RIVALS [Completed]

By Hayzel_Minn

50.7K 6K 404

Park Jimin X OC π–Έπ—ˆπ—Ž π—…π—ˆπ—π–Ύ, 𝗍𝗁𝖾𝗇 π—’π—ˆπ—Ž π—…π—ˆπ—Œπ–Ύ... More

Prologue
1
2
3
4
5
6
7
8
9
10
11
12
14
15
16
Final
Advertisement

13

2K 292 10
By Hayzel_Minn

Zawgyi

နာရယ္ ဖုန္းကိုၾကည့္ရင္းတစ္ေယာက္တည္းေဝခြဲမရျဖစ္ေန
သည္မွာအနည္းငယ္ၾကာေနၿပီျဖစ္သည္။ကုတင္ေပၚမွာလွဲေန
တဲ့အေဖျဖစ္သူကိုၾကည့္ရင္း တစ္ခါေလာက္ေတာင္းဆိုၾကည့္
ဖို႔အတြက္အားတင္းလိုက္သည္။

သူမ လုပ္အားနဲ႔ဆိုရင္ အခ်ိန္ေတြေႏွာင့္ေႏွးသြားႏိုင္သည့္အတြက္ အခ်ိန္ေတာ္ေတာ္ၾကာအဆက္ျဖတ္ထားခဲ့သည့္လူ
ိတစ္ခ်ိဳ႕ကိုျပန္လည္ဆက္သြယ္ဖို႔ဆံုးျဖတ္ခဲ့သည္။

တတီတီျမည္ေနေသာဖုန္းသံရဲ႕ေနာက္ စကားေျပာသံတို႔က
ထြက္လာခဲ့သည္။

"ေဒၚေလး...နာရယ္ပါ အာပါးေဆးရံုတင္ထားရတယ္"

သူမရဲ႕အသံကိုၾကားၿပီးတဲ့ေနာက္ တစ္ဖက္ကဖုန္းေျပာသူထံ
မွရိႉက္သံတို႔ထြက္က်လာေတာ့သည္။

"ကေလးရယ္....မဆက္သြယ္တာဘယ္ေလာက္ေတာင္ရွိသြား
ၿပီလဲ ေဒၚေလးက သတိရေနခဲ့တာ..."

သူ႔ကိုလည္းအရင္လိုသတိရေနတုန္းပဲဆိုတဲ့အသိကိုရကာမွ
စိတ္ကိုဒုန္းဒုန္းခ်လိုက္ေတာ့ မ်က္ဝန္းတစ္ဝိုက္မွာအရည္တစ္
ခ်ိဳ႕ရစ္သိုင္းလာေတာ့သည္။

"ေၾကာက္တယ္...အာပါးတစ္ခုခုျဖစ္သြားမွာကိုေၾကာက္တယ္ သမီးကိုကူညီပါေနာ္ ေဒၚေလး..."

"ဒီလိုေတြေျပာစရာလိုလို႔လားကေလးရဲ႕ မိသားစုေတြပဲဟာ
ေဒၚေလးကျဖစ္ခ်င္တာအကုန္လုပ္ေပးမွာေပါ့...."

ေက်းဇူးတင္စိတ္ေတြနဲ႔အတူ အေတြးအခ်ိဳ႕ကပက္သက္မႈေတြကိုတစ္ခန္းရပ္ခဲ့တဲ့အတိတ္ေန႔ရက္တစ္ခ်ိဳ႕ဆီသို႔....

"နာရယ့္ကိုက်မတို႔ေမြးစားမယ္ အစ္ကိုႀကီး"

အေမႏွလံုးေဖာက္ၿပီးဆံုးသြားတယ္ဆိုတဲ့သတင္းၾကားၾကား
ခ်င္း ေဒၚေလးတို႔မိသားစုကအေျပးလာခဲ့​ေသာ္လည္းႀကိဳဆို
ေနတဲ့သူမ႐ွိေပ။

အေမြျဖတ္ထားခဲ့တဲ့အေမ့ကိုအရမ္းခ်စ္တဲ့ သူ႔ညီမေလးက
အျမဲတမ္းလာလာေတြ႔ေနၾကဆိုတာကို အရင္တည္းကနာရယ္
သတိထားမိေနခဲ့သည္။

ေမြးစားမယ္ဆိုတဲ့စကားေျပာမယ္ဆိုတာကိုႀကိဳသိေနသလိုပင္ အာပါးကနာရယ္ကိုသူ့အေနာက္ကိုပို႔လိုက္သည္။

"မေပးႏိုင္ဘူး...ငါ့သမီးကိုငါ့ဘာသာေစာင့္ေ႐ွာက္ႏိုင္တယ္
နင္တို႔ေတြအကုန္လံုးမ်က္စိေ႐ွ႕ကေနထြက္သြားၾက"

