ်ခုကြောင့် ရိပ်စားမိလာတယ်။
ပထမဆုံးPhone Call Johnရဲ့ခေါ်ဆိုမှုမှာ သူတို့ထင်တဲ့အတိုင်းဖြစ်ကြောင်း လက်ခံလိုက်ရတယ်....
ဒုတိယအကြိမ်ရှောင်းကျန့်ကောရဲ့ ခေါ်ဆိုမှုနောက်မှာတော့....
ရိပေါ်အတွက်အန္တရာယ်ရှိနိုင်သူမှာ ပူပူနွေးနွေးချစ်သူနှစ်ယောက်ဖြစ်ကြောင်း အပြည့်အဝလက်ခံရပြန်တယ်။
ဒါကြောင့် ဟောက်ရွမ်းတို့ရဲ့နောက်ဆုံး ဆုံးဖြတ်ချက်က ရိပေါ်ကိုသူတို့နဲ့ဝေးရာကို ခေါ်ထုတ်သွားဖို့ပဲ....
ဘယ်လိုနည်းနဲ့မှ ဟောက်ရွမ်းတို့ ရိပေါ်ရဲ့ပုံရိပ်ကို ပြန်မမြင်ချင်....
ဟောက်ရွမ်းတို့ဆုံးဖြတ်ချက်ကို ရိပေါ်တော်ရုံနဲ့လက်ခံမှာမဟုတ်ကြောင်းသိတယ်။
ဒါမဲ့ ဟောက်ရွမ်းတို့က ရိပေါ်ကိုရအောင်ခေါ်ထုတ်သွားမယ်။
ဒီနဲ့ဝေးတဲ့နေရာကို....
ဒါကရိပေါ်အတွက် အကောင်းဆုံးနည်းလမ်းပဲ....
သူ့ကိုပြန်မချစ်နိုင်မဲ့ သူနားမှာနေပြီး ရိပေါ်တမြေ့မြေ့နဲ့ခံစားနေရမည်ကို ဟောက်ရွမ်းတို့ကကြည့်မနေနိုင်....
ပြန်မချစ်နိုင်မဲ့သူနားမှာ ရိပေါ်ကိုနေခွင့်ပြုလိုက်ပြီး ဟိုးအရင်ကပုံရိပ်ဆီကို ရိပေါ်တဖြည်းဖြည်းပြန်သွားနေမည်ကို ခွင့်မပြုနိုင်....
ဒါကြောင့်ရိပေါ်ကို အချစ်နဲ့ဝေးရာကိုခေါ်ထုတ်သွားမယ်....
မလွယ်မှန်းသိတောင် ရိပေါ်အတွက် ဟောက်ရွမ်းတို့ကြိုးစားမယ်....
ဒါကဟောက်ရွမ်းတို့ရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ပင်....
ဘာစကားမှဆက်မပြောမိဘဲ ဟောက်ရွမ်းတို့သုံးယောက်လုံး ဆိုဖာပေါ်မှာသာ တိတ်တိတ်လေးထိုင်နေမိသည်။
အတွေးကိုယ်စီ စိတ်ပူမှုကိုယ်စီဖြင့်....
ရိပေါ်ရဲ့ဦးလေးလည်း အရမ်းစိတ်ပူနေပုံရသည်။
အင်္ကျီကိုတောင်ထပ်မဝတ်နိုင်ဘဲ လက်ကနေဆွဲကာ အပြေးရောက်လာသည်ကိုမြင်ရုံနှင့် သိနိုင်သည်။
အပ်ကျသံတောင်ကြားရနိုင်သည့်တိုက်ခန်းထဲ ရိပေါ်ရှိနေသည့်အခန်းက လှုပ်ရှားသံသဲ့သဲ့ကထွက်လာလေသည်။
တိုင်ပင်ထားခြင်းမရှိဘဲ သုံးယောက်လုံးထိုင်နေရာမှထကာ အခန်းထဲပြေးဝင်လိုက်သည်။
နိုးလာပုံရသောရိပေါ်က ပုံမှန်ပုံစံသာဖြစ်နေလို့ ဟောက်ရွမ်းတို့သက်ပြင်းခိုးချရသည်။
တော်ပါသေးရဲ့....
"ရိပေါ်..."
"ဦးလေးကဘယ်လို..အင့်.."
သူ့ဦးလေးရဲ့ပွေ့ဖက်မှုကြားကနေ ဘာဖြစ်တာလဲဟူသောသဘောဖြင့် ဟောက်ရွမ်းတို့ကိုကြည့်လာသည်။
ရိပေါ်ဒီတိုက်ခန်းကို ဘယ်လိုရောက်လာတယ်ဆိုတာတောင်မှတ်မိသေးရဲ့လား....
"ဦးလေး..ဘာလို့ငိုနေတာလဲ မငိုနဲ့တိတ်တိတ်"
"ရိပေါ်..သားဦးလေးနဲ့အင်္ဂလန်ကိုလိုက်ခဲ့..အဲ့မှာပဲကျောင်းဆက်တက်ပါ"
"ဘာလို့..."
"သား..ဘာဖြစ်လဲကိုယ့်ဟာကိုယ်စဉ်းစားကြည့်..သားအခြေအနေသားသိတယ်မလား ဒါကြောင့်လိုက်ခဲ့ပါ"
"ဦးလေး ကိုကိုကကျွန်တော့်အပိုင်ဖြစ်ရမှာ"
"မဖြစ်နိုင်တော့ဘူးသား..သူကသက်ဆိုင်သူရှိနေပြီ"
"ဟင့်အင်း ကျွန်တော်မပေးဘူး ကိုကိုကကျွန်တော့်အတွက်ပဲ ကိုကို့ကိုပြန်ယူပေးလေနော်"
"ရှောင်းကျန့်ကသားကိုမချစ်ဘူး ဒါကြောင့်သားလည်းသူ့ကိုမေ့ပစ်လိုက်ပါ"
ဦးလေးရဲ့စကားမှန်တယ်...ကိုကိုကရိပေါ်ကိုမချစ်ဘူး....
ရတယ်..ကိုကိုမချစ်လဲရတယ် ကျွန်တော်ကချစ်နေရင်ရပြီ...ကိုကို့ကိုကျွန်တော်Johnရဲ့လက်ထဲက ပြန်ယူမှာ....
ကျွန်တော်ကချစ်သူနှစ်ယောက်ကို ခွဲဖို့ကြံစည်နေတဲ့Villainနဲ့တူနေရင်တောင် ကိုကို့ကိုပိုင်ဆိုင်ဖို့ဆို ကျွန်တော်ကကျေကျေနပ်နပ်Villainအဖြစ်ခံမှာ....
