ဧကရာဇ်ရဲ့ မူပိုင်လူ [[ Compl...

By YadanarXiaoYi

103K 9.6K 733

အစထဲက ကိုယ့္ကို မင္းပိုင္ၿပီးသားပါ ကိုယ့္ရဲ႕ မူပိုင္သူေလး ZSWWSZD Historical Fanfic Cover by- @Yatitunn More

အပိုင္း (၁)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း (၅)
အပိုင္း (၆)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၅)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
အပိုင္း ၁၉
အပိုင်း (၂၀)

အပိုင္း(၂)

6.5K 723 79
By YadanarXiaoYi

Unicode
        

               အပိုင်း(၂) လက်ဆောင်

ဝမ်ရိပေါ် ဟာ အိမ်ပြန်ရောက်တာနဲ့ ဖေဖေရဲ့ ဆူပူ မှုကို ခံလိုက်ရသည်၊၊  အဆူခံရရုံသာမက အပြစ်ပေးလဲ ခံလိုက်ရသည်၊၊ ဖေဖေက စိတ်ဆိုးရင်တောင် ရိုက်နှက်မဆုံးမတတ်၊၊ ထိုင်ထအခါ တစ်ရာပဲ လုပ်ခိုင်းသည်၊၊

" ဖေကြီး စိတ်လျော့ပါ၊၊သားလေးလဲ ညောင်းနေပါရော့မယ် "

" ရှင်မ သားက မလိမ္မာလို့ ကိုယ် ဆုံးမရတာပါ၊၊ omega တစ်ယောက်ဖြစ်ပြီး လျှောက်သွားနေတာ မဖြစ်သင့်ဘူး "

" ဖေကြီး က အမြဲ ထိုင်ထ လုပ်ခိုင်းနေမှတော့ သားက ယောကျ်ား လေးတန်မဲ့ ကိုယ်လုံးကိုယ်ပေါက်လှနေပြီ "

ဟုတ်ပါသည်... သားလေးရဲ့ ကိုယ်လုံးက်ုယ်ပေါက်က ပြေပြစ်ပြီး ခါးသွယ်ပြီး တင်ပါးလှလှလေးကို ပိုင်ဆိုင်ထားသည်၊၊ ဖြူအု နုဖက်နေတဲ့ သားက ဒီလိုကောက်ကြောင်းအလှလေးနဲ့ဆို ပို၍ပင် မက်မောယစ်မူးဖွယ် လှတယ်ဆိုတာထက် ပိုလှနေသယောင်၊၊

" ရိပေါ် ဒီလာဦး "

ဖေဖေခေါ်တော့ ရိပေါ် လဲ ဝတ်ရုံစလေးကို အတန်ငယ် မကာ အနားသွားရပ်လိုက်သည်၊၊စိတ်ဆိုးလဲ ခဏပဲ ကြာတဲ့ သူ့ဖေဖေ၊၊

" ဘယ်တွေသွားနေတာလဲ "

" ဒီနားလေးပါပဲ ၊၊ သားပျင်းလို့ပါ "

" သားက အခုမှ ၁၈စွန်းစွန်း ရှိသေးတာ အပြင်တွေ လျှောက်သွားရင် မကောင်းတဲ့သူနဲ့ တွေ့သွားမှာပေါ့ "

" သားလဲ သိုင်းပညာတတ်တယ် "

ဝမ်လျင်က သက်ပြင်းချရုံမှ ခေါင်းမာတဲ့သားကိုမနိုင်၊ အကြီးတောင် ပါရမီဖြည့်ဖက်တွေ့သွားလို့ပါ ပါးစပ်ငြိမ်နေတာ၊၊ လူပျိုပေါက်တုန်းက ထိန်းမနိုင်၊ သိမ်းမနိုင် မျောက်လောင်းတွေ၊၊

" သွားတော့ "

ရိပေါ် က မေမေပါးကို ရွှတ်ကနဲနမ်းပြီး ပြေးထွက်သွားသည်၊၊ဖေဖေတော့ မနမ်းရဲဘူး၊၊ စိတ်တိုနေတဲ့အချိန်ဆို ဝမ်ရိပေါ် တို့က သိပ်သိပ်ကြောက်၊၊

ကုတင်ပေါ်မှာ ထိုင်ပြီး စောနက ထိုင်ထလုပ်ခဲ့ရ၍ ခြေထောက်တွေ ထုံနေသည်၊၊ တဆက်ထဲ ဟို လူဆိုးကြီးကိုပါ သတိရသွားသည်၊၊ သိပ်လက်ရဲတဲ့လူကြီး၊၊ သူ့ရဲ့ omega တစ်ယောက်လုပ်ဖို့ တောင်းဆိုရဲသေးတယ်၊၊

ဘယ်သူဘယ်ဝါမှန်း မသိဘဲ ဝမ်ရိပေါ် က အရူးကွက် အနင်းမခံနိုင်ပေါင်၊၊ ပါးပြင်ဘေးက ပါးသိုင်းမွှေး ခပ်ရေးရေးကိုသာ ရိတ်လိုက်ရင် ဒီလူက သိပ်ချောမှာပဲ၊၊ အဲ့လူရဲ့ မျက်ဝန်းတွေက သိပ်ကို အကြည့်စူးတယ်၊၊

ကုတင်ပေါ် လှဲချလိုက်ပြီး ရိပေါ် ဟာ မျက်လုံးတွေ မှိတ်ချလိုက်တယ်၊၊ ဒီနေ့က လပြည့်ည... ၊၊

လရောင်ဖြာတဲ့ ညတစ်ည
လှိုင်းကြပ်ခွပ်ထနေတဲ့ ရေကန်ငယ်
သင်းပျံ့နေသော ပန်းရနံ့
လေပြေအေးအေးနဲ့အတူ
သူ့ကျန်ရစ်ခဲ့တဲ့ သင်းရနံ့တွေ
နွေးထွေးစွာ ကျန်ရစ်ခဲ့...၊၊

ူသိပ်ကို ရက်စက်တဲ့ ကောင်လေးပဲ၊၊ သူကို လက်ထပ်ပါလားလို့ မေးရုံနဲ့ ထပြေးသွားတာ၊၊ " အိမ်က စိတ်ပူ နေလိမ့်မယ် " ဆိုပြီး ပြေးထွက်သွားတယ်၊၊ ရှောင်းကျန့် က ဒဏ်ရာနဲ့ ဆိုတာ မေ့နေသလား၊၊

ဒီညမှာလဲ ဂူကြီးထဲ တစ်ယောက်ထဲ နေရဦးမည်၊၊ ဖဲကုတင်ထက်မှာပဲ အိပ်စက်ခဲ့ဖူးတဲ့ မင်းသားဖြစ်တဲ့သူက အခုတော့ အေးစက်စက် သဲပြင်ပေါ်မှာ အိပ်စက်ရမှာတဲ့လား၊၊

