Candy love ( Completed )

By khantmemezaw

34.1K 2K 46

အချစ်ဆိုတာသကြားလုံးလေးလိုဘဲချိုမြိန်တယ်~ Candyလုံးလေးတွေထက်မင်းရဲ့နှုတ်ခမ်းကပိုချိုတယ် Bunny!! #Wang yibo အခ်... More

🍭CL -1🍭
🍭 CL_3 🍭
🍭 CL _4 🍭
🍭 CL - 5 🍭
🍭 CL-6 🍭
🍭 CL-7 🍭
🍭 CL-8 🍭
🍭 CL-9 🍭
🍭 CL-10 🍭
🍭CL-11🍭
🍭 CL - 12 🍭
🍭 CL-13 🍭
🍭 CL-14 🍭
🍭CL-15🍭
🍭CL -16🍭
🍭CL -17🍭
🍭CL -18🍭
🍭CL-19🍭
🍭 CL-20 🍭
🍭CL-20🍭 (Zawgyi code)

🍭 CL_2 🍭

2.5K 161 0
By khantmemezaw

"ရိပေါ်!!"

အတန်းထဲပင်လူကမရောက်သေး အသံကအရင်ရောက်လာသည့် ဟောက်ရွှမ်း

"ရိပေါ် မနေ့ကဆူခံထိသေးလား"

"အင်း"

"အင်း"တစ်လုံးသာပြောကာခုံပေါ်ခေါင်းမောက်သွားသည့်ရိပေါ်

"ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား "

ကျိရန်အမေးကြောင့်ခေါင်းပြန်ထောင်လာကာ ကျိရန်အားမျက်နှာသေလေးဖြင့်ကြည့်၍ခေါင်း
ရမ်းပြလေသည်

"နေမကောင်းတာမဟုတ်ဘူးဆို ဘာဖြစ်နေတာလဲ မင်းကြည့်ရတာစိတ်မချမ်းသာလိုက်တာ"

"အေးလေ လဒ ကြီးအစာမစားရလို့မှိုင်နေတဲ့
အတိုင်းဘဲ"
အားမနာတမ်းပြောဆိုနေသောနှစ်ယောက်အားအကြည့်စူးစူးတစ်ချက်ဖြင့်ကြည့်လိုက်ကာထွက်လာလေသည်။

ကြောင်တောင်တောင်လေးကျန်ခဲ့တဲ့နှစ်ယောက်ကလည်းဘာဖြစ်မှန်းမသိတဲ့ရိပေါ်နောက်ကိုလိုက်ဖို့မမေ့ခဲ့ အပြေးလေးလိုက်ရပြန်သည်

ဟူးး ကျိရန်နဲ့ငါ မာရသွန်ပြိုင်ပွဲ၀င်ရင်ဆုတောင်ရချင်ရနေမှာ!!

ကန်တင်းသို့ရောက်သော်လည်းအအေးတစ်ခွက်မှာကာ မသောက်ဘဲ မွှေနေပြန်သည်

"ကျိရန် အဲ့ကောင်မူမမှန်တော့ဘူး"

"အေး တစ်ခုခုတော့တစ်ခုခုဘဲ"

ရိပေါ်အား ထိုင်ကြည့်ကာ ရူးချင်လာသည့်ကျိရန်

မဖြစ်တော့ဘူး အအေးခွက်မှာပြီးမသောက်ဘဲမွှေလိုက်ပြုံးလိုက် မှိုင်သွားလိုက်နဲ့ ဒီလဒလေးကိုတစ်ခုခုလုပ်ရမယ်

အတွေးနှင့်အတူ ရှေ့၌ချထားသည့်ရေဘူးအားဖွင့်ကာ
ရိပေါ်မျက်နှာတည့်တည့်ဆီသို့ ပက်ပေးလိုက်သည်

ရေစိုသွားသောရိပေါ်ကဒေါသလဲထွက်မသွားပြုံးပြုံးကြိ်းကြည့်လာသည်ကြောင့်

"ဟောက်ရွှမ်း ငါကြက်သီးတောင်ထလာပြီကွာ"

လက်မောင်းအားလက်ဖြင့်ပွတ်ကာကြက်သီး
ထဟန်လုပ်ပြနေလေသည်။

တစ်ချိန်လုံးစကားတစ်လုံးမှမပြောသည့်ရိပေါ်ဆီမှကြားလိုက်ရသည့်စကားကြောင့် ကျိရန်နှင့်ဟောက်ရွှမ်း သိလိုက်ခြင်းက ရိပေါ်တစ်ယောက်ရူးနေပြီဆိုတာပင်

ရူးတော့ရူးနေတယ် အချစ်ရူးတဲ့!!!