အချိန်တစ်ခုကျရင် ကိုကိုကကျွန်တော့်ဆီပြန်ရောက်လာရမှာ....
ကိုကို့ကိုပြန်ရဖို့ ကျွန်တော်ကြိုးစားရမယ်....
"ကျွန်တော်လက်ခံတယ် ကျွန်တော်လိုက်မယ် ဒါမဲ့ကျွန်တော့်ကိုအချိန်တစ်ပတ်ပေး..."
လွယ်လင့်တကူလက်ခံလိုက်သောရိပေါ်ကြောင့် ဟောက်ရွမ်းတို့တွေအံ့ဩကာ ရိပေါ်ကိုကြည့်လာကြသည်။
ရိပေါ်ဘက်ကလွယ်လွယ်လေး လက်ခံမယ်လို့မထင်ထားခဲ့သောကြောင့်....
"ဒါမဲ့ဦးလေးကော ဟောက်ရွမ်းတို့ကော ကျွန်တော်တောင်းဆိုတာလုပ်ပေးရမယ်..."
ကျွန်တော်ထွက်သွားဖို့ကြံစည်တာက ပထမဆုံးခြေလှမ်းပဲ....
.♡ ♡ ♡.
"ကိုကိုကျွန်တော်စိတ်ဆိုးပြေတာ လိုချင်လား..လိုချင်ရင်ကျွန်တော့်ကိုငါးရက်အချိန်ပေး...ကိုကိုအလုပ်လည်းမသွားရဘူး ဘယ်မှမသွားရဘူး အဲ့ငါးရက်လုံးကျွန်တော်နားမှာရှိပေးပြီး ကျွန်တော်တောင်းဆိုတာအကုန်လိုက်လျောပေး ဒါဆိုကျွန်တော်စိတ်ဆိုးပြေမယ်"
"အဲ့လိုလုပ်ပေးရင် ရိပေါ်ကကောကိုတကယ်စိတ်ဆိုးပြေမှာလား နောက်ပြီးကောနဲ့Johnကိုလက်ခံပေးမှာလား..."
"ဒါပေါ့..."
"Ommကောလိုက်လျောပေးမယ်.."
"ကတိနော် အဲ့ငါးရက်ဘယ်သူနဲ့မှသွားမတွေ့ရဘူး အလုပ်ကိစ္စလည်းမရှိရဘူး နောက်ဆုံးJohnနဲ့တောင်သွားမတွေ့ရဘူး"
"အာ..အွန်းကောလက်ခံတယ်"
"ဒါဆိုမနက်ဖြန်စမယ်..အခုတော့ကိုကိုလုပ်စရာရှိတာလုပ်လေ...ကျွန်တော်လည်းဟောက်ရွမ်းတို့ဆီ ခဏသွားမယ်"
"Ommဂရုစိုက်သွားနော်..."
ပြုံးရွှင်စွာထွက်သွားသော ကိုကိုရဲ့ကျောပြင်ကိုကြည့်ပြီး အပြုံးတစ်ပွင့်ကိုဆင်မြန်းလိုက်သည်။
နာနာကျင်ကျင်အပြုံး....
ကျွန်တော်ကလက်ခံပေးမယ်ဆိုတာနဲ့ ကိုကိုကအဲ့လောက်တောင်ပျော်တယ်ပေါ့....
ကိုကိုကJohnကို သိပ်ချစ်တာပဲလား....
"ရိပေါ်မင်းတကယ်ဆုံးဖြတ်လိုက်ပြီလား..."
"Omm..."
လက်ထဲကခွက်ကိုလှုပ်ကြည့်ပြီး ရေခဲတုံးအရည်ပျော်နေတာကို ကြည့်နေမိသည်။
ကိုကိုသိလား....
ကျွန်တော့်နှလုံးသားကလည်း ဒီဖန်ခွက်ထဲကရေခဲတုံးလိုပဲ ပူလောင်မှုကြောင့် တစ်စက်စက်အရည်ပျော်နေပြီ....
"ငါမလုပ်စေချင်ဘူးရိပေါ်..."
"ဖန်ရှင်း...ငါ့ဘဝမှာကိုကိုမရှိရင်မဖြစ်ဘူး ကိုကိုကြောင့်ငါရှင်သန်နေရသလိုပဲ ကိုကို့ကိုမရလို့ငါအသက်မသေနိုင်ပင်မဲ့ ငါ့ဘဝကသေလိမ့်မယ် မင်းအဲ့လိုဖြစ်စေချင်လား"
"ရိပေါ်...ဒါကအဆုံးသတ်ကောင်းလိမ့်မယ်လို့ မင်းထင်နေလား"
"ငါစတင်တဲ့ဇာတ်လမ်းပဲ ငါရေးတဲ့ဇာတ်မှာ လှပတဲ့အဆုံးသတ်ရှိနေစေရမယ်"
"မင်းအဲ့လိုလုပ်ရင် နာကျင်ရမှာမင်းကိုကိုအပါအဝင်နော်..."
"ဟောက်ရွမ်း...ငါကကောမနာကျင်နေဘူးလို့မင်းထင်လား"
"ဒီတိုင်းသူတို့ကိုလွှတ်ထားပေးလိုက်ပါ မင်းလည်းထွက်သွားပြီးအသစ်ပြန်စလေ သူ့ကိုလည်းမေ့ပစ်"
"မဖြစ်နိုင်ဘူး ကိုကိုကပဲငါ့နှလုံးသားရဲ့ ပိုင်ရှင်"
"မင်းဒါကိုစလိုက်တာနဲ့ အကုန်နာကျင်ရမှာနော် မင်းရောမင်းကိုကိုရောJohnရော..."
"ဟက်..ငါတစ်ယောက်တည်းမနာကျင်ရတော့ဘူးပေါ့"
"ရိပေါ်မင်းပြန်..."
"တော်တော့ကွာ မင်းတို့မကူညီနိုင်ရင်ပြန်..ငါ့ကိုတရားမချကြနဲ့ ငါဆုံးဖြတ်ပြီးပြီ..မင်းတို့မကူညီရင်တောင် ငါတစ်ယောက်တည်းရအောင်လုပ်မှာ"
"ငါတို့ကူညီမှာပါ..."
"ဒါဆိုစကားမများနဲ့..."