သူ့ကို လုပ်ကြံဖို့တွေးရဲတဲ့ လူတစ်စုကြောင့် ဒေါသထွက်မိသည်၊၊ ရှောင်းကျန့် က သွေးအေးသတ္တဝါ ဟု အမတ်မင်းတွေက ထင်မြင်ကြသည်၊၊ သူ သွေးအေးသွားအောင် လုပ်ခဲ့တာ ဘယ်သူလဲ၊၊ ခမည်းတော် သာ မယ်တော် အသက်ကို မစတေးခဲ့ရင် အမုန်းတရား ဆိုတာ ရှိလာမှာ မဟုတ်ဘူး၊၊

နန်းတော်က လက်ဝဲ အမတ်ချောင် က လုပ်ကြံခဲ့တာကို မယ်တော်က ပုန်ကန်သူ အဖြစ် သတ်မှတ်ခံရပြီး အသတ်ခံခဲ့ရတယ်၊၊ အဲ့အချိန်က ရှောင်းကျန့် က အသက်၁၅နှစ်ပဲ ရှိသေးတာ၊၊ နောက်ဆုံးထွက်သက်ထိ မယ်မယ်က သူ့လက်ကို ဆုပ်ကိုင်ပြီး  " သားရဲ့ ခမည်းတော် ကို မမုန်းပါနဲ့ "  ဆိုပြီး သွေးစက်တွေကြားမှ မှာကြားခဲ့တယ်၊၊

မယ့်မယ့် စကားကြောင့် ခမည်းတော် ကို မမုန်းပေမဲ့ မိမိကတော့ သွေးအေးအေး နေခဲ့တယ်၊၊ အနီရောင် တွေကို သာ ဝတ်ဆင်ခဲ့ပြီး ဒီအနီရောင်တွေက သွေးကြွေးအတွက် အမြဲအမှတ်ရနေဖို့ပဲ၊၊

ဘာသတ္တိမှ မရှိတဲ့ ဖခမည်းတော် ကို စိတ်နာတယ်၊၊ ဘုရင် ဂုဏ်ပုဒ်ကိုသာ လက်ကိုင်ထားပြီး အမတ်မင်းတွေ ချုပ်ကိုင်မှုကို မလွန်ဆန်နိုင်တာလဲ မုန်းတယ်၊၊ ရှောင်းကျန့် ဧကရာဇ် ဖြစ်လာရင် ဒီ သစ္စာဖောက် တွေကို အရှင်လတ်လတ် ခေါင်းဖြတ် လူပုံအလယ် သတ်မယ်၊၊ ဒါက မယ်မယ်အတွက် ကလဲ့စား၊၊

ရေကန်ထဲက ငါးငယ်လေးတွေ ကူးခတ်နေတာကို ကြည့်ပြီး ဖြတ်ကနဲ မြင်လိုက်ရတဲ့ မေးချွန်ချွန်လေးဆီမှာ သူ့ အကြည့်တွေ မရပ်တန့်နိုင်ခဲ့ဘူး၊၊ လှတယ်၊ ပိုင်ဆိုင်ချင်တယ်၊၊ နာမည်မသိရပေမဲ့ မင်းက ငါ့ရဲ့ မူပိုင်လူ ပဲ ဖြစ်ရမယ်၊၊

ဒီကောင်လေးဆီက ရတဲ့ ရနံ့က သိပ်မွှေးတယ်၊၊ မယ်မယ် ဆီက အမွှေးရနံ့အိတ်လေးလိုပဲ ထိုကောင်လေးဆီက အနံ့ကလဲ ပန်းနံ့၊ ဆေးနံ့ သင်းထုံနေသည်၊၊

ရှောင်းကျန့် က မင်းသားတစ်ပါးပေမဲ့ ဘယ်သူနဲ့မှ အသားချင်းထိဖို့ မပြောနဲ့ ခပ်တန်းတန်း ပဲနေတတ်တာ၊၊ အခုတော့ သူ့ လိပ်ပြာလေးက တစ်ပါးသော သူဆီ ငြိတွယ်နေခဲ့ပြီ၊၊

နေ့တစ်နေ့အတွက် နေထွက်တာနဲ့ ဝမ်ရိပေါ် က အိမ်အပြင်ရောက်နေပြီ၊၊ မီးဖိုဆောင်ထဲက ဖေဖေ မသိအောင် ပေါက်စီ တွေ၊ ကြက်သားတွေ ထုပ်ကာ ထည့်လာပြီး ရှောင်းကျန့် ဆီ ပြေးသွားရလေသည် ၊၊ ရိပေါ် က စိတ်ထားကောင်းလို့ ဒီလူကြီး ငတ်မသေစေချင်တာ၊၊

ဂူထဲဝင်လိုက်တာနဲ့ အကျႍချွတ်ထားတဲ့ ရှောင်းကျန့် ကြောင့် ရိပေါ် က မျက်လုံးပြူးသွားသည်၊၊

ဝက်သယ်ဖက်... ဒီလူကြီး နောက်ကျောကိုက ဖက်ထားချင်စရာကြီး၊ အသားဝင်းတဲ့ ဒီလူကြီးက ရိပေါ် လောက် မဖြူပေမဲ့ တောင့်တောင့်မောင်းမောင်းပဲ၊၊

" ကိုယ်က ကြည့်ကောင်းတယ်မလား "

ရိပေါ် က နောက်လှည့်ကြည့်ရင်း ရှောင်းကျန့် ဘယ်သူကို ပြောမှန်း မသိဘူး၊၊ ခပ်ဟက်ဟက် ရယ်သံကြောင့် အသိစိတ်ကပ်ကာ အနားကို လျှောက်လာခဲ့သည်၊၊ သူ့ဘက်လှည့်လာတော့ ရင်အုံကြီးကို တန်းကနဲ မြင်ရပြန်ပြီ၊၊ ရင်တွေတုန်နေတာ မောလို့နေမှာပါလေ၊၊

" ခင်ဗျား အတွက် အစာ လာပို့တာ၊၊ ဆေးကုပြီး အစာမကျွေးဘဲ ထားတဲ့ သမားတော် မရှိဘူး "

" မင်းက သဘောကောင်းတာပဲ "

ဒီဖေ... ငါရိုင်းရင် ဒင်းမလွယ်ဘူး၊၊ ကျေးဇူးတင်ပါတယ် လို့ပြောရင် စကားကျွံပြီး သေမှာ ကျနေတာပဲ၊၊

" မနေ့က ကိစ္စ ဘယ်လိုနေလဲ "

" ဘာကိစ္စလဲ "

" ကိုယ့်ကို လက်ထပ်ဖို့လေ "

" လက်ထပ်စရာလား၊၊ ကျုပ်က Alpha တစ်ယောက်ပဲ၊၊ နောက်ပြီး ခင်ဗျား လို ပါးသိုင်းမွှေး လူကြမ်းကြီးကို လက်မထပ်ချင်ဘူး "