အေမဆံုးၿပီးတာမၾကာေသးတာမို႔အလြမ္းဒဏ္ကိုမခံႏိုင္တဲ့
အာပါးကလက္တစ္ဖက္ကအရက္ပုလင္းဆြဲ ေနာက္တစ္ဖက္
နဲ႔နာရယ့္ကိုက်စ္ေနေအာင္ဖက္ထားရင္း နာရယ့္ကိုေခၚသြားဖို႔လုပ္ေနတဲ့လူတစ္စုကိုရန္႐ွာလို႔ေနသည္။

"ကေလးေ႐ွ႕ေရးလည္း႐ွိေနေသးတာကိုေခါင္းမမာပါနဲ႔
က်မတို႔ နာရယ္ေလးကိုေကာင္းေကာင္းေစာင့္ေ႐ွာက္မွာပါ"

"ငါ ေကာင္းေကာင္းေစာင့္ေ႐ွာက္ႏိုင္တယ္လို႔ေျပာတာကိုမ
ၾကားဘူးလား...အကုန္ထြက္သြားၾက!!! ဘယ္ေတာ့မွလာမ
ပက္သက္ၾကနဲ႔..."

လက္ထဲကပုလင္းကိုလႊဲရမ္းၿပီးလူေတြ႐ွိရာနားကိုပစ္ေပါက္
လိုက္တဲ့အခ်ိန္မွာေတာ့ တစ္ခ်ိန္ကုန္ဘာမွဝင္မေျပာတဲ့ေဒၚ
ေလးေယာက်ာ္းကဝင္ပါလာေတာ့သည္။

"ကေလးေ႐ွ႕ေရးကိုခင္မ်ားလက္နဲ႔ဖ်က္ဆီးသလိုျဖစ္တဲ့အခ်ိန္
က်မွ ဝမ္းမနည္းနဲ႔!!! ေဂ်ာင္ဟယ္ ကိုယ္တို႔သြားၾကမယ္"

နာရယ့္ကိုေခၚသြားလို႔မရတဲ့အဆံုးေဒၚေလးတို႔လည္းလက္ေလ်ာ့ၿပီးျပန္သြားၾကသည္။ခပ္ေရးေရးသာမွတ္မိေနခဲ့တဲ့ ငါးႏွစ္
အရြယ္မွတ္ဉာဏ္ကဒီမွာပဲအဆံုးသတ္သည္။

အလယ္တန္းအရြယ္ေလာက္တုန္းက သံေယာဇဥ္မျဖတ္ႏိုင္
တဲ့အေဒၚကနာရယ့္ကိုဆက္သြယ္ဖို႔ႀကိဳးစားေသးသည္။ေငြ
ေၾကးသိပ္မျပည့္စံုတဲ့အာပါးက အေမ့ဘက္ကအမ်ိဳးေတြနဲ႔ဘာမွပက္သက္ျခင္းမ႐ွိပဲ နာရယ့္ကိုမ်က္ႏွာမငယ္ရေအာင္ထား
ေပးႏိုင္သည္။

မိဘေတြသေဘာမတူၾကပဲအာပါးေနာက္လိုက္ကိုအေမကလိုက္ခဲ႔တာမို႔ အေမမ႐ွိေတာ့တဲ့အခ်ိန္က်န္ခဲ့တဲ့နာရယ့္ကိုအာ
ပါးဘဝထဲကေနထပ္ၿပီးဆြဲထုတ္ဖို႔ႀကိဳးစားခဲ့ၾကသည္ပါရဲ႕။

အိမ္ေအာက္အထိလာ႐ွာတဲ့ေဒၚေလးကိုျမင္တာနဲ႔ နာရယ့္ကို
အတင္းဆြဲေခၚရင္း တစ္ခါမွမျမင္ဖူးတဲ့လိုက္မသြားဖို့ငိုယို
​ေတာင္းဆိုေနခဲ့တဲ့အေဖ့မ်က္ႏွာေၾကာင့္ အကုန္လံုးကိုအဆတ္ျဖတ္ပစ္ၿပီး ဆိုးလ္ကိုလည္းေျပာင္းလာခဲ့သည္။