"မင်းတကယ်ပဲငါတို့ကို မလိုက်စေချင်တာလား..မင်းတစ်ယောက်တည်း တကယ်သွားချင်တာလား"
"Ommငါတစ်ယောက်တည်းသွားမှာ ငါအဲ့မှာအားလုံးကိုစတင်မယ်...မင်းတို့ကဒီမှာပဲနေပြီး ကိုကိုတို့အကြောင်းတွေပြန်ပြောပြပေါ့"
"အေးပါ...ဘာလို့ချက်ချင်းမသွားတာဘဲ အချိန်တစ်ပတ်ယူတာလဲ"
"အတည်ပြုစရာတစ်ခုရှိလို့....ကဲပါပြန်ရအောင်ငါလုပ်စရာတစ်ခုရှိသေးတယ် နောက်နေ့ဆိုအချိန်မရလို့ ဒီနေ့လုပ်ရမှာ"
"Omm..."
လက်ထဲကအရည်ခါးခါးတွေကို အကုန်မော့သောက်လိုက်ပြီး Barအပြင်ကိုထွက်ခဲ့လိုက်သည်။
ကိုကိုကြောင့် ကျွန်တော်တောင် လူဆိုးလေးဖြစ်နေပြီ....
"ငါ့ကိုပန်းဆိုင်တစ်ဆိုင်ကိုပို့ပေးဟောက်ရွမ်း..."
"ပန်းဆိုင်ဘာလုပ်ဖို့လဲ..."
"ပန်းဝယ်မလို့လေ..."
"မင်းကပန်းကိုဘာလုပ်မှာလဲ...မင်းကပန်းလည်းမကြိုက်ဘဲနဲ့"
"မရှည်နဲ့ဟောက်ရွမ်းရာ ပို့သာပို့ပေး..ရောက်ရင်ငါ့ကိုနိုး"
ပြောပြီးချက်ချင်း မျက်လုံးမှိတ်ကာကားမှန်ကို မှီချလိုက်သောရိပေါ်ကိုကြည့်ပြီး ဟောက်ရွမ်းတို့မှာသက်ပြင်းချရုံသာတတ်နိုင်တော့သည်။
ရိပေါ်ပြန်နိုးလာကတည်းက ပြောင်းလဲသွားတယ်....
အရင်လိုပေါ့ပါးသွက်လက်တဲ့သူမဟုတ်တော့ဘဲ ပိုတိတ်ဆိတ်သွားတယ်....
ပြန်နိုးလာတာတစ်ရက်တောင်မပြည့်သေးပင်မဲ့ အကြောင်းကိုသိသူဟောက်ရွမ်းတို့က ရိပေါ်ရဲ့ပြောင်းလဲမှုကိုရိပ်မိတယ်....
ရိပေါ်ရဲ့အကြံအစည်ကို သိပ်သဘောမကျပင်မဲ့ ရိပေါ်စိတ်ကြိုက်သာ ဟောက်ရွမ်းတို့လိုက်လျောပေးမည်။
ရိပေါ်ကို ဟောက်ရွမ်းတို့ပျော်စေချင်သည်။
ဒါကJohnတို့အတွက်မတရားရင်တောင် ဟောက်ရွမ်းတို့ကရိပေါ်ပြောသမျှလုပ်ပေးမည်သာ....
"ရောက်ပြီ ရိပေါ်"
"Ommခဏစောင့်...ငါတစ်ယောက်တည်းသွားလိုက်မယ်"
"ရလို့လား"
"Ommရတယ်...."
ကားပေါ်ကဆင်းသွားသောရိပေါ် နောက်ကျောကိုလိုက်ကြည့်ပြီး ဖန်ရှင်းနဲ့ဟောက်ရွမ်းအချင်းချင်းကြည့်မိသည်။
"ရိပေါ်ဘာတွေလုပ်နေတာလဲငါမစဉ်းစားတတ်တော့ဘူးဟောက်ရွမ်း"
"ငါလည်းအတူတူပဲ...အားလုံးကိုအဆင်ပြေစေချင်တယ်"
"သူ့ကိုဒီကထွက်သွားစေချင်ပင်မဲ့ ဒီပုံစံဒီအခြေအနေနဲ့မဟုတ်ဘူး...ဘာအကြံအစည်ကြောင့်နဲ့မှမဟုတ်ဘဲ လွတ်လွတ်လပ်လပ်ထွက်သွားစေချင်တာ...အခုတော့..."
သူတို့ဘယ်သူ့ကိုအပြစ်တင်သင့်လဲ....
အချစ်ကြီးတဲ့ရိပေါ်ကိုလား....
ရိပေါ်ကိုမချစ်တဲ့ရှောင်းကျန့်ကောကိုလား....
ဒါမှမဟုတ်အဆင်ပြေနေတဲ့ ရိပေါ်တို့ကြား ဝင်ရောက်လာတဲ့ John ကိုလား....
ဘယ်သူ့ကိုမှ အပြစ်တင်လို့မရသောအခါ ကံကြမ္မာကြောင့်လို့သာ ယိုးမယ်ဖွဲ့ရတော့တာပဲ....
အဝါရောင်ပန်းစည်း တစ်ပွေ့ကြီးနဲ့ပြန်ရောက်လာသော ရိပေါ်ကကားထဲရောက်တော့ Postcardထဲမှာတစ်ခုခုရေးပြီး ပန်းစည်းထဲသေချာထားနေလေသည်။
"အဲ့ပန်းကဘာလုပ်ဖို့လဲ ပြီးတော့ဘာတွေရေးနေတာလဲရိပေါ်"
"ပန်းကတစ်စုံတစ်ယောက်အတွက်လက်ဆောင်..."
"တစ်စုံတစ်ယောက်..ဘယ်သူလဲ"
"Johnရဲ့တိုက်ခန်းကိုလိုက်ပို့ပေးဟောက်ရွမ်း..."
"Johnအတွက်လားရိပေါ်..."
"သူ့ဆီသွားမှာလေ အဲ့တော့သူ့အတွက်ပေါ့"
"အဲ့တာဘာပန်းလဲ..."
"Tansy~~~"
"ဟုတ်လားအစ်ကို...ဒါဆိုရိပေါ်ကကျွန်တော့်ကိုစိတ်မဆိုးဘူးပေါ့"
"....."
"တော်ပါသေးရဲ့...ကျွန်တော်ကစိတ်ဆိုးနေပြီထင်တာ...Ommအချိန်ပေးလိုက်ပါ ကျွန်တော်အဆင်ပြေတယ်"
"....."
