စစ်အရာရိှဟယ်ရဲ့အစားထိုးခံသတို...
By ThikNanPaing5
140K 22.8K 389
ရွှီယမ်ယိ က အသက် ၁၈နှစ်အရွယ် ကျောင်းသားတစ်ယောက်.. အမွှာအမဖြစ်သူက သူမကောင်မလေးနဲ့ ခိုးရာလိုက်ပြေးသွားတဲ့အခါမှ... More
❤️ Intro ❤️
Chapter-1(အမဖြစ်သူအစားလက်ထပ်ခြင်း)
Chapter-2(ပါးရိုက်ခံရခြင်း)
Chapter-3(ရက်စက်၍ကြမ်းတမ်းသော)
Chapter-5(ငါ့ဇနီးက ယောက်ျားလေးတစ်ယောက်
Chapter-6(ဒီလူက လူယုတ်မာပဲ)
Chapter-7(နှောင့်ယှက်ပါရစေ)
Chapter-8(စစ်တပ်ထဲခေါ်သွားမယ်)
📢📢📢
Chapter-9(သစ္စာဖောက်)
Chapter-10(မကောင်းဆိုးဝါးနှစ်ကောင်)
Chapter-11(ရုတ်တရက်ကျရောက်သောအန္တရာယ်)
Chapter-12(ထောင်မှူး ကျိူ့ပေါ)
Chapter-13(ပါးကိုက်နားကိုက်တွေ)
Chapter-14(စိတ်တူကိုယ်တူ)
Chapter-15(ဘာကိုမှမကြောက်သလိုဟန်ဆောင်ခြင်း)
Chapter-16(ဒီလူတွေအကုန်အရူးတွေပဲ)
Chapter-17(ရန်လိုခြင်း)
Chapter-18(ငါ့ဇနီးကဒေါသကြီးပြီးဉာဏ်​ကောင်းတယ်)
Chapter-19(တိုက်ခိုက်ခံရခြင်း)
Chapter-20(ရွှီယမ်ယိ ဆွံ့အသွားခြင်း)
Chapter-21
Chapter-22
Chapter-23
Chapter-24(ဒုတိယအစီအစဉ်)
Chapter-25(ကျီကွမ်းယောင်ဆိုတဲ့ ရယ်စရာကောင်းတဲ့လူ)
Chapter-26(မကောင်းဆိုးဝါးနဲ့ စိတ္တဇအရူး)
Chapter-28(တပ်ရေး နမ်ရှောင်)
Chapter-29(စိတ်မသိုးမသန့်ဖြစ်ခြင်း)
Attention pls📢
Chapter-27(နံရိုး ကျိုးကျေခြင်း)
2.4K 500 14
By ThikNanPaing5
Unicode ❤️❤️
နံရိုး ကျိုး​ကျေသွားခြင်း
"မင်းတကယ် ခေါင်းမာတဲ့ကောင်ပဲ.! နံရိုးနှစ်ချောင်းတောင်ကျိုးသွာတာကို.. မင်း ဘယ်လိုများ  အခုချိန်ထိ နာကျင်မှုကို ခံနေတာတုံး"
ဟယ်ကျင်းရန် တပ်ထဲသို့ ​ပြန်ရောက်ချိန်တွွင် ဒေါက်တာစစ်လီဖာဆီ သွားလိုက်သည်။ စစ်လီဖာကတော့ ဟယ်ကျင်းရန် ခန္ဓာကိုယ်အား စစ်ဆေးပေးပြီးနောက် သက်ပြင်းချရင်း သူ့ခေါင်းအား ကုတ်ခြစ်နေသည်။
စစ်လီဖာသည် သွေးနှောတစ်ယောက်ဖြစ်ပြီး ခန္ဓာကိုယ် ဖွဲ့စည်းပုံ ထက်မြတ်သည့် ပုံစံ တောက်ပြောင်သော အဝါရောင် လှိုင်းတွန့် ဆံပင်တို့က သူ့အား ဉရောပနိုင်ငံသားနှင့် ပိုတူစေသည်။ နောက်ပြီး သူ့ကိုယ်သူ သပ်သပ်ရပ်ရပ် မနေတာ အချိန်အတော်ကြာပြီဖြစ်သည်။ သူဝတ်ထားသော အဖြူရောင်ကုဒ်အင်္ကျီက သန့်ရှင်းသပ်ရပ်သော်လည်း သူ့ပုံစံကတော့ အရက်​ကြောင်နေသည့် ဖရိုမဖဲဖြင့်သာနေတတ်သော အသက်လတ်ပိုင်း လူတစ်ယောက်နဲ့ ပိုတူနေကာ ထိုသူက ပင်ပန်းနွမ်းနယ်စွာ သမ်းဝေလိုက္သည္။