ဟုတ်တယ်... လက်ထပ်စရာလား၊၊ ဝမ်ရိပေါ် တို့က ယူရင်တောင် တလောကလုံးက အချောဆုံးလူကိုပဲ ရွေးယူမှာ၊၊ သူ့လို ချောမောတဲ့ ရုပ်ရည်လေးက  ရူပချောတဲ့သူနဲ့မှ လိုက်ဖက်တာ၊၊

" ဟားဟား "

ဒီလူ... ရယ်နိုင်သေးတယ်တဲ့လား၊၊ သူပြောတာ ရယ်စရာပါလို့လား၊၊ အဲ့ ရယ်နေတဲ့ ပါးစပ်ထဲ ပေါက်စီတွေ ထိုးထည့်ပစ်ချင်လိုက်သည်၊၊

" မင်းက အချောအလှတွေ ကြိုက်တာပဲ "

" ဘာဖြစ်လဲ ခင်ဗျား အပူပါလား "

" ပါတာပေါ့၊၊ မင်းက ကိုယ့်ရဲ့ မူပိုင်သူပဲဟာ "

ဘာပြောတယ်၊၊ ဘာမူပိုင်သူလဲ၊၊ မူပိုင်ရအောင် သူတို့က သိမှမသိတဲ့ သူစိမ်းတွေလေ၊၊

" ကိုယ့် လာတောင်းရမ်းတဲ့အခါကျ သဘောတူတူ လိုက်ခဲ့ပေး၊၊ မျက်လုံးနဲ့ မြင်ရုံနဲ့ အပြင်ပန်းကို မဝေဖန်နဲ့၊၊ အတွင်းထဲထိ မြင်အောင်ကြည့်ရတယ် "

ဘာစကားတွေ လာပြောနေတာလဲ၊၊သူ့အတွင်းထဲ ဘာကိစ္စ ကြည့်ရမှာလဲ၊၊အတွေးထဲ မဲနေတဲ့ ရိပေါ် က အပြင်မှာတော့ ပါးတွေရဲနေသည်၊၊ နားဖျားတွေ နီရဲနေတာက ရှောင်းကျန့် ကို ပိုလို့ပင် စချင်စိတ် နိုးဆွနေသည်၊၊

" ပြောပြီးပြီပဲ ကျုပ်က Alpha တစ်ယောက် "

" Alpha ဟုတ် မဟုတ် စမ်းကြည့်တာပေါ့ "

အနားကပ်လာတဲ့ ရှောင်းကျန့် က သူရဲ့ ကိုယ်ပိုင် အနံ့တွေ လွှတ်ထုတ်တယ်၊၊ သူ တစ်လှမ်းချင်း ရှေ့တိုးလေ ဝမ်ရိပေါ် က နောက်ဆုတ်လေ ဖြစ်သည်၊၊

ဝမ်ရိပေါ် ဟာ နွေးထွေးပြီး အေးျမတဲ့ အနံ့တွေကြောင့် လူက ပျော့ခွေကာ ထိုင်ချမိတော့သည်၊၊ ထိုအခါ ရှောင်းကျန့် ကလဲ ဝမ်ရိပေါ် ခြေထောက်လေးကို ဆွဲယူပစ်ကာ ကိုယ်ချင်း ကပ်လိုက်တယ်၊၊

သူ သဘောကျရတဲ့ မျက်နှာလေးကို ပွတ်သပ်ပြီး ပြုံးသည်၊၊ ပါးဖောင်းကြီးနဲ့ ထိလိုက်တာနဲ့ အိစက်နေတာပဲ၊၊

" ပြောတော့ Alphaဆို အခုတော့ ကိုယ့် အနံ့တောင် မခံနိုင်ဘူးလား ၊၊ နာမည် ဘယ်လိုခေါ်လဲ "

"  မပြောဘူး "

တစ်ဖက်ကို လှည့်သွားတဲ့ မျက်နှာလေးကြောင့် ရှောင်းကျန့် က သူ့ဖက်ကို ပြန်လှည့်လာအောင် မေးဖျားကနေ ဆွဲယူလိုက်တယ်၊၊

" ချိုချိုသာသာမေးနေတုန်း ဖြေသင့်တယ်၊၊ နောက်မှ ကိုယ့်အဆိုး မဆိုးနဲ့ "

ခြိမ်းခြောက်တာလား၊၊ ဝမ်ရိပေါ် သိလိုက်ပါပြီ၊၊ သူကယ်ထားတဲ့သူက ခပ်ဆိုးဆိုး လူမိုက်ကြီးဆိုတာ ၊၊ သူကို ကယ်မိတဲ့အတွက် နောင်တရချင်လာသည်၊၊

" တောင်သခင်ကြီး သား ဆို လူတိုင်း သိတယ်၊၊ ခင်ဗျား မသိရင် တုံးနေလို့ပဲ "

မဖြေချင်လို့ ဉာဏ်များလိုက်တာပဲ၊၊ သူကို လာထိရင် ဖေဖေက အလွတ်ပေးမှာ မဟုတ်ဘူး၊၊ လာရဲ လာကြည့်စမ်းပါ ၊၊ အတွေးနဲ့အတူ ပြုံးမိပြန်သည်၊၊

" လိမ်ရင် ကိုယ့်အပြစ်မဆိုနဲ့ "

ရှောင်းကျန့် က မတ်တပ်ရပ်လိုက်ပြီး အကျႍကောက်ဝတ်သည်၊၊ ထို့နောက် ရိပေါ် ယူလာတဲ့ မုန့်တွေကို ပါးစပ်ထဲ သွပ်လိုက်သည်၊၊

" အရမ်းစားကောင်းတာပဲ၊၊ များများယူလာခဲ့ "

တော်တော်လွန်သွားပြီ၊၊ သူ့ အိမ်က မုန့်လဲ စားသေးတယ် ၊၊ စကားပြောရင် မာကြောလိုက်တာ၊၊ ဘယ်အိမ်က သားမို့ မိုက်ရိုင်းရတာလဲ၊၊

" အသပြာတွေ ခင်ဗျား ပေးဖူးလို့လား၊၊ အလကား ရတာ မဟုတ်ဘူး၊၊ ဒီမုန့်တွေက မေမေကချယ်ရီပန်းနဲ့ လုပ်ထားတာ "

ရှောင်းကျန့် မယ်မယ်ကိုတောင် သတိရသွားသည်၊၊ မယ်မယ် ရှိတုန်းကဆို ရေခဲသစ်ခွမုန့်၊ ချယ်ရီပန်းမုန့် ၊ စတဲ့ ရှောင်းကျန့် စားချင်တာ မှန်သမျှ လုပ်ကျွေးတယ်၊၊ ရိပေါ် လဲ ငြိမ်သွားတဲ့ ရှောင်းကျန့် ကြောင့် သနားစိတ်ဝင်လာသည်၊၊ ကြည့်ရတာ ဒီလူက အိမ်ပြေးလား၊၊