အခုခ်ိန္မွာေတာ့ ႏွစ္ေယာက္ထဲပဲ႐ွိေတာ့တဲ့ဘဝေလးမွာ
ထပ္ၿပီးဘာကိုမွမဆံုးရံႈးခ်င္ေတာ့တာမို႔ အာပါးမႏွစ္သက္တဲ့
ကူညီမႈကို သူမဘက္ကပဲစလို႔ေတာင္းခံမိေတာ့သည္။

~~~~~~~~

"ဂ်ီမင္...နာရယ္ေဆးရံုေရာက္ေနတာကိုသိလား"

"ဟင္! ငါမသိဘူး ဘယ္ေဆးရံုမွာလည္းအခုလာခဲ့မယ္"

ဖုန္းကိုင္ကိုင္ခ်င္းေျပာလိုက္တဲ့စကားေၾကာင့္ ဂ်ီမင္ထူပူသြား
ရေတာ့သည္။

"ခဏေလး...သူေဆးရံုတက္ရတာေတာ့မဟုတ္ဘူးထင္တယ္
ဘိုဂမ့္ဆီခဏလာရင္း ေတြ႔လိုက္တာ ငါသြားေမးလိုက္--"

"မေမးနဲ႔!! ငါလာခဲ့မယ္ ဘယ္မွာလဲဆိုတာကိုသာေျပာ"

အလုပ္သြားဖို႔ျပင္ေနရင္း ကုတ္အက်ႌကိုေကာက္ဆြဲကာ
ထယ္ေယာင္းေျပာတဲ့ေဆးရံုကိုသာအေျပးလာခဲ့သည္။ေဆးရံု
တက္ရတာနာရယ္မဟုတိဘူးလို႔ေျပာေပမယ့္ ဂ်ီမင္ရတက္မ
ေအးႏိုင္ေသးပါ။

ကားကိုပံုမွန္ထက္အ႐ွိန္တင္​ေမာင္းႏွင္လာခဲ့သည္။မေတြ႔ခဲ့ရတဲ့ရက္အေတာအတြင္းမွာဘာေတြဘယ္လိုျဖစ္သြားမွန္းကို
လိုက္မမွီလိုက္ပါ။အနည္းဆံုးေတာ့ သူခ်စ္ရသူကက်န္းက်န္း
မာမာ႐ွိေနဖို႔ကိုပဲေမ်ွာ္လင့္သည္။

"ထယ္ေယာင္း!! နာရယ္ဘယ္မွာလဲ??"

"ခဏေလး မေလာနဲ႔ နာရယ္ကမင္းကိုမသိေစခ်င္လို႔မေျပာ
တာေနမွာေပါ့ မင္းကဇြတ္ဝင္ပါရင္သူမႀကိဳက္ပဲေနလိမ့္မယ္"

သြားေတြ႔ဖို႔ကိုပဲေလာေနတဲ့ဂ်ီမင္ေၾကာင့္ ထယ္ေယာင္းမွာလွမ္းမဆြဲထားရံုတမယ္တားထားရသည္။

"က်စ္...အဲ့ဒါငါဘယ္လိုလုပ္ရမွာလဲ!!"

ဆံပင္ေတြကိုခပ္ၾကမ္းၾကမ္းဆြဲဖြရင္း စိတ္ညစ္ညစ္နဲ႔ညည္းညဴမိသည္။ထယ္ေယာင္းေျပာတာလည္းမွန္သည္။နာရယ္က
သာ သူ႔ကိုသိေစခ်င္ရင္ေျပာမွာေပါ့။ၿပီးေတာ့ အစတည္းက
သူ႔ရဲ႕အျပဳအမူေတြကိုနာရယ္ကသေဘာမက်ဘူးမလား။

"ဖုန္းဆက္ၾကည့္မယ္ ဟုတ္တယ္ ငါဖုန္းဆက္လိုက္မယ္"

ထယ္ေယာင္းကသူ႔ကိုဆြဲေခၚသြားရင္းတစ္ေနရာမွာထိုင္ေစ
သည္။

"ငါ့ဘိုဂမ့္ကိုနည္းနည္းေမးၾကည့္ထားတယ္ ေဆးရံုတင္ထားရ
တာသူ႔အေဖတဲ့ ေက်ာက္ကပ္ေၾကာင့္လို့ေျပာတာပဲ က်န္တာ
ေတာ့သူလည္းေျပာလို႔မရဘူးတဲ့"

"သူအမ်ားႀကီးပင္ပန္းေနမွာပဲ ထမင္းေရာအခ်ိန္မွန္စားျဖစ္ရဲ႕
လားမသိဘူး..စိတ္ဆိုးလည္းဆိုးပါေစေတာ့ကြာ...ငါသြားေတြ႔
လိုက္တာပဲေကာင္းမယ္!!"

"ေဟ့ေကာင္ မသြားနဲ႔ဦး!!! ပါ့ခ္ဂ်ီမင္!!"

