zawg
"ကိုကို "
"ဗျာ..."
"ပိုးကိုချစ်လား "
"မရှိပါဘူးပိုးရဲ့"
"ရေး...ဒါမှတို့ကိုကိုကွ "
"ဧပရယ် ဘယ်လိုဖြစ်ပြီး"
"ကဲ ပြောဘာကိစ္စ"
"ဘယ်ကောင်လေးလဲ"
"မာန်ပြောပြတာမလား "
"ငါဘာမှမဖြစ်ဘူး "
ဲံ"ပိုးအတွက်ဆိုငါဘယ်လောက်ကျင်ပါစေ ခံနိုင်တယ် အပြစ်ရှိသူတွေကိုတော့အပြစ်ပေးရမှာပဲ"
"ဘာ..."
"ဘုန်းထွဋ်..."
"ဟင်..."
အလင်းစုံရှင်းပြလိုက်သောအခါ ဧပရယ်ပြောစရာစကားမရှိတော့ဘဲ အထင်လွဲမိသည့်အတွက်အားနာ၍မျက်နှာညိုးရသည်။
"မှီပါသေးတယ်ဘုန်းထွဋ်ရယ် အခုအချိန်မှီပါသေးတယ် "
"ဘယ်သူလဲ "
"...."
"ဗျာ..."
"ခိုကိုး ခိုကိုး "
"ဘာ..."
"ဖိုးခွား"
ဖက်မိုးထားသောအိမ်ကလေးတစ်ခုတွင်သူသည်၎နှစ်အရွယ်ကလေးတစ်ယောက်ကိုထမင်းခွန့်ကျွေးနေ၍ထိုကလေးသည်လည်းသနပ်ခါးဘေးကြားဖြင့် ချစ်စရာကောင်းအောင်ပြုံးပြလျက်
"အမေကသားကို"
&&&&&&&&
uni
ကိုကြီးရဲ့ကောင်လေး အပိုင်း (၂၈)
"ကိုကို "
"ဗျာ..."
ကုတင်ထပ်တွင်ဆောင်လေးရင်အထိခြုံကာလဲလျောင်း၍အိပ်မပျော်ဘဲရစ်နေသော ပိုးသားကို ဘုန်းထွဋ်ချော့သိမ့်ရန်ဘေးမှနေ၍ စကားပြောပေးနေလျက်
"ပိုးကိုချစ်လား "
ိသိချင်စိတ်ပြင်းပြကာမျက်လုံးဝိုင်းဝိုင်းလေးဖြင့် မေးလေးမော့ကာမေးနေသဖြင့်
"ချစ်တာပေါ့ ကိုယ့်မှာဒီညီမလေးတစ်ယောက်ထဲရှိတာ "
ပိုး၏နဖူးထပ်ဆံပင်များကိုအသာသပ်ချပေးကာ လေပြေလေးဖြင့်ပြန်ဖြေသောအခါသူသွားထပ်လေးပေါ်အောင်ပြုံးရီနေလေသည်။
"ကိုကိုမှာချစ်သူရှိနေပြီလားဟင်"
ထိုအမေးကြောင့် သူအကြည့်များဘေးလွဲကာခဏတွေဝေနေပြီး နောက်မှပိုးသားကိုပြန်ကြည့်ကာဟန်ဆောင်အပြုံးလေးဖြင့်
"မရှိပါဘူးပိုးရဲ့"
"ဟွန်... ဘာလို့မရှိတာလဲ ပိုးယောင်းမလိုချင်တယ်"
"ပိုးရယ် ကိုကိုမှာဒီညီမလေးတစ်ယောက်တောင်ချစ်မဝတာ ဘယ်သူ့ကိုထပ်ချစ်ရမှာလဲ"
"ဒါဆိုကိုကိုချစ်သူရခဲ့ရင် ပိုးနဲ့ကိုကို့ချစ်သူ ဘယ်သူ့ကိုရွေးမှာလဲဟင်"
ပိုးမေးလာသောမေးခွန်းများသည် သူ့ကိုအခက်တွေ့စေမှာအမှန်ပင်။သူပိုးကိုအတွေးကင်းမဲ့သောအကြည့်များဖြင့်စိုက်ကြည့်နေကာ ပိုးလည်းအားကိုးတကြီးပြန်ကြည့်နေလေသည်။ဘုန်းထွဋ်ကြည့်နေရင်းမှမျက်တောင်တစ်ချက်ခက်လိုက်ပြီး သက်ပြင်းလေးကိုပိုးမကြားအောင်ညင်သာစွာချလိုက်သည်။
