Days of Counting Camellia (Hi...

Von All-shine

277K 18K 2.5K

Own-Creation.(R18+) လူတစ်‌ယောက်ဟာ မိမိ၏ ရန်သူအဖြစ်မှ အသက်ထက်ချစ်ရသူအဖြစ် ပြောင်းလဲသွားနိုင်သလား ? စစ်သုံ့ပ... Mehr

[1] War Slave
[2] Little Thief
[3] What's wrong with the Emperor ? "
[4] Dominant Sadist
[5] Hurtful
[6] Why she can't bloom
[7] Honey Lips
[9] Emperor wants a cage
[10] In Emperor's chamber
[11] Easy to break, easy to fall
[12] The Boy who collects Happiness in a bottle (1) '
[13] The Deadly Simulation
[14] What do you really want , your Majesty ? '
[15]' Colours of Ash '
[16] The past in mud '
[17]Ravens have claws '
[18]' One Long Fateful Night '
[19]Why Ash take an orange to high "
[20]' The West Wind of Mine '
[21]' Romance of a maiden '
[22]' Enemies of the damn '
[23]' Sex-slave in name '
[24]Real Sex-slave(18+)
[24]' Kissing A Rose🌹 '
[26]' Whispers in the forest '
[27]' Hunt down the Beast '
[28] They call him Ash , the Evil '
[29] Blood Red Eyes in the Snow '
[30]' Embrace in the Snow '
[31]' Defenseless in his arms '
[32]' Her Warm body '
[33]' All paths to hell are paved with good intentions '
[34]' The cleansing day of Xavia '
[35]' Love can be harmful '
[36]' Your Majesty, you will frighten the little lamb '
[37] These feelings are too dirty to be called Love '
[38]' Calm before the storm '
[39]' Born from ashes '
[40]' Paradise on fire '
[41] A drop of poison
[42] The Golden Cage of Desire
[43] Love turns into Lust
[44] Loving Your Enemy
[45] She is the God's Weakness '
[46]Scandalous Woman

[8] Prince with Red eyes

6.3K 479 47
Von All-shine

Check Zawgyi version below ⬇️

#Unicode

အသစ်ချွတ်ချွတ် ပိတ်နီဖိနပ်လေးသည် စီးသားမကျသေးတာကြောင့် ခြေထိတ်များပွန်းတိုက်ကာ ခြေလှမ်းလိုက်သည်နှင့် နာကျင်လာသည် ။
သို့သော် ကောင်မလေးသည် မျက်နှာ၌အပြုံးမပျက် ၊ ဖိနပ်သစ်ကလေးကို ခဏခဏငုံ့ငုံ့ကြည့်ကာ သူမ၏ရှေ့မှ နန်းတွင်းသူ၏နောက်သို့ အပြေးတပိုင်းလိုက်လာနေသည် ။
ထိုနန်းတွင်းသူသည် နောက်မှ လိုက်ပါလာသော ကောင်မလေး၏ အဆင်မပြေမှုကို ဂရုမထားပဲ ခြေကိုဆောင့်နင်းကာ နန်းမဆောင်သို့ ခပ်သုတ်သုတ်သွားနေ၏ ။

ယနေ့သည် Raven ပြည်၌ နှစ်သစ်ကူးပွဲတော်ကျင်းပသည့် နေ့ထူးနေ့မြတ်ဖြစ်တာကြောင့်လည်းကောင်း ၊ Raven ဘုရင်မင်းမြတ်၏ အနှစ်သက်ဆုံး တတိယမြောက်သမီးတော်၏ မွေးနေ့ဖြစ်တာကြောင့်လည်းကောင်း နန်းတော်ကြီးတစ်ခုလုံး အုံးအုံးကြွလို့နေသည် ။
အပျော်အပါး ခုံမင်သော Raven ဘုရင်ကြောင့် နန်းတော်ထဲ၌ ပွဲလမ်းသဘင်ဆိုလျှင် အစွမ်းကုန်စည်ကားသည် ။