ေျပာေျပာဆိုဆိုနဲ႔ေျပးထြက္သြားတဲ့ ဂ်ီမင္ကိုထယ္ေယာင္းလည္းတားခ်ိန္မရလိုက္ပါ။သူ႔စိတ္တိုင္းက်လုပ္တတ္တဲ့ဂ်ီမင္
ေၾကာင့္ သူလည္းတားလို႔ရမည္မဟုတ္ပါ။မလိုအပ္တဲ့ျပႆနာေတြျဖစ္လာမွာကိုေတာ့ႀကိဳၿပီးေတြးပူေနမိေတာ့သည္။

.

.

.

"နာရယ္အာ!!"

အခန္းတံခါးကိုဆြဲဖြင့္လိုက္တဲ့အသံေၾကာင့္ အသံလာရာကို
လွည့္ၾကည့္မိေတာ့...

"႐ွင္ကဘယ္လိုလုပ္?"

"အာ..ထယ္ေယာင္းကသူ႔သူငယ္ခ်င္းဆီလာရင္းမင္းကိုေတြ႔
လိုက္တယ္ေျပာလို႔ လိုက္လာခဲ့တာ..."

"ဒီပံုစံနဲ႔လိုက္လာတယ္??"

"ဟင္?"

နာရယ့္မ်က္လံုးေတြက ဂ်ီမင့္ရဲ႕အိမ္ေနရင္းစီးကြင္းထိုးဖိနပ္
ေတြဆီမွာေရာက္လို႔ေနသည္။အေနာက္တုိင္းဝတ္စံုကိုဝတ္
ထားၿပီး ဖိနပ္ကလြဲေနပံုေထာက္ရင္ အေလာတႀကီးေျပးထြက္
လာပံုရသည္။

"ဝင္ေလ.."

အခုမွသူ႔ပံုစံကိုျပန္သတိထားမိရင္းေခါင္းတကုပ္ကုပ္လုပ္ေန
ျပန္ေသးသည္။

"အေဖ...သက္သာရဲ႕လား??"

"ေအာ္!...ဒီလိုပါပဲ သက္သာတယ္ရယ္ေတာ့မဟုတ္ပါဘူး"

"ေက်ာက္ကပ္ျဖစ္တာဆို တစ္ခုခုလုပ္ရမွာမဟုတ္--"

စည္းေက်ာ္သြားၿပီျဖစ္တဲ့စကားေတြေၾကာင့္ ဂ်ီမင္ကပါးစပ္ကို
လက္နဲ႔အုပ္ရင္းအားနာဟန္နဲ႔ၾကည့္ေနသည္။

"ဘာလို႔သူမ်ားကိစၥေတြကိုတအားသိခ်င္ေနရတာလဲ??"

အေလာတႀကီးေရာက္လာေပမဲ့ သူတို႔အေၾကာင္းကိုေကာင္း
ေကာင္းသိေနတဲ့ပံုစံေပၚမွာမို႔အေနခက္သြားရသလို စိတ္ထဲ
မွာလည္းမတင္မက်ျဖစ္လို႔လာေတာ့သည္။

"အဲ့လိုမဟုတ္--"

"အဲ့လိုပဲေလ က်မတို႔ကဘာမွလည္းမဆိုင္ပဲနဲ႔ အကုန္လံုး
သိသလိုမ်ိဳးလုပ္ၿပီး စိတ္ပူေပးတာမ်ိဳးကိုမလုပ္ပါနဲ႔ ေက်းဇူးျပဳ
ျပီး...."

စိတ္ပူေပးသလိုလိူနဲ႔ သနားတဲ့အၾကည့္ေတြပါေရာၿပီးပါလာတာကိုသူမသိပ္မုန္းသည္။အာပါးကသူ႔ကိုမ်က္ႏွာမငယ္ေအာင္ထားေပးထားေပမယ့္ အခုလိုခ်ိန္မွာတစ္ခုခုျဖစ္သြားမွာကိုပဲစိုးရိမ္ေနမိၿပီး အားနည္းတဲ့လူတစ္ေယာက္လိုပဲခံစားေနရသည္။ဘာလို႔အခုခ်ိန္မွ...

"ကိုယ္..."

ေတာင္းပန္စကားဆိုဖို႔စကားစေနတဲ့ပေ႐ွ႕ကဂ်ီမင္ကိုလည္းသုမမ်က္ႏွာခ်င္းမဆိုင္ခ်င္ေလာက္ေအာင္ကိုျဖစ္ေနသည္။

"ဒီအတိုင္း...မသိသလိုပဲေနၿပီး ထြက္သြားလိုက္ပါ..."

သူမရည္ရြယ္ဘူးဆိုတာကိုသိေနေပမယ့္ အနားမွာ႐ွိမေနတာ
ကပိုေကာင္းမယ္ထင္သည္။ကူညီေပးဖို႔လုပ္ေနတာေတြကို
လည မသိခ်င္ေယာင္ပဲေဆာင္မယ္။သူ႔ဆီကကူညီမႈဆိုတာ
