Candy love ( Completed )
נכתב על ידי khantmemezaw
34.1K 2K 46
အချစ်ဆိုတာသကြားလုံးလေးလိုဘဲချိုမြိန်တယ်~ Candyလုံးလေးတွေထက်မင်းရဲ့နှုတ်ခမ်းကပိုချိုတယ် Bunny!! #Wang yibo အခ်... עוד
🍭CL -1🍭
🍭 CL_2 🍭
🍭 CL_3 🍭
🍭 CL _4 🍭
🍭 CL-6 🍭
🍭 CL-7 🍭
🍭 CL-8 🍭
🍭 CL-9 🍭
🍭 CL-10 🍭
🍭CL-11🍭
🍭 CL - 12 🍭
🍭 CL-13 🍭
🍭 CL-14 🍭
🍭CL-15🍭
🍭CL -16🍭
🍭CL -17🍭
🍭CL -18🍭
🍭CL-19🍭
🍭 CL-20 🍭
🍭CL-20🍭 (Zawgyi code)
🍭 CL - 5 🍭
1.6K 113 0
נכתב על ידי khantmemezaw
"ကျိရန် !!စုံကျိရန်"
ကျိရန်တို့အိမ်​ေရှ့၌အသံပြဲလေးနဲ့အော်နေရှာတဲ့ဟောက်ရွှမ်း
ရိပေါ်ကတော့ ချိုချဥ္လေးဖောက်စားပြီး စတိုင်လ် ကျကျလေးဆိုင်ကယ်ကိုမှီရပ်နေရှာတယ်...
"လဒ ခေါ်ကူအုန်း ငါလဲလိပ်ခေါင်းထွက်ဖို့ယဲ့ယဲ့ဘဲကျန်တယ်"
ဟောက်ရွှမ်းဆီမှမျက်စောင်းနှင့်ဆူပူသံကိုကြားပြီးနောက် ...
"ဟယ်လို ကျိရန် မင်းဘယ်မှာလဲ"
"......"
"အော် ဟုပြီအခုဘဲလာခဲ့မယ် ကျိရန်"
ဖုန်းချပြီးမှဟောက်ရွှမ်းဘက်လှည့်ကာတုံးလိုက်လေခြင်းဆိုသည့်အထာဖြင့်ကြည့်လိုက်သည်။
ဟောက်ရွှမ်းကလည်းခေါင်းလေးကုပ်ကာ အရှက်ပြေလေးပြုံးရင်း
"အစကတည်းက အိမ်မှာလူမရှိတာများလားလို့ထင်မိသား အဟဲ ကျိရန်ကဘာတဲ့လဲ"
"ဆေးရုံမယ်တဲ့ "
"ဟင် !"
.....................................
ရိပေါ်တို့ရောက်နေတာက ချန်ချင်း ဆေးရုံကိုပင်...
"ကျိရန် "
ခွဲစိတ်ခန်းရှေ့၌စောင့်နေသောကျိရန် လက်လေးနှစ်ဖက်ကိုလဲယှက်သွယ်ထားပြီး စိုးရိမ်နေပုံပင်...
"ရိပေါ် ဟောက်ရွှမ်း"
"ဘယ်လိုလဲ အခြေနေက "
"ခွဲစိတ်တုန်းဘဲ ရိပေါ်"
"အေ့ပါအဆင်ပြေမှာပါစိတ်​ေလျှာ့ထား"
"အင်း"
ကျိရန်ပုခုံးကိုပုတ်ကာနစ်သိမ့်ပေးလိုက်သည်။
"ကျိရန်ဘာစားပြီးပြီလဲ မင်းကြည့်ရတာအားနည်းနေသလိုဘဲ "
"မစားရသေးပါဘူးကွာ မနေ့ညကဟောက်ရွှမ်းကိုအိမ်ပြန်ပို့ပြီး ပြန်ရောက်တော့ပါးသတိလစ်နေတာတွေ့ရတာ
ညကတည်းက ရောက်နေတာခုထိဘဲ"
"ကျိရန်ရာဖုန်းဆက်ရောပေါ့ငါတို့ကို"
"ငါလဲထူပူနေတာနဲ့ဘာမှအမှတ်မရဘူးပါ
ဟောက်ရွှမ်းရာ"
"မင်းစားဖို့ငါအဆာေပြ
တစ်ခုခုသွား၀ယ်လိုက်မယ်"
"နေနေ ဟောက်ရွှမ်း မင်းကျိရန်နားမှာနေပေးလိုက် ငါသွား၀ယ်ပေးမယ်"
ကျိရန်စားဖို့အဆာပြေ၀ယ်ရန် ဆေးရုံနားက coffee ဆိုင်လေးဆီသို့ရောက်လာခဲ့သည်။
အဆင်သင့်တာမှာလိုက်ပြီး ထောင့်ကျတဲ့စားပွဲ၀ိုင်းလွတ်တစ်ခုမှာ၀င်ထိုင်ရင်းစောင့်နေလိုက်သည်။
ဟိုကြည့်ဒီကြည့်ကြည့်ရင်းမျက်လုံးကစားလိုက်ရာ
တွေ့လိုက်ရသည့်သူက
ဟိုလူကြီး ...ဘေးနားကဘယ်သူလဲ?သေချာကြည့်လိုက်မှဟိုတစ်နေ့ကတွေ့ခဲ့တဲ့
ကောင်မလေးနဲ့...
