"ဟိုဆော့ဟျောင်း"
"အင်းပါ ဟျောင်း "
"Hello ကုကီပြော "
"Butterfly Cafe မှာ "
"အင်း ဒါပဲနော် ဟျောင်း "
...........................
"ဟျောင်းအဖြေက ဒါလား "
"မဟုတ်... ဟို "
...........................
ဂျင်ဟောင်းက
ဂျီမင်းက
နမ်ဂျွန်းက
ဟိုဆော့က
ဂျင်က
..................................
ဒေါက်ဒေါက်...
"ဂျောင်ကုကီ ဟျောင်းပါ "
"ဟီး ကုကီလေးကလည်း "
"ပြီးရော ပြီးရော "
"ဒါကဘယ်သွားမှာလည်း "
"ဟင် ဂျောင်ကုကီ "
...............................
"ဟျောင်း... "
"Good Night Hyung "
Unicode.....
ဒီနေ့ နားရက်ဖြစ်တာကြောင့် ဂျောင်ကုနောက်ကျမှနိုးလာသည်.... အကုန်တစ်အိမ်ထဲစုနေပေမယ့် အိမ်အကျယ်ကြီးကိုနှစ်ထပ်မလို့ ဟျောင်းတို့ကိုယ့်ဘာသာနေလျှင်ဆုံဖို့မလွယ်ပေ...
ထမင်းစားခန်းဆင်းလာတော့ ဟိုဆော့ဟျောင်းကတစ်ခုခုစားဖို့ပြင်နေတာကြောင့် ဂျောင်ကုအနားသွားလိုက်ပြီး အခုထိမတွေ့ရသေးသော ဟျောင်းပေါက်စအားမေးမိသည်
"ဟိုဆော့ဟျောင်း"
"ကုကီ လာလေ ဘာစားချင်လည်း ဟျောင်းလုပ်ပေးမယ် စာဖိုမှူးကကြာဦးမှာ အပြင်သွားတယ်"
"ဟင့်အင်း ထယ်ယောင်းဟျောင်းရော "
"ယောင်းငယ်က ဟွာရန်းဟျောင်းတွေနဲ့ ဆုံဖို့ဆိုပြီးမနက်ကရင်းသွားခဲ့တာ ကုကီရဲ့ "
...ကျစ် ဒီဟျောင်းပေါက်စကတော့လေ တကယ်ပဲ....
ဂျောင်ကုရင်ထဲအလိုမကျမှုကြောင့် မျက်မှောင်တို့ကျုံ့လိုက်ရင်း
"ဘယ်ချိန်ပြန်လာမှာတဲ့လဲ ဟျောင်း "
"ပြောမသွားဘူး ကုကီ ကြာမယ်ထင်တယ် "
"အင်းပါ ဟျောင်း "
ဟိုဆော့နဲ့ပြောပြီး ဂျောင်ကုအပေါ်တက်ပြီး အခန်းထဲပြန်ဝင်ကာ Ph no တစ်ချို့ကိုနှိပ်လိုက်တော့..
"Hello ကုကီပြော "
"ဟျောင်း... အခုဘယ်မှာလည်း... ဘယ်ချိန်ပြန်လာမှာလည်း "
"အခုနန်းတော်ထဲမှာ ခနနေနေ့လည်စာစားပြီး ဆိုဂျွန်းဟျောင်းအိမ်လိုက်သွားမလို့"
"ဟျောင်းကလည်း ဘာလို့လိုက်မှာလည်း သူများအိမ်ကို ပြန်လာကွာ "
"ဂျောင်ကုကီ မဆိုးနဲ့လေ ဟျောင်းပြန်လာရင်မုန့်ဝယ်ခဲ့မယ်နော် "
"မုန့်နဲ့ချော့ရအောင်ကျွန်တော်ကလေးမဟုတ်တော့ဘူး နိုးနိုးချင်းဟျောင်းကိုမတွေ့ရလို့ကျွန်တော်စိတ်တိုလိုက်တာ "
"အင်းပါ ဂျောင်ကုကီကလိမ်မာပါတယ် ဒါပဲနော် ဟျောင်းတွေခေါ်နေပြီ "
"နေဦး နေဦး အခုနေ့လည်စာကဘယ်ကိုသွားစားမှာလည်း "
"Butterfly Cafe မှာ "
"အင်း ဒါပဲနော် ဟျောင်း "
ဂျောင်ကု Ph ချလိုက်ပြီး အပြင်ထွက်ဖို့ပြင်ဆင်လိုက်သည် ...ဟျောင်းပေါက်စအားစိတ်မချပေ ညနေထိတော့မစောင့်နိုင်ပါ မျက်နှာလေးမြင်ရမှဖြစ်မည်
...........................