"ပိုးကနံပါတ်တစ်ပဲလေ ပိုးကိုပဲရွေးမှာပေါ့"
"ရေး...ဒါမှတို့ကိုကိုကွ "
ပျော်ရွှင်စွာအ်ကိုဖြစ်သူကိုလှမ်းဖက်လိုက်သဖြင့် ဘုန်းထွဋ်လည်းသူ့ကိုအလိုက်သင့်ပြန်ဖက်လိုက်ပြီး ပါးလေးကိုအသာဆွဲညစ်လိုက်၏။
"ပိုးရော ဘယ်သူ့ကိုရွေးမှာလဲ"
သူကိုပြန်မေးလာသောအခါ မသိချင်ယောင်ဆောင်ကာခေါင်းလေးအသာကုတ်ပြီးပါးစပ်ကိုလက်ဖြင့်အုပ်လျက်
"ဝါး...ပိုးအိပ်ချင်လာပြီ ကိုကိုနားတော့နော်"
သူသိပ်ချစ်ရသောညီမလေးမို့ မဖြေချင်သောမေးခွန်းကိုသူအတင်းမမေးလို။ထို့ကြောင့် အင်း ဟုပြော၍ပိုးကိုဆောင်အသာပြန်ခြုံပေးပြီးနဖူးလေးကိုနမ်းကာအခန်းပြင်သို့ထွက်သွားလိုက်၏။
အခန်းထဲအထွက် အပြင်တွင်ဧပရယ် ကိုရုတ်တရက်တွေ့လိုက်ရသဖြင့် သူအသက်ရှူရပ်မိလျက်လန့်သွားကာ
"ဧပရယ် ဘယ်လိုဖြစ်ပြီး"
ထူးဆန်းအံ့သြစွာမေးလိုက်၍ ဧပရယ်တစ်ယောက်သက်ပြင်းချကာ
"စကားလေးပါလေးပြောချင်လို့ "
ငြိမ်သက်နေသောအမူကိုကြည့်၍ ဘုန်းထွဋ်သဘောပေါက်ပြီးခေါင်းလေးတငြိမ်ငြိမ့်ဖြင့်ဧည့်ခန်းသို့ခေါ်သွားလိုက်၏။တိတ်ဆိတ်သောညအခါဆိုဖာပေါ်တွင်နှစ်ယောက်သားထိုင်လျက်
"ကဲ ပြောဘာကိစ္စ"
"နင်ဟိုကောင်လေးကိုပြသနာသွားရှာတယ်ဆို"
"ဘယ်ကောင်လေးလဲ"
မသိမလိုနေကာပြန်မေးနေသော်လည်း တည်ငြိမ်သောအကြည့်ဖြင့်စိုက်ကြည့်နေသောသူငယ်ချင်းဖြစ်သူကြောင့် သူနေရခက်လာပြီး
"ဟုတ်တယ် ဒါပေမယ့် ငါပြသနာသွားရှာတာမဟုက်ဘူး သူတို့ကပြသနာကိုအရင်ဖန်တီးတာ "
"အိမ်ထိနင်သွားပြသနာရှာစရာလိုလို့လား "
သူ၏အကြောင်းအကုန်သိနေသော ဧပရယ်ကိုမသင်္ခါစွာကြည့်၍
"မာန်ပြောပြတာမလား "
"ဘယ်သူပဲပြောပြပါ တော်ကြာဟိုကရဲတိုင်ရင်ဘယ်လိုလုပ်မလဲ "
စိတ်ပူကာ အမေပမာလာဆူပြီးထိန်းပေးနေသည်ကို သူစိတ်မရှည်တော့ပေ။
"တိုင်လဲတိုင်ပေါ့ငါကဘာကိုဂရုစိုက်ကမှာလဲ "
"အဲ့လိုမပြောနဲ့လေ ဘုန်းထွဋ်"
ထပ်ခါထပ်ခါတားဆီးနေသဖြင့် သူစိတ်ရှုပ်၍ဒေါသများထွက်လာပြီး
"ပိုးကိုဒုက္ခရောက်အောင်လုပ်တာဘယ်သူလဲ ...။နင်သိရဲ့သားနဲ့..."
