zawg
20/05/2020
"ဟမ်"
"အွန် ရူးနေတယ် "
************************
"ဘာစိတ်ကူးလဲ"
"ဟမ် "
"ဘယ်လို..."
"သားလိမ္မာလေးပါလား"
"ခင်ဗျား..."
"မစာဘူး"
"ခိုကိုးစားလေ "
"မစာဘူး မစားဘူး "
"ဘာလုပ်ကမှာလဲ"
"မဆိုးပါဘူး "
"ဟမ် မဆိုးဘူးဘဲလား "
"မယုံပါဘူး"
"မကျက်ကျွေးချင်ဘူး"
"အင်း"
***********************
"တီ... တီ..."
"ဟယ်လို "
"..."
"ဘာ..."
"အေ ငါအခုလာခဲ့မယ်"
"ညီမလေး "
"မောင်ဘုန်းထွဋ် "
"ညီမလေးရော"
"ရုတ်တရက်မူးလဲတာ "
ဘေဘီသဲတုန်(brown lotus)
&&&&&&&&&&&
uni
ကိုကြီးရဲ့ကောင်လေး အပိုင်း(၁၂)
20/05/2020
"ဟမ်"
မျက်လုံးကလေးဝိုင်းဝိုင်းဖြင့်အံ့သြမှင်သက်စွာဘုန်းထွက်အားကြည့်လျက်အသံတိက်သွားသောခိုကိုး၏အမူယာလေးကြောင့်သဘောကျစွာသူပြုံးနေသည်။ထို့နောက်ခိုကိုးနားသို့နူးညံ့သောခြေလှမ်းများဖြင့်နလုံးခုန်နူန်းကြားရသည်အထိနီးကပ်စွာလျှာက်လှမ်းလာသည်။
ခိုကိုးလည်းကြောက်ကြောက်လန့်လန့်ဖြင့်ဘုန်းထွဋ်၏ရင်ဘက်အားလက်ဖြင့်ကာ၍တားဆီးလိုက်သော်လည်းသူသည်ပိုဆိုးလာကာခိုကိုး၏နားထင်နားသို့မျက်နှာကလေးကပ်လာသည်။နီးကပ်လာသည်နှင့်အမျှခိုကိုး၏မျက်နာမှာလည်းဆေးနီးဆိုးထားသလိုနီးရဲလာလျက် ကြက်သည်းမွှေးညင်းများလဲထလာကာ အသက်ရှူသံများလည်းမမှန်တော့ပေ။ တခါမှမဖြစ်ဖူးသော ရင်ခုန်သံမှာလည်း တဒုတ်ဒုတ်ဖြင့်ဝ
ဘုန်းထွဋ်မှာမူတိုးတိက်သောအသံကလေးဖြင့်မသိမသာလေးပြုံး၍
"မာန်ကကိုယ့်ညီဆိုလို့ပျော်သွားတာလား "
သူ ဘုန်းထွဋ်ကိုရှက်ရှက်ဖြင့်တွန်းထုက်လိုက်၍
"ဘာကိုပျော်ရမှာလဲ ရူးနေလား"
မငြိမ်သက်သောမျက်ဝန်းများနှင့် နှုတ်ခမ်းလေးဆူကာပြောလေ၏။
"အွန် ရူးနေတယ် "
မချိုမချဉ်မျက်နှာကလေးဖြင့်ကျီစယ်ပုံမှာမုန်းရခက်စရာပင်။ခိုကိုးလည်းဘာဆက်ပြောရမှန်းမသိတော့သဖြင့် လည်ဂုတ်လေးကိုရှက်ရှက်ဖြင့်အသာပွတ်ပြီး
"တော်ပြီ ကျွန်တော်ပြန်တော့မယ် ဆက်နေမယ်ဆိုရင်ရန်ဖြစ်နေလိမ့်မယ်"
စိတ်ဆိုးချင်ယောင်ဆောင်ကာပြန်ဖို့ချိန်နေသောခိုကိုးကိုခိုင်ခန့်သောကိုယ်ခန္ဓာဖြင့်အရှေ့မှပိတ်ရပ်ကာ
"မပြန်ရပါဘူး ကိုယ်ခေါ်ခဲ့တာပြန်ဖို့မဟုက်ဘူး "
လေသံချိုချိုလေးဖြင့် မျက်ဝန်းလေးကိုစိုက်ကြည့်ပြီး တည်ငြိမ်စွာပြောလိုက်၍
"ဒါဆိုခင်ဗျားဘာလို့လိုက်စနေလဲ"
"မပြန်နဲ့တော့ကိုယ်မစတော့ဘူးနော် "