ထယ်ယောင်းတို့အစားအသောက်တွေမှာပြီး စကားတွေပြောနေစဉ် သူတို့ဝိုင်းရဲ့မျက်နှာချင်းဆိုင်ခုံမှာလာထိုင်သော သူကြောင့်ရေသီးသွားရသည်...ဂျောင်ကုကီက ဒီကိုဘယ်လိုလုပ်...
ဂျောင်ကုကသူ့အားမမှိတ်မသုန်စိုက်ကြည့်ကာ Wink လုပ်ပြသည်... ဆိုဂျွန်းဟျောင်းကဂျောင်ကုကိုကျောပေးထားတာကြောင့် ဟျောင်းတွေကမတွေ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ထယ်ယောင်းသာ ဂျောင်ကုကိုတွေ့သည်...All Black နဲ့ ဦးထုတ်ခပ်ဝိုင်းဝိုင်းအနက်ရောင်နဲ့ ဂျောင်ကုက ခပ်ဟော့ဟော့လူငယ်စတိုင်နဲ့ပင်
"ထယ်ထယ်ရယ် သီးကုန်ပြီ ဘယ်လိုဖြစ်တာလည်း "
Tissue နဲ့ပွနေသောနေရာတွေကိုသုတ်ပေးနေသော ဆိုဂျွန်းဟျောင်းနဲ့ တစ်ယောက်တစ်ပေါက်ပြောနေကြသောဟျောင်းတွေကြား ထယ်ယောင်းလေးမှာသိပ်ပင်မရယ်ပြနိုင် မျက်နှာချင်းဆိုင်က ဂျောင်ကုက မီးဝင်းဝင်းတောက်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေတာကိုး
"ဟိုလေ ဟျောင်းတို့ ကျွန်တော် Toilet လေးခန ..."
ပြောပြီးအမြန်ထွက်ခဲ့သည်
ဂျောင်ကုမှာ ဒေါသတွေထွက်နေရသည် ထယ်ယောင်းကိုဂရုစိုက်နေကြတာများ သည်းသည်းလှုပ် ဒီနေ့ကျမှ ဆံပင်ရွှေအိုရောင်ပျော့ပျော့လေးနဲ့ ဆွယ်တာအကျီလေးဝတ်ထားသော ဟျောင်းပေါက်စက နတ်သားလေးလိုအရမ်းကိုချစ်စရာကောင်းနေပေသည်...