" စိတ်ထဲမထားပါနဲ့၊၊ ခင်ဗျား စားချင်ရင် မေမေမသိအောင် ခိုးယူလာခဲ့မယ်"

" ခိုးလာတာလား "

" ဟုတ်တယ်လေ၊၊ဖေဖေက စည်းကမ်း ကြီးတယ်၊၊ ကျွန်တော်ကို အိမ်ပြင်ထွက်ခွင့်မပေးဘူး၊၊ ဘာလို့ဆို Omega တွေ အတွက် အန္တရာယ် များတယ်တဲ့ "

" နောက်ဆုံးတော့ ဝန်ခံပြီပေါ့ မင်းက omega ဆိုတာ "

ရိပေါ် က သူပါးစပ် သူ လက်နဲ့ အုပ်ပြီး ရှောင်းကျန့် ကို မျက်လုံးဝိုင်းကြီးန့ဲ မော့ကြည့်တယ် ၊၊ ကြယ်တွေကျနေတာပဲ ဒီမျက်လုံးတွေက ရှောင်းကျန့် ကို ဖမ်းဆုပ်ဖို့ လမ်းစပေးနေသလိုပဲ ၊၊

" နားကြားမှားတာ နေမှာပါ "

" ကိုယ့် မနက်ဖြန် ပြန်တော့မယ်၊၊ ပြန်ဆုံကြမယ်နော် "

ရိပေါ် ဝမ်းနည်းစိတ်ဝင်လာသည်၊၊ ရှောင်းကျန့် က လူဆိုးကြီးလို့ ထင်ရပေမဲ့ သဘောကောင်းမှန်း ခံစားမိသည်၊၊ အခုလို ခွဲရမယ်ဆိုတော့လဲ ဝမ်ူနည်းလာသည်၊၊

" ကိုယ် မင်းကို လာတောင်းရမ်းမှာ "

ရှောင်းကျန့် မျက်ဝန်းတွေက လေးနက် တည်ငြိမ်နေတယ်၊၊ နှုတ်ခမ်းတွေကလဲ ပြုံးနေသည်၊၊

" အရူးပဲ "

ရိပေါ် က အရူးလို့ ပြောတာတောင် သူက ရယ်နေတယ်၊၊ အဆိပ်မိလို့ ဦးနှောက်ထိပါ ပြန့်သွားတာလား ၊၊

ရှောင်းကျန့်က အချိန်အကြာကြီးထိ သူနဲ့ အတူ ရှိနေတဲ့ ပစ္စည်း လေးကို ရိပေါ် ကို လှမ်းပေးလိုက်တယ်၊၊

" ဒီကျောက်စိမ်းပြား အဆောင်လေးကို သိမ်းထားပါ "

လိပ်ပြာပုံသဏ္ဍာန် ကျောက်စိမ်း အဆောင်လေးကို ရိပေါ် က ဆွဲယူလိုက်တယ်၊၊ ဘာအဓိပ္ပာယ်နဲ့ ပေးလဲ မသိပေမဲ့ အမှတ်တရ အနေနဲ့ ယူလိုက်မယ်၊၊

သူပေးတဲ့ ပစ္စည်း လေးကို ယူလိုက်တဲ့ ကောင်လေးကြောင့် ရှောင်းကျန့် ကျေနပ်မိတော့သည်၊၊ ဒါလေးကို ယူရင် မင်းက ကိုယ့် ကြင်ယာတော် ဖြစ်သွားပြီ၊၊ ဒါက ကြားက သက်သေအနေနဲ့ပေးထားတာ၊၊

" ကိုယ့်ကိုရော တစ်ခုခုပြန်ပေးလေ "

ရိပေါ် က မျက်စောင်းထိုးလိုက်သည်၊၊ အလကားပေးတယ်မှတ်နေတာ သူက ပစ္စည်း ချင်း လာလဲနေတယ်၊၊ ရိပေါ် လဲ သူ အကျႍကြားထဲ စမ်းကြည့်ရာ မေမေပေးထားတဲ့ အမွှေးအိတ်လေးကို စမ်းမိသွားသည်၊၊

" အမွှေးအိတ်ပဲရှိတယ်၊၊ ဒါက မေမေ ပေးထားတာ၊၊ ဒါက အဖိုးတန်တယ်နော်၊၊ သူထဲမှာ ပါတဲ့ ပစ္စည်း တွေက ဆေးဖက်ဝင်တယ် "

"  သိမ်းထားလိုက်မယ် "

ရှောင်းကျန့် က အတော်ကြာထိ ငေးကြည့်နေရာမှ ရိပေါ် ကိုယ်ကို  ဆွဲယူလိုက်သည်၊၊ ရုတ်တရတ် မို့ မျက်လုံး ပြူးကာ အံ့သြသွားတဲ့ ကောင်လေး နဖူးပြင်ကို နမ်းလိုက်သည်၊၊ ရှောင်းကျန့် လဲ သူ့စိတ်သူ မနိုင်တော့၊၊

" ပြန်ဆုံကြမယ်နော် "

ပစ္စည်း လဲလှယ်တယ်ဆိုတာ
ကိုယ်တို့ စေ့စပ်သလိုဖြစ်သွားပြီ
ငါ့ ဧကရာဇ် ရဲ့ ကြင်ယာတော်က
မင်းလေးပဲ ဖြစ်ရမယ်၊၊

*** TBC ***

A-N _ ကဲ ဒီအပိုင်းလေးမှာရော ထင်မြင်ချက်လေး ပြောခဲ့ပါဦး၊၊

Cover လုပ်ပေးတဲ့ ကလေးတွေ ကျေးဇူးပါ😚 Coverလှလား🌚



Zawgyi

                    အပိုင္း(၂) လက္ေဆာင္

ဝမ္ရိေပၚ ဟာ အိမ္ျပန္ေရာက္တာနဲ႔ ေဖေဖရဲ႕ ဆူပူ မႈကို ခံလိုက္ရသည္၊၊  အဆူခံရ႐ုံသာမက အျပစ္ေပးလဲ ခံလိုက္ရသည္၊၊ ေဖေဖက စိတ္ဆိုးရင္ေတာင္ ႐ိုက္ႏွက္မဆံုးမတတ္၊၊ ထိုင္ထအခါ တစ္ရာပဲ လုပ္ခိုင္းသည္၊၊

" ေဖျကီး စိတ္ေလ်ာ့ပါ၊၊သားေလးလဲ ေညာင္းေနပါေရာ႕မယ္ "

" ရွင္မ သားက မလိမၼာလို႔ ကိုယ္ ဆံုးမရတာပါ၊၊ omega တစ္ေယာက္ျဖစ္ၿပီး ေလ်ွာက္သြားေနတာ မျဖစ္သင့္ဘူး "