"ရပါတယ်...အဲ့ငါးရက်ပြီးမှတွေ့ကြမယ်လေ..."
"....."
"ဟုတ်..ဟုတ်ဒါပဲနော်အစ်ကို"
အစ်ကိုနဲ့ဖုန်းပြောပြီး Johnအိပ်ယာပေါ်လဲချလိုက်မိသည်။
တော်ပါသေးရဲ့...ရိပေါ်ကသူ့ကိုမမုန်းလို့....
ရိပေါ်ချစ်နေတဲ့သူကို Johnကလုယူမိသလိုဖြစ်နေလို့ Johnရိပေါ်ကိုအားနာနေရသည်။
သူလည်းအစကတော့ အစ်ကို့ကိုရှောင်ဖယ်ဖို့ကြိုးစားပါသေးသည်။
ဒါမဲ့နှလုံးသားဆန္ဒကို မျက်ကွယ်ပြုဖို့ရာမဖြစ်နိုင်တော့လို့ လက်ခံလိုက်မိခြင်း....
တစ်ရက်ရက်ကျမှ ရိပေါ်ကိုသေချာတောင်းပန်တော့မည်....
တိုက်ခန်းတံခါးခေါက်သံကြောင့် လဲနေရာမှထကာ တံခါးသွားဖွင့်လိုက်သည်။
တံခါရှေ့မှာ အဝါရောင်ပန်းစည်းကိုကိုင်ထားသော ကလေးလေးကို တွေ့လိုက်ရသည်။
"ကလေး..ဘာကိစ္စရှိလို့လဲ"
"ဒါကိုဒီအခန်းက အစ်ကိုကြီးကိုပေးပေးပါဆိုလို့..သားလာပေးတာ"
"အစ်ကို့အတွက်...ဘယ်သူပေးတာလဲ"
"တိုက်အောက်က လုံခြုံရေးဦးလေးကြီးက သူ့ကိုပေးပေးဖို့ပြောတာကို ကိစ္စပေါ်လာလို့ သားကိုတစ်ဆင့်ပြန်ပေးခိုင်းတာ"
"ဟုတ်လား ကျေးဇူးပဲနော်...မုန့်စားအုံးမလားကလေး"
"မစားတော့ဘူး သားကိုမုန့်ဖိုးပေးလိုက်တယ်"
"ဟုတ်ပါပြီ...ပေးအစ်ကို့ကို"
"ဟုတ်...သားသွားတော့မယ်"
ကလေးလေးလက်ထဲကပန်းစည်းကို ယူလိုက်ပြီးတံခါးပြန်ပိတ်လိုက်သည်။
အဝါရောင်ပန်းလေးတွေက ဘာပန်းတွေမှန်းJohnမသိပေ....
ပန်းတွေနဲ့ပတ်သက်ရင် Johnက နှင်းဆီတို့ Tulipတို့လောက်သာ သိသောကြောင့်....
ဆိုဖာပေါ်မှာဝင်ထိုင်ပြီး ပန်းစည်းထဲကPostcardလေးကို ဖွင့်ကြည့်လိုက်သည်။
အင်္ဂလိပ်စာလုံးတွေ ရေးထားတာမှန်သော်လည်း Johnနားမလည်ပေ....
"Umm...ဘာတွေလဲ စာကောဟုတ်ရဲ့လား"
Postcardလေးကို အပြန်အလှန်ကြည့်သော်လည်း စာတွေကိုတကယ်နားမလည်....
ပန်းစည်းလေးကိုကြည့်သော်လည်း ဘာမှထပ်ပါမလာ....
ပန်းစည်းအဝါရောင်လေးနဲ့ ထူးဆန်းသောစာတွေပါသည့် Postcardလေးက Johnဆီပဟေဋိဆန်စွာရောက်လာသည်။
Postcardလေးကို ကြည့်နေရာမှ အိပ်ခန်းထဲကဖုန်းသံကြောင့် Postcardလေးနဲ့ပန်းစည်းကို စားပွဲပေါ်တင်ကာ အခန်းထဲဝင်ခဲ့လိုက်သည်။
Postcardထဲကစာလေးကတော့....
"J Efdmbsf Xbs Po Zpv Kpio"
Gspn Xboh....
........................
"အဝါရောင် Tansy ပန်းတွေက ငါမင်းကိုစစ်ကြေငြာတယ်တဲ့....
ဒီပန်းကိုပေးပြီး ငါမင်းကိုတစ်ခုပြောမယ်
မင်းနဲ့ငါရဲ့စစ်ပွဲကို အခုကစပြီးဆင်နွှဲကြမယ်
ရှုံးတဲ့သူကထွက်သွားကြေး...."
........................
To. Be.Continued~~
||201027||
#AhHnin
{Zawgyi}
လြန္ခဲ့ေသာ12ႏွစ္....
ေမွာင္မည္းေနေသာအခန္းတစ္ခန္း....
ေသြးမ်ားစြာႏွင့္လဲက်ေနေသာ လူႏွစ္ေယာက္....
အခန္းေထာင့္ကဗီ႐ိုနဲ႔နံရံၾကားေနရာေလးမွာ ဒူးပိုက္လို႔ငိုယိုေနေသာ 12ႏွစ္အရြယ္ကေလးတစ္ေယာက္....
မရိွေတာ့ဘူး ဟူေသာတီးတိုးေရရြတ္သံႏွင့္ ငိုရွုိက္သံေသးေသးေလးကလႊဲ ဘာသံမွမၾကားရေသာအခန္း....
အျဖစ္အပ်က္တစ္ခုက ကေလးငယ္တစ္ေယာက္အတြက္ စိတ္ဒဏ္ရာႀကီးႀကီးမားမားျဖစ္ဖို႔ လံုေလာက္ေလရဲ႕.....
.♡ ♡ ♡.
ရိေပၚဦးေလးအေျပးေရာက္လာခ်ိန္မွာ ဘာဆက္လုပ္သင့္ေၾကာင္း ေဟာက္ရြမ္းတို႔တိုင္ပင္တယ္။
ရိေပၚက ဘာအတြက္ေၾကာင့္ ဒီေလာက္ထိကမာၻပ်က္လာမွန္း အတိအက်မသိေတာင္ ဦးေလးမေရာက္လာေသးခင္ ဝင္လာေသာPhone callႏွစ္ခုေၾကာင့္ ရိပ္စားမိလာတယ္။
ပထမဆံုးPhone Call Johnရဲ႕ေခၚဆိုမႈမွာ သူတို႔ထင္တဲ့အတိုင္းျဖစ္ေၾကာင္း လက္ခံလိုက္ရတယ္....