ကောင်မလေးတစ်ယောက်နဲ့တွဲမြင်လိုက်ရတော့ဘာမဆိုင်ညာမဆိုင်ရင်ဘတ်ထဲကစူးကနဲအောင့်သလိုလို ...
"ဟာ ကောင်လေး "
ဒီဘက်လှည့်လာလို့မမြင်စေရန်ရှေ့မှ ရှိရာ စာအုပ်နဲ့ကာလိုက်ပေမဲ့ အချိန်မမီလိုက် အနားသို့ရောက်လာပေပြီ...
" အင်း "
"ဘာလာလုပ်တာလဲ "
Coffeeဆိုင်လာမှတော့coffeeသောက်မို့ပေါ့  သူ့ကိုများလိုက်ချောင်းနေတယ်ထင်နေလား!
"သူငယ်ချင်း အဖေဆေးရုံတက်လို့ အဆာပြေမုန့်လာ၀ယ်ပေးတာ"
"အော် .. ကောင်လေး သွားလိုက်အုန်းမယ်နော်"
"အင်း"
ထွက်သွားတဲ့ သူ့ရဲ့ကျောပြင်ကိုဘဲငေးပြီးကျန်နေခဲ့တာပါ သူ့ကောင်မလေးစောင့်နေရမစိုးလို့ခြေလှမ်းကျဲကြီးတွေနဲ့ထွက်သွားတာများ ...ဟူးး
မှာထားတဲ့မုန့်တွေရလို့ပေးတာတောင်မသိလိုက်အောင်ဘဲသူ့ကိုမျက်စိတစ်ဆုံလိုက်ကြည့်နေမိ
တယ်...
တကယ်ဘဲဘယ်လိုတွေတောင်ဖြစ်နေတာလဲ ၀မ်ရိပေါ်!
.....................
"ရိပေါ် မင်းကလည်းကြာလိုက်တာ ဒီမယ်ကျိရန်ကဆာနေပြီ"
"အင်း ရော့ အဆင်ပြေတာ၀ယ်လာလိုက်တယ်"
"ကျေးဇူး ရိပေါ် "
"ရပါတယ်ကွာ"
ကျိရန်ကိုပြုံးပြလိုက်ပေမဲ့  အသက်မ၀င်လှ ...
ဒီနေ့ကတကယ်ကိုပြဿဒါးဘဲ!
မနက်ကအကြောင်းကိုပြန်တွေးမိပြီး ပြုံးလိုက်ကာ
ငါဘာတွေမျှော်လင့်မိခဲ့တာလဲ...
........................................
ကျိရန်အဖေခွဲစိတ်မှုကအောင်မြင်တယ် ကျိရန်ကလူနာစောင့်ဆိုပြီးကျောင်းမလာတော့ ဟောက်ရွှမ်းကပင်အဖော်အနေနဲ့သွားမယ်ဆိုပြီး နေ့တိုင်းနီးပါးသွားသည်။
ရှောင်းကျန့်ဆိုတဲ့လူကြီးကလည်းစာလာမသင်ဖြစ်သေး အလုပ်ကိစ္စတွေရှုပ်နေတယ်ထင်ပါရဲ့
ဆေးရုံကိုလူနာမေးလောက်ဘဲသွားပြိိိးအိမ်တွင်းသာအောင်းနေဖြစ်သည်။ဆေးရုံသွားဘဲသွားနေရအောင်လဲ ဆေးရုံကကိုယ့်အိမ်ကိုယ့်ရာမဟုတ် ကျိရန်ပါးမျက်စိရှုပ်တာဘဲအဖတ်တင်မည်မဟုတ်လား..
ဟောက်ကျိအတွဲလေးမရှိတော့ကျောင်းသွားဖို့ရန်လည်းပျင်းသည်...ဟောက်ကျိအတွဲလေးဆိုလို့ သူတို့နစ်ယောက်တွဲနေတာမဟုတ် ကိုယ့်ဘာသာshipပေးနေခြင်း...
၃ရက်ကြီးများတောင်အိမ်တွင်းအောင်းနေရတာ
ကျိရန်ပါး ဆေးရုံဆင်းပါစေဟုသာ ဆုတောင်းမိသည်။
မတွေ့ရတဲ့၃ရက်မှာ တကယ်ဘဲတွေ့ချင်မိတယ် လူတစ်ယောက်ကို...
ညနေတိုင်းစကိတ်စီးဆိုပြီး လမ်းထိပ်ကဆိုင်နားရောက်ခါနီးရင်ပြန်ပြန်လှည့်လာမိတယ်...
မတွေ့ချင်လို့ ...တစ်ခြားကောင်မလေးတွေနဲ့အတူတူရှိနေမှာကိုမတွေ့ချင်ဘူး ...ဘာလို့လဲဆိုရင်တော့ သေချာတဲ့အဖြေက ရှိမနေ...
