zawg
07/05/2020
"ကျွတ် ကားကဘာဖြစ်တာလဲ"
"ဟူး... "
"ကဲ ဘာဖြစ်ရပြန်တာလဲ"
"ဟား ဟား ..."
"ဘယ်လဲ "
ဟုဘုန်းထွဋ် စိတ်ပုစွာဖြင့်မေးလိုက်လေသည်။
ခိုကိုလဲဘုန်းထွဋ်မျက်နာကိုစေ့စေ့ကြည့်ကာလက်ညိုးတစ်ထိုးထိုးဖြင့်
"သေချာလို့လား"
"အင်း"
"ပြီးတာပဲဒါဆို "
"ဘာငေးနေလဲဟိုတစ်ယာက်"
"ဘာမှမကြည့်ပါဘူး"
"မင်းကြည့်နေပါတယ်"
"မာန်"
"ဟုက်ကဲ့ဘော့စ် "
"မန်နေဂျာမာန်..."
**********************************-
"ဘော့စ် ဧည့်သည် လာတယ်"
ဟီ..."
"အေးပေါ့ဟ "
"ဟူး...စိတ်ညစ်ပါတယ်"
"ကဲပြောအမိ "
"နင်စိတ်ထင်လို့ပါ "
သူသည်မျက်နာညိုးနေသောဘုန်းထွဋ်ကို အားပေးမူတို့ဖြင့်လက်ကလေးကိုင်ကာညင်သာမျက်ဝန်းတို့ဖြင့်
"အင်း'
"နင် ဟို ဟို "
''ငဘုန်း နင် ...."
"ဘုန်းထွဋ် "
"ဘုန်းထွဋ်ရယ်"
***********************
&&&&&&&&&
uni
ကိုကြီးရဲ့ကောင်လေး အပိုင်း(၇)
07/05/2020
ဘုန်းထွဋ်နှင့်ခိုကိုးကားစီးရင်း လမ်း၌မထင်မှတ်ထားသည့်အခက်ခဲတစ်ခုပေါထွက်လာခဲ့လေသည်။
"ကျွတ် ကားကဘာဖြစ်တာလဲ"
ရုတ်တရက်ကားရပ်သွားသောကြောင့်ဘုန်းထွဋ်လဲစိတ်မကြည်စွာဖြင့်နူတ်မှပြောထွက်မီလေ၏။ကောင်းလေးသည် ကားအကြောင်းနားမလည်သဖြင့်ဘုန်းထွဋ်မျက်နှာကိုသာကြည့်နေမိသည်။သူသည်ကားပေါမှဆင်းလာ၍ကားဘာဖြစ်လဲဟူ၍လှည့်ပက်ကြည့်နေသည်။
"ဟူး... "
ခိုကိုးရာလည်းကားပေါ်မှသက်ပြင်းချသံနှင့်အတူဆင်းလာပြီးခေါင်းလေးအသာကုတ်ပြီးစိတ်ပျက်စွာဖြင့်
"ကဲ ဘာဖြစ်ရပြန်တာလဲ"
ဘုန်းထွဋ်ကိုမခေါ်ချင်မမေးချင်ပေမယ့်လည်းမပြောမဖြစ်သောအချိန်နေကြောင့်မေးလိုက်လေသည်။
"ကားပျက်သွားတာ ကိုယ်လဲမပြင်တက်ဘူး ပြင်စရာပစ္စည်းတွေလဲပါမလာဘူး"
"ဟမ် ဖြစ်ရမယ်ဖြစ်ရမယ် ။ခင်ဗျားနဲ့ကျွန်တော်လေဘယ်ဘဝမှာများကားတွေနဲ့ရေစက်တွေပါတွေစုံခဲ့သလားဘဲ"
ခိုကိုးသည်ဘုန်းထွဋ်အဖြေကြောင့်အံ့သြမူ စိတ်ဆိုးမူများဖြင့်ရွဲ့ပြောလိုက်ရာ
"အွန်... ဖြစ်နိုင်တယ်နော်"
ဘုန်းထွဋ်လည်းခိုကိုး၏စူပုတ်ပုတ်မျက်နှာထားဖြင့်ချစ်စရာကောင်းစွာရွဲ့ပြောနေသောဟန်လေးကိုသဘောကျ၍ရုပ်တည်ကြီးဖြင့်ပြန်စလိုက်လေသည်။
"ရွဲ့ပြောနေတာရွဲ့ပြောနေတာအရူးရဲ့ ။ခင်ဗျားနဲ့ပက်သက်တိုင်းပြသနာတစ်ခုမဟုက်တစ်ခုတက်တယ် ။အထူးသဖြင့်ကားတွေနဲ့ပက်သက်ရင် ဟူး... အစောကတည်းကtaxiနဲ့သွားရင်ပြီးနေတာကို ကျွန်တော်မှားတာကျွန်တော်ကိုကမှားတာ"
ခိုကိုး၏နုတ်ခမ်းပါးပါးလေးထော်ထော်နှင့်အတူလက်ဟန်ခြေဟန်လေးဖြင့်အပြစ်ရှာနေသည်မှာဘုန်းထွဋ်အဖို့အသဲယားစရာပင် ။ထို့ကြောင့် သူ၏ ပါးစပ်မှရီသံတချို့ဖြစ်ပေါလာခဲ့၏။
"ဟား ဟား ..."
ပြသနာရှာ၍ရန်ရှာနေသည့်တိုင်အောင်အပြုံးမပျက်ရီသံလေးပါထွက်ပေါ်လာသောဘုန်းထွဋ်ကိုကြည့်၍ခိုကိုး၏မထိန်းနိုင်သောဒေါသများတဖွားဖွားပေါထွက်လာသည်။
"အေ ရီနေ ဒီလူရှင်းတဲ့လမ်းမှာ ဘယ်လိုtaxiငှားရမလဲမစဉ်းစားနဲ့သိလား ကျွတ်... "
ပြောပြောဆိုဆိုဖြင့်လမ်းလျောက်ရန်ချိန်နေသွေားသောခိုကိုးကိုလက်ကလေးဆွဲ၍
"ဘယ်လဲ "
ဟုဘုန်းထွဋ် စိတ်ပုူစွာဖြင့်မေးလိုက်လေသည်။
"ဘယ်ကမှာလဲ taxiသွားငှားမလို့လေ"
"နေဦး ခဏစောင့်ပေး ကိုယ်ဝပ်ရှော့ဆရာခေါ်ထားတယ်။ပြီးတော့မင်းကိုလိုက်ပို့ဖို့လဲကိုယ့်မန်နေဂျာခေါ်ထားတယ်ခဏနေရောက်လာလိမ့်မယ် ခဏဆိုခဏပဲ"
ခိုကိုလဲဘုန်းထွဋ်မျက်နာကိုစေ့စေ့ကြည့်ကာလက်ညိူးတစ်ထိုးထိုးဖြင့်
"သေချာလို့လား"
"အင်း"
"ပြီးတာပဲဒါဆို "
ဟုလက်ကလေးပိုက်ကာနေလေသည်။ကားဝပ်ရှော့ဆရာနှင့်မန်နေဂျာ အလာကိုနစ်ယောက်သားစောင့်နေလေတော့သည်။ခဏအကြာ ကားမဲလေးတစ်စီးဖြင့်မန်နေဂျာမာန်ရောက်လာခဲ့သည်။
"ဘော့စ် ကျွန်တော်ရောက်ပါပြီ"
ခိုကိုးသည် ဝမ်းသာအားရဖြင့်ရောက်လာသောမန်နေဂျာကိုမျက်တောင်မခတ်ကြည့်နေလျက်
"ဘာငေးနေလဲဟိုတစ်ယာက်"
ဘုန်းထွဋ်သည်နားမလည်စွာကြည့်နေသောခိုကိုးကိုမေးလိုက်သည်။မာန်ကိုထိုကောင်လေးကြည့်နေသည်ကိုကြိုက်ပုံမပေါ်။
"ဘာမှမကြည့်ပါဘူး"
ခိုကိုးလည်းမန်နေဂျာနဲ့ဘုန်းထွဋ်တို့စိုက်ကြည့်နေသောအကြည့်ကိုရှာင်လိုက်ပြီး ဘာမှမသိသောပုံစံဖြင့်သာဖြေလိုက်သည်။
"မင်းကြည့်နေပါတယ်"
ဘုန်းထွဋ်၏မယုံကြည်၍မေးလာသောမွေးခွန်းကြောင့်အမြင်ကပ်ကပ်ဖြင့်ခိုကိုးလည်း
"ဟုက်တယ်ကြည့်တယ် ခင်ဗျားဘေးကတစ်ယောက်ကချောလို့ကြည့်တာရှင်းလား"
ဘုန်းထွဋ်ကိုရန်စနေပြန်သည်။
"မာန်"
"ဟုက်ကဲ့ဘော့စ် "
"သော့ပေး ငါပဲလိုက်ပို့လိုက်တော့မယ် မင်းငါ့ကားပြန်ယူခဲ့လိုက်"
"ဗျာ ဘော့စ်ပြောတော့ ဘယ်သူကိုပို့ရမယ်ဆိုလား"
"မန်နေဂျာမာန်..."
ဘုန်းထွဋ်၏ဟိန်းဟောက်မုူကြောင့်မန်နေဂျာလည်းထိတ်လန့်ကာနူတ်ဆိတ်သွားသည်။ ဘော့စ်နှင့်ပြသနာမဖြစ်ချင်တာလည်းပါ၏။
"ဟုက်ကဲ့ဘော့စ် ဒီမှာပါ သော့"
"အင်း ဟိုတစ်ယောက်သွားမယ် တက်"
ခိုကိုးသည်သူ၏ဒေါသအကြည့်များကြောင့်ကြောက်ကြောက်ဖြင့်သာကားပေါတက်ခဲ့ရလေသည်။စိတ်ထဲတွင်လည်း ငါဘာအမှားလုပ်ထားလဲဟုအကြိမ်ကြိမ်တွေးကာ ခိုးခိုးကြည့်နေမိသည်။
**********************************-
"ဘော့စ် ဧည့်သည် လာတယ်"
ဘုန်းထွဋ်အလုပ်ခန်းထဲသို့မန်နေဂျာဝင်ရောက်လာကာ ပြောဆိုလိုက်သည်။
"ဘယ်သူလဲ ငါဘယ်သူ့နဲ့မှမချိန်းထားပါဘူး "
"ကျွန်မပါရှင်ကျွန်မပါ "
မန်နေဂျာမာန်အနောက်မှထွက်ပေါလာသောချောမောလှပသော မိန်းကလေးတစ်ယောက်
" သြော် ... ဒေါ်ဧပရယ်ဘယ်တုန်းကဒီမြို့ကိုရောက်တာ "
ဘုန်းထွဋ်မျက်နာအမူရာဖြင့်မန်နေဂျာအချက်ပြ၍အခန်းပြင်ထွက်ခိုင်းစေသည်။မန်နေဂျာမာန်လဲအလိုက်သိစွာထွက်သွားခဲ့၏။
" အမယ်လေး မောလို့ ငါထိုင်ဦးမယ်"
"အေအေ ရော့ရေလေးပါလေးသောက်ဦးနော်"
ဘုန်းထွဋ်လဲဧပရယ်ကိုအရွဲ့တိုက်ကာသူ၏ဘေးမှရေပါပေးသောက်နေတော့သည်။ဧပရယ်လည်းမောကြီးပင်ပန်းကြီးခပ်မြန်မြန်လိုက်၍
" ရေသောက်မှဘဲမောတာပျောက်သွားတော့တယ်"
"အင်း မောတာတွေမက်တာတွေအသာထား နင့်ငါ့ဆီဘာလာလုပ်တာလဲ"
"ဟာ လာလည်တာပေါ့ ဟိုတယ်လာမှတော့ ဟိုတယ်လာတည်းတာပေါ့
ဟီ..."
ထိုမိန်းကလေးစကားကြောင့် ဘုန်းထွဋ်မျက်နာဟန်မဆောင်နိင်ဘဲမျက်နာပျက်ပါပျက်လာခဲ့၏။စိတ်ညစ်၍မျက်ခုံးလေးကိုအသာကုတ်ပြီး
"ဟို နင့်တူမနစ်ယောက်ရောပါလာတာလား"
"အေးပေါ့ဟ "
ဘုန်းထွဋ်သည်စိတ်ပျက်လက်ပျက်ဖြင့်စာပွဲပေါမေးလေးထောက်လိုက်ပြီး
"နင်တို့သုံးယောက်ငါကိုနှစ်တိုင်းဘာလို့ဒုက္ခပေးရတာလဲဟာ"
"ဟဲ့ ငါကနင့်ကိုခင်လွန်းလို့ဒီတိုင်းငါ့တူမတွေကျောင်းပိတ်ရက်တွေမှာဒီမြို့လာတာ။ တခြားဟိုတယ်မသွားဘဲနင့်ဟိုတယ်လာတည်းတာနော်"
"သြော် အေ ကျေးဇူးတင်လိုက်တာဟာ။ မျောက်လောင်းနဲ့မျောက်ကလေးနှစ်ကောင်နဲ့ လာတည်းပေလို့ "
"အဲလို့မပြောပါနဲ့ဟယ် စေတနာနဲ့ပါ "
"ဘာစေတနာလဲ ပစ္စည်းတွေရိုက်ခွဲရတာနဲ့ အသံပြဲကြီးနဲ့လျောက်ပတ်ပြီးအော်နေရတာနဲ့ ဧည်သည်တွေကိုနှောက်ယှက်ရတာနဲ့ အခုအဲ့ မျောက်လောင်းနစ်ကောင်ရော် "
ဧပရယ် တူမဖြစ်သူကြောင့်သူစိတ်ညစ်ရသည်မှာအကြိမ်ပေါင်းမနည်း။ထို့ကြောင့် စိတ်ပျက်စွာပြောနေမိလေသည်။ ဧပရယ်တို့ကို မတည်းစေလိုသောကြောင့်မဟုတ် တူမများအလွန်းဆိုးသွမ်းလွန်းသောကြောင့်ဖြစ်၏။
"သူတို့ တွေအခုချိန်နင့်ဝန်တမ်းတွေနဲ့ စိန်ပြေးတမ်းကစားနေလိုက်ပြီ"
"ဟူး...စိတ်ညစ်ပါတယ်"
ဘုန်းထွဋ်လည်းမန်နေဂျာကိုအလောတကြီးဖုန်းထဆက်၍
"မာန် ထုံးစံအတိုင်း ဟိုမျောက်လောင်းအမွှေစိန်နစ်ကောင်ကိုထိန်းထားပေးပါဦး"
ထိုအခါမှဘုန်းထွဋ်လည်းစိတ်အေးလက်အေးဖြင့်ထိုင်ခုံပေါ်သို့ထိုင်ချလိုက်တော့သည်။
"ကဲပြောအမိ "
"ငဘုန်း နင်ပိန်လာပါလား"
"နင်စိတ်ထင်လို့ပါ "
"ဒါနဲ့နင့်ညီမ ပိုးသား ရော နေကောင်းလား'
"အင်း အခြေနေကတော့အရင်ထက်ကောင်းလာပါပြီ ဒါပေမယ့်ငါကတော့စိုးရိမ်နေတုန်းဘဲ"
သူသည်မျက်နာညိူးနေသောဘုန်းထွဋ်ကို အားပေးမူတို့ဖြင့်လက်ကလေးကိုင်ကာညင်သာမျက်ဝန်းတို့ဖြင့်
"ပိုးသားမြန်မြန်နေကောင်းလာမှာပါ "
ဟူ၍အာပေးနေခဲ့သည်။ ဘုန်းထွဋ်ကို သူအလွန်သနားနေပုံ၏။ ဧပရယ်သည်အရာရာနားလည်၍သဘောကောင်းသောသူဟုယူဆရလောက်သည်။
"အင်း'
"နင် ဟို ဟို "
မေးရန်ခက်ခဲနေသောဧပရယ်ကိုကြည့်ကာဘုန်းထွဋ်စိတ်မရှည်စွာဖြင့်
"ဘာလဲ ပြောစရာရှီတာပြောလေ "
ဟုဒဲ့တိုးပြောလိုက်ကာမှ သူလည်းအားမနာတော့ဘဲ
''ငဘုန်း နင် ...."
ဘုန်းထွဋ်ဘေးနားအားကပ်၍တီးတိုးပြောဆိုလိုက်သည်။
"ဟုက်တယ်လေ နင်ဘယ်လိုသိလဲ မာန်ပြောပြတာလား"
"ဘယ်လိုသိလဲ ဘယ်သူပြောတာထပ် နင်မလုပ်သင့်ဘူးငဘုန်း ဒါတော့ ငါတားပါရစေ"
"မတားနေနဲ့ငါလုပ်နေပြီ "
ခေါင်းလေးကုတ်ကာပေါ့ပျက်ပျက်ဖြေနေသောသူငယ်ချင်းဖြစ်သူကိုကြည်၍သူစိတ်မချမ်းသာ။ သူတားကိုတားရမည့်ကိစ္စဖြစ်သောကြောင့်
"ဘုန်းထွဋ်တော်ပါတော့ဟာ ကျန်တဲ့နင့်ဘဝနင့်အနာဂတ်လေး မှာပျော်ပျော်ပဲနေပါ "
"အခုလဲငါပျော်စရာကိစ္စလုပ်နေတာဘဲလေ ငါနိုင်ရင်ငါပျော်ရပြီပေါ့"
"ငဘုန်း ကြိုးဝိုင်းတစ်ခုမှာ လက်ဝှေ့သမား နစ်ယောက် ဘယ်သူဘဲနိုင်နိင် အနည်းဆုံးအသားနာတာပဲ ထိခိုက်ကြတာပဲ။ ဘာလို့ထိခိုက်မဲ့အလုပ်ကိုနင်လုပ်နေကတာလဲ"
"နင်ကိုယ်ချင်းမစာတက်ဘူးလား ဧပရယ် နင်ငါ့နေရာမှာခနလောက်ဝင်ခံစားကြည့်ပါလား ဘယ်လောက်ပူဆွေးသောကရောက်လဲဆိုတာ"
ဧပရယ်ဖျောင်းဖျနေသည်ကိုနားဝင်ပုံမပေါ်၍ ပြန်လည်ပြောဆိုရင်းမှဒေါသများနှင့်အတူ မျက်ရည်များပါ မကျလာအောင်ထိန်းကာပြောနေရသည်။
"ငါ ကိုယ်ချင်းမစာလို့မဟုက်ဘူး နင်ထိခိုက်မှာစိုးလို့ပြောနေတာဟ"
"မလိုဘူး ငါကိုစိတ်ပူပေးစရာလဲမလိုဘူး သနားစရာလဲမလိုဘူး။
ငါပါသာယှဉ်ပြိုင်နိုင်တယ်"
"ဘုန်းထွဋ် "
"အခန်းထဲကထွက်သွားပေးပါဧပရယ် ရယ် ငါတောင်းပန်ပါတယ်"
မျက်ဝန်းများနီးရဲလာပြီးမျက်ရည်များတာဆီးမရအောင်ကျ၍တာင်းပန်နေသောဘုန်းထွဋ်၏ပုံစံသည်သနားစရာကောင်းလှသည်မှာအမှန်ပင်။ဧပရယ်လဲသနားစရာကောင်းသောဘုန်းထွဋ်ကိုထွေးဖက်၍
"ဘုန်းထွဋ်ရယ်"
ဟု နစ်သိပ့်ကာချော့မြူနေလေသည်။ ဘုန်းထွဋ်မျက်ရည်လည်းဧပရယ်ရင်ခွင်ထဲ ပြိုလဲကာကျဆင်းတော့သည်။ ယောကျာ်းကြီးတစ်ယောက်တန်မဲ့ ဘာအကြောင်းကြောင့် သူမျက်ရည်ကျရပါသလဲ။
***********************
ဘေဘီသဲတုန်(brown lotus)