ဒုတိယအႀကိမ္ေ႐ွာင္းက်န္႔ေကာရဲ႕ ေခၚဆိုမႈေနာက္မွာေတာ့....
ရိေပၚအတြက္အႏၱရာယ္ရိွႏိုင္သူမွာ ပူပူေႏြးေႏြးခ်စ္သူႏွစ္ေယာက္ျဖစ္ေၾကာင္း အျပည့္အဝလက္ခံရျပန္တယ္။
ဒါေၾကာင့္ ေဟာက္ရြမ္းတို႔ရဲ႕ေနာက္ဆံုး ဆံုးျဖတ္ခ်က္က ရိေပၚကိုသူတို႔နဲ႔ေဝးရာကို ေခၚထုတ္သြားဖို႔ပဲ....
ဘယ္လိုနည္းနဲ႔မွ ေဟာက္ရြမ္းတို႔ ရိေပၚရဲ႕ပံုရိပ္ကို ျပန္မျမင္ခ်င္....
ေဟာက္ရြမ္းတို႔ဆံုးျဖတ္ခ်က္ကို ရိေပၚေတာ္ရံုနဲ႔လက္ခံမွာမဟုတ္ေၾကာင္းသိတယ္။
ဒါမဲ့ ေဟာက္ရြမ္းတို႔က ရိေပၚကိုရေအာင္ေခၚထုတ္သြားမယ္။
ဒီနဲ႔ေဝးတဲ့ေနရာကို....
ဒါကရိေပၚအတြက္ အေကာင္းဆံုးနည္းလမ္းပဲ....
သူ႔ကိုျပန္မခ်စ္ႏိုင္မဲ့ သူနားမွာေနၿပီး ရိေပာ္တေျမ့ေျမ့နဲ႔ခံစားေနရမည္ကို ေဟာက္ရြမ္းတို႔ကၾကည့္မေနႏိုင္....
ျပန္မခ်စ္ႏိုင္မဲ့သူနားမွာ ရိေပၚကိုေနခြင့္ျပဳလိုက္ၿပီး ဟိုးအရင္ကပံုရိပ္ဆီကို ရိေပၚတျဖည္းျဖည္းျပန္သြားေနမည္ကို ခြင့္မျပဳႏိုင္....
ဒါေၾကာင့္ရိေပၚကို အခ်စ္နဲ႔ေဝးရာကိုေခၚထုတ္သြားမယ္....
မလြယ္မွန္းသိေတာင္ ရိေပၚအတြက္ ေဟာက္ရြမ္းတို႔ႀကိဳးစားမယ္....
ဒါကေဟာက္ရြမ္းတို႔ရဲ႕ ေနာက္ဆံုးဆံုးျဖတ္ခ်က္ပင္....
ဘာစကားမွဆက္မေျပာမိဘဲ ေဟာက္ရြမ္းတို႔သံုးေယာက္လံုး ဆိုဖာေပၚမွာသာ တိတ္တိတ္ေလးထိုင္ေနမိသည္။
အေတြးကိုယ္စီ စိတ္ပူမႈကိုယ္စီျဖင့္....
ရိေပၚရဲ႕ဦးေလးလည္း အရမ္းစိတ္ပူေနပံုရသည္။
အက်ႌကိုေတာင္ထပ္မဝတ္ႏိုင္ဘဲ လက္ကေနဆြဲကာ အေျပးေရာက္လာသည္ကိုျမင္ရံုႏွင့္ သိႏိုင္သည္။
အပ္က်သံေတာင္ၾကားရႏိုင္သည့္တိုက္ခန္းထဲ ရိေပၚရိွေနသည့္အခန္းက လႈပ္႐ွားသံသဲ့သဲ့ကထြက္လာေလသည္။
တိုင္ပင္ထားျခင္းမရိွဘဲ သံုးေယာက္လံုးထိုင္ေနရာမွထကာ အခန္းထဲေျပးဝင္လိုက္သည္။
ႏိုးလာပံုရေသာရိေပၚက ပံုမွန္ပံုစံသာျဖစ္ေနလို႔ ေဟာက္ရြမ္းတို႔သက္ျပင္းခိုးခ်ရသည္။
ေတာ္ပါေသးရဲ႕....
"ရိေပၚ..."
"ဦးေလးကဘယ္လို..အင့္.."
သူ႔ဦးေလးရဲ႕ေပြ႔ဖက္မႈၾကားကေန ဘာျဖစ္တာလဲဟူေသာသေဘာျဖင့္ ေဟာက္ရြမ္းတို႔ကိုၾကည့္လာသည္။
ရိေပၚဒီတိုက္ခန္းကို ဘယ္လိုေရာက္လာတယ္ဆိုတာေတာင္မွတ္မိေသးရဲ႕လား....
"ဦးေလး..ဘာလို႔ငိုေနတာလဲ မငိုနဲ႔တိတ္တိတ္"
"ရိေပၚ..သားဦးေလးနဲ႔အဂၤလန္ကိုလိုက္ခဲ့..အဲ့မွာပဲေက်ာင္းဆက္တက္ပါ"
"ဘာလို႔..."
"သား..ဘာျဖစ္လဲကိုယ့္ဟာကိုယ္စဥ္းစားၾကည့္..သားအေျခအေနသားသိတယ္မလား ဒါေၾကာင့္လိုက္ခဲ့ပါ"
"ဦးေလး ကိုကိုကကြၽန္ေတာ့္အပိုင္ျဖစ္ရမွာ"
"မျဖစ္ႏိုင္ေတာ့ဘူးသား..သူကသက္ဆိုင္သူရိွေနၿပီ"
"ဟင့္အင္း ကြၽန္ေတာ္မေပးဘူး ကိုကိုကကြၽန္ေတာ့္အတြက္ပဲ ကိုကို႔ကိုျပန္ယူေပးေလေနာ္"
"ေ႐ွာင္းက်န္႔ကသားကိုမခ်စ္ဘူး ဒါေၾကာင့္သားလည္းသူ႔ကိုေမ့ပစ္လိုက္ပါ"
ဦးေလးရဲ႕စကားမွန္တယ္...ကိုကိုကရိေပၚကိုမခ်စ္ဘူး....
ရတယ္..ကိုကိုမခ်စ္လဲရတယ္ ကြၽန္ေတာ္ကခ်စ္ေနရင္ရၿပီ...ကိုကို႔ကိုကြၽန္ေတာ္Johnရဲ႕လက္ထဲက ျပန္ယူမွာ....