သနားဖွယ်မျက်ဝန်းလေးနှင့်ချော့နေသဖြင့်သူကြာကြာစိတ်မဆိုးနိင်တော့ဘဲ ချော့တာလက်ခံသည့်သဘောဖြင့်ခေါင်လေးသာအသာငြိမ့်ပြလိုက်သည်။ထို့နောက်သူသည်ခိုကိုး၏ဖြူးနုလှသောလက်ကလေးအားကိုင်ကာအဝေးသို့ဆွဲခေါ်သွားသည်။ခိုကိုးလည်းဘယ်ခေါ်သွားမလို့ဟူသောစိတ်ဖြင့်သာ နောက်ကငြိမ်သက်စွာလိုက်လာခဲ့လျက် သူတို့နှစ်ယောက်အားတွေ့မီသောအလုပ်သမားများသည်လည်း
"ဟဲ့ ဘော့စ်ဘေးကသူကဘယ်သူလဲ ။ချောလိုက်တာ ညီကိုများလားမသိ ။
အေ အေ ဟုတ်မယ် ရုပ်ကလေးဆင်သလိုဘဲ ချောတာခြင်းတူတယ်လေ"
မေးလေးတမော့မော့ခေါင်းလေးတညိမ့်ညိမ့်ဖြင့်တီးတိုးစွာပြောနေကြသောဝန်ထမ်းများအား အနောက်မှနေ၍ မာန် ချောင်းဟန့်ကာသတိပေးလိုက်သည်။
"ကိုယ့်အလုပ်ကိုယ်လုပ်မယ်"
မာန်၏ဆူသံကြောင့်ဝန်ထမ်းများလဲကြောက်ကြောက်လန့်လန့်ဖြင့်စကားပြောခြင်းရပ်တန့်ကာမိမိအလုပ်သာအာရုံစိုက်နေကြတော့၏။သူ ခိုကိုးတို့နှစ်ယောက်ကိုကြည့်၍စိတ်မရှည်စွာသက်ပြင်းချမိသည်။
************************
ခိုကိုးကိုဟိုတယ်နေရာစုံလိုက်ပြပြီးနောက်ခဏထိုင်နားနေစဉ်
"ကျွန်တော်မှာစိတ်ကူးတစ်ခုရှိလာပြီ"
ရုတ်တရက်ထပြောသောခိုကိုးကြောင့်ဘုန်းထွဋ်လဲမေးလေးထောက်ကာကြည့်နေလျက်
"ဘာစိတ်ကူးလဲ"
မျက်ခုံးလေးတွန့်ကာ မေးလိုက်သောအခါ သူသည်ချစ်စရာကောင်းသောအပြုံးလေးဖြင့်
"ကျွန်တော် ပိုက်ဆံစုပြီး ခင်ဗျားဟိုတယ်မှာလာတည်းမယ်"
ဟန်ဆောင်မူကင်းကာ ပွင့်လင်းသော အပြောကြောင့် အံ့သြကာပြုံးလိုက်မိလျက်
"ဟမ် "
"ဟုတ်တယ် ခင်ဗျားလိုက်ပြတာနဲ့တင်တော်တော်တည်းချင်နေပြီ"
"တည်းချင်တာကထားပါ ပိုက်ဆံစုပြီးဆိုတာက"
ထိုအမေးကြောင့် သူမျက်နှာငယ်လေးဖြင့်ခေါင်းလေးအောက်စိုက်ကာ
"ကျွန်တော်ကခင်ဗျားလိုသူဌေးမှမဟုက်တာ "
ထိုကောင်လေး၏စကားတစ်ခွန်းသည် သူ့ကိုအပြုံးတစ်ပွင့်ဖန်တီးပေးနေသဖွယ် ။
"ဟမ် ပြောရဲတယ် ပိုက်ဆံစုပြီးတည်းရအောင် နေတဲ့တိုက်မှအားမနာ"
"ဘာဆိုင်လို့လဲ အဲ့တာ မိဘတွေပိုင်တာလေ ကျွန်တော်နဲ့မှမဆိုင်တာ"
ဘုန်းထွဋ်ကိုနုတ်သီးခေါင်းလျှာပါးလေးဖြင့် ပြန်တောင်ပြန်လိုက်သေး၏။
"ကျွန်တော်ကမုန်ဖိုးတောင်အကန့်အသက်နဲ့သုံးရတာ အဝတ်စားဝယ်တာကအစ အိမ်ကိုအသိပေးရတယ် "
သူ့ဘဝကိုမကျေနပ်စွာရှင်းပြလိုက်နေသဖြင့် ဘုန်းထွဋ်လည်းထူဆန်းစွာမေးလိုက်မိ၏။
"ဘယ်လို..."