လစဉ်လတိုင်း တူရိယာသံမစဲသော်လည်း Afa တက်ရောက်ခွင့်ရှိသော ပွဲများမှာ မရှိသလောက်နည်းပါး၏ ။
တော်ဝင်မျိုးနွယ်ထဲ၌ ဖုန်မှုန့်မည်သော Afa သည် ဘွဲ့တော်ပင်မရှိသော မင်းသမီးတစ်ပါးဖြစ်သည် ။
နန်းတော်၏အနောက်ပေါက် အစွန်အဖြားရှိ အိုဟောင်းနေသော နန်းဆောင်၌ နေထိုင်ကာ ဖခမည်းတော်၏စွန့်ပစ်ခြင်းခံထားရသော ငါးယောက်မြောက်သမီးတော်ပဲဖြစ်သည် ။
ရှင်ဘုရင်၏အလေးပေးမှုကို မရသည့်အပြင် လူအများ၏အမေ့လျော့ခံ တည်ရှိမှုလေးပဲဖြစ်၏ ။
ဒါကြောင့် မွေးဖွားစဉ်ကတည်းက Raven နန်းတော်၌ကပ်နေသောဖုန်မှုန့်ဟု အမည်ပေးခဲ့ပြီး လူသူရှေ့ဘယ်တော့မှ မျက်နှာပြခွင့်မရခဲ့ ။
ပညာ အစွမ်းအစနှင့် ထင်ရှားသောစရိုက်လက္ခဏာလဲမရှိ ။
ထို့အပြင် နောက်ခံလဲမရှိသော မင်းသမီးတစ်ပါးသည် အပေါ်ယံဆန်သောလောကကြီး၌ စွမ်းအားမဲ့သည် ။
ထို့ကြောင့်လဲ Afa သည် မိမိလိုအောက်ခြေကမင်းသမီးတစ်ပါးက ယနေ့နှစ်သစ်ကူးပွဲတော်ကို တက်ရောက်ခွင့်ရသော် လွန်စွာဝမ်းသာပျော်ရွှင်ခဲ့သည် ။

" မြန်မြန်လာလေ နန်းတော်အစွန်အဖြားအထိ လိုက်ခေါ်ရတဲ့ သူကိုလဲအားနာပါဦး "

ထော့နဲ့ထော့နဲ့ဖြစ်နေသော Afa အား ထိုနန်းတွင်းသူသည် အနောက်လှည့်ကာ အော်ငေါက်၏ ။

ဘွဲ့တော်မဲ့ မင်းသမီးတစ်ပါးဖြစ်၍ နန်းတွင်းအစေခံများကပင် Afa အား မလေးစားကြပေ ။
Afa အပေါ်၌ သူတို့အမြင်မှာ အသုံးမကျခြင်းနှင့် တန်ဖိုးမဲ့ခြင်းတွေသာ ရှိသည် ။
သို့သော် Afa သည် ထိုသည်များကို အမှုမထားခဲ့ပေ ။
သိတတ်စအရွယ်ကတည်းက Afa သည် အားလုံး၏ အပယ်ခံ၊ အနင်းခံဖြစ်၏။
ထိုအဖြစ်နှင့် ကြီးပြင်းလာသော် Afa Raven မည်သော ကောင်မလေးတစ်ယောက်သည် လွန်စွာတင်းတိန်ရောင့်ရဲတတ်ကာ ၊ မာန်မာနနှင့် အတ္တမရှိသောသူဖြစ်လာခဲ့လေသည် ။

Afa သည် အစ်မတော် တတိယမြောက်မင်းသမီး၏ မွေ့နေ့ဖိတ်ကြားလွှာကို လက်ခံရပြီးနောက် ကျေးဇူးတင်မဆုံးဖြစ်ရ၏ ။
အစ်မတော်က မိမိအဖို့ တကူးတကပို့ပေးခဲ့သော ပွဲတက်ဝတ်စုံ ပိုးသား dress အနီလေးကို တယုတယဝတ်ဆင်ပြီး မျှော်လင့်ချက်တွေဖြင့် ပွဲတော်ကျင်းပရာ ပင်မနန်းဆောင်ကြီးသို့ လိုက်ပါခဲ့လေသည် ။
စိတ်ရင်းဟူ‌သည့် စကားလုံး၏အဓိပ္ပါယ်ကို မသိသော မျက်နှာဖုံးဝတ်သူများကြား သူမသည် ယနေ့ပွဲအတွက် လူရွှင်တော်အဖြစ် အရွေးခံရသည်ကိုတော့ မသိနိုင်ခဲ့ရှာ . . . ။