ကြၽန္ေတာ္ကခ်စ္သူႏွစ္ေယာက္ကို ခြဲဖို႔ၾကံစည္ေနတဲ့Villainနဲ႔တူေနရင္ေတာင္ ကိုကို႔ကိုပိုင္ဆိုင္ဖို႔ဆို ကြၽန္ေတာ္ကေက်ေက်နပ္နပ္Villainအျဖစ္ခံမွာ....
အခ်ိန္တစ္ခုက်ရင္ ကိုကိုကကြၽန္ေတာ့္ဆီျပန္ေရာက္လာရမွာ....
ကိုကို႔ကိုျပန္ရဖို႔ ကြၽန္ေတာ္ႀကိဳးစားရမယ္....
"ကြၽန္ေတာ္လက္ခံတယ္ ကြၽန္ေတာ္လိုက္မယ္ ဒါမဲ့ကြၽန္ေတာ့္ကိုအခ်ိန္တစ္ပတ္ေပး..."
လြယ္လင့္တကူလက္ခံလိုက္ေသာရိေပၚေၾကာင့္ ေဟာက္ရြမ္းတို႔ေတြအံ့ဩကာ ရိေပၚကိုၾကည့္လာၾကသည္။
ရိေပၚဘက္ကလြယ္လြယ္ေလး လက္ခံမယ္လို႔မထင္ထားခဲ့ေသာေၾကာင့္....
"ဒါမဲ့ဦးေလးေကာ ေဟာက္ရြမ္းတို႔ေကာ ကြၽန္ေတာ္ေတာင္းဆိုတာလုပ္ေပးရမယ္..."
ကြၽန္ေတာ္ထြက္သြားဖို႔ၾကံစည္တာက ပထမဆံုးေျခလွမ္းပဲ....
.♡ ♡ ♡.
"ကိုကိုကြၽန္ေတာ္စိတ္ဆိုးေျပတာ လိုခ်င္လား..လိုခ်င္ရင္ကြၽန္ေတာ့္ကိုငါးရက္အခ်ိန္ေပး...ကိုကိုအလုပ္လည္းမသြားရဘူး ဘယ္မွမသြားရဘူး အဲ့ငါးရက္လံုးကြၽန္ေတာ္နားမွာရိွေပးၿပီး ကြၽန္ေတာ္ေတာင္းဆိုတာအကုန္လိုက္ေလ်ာေပး ဒါဆိုကြၽန္ေတာ္စိတ္ဆိုးေျပမယ္"
"အဲ့လိုလုပ္ေပးရင္ ရိေပၚကေကာကိုတကယ္စိတ္ဆိုးေျပမွာလား ေနာက္ၿပီးေကာနဲ႔Johnကိုလက္ခံေပးမွာလား..."
"ဒါေပါ့..."
"Ommေကာလိုက္ေလ်ာေပးမယ္.."
"ကတိေနာ္ အဲ့ငါးရက္ဘယ္သူနဲ႔မွသြားမေတြ႔ရဘူး အလုပ္ကိစၥလည္းမရိွရဘူး ေနာက္ဆံုးJohnနဲ႔ေတာင္သြားမေတြ႔ရဘူး"
"အာ..အြန္းေကာလက္ခံတယ္"
"ဒါဆိုမနက္ျဖန္စမယ္..အခုေတာ့ကိုကိုလုပ္စရာရိွတာလုပ္ေလ...ကြၽန္ေတာ္လည္းေဟာက္ရြမ္းတို႔ဆီ ခဏသြားမယ္"
"Ommဂ႐ုစိုက္သြားေနာ္..."
ျပံဳးရႊင္စြာထြက္သြားေသာ ကိုကိုရဲ႕ေက်ာျပင္ကိုၾကည့္ၿပီး အျပံဳးတစ္ပြင့္ကိုဆင္ျမန္းလိုက္သည္။
နာနာက်င္က်င္အျပံဳး....
ကြၽန္ေတာ္ကလက္ခံေပးမယ္ဆိုတာနဲ႔ ကိုကိုကအဲ့ေလာက္ေတာင္ေပ်ာ္တယ္ေပါ့....
ကိုကိုကJohnကို သိပ္ခ်စ္တာပဲလား....
"ရိေပၚမင္းတကယ္ဆံုးျဖတ္လိုက္ၿပီလား..."
"Omm..."
လက္ထဲကခြက္ကိုလႈပ္ၾကည့္ၿပီး ေရခဲတုံုးအရည္ေပ်ာ္ေနတာကို ၾကည့္ေနမိသည္။
ကိုကိုသိလား....
ကြၽန္ေတာ့္ႏွလံုးသားကလည္း ဒီဖန္ခြက္ထဲကေရခဲတံုးလိုပဲ ပူေလာင္မႈေၾကာင့္ တစ္စက္စက္အရည္ေပ်ာ္ေနၿပီ....
"ငါမလုပ္ေစခ်င္ဘူးရိေပၚ..."
"ဖန္႐ွင္း...ငါ့ဘဝမွာကိုကိုမရိွရင္မျဖစ္ဘူး ကိုကိုေၾကာင့္ငါ႐ွင္သန္ေနရသလိုပဲ ကိုကို႔ကိုမရလို႔ငါအသက္မေသႏိုင္ပင္မဲ့ ငါ့ဘဝကေသလိမ့္မယ္ မင္းအဲ့လိုျဖစ္ေစခ်င္လား"
"ရိေပၚ...ဒါကအဆံုးသတ္ေကာင္းလိမ့္မယ္လို႔ မင္းထင္ေနလား"
"ငါစတင္တဲ့ဇာတ္လမ္းပဲ ငါေရးတဲ့ဇာတ္မွာ လွပတဲ့အဆံုးသတ္ရိွေနေစရမယ္"
"မင္းအဲ့လိုလုပ္ရင္ နာက်င္ရမွာမင္းကိုကိုအပါအဝင္ေနာ္..."
"ေဟာက္ရြမ္း...ငါကေကာမနာက်င္ေနဘူးလို႔မင္းထင္လား"
"ဒီတိုင္းသူတို႔ကိုလႊတ္ထားေပးလိုက္ပါ မင္းလည္းထြက္သြားၿပီးအသစ္ျပန္စေလ သူ႔ကိုလည္းေမ့ပစ္"
"မျဖစ္ႏိုင္ဘူး ကိုကိုကပဲငါ့ႏွလံုးသားရဲ႕ ပိုင္႐ွင္"
"မင္းဒါကိုစလိုက္တာနဲ႔ အကုန္နာက်င္ရမွာေနာ္ မင္းေရာမင္းကိုိကုိေရာJohnေရာ..."