ဆက်ခနဲမတ်တပ်ရပ်၍သူ၏အကျီးတန်သောမျက်ဝန်းများသည်တောက်လောင်လာပြီးအားမာန်တို့ဖြင့်ဟိန်းဟောက်လျက်
"သူဆိုတာသေချာလို့လား ပိုးကိုယ်တိုင်ကသူပါလို့ပြောနေလို့လား "
ဧပရယ်လည်း အချေအတင်ပြန်ပြောလိုက်ခါမှ သူအံ့သြစွာကြည့်၍
"ိနင်ငါ့သူငယ်ချင်းပါနော် "
ထိုအခါသူ ကျွတ်စ် ဟုဆိုကာစိတ်မရှည်စွာဖြင့်
"ငါ့သူငယ်ချင်းမို့လို့ဝင်ပြောနေတာ နင်ထိခိုက်မှာစိုးလို့ အခုတောင်နင်နာကျင်နေတယ်မလား"
ိစိတ်ပါလက်ပါအော်ပြောလိုက်မှ ဘုန်းထွဋ်နူတ်ခမ်းနှစ်ခုကိုဖိကပ်ထားပြီးနီရဲတက်လာသောမျက်ဝန်းများကိုမမြင်အောင်ခေါင်းလွဲထားလျက်
"ငါဘာမှမဖြစ်ဘူး "
"နင်ညာနေတာ တခြားသူကိုနင်လိမ်လို့ရချင်ရမယ် ငါနဲ့နင့်ရဲ့စိတ်ကိုလိမ်လို့ရမှာမဟုက်ဘူး"
ဲံံ"ပိုးအတွက်ဆိုငါဘယ်လောက်ကျင်ပါစေ ခံနိုင်တယ် အပြစ်ရှိသူတွေကိုတော့အပြစ်ပေးရမှာပဲ"
"နင်အဲ့လိုလုပ်နေမဲ့အစား ပိုးကိုနင်သေချာမေးကြည့်တယ် "
"ခိုကိုးရာဆိုတာသေချာနေတာကိုဘာကိုထပ်မေးရမှာလဲ "
"ပုံလေးတစ်ပုံနဲ့သူဆိုတာယုံကြည်နေရင် သူ့ဘေးကလူတွေကိုတော့နင်မမြင်ချင်ယောင်ဆောင်တယ်ပေါ့ "
"ဘာ..."
ထိုစကားကြောင့် တွေဝေသွားပြီး ပိုးဘေးနားမှသူများကိုစဉ်းစားမိ၍ ခဏအကြာသူသဘောပေါက်ကာ အံ့သြသောအကြည့်ဖြင့်မျက်ခုံးများတွန့်လာကာ
"ဧပရယ် နင် ငါ့ညီမာန်ကိုပါ"
မေးလိုက်သောအခါ သူငြိမ်သက်စွာနေ၍ဝန်ခံနေသဖြင့်
"တော်သေးတာပေါ့ နင်ငါ့ကိုပါသံသရမဝင်လို့"
ရွဲ့စောင်းကာပြောလိုက်သောစကားကြောင့် ဧပရယ်စိတ်ဆိုး၍
"ဘုန်းထွဋ်..."