"ဖေဖေကစည်းကမ်းအရမ်းကြီးတာ။ သူကဒီနိုင်ငံမှာမရှိပေမဲ့ အသုံးနဲ့အဖြုန်းကိုခွဲခြားတက်အောင်စည်းကမ်းတွေချထားခဲ့တာ"
သူသည်ခိုကိုးရှင်းပြသမျှကို မေးလေးကိုလက်ထောက်ကာမျက်နှာလေးကိုကြည့်၍ဂရုတစိုက်နားထောင်ပေးနေရှာသည်။
ခိုကိုးမှာတော့ သူများနားထောင်ချင်လား မနားထောင်ချင်လားမသိစွတ်ဆက်ပြောဆိုကာရင်ဖွင့်နေလျက်
"ဒါဆို မင်းကမင်းအဖေကိုကြောက်ရတယ်ပေါ့"
"အင်း လောကမှာဖေဖေကိုအကြောက်ဆုံးပဲ ဒါပေမယ့်ဖေဖေအဲ့လိုတွေလုပ်ထားတာ ကျွန်တော်ကောင်းဖို့ပဲလေ"
အရာရာနားလည်သော လူတက်ကြီးလေသံဖြင့်ခေါင်းလေးငြိမ့်သာပြောနေသဖြင့်
"သားလိမ္မာလေးပါလား"
အလိုက်သိတက်၍လိမ္မာလွန်းသောခိုကိုး၏ခေါင်းလေးအားအသာပုတ်ပေးနေသည်။ ထိုသို့ပြုလုပ်သည်ကိုခိုကိုးကြိုက်ပုံမပေါ်။ထို့ကြောင့် ဘုန်းထွဋ်လက်အားအမြန်ဖယ်ချလိုက်၏။
"ကျွန်တော်ခွေးမဟုက်ဘူး ခေါင်းလာမကိုင်နေနဲ့"
"ဟမ် ခွေးလို့ကိုယ်ပြောလို့လား ခွေးပေါက်လေးရဲ့"
"ခင်ဗျား..."