သိူ့သော်လည်း သူ့ရဲ့ ရုပ်သွင်ပြင်နှင့် အနေအထားက ဟယ်ကျင်းရန်ကိုပင် ယှဉ်နိုင်သည်။ သူ့ပုံစံသည် ကြမ်းတမ်းသည့် ပုံစံပေါက်နေသော်လည်း သူ့ရဲ့ ခန့်ညားမှုနဲ့ အရှိန်အဝါကိုတော့ ဖုံးကွယ်မထားနိုင်ပေ။
"နံရိုးနှစ်ချောင္း ကျိုးသွားတယ်"
လုံရှန်က ပတ်တီးစည်းနေရင်း ပြောလိုက်သည်။ ဟယ်ကျင်းရန်ရဲ့ ဒဏ်ရါက သူ့အား အံ့အားသင့်စေသည်။အဘယ်ကြောင့်ဆိုသော် ဟယ်ကျင်းရန်သည်ဒဏ်ရါအကြီးအမားရနေတာကိုတောင် သူ ဘာမှမဖြစ်သလို နေခဲ့ခြင်းကြောင့်ပင်။
"နံရိုးနှစ်ချောင်း?"  ဟယ်ကျင်းရန်က လှည့်ကြည့်ခြင်းမရိှပဲ ပြောပြီး ပြုံးလိုက်သည်။
"ငါ့မိန်းမကိုတော့ ငါတကယ် ချီးကျူးသင့်ပြီ"
ရွှီယမ်ယိရဲ့ ညှာတာမှုကင်းမဲ့သော ကန်ချက်က ဒဏ်ရါရနေသော နံရိုးအား ရိုက်ချိုးပြီးသားဖြစ်ခဲ့သည်။
ဟယ်ကျင်းရန်က သူ့နံရိုး ကျိုးချေသွားခြင်းအတွက် ရွှီယမ်ယိအား ချီးကျူးပြီးကျေးဇူးတင်နေရုံသာမက သူ့ပုံစံသည် အလွန်ကျေနပ်နေပြီး တုန်နေအောင်ချစ်သော အချစ်ပြုံးများ ဝေဆာနေသည်။
ဘယ်သူကမှ သူ့အတွေးအား သိနိုင်တော့မည်မဟုတ်ပေ။
လုံရှန်ကတော့ နံရိုးကျိူးသွားသည့်အကြောင်းအားကြပြီးနောက် သူ့ မျက်လွှာချလိုက်ကာ
"ဗိုလ်မှူး.. မင်းက တကယ်ပဲmasochist ဖြစ်နေတာလား? ငါနဲ့ မင်း အချင်းချင်းသိလာကြတာ ကြာလှပြီကို ငါ ဒီအကြောင်းကို ဘာလို့မသိရတာလဲ"
လုံရှန် သွေးတိုးစမ်းလိုက်သည်။
(Note; 'masochist' = နာကျင်မှု၌ ပျော်မွေ့သူ or သူများနာကျင်သည်ကို သဘောကျသူ)
'သူကတော့ တကယ်ကို စောက်ရူးဖြစ်လာပြီပဲ.. ဒီနေ့
မှ ရွှီယမ်ယိနဲ့ လက်ထပ်တယ် ဒီနေ့မှာတင် ရွှီယမ်ယိရဲ့ အနိုင်ပိုင်းခြင်းခံနေရတယ်.. ငါ့အထင်တော့ ရွှီယမ်ယိ ဘာလုပ်လုပ် သူအရာရာကို သည်းခံပေးမဲ့ပုံပဲ.. ဘာပဲဖြစ်ဖြစ် ဒီလို အားအင်ပြည့်ဝပြီး ထင်ရာစိုင်းတဲ့ ဇနီးရထားတာလည်း ပျော်စရာပဲ မဟုတ်လား' လုံရှန် တစ်ယောက်တည်း တွေးလိုက်မိသည်။