ဆက်ပြောလာမည့်စကားကို အော်၍တားဆီးလျက်
"နင်ရော သူခြားသူတွေရော စွတ်စွဲနေသူတဲ့သူကပိုးနဲ့တစ်သွေးစီးတဲ့အကိုအရင်း ဒယ်ဒီနောက်မိန်းမတစ်ယောက်နဲ့ရတဲ့ကလေး သွေးအရင်းတွေဟ"
"ဟင်..."
ထိုအခါမှပါးစပ်အဟောင်းသားဖြင့်အံ့သြကာပြန်ကြည့်နေသဖြင့် ဘုန်းထွဋ်ခေါင်းလေးအသာငြိမ့်ပြလျက်
"ဟုတ်တယ် ပိုးကိုကိုယ်ဝန်စလွယ်ချိန်မှဒယ်ဒီကမာန်ကိုသူ့ကလေးမှန်းသိတာ မာမီသိမှာစိုးတဲ့အပြင် သိက္ခာတွေကြောင့် မာန်ကိုမွေးစားသားလို့အမည်တွင်လိုက်တာ။ ပိုးမွေးပြီးမာမီဆုံးတော့မာန်ရဲ့အမေကိုလာဖို့ခေါ်တယ် သူမလာခဲ့ဘူးဒါပေမယ့်မာန်ကိုပဲစောင့်ရှောက်ထားခိုင်းခဲ့တယ်။ မာန်ဘဝကအမေနဲ့ဝေးတဲ့အပြင်ကိုယ့်ဖေအရင်းအဖိုးရင်းတွေသိက္ခာကျမှာစိုးလို့ကိုယ့်ကိုယ်ကိုဆက်ပြီးမွေးစားကလေးလို့အနှိမ်ခံပြီးနေနေတာ။ အဲ့လိုကလေးမျိုးကဒီလိုလုပ်ရက်မျိုးကိုလုပ်မယ်လို့နင်ထင်လား"
အလင်းစုံရှင်းပြလိုက်သောအခါ ဧပရယ်ပြောစရာစကားမရှိတော့ဘဲ အထင်လွဲမိသည့်အတွက်အားနာ၍မျက်နှာညိူးရသည်။
"မွေးစားသားမို့လို့စွပ်စွဲမိတယ်ဆိုရင် ငါလဲမွေးစားသားပဲနင်ဘာလို့မစွပ်စွဲတာလဲ"
"ငါစွပ်စွဲတာမဟုက်ပါဘူး...။သံသရဝင်မိယုံပါ ။နင်ဘယ်သူ့သားပဲဖြစ်ဖြစ်ငါသံသရမဝင်ရက်ဘူး ။ငါအချစ်ဆုံးသူငယ်ချင်းမို့ငါနင့်ကိုယုံကြည်တယ်... ။နင်လည်းနင်ချစ်တဲ့သူအပေါ်မှာယုံကြည်သင့်တယ်"
ု"တော်လိုက်တော့ဧပရယ် ။ထပ်မဆက်လာနဲ့တော့ဒီမှာတင်ရပ်ပြီး နင်ပြန်တော့"
ကြံ့ခိုင်သောပုံစံဖြင့်မနာကျင်ယောင်ဟန်ဆောင်ထားသောသူငယ်ချင်းဖြစ်သူကိုကြည့်၍သူပါဝမ်းနည်းမိ၏။
"မိှီပါသေးတယ်ဘုန်းထွဋ်ရယ် အခုအချိန်မှီပါသေးတယ် "
စေတနာဖြင့်တားနေသည်ကိုသူသိသော်လည်း လက်မခံပေ။
"ဧပရယ် နင့်ကိုငါအိမ်ပြင်ဆွဲမထုတ်ချင်ဘူးနော် အခုပြန်တော့..."