မ်ိဳးကိုတကယ္မလိုခ်င္ဘူး။

"နာရယ္အာ~"

"ေဒၚေလး!!!....သတိရေနတာ"

တံခါးဖြင့္ၿပီးဝင္လာတဲ့လင္မယားႏွစ္ေယာက္ကိုဖက္ရင္းနာရယ္ငိုေနသည္။သူမ နာက်င္ေနတာကိုသိေနေပမယ့္ ဘာမွလုပ္ေပးခြင့္မရသလိုပဲေဘးမွာရပ္ေနရသည္။

တကယ္လည္းဘာမွလုပ္ေပးခြင့္မရပါဘူး။ကိုယ့္ကို ခါးခါးသီး
သီးကိုမလိုအပ္ျဖစ္ေနတာမို႔ ထြက္သြားေပးဖို႔လည္းလုပ္လိုက္
သည္။စိတ္ေျပတဲ့အခါက်ရင္ သူေျပာတာေတြကိုလက္ခံၿပီး
နားေထာင္ေပးမွာပါ။

အခ်စ္ထက္ခံစားခ်က္ေတြကိုေ႐ွ႕တန္းတင္မိတဲ့အခါ.....

Tbc

Unicode

နာရယ် ဖုန်းကိုကြည့်ရင်းတစ်ယောက်တည်းဝေခွဲမရဖြစ်နေ
သည်မှာအနည်းငယ်ကြာနေပြီဖြစ်သည်။ကုတင်ပေါ်မှာလှဲနေတဲ့အဖေဖြစ်သူကိုကြည့်ရင်း တစ်ခါလောက်တောင်းဆိုကြည့်ဖို့အတွက်အားတင်းလိုက်သည်။

သူမ လုပ်အားနဲ့ဆိုရင် အချိန်တွေနှောင့်နှေးသွားနိုင်သည့်အတွက် အချိန်တော်တော်ကြာအဆက်ဖြတ်ထားခဲ့သည့်လူတစ်ချို့ကိုပြန်လည်ဆက်သွယ်ဖို့ဆုံးဖြတ်ခဲ့သည်။

တတီတီမြည်နေသောဖုန်းသံရဲ့နောက် စကားပြောသံတို့က
ထွက်လာခဲ့သည်။

"ဒေါ်လေး...နာရယ်ပါ အာပါးဆေးရုံတင်ထားရတယ်"

သူမရဲ့အသံကိုကြားပြီးတဲ့နောက် တစ်ဖက်ကဖုန်းပြောသူထံ
မှရှိူက်သံတို့ထွက်ကျလာတော့သည်။

"ကလေးရယ်....မဆက်သွယ်တာဘယ်လောက်တောင်ရှိသွားပြီလဲ ဒေါ်လေးက သတိရေနခဲ့တာ..."

သူ့ကိုလည်းအရင်လိုသတိရနေတုန်းပဲဆိုတဲ့အသိကိုရကာမှ
စိတ်ကိုဒုန်းဒုန်းချလိုက်တော့ မျက်ဝန်းတစ်ဝိုက်မှာအရည်တစ်ချို့ရစ်သိုင်းလာတော့သည်။

"ကြောက်တယ်...အာပါးတစ်ခုခုဖြစ်သွားမှာကိုကြောက်တယ် သမီးကိုကူညီပါနော် ဒေါ်လေး..."

"ဒီလိုတွေပြောစရာလိုလို့လားကလေးရဲ့ မိသားစုတွေပဲဟာ
ဒေါ်လေးကဖြစ်ချင်တာအကုန်လုပ်ပေးမှာပေါ့...."

ကျေးဇူးတင်စိတ်တွေနဲ့အတူ အတွေးအချို့ကပက်သက်မှုတွေကိုတစ်ခန်းရပ်ခဲ့တဲ့အတိတ်နေ့ရက်တစ်ချို့ဆီသို့....

"နာရယ့်ကိုကျမတို့မွေးစားမယ် အစ်ကိုကြီး"

အမေနှလုံးဖောက်ပြီးဆုံးသွားတယ်ဆိုတဲ့သတင်းကြားကြား
ချင်း ဒေါ်လေးတို့မိသားစုကအပြေးလာခဲ့သော်လည်းကြိုဆို
နေတဲ့သူမရှိပေ။

အမွေဖြတ်ထားခဲ့တဲ့အမေ့ကိုအရမ်းချစ်တဲ့ သူ့ညီမလေးက
အမြဲတမ်းလာလာတွေ့နေကြဆိုတာကို အရင်တည်းကနာရယ်သတိထားမိနေခဲ့သည်။