"ဟက္..ငါတစ္ေယာက္တည္းမနာက်င္ရေတာ့ဘူးေပါ့"
"ရိေပၚမင္းျပန္..."
"ေတာ္ေတာ့ကြာ မင္းတို႔မကူညီႏိုင္ရင္ျပန္..ငါ့ကိုတရားမခ်ၾကနဲ႔ ငါဆံုးျဖတ္ၿပီးၿပီ..မင္းတို႔မကူညီရင္ေတာင္ ငါတစ္ေယာက္တည္းရေအာင္လုပ္မွာ"
"ငါတို႔ကူညီမွာပါ..."
"ဒါဆိုစကားမမ်ားနဲ႔..."
"မင္းတကယ္ပဲငါတို႔ကို မလိုက္ေစခ်င္တာလား..မင္းတစ္ေယာက္တည္း တကယ္သြားခ်င္တာလား"
"Ommငါတစ္ေယာက္တည္းသြားမွာ ငါအဲ့မွာအားလံုးကိုစတင္မယ္...မင္းတို႔ကဒီမွာပဲေနၿပီး ကုိကိုတို႔အေၾကာင္းေတြျပန္ေျပာျပေပါ့"
"ေအးပါ...ဘာလို႔ခ်က္ခ်င္းမသြားတာဘဲ အခ်ိန္တစ္ပတ္ယူတာလဲ"
"အတည္ျပဳစရာတစ္ခုရိွလို႔....ကဲပါျပန္ရေအာင္ငါလုပ္စရာတစ္ခုရိွေသးတယ္ ေနာက္ေန႔ဆိုအခ်ိန္မရလို႔ ဒီေန႔လုပ္ရမွာ"
"Omm..."
လက္ထဲကအရည္ခါးခါးေတြကို အကုန္ေမာ့ေသာက္လိုက္ၿပီး Barအျပင္ကိုထြက္ခဲ့လိုက္သည္။
ကိုကိုေၾကာင့္ ကြၽန္ေတာ္ေတာင္ လူဆိုးေလးျဖစ္ေနၿပီ....
"ငါ့ကိုပန္းဆိုင္တစ္ဆိုင္ကိုပို႔ေပးေဟာက္ရြမ္း..."
"ပန္းဆိုင္ဘာလုပ္ဖို႔လဲ..."
"ပန္းဝယ္မလို႔ေလ..."
"မင္းကပန္းကိုဘာလုပ္မွာလဲ...မင္းကပန္းလည္းမႀကိဳက္ဘဲနဲ႔"
"မ႐ွည္နဲ႔ေဟာက္ရြမ္းရာ ပို႔သာပို႔ေပး..ေရာက္ရင္ငါ့ကိုႏိုး"
ေျပာၿပီးခ်က္ခ်င္း မ်က္လံုးမွိတ္ကာကားမွန္ကို မွီခ်လိုက္ေသာရိေပၚကိုၾကည့္ၿပီး ေဟာက္ရြမ္းတို႔မွာသက္ျပင္းခ်ရံုသာတတ္ႏိုင္ေတာ့သည္။
ရိေပၚျပန္ႏိုးလာကတည္းက ေျပာင္းလဲသြားတယ္....
အရင္လိုေပါ့ပါးသြက္လက္တဲ့သူမဟုတ္ေတာ့ဘဲ ပိုတိတ္ဆိတ္သြားတယ္....
ျပန္ႏိုးလာတာတစ္ရက္ေတာင္မျပည့္ေသးပင္မဲ့ အေၾကာင္းကိုသိသူေဟာက္ရြမ္းတို႔က ရိေပၚရဲ႕ေျပာင္းလဲမႈကိုရိပ္မိတယ္....
ရိေပၚရဲ႕အၾကံအစည္ကို သိပ္သေဘာမက်ပင္မဲ့ ရိေပၚစိတ္ႀကိဳက္သာ ေဟာက္ရြမ္းတို႔လိုက္ေလ်ာေပးမည္။
ရိေပၚကို ေဟာက္ရြမ္းတို႔ေပ်ာ္ေစခ်င္သည္။
ဒါကJohnတို႔အတြက္မတရားရင္ေတာင္ ေဟာက္ရြမ္းတို႔ကရိေပၚေျပာသမွ်လုပ္ေပးမည္သာ....
"ေရာက္ၿပီ ရိေပၚ"
"Ommခဏေစာင့္...ငါတစ္ေယာက္တည္းသြားလိုက္မယ္"
"ရလို႔လား"
"Ommရတယ္...."
ကားေပၚကဆင္းသြားေသာရိေပၚ ေနာက္ေက်ာကိုလိုက္ၾကည့္ၿပီး ဖန္႐ွင္းနဲ႔ေဟာက္ရြမ္းအခ်င္းခ်င္းၾကည့္မိသည္။
"ရိေပၚဘာေတြလုပ္ေနတာလဲငါမစဥ္းစားတတ္ေတာ့ဘူးေဟာက္ရြမ္း"
"ငါလည္းအတူတူပဲ...အားလံုးကိုအဆင္ေျပေစခ်င္တယ္"
"သူ႔ကိုဒီကထြက္သြားေစခ်င္ပင္မဲ့ ဒီပံုစံဒီအေျခအေနနဲ႔မဟုတ္ဘူး...ဘာအၾကံအစည္ေၾကာင့္နဲ႔မွမဟုတ္ဘဲ လြတ္လြတ္လပ္လပ္ထြက္သြားေစခ်င္တာ...အခုေတာ့..."
သူတို႔ဘယ္သူ႔ကိုအျပစ္တင္သင့္လဲ....
အခ်စ္ႀကီးတဲ့ရိေပၚကိုလား....
ရိေပၚကိုမခ်စ္တဲ့ေ႐ွာင္းက်န္႔ေကာကိုလား....
ဒါမွမဟုတ္အဆင္ေျပေနတဲ့ ရိေပၚတို႔ၾကား ဝင္ေရာက္လာတဲ့ John ကိုလား....
ဘယ္သူ႔ကိုမွ အျပစ္တင္လို႔မရေသာအခါ ကံၾကမၼာေၾကာင့္လို႔သာ ယိုးမယ္ဖြဲ႔ရေတာ့တာပဲ....