" ေဖႀကီး က အၿမဲ ထိုင္ထ လုပ္ခိုင္းေနမွေတာ့ သားက ေယာက်္ား ေလးတန္မဲ့ ကိုယ္လုံးကိုယ္ေပါက္လွေနၿပီ "

ဟုတ္ပါသည္... သားေလးရဲ႕ ကိုယ္လုံးကိုယ္ေပါက္က ေျပျပစ္ၿပီး ခါးသြယ္ၿပီး တင္ပါးလွလွေလးကို ပိုင္ဆိုင္ထားသည္၊၊ ျဖဴအု ႏုဖက္ေနတဲ့ သားက ဒီလိုေကာက္ေၾကာင္းအလွေလးနဲ႔ဆို ပို၍ပင္ မက္ေမာယစ္မူးဖြယ္ လွတယ္ဆိုတာထက္ ပိုလွေနသေယာင္၊၊

" ရိေပၚ ဒီလာဦး "

ေဖေဖေခၚေတာ့ ရိေပၚ လဲ ဝတ္႐ုံစေလးကို အတန္ငယ္ မကာ အနားသြားရပ္လိုက္သည္၊၊စိတ္ဆိုးလဲ ခဏပဲ ၾကာတဲ့ သူ႔ေဖေဖ၊၊

" ဘယ္ေတြသြားေနတာလဲ "

" ဒီနားေလးပါပဲ ၊၊ သားပ်င္းလို႔ပါ "

" သားက အခုမွ ၁၈စြန္းစြန္း ရိွေသးတာ အျပင္ေတြ ေလ်ွာက္သြားရင္ မေကာင္းတဲ့သူနဲ႔ ေတြ႔သြားမွာေပါ့ "

" သားလဲ သိုင္းပညာတတ္တယ္ "

ဝမ္လ်င္က သက္ျပင္းခ်႐ုံမွ ေခါင္းမာတဲ့သားကိုမႏိုင္၊ အႀကီးေတာင္ ပါရမီျဖည့္ဖက္ေတြ႔သြားလို႔ပါ ပါးစပ္ၿငိမ္ေနတာ၊၊ လူပ်ိဳေပါက္တုန္းက ထိန္းမႏိုင္၊ သိမ္းမႏိုင္ ေမ်ာက္ေလာင္းေတြ၊၊

" သြားေတာ့ "

ရိေပၚ က ေမေမပါးကို ရႊတ္ကနဲနမ္းၿပီး ေျပးထြက္သြားသည္၊၊ေဖေဖေတာ့ မနမ္းရဲဘူး၊၊ စိတ္တိုေနတဲ့အခ်ိန္ဆို ဝမ္ရိေပၚ တို႔က သိပ္သိပ္ေၾကာက္၊၊

ကုတင္ေပၚမွာ ထိုင္ၿပီး ေစာနက ထိုင္ထလုပ္ခဲ့ရ၍ ေျခေထာက္ေတြ ထုံေနသည္၊၊ တဆက္ထဲ ဟို လူဆိုးႀကီးကိုပါ သတိရသြားသည္၊၊ သိပ္လက္ရဲတဲ့လူႀကီး၊၊ သူ႔ရဲ႕ omega တစ္ေယာက္လုပ္ဖို႔ ေတာင္းဆိုရဲေသးတယ္၊၊

ဘယ္သူဘယ္ဝါမွန္း မသိဘဲ ဝမ္ရိေပၚ က အ႐ူးကြက္ အနင္းမခံႏိုင္ေပါင္၊၊ ပါးျပင္ေဘးက ပါးသိုင္းေမႊး ခပ္ေရးေရးကိုသာ ရိတ္လိုက္ရင္ ဒီလူက သိပ္ေခ်ာမွာပဲ၊၊ အဲ့လူရဲ႕ မ်က္ဝန္းေတြက သိပ္ကို အၾကည့္စူးတယ္၊၊

ကုတင္ေပၚ လွဲခ်လိုက္ၿပီး ရိေပၚ ဟာ မ်က္လုံးေတြ မိွတ္ခ်လိုက္တယ္၊၊ ဒီေန႔က လျပည့္ည... ၊၊

လေရာင္ျဖာတဲ့ ညတစ္ည
လိႈင္းၾကပ္ခြပ္ထေနတဲ့ ေရကန္ငယ္
သင္းပ်ံ႕ေနေသာ ပန္းရနံ႕
ေလေျပေအးေအးနဲ႔အတူ
သူ႔က်န္ရစ္ခဲ့တဲ့ သင္းရနံ႕ေတြ
ေႏြးေထြးစြာ က်န္ရစ္ခဲ့...၊၊

ူသိပ္ကို ရက္စက္တဲ့ ေကာင္ေလးပဲ၊၊ သူကို လက္ထပ္ပါလားလို႔ ေမး႐ုံနဲ႔ ထေျပးသြားတာ၊၊ " အိမ္က စိတ္ပူ ေနလိမ့္မယ္ " ဆိုၿပီး ေျပးထြက္သြားတယ္၊၊ ေရွာင္းက်န္႔ က ဒဏ္ရာနဲ႕ ဆိုတာ ေမ့ေနသလား၊၊

ဒီညမွာလဲ ဂူႀကီးထဲ တစ္ေယာက္ထဲ ေနရဦးမည္၊၊ ဖဲကုတင္ထက္မွာပဲ အိပ္စက္ခဲ့ဖူးတဲ့ မင္းသားျဖစ္တဲ့သူက အခုေတာ့ ေအးစက္စက္ သဲျပင္ေပၚမွာ အိပ္စက္ရမွာတဲ့လား၊၊

သူ႔ကို လုပ္ႀကံဖို႔ေတြးရဲတဲ့ လူတစ္စုေၾကာင့္ ေဒါသထြက္မိသည္၊၊ ေရွာင္းက်န္႔ က ေသြးေအးသတၱဝါ ဟု အမတ္မင္းေတြက ထင္ျမင္ၾကသည္၊၊ သူ ေသြးေအးသြားေအာင္ လုပ္ခဲ့တာ ဘယ္သူလဲ၊၊ ခမည္းေတာ္ သာ မယ္ေတာ္ အသက္ကို မစေတးခဲ့ရင္ အမုန္းတရား ဆိုတာ ရိွလာမွာ မဟုတ္ဘူး၊၊

နန္းေတာ္က လက္ဝဲ အမတ္ေခ်ာင္ က လုပ္ႀကံခဲ့တာကို မယ္ေတာ္က ပုန္ကန္သူ အျဖစ္ သတ္မွတ္ခံရၿပီး အသတ္ခံခဲ့ရတယ္၊၊ အဲ႔အခ်ိန္က ေရွာင္းက်န္႔ က အသက္၁၅ႏွစ္ပဲ ရိွေသးတာ၊၊ ေနာက္ဆံုးထြက္သက္ထိ မယ္မယ္က သူ႔လက္ကို ဆုပ္ကိုင္ၿပီး  " သားရဲ႕ ခမည္းေတာ္ ကို မမုန္းပါနဲ႔ "  ဆိုၿပီး ေသြးစက္ေတြၾကားမွ မွာၾကားခဲ့တယ္၊၊