အစပိုင်းကတော့ လုံရှန် ဟယ်ကျင်းရန်အား စိတ်ပူနေသော်လည်း  စက္ကန့်ပိုင်းအကြာတွင် ပျော်စရာအား စောင့်မျှော်နေသည့် အသွင်သို့ ပြောင်းလဲသွားသည်။
"မိန်းမ??"    စစ်လီဖာက ဆေးလိပ်ငွေ့အား မှုတ်ထုတ်လိုက်ပြီး မရေရာစွာမေးလိုက်သည်။ နောက်မှ ဒီနေ့က ဟယ်ကျင်းရန်ရဲ့ လက်ထပ်ပွဲဖြစ်ကြောင်း အမှတ်ရလိုက်ပြီး သိပြီ ဟူသော ပုံစံလုပ်ပြလိုက်သည်။ သိူ့သော္လည်း သူ ပျင်းရိစွာသမ်းဝေလိုက်ပြီး စိတ်မဝင်စားသည့်ပုံစံဖြင့်
"လုံရှန်.. မင်း အခု ဒီထဲက ထွက်သွားတော့. ဒီကောင့်အတွက် ငါ ခွဲစိတ်မှု လုပ်ပေးပြီးရင် ငါ အိပ်အုံးမယ် ငါမအိပ်ရတာ နှစ်ရက် ရိှနေပြီ"
ထို့နောက် သူက ထပ်ခါထပ်လာ သမ်းဝေနေသည်။
'ငါစိတ်ပူတာက.. သူ ဒီလိုအခြေအနေမျိုးနဲ့ ဟယ်ကျင်းရန်ကို ခွဲစိတ်ပေးနိုင်ပါ့မလား.. ဒါပေမဲ့လည်း ဟယ်ကျင်းရန်က စိတ်တည်ငြိမ်တဲ့သူပဲ အဆင်ပြေမှာပါ"
လုံရှန် ဘာမှဆက်မပြောတော့ပေမဲ့ သူနာပြုမလေး ပတ်တီးစည်းပြီးသည်ကို စောင့်နေလိုက်သည်။  သူ မတ်တပ်ရပ်ပြီး ထွက်သွားတော့မည်အချိန်တွင် ဟယ်ကျင်းရန်က
"သူ့ကို ငါ့နေရာဆီ အရင်ခေါ်သွားပေးလိုက်"
ဘာမှ ဆက်ပြောခြင်းမရိှတော့သော္လည်း ဟယ်ကျင်းရန် ဘာကို ဆိုလိုချင်နေမှန်း လုံရှန် နားလည်ပြီးသားပင်။ လုံရှန်က စလိုက်သည်။
"ဘာလို့လဲ? မင်းက မင်းဇနီးလေးကို အစောကြီး ဝှက်ထားမယ် ဟုတ်လား.. မင်းဇနီးက တခြားယောက်ျားလေးတွေ ကြည့်လိုက်လို့ မထိခိုက်နိုင်ပါဘူး"
'မင်းက သူနဲ့ပက်သက်ရင် အရမ်းအတွေးများတာပဲ.. ရှေ့လျှောက် ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းလာတော့မဟ်"
'မထိခိုက်ဘူး?' ဟယ်ကျင်းရန် တစ်ယောက်တည်း ရေရွတ်လိုက်ပြီးနောက် ဂုဏ်ယူစွာဖြင့် ပြန်ပြောလိုက္သည္။
"ငါ စိုးရိမ်မိတာက တကယ်တမ်း ထိခိုက်သွားမဲ့လူတွေက မင်းတို့တွေ ဖြစ်သွားမှာစိုးလို့ပါ... ငါ့ဇနီးက ဘယ်သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာမှ နေတဲ့လူမျိုးမှမဟုတ်တာ"
ရွှီယမ်ယိရဲ့ လှုပ်ရှားမှုအား ပြန်စဉ်းစားလိုက်မိသည်။ လုံရှန်က ထိုအကြောင်းအရာအား လိုတာထက်ပိုပြီး သဘောတူ ထောက်ခံခြင်းမရိှသော်လည်း တကယ်လည်း ရွှီယမ်ယိ၏ စိတ်ကို ဘယ်သူကမှ ထိန်းချုပ်ရန် တတ်နိုင်စွမ်းရိှနိုင်မည်မဟုတ်ပေ။