ဘာတဲ့"Bunny နဲ့တူတဲ့ကောင်လေးကိုတွေ့ခဲ့တယ်"တဲ့

စိတ်တူကိုယ်တူဟောက်ကျိကရက်ရက်ရောရော
ပင်လက်ခလယ်လေးတွေထောင်လိုက်ကြပါတယ်

"နေစမ်းပါအုန်း အဲ့တာမင်းကပျော်ရမဲ့ကိစ္စမျိုးမဟုတ်ဘူးလား"

"အေးလေ ကျိရန်ပြောတာဟုတ်တယ်မင်းကဘာဖြစ်နေတာတုန်း"

"ဒီလိုကွ ......"

......................

"မား မုန့်ဖိုး"

"အင်း မားကိုပို့ပေးအုန်း"

"ဘယ်ကိုလဲမား"

စားပွဲပေါ်မှမုန့်တစ်ခုအားယူစားရင်းမေးလိုက်၏။

"ဒီနားကအသစ်ဖွင့်တဲ့market အသေးလေးကို လေ ဆိုင်ဖွင့်ပွဲဖိတ်ထားလို့ မား ရဲ့အသိတစ်ယောက်"

"အော် လိုက်ပို့မယ်လေမား သားကိုမုန့်ဖိုးများများပေးရင်ပေါ့ "

"ပေးပါ့မယ်တော် "

မားပြောတဲ့ဆိုင်လေးကလမ်းထိပ်မှာဘဲ marketအသေးလေးဆိုပေမဲ့ သပ်သပ်ရပ်ရပ်နဲ့အခန်းဖွဲ့စည်းပုံကအစ ဆွဲဆောင်မှုရှိပြီး ချစ်စရာလေးပင်

ဆိုင်လေးနားသို့လက်ချင်းချိတ်ကာရောက်လာ
သည့်ကောင်လေးနှင့်ကောင်မလေးကိုကြည့်လိုက်မိသည်။

ကောင်လေးက ဘေးကကောင်မလေးကို အရင်၀င်ခိုင်းပြီး ဦးတည်လျှောက်လာတာက

"၀မ်မား မတွေ့တာကြာပြီ နေကောင်းတယ်နော်"

မားကိုနှုတ်ဆက်ပြီးသွားလေးတွေပေါ်အောင်ပြုံးပြနေတဲ့ကောင်လေးကBunny အတိုင်းဘဲ

"အင်း ကျန့်ကျန့်  ရှောင်းကတော်ကောနေကောင်းရဲ့လား"

"မားကကောင်းပါတယ် ဆိူင်ထဲမှာ၀မ်မားကိုစောင့်နေတယ် ဒါက.. "

"အော် ဒါ မားရဲ့သားလေ ၀မ်ရိပေါ်တဲ့ "

"သူတောင်တော်တော်ကြီးလာပြီဘဲ "

"အခု first year လေ"

"အော် ကောင်လေးစာလိုက်နိုင်လား"

"အင်း "

"အော် ဒီကောင်လေး အကြီးကိုအင်းလား ဟုတ်လို့ဖြေလေ"

၀မ်မားဆီမှတံတောင်ဖြင့်တွတ်ကာသတိပေး
စကားကြားရ၏။

ရှေ့ကကောင်လေးကတော့ရီဘဲရီနေလေသည်။

တော်တော်ကိုတူတာ ရီလိုက်ရင်Bunnyအတိုင်းဘဲ ...

"ကျောင်းနောက်ကျမယ်သွားတော့လေ
ကောင်လေး"

"ဟင်.."