မိမိကိုယ့်ကိုလိမ်ညာပြီးဧပရယ်ကိုအော်လွတ်ကာမောင်းထုတ်နေလျက်မျက်ဝန်းမှာလည်းနီရဲတောက်လောင်နေသည်။သူငယ်ချင်းဖြစ်သူလည်း သူ၏ဟိန်းဟောက်မူကိုကြောက်လန့်အံ့သြကာပြန်စိုက်နေမိသည်။ ထိုအချိန်တွင် ဘုန်းထွဋ်နှလုံးသားတစ်ခုလုံးမီးလှောင်မြိုက်စေသော ဖုန်းနံပါတ်တစ်ခုဆက်လာခဲ့ရာ သူလည်းစိတ်ရှုပ်နေသောအချိန်တွင်မကိုင်ချင်သော်လည်း ထူးဆန်းစွာသူကိုင်မိတော့
"ဘယ်သူလဲ "
ဒေါသသံကြီးဖြင့်မမေးချင်ပဲမေးလိုက်ရာ
"...."
"ဗျာ..."
တစ်ခါမှမဖြစ်ဖူးသောတုန်ရီသောအသံလေးဖြင့်ပြောလိုက်မိရင်း အသက်ရှူများရပ်သွားမတက်ငြိမ်သက်ကာလက်ထဲကဖုန်းပင်အောက်သို့လွှတ်ကြသွား၏။ဘုန်းထွဋ်၏ဖြစ်ပျက်သွားသောပုံစံကိုဧပရယ်ကြည့်၍ သိချင်စိတ်ပြင်းပြစွာဖြင့်သူ့၏လက်မောင်းကိုလှုပ်ခါကာ
"ဘုန်းထွဋ် ဘာဖြစ်လို့လဲ ဘုန်းထွဋ်..."
ထိုအမေးကိုသူမဖြေနိုင် မျက်ဝန်းနီထဲမှမျက်ရည်ပူများအဆက်မပျက်စီးကျလာကာဧပရယ်လည်းစိတ်မရှည်လာတော့ဘဲ
"ဘာဖြစ်လို့လဲ ငါမေးနေတယ်လေ..."
"ခိုကိုး ခိုကိုး "
ငိုသံပါသောအသံလေးဖြင့် ပြောဖို့စွံအနေလျက်
"ခိုကိုးရာဘာပြောလိုက်လို့လဲ"
ထိုအခါသူခေါင်းလေးခါကာတိမ်ဝင်သွာသောအသံကိုအတင်းညစ်ထုတ်၍
"ခိုကိုးကားတိုက်လို့ အခုဆေးရုံမှာတဲ့"
"ဘာ..."
သူလည်းအ့သြစိုးရိမ်ကာလက်မောင်းကိုကိုင်ထားသောလက်ကိုပင်လွတ်ချမိပြီး
"နင်ဆေးရုံသိတယ်မလား ငါတို့လိုက်သွားမယ်"
ဒီတစ်ခါမှာတော့သူမငြင်းနိုင်တော့ပေ။လက်ဆွဲခေါ်ရာနောက်ကိုမျက်ရည်များစိုရွဲစွာဖြင့်အပါလိုက်သွားခဲ့သည်။ဆေးရုံကြည့်ရောက်သောအခါ ခိုကိုးအဒေါ်ဖြစ်သူနဲ့တွေ့၍သူစိတ်ကိုမထိန်းချုပ်နိုင်သည့်အပြင်ဟန်ဆောင်မှုများကင်းမဲ့စွာ
"အစ်မ ခိုကိုးဘာဖြစ်သွားသေးလဲဟင် ဘယ်နားထိသွားသေးလဲ ဘာမှမဖြစ်ပါဘူးနော်"
စိုးရိမ်မူကြီးမားကာအလောတကြီးလာမေးလာသောဘုန်းထွဋ်ကိုကြည့်၍ဒေါ်လေးပါးစပ်ကိုလက်ဖြင့်အုပ်လျက်ငိုသံများကိုထိန်းချုပ်ပြီး
"ခိုကိုးကားနဲ့တိုက်မိတာခြေထောက်ထိတဲ့အပြင် တိုက်ပြီးပြုတ်ကျတဲ့အရှိန်ကြောင့် ခေါင်းပါထိခိုက်ထားတယ် အခုခွဲစိတ်ခန်းထဲမှာ ဟင့် ...ဟင့်..."