ဒီနေ့တော့ ချိုချဥ္လဲကုန်နေတာရယ် မားကလည်း ပစ္စည်း၀ယ်ခိုင်းတာရယ်ကြောင့် စကိတ်စီးကာ လမ်းထိပ်ကmarket ဆီသို့ရောက်လာမိသည်။
ဆိုင်ထဲကို မျက်စိကစားကြည့်တော့ ရှောင်းလူကြီးကိုမတွေ့ရ ...
စကိတ်ကိုလက်တစ်ဖက်ကပိုက် ထားကာတစ်ဖက်မှလဲ လက်ဆွဲခြင်းကိုကိုင်ကာ မား၀ယ်ခိုင်းသည်များကိုထည့်လိုက်ပြီး ချိုချဥ္ထုပ်တွေထားတဲ့ဘက်သို့ ရောက်လာခဲ့သည်။
လိုချင်တဲ့ချိုချဥ္အမျိုးစားက သုံးတန်းမြောက်စင်ပေါ်မှာပင်
လက်ထဲမှစကိတ်နှင့်ခြင်းတောင်းကိုချပြီး လှမ်းယူပေမဲ့ အနည်းငယ်လိုနေသေးတဲ့အကွာ​ေ၀းအနေထားကြောင့် အခက်တွေ့ရ၏။
​စိတ်ရှုပ်စွာဆံပင်တို့ကိုထိုးဖွလိုက်ပြီးစကိတ်ဆီ
အကြည့်ရောက်ရာ...
ဟာ ဟုတ်ပြီ တယ်လဲဉာဏ်ကောင်းတဲ့ငါပါလား !
ကိုယ်ပိုင်ပြုံးလေးပြုံးပြီးစကိတ်ပေါ်သို့တက်ကာ ချိုချဥ္ထုပ်ကိုလှမ်းယူလိုက်လေသည်။
"အားးး"
ချိုချဥ္ထုပ်ကိုယူပြီးသော်လည်းအရှိန်လွန်ကာ
စကိတ်ပေါ်မှ ပြုတ်ကျ လေခြင်း...
ငါလေး ခါးတော့ကျိုးပါပြီ !
မျက်လုံးကိုစုံမှိှိတ်ကာအော်လိုက်ပေမဲ့ ခန္ဓာကိုယ်မှနာကျင်ခြင်းမရှိ ...
ထင်တာမမှားဘူးဆိုရင် အခု ရောက်နေတာက ရင်ခွင်တစ်ခုထဲမှာ!!!
~~နွေထွေးလိုက်တာ အမှတ်မမှားဘူးဆိုရင်တကယ်ဘဲ ရှောင်းလူကြီးလား~~
..........................................................
1107words~~
Thank for reading❣️
TBC CL 6🍭...
_____________________________________
#Zawgyi#
"ကျိရန် !!စုံကျိရန်"
ကျိရန်တို့အိမ်​ရှေ့၌အသံပြဲလေးနဲ့အော်နေရှာတဲ့ဟောက်ရွှမ်း
"......"
"ဆေးရုံမယ်တဲ့ "
"ဟင် !"
.....................................
"ကျိရန် "
"ရိပေါ် ဟောက်ရွှမ်း"
"ဘယ်လိုလဲ အခြေနေက "
"အေ့ပါအဆင်ပြေမှာပါစိတ်​လျှော့ထား"
"အင်း"
ဟောက်ရွှမ်းရာ"
"မင်းစားဖို့ငါအဆာပြေ
တွေ့လိုက်ရသည့်သူက
ကောင်မလေးနဲ့...
"ဟာ ကောင်လေး "
" အင်း "
"ဘာလာလုပ်တာလဲ "
"အင်း"
တယ်...
.....................
"ကျေးဇူး ရိပေါ် "
"ရပါတယ်ကွာ"
........................................
လိုချင်တဲ့ချိုချဉ်အမျိုးစားက သုံးတန်းမြောက်စင်ပေါ်မှာပင်
လက်ထဲမှစကိတ်နှင့်ခြင်းတောင်းကိုချပြီး လှမ်းယူပေမဲ့ အနည်းငယ်လိုနေသေးတဲ့အကွာ​ဝေးအနေထားကြောင့် အခက်တွေ့ရ၏။
အကြည့်ရောက်ရာ...
"အားးး"
မျက်လုံးကိုစုံမှိတ်ကာအော်လိုက်ပေမဲ့ ခန္ဓာကိုယ်မှနာကျင်ခြင်းမရှိ ...
..........................................................
1107words~~
Thank for reading❣️
TBC CL 6🍭...
המשך קריאה
You'll Also Like
294K 30.5K 35
"ဇာတ်လိုက်က ငါ့Ex" It's Zsww fanfiction.
46.6K 6.7K 41
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
308K 52.7K 64
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
4.4K 412 4
《𝐙𝐡𝐚𝐧𝐲𝐢》 ♛┈⛧┈┈•༶ᴢꜱᴡᴡ ꜰᴀɴꜰɪᴄᴛɪᴏɴ༶•┈┈⛧┈♛