ရှေ့ကဟျောင်းပေါက်စကို ပါးစောင်ကိုလျှာနဲ့ထိုးပြီး ခပ်တည်တည်စိုက်ကြည့်မိတော့ သူနဲ့မျက်လုံးချင်းမဆုံအောင်အကြည့်တွေလွှဲဖယ်ရင်း ထသွားခဲ့ရာ ဟျောင်းပေါက်စနောက်လိုက်လာခဲ့သည်
Toilet နားရောက်တော့ ဟျောင်းပေါက်စအားဆွဲခေါ်ပြီး အနည်းငယ်ချောင်ကျတဲ့နံရံနားကပ်လိုက်တော့ မော့ကြည့်လာတဲ့မျက်ဝန်းတောက်တောက်လေးတွေ
"ဂျောင်ကုကီ ဒီကိုဘယ်လိုလုပ်လိုက်လာတာလည်း "
"ဘယ်လိုလုပ်လိုက်လာရလည်း ဒီကောင်က ဟျောင်းမျက်နှာကိုမတွေ့ရပဲ ညအထိနေနိုင်တဲ့ကောင်မလို့လား "
သူ့စကားကြောင့် နှင်းဆီရောင်နှုတ်ခမ်းလေးပွင့်ဟသွားကာ
"ညကျတွေ့ရမှာပဲ အိမ်ပြန်လာမှာပဲကို ဂျောင်ကုကီကလည်း "
"ညထိမစောင့်နိုင်ဘူး ဒီနေ့ပိတ်ရက်မို့ ဟျောင်းနဲ့စားချင်တာလေးတွေစားပြီးလျှောက်လည်မလို့စိတ်ကူးထားတာ ဟျောင်းက ဘာလို့ဘာမှမပြောပဲ သူများတွေနဲ့လျှောက်လည်ရတာလည်း "
"ဂျောင်ကုကီကလည်း ညနေကျရင် ဘနားနား Milk ဝယ်ခဲ့မယ်နော် "
"ဟျောင်းရွေး ကျွန်တော်လား ဟွာရန်းဟျောင်းတွေလား "
ထယ်ယောင်းမျက်လုံးလေးတွေပြူးနေကာ
... ဒီကလေးဘာတွေပြောနေတာလည်း အခုသူကဟျောင်းတို့နဲ့လာတာလေ...
"ကုကီ အာ့လိုတွေဘာလို့မေးနေတာလည်း ဟျောင်းတို့စောင့်နေတာကြာနေပြီ သွားတော့မယ် "
"ဟျောင်းအဖြေက ဒါလား "
"မဟုတ်... ဟို "
ထယ်ယောင်းစကားတောင်မဆုံးသေး ဆွဲထားတဲ့သူ့ကိုယ်လေးကိုလွှတ်လိုက်ပြီး ဂျောင်ကုထွက်သွားတော့သည်..စိတ်ဆိုးသွားပြီနဲ့တူတယ်...
...........................
ညနေမှောင်တဲ့အချိန်ကျမှ ထယ်ယောင်းအိမ်သို့ပြန်ရောက်သည်...လက်ထဲမှာလည်းစားစရာတွေအပြည့်ဆွဲကာ ဧည့်ခန်းထဲရောက်တော့ ဂျောင်ကုကလွဲပြီး အကုန်စုံနေတော့
"ဟျောင်းတို့ ဒီမှာစားစရာတွေဝယ်လာတယ်"
ဂျင်ဟောင်းက
"ငါတို့ယောင်းငယ်လေးပျော်ခဲ့လား "
"ဟုတ်ပျော်ပါတယ် ဟျောင်း ဒါနဲ့ဂျောင်ကုရော "
ဂျီမင်းက
"နေ့လည်ကပြန်လာကတည်းက အခန်းထဲကမထွက်လာဘူး မျက်နှာလည်းမကောင်းဘူး ဘာဖြစ်လာတာလဲမေးတာလည်း ဘာမှမဖြေဘူး ထမင်းစားဖို့ ယွန်းဂီဟျောင်းတက်ခေါ်တော့လည်း မစားဘူးပဲပြောပြီးထွက်မလာဘူး "
"ဟုတ်လား ငါသွားကြည့်လိုက်ဦးမယ် ဂျီမင်းနီ "
ထယ်ယောင်းအပေါ်တက်ကိုမပြေးရုံတမယ်တက်သွားတော့
နမ်ဂျွန်းက
"ဘာဖြစ်ကြတာလည်း သူတို့နှစ်ယောက် "
ဟိုဆော့က
"မနက်ကကုကီက ယောင်းငယ်ကိုမတွေ့လို့မေးသေးတယ် အခုကောက်နေတာထင်တယ် "
ဂျင်က
"သူတို့နှစ်ယောက်အကြောင်းလည်းသိတယ်မလား တစ်ယောက်နဲ့တစ်ယောက်မျက်စိအောက်ကပျောက်မခံဘူးလေ အခုလည်းယောင်းငယ်ချော့ရတော့မယ်နေမှာ "
ဂျင့်စကားအဆုံး ဂျီမင်းမျက်နှာပျက်သွားတာကို ယွန်းဂီမြင်လိုက်ရသည်
....ရှေ့လျှောက် ဘာတွေဖြစ်လာမလည်းဆိုတာ သူလည်းမသိတော့ ....