မယ့္မယ့္ စကားေၾကာင့္ ခမည္းေတာ္ ကို မမုန္းေပမဲ့ မိမိကေတာ့ ေသြးေအးေအး ေနခဲ့တယ္၊၊ အနီေရာင္ ေတြကို သာ ဝတ္ဆင္ခဲ့ၿပီး ဒီအနီေရာင္ေတြက ေသြးေႂကြးအတြက္ အၿမဲအမွတ္ရေနဖို႔ပဲ၊၊

ဘာသတၱိမွ မရိွတဲ့ ဖခမည္းေတာ္ ကို စိတ္နာတယ္၊၊ ဘုရင္ ဂုဏ္ပုဒ္ကိုသာ လက္ကိုင္ထားၿပီး အမတ္မင္းေတြ ခ်ဳပ္ကိုင္မႈကို မလြန္ဆန္ႏိုင္တာလဲ မုန္းတယ္၊၊ ေရွာင္းက်န္႔ ဧကရာဇ္ ျဖစ္လာရင္ ဒီ သစၥာေဖာက္ ေတြကို အရွင္လတ္လတ္ ေခါင္းျဖတ္ လူပုံအလယ္ သတ္မယ္၊၊ ဒါက မယ္မယ္အတြက္ ကလဲ့စား၊၊

ေရကန္ထဲက ငါးငယ္ေလးေတြ ကူးခတ္ေနတာကို ၾကည့္ၿပီး ျဖတ္ကနဲ ျမင္လိုက္ရတဲ့ ေမးခြၽန္ခြၽန္ေလးဆီမွာ သူ႔ အၾကည့္ေတြ မရပ္တန္႔ႏိုင္ခဲ့ဘူး၊၊ လွတယ္၊ ပိုင္ဆိုင္ခ်င္တယ္၊၊ နာမည္မသိရေပမဲ့ မင္းက ငါ့ရဲ႕ မူပိုင္လူ ပဲ ျဖစ္ရမယ္၊၊

ဒီေကာင္ေလးဆီက ရတဲ့ ရနံ႕က သိပ္ေမႊးတယ္၊၊ မယ္မယ္ ဆီက အေမႊးရနံ႕အိတ္ေလးလိုပဲ ထိုေကာင္ေလးဆီက အနံ႕ကလဲ ပန္းနံ႕၊ ေဆးနံ႕ သင္းထုံေနသည္၊၊

ေရွာင္းက်န္႔ က မင္းသားတစ္ပါးေပမဲ့ ဘယ္သူနဲ႔မွ အသားခ်င္းထိဖို႔ မေျပာနဲ႔ ခပ္တန္းတန္း ပဲေနတတ္တာ၊၊ အခုေတာ့ သူ႔ လိပ္ျပာေလးက တစ္ပါးေသာ သူဆီ ၿငိတြယ္ေနခဲ့ၿပီ၊၊

ေန႔တစ္ေန႔အတြက္ ေနထြက္တာနဲ႔ ဝမ္ရိေပၚ က အိမ္အျပင္ေရာက္ေနၿပီ၊၊ မီးဖိုေဆာင္ထဲက ေဖေဖ မသိေအာင္ ေပါက္စီ ေတြ၊ ၾကက္သားေတြ ထုပ္ကာ ထည့္လာၿပီး ေရွာင္းက်န္႔ ဆီ ေျပးသြားရေလသည္ ၊၊ ရိေပၚ က စိတ္ထားေကာင္းလို႔ ဒီလူႀကီး ငတ္မေသေစခ်င္တာ၊၊

ဂူထဲဝင္လိုက္တာနဲ႔ အက်ႍခြၽတ္ထားတဲ့ ေရွာင္းက်န္႕ ေၾကာင့္ ရိေပၚ က မ်က္လုံးျပဴးသြားသည္၊၊

ဝက္သယ္ဖက္... ဒီလူႀကီး ေနာက္ေက်ာကိုက ဖက္ထားခ်င္စရာႀကီး၊ အသားဝင္းတဲ့ ဒီလူႀကီးက ရိေပၚ ေလာက္ မျဖဴေပမဲ့ ေတာင့္ေတာင့္ေမာင္းေမာင္းပဲ၊၊

" ကိုယ္က ၾကည့္ေကာင္းတယ္မလား "

ရိေပၚ က ေနာက္လွည့္ၾကည့္ရင္း ေရွာင္းက်န္႔ ဘယ္သူကို ေျပာမွန္း မသိဘူး၊၊ ခပ္ဟက္ဟက္ ရယ္သံေၾကာင့္ အသိစိတ္ကပ္ကာ အနားကို ေလ်ွာက္လာခဲ့သည္၊၊ သူ႔ဘက္လွည့္လာေတာ့ ရင္အုံႀကီးကို တန္းကနဲ ျမင္ရျပန္ၿပီ၊၊ ရင္ေတြတုန္ေနတာ ေမာလို႔ေနမွာပါေလ၊၊

" ခင္ဗ်ား အတြက္ အစာ လာပို႔တာ၊၊ ေဆးကုၿပီး အစာမေကြၽးဘဲ ထားတဲ့ သမားေတာ္ မရိွဘူး "

" မင္းက သေဘာေကာင္းတာပဲ "

ဒီေဖ... ငါ႐ိုင္းရင္ ဒင္းမလြယ္ဘူး၊၊ ေက်းဇူးတင္ပါတယ္ လို႔ေျပာရင္ စကားကြၽံၿပီး ေသမွာ က်ေနတာပဲ၊၊

" မေန႔က ကိစၥ ဘယ္လိုေနလဲ "

" ဘာကိစၥလဲ "

" ကိုယ့္ကို လက္ထပ္ဖို႔ေလ "

" လက္ထပ္စရာလား၊၊ က်ဳပ္က Alpha တစ္ေယာက္ပဲ၊၊ ေနာက္ၿပီး ခင္ဗ်ား လို ပါးသိုင္းေမႊး လူၾကမ္းႀကီးကို လက္မထပ္ခ်င္ဘူး "

ဟုတ္တယ္... လက္ထပ္စရာလား၊၊ ဝမ္ရိေပၚ တို႔က ယူရင္ေတာင္ တေလာကလုံးက အေခ်ာဆံုးလူကိုပဲ ေရြးယူမွာ၊၊ သူ႔လို ေခ်ာေမာတဲ့ ႐ုပ္ရည္ေလးက  ႐ူပေခ်ာတဲ့သူနဲ႔မွ လိုက္ဖက္တာ၊၊

" ဟားဟား "