ခိုကိုးကိုစနေယုံဖြင့်ဘုန်းထွဋ်အလွန်ပျော်နေသောကြောင့်စမြဲစနေမီသည်။မျက်ခုံးလေးကြုတ်ကာ စိတ်ဆိုးဟန်လေးဖြင့် ခင်ဗျား ဟုပြောနေသည်လေးကိုသူအသဲယားနေမိသည်။
"ကဲဒေါသထွက်မနေနဲ့တော့ ဗိုက်စာပြီမလား "
"မစာဘူး"
ဘုန်းထွဋ်အားဒေါသထွက်နေသောကြောင့်သာ ခေါင်းလေးဘေးလှည့်၍ခက်မိုက်မိုက်စတိုင်ဖြင့်ငြင်းနေလိုက်သည်။သူအမှန်တကယ် ဗိုက်စာပါသည်။ ခိုကိုးငြင်းနေသည်ကိုဂရုမစိုက်ဘဲသူသည် အလုပ်သမားများကိုစားစရားများအချက်ပြခါမှာလိုက်၏။ခဏအကြာစားစရာများရောက်ရှီလာသောအခါ
"ခိုကိုးစားလေ "
"မစာဘူး မစားဘူး "
မစားဘူးသာငြင်းလိုက်သော်လည်း ဗိုက်မှ ခွီ ဟူသောအသံကလေးထွက်ပေါ်လာသည်။ရှက်ရှက်ဖြင့်ဗိုက်အားဖိထား၍ဘာမှမဖြစ်သလိုဟန်ဆောင်နေ၏။ထိုပုံစံလေးမှာဘုန်းထွဋ်ဖို့အူယားစရာပင်။
"ကဲ ကိုယ်တောင်းပန်ပါတယ် နောက်မစတော့ပါဘူး "
"ဘာနောက်မစတော့တာလဲ တစ်ချိန်ကုန်လုံးလိုက်စနေပြီတော့"
"ဟုတ်သားပဲ ဒါမဲ့လေ ကိုယ်ကကိုယ်ချစ်ခင်တဲ့သူတွေပဲစတာ သူခြားတွေကိုစဖို့နေနေသာသာ စကားတောင်မပြောဘူး"
"ဘာလုပ်ကမှာလဲ"
ရီသဲ့သဲ့ပြောနေသည်ကိုပြန်ရန်ထောင်ကာမျက်ဇောင်လေးထိုးကာစိတ်ဆိုးနေသေးသောထိုလူသားလေးကို
"ဘာမှမလုပ်ပါနဲ့ စားစရာလေးတွေကိုပဲ ကျေးဇူးပြုပြီးစားပေးပါခင်ဗျ ပြီးရင်ဝေဖန်သုံးသပ်ပေးပါ"
ဘုန်းထွဋ်ရိုရိုသေသေပြောနေသည့်အပြင်ဗိုက်စာသည်မှာမအောင့်နိုင်တော့သဖြင့် မငြင်းနိင်တော့ဘဲစားလိုက်တော့လေသည်။စားတာချင်းတူတူဘုန်းထွဋ်စားသောက်ပြီးသော်လည်း ခိုကိုးမပြီးသေးပေ ။ စားကောင်းကောင်းနဲ့ခေါင်းမဖော်တမ်းစားနေလေသည်။ ဘုန်းထွဋ်မှာမူ စားစရာများအား ကလေးပမာစားသောက်နေသောခိုကိုးအားငမ်းကြည့်နေမီကာ
"ခိုကိုး စားရောစာကောင်းလားရဲ့လား"
"မဆိုးပါဘူး "
အကဲဖြတ်ဒိုင်လူကြီးစတိုင်ဖြင့် ပြောလိုက်သေး၏။
"ဟမ် မဆိုးဘူးဘဲလား "
"အင်းလေ ကျွန်တော်ချက်တာမှဒီထက်ကောင်းသေးတယ်"
ကြွားလုံးထုတ်နေသောသူလေးကို သူသဘောကျစွာပြုံးကြည့်၍ ထိုကောင်လေးနူတ်ခမ်းနားတွင်ပေနေသောစာကြွင်းများကိုလက်လေးနှင့်ယုယစွာသုတ်ကာဖယ်ပေးလိုက်သည်။ထို့နောက်ဘေးနားတွင်ရှိသော တစ်ရှူးကိူပြန်သုတ်လိုက်၏။