..................................
ဒေါက်ဒေါက်...
"ဟျောင်းတို့ရယ် ကျွန်တော့်ကိုအေးဆေးပေးနေပါ တစ်ယောက်တည်းနေပါရစေ "
"ဂျောင်ကုကီ ဟျောင်းပါ "
ဂျောင်ကုထယ်ယောင်းအသံကြောင့် ခေါင်းလေးဆတ်ခနဲထောင်သွားရပြီး
"ဘာလာလုပ်တာလည်း ဟျောင်းက "
"တံခါးခနဖွင့်ဦး ပြောစရာရှိတယ် "
"ကျွန်တော့်မှာ ပြောစရာမရှိဘူး သွားတော့ဟျောင်း "
"ဟျောင်းလက်ထိခိုက်လာလို့ ဂျောင်ကုကီကို ဆေးထည့်ခိုင်းမလို့ "
ထိုမှသာ တံခါးကဖျတ်ခနဲပွင့်လာသည် ... ထယ်ယောင်းသိတာပေါ့ ဂျောင်ကုသူ့ကိုဘယ်လောက်အထိခိုက်မခံမှန်း သီချင်းတွေဆိုနေရင်း stage ပေါ်မှာလည်း အရိပ်တကြည့်ကြည့်နဲ့ ထယ်ယောင်းနားကမခွာသူ... ယုတ်ဆွအဆုံး ထယ်ယောင်းရဲ့ဆံပင်မှာအမှိုက်ကပ်နေရင်တောင်ဖယ်ပေးတတ်တဲ့ဂျောင်ကုလေးပါလေ..
အခန်းထဲကမန်းကတန်းဝင်ပြီး အထုပ်တွေစားပွဲပေါ်ချလိုက်တော့ ဂျောင်ကုကနှာခေါင်းရှုံ့တော့သည်
"လိမ်တာမလား အခန်းထဲဝင်လို့ရအောင်လို့ "
"ဟီး ကုကီလေးကလည်း "
အခုမှလာရယ်ပြနေသော ဟျောင်းပေါက်စအား ဂျောင်ကုကျော်ပြီး အိပ်ရာပေါ်ပြန်လှဲချကာ စောင်ပုံထဲလုံးနေတော့သည်.. ထယ်ယောင်းဂျောင်ကုခုတင်နားသွားကာ စောင်တို့အားဆွဲဖယ်ပြီး ဂျောင်ကုမျက်နှာပေါ်လက်လေးနှစ်ဖက်နဲ့အုပ်ကိုင်ကာ
"ဟျောင်းရဲ့ကုကီလေးက စိတ်ဆိုးနေတာလား မဆိုးပါနဲ့နော် ဟျောင်းကုကီကြိုက်တဲ့မုန့်တွေလည်းဝယ်လာတယ် ထပါ စားရအောင်နော် တစ်နေကုန်ဘာမှလည်းမစားဘူး Concert နီးနေတာကို နေမကောင်းဖြစ်လိမ့်မယ် "
ဂျောင်ကုမျက်နှာပေါ်က ထယ်ယောင်းလက်အားပုတ်ထုပ်လိုက်ကာတစ်ဖက်သို့လှည့်လိုက်ပြီး
"ကျွန်တော့်ကို အရေးလုပ်မနေနဲ့ ကျွန်တော့်ထက်အရေးကြီးတဲ့ ဟိုဟျောင်းတွေကိုသာဂရုစိုက်လိုက် "
ထယ်ယောင်းဂျောင်ကုစကားအားကြားတော့ ပြုံးလိုက်မိသည်.. ဂျောင်ကုက သူ့အားအာရုံမစိုက်လျှင်စိတ်ဆိုးတတ်သည်..အခုလည်းသူ့ရင်ထဲမှာ သူ့ရဲ့ကုကီသာပထမပါ ဟျောင်းတို့ကိုအားနာလို့ပြန်သွားရတာ ကုကီလို့ရွေးလိုက်လျှင် ဂျောင်ကုတစ်ယောက် ဟျောင်းတို့ဆီပြန်လွှတ်မှာမဟုတ်ပေ