ဒေါ်လေးအဖြေကြောင့်သူပြောစရာစကားမရှိတော့ပေ။ခန္ဓာကိုယ်လေးပါယိုင်လဲမတက်ခွေကျကာအတွေးများကင်းမဲ့နေချိန် ဘေးမှဧပရယ်လည်းသူ၏ကျောပြင်ကိုအသာပုတ်ပေးလျက်နှစ်သိမ့်ပေးသောအကြည့်တို့နှင့်အတူ
"ခွဲစိတ်တာအဆင်ပြေမှာပါ ငါတို့ဆုတောင်းပေးကြတာပေါ့"
ုထိုသို့အားပေးသံကြားမှသူအသိပြန်ဝင်လာပြီးခေါင်းလေးတဆက်ဆက်ငြိမ့်ကာလက်ခံပေး၍
"ခိုကိုးရဲ့ခွဲစိတ်ခန်းအရှေ့မှာသွားစောင့်ချင်တယ် "
ဒေါ်လေးကိုမျက်နှာငယ်လေးဖြင့်အနူးအညွှတ်တောင်းဆိုသဖြင့် သူလည်းနားလည်ပေး၍ခေါ်ဆောင်ပေးလိုက်၏။သို့သော် ထိုနေရာရောက်ချိန်တွင် ခိုကိုးအမေနှင့်တွေ့၍အကြည့်ချင်းဆုံမိသောအခါ ဘုန်းထွဋ်ကိုသတ်ပစ်လိုက်ချင်စိတ်ပြင်းပြကာမီးဟုန်းဟုန်တောက်နေသောအကြည့်ဖြင့်
"နင်ဘာလာလုပ်တာလဲဂြိုလ်ကောင် အခုထွက်သွား... နင့်မျက်နှာငါမမြင်ချင်ဘူး..."
ဒေါသထွက်ကာအတင်းမောင်ထုတ်သော်လည်းဘုန်းထွဋ်ဘာမှမတုန့်ပြန် သည်းခံကာအကြည့်ချင်းလွဲနေ၏။ သူ၏စိတ်တွင်ခိုကိုးအတွက်သာစိုးရိမ်၍ပူထူနေသည်။ဧပရယ်လဲဘုန်းထွဋ်လက်မောင်းကိုဆုပ်ကိုင်ထားကာစိတ်များမပေါက်ကွဲရန်ထိန်းသိမ်းပေးလျက်
"ငါပြောနေတယ်လေထွက်သွားလို့ နင်မကြားဘူးလား"
အော်ဟစ်ကာမောင်းထုတ်နေသောယောင်းမဖြစ်သူကိုကြည့်၍ဒေါ်လေးမနေနိုင်ကာဝင်တားရပါတော့သည်။
"မမရယ် အခုချိန်မှာရန်မဖြစ်ဘဲခိုကိုးလေးကိုသာစိတ်ပူပေးနေကြပါလား"
"ငါ့သားတစ်ခုခုဖြစ်လို့ကတော့ နင့်ကိုသတ်ပစ်မှာမိမဆုံးမ ဖမဆုံးမကောင် မိဘမဲ့ရဲ့"
အငိုများ၍ဖောင်းတင်းနေသောမျက်ဝန်းမှမျက်ရည်များတပေါက်ပေါက်ကျကာလက်ညှိုးငေါက်ငေါက်ထိုးပြီးအပြစ်တင်ဆဲဆိုနေ၏။ဘုန်းထွဋ်အကြိမ်ကြိမ်သည်းခံကာနေပါသော်လည်းမိဘများထိခိုက်လာသောအခါဒေါသမာန်များပြန်လည်နိူးထလာသည်။
"မိဘမဲ့ဟုတ်လား... မွေးပြီးမကျွေးမွေးနိုင်တဲ့ဒေါ်ရွှေဘုတ်ဆိုတဲ့မုဆိုးမတစ်ယောက်က စေတနာ့မိဘမဲ့ကျောင်းမှာဖိုးခွားဆိုတဲ့ကျွန်တော့်ကိုထားသွားခဲ့လို့မိဘမဲ့ ဖြစ်လာရတာ ။ဒါပေမယ့်ကျွန်တော့်မွေးစားမိဘတွေကအကုန်လုံးဆုံးမခဲ့ပြီးသား"