"မယုံပါဘူး"
"မယုံလဲနေပေါ့ ။ အွန်း လက်ကြီးနဲ့လာလို့သုတ်တာလဲ"
"ပေနေလို့လေကွာ ။ ဘာကိုမယုံလဲနေပေါ့လဲ မယုံရင်ယုံအောင်သက်သေပြရမှာမလား "
"မလိုပါဘူး ကျွန်တော်ကကျွန်တော်လက်ရာအပေါ်ယုံကြည်မူအပြည့်ရှိတယ်"
ကမ္ဘာ့အကောင်းဆုံးစာဖိုမှူးပုံစံမျိုးဖြင့်ကြွားဝါနေသည်ပုံမှာရီချင်စရာပင်။
"ဒါဆို ကိုယ်တို့အိမ်မာချက်စားမယ်ဆိုပြီးဝယ်ထားတဲ့ဟာတွေ တစ်ခုမှမချက်ရသေးဘူးမလား ကိုယ့်ကိုယ်မနက်ဖြန်တစ်ခုခုလုပ်ကျွေး"
"မကျက်ကျွေးချင်ဘူး"
ဘုန်းထွဋ်ကိုမကြည့်ဘဲစားပွဲကိုစိုက်ကြည့်၍ခေါင်းလေးအသာခါကာငြင်းနေသဖြင့်
"အဲ့လိုမလုပ်နဲ့လေ။ ကိုယ်ဒီမှာကျွေးတယ်လေ ။ကိုယ့်ကိုယ်အိမ်မာပြန်ချက်ကျွေးပေါ့"
သူပေစောင်းစောင်းပြန်ကြည့်ပြီးစားပွဲရှိပန်ကန်များကိုကြည့်ကာ မသိသလိုပုံစံလေးဖြင့်
"အင်း"
လက်မခံချင်ပေမယ့်လည်း ဘုန်းထွဋ်ကျွေးသောစားစရာများအားစားသောက်ပြီးပြီဖြစ်သောကြောင့်မချက်ကျွေးရင်မတရာရားရောက်မှာမို့ လက်ခံခဲ့ခြင်းဖြစ်သည်။ဘုန်းထွဋ်မှာဖြင့်ခိုကိုးချက်ကျွေးမည်ဆိုသောကြောင့်ပါးစပ်မပိတ်နိုင်သွားလေးပေါ်အောင်ရီကာပျော်နေလေ၏။
***********************
"တီ... တီ..."
တိတ်ဆိတ်အေးမြကာအမှောင်တုတို့ဖုံးလွှမ်းနေသောညသန်းခေါင်ကျော်အချိန်တွင် ထိတ်လန့်စရာကောင်းသောဖုန်းသံကြီးဝင်ရောက်လာသည်။ထို့ကြောင့်ကုတင်ထက်မှနစ်ခြိုက်စွာအိပ်ပျော်နေသောဘုန်းထွဋ်သည်မျက်လုံးကလေးများဖျက်ခနဲဖွင့်လာခဲ့၏။ဘေးမှမြည်နေသောဖုန်းအားကိုင်လိုက်စဉ်
"ဟယ်လို "
"..."
"ဘာ..."
တစ်ဖက်မှလှမ်းပြောသောစကားများကြောင့်ရုက်တရက်ထိန့်လန့်သွား၍
"အေ ငါအခုလာခဲ့မယ်"
အဝတ်အစားပင်မလဲတော့ဘဲ တစ်ခါထဲအိမ်ရှေ့ထွက်လာခဲ့သည်။အိမ်ရှေ့မှဘုန်းထွဋ်ကားစက်နိူးသံကြောင့်ခိုကိုးလဲနိူးလာ၍ဘုန်းထွဋ်ထံသို့အပြေးရောက်လာခဲ့သည်။
"ကိုဘုန်းထွဋ် ဒီချိန်ကြီးဘယ်သွားမလို့လဲ "
ခိုကိုး၏သိချင်သောစိတ်များမထိန်းနိင်သဖြင့်မေးလိုက်ကာ
"အရေးကြီးကိစ္စရှိလို့ "
စိုးရိမ်ထိန့်လန့်မူများမျက်နှာတွင်ပေါ်နေသောဘုန်ထွဋ်အားကြည့်၍ခိုကိုးစိတ်ပူမီလာသည်။