"မဟုတ်ပါဘူး ဟျောင်းရင်ထဲမှာ မင်းပါကုကီရယ်.. နော် မင်းကိုပဲရွေးထားတာပါ "
သူ့စကားကြောင့် ဂျောင်ကု ဒီဘက်လှည့်လာပြီး
"အာ့ဆို ဘာလို့နေ့လည်က သူတို့ဆီသွားတာလည်း ဘာလို့သူတို့ကိုရွေးလည်း "
"ဂျောင်ကုကလည်း ဟျောင်းကသူတို့နဲ့လိုက်လာတာလေ အားနာစရာကြီးပြန်လိုက်ခဲ့ရင်ပြီးတော့ သူတို့လည်းအားတဲ့သူတွေမှမဟုတ်တာ ဂျောင်ကုကီရဲ့ မအားတဲ့ကြားကဆုံကြတာကို ဟျောင်းကြောင့်မပျက်စေချင်လို့ "
ထယ်ယောင်းစကားအဆုံးဂျောင်ကုမျက်နှာဆူပုတ်နေကာ
"သေချာလား ကျွန်တော်ဆိုတာ "
"အင်း သေချာတယ် အဲ့တာမို့ ဟျောင်းဝယ်လာတဲ့မုန့်တွေအခုစားလိုက်နော် "
"ပြီးရော ပြီးရော "
ဂျောင်ကုမုန့်တွေယူစားတော့မှ ထယ်ယောင်းသက်ပြင်းချလိုက်ရင်း ရေချိုးဖို့အခန်းထဲပြန်ရန်လုပ်တော့
"ဒါကဘယ်သွားမှာလည်း "
"ဟျောင်းက အခုမှပြန်ရောက်တာလေ ရေမိုးချိုးပြီးနားတော့မလို့ "
"ဒီညကျွန်တော်နဲ့လာအိပ် "
"ဟင် ဂျောင်ကုကီ "
"မရဘူးနော် မဟုတ်ရင်စိတ်ဆိုးမှာ "
ထယ်ယောင်းဂျစ်တူးကောင်လေးအကြောင်းသိသည်မို့
"အင်းပါ ဟျောင်းလာခဲ့မယ် "
...............................
လာခဲ့မယ်ပြောပြီး ပေါ်မလာခဲ့သော ထယ်ယောင်းကြောင့် ဂျောင်ကုမှာစိတ်ဆိုးချင်သော်လည်း ခြေလှမ်းတို့ကမူ ထယ်ယောင်းအခန်းဆီသာ...
"ဟျောင်း... "
တံခါးလော့ချမအိပ်တတ်သည့်ထယ်ယောင်းကြောင့် ဂျောင်ကုအခန်းထဲဝင်လိုက်တော့ ခေါင်းအုံးလေးအားဖက်ပြီး အိပ်မောကျနေသော ဟျောင်းပေါက်စရယ်..
ခုတင်နားထိတိုးသွားကာ အိပ်ပျော်နေသော မျက်နှာလေးအား အနီးကပ်ကြည့်မိတော့ ရင်ဘတ်ထဲကကောင်က တဒုန်းဒုန်းရယ် ...
ဒီလောက်ချစ်စရာကောင်းတဲ့နတ်သားလေးကို ခင်ဗျားတို့မြင်ဖူးမယ်မထင်ဘူးဗျာ...ဒီဟျောင်းပေါက်စလေးက ကျွန်တော် ဂျွန်ဂျောင်ကုအပိုင်.. ကျွန်တော်ကတော့သည်းသည်းလှုပ်ပဲ... အိပ်နေတဲ့ပုံလေးကိုဓာတ်ပုံရိုက်ယူထားမိသည်... ထို့နောက် နဖူးလေးအားငုံ့နမ်းလိုက်ရင်း
"Good Night Hyung "
အခန်းတံခါးအားစေ့ရုံပဲစေ့ထားမိတော့ ထယ်ယောင်းနဲ့အတူလာအိပ်သော ဂျီမင်းက ဂျောင်ကုလုပ်ရပ်တွေအားအကုန်မြင်သွားခဲ့လေသည်....