မွေးစားမယ်ဆိုတဲ့စကားပြောမယ်ဆိုတာကိုကြိုသိနေသလိုပင် အာပါးကနာရယ်ကိုသူ့အနောက်ကိုပို့လိုက်သည်။

"မပေးနိုင်ဘူး...ငါ့သမီးကိုငါ့ဘာသာစောင့်ရှောက်နိုင်တယ်
နင်တို့တွေအကုန်လုံးမျက်စိရှေ့ကနေထွက်သွားကြ"

အမေဆုံးပြီးတာမကြာသေးတာမို့အလွမ်းဒဏ်ကိုမခံနိုင်တဲ့
အာပါးကလက်တစ်ဖက်ကအရက်ပုလင်းဆွဲ နောက်တစ်ဖက်နဲ့နာရယ့်ကိုကျစ်နေအောင်ဖက်ထားရင်း နာရယ့်ကိုခေါ်သွားဖို့လုပ်နေတဲ့လူတစ်စုကိုရန်ရှာလို့နေသည်။

"ကလေးရှေ့ရေးလည်းရှိနေသေးတာကိုခေါင်းမမာပါနဲ့
ကျမတို့ နာရယ်လေးကိုကောင်းကောင်းစောင့်ရှောက်မှာပါ"

"ငါ ကောင်းကောင်းစောင့်ရှောက်နိုင်တယ်လို့ပြောတာကိုမ
ကြားဘူးလား...အကုန်ထွက်သွားကြ!!! ဘယ်တော့မှလာမ
ပက်သက်ကြနဲ့..."

လက်ထဲကပုလင်းကိုလွှဲရမ်းပြီးလူတွေရှိရာနားကိုပစ်ပေါက်လိုက်တဲ့အချိန်မှာတော့ တစ်ချိန်ကုန်ဘာမှဝင်မပြောတဲ့ဒေါ်လေးယောကျာ်းကဝင်ပါလာတော့သည်။

"ကလေးရှေ့ရေးကိုခင်များလက်နဲ့ဖျက်ဆီးသလိုဖြစ်တဲ့အချိန်က်မွ ဝမ်းမနည်းနဲ့!!! ဂျောင်ဟယ် ကိုယ်တို့သွားကြမယ်"

နာရယ့်ကိုခေါ်သွားလို့မရတဲ့အဆုံးဒေါ်လေးတို့လည်းလက်လျော့ပြီးပြန်သွားကြသည်။ခပ်ရေးရေးသာမှတ်မိနေခဲ့တဲ့ ငါးနှစ်အရွယ်မှတ်ဉာဏ်ကဒီမှာပဲအဆုံးသတ်သည်။

အလယ်တန်းအရွယ်လောက်တုန်းက သံယောဇဉ်မဖြတ်နိုင်
တဲ့အဒေါ်ကနာရယ့်ကိုဆက်သွယ်ဖို့ကြိုးစားသေးသည်။ငွေ
ကြေးသိပ်မပြည့်စုံတဲ့အာပါးက အမေ့ဘက်ကအမျိုးတွေနဲ့ဘာမှပက်သက်ခြင်းမရှိပဲ နာရယ့်ကိုမျက်နှာမငယ်ရအောင်ထားပေးနိုင်သည်။

မိဘတွေသဘောမတူကြပဲအာပါးနောက်လိုက်ကိုအမေကလိုက်ခဲ့တာမို့ အမေမရှိတော့တဲ့အချိန်ကျန်ခဲ့တဲ့နာရယ့်ကိုအာပါးဘဝထဲကနေထပ်ပြီးဆွဲထုတ်ဖို့ကြိုးစားခဲ့ကြသည်ပါရဲ့။

အိမ်အောက်အထိလာရှာတဲ့ဒေါ်လေးကိုမြင်တာနဲ့ နာရယ့်ကို
အတင်းဆွဲခေါ်ရင်း တစ်ခါမှမမြင်ဖူးတဲ့လိုက်မသွားဖို့ငိုယို
တောင်းဆိုနေခဲ့တဲ့အဖေ့မျက်နှာကြောင့် အကုန်လုံးကိုအဆတ်ဖြတ်ပစ်ပြီး ဆိုးလ်ကိုလည်းပြောင်းလာခဲ့သည်။

အခုချိန်မှာတော့ နှစ်ယောက်ထဲပဲရှိတော့တဲ့ဘဝလေးမှာ
ထပ်ပြီးဘာကိုမှမဆုံးရံှုးချင်တော့တာမို့ အာပါးမနှစ်သက်တဲ့ကူညီမှုကို သူမဘက်ကပဲစလို့တောင်းခံမိတော့သည်။