ဒီလူ... ရယ္ႏိုင္ေသးတယ္တဲ့လား၊၊ သူေျပာတာ ရယ္စရာပါလို႔လား၊၊ အဲ့ ရယ္ေနတဲ့ ပါးစပ္ထဲ ေပါက္စီေတြ ထိုးထည့္ပစ္ခ်င္လိုက္သည္၊၊

" မင္းက အေခ်ာအလွေတြ ႀကိဳက္တာပဲ "

" ဘာျဖစ္လဲ ခင္ဗ်ား အပူပါလား "

" ပါတာေပါ့၊၊ မင္းက ကိုယ့္ရဲ႕ မူပိုင္သူပဲဟာ "

ဘာေျပာတယ္၊၊ ဘာမူပိုင္သူလဲ၊၊ မူပိုင္ရေအာင္ သူတို႔က သိမွမသိတဲ့ သူစိမ္းေတြေလ၊၊

" ကိုယ့္ လာေတာင္းရမ္းတဲ့အခါက် သေဘာတူတူ လိုက္ခဲ့ေပး၊၊ မ်က္လုံးနဲ႔ ျမင္႐ုံနဲ႔ အျပင္ပန္းကို မေဝဖန္နဲ႔၊၊ အတြင္းထဲထိ ျမင္ေအာင္ၾကည့္ရတယ္ "

ဘာစကားေတြ လာေျပာေနတာလဲ၊၊သူ႔အတြင္းထဲ ဘာကိစၥ ၾကည့္ရမွာလဲ၊၊အေတြးထဲ မဲေနတဲ့ ရိေပၚ က အျပင္မွာေတာ့ ပါးေတြရဲေနသည္၊၊ နားဖ်ားေတြ နီရဲေနတာက ေရွာင္းက်န္႔ ကို ပိုလို႔ပင္ စခ်င္စိတ္ ႏိုးဆြေနသည္၊၊

" ေျပာၿပီးၿပီပဲ က်ဳပ္က Alpha တစ္ေယာက္ "

" Alpha ဟုတ္ မဟုတ္ စမ္းၾကည့္တာေပါ့ "

အနားကပ္လာတဲ့ ေရွာင္းက်န္႔ က သူရဲ႕ ကိုယ္ပိုင္ အနံ႕ေတြ လႊတ္ထုတ္တယ္၊၊ သူ တစ္လွမ္းခ်င္း ေရွ႕တိုးေလ ဝမ္ရိေပၚ က ေနာက္ဆုတ္ေလ ျဖစ္သည္၊၊

ဝမ္ရိေပၚ ဟာ ေႏြးေထြးၿပီး ေအးျမတဲ့ အနံ႕ေတြေၾကာင့္ လူက ေပ်ာ့ေခြကာ ထိုင္ခ်မိေတာ့သည္၊၊ ထိုအခါ ေရွာင္းက်န္႔ ကလဲ ဝမ္ရိေပၚ ေျခေထာက္ေလးကို ဆြဲယူပစ္ကာ ကိုယ္ခ်င္း ကပ္လိုက္တယ္၊၊

သူ သေဘာက်ရတဲ့ မ်က္ႏွာေလးကို ပြတ္သပ္ၿပီး ၿပံဳးသည္၊၊ ပါးေဖာင္းႀကီးနဲ႔ ထိလိုက္တာနဲ႔ အိစက္ေနတာပဲ၊၊

" ေျပာေတာ့ Alphaဆို အခုေတာ့ ကိုယ့္ အနံ႕ေတာင္ မခံႏိုင္ဘူးလား ၊၊ နာမည္ ဘယ္လိုေခၚလဲ "

"  မေျပာဘူး "

တစ္ဖက္ကို လွည့္သြားတဲ့ မ်က္ႏွာေလးေၾကာင့္ ေရွာင္းက်န္႔ က သူ႔ဖက္ကို ျပန္လွည့္လာေအာင္ ေမးဖ်ားကေန ဆြဲယူလိုက္တယ္၊၊

" ခ်ိဳခ်ိဳသာသာေမးေနတုန္း ေျဖသင့္တယ္၊၊ ေနာက္မွ ကိုယ့္အဆိုး မဆိုးနဲ႔ "

ၿခိမ္းေျခာက္တာလား၊၊ ဝမ္ရိေပၚ သိလိုက္ပါၿပီ၊၊ သူကယ္ထားတဲ့သူက ခပ္ဆိုးဆိုး လူမိုက္ႀကီးဆိုတာ ၊၊ သူကို ကယ္မိတဲ့အတြက္ ေနာင္တရခ်င္လာသည္၊၊

" ေတာင္သခင္ႀကီး သား ဆို လူတိုင္း သိတယ္၊၊ ခင္ဗ်ား မသိရင္ တံုးေနလို႔ပဲ "

မေျဖခ်င္လို႔ ဥာဏ္မ်ားလိုက္တာပဲ၊၊ သူကို လာထိရင္ ေဖေဖက အလြတ္ေပးမွာ မဟုတ္ဘူး၊၊ လာရဲ လာၾကည့္စမ္းပါ ၊၊ အေတြးနဲ႔အတူ ၿပံဳးမိျပန္သည္၊၊

" လိမ္ရင္ ကိုယ့္အျပစ္မဆိုနဲ႔ "

ေရွာင္းက်န္႔ က မတ္တပ္ရပ္လိုက္ၿပီး အက်ႍေကာက္ဝတ္သည္၊၊ ထို႔ေနာက္ ရိေပၚ ယူလာတဲ့ မုန္႔ေတြကို ပါးစပ္ထဲ သြပ္လိုက္သည္၊၊

" အရမ္းစားေကာင္းတာပဲ၊၊ မ်ားမ်ားယူလာခဲ့ "

ေတာ္ေတာ္လြန္သြားၿပီ၊၊ သူ႔ အိမ္က မုန္႔လဲ စားေသးတယ္ ၊၊ စကားေျပာရင္ မာေၾကာလိုက္တာ၊၊ ဘယ္အိမ္က သားမို႔ မိုက္႐ိုင္းရတာလဲ၊၊

" အသျပာေတြ ခင္ဗ်ား ေပးဖူးလို႔လား၊၊ အလကား ရတာ မဟုတ္ဘူး၊၊ ဒီမုန္႔ေတြက ေမေမကခ်ယ္ရီပန္းနဲ႔ လုပ္ထားတာ "

ေရွာင္းက်န္႔ မယ္မယ္ကိုေတာင္ သတိရသြားသည္၊၊ မယ္မယ္ ရိွတုန္းကဆို ေရခဲသစ္ခြမုန္႔၊ ခ်ယ္ရီပန္းမုန္႔ ၊ စတဲ့ ေရွာင္းက်န္႔ စားခ်င္တာ မွန္သမ်ွ လုပ္ေကြၽးတယ္၊၊ ရိေပၚ လဲ ၿငိမ္သြားတဲ့ ေရွာင္းက်န္႔ ေၾကာင့္ သနားစိတ္ဝင္လာသည္၊၊ ၾကည့္ရတာ ဒီလူက အိမ္ေျပးလား၊၊