ချမ်းသာကြွယ်ဝသော Raven ၏ ပင်မနန်းသည် ရွှေရောင်တို့ဖြင့် ဝင်းဝင်းတောက်သည် ။
ပရိဘောဂ၊ အသုံးအဆောင်ကစပြီး ခင်းကျင်းထားသည့် ပန်းကန်၊ဇွန်း၊ခက်ရင်းများအထိ အကုန်ရွှေရည်လောင်းထား၏ ။
ရောင်စုံမီးဆိုင်းကြီးများအောက် ရွှေရောင်‌တို့သည် အလင်းပြန်ကာ မျက်စိကျိန်းရသည် ။
ဧည့်သည်တော်များမှာလဲ အမတ်မင်းများ၊ မှူးမတ်အရာခံများ၊ သူရဲကောင်းများ၊ တော်ဝင်ဆွေမျိုးတော်များဖြစ်၍ အခြေအနေအဆင့်အတန်းမြင့်သူချည်းသာ ။
နန်းတွင်း၌ ပါတီပွဲတစ်ခုဆိုသည်မှာ တစ်နည်းအားဖြင့် အရိုက်အရာကြီးသူတို့ဖြင့် ထိတွေ့ဆက်ဆံခွင့်ရမည့် အခွင့်အလမ်းတစ်ခုပဲဖြစ်သည် ။
ထို့ကြောင့် လူသားတိုင်း သူနှင့်ငါအပြိုင် ဂုဏ်ဖော်ဖို့ ကြိုးစားနေကြ၏။
ရှင်ဘုရင်၊ မိဖုရားတို့ကို တိုက်ရိုက်စကားပြောဆိုခွင့် မရှိတာကြောင့် ချည်းကပ်ရလွယ်ကူသည့် တော်ဝင်မင်းသားမင်းသမီးများ၏အနား၌ လူစုလူဝေးများ၏ ။

စကားဝိုင်းများစွာထဲတွင် မွေးနေ့ရှင် တတိယမင်းသမီး , Beatrice ဦးဆောင်သော စကားဝိုင်းသည် စည်ကားလှသည် ။
နန်းတွင်းရတနာဟု အများကခေါ်ကြသော တတိယသမီးတော်သည် စကားအလိမ္မာကျွမ်းကျင်ကာ ဗဟုသုကြွယ်ဝသည် ။
ဒါ့အပြင် Raven ဘုရင်၏ အချစ်တော်ဖြစ်၏ ။

ထိုလိုလူ၏ဘေး၌ထိုင်နေသော Afa သည် အမှန်တကယ် ဖုန်မှုန့်ပမွှားကလေးသာသာ သေးငယ်မွဲနှုံသော တည်ရှိမှုဖြစ်ရ၏။
မြှောင်ပင့်သောစကားများကို ဖော်ရွေစွာ တုံ့ပြန်နေသော Beatrice သည် ဘေး၌ နှုတ်ဆိတ်ကာ ငြိမ်သက်နေသော Afa ၏ လက်ကို ယုယစွာ ဆုပ်ကိုင်ထားသည် ။
Afa အပေါ်ထားသော တတိယမင်းသမီး၏ဂရုစိုက်မှုကို မနာလိုသော အကြည့်များအား အရေးမထားပဲ အစ်မတော်၏နွေးထွေးမှုတွင် မျက်ရည်ကျမိမတတ် ကြည်နူးနေခဲ့လေသည် ။

ထိုအချိန်မတိုင်ခင်အထိပေါ့ . . . ။

" သမီးတော် Dane အင်ပါယာရဲ့ Prince Adam ကို မိတ်ဆက်လိုက်ပါဦး "

