"ကျိရန် "
ကန်တင်းမှာစောင့်နေတဲ့ ရိပေါ်က လှမ်းခေါ်တာကြောင့် ရိပေါ်နားကို ကျိရန်လျှောက်လာသည်။ဒီနေ့ကျောင်းပြန်တက်ကြပေမဲ့ ရင်ထဲမှာဟာတာတာကြီးပင်။ အရင်လိုစလိုက်နောက်လိုက် သုံးယောက်ကနေ နှစ်ယောက်တည်းဖြစ်သွားပြီမဟုတ်လား။
"ရောက်နေတာကြာပြီလား"
"သိပ်မကြာသေးဘူး မင်းပါးကောသက်သာနေပြီလားမနေ့က ဝင်မမေးဖြစ်လိုက်လို့"
"သက်သာနေပြီ ဒီနေ့တော့ ငါတို့နှစ်ယောက် အချိန်ပြည့်အတန်းတက်တော့ရမယ်"
"အင်း ဟောက်ရွှမ်းကလဲမရှိတော့ဘူး စားမေးပွဲကလဲနီးပြီ ပျက်ထားတဲ့ လက်တွေ့ချိန်တွေကော "
ဟောက်ရွှမ်းဆိုတဲ့နာမည်လေးကြားရုံနဲ့ ဝမ်းနည်းရိပ်သန်းသွားတဲ့ကျိရန် မျက်ဝန်းကိုရိပေါ်မြင်ဖြစ်အောင် မြင်သည်။ဘာဘဲပြောပြော စာမေးပွဲနီးနေပြီမို့စာထဲအာရုံစိုက်လိုက်ရင် နည်းနည်းတော့စိတ်သက်သာရာရမှာပါ။
"ဘာစားမလဲ ကျိရန်"
"အိမ်ကစားလာပြီ အတန်းထဲသွားကြမလား "
"အင်း သွားတာပေါ့"
အရင်ဆို အတန်းမတက်သေးခင် ဟောက်ရွှမ်းရဲ့ပေါက်ကရစကားတွေကို လွမ်းမိသား။ မဟုတ်တာဆိုအကုန်ကြံနေတတ်တဲ့ ဟောက်ရွှမ်းရဲ့ စည်းရုံးမဲဆွယ်တဲ့အသံတွေလဲမကြားရတော့ဘူး။စာသင်ချိန်ငိုက်ပြီး "ကျိရန် စာအုပ်ငှားနော်"ဆိုတဲ့စကားကိုလဲ ထပ်မကြားရတော့ဘူးပေါ့။
"ကျိရန်ငိုနေတာလား"
စာကူးနေတဲ့ရိပေါ်က ကျိရန်ပခုံးကိုကိုင်ပြီး မေးလာသည်။မျက်ရည်တွေကို သုတ်လိုက်ပြီးမှ အတတ်နိုင်ဆုံးပြုံးလိုက်ကာ
"ငါ ဟောက်ရွှမ်းကိုသတိရသွားလို့ပါကွာ"
ကျိရန်အပြောကို ရိပေါ်ကထောက်ခံသလိုကြည့်သည်။သူလဲဟောက်ရွှမ်းကိုလွမ်းမိသည်။ပေါက်ကရဆိုနှစ်ခါတိုင်ပင်စရာမလိုလောက်အောင်အတိုက်ဖောက်ညီခဲ့တာမဟုတ်လား။ ကျိရန်ရဲ့ပခုံးတွေဆုပ်ကိုင်ကာနှစ်သိမ့်ပေးပြီး စာပြန်ကူးကြသည်။
စာမေးပွဲကနီးနေပြီ။
YOU ARE READING
Candy love ( Completed )
Fanfictionအချစ်ဆိုတာသကြားလုံးလေးလိုဘဲချိုမြိန်တယ်~ Candyလုံးလေးတွေထက်မင်းရဲ့နှုတ်ခမ်းကပိုချိုတယ် Bunny!! #Wang yibo အချစ်ဆိုတာသကြားလုံးလေးလိုဘဲချိုမြိန်တယ်~ Candyလုံးလေးတွေထက်မင်းရဲ့နှုတ်ခမ်းကပိုချိုတယ် Bunny!! #Wang yibo