"ကြောင်တောင်တောင်နဲ့ဒီကလေးကတော့ "

"အာ  မားသွားပြီ  ခွင့်ပြုပါအုန်း"

ရှေ့မှကောင်လေးကိုခေါင်းလေးညိမ့်ပြကာ ထွက်လာလိုက်သည်။

~~ကောင်လေးမင်းဆီကိုယ်ပြန်လာပြီ
မင်းကိုယ့်ကိုမှတ်မိပါ့မလား  ~~

....................................

"ဟင် မင်းဟာကလဲ ရီတာတူတာနဲ့ဘဲမင်းBuunyဖြစ်ရောလား "

"အေးလေ နောက်ပြီး မင်းbuunyဘဲထားအုန်း ခုဟာက ဘာဘဲပြောပြောပျော်စရာကိစ္စဘဲဟာ ဘာကိုမှိုင်နေတာလဲ"

"bunny ဖြစ်ခဲ့ရင် ၀မ်းနည်းစရာပိုကောင်းပြီကွ"

၀မ်းနည်းသံလေးဖြင့်ပြောလာသည့်ရိပေါ်ကိုကြည့်ကာ ကျိရန်နှင့်ဟောက်ရွှမ်းမှာ သက်ပြင်းလေးပင်ချရ​ေလသည်။

ရိပေါ်ကအစွဲလန်းကြီးလွန်းတယ်ဘဲပြောရမလားငယ်ငယ်လေးကတည်းကတစ်ခါတည်တွေ့ဖူးတဲ့ ကောင်လေးကိုခုချိန်ထိစွဲလန်းနေတာကတော်ရုံအစွဲလန်းမျိုးတော့မဟုတ်ဘူးမလား...

"​ ဘာလို့လဲ "

"သူဘေးနားကကောင်မလေးနဲ့လက်ချိတ်ထား
တယ်ကွပြီးတော့တစ်ယောက်ကိုတစ်ယောက်
ကြည့်ပြီးပြုံးနေတာကလည်း ရည်းစားတွေလားမသိဘူး"

"မင်းကလည်း အတွေးကလဲလွန်ပါရော အရင်ဆုံး မင်းရဲ့Bunnyဟုတ်မဟုတ် ဘဲ အတည်ပြုပါအုန်း"

ကျိရန်ပြောသည်ကိုဟောက်ရွှမ်းကလည်းထောက်ခံသည့်သဘောဖြင့် ခေါင်းတညိမ့်ညိမ့်

"ဟုတ်တယ် ဒီလိုလုပ် ညနေဖြစ်ဖြစ် အဲ့ဆိုင်ကိုသွားကြမလား"

ကျိရန်ကတော့ခေါင်းညိမ့်၏ ရိပေါ်ကတော့ အင်းမလုပ် ဟင့်အင်းမလုပ် အအေးခွက်ကိုသာမွှေနေပြန်သည်။

~~တကယ်ဘဲ Bunnyလား ဟူးးးး~~

................................

ဆိုင်ရှေ့သို့ထိုးရပ်လာသည့်ဆိုင်ကယ်သုံးစီး

ရှောင်းကျန့်လည်း စာရင်းစစ်နေရာမှ လှမ်းကြည့်လိုက်လေသည်။

ကောင်လေးဘဲ   မျက်နာလဲမကောင်းပါ့လား
ဘာများဖြစ်လာပါလိမ့်

"အော် ကောင်လေး ဘာလိုချင်လို့လဲ"

ပြုံးပြန်ပြီ ကျစ် !ဒီလူတော့အလကားရတိုင်းပြုံးနေတယ် 

"ချို.... ချိုချဥ္ ၀ယ်မလို့"

"အော် ..ဟိုဘက်တန်းမှာရှိတယ်ချိုချဥ္ လိုတာရှိရင်ပြောနော် ကောင်လေး "

"အင်း "

ကောင်တာဘက်ကိုပြန်လျှောက်သွားတဲ့ Bunnyနဲ့တူတဲ့လူကြီးကိုရိပေါ်လိုက်ကြည့်နေမိ
ပြန်သည်။

"ဟေ့ကောင် ဖြေးဖြေးကြည့်ပါကွာ မျက်လုံးကြီးကျွတ်ကျမယ် "

"မင်းရဲ့ bunnyဟုတ်မဟုတ်တော့မသိဘူး ချောသားဘဲ"