အဝါေရာင္ပန္းစည္း တစ္ေပြ႔ႀကီးနဲ႔ျပန္ေရာက္လာေသာ ရိေပၚကကားထဲေရာက္ေတာ့ Postcardထဲမွာတစ္ခုခုေရးၿပီး ပန္းစည္းထဲေသခ်ာထားေနေလသည္။
"အဲ့ပန္းကဘာလုပ္ဖို႔လဲ ၿပီးေတာ့ဘာေတြေရးေနတာလဲရိေပၚ"
"ပန္းကတစ္စံုတစ္ေယာက္အတြက္လက္ေဆာင္..."
"တစ္စံုတစ္ေယာက္..ဘယ္သူလဲ"
"Johnရဲ႕တိုက္ခန္းကိုလိုက္ပို႔ေပးေဟာက္ရြမ္း..."
"Johnအတြက္လားရိေပၚ..."
"သူ႔ဆီသြားမွာေလ အဲ့ေတာ့သူ႔အတြက္ေပါ့"
"အဲ့တာဘာပန္းလဲ..."
"Tansy~~~"
"ဟုတ္လားအစ္ကို...ဒါဆိုရိေပၚကကြၽန္ေတာ့္ကိုစိတ္မဆိုးဘူးေပါ့"
"....."
"ေတာ္ပါေသးရဲ႕...ကြၽန္ေတာ္ကစိတ္ဆိုးေနၿပီထင္တာ...Ommအခ်ိန္ေပးလိုက္ပါ ကြၽန္ေတာ္အဆင္ေျပတယ္"
"....."
"ရပါတယ္...အဲ့ငါးရက္ၿပီးမွေတြ႔ၾကမယ္ေလ..."
"....."
"ဟုတ္..ဟုတ္ဒါပဲေနာ္အစ္ကို"
အစ္ကိုနဲ႔ဖုန္းေျပာၿပီး Johnအိပ္ယာေပၚလဲခ်လိုက္မိသည္။
ေတာ္ပါေသးရဲ႕...ရိေပၚကသူ႔ကိုမမုန္းလို႔....
ရိေပၚခ်စ္ေနတဲ့သူကို Johnကလုယူမိသလိုျဖစ္ေနလို႔ Johnရိေပၚကိုအားနာေနရသည္။
သူလည္းအစကေတာ့ အစ္ကို႔ကိုေ႐ွာင္ဖယ္ဖို႔ႀကိဳးစားပါေသးသည္။
ဒါမဲ့ႏွလံုးသားဆႏၵကို မ်က္ကြယ္ျပဳဖို႔ရာမျဖစ္ႏိုင္ေတာ့လို႔ လက္ခံလိုက္မိျခင္း....
တစ္ရက္ရက္က်မွ ရိေပၚကိုေသခ်ာေတာင္းပန္ေတာ့မည္....
တိုက္ခန္းတံခါးေခါက္သံေၾကာင့္ လဲေနရာမွထကာ တံခါးသြားဖြင့္လိုက္သည္။
တံခါေ႐ွ႕မွာ အဝါေရာင္ပန္းစည္းကိုကိုင္ထားေသာ ကေလးေလးကို ေတြ႔လိုက္ရသည္။
"ကေလး..ဘာကိစၥရိွလို႔လဲ"
"ဒါကိုဒီအခန္းက အစ္ကိုႀကီးကိုေပးေပးပါဆိုလို႔..သားလာေပးတာ"
"အစ္ကို႔အတြက္...ဘယ္သူေပးတာလဲ"
"တိုက္ေအာက္က လံုျခံဳေရးဦးေလးႀကီးက သူ႔ကိုေပးေပးဖို႔ေျပာတာကို ကိစၥေပၚလာလို႔ သားကိုတစ္ဆင့္ျပန္ေပးခိုင္းတာ"
"ဟုတ္လား ေက်းဇူးပဲေနာ္...မုန္႔စားအံုးမလားကေလး"
"မစားေတာ့ဘူး သားကိုမုန္႔ဖိုးေပးလိုက္တယ္"
"ဟုတ္ပါၿပီ...ေပးအစ္ကို႔ကို"
"ဟုတ္...သားသြားေတာ့မယ္"
ကေလးေလးလက္ထဲကပန္းစည္းကို ယူလိုက္ၿပီးတံခါးျပန္ပိတ္လိုက္သည္။
အဝါေရာင္ပန္းေလးေတြက ဘာပန္းေတြမွန္းJohnမသိေပ....
ပန္းေတြနဲ႔ပတ္သက္ရင္ Johnက ႏွင္းဆီတို႔ Tulipတို႔ေလာက္သာ သိေသာေၾကာင့္....
ဆိုဖာေပၚမွာဝင္ထိုင္ၿပီး ပန္းစည္းထဲကPostcardေလးကို ဖြင့္ၾကည့္လိုက္သည္။
အဂၤလိပ္စာလံုးေတြ ေရးထားတာမွန္ေသာ္လည္း Johnနားမလည္ေပ....
"Umm...ဘာေတြလဲ စာေကာဟုတ္ရဲ႕လား"
Postcardေလးကို အျပန္အလွန္ၾကည့္ေသာ္လည္း စာေတြကိုတကယ္နားမလည္....
ပန္းစည္းေလးကိုၾကည့္ေသာ္လည္း ဘာမွထပ္ပါမလာ....
ပန္းစည္းအဝါေရာင္ေလးနဲ႔ ထူးဆန္းေသာစာေတြပါသည့္ Postcardေလးက Johnဆီပေဟဋိဆန္စြာေရာက္လာသည္။
Postcardေလးကို ၾကည့္ေနရာမွ အိပ္ခန္းထဲကဖုန္းသံေၾကာင့္ Postcardေလးနဲ႔ပန္းစည္းကို စားပြဲေပၚတင္ကာ အခန္းထဲဝင္ခဲ့လိုက္သည္။
Postcardထဲကစာေလးကေတာ့....
"J Efdmbsf Xbs Po Zpv Kpio"
Gspn Xboh....
........................
"အဝါေရာင္ Tansy ပန္းေတြက ငါမင္းကိုစစ္ေၾကျငာတယ္တဲ့....
ဒီပန္းကိုေပးၿပီး ငါမင္းကိုတစ္ခုေျပာမယ္
မင္းနဲ႔ငါရဲ႕စစ္ပြဲကို အခုကစၿပီးဆင္ႏႊဲၾကမယ္
ရံႈးတဲ့သူကထြက္သြားေၾကး...."
........................
To. Be.Continued~~
||201027||
#AhHnin