ထိုစကားကို စောင့်နေသည့်ပမာ Beatrice သည် နေရာကထပြီး နှင်းဆီနီဂါဝန်စလေးကို ခပ်ရွရွပင့်မကာ မပီ့တပီအပြုံးလေးဖြင့် ‌သံတမန်များအတွက် သီးသန့်တည်ခင်းထားသည့်နေရာတွင် ထိုင်နေသော ချောမောခန့်ညားသည့် မင်းသားတစ်ပါးဆီ ရည်စူးပြီး မိတ်ဆက်လိုက်လေသည် ။

Beatrice : " Beatrice , အရှင့်မင်းသားကို နှုတ်ဆက်ပါတယ် "

မနူးမရွ မိန်းမပျိုလေး၏ ရှိန်းမြမြအပြုံးကို လက်ခံရသော်လည်း Dane ဧကရာဇ်၏ အငယ်ဆုံးသားတော်, Adam Dane သည် ‌ယဉ်ကျေးမှုအရ ခေါင်းသာတစ်ချက်ညိတ်ပြပြီး ဘာမှပြန်မပြော ။
ထိုအမူအရာကြောင့် Raven ဘုရင်၏ မျက်နှာတော်သည် မည်းပြာသွား၏ ။
ဒါပေမယ့် ဘာမှမပြောနိုင်။

ထိုအခြင်းအရာကို သတိပြုမိသူတို့သည်လဲ ပင့်သက်သာချနိုင်သည်။
နေမဝင်အင်ပါယာကြီးဖြစ်သော Dane ပြည်၌ မင်းသားသုံးယောက်သာရှိကာ သုံးယောက်စလုံးသည် လွန်စွာမာနကြီးသည်ဟု ပြောစမှတ်ရှိသည် ။
ယနေ့၌ ထိုသည်ကို လူတိုင်းမျက်မြင်တွေ့ရပြီဖြစ်သည် ။
တစ်ဖက်မှ Dane မင်းသားငယ်၏ ချေမိုးကာ အေးစက်သော မျက်ဝန်းနီတို့ကို မျှော်လင့်ချက်တကြီး ကြည့်နေရင်း Beatrice သည် အံကိုကြိတ်မိသည် ။

Raven သည် Dane နှင့်အင်အားချင်း ယှဉ်လျှင် ဒုတိယနေရာ၌ရှိသည်မှန်သော်လည်း ဤမျှ မာန်မာနထောင်လွှားခြင်းက လက်မခံနိုင်စရာဟု Beatrice ထင်မိသည် ။
မိမိ၏မွေးနေ့၌ မျက်နှာသာပေးကာ ချီးကျူးစကားလေးတော့ ဆိုသင့်သည် မဟုတ်လား . . . ။
ဒါဟာ နေရာမသိသော အလိုလိုက်ခံ Beatrice ၏အတွေးပင် ။

သို့သော် Beatrice ၏အတွေးအခေါ်ကို အများကကြားလျှင် လှောင်ကြလိမ့်မည် ။
Dane မင်းသားတစ်ပါးသည် Raven ဘုရင်ကိုတောင် အရေးထားစရာမလိုသည့် နေရာတွင်တည်ရှိသောကြောင့်ပင် ဖြစ်လေသတည်း ။
Dane အင်ပါယာသည် ဤခုနှစ်ပြည်ထောင်ခေတ်၌ အနှိုင်းမဲ့ အင်အားကို ပိုင်ဆိုင်ထား၏ ။
သယံဇာတနှင့် လူသားအရင်းအမြစ် နှစ်ဖက်စလုံးတွင် ရှေ့ရောက်ကာ ၊ Raven , Xavia , Lavaron စသော အင်အားကြီးနိုင်ငံသုံးခုပေါင်းနှင့် ညီမျှသော စွမ်းအားရှိသည် ။