"ငါ့ထက်ချောလို့လား စုံကျိရန်"

မျက်စောင်းထိုးကာမေးလာသည့်ဟောက်ရွှမ်းကိုကြည့်ကာကျိရန် မှာကြောင်တောင်တောင် ရယ်

"စားချင်တာရှိရင်၀ယ်ကြ ပြန်ရအောင် "

ဒီနှစ်ကောင်က အရေးထဲ Dramaရိုက်နေတယ် ဒီမှာဆက်နေလို့မဖြစ်တော့ဘူး ကိုယ့်အခြေနေကိုယ်သိတယ် ဒီဆိုင်ကနေမြန်မြန်ပြန်ချင်လှပြီ...

နီးစပ်ရာ မုန့်ထုပ်တွေကောက်ကာ ပိုက်ဆံရှင်းပြီး 
အမြန်ဆုံးပင်ထွက်လာခဲ့သည်။

ရင်ဘတ်ထဲကကောင်ကလည်း ဘယ်လိုဖြစ်နေသည်မသိ ဒီနေ့ကြမှ မူမမှန်ချင်
ချီးလိုဘဲ တုန်တုန်ရီရီနဲ့ မသောက်ရသေးလို့လား!!!!

မုန့်တွေ၀ယ်ပြီးထွက်သွားတဲ့ကောင်လေးကို အကွယ်ကနေဘဲလိုက်ကြည့်မိတယ်

ရင်ဘတ်လေးကိုဖိပြီးပွစိပွစိပြောနေတာ ကအူယားဖွယ်အတိ

~~​ေကာင်လေးရေ မင်းကကိုယ့်အပိုင်ဘဲဖြစ်ရမယ်~~

................................................

1288 words~~

Thank for reading❣️

TBC CL3🍭...

_____________________________________

#Zawgyi#

"ရိပေါ်!!"



"အင်း"



ရမ်းပြလေသည်


အတိုင်းဘဲ"









ရေစိုသွားသောရိပေါ်ကဒေါသလဲထွက်မသွားပြုံးပြုံးကြိးကြည့်လာသည်ကြောင့်


ထဟန်လုပ်ပြနေလေသည်။







"ဒီလိုကွ ......"

......................

"မား မုန့်ဖိုး"


"ဘယ်ကိုလဲမား"




"ပေးပါ့မယ်တော် "



ကောင်လေးက ဘေးကကောင်မလေးကို အရင်ဝင်ခိုင်းပြီး ဉီးတည်လျှောက်လာတာက




"မားကကောင်းပါတယ် ဆိုင်ထဲမှာဝမ်မားကိုစောင့်နေတယ် ဒါက.. "



"အခု first year လေ"


"အင်း "


စကားကြားရ၏။



ကောင်လေး"

"ဟင်.."





....................................




ဝမ်းနည်းသံလေးဖြင့်ပြောလာသည့်ရိပေါ်ကိုကြည့်ကာ ကျိရန်နှင့်ဟောက်ရွှမ်းမှာ သက်ပြင်းလေးပင်ချရ​လေသည်။


"​ ဘာလို့လဲ "







................................



ဘာများဖြစ်လာပါလိမ့်



"ချို.... ချိုချဉ် ၀ယ်မလို့"

"အော် ..ဟိုဘက်တန်းမှာရှိတယ်ချိုချဉ် လိုတာရှိရင်ပြောနော် ကောင်လေး "

"အင်း "

ပြန်သည်။











~~​ကောင်လေးရေ မင်းကကိုယ့်အပိုင်ဘဲဖြစ်ရမယ်~~

................................................

1288 words~~

Thank for reading❣️

TBC CL3🍭...

























































































Continue Reading

You'll Also Like

60.1K 4.6K 62
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
4.4K 412 4
《𝐙𝐡𝐚𝐧𝐲𝐢》 ♛┈⛧┈┈•༶ᴢꜱᴡᴡ ꜰᴀɴꜰɪᴄᴛɪᴏɴ༶•┈┈⛧┈♛
293K 30.5K 35
"ဇာတ်လိုက်က ငါ့Ex" It's Zsww fanfiction.
160K 3.8K 10
Wanna Play Sex Game ? *Zhanyi Smut Fiction* Fic cover full credit to owner!