" စိတ္ထဲမထားပါနဲ႔၊၊ ခင္ဗ်ား စားခ်င္ရင္ ေမေမမသိေအာင္ ခိုးယူလာခဲ့မယ္"

" ခိုးလာတာလား "

" ဟုတ္တယ္ေလ၊၊ေဖေဖက စည္းကမ္း ႀကီးတယ္၊၊ ကြၽန္ေတာ္ကို အိမ္ျပင္ထြက္ခြင့္မေပးဘူး၊၊ ဘာလို႔ဆို Omega ေတြ အတြက္ အႏၲရာယ္ မ်ားတယ္တဲ့ "

" ေနာက္ဆံုးေတာ့ ဝန္ခံၿပီေပါ့ မင္းက omega ဆိုတာ "

ရိေပၚ က သူပါးစပ္ သူ လက္နဲ႔ အုပ္ၿပီး ေရွာင္းက်န္႔ ကို မ်က္လုံးဝိုင္းႀကီးန႔ဲ ေမာ့ၾကည့္တယ္ ၊၊ ၾကယ္ေတြက်ေနတာပဲ ဒီမ်က္လုံးေတြက ေရွာင္းက်န္႔ ကို ဖမ္းဆုပ္ဖို႔ လမ္းစေပးေနသလိုပဲ ၊၊

" နားၾကားမွားတာ ေနမွာပါ "

" ကိုယ့္ မနက္ျဖန္ ျပန္ေတာ့မယ္၊၊ ျပန္ဆံုၾကမယ္ေနာ္ "

ရိေပၚ ဝမ္းနည္းစိတ္ဝင္လာသည္၊၊ ေရွာင္းက်န္႔ က လူဆိုးႀကီးလို႔ ထင္ရေပမဲ့ သေဘာေကာင္းမွန္း ခံစားမိသည္၊၊ အခုလို ခြဲရမယ္ဆိုေတာ့လဲ ဝမ္ူနည္းလာသည္၊၊

" ကိုယ္ မင္းကို လာေတာင္းရမ္းမွာ "

ေရွာင္းက်န္႔ မ်က္ဝန္းေတြက ေလးနက္ တည္ၿငိမ္ေနတယ္၊၊ ႏႈတ္ခမ္းေတြကလဲ ၿပံဳးေနသည္၊၊

" အ႐ူးပဲ "

ရိေပၚ က အ႐ူးလို႔ ေျပာတာေတာင္ သူက ရယ္ေနတယ္၊၊ အဆိပ္မိလို႔ ဦးေႏွာက္ထိပါ ျပန္႔သြားတာလား ၊၊

ေရွာင္းက်န္႕က အခ်ိန္အၾကာႀကီးထိ သူနဲ႔ အတူ ရိွေနတဲ့ ပစၥည္း ေလးကို ရိေပၚ ကို လွမ္းေပးလိုက္တယ္၊၊

" ဒီေက်ာက္စိမ္းျပား အေဆာင္ေလးကို သိမ္းထားပါ "

လိပ္ျပာပုံသ႑ာန္ ေက်ာက္စိမ္း အေဆာင္ေလးကို ရိေပၚ က ဆြဲယူလိုက္တယ္၊၊ ဘာအဓိပၸာယ္နဲ႔ ေပးလဲ မသိေပမဲ့ အမွတ္တရ အေနနဲ႔ ယူလိုက္မယ္၊၊

သူေပးတဲ့ ပစၥည္း ေလးကို ယူလိုက္တဲ့ ေကာင္ေလးေၾကာင့္ ေရွာင္းက်န္႔ ေက်နပ္မိေတာ့သည္၊၊ ဒါေလးကို ယူရင္ မင္းက ကိုယ့္ ၾကင္ယာေတာ္ ျဖစ္သြားၿပီ၊၊ ဒါက ၾကားက သက္ေသအေနနဲ႔ေပးထားတာ၊၊

" ကိုယ့္ကိုေရာ တစ္ခုခုျပန္ေပးေလ "

ရိေပၚ က မ်က္ေစာင္းထိုးလိုက္သည္၊၊ အလကားေပးတယ္မွတ္ေနတာ သူက ပစၥည္း ခ်င္း လာလဲေနတယ္၊၊ ရိေပၚ လဲ သူ အက်ႍၾကားထဲ စမ္းၾကည့္ရာ ေမေမေပးထားတဲ့ အေမႊးအိတ္ေလးကို စမ္းမိသြားသည္၊၊

" အေမႊးအိတ္ပဲရိွတယ္၊၊ ဒါက ေမေမ ေပးထားတာ၊၊ ဒါက အဖိုးတန္တယ္ေနာ္၊၊ သူထဲမွာ ပါတဲ့ ပစၥည္း ေတြက ေဆးဖက္ဝင္တယ္ "

"  သိမ္းထားလိုက္မယ္ "

ေရွာင္းက်န္႔ က အေတာ္ၾကာထိ ေငးၾကည့္ေနရာမွ ရိေပၚ ကုိယ္ကို  ဆြဲယူလိုက္သည္၊၊ ႐ုတ္တရတ္ မို႔ မ်က္လုံး ျပဴးကာ အံ႕ၾသသြားတဲ့ ေကာင္ေလး နဖူးျပင္ကို နမ္းလိုက္သည္၊၊ ေရွာင္းက်န္႔ လဲ သူ႔စိတ္သူ မႏိုင္ေတာ့၊၊

" ျပန္ဆံုၾကမယ္ေနာ္ "

ပစၥည္း လဲလွယ္တယ္ဆိုတာ
ကိုယ္တို႕ ေစ့စပ္သလိုျဖစ္သြားၿပီ
ငါ့ ဧကရာဇ္ ရဲ႕ ၾကင္ယာေတာ္က
မင္းေလးပဲ ျဖစ္ရမယ္၊၊

*** TBC ***

A-N _ ကဲ ဒီအပိုင္းေလးမွာေရာ ထင္ျမင္ခ်က္ေလး ေျပာခဲ့ပါဦး၊၊

Cover လုပ္ေပးတဲ့ ကေလးေတြ ေက်းဇူးပါ😚 Coverလွလား🌚

Continue Reading

You'll Also Like

206K 20.3K 42
Pity is akin to love 💜
58.9K 15.4K 54
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
87.8K 4.8K 20
ကျွန်တော့် ဘဝမှာ အချစ်ရဆုံး မေမေ့ ကို ကျွန်တော့်မျက်စိရှေ့မှာတင် ဆုံးရှုံးလိုက်ရတယ်။ကျွန်တော် အရမ်းလိုချင်ခဲ့တဲ့ ဖေဖေ့ရဲ့ မေတ္တာတွေကိုလည်း သူအကုန်အပိ...
270K 17.5K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...