"အခုက စပြီး ကျင်းကွမ်းမင်က ရွှီယမ်ယိ နားမှာနေလိမ့်မယ်... မကြာခင် တစ်ခုခုဖြစ်လာမှာကို ငါစိုးရိမ်မိတယ်"  ဟယ်ကျင်းရန် သူ့မျက်လုံးတို့ကို ကျဉ်းကျုံ့ရင်း ပြောလိုက်သည်။ ဒီနေ့ မတော်တဆမှုများစွာ ကြုံတွေ့လာပြီးနောက် သူ အကာအကွယ်အား ပိုခိုင်မာအောင်လုပ်ချင်သည်။
လုံရှန်က ဟယ်ကျင်းရန် ပြောချင်တာကို သိနေတာကြောင့် ပြန်ဖြေလိုက်သည်။
"ငါ သဘောပေါက်ပြီ...  မင်းခွဲစိတ်မှု အောင်မြင်ပါစေလို့ ငါဆုတောင္းပေးပါတယ်" ထို့နောက် သူ ထွက်သွားတော့သည်။
(T/N; hi😬  ပြန်လာပြီနော်😅  မျှော်နေတဲ့ကလေးတွေကို စောင့်ခိုင်းမိလို့ ဆောတီးခ🥶 အားတဲ့အချိန်မှ type ရတာမို့ နောက်ကျသွားတယ် အချစ်ခံ အရုပ်လေး ကျန်သေးတယ်နော် up ပေးမယ်😗 နက်ဖြန်ကိုလည်း အနဲဆုံး နှစ်ပိုင်း အများဆုံး ၅ပိုင်း up ပေးပါမယ် နက်ဖြန် အချိန်ဇယားပေါ်မူတည်ပြီး ရသလောက်upပေးမယ်နော်😉😚)
================================
Zawgyi ❤️❤️
"နံရိုးနှစ်ချောင်း ကျိုးသွားတယ်"
"နံရိုးနှစ်ချောင်း?"  ဟယ်ကျင်းရန်က လှည့်ကြည့်ခြင်းမရှိပဲ ပြောပြီး ပြုံးလိုက်သည်။
လုံရှန်ကတော့ နံရိုးကျိုးသွားသည့်အကြောင်းအားကြပြီးနောက် သူ့ မျက်လွှာချလိုက်ကာ
"လုံရှန်.. မင်း အခု ဒီထဲက ထွက်သွားတော့. ဒီကောင့်အတွက် ငါ ခွဲစိတ်မှု လုပ်ပေးပြီးရင် ငါ အိပ်အုံးမယ် ငါမအိပ်ရတာ နှစ်ရက် ရှိနေပြီ"
ဘာမှ ဆက်ပြောခြင်းမရှိတော့သ္လောည်း ဟယ်ကျင်းရန် ဘာကို ဆိုလိုချင်နေမှန်း လုံရှန် နားလည်ပြီးသားပင်။ လုံရှန်က စလိုက်သည်။
'မထိခိုက်ဘူး?' ဟယ်ကျင်းရန် တစ်ယောက်တည်း ရေရွတ်လိုက်ပြီးနောက် ဂုဏ်ယူစွာဖြင့် ပြန်ပြောလိုက်သည်။
"ငါ သဘောပေါက်ပြီ...  မင်းခွဲစိတ်မှု အောင်မြင်ပါစေလို့ ငါဆုတောင်းပေးပါတယ်" ထို့နောက် သူ ထွက်သွားတော့သည်။
Continue Reading
You'll Also Like
518K 42.3K 20
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
2.2M 132K 45
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
383K 21.8K 41
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
763K 20.3K 58
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...