နီရဲလာသော အစ်မတော်၏မျက်နှာလှလှကို တစ်ချက်ကြည့်ကာ ၊ တစ်ဖက်မှ ထူးခြားသောမျက်စံအနီရောင်တွေရှိသည့် ကောင်လေးကို Afa ငေးကြည့်မိသည် ။
ထိုကောင်လေးသည် Dane ပြည်၏ တော်ဝင်မင်းသားများသာ ဝတ်ဆင်ခွင့်ရှိသော မျက်လုံးအနီများရှိသည့် ရွှေဝါရောင်မီးငှက်တစ်ကောင် အတောင်ပံဖြန့်နေသည့်သဏ္ဌာန် ရင်ထိုးတစ်ခုကို ဘယ်ဖက်ရင်အုံ၌ သေသပ်စွာထိုးထားသည် ။
ထိုရင်ထိုးကို မြင်သူတိုင်းသတိပြုမိသည်မှာ အသေးစိတ်ပြီးအဆင့်မြင့်သောလက်မှုပညာကြောင့်မဟုတ် ၊ ဝတ်ဆင်ထားသူနှင့် များစွာဆင်တူသောကြောင့်ပင်ဖြစ်၏ ။
Dane ၏တော်ဝင်မျိုးနွယ်တို့သည် ရွှေရောင်ဆံပင်နှင့် ပတ္တမြားမျက်ဝန်းကို ပိုင်ဆိုင်ကြသည်ဟု ဆိုကြသည် ။
လွန်စွာ ထူးခြားကာ ရှားပါးသော မျက်လုံးအနီတို့သည် တော်ဝင်သွေး၏ အမှတ်အသားပင် ။

Afa သည် ငေးကြည့်နေရင်းမှ တန်ပြန်အကြည့်တို့ကို ခံစားမိလိုက်၏ ။
Dane မင်းသားငယ်သည် Afa အား မျက်နှာသေဖြင့် ပြန်ကာငေးကြည့်လာသောကြောင့်ပင် ဖြစ်လေသည် ။
ပါးစပ်ကလေးဟကာ စပ်စုနေသော‌ Afa သည် ထိုမျက်ဝန်းတို့နှင့်ဆုံသော် ကြောက်လန့်ကာ ခေါင်းကိုအမြန်ငုံ့ပစ်လိုက်၏ ။
ဘေးနားမှ မနာလိုဝန်တိုသော အကြည့်စူးစူးတို့ကို သတိမထားမိရင်း . . . ။

" Princess Beatrice က တစ်ဆယ့်ခြောက်နှစ်ပြည့်ပြီဆိုတော့ Prince Adam နဲ့ အရွယ်တူပဲပေါ့ နော် "

မထုံတတ်တေး မင်းသားငယ်ကြောင့် မိမိ၏သမီးတော် မျက်နှာပူစရာမဖြစ်စေရန် Raven မိဖုရားခေါင်ကြီးက စကားလမ်းကြောင်းဖောက်ပေးရန်ကြိုးစား၏ ။
ထိုအခါ Dane မင်းသားသည် ‌ခပ်ဖြေးဖြေးခေါင်းညိတ်ရင်း Beatrice ကို ကြည့်သည်။
ထိုအခါမှ Raven ဘုရင်နှင့် မိဖုရားတို့သည် ကျေနပ်သွားဟန် ။
အာရုံစိုက်မှုကို ရသောအခါ Beatrice သည် ရှက်သွေးဖြာကာ ပါးမို့မို့လေးများ ပန်းရောင်သမ်းသွား၏။
သူမသည် ခမည်းတော်နှင့် မယ်တော်က ပေးအပ်သော အခွင့်အရေးကို လက်လွှတ်မခံ စကားစရန်ကြိုးစား၏ ။

Beatrice : " အရှင့်မင်းသား စိတ်မရှိရင် မွေးနေ့က ဘယ်တော့လဲ သိခွင့်ရှိသလား ရှင့် "