~~~~~~~~

"ဂျီမင်...နာရယ်ဆေးရုံရောက်နေတာကိုသိလား"

"ဟင်! ငါမသိဘူး ဘယ်ဆေးရုံမှာလည်းအခုလာခဲ့မယ်"

ဖုန်းကိုင်ကိုင်ချင်းပြောလိုက်တဲ့စကားကြောင့် ဂျီမင်ထူပူသွား
ရတော့သည်။

"ခဏေလး...သူဆေးရုံတက်ရတာတော့မဟုတ်ဘူးထင်တယ်ဘိုဂမ့်ဆီခဏလာရင်း တွေ့လိုက်တာ ငါသွားမေးလိုက်--"

"မမေးနဲ့!! ငါလာခဲ့မယ် ဘယ်မှာလဲဆိုတာကိုသာပြော"

အလုပ်သွားဖို့ပြင်နေရင်း ကုတ်အကျႌကိုကောက်ဆွဲကာ
ထယ်ယောင်းပြောတဲ့ဆေးရုံကိုသာအပြေးလာခဲ့သည်။ဆေးရုံ
တက်ရတာနာရယ်မဟုတိဘူးလို့ပြောပေမယ့် ဂျီမင်ရတက်မ
အေးနိုင်သေးပါ။

ကားကိုပုံမှန်ထက်အရှိန်တင်မောင်းနှင်လာခဲ့သည်။မတွေ့ခဲ့ရတဲ့ရက်အတောအတွင်းမှာဘာတွေဘယ်လိုဖြစ်သွားမှန်းကိုလိုက်မမှီလိုက်ပါ။အနည်းဆုံးတော့ သူချစ်ရသူကကျန်းကျန်းမာမာရှိနေဖို့ကိုပဲမျှော်လင့်သည်။

"ထယ်ယောင်း!! နာရယ်ဘယ်မှာလဲ??"

"ခဏေလး မလောနဲ့ နာရယ်ကမင်းကိုမသိစေချင်လို့မပြော
တာနေမှာပေါ့ မင်းကဇွတ်ဝင်ပါရင်သူမကြိုက်ပဲနေလိမ့်မယ်"

သွားတွေ့ဖို့ကိုပဲလောနေတဲ့ဂျီမင်ကြောင့် ထယ်ယောင်းမှာလှမ်းမဆွဲထားရုံတမယ်တားထားရသည်။

"ကျစ်...အဲ့ဒါငါဘယ်လိုလုပ်ရမှာလဲ!!"

ဆံပင်တွေကိုခပ်ကြမ်းကြမ်းဆွဲဖွရင်း စိတ်ညစ်ညစ်နဲ့ညည်းညူမိသည်။ထယ်ယောင်းပြောတာလည်းမှန်သည်။နာရယ်ကသာ သူ့ကိုသိစေချင်ရင်ပြောမှာပေါ့။ပြီးတော့ အစတည်းကသူ့ရဲ့အပြုအမူတွေကိုနာရယ်ကသဘောမကျဘူးမလား။

"ဖုန်းဆက်ကြည့်မယ် ဟုတ်တယ် ငါဖုန်းဆက်လိုက်မယ်"

ထယ်ယောင်းကသူ့ကိုဆွဲခေါ်သွားရင်းတစ်နေရာမှာထိုင်စေ
သည်။

"ငါ့ဘိုဂမ့်ကိုနည်းနည်းမေးကြည့်ထားတယ် ဆေးရုံတင်ထားရတာသူ့အဖေတဲ့ ကျောက်ကပ်ကြောင့်လို့ပြောတာပဲ က်န္တာ
တော့သူလည်းပြောလို့မရဘူးတဲ့"

"သူအများကြီးပင်ပန်းနေမှာပဲ ထမင်းရောအချိန်မှန်စားဖြစ်ရဲ့လားမသိဘူး..စိတ်ဆိုးလည်းဆိုးပါစေတော့ကွာ...ငါသွားတွေ့လိုက်တာပဲကောင်းမယ်!!"

"ဟေ့ကောင် မသွားနဲ့ဦး!!! ပါ့ခ်ဂျီမင်!!"

ပြောပြောဆိုဆိုနဲ့ပြေးထွက်သွားတဲ့ ဂျီမင်ကိုထယ်ယောင်းလည်းတားချိန်မရလိုက်ပါ။သူ့စိတ်တိုင်းကျလုပ်တတ်တဲ့ဂျီမင်ကြောင့် သူလည်းတားလို့ရမည်မဟုတ်ပါ။မလိုအပ်တဲ့ပြဿနာတွေဖြစ်လာမှာကိုတော့ကြိုပြီးတွေးပူနေမိတော့သည်။

.

.

.

"နာရယ်အာ!!"

အခန်းတံခါးကိုဆွဲဖွင့်လိုက်တဲ့အသံကြောင့် အသံလာရာကို
လှည့်ကြည့်မိတော့...

"ရှင်ကဘယ်လိုလုပ်?"

"အာ..ထယ်ယောင်းကသူ့သူငယ်ချင်းဆီလာရင်းမင်းကိုတွေ့
လိုက်တယ်ပြောလို့ လိုက္လာခဲ့တာ..."

"ဒီပုံစံနဲ့လိုက်လာတယ်??"

"ဟင်?"

နာရယ့်မျက်လုံးတွေက ဂျီမင့်ရဲ့အိမ်နေရင်းစီးကွင်းထိုးဖိနပ်
တွေဆီမှာရောက်လို့နေသည်။အနောက်တိုင်းဝတ်စုံကိုဝတ်
ထားပြီး ဖိနပ်ကလွဲနေပုံထောက်ရင် အလောတကြီးပြေးထွက်
လာပုံရသည်။

"ဝင်လေ.."

