Part - 7

2.4K 298 65
                                    

{Unicode}

ဒီနေ့ကငါးရက်မြောက်နေ့....

သူကိုကို့ဆီကတောင်းထားတဲ့ ရက်နောက်ဆုံးရက်....

ပြောစရာမလိုအောင် ဒီငါးရက်အတွင်းကိုကိုက သူ့ကိုဂရုစိုက်ပေးအလိုလိုက်ပေးသော်လည်း ရိပေါ်ဟာအရင်လိုပျော်မနေခဲ့....

အရင်ဆိုကိုကို့ရဲ့ဂရုစိုက်မှုတွေကြောင့် သူရင်ခုန်ကောင်းရင်ခုန်လိမ့်မည်။

သို့သော် အခုကျဒီဂရုစိုက်မှုကကိုကိုနဲ့Johnအတွက်ကြောင့်လို့ တွေးမိတိုင်းရင်နာရတာမလို့....

လမ်းမပေါ်မှာ အရှိန်နဲ့ပြေးနေတဲ့ရိပေါ်မောင်းနှင်ရာ ဆိုင်ကယ်က လူရှင်းတဲ့နေရာအရောက် လမ်းပေါ်ကိုတမင်မှောက်ချခြင်းခံလိုက်ရသည်။

အရှိန်နဲ့မို့နှစ်ပတ်သုံးပတ်လောက်လိမ့်သွားသော်လည်း ရိပေါ်ထူးပြီးနာမကျင်မိပေ....

ဆိုင်ကယ်မှောက်ချိန်တစ်ပြိုင်နက် ဦးထုပ်ကိုချွတ်လိုက်တာကြောင့် စီးကပ်ကပ်အရည်တွေက ကျဆင်းလာသည်။

အတည်ပြုချင်သောအရာတစ်ခုကြောင့် လုပ်ခဲ့မိသောလုပ်ရပ်ကို နောင်တမရ....

လိုချင်တဲ့အခြေအနေရတာနဲ့ ကိုယ့်ဟာကိုယ်ပြန်ထကာ ဦးထုပ်ပြန်ဆောင်းလို့ ဆေးရုံကိုသွားသည်။

ဆေးရုံကကုသမှုလုပ်ပေးပြီး အခန်းထဲရောက်ချိန် ကိုကို့ဆီသာမက ဟောက်ရွမ်းတို့ဆီပါဖုန်းဆက်လိုက်သည်။

ကိုကို့ကိုတော့ လာခဲ့ခိုင်းဖို့ဖြစ်ပင်မဲ့....

ဟောက်ရွမ်းတို့ကိုတော့ ပြောထားသည်ကိုလုပ်ပေးဖို့ လှမ်းပြောခြင်း....

ပြီးတာနဲ့ ခပ်အေးအေးသာကုတင်ပေါ် လှဲအိပ်နေလိုက်သည်။

ရောက်လာမည့်အသံကိုနားစွင့်ရင်း....

"ရိပေါ်....!!!"

မှေးကနဲအိပ်ပျော်သွားချိန် အလန့်တကြားဝင်လာသံကြောင့် ပြန်လန့်နိုးရသည်။

ဒဏ်ရာတွေကိုဆေးထည့်ချိန်တောင် မျက်နှာတစ်ချက်မပျက်ခဲ့တဲ့ဝမ်ရိပေါ်ဟာ ဝါရင့်သရုပ်ဆောင်တစ်ဦးပမာ ကိုကို့ကိုမြင်လိုက်တာနဲ့ ချက်ချင်းမျက်ရည်တွေဝေ့သီပြီး အရမ်းကိုနာကျင်နေသယောင်ဖြစ်သွားခဲ့သည်။

Ending Of VillainWhere stories live. Discover now