ဂျီမင်းအခန်းထဲရောက်တော့ လူကဆောက်တည်ရာမရပဲ ခြေထောက်တွေပင်မခိုင်ချင်... ဂျောင်ကုကဘာလဲ ထယ်ယောင်းအပေါ် ဘယ်လိုတွေသဘောထားတာလည်း...ဒါမယ့် ဘယ်ပွဲပဲတက်တက် ထယ်ယောင်းကိုဂရုတစိုက်ရှိတဲ့ဂျောင်ကုအပြုအမူတွေ ဖျော်ဖြေနေလည်း ထယ်ယောင်းကို မသိမသာခိုးကြည့်တာတွေ... ထယ်ယောင်းနဲ့ကြားထဲမှာ သူတို့ခြားနေတာတောင် ခေါင်းတွေကိုစောင်းလို့ အရိပ်တကြည့်ကြည့်နေတာတွေ
ဂျီမင်းမျက်လုံးထဲအကုန်ပြန်မြင်ကာ ခေါင်းတွေအားရမ်းနေမိသည်... ဂျောင်ကုက ထယ်ယောင်းကို အစ်ကိုတစ်ယောက်ထက်ပိုနေခဲ့တာပဲ... မဟုတ်ဘူး ချစ်သူတစ်ယောက်လိုပြုမူဆက်ဆံနေခဲ့တာ ...
ဲဒါဆို သူကရော ထယ်ယောင်းအပေါ် သူငယ်ချင်းလို ညီအစ်ကိုလိုလား ... ထယ်ယောင်းကို တစ်နေ့မတွေ့ရရင်မနေနိုင်တာကရော ဘာခံစားချက်လည်း...
ဂျီမင်းဝေခွဲမရစွာ ခုတင်ပေါ်လူးလှိမ့်ရင်း Ph သုံးကာ သူတို့ပဲရှိတဲ့လျှို့ဝှက်အကောင့်ထဲဝင်ကာ IG ကိုကြည့်နေလိုက်သည်... ထယ်ယောင်းရဲ့လျှို့ဝှက်အကောင့်လေးထဲဝင်ပြီး Wall တစ်ခုလုံးကိုသဘောကျစွာကြည့်နေမိသည်.... ဒီလိုအကောင့်မျိုး သူတို့ ၇ ယောက်လုံးမှာရှိသည်... ဖန်တွေက IG မသုံးဘူးလို့သိထားကြပေမယ့် BT7 အဖြစ်မဟုတ်ပဲ သာမာန်လူလို အကောင့်လေးတွေနဲ့သုံးကြသည်...
New post ဆိုပဲ ဂျီမင်းစာလေးအားနှိပ်လိုက်တော့ အပေါ်ဆုံးက အခုမှတင်ထားတဲ့ Post ကိုတွေ့တော့
"မင်းတို့သိလား ချစ်ရတဲ့သူအပြစ်ကင်းစွာအိပ်ပျော်နေတာလေးကို တစိမ့်စိမ့်ကြည့်နေရတာ ဘယ်လောက်ပျော်စရာကောင်းလဲဆိုတာ "
အဲ့စာသားလေးနဲ့ ကျားပုံစံ emoji လေးထည့်ကာ ဂျောင်ကုတင်ထားတဲ့ Status...
ဂျီမင်း Ph အားပိတ်ပစ်ကာ မျက်လုံးတို့ကိုဇွတ်မှိတ်လိုက်သည်... ရင်ထဲမှာ တစ်ခုခုဆုံးရှုံးရတော့မယ့် ခံစားချက်ကြီးကအဆင်ပြေမနေပေ.....
ဇာတ်ကောင်စရိုက်တွေက သာသာ့စိတ်ကူးသက်သက်မို့ အပြင်က Idol Image ကိုထိခိုက်စေလိုခြင်းမဟုတ်ကြောင်း သိစေ လိုပါတယ်ရှင့်... ဖတ်ပေးတဲ့သူတိုင်းကိုကျေးဇူးပါနော်..💜