"ကျွန်တော်ပါလိုက်ခဲ့ရမလား"
"ရတယ် ကိုယ့်ပါသာသွားမယ်"
ကားမောင်းရန်လောနေသောဘုန်းထွဋ်လက်အားကိုင်၍
"ကားဂရုစိုက်မောင်းနော်"
စိုးရိမ်သံလေးနှင့်အတူဂရုနာအကြည့်တို့ဖြင့်မှာလိုက်ကာဘုန်းထွဋ်လည်းခေါင်းညိမ့်ပြ၍သာကားဖြင့်အပြင်ကိုအလောတကြီးမောင်းထွက်သွားလေ၏။ထို့သို့အလောတကြီးကားမောင်၍လာသောနေရာမှာဘုန်းထွဋ်၏ညီမအိမ်ပင်ဖြစ်သည်။အိမ်သို့ရောက်သောအခါလှေခါးပေါ်သို့အပြေးတက်သွားပြီး
"ညီမလေး "
စိုးရိမ်တကြီးဖြင့်အခန်းထဲမှညီမဖြစ်သူအားလှမ်းခေါ်လိုက်သည်။ထိုအခန်းထဲတွင်ဆရာဝန်နဲ့အတူ အလုပ်သမားများပါရှိနေ၍
"မောင်ဘုန်းထွဋ် "
ဆရာဝန်သည်ဘုန်းထွဋ်ကိုလှမ်းခေါလိုက်ကာ
"ညီမလေးရော"
"သူအခုဆေးရှိန်ကြောင့်အိပ်ပျော်နေပါတယ် "
"သူဘာလိုဖြစ်တာလဲ ဒေါက်တာ"
"ရုတ်တရက်မူးလဲတာ "
"ဒေါက်တာပြောတော့နေကောင်းနေပါပြီဆို"
ညီမကိုစိတ်ရိမ်စိတ်ဖြင့် ဒေါက်တာကိုအပြစ်တင်စကားဆိုနေသောကြောင့်
"မောင်ဘုန်းထွဋ် ဒေါက်တာတို့ သီးသန့်ပြောရအောင် "
သူ့ကိုခြံထဲသို့ခေါ်ဆာင်သွားကာ
"မောင်ဘုန်းထွဋ် မင်းညီမလေးကအရမ်းအတွေးများနေတယ်။ဖိအားလည်းအရမ်းများနေတယ်လို့အကိုထင်တယ် ။တခါတလေ လွှတ်လပ်ခွင့်ပေးလိုက်ပါ လူနာလို့မမြင်ဘဲ နည်းနည်းလောက်လွတ်လပ်ခွင့်ပေးလိုက်ပါ"
ထိုအခါဘုန်းထွဋ်မျက်ဝန်းကလေးများနီရဲလာပြီးမျက်ရည်များမကျအောင်ထိန်း၍တုန်ရီသောအသံလေးဖြင့်
"ကျွန်တော်လဲညီမလေးကိုဘယ်ချီနှောင်ထားချင်ပါ့မလဲဗျာ ။ ညီမလေးကိုသိပ်ချစ်လွန်းလို့ဒီလိုချီနှောင်ထားရတာ ။ သူနောက်တစ်ခါထပ်နာကျင်မှာကျွန်တော်ကြောက်တယ် ကျွန်တော်နာကျင်ရတာထက် ညီမလေးနာကျင်တာက ကျွန်တော့်အသဲကိုမီးနဲ့လှောင်မြိုက် နေသလိုပဲ "
ဘုန်းထွဋ်စကားများနှင့်အပြုမူများကြောင့်ဒေါက်တာလဲသက်ပြင်းရှည်တစ်ခုချကာ
"အကို နားလည်ပါတယ် ။ ဒါပေမယ့် ငါ့ညီလဲ အချိန်ယူပြီးမင်းညီမလေးကိုနားလည်ပေးလို့ရအောင်ကြိုးစားကြည့်ပါ "
ဘုန်းထွဋ်ပခုံးလေးအားလက်ကလေးဖြင့်ငြိမ်သာစွာပုတ်လျက်နစ်သိမ့်ပေးနေသည်။ဘုန်းထွဋ်၏ထိန်းချုပ်ထားသောမျက်ရည်မှာလဲမလိုက်မသိစွာကျလာခဲ့၏။
ဘေဘီစာရေးတာအမှားပါရင်ခွင့်လွှက်ပါ။