ယဉ်ကျေးသော်လည်း စိတ်ဝင်စားသောအမူအရာ ၊ နှိမ့်ချသော်လည်း ပါးနပ်သောအမူအရာတို့ကို ပိုင်နိုင်ထားတဲ့ Beatrice ပင် ။
မပိုမလိုလေး ရှက်ကိုးရှက်ကန်းမေးလိုက်လေသည် ။
သို့သော် မှန်းချက်နှင့် နှမ်းထွက်က လွဲ၏။

Dane မင်းသားငယ်၏ အကြည့်တွေသည် ချက်ချင်း Beatrice ၏ နဘေးမှ ငြိမ်ကုတ်စွာထိုင်နေသော Afa ထံသို့ ရောက်သွားလေသည် ။

Adam : " ဒါနဲ့ Princess ကရော အသက်ဘယ်နှနှစ်ရှိပြီလဲ ? Princess Beatrice ထပ် ငယ်မယ်ထင်တယ် "

ထိုမှတ်ချက်၏နောက်တွင် ပင်မဆောင်ကြီးတစ်ခုလုံး တိတ်ဆိတ်သွား၏ ။
Adam ခေါ်ဝေါ်လိုက်သော ' Princess ' သည် မည်သူ့ကို ဆိုလိုကြောင်း မျက်ဝန်းဆုံချက်တွေကို ကြည့်ရင်သိနိုင်ပါသည် ။
မျက်နှာပျက်သွားသော Beatrice ၊ ဆွံအကြောင်အမ်းကာ ငြိမ်သက်နေသော Afa နှင့် တစ်ဖက်မှ စူစမ်းသောမျက်ဝန်းနီပိုင်ရှင် Adam ။
ဇာတ်လမ်းတစ်ခု၏ အထွတ်အထိတ်ကို စောင့်ကြည့်နေကြသလို ခန်းမကြီးတစ်ခုလုံး အပ်ကျသံပင်မကြားရ ။

" တစ်. . . တစ်ဆယ့်လေးနှစ် . . . "

‌Beatrice ၏ စူးရဲသောအကြည့်တွေကို ခံစားနေရသောကြောင့် Afa ၏ အသံတွေသည် တိုးညှင်းစွာထွက်သွားသည်။
Beatrice လို Afa သည် မင်းသမီးတစ်ပါးသိအပ်သော စာပေများကို သင်ကြားခွင့်မရခဲ့၍ မယဉ်ကျေးသောအမူအရာဖြစ်သွားလေသည် ။
သို့သော် ထိုသည်ကို Adam သည် အရေးမထားပုံရကာ စိတ်ဝင်တစားတုံ့ပြန်သည် ။

Adam : " အိုး . . .ငယ်‌သေးတာပဲ "

ဘာတွေဖြစ်နေတာလဲ ?
ပိန်လှီကာ မှုန်မှိုင်းနေတဲ့ အမှိုက်သာသာ Afa ဟာ ရတနာတစ်ပါးလိုတောက်ပတဲ့ Beatrice ထပ် အရေးပါနေသလား ?

Beatrice သည် ‌မည်မျှ ပါးနပ်သောသူဖြစ်ပါစေ ၊ တစ်ချက်ထပ်ပိုကာ ထိုးဆွခံရသော် ပေါက်ကွဲလေတော့သည် ။

Beatrice : " အရှင့်သားပြောတဲ့အတိုင်းပါပဲ ၊ ညီမ‌တော်က ငယ်သေးတာကြောင့် သင့်လျော်သလား မသင့်လျော်သလား ယဉ်ကျေးမှုကိုလဲ မသိရှာပါဘူး
မွေးနေ့ရှင်ကလွဲပြီး ဘယ်သူမှအနီရောင် ဝတ်ခွင့်မရှိဘူးဆိုတာကိုလဲ ဝတ်လာလေရဲ့ ငယ်သူမို့လဲ အသိသညာနည်းသေးတာတာပေါ့ "

Beatrice ၏ စကားသည် လွန်စွာ ကျိုးနွံသောအသုံးအနှုန်းတို့ဖြင့် ညီမငယ်အတွက် စိတ်ပူပန်နေသယောင်လေသံဖြစ်၏ ။
သို့သော် မည်သို့ပင် ယဉ်ကျေးပါစေ နောက်ကွယ်မှ အဓိပ္ပါယ်ကိုမူ လူတိုင်းသိနိုင်သည် ။

Afa သည် ထိုစကားကို ကြားသော် လွန်စွာ ကြောက်လန့်သွားရကာ ၊ စိတ်မကောင်းလဲဖြစ်သွားရသည် ။
မျက်ရည်တွေဝဲလာတာကြောင့် ‌လူအများမမြင်သွားစေရန် ခေါင်းငုံ့နေရင်း အံကိုကြိတ်ထားလိုက်သည် ။
Beatrice ပြောသလိုပဲ Afa သည် သင့်လျော်သောစကားကို မပြောတတ် ။ ပြောခွင့်လဲမရှိ ။
ရင်ထဲ၌ ခံမရက်နိုင်ဖြစ်ရပေမယ့် Àfa သည် ဖုန်မှုန့်တစ်မှုန်သာဖြစ်သည် ။
တန်းဖိုးမဲ့သည် ။
နေရာမရှိ ။

ငယ်ရွယ်သော မိန်းကလေးတချို့က Afa အား လှောင်ပြုံးပြုံးကြသော်လည်း ၊ လူကြီးများမှာ ထိုသို့မဟုတ် ။
မျက်နှာဖုံးကွာကျသွားသော Princess Beatrice ၏ အဖြစ်ကို ပင့်သက်သာရှိုက်မိကြသည် ။
မည်မျှ‌ တော်တတ်ပါစေ Beatrice သည်လဲ ဆယ်ကျော်သက်မိန်းမငယ်လေးသည်သာ . . . ။
မနာလိုဝန်တိုလျှင် အထိန်းအကွပ်မဲ့တတ်သည် ။

Adam : " Princess Beatrice က ပါးနပ်ပါပေတယ် ၊ ဒီကလူလဲ အနီရောင်ဝတ်ချင်တဲ့ Princess Afa ကို မတားခဲ့တဲ့ နန်းတွင်းယဉ်ကျေးမှုတောင်မသိတဲ့ သူတွေက ဘယ်သူလဲ သိချင်မိသားပဲ "

ထိုစကားကိုကြားသော် ပြုံးနေသော Beatrice ၏ မျက်နှာတွေသည် မှောင်မည်းသွား၏ ။
သူမပြန်လည် ချေပလိုသော်လည်း စကားလုံးတွေရှာမရတော့ ။

ယခုပွဲသည် သူမ၏ မွေးနေ့ပွဲက အဓိကဖြစ်ကာ သူမ ဖိတ်ချင်သော သူတွေကိုပဲ ဖိတ်ကြားလွှာကိုပို့ခဲ့တာဖြစ်သည် ။
လူကြားထဲထွက်ခွင့်မရှိသော Afa အတွက် ဤပွဲကိုတက်ရောက်နိုင်ခြင်းသည် သေချာပေါက် Beatrice က လိုလားလို့ပင် ။
ဒါ့အပြင် နောက်ခံမရှိပဲ မွဲတေသော Afa ၏ အခြေအနေက ထိုသို့တန်ဖိုးကြီး ပွဲတက်ဝတ်စုံကို တတ်နိုင်မှာမဟုတ် ။
သေချာပေါက် ရာထူးမြင့်သူတစ်ယောက်ယောက်က တမင်ဝတ်ခိုင်းခဲ့တာပဲဖြစ်မည် ။
Adam ၏ ထောက်ပြချက်ဖြင့် Beatrice ၏ အကြံအစည်သည် ဘူးပေါ်သလိုပေါ်သွား၏ ။

Beatrice သည် Afa အား ဘေးနား၌ထားကာ မယဉ်‌ကျေးသောညီမငယ်အား ကြင်နာခွင့်လွှတ်တတ်သော မေတ္တာရှင်အစ်မတော်၏ ပုံသဏ္ဌာန်ဖမ်းချင်ပုံရ၏ ။
ဒါ့အပြင် မှေးမှိန်သော Afa နှင့် ယှဉ