"ဖိုးခွား"
ခိုကိုးအမေသည်ပါးစပ်မှဖိုးခွားနာမည်ကိုတကာအတွေးများက
"သားဖိုးခွား စားကောင်းလား"
ဖက်မိုးထားသောအိမ်ကလေးတစ်ခုတွင်သူသည်၄နှစ်အရွယ်ကလေးတစ်ယောက်ကိုထမင်းခွန့်ကျွေးနေ၍ထိုကလေးသည်လည်းသနပ်ခါးဘေးကြားဖြင့် ချစ်စရာကောင်းအောင်ပြုံးပြလျက်
"ဟုတ်ကဲ့ စားကောင်းနေရောပဲ"
"အမယ်လေး အမေ့သားလေးကိုချစ်လိုက်တာ မွမွ"
ချစ်လွန်းလို့အနမ်းများစွာပေး၍ထပ်ခွန့်ပေးသည်။
ထိုအတိတ်အကြောင်းကိုခိုကိုးအမေခဏအကြာတွေးတောပြီးနောက်နူတ်မှနူးညံ့သောအသံလေးဖြင့်
"သား သားဖိုးခွား ဖိုးခွား"
ဘုန်းထွဋ်ကိုကြည့်ကာငိုယို၍တကြိမ်ကြိမ်ခေါ်နေသဖြင့် သူသည်ခိုကိုးအမေကိုမဲ့ပြုံးပြုံးကြလျက်
"အခေါ်နဲ့ သားလို့မခေါ်နဲ့ ကျွန်တော်နဲ့ခင်ဗျားဘာမှမပက်သက်ဘူး ကိုယ်ကောင်းစားဖို့အတွက်ကိုယ့်သွေးသားကိုပစ်ရဲတယ့်မိခင်မျိုးက ကျွန်တော့်အမေမဟုက်ဘူး"
"မဟုက်ပါဘူး သားရယ်မေမေရှင်းပြပါစေ"
အတင်းရှင်းပြဖို့တောင်းဆိုနေသောကြောင့် နားနှစ်ဖက်ကိုလက်ဖြင့်ပိတ်ကာ
"မကြားချင်ဘူး မကြားချင်ဘူး..."
အော်ကာတားလိုက်သော်လည်း
"အမေကသားကို"
ထပ်ရှင်းပြနေသဖြင့် သူစိတ်ညစ်လာကာဤအခြေအနေမှလွတ်မြောက်ရန်ထိုနေရာမှဝေးရာသို့ပြေးထွက်သွားလေသည်။သူတို့နှစ်ယောက်ကိုကြည့်နေသောဒေါ်လေးနှင့်ဧပရယ်မှာလည်းအံ့သြကာကြောင်ကြည့်နေပြီးခဏအကြာမှဧပရယ်ဘုန်းထွဋ်အနောက်သို့ပြေးလိုက်သွား၏။ကျန်ခဲ့သောခိုကိုးအမေသည် ငိုယိုကာ သားဟုအခါခါ တ နေသောအခါဒေါ်လေးသူ့ကိုနှစ်သိမ့်၍ဖက်ထားလိုက်တော့သည်။
တခြားသူအတွက်ခြေတစ်လှမ်းနောက်ဆုပ်ခြင်းသည်ရှေ့ကိုထပ်လှမ်းဖို့အားယူသည်ဖြစ်သော်လည်း ပန်းတိုင်ရောက်ဖို့ခြေတစ်လှမ်းအလိုမှဘုန်းထွဋ်နောက်ပြန်ဆုပ်လိုက်ခြင်းသည် စည်းဆိုသောအရာတားဆီးလိုက်ခြင်းကြောင့်ပင်ဖြစ်၏။
ဘေဘီသဲတုန်(brown lotus)