အခုမှသူ့ပုံစံကိုပြန်သတိထားမိရင်းခေါင်းတကုပ်ကုပ်လုပ်နေ
ပြန်သေးသည်။

"အေဖ...သက်သာရဲ့လား??"

"အော်!...ဒီလိုပါပဲ သက်သာတယ်ရယ်တော့မဟုတ်ပါဘူး"

"ကျောက်ကပ်ဖြစ်တာဆို တစ်ခုခုလုပ်ရမှာမဟုတ်--"

စည်းကျော်သွားပြီဖြစ်တဲ့စကားတွေကြောင့် ဂျီမင်ကပါးစပ်ကို
လက်နဲ့အုပ်ရင်းအားနာဟန်နဲ့ကြည့်နေသည်။

"ဘာလို့သူများကိစ္စတွေကိုတအားသိချင်နေရတာလဲ??"

အလောတကြီးရောက်လာပေမဲ့ သူတို့အကြောင်းကိုကောင်း
ကောင်းသိနေတဲ့ပုံစံပေါ်မှာမို့အနေခက်သွားရသလို စိတ်ထဲ
မှာလည်းမတင်မကျဖြစ်လို့လာတော့သည်။

"အဲ့လိုမဟုတ်--"

"အဲ့လိုပဲလေ ကျမတို့ကဘာမှလည်းမဆိုင်ပဲနဲ့ အကုန်လုံး
သိသလိုမျိုးလုပ်ပြီး စိတ်ပူပေးတာမျိုးကိုမလုပ်ပါနဲ့ ကျေးဇူးပြု
ပြီး...."

စိတ်ပူပေးသလိုလိူနဲ့ သနားတဲ့အကြည့်တွေပါရောပြီးပါလာတာကိုသူမသိပ်မုန်းသည်။အာပါးကသူ့ကိုမျက်နှာမငယ်အောင်ထားပေးထားပေမယ့် အခုလိုချိန်မှာတစ်ခုခုဖြစ်သွားမှာကိုပဲစိုးရိမ်နေမိပြီး အားနည်းတဲ့လူတစ်ယောက်လိုပဲခံစားနေရသည်။ဘာလို့အခုချိန်မှ...

"ကိုယ်..."

တောင်းပန်စကားဆိုဖို့စကားစနေတဲ့ပရှေ့ကဂျီမင်ကိုလည်းသုမမျက်နှာချင်းမဆိုင်ချင်လောက်အောင်ကိုဖြစ်နေသည်။

"ဒီအတိုင်း...မသိသလိုပဲနေပြီး ထွက်သွားလိုက်ပါ..."

သူမရည်ရွယ်ဘူးဆိုတာကိုသိနေပေမယ့် အနားမှာရှိမနေတာကပိုကောင်းမယ်ထင်သည်။ကူညီပေးဖို့လုပ်နေတာတွေကိုလည မသိချင်ယောင်ပဲဆောင်မယ်။သူ့ဆီကကူညီမှုဆိုတာမျိုးကိုတကယ်မလိုချင်ဘူး။

"နာရယ်အာ~"

"ဒေါ်လေး!!!....သတိရေနတာ"

တံခါးဖွင့်ပြီးဝင်လာတဲ့လင်မယားနှစ်ယောက်ကိုဖက်ရင်းနာရယ်ငိုနေသည်။သူမ နာကျင်နေတာကိုသိနေပေမယ့် ဘာမှလုပ်ပေးခွင့်မရသလိုပဲဘေးမှာရပ်နေရသည်။

တကယ်လည်းဘာမှလုပ်ပေးခွင့်မရပါဘူး။ကိုယ့်ကို ခါးခါးသီးသီးကိုမလိုအပ်ဖြစ်နေတာမို့ ထွက်သွားပေးဖို့လည်းလုပ်လိုက်သည်။စိတ်ပြေတဲ့အခါကျရင် သူပြောတာတွေကိုလက်ခံပြီးနားထောင်ပေးမှာပါ။

အချစ်ထက်ခံစားချက်တွေကိုရှေ့တန်းတင်မိတဲ့အခါ.....

Tbc

Continue Reading

You'll Also Like

675K 33.4K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader β”• 𝐈𝐧 𝐰𝐑𝐒𝐜𝐑, a powerful d...
2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader β”• 𝐈𝐧 𝐰𝐑𝐒𝐜𝐑, (y/n) dies and for some strange reason, reincarnates as a ...
71.4K 5.7K 54
THIS IS NOT A BL FIC πŸ˜…
2K 384 7
Jeongsongnnie α€›α€²α€· crush α€€α€€α€Όα€±α€¬α€„α€Ία€€α€œα€±α€Έα€α€€α€±α€¬α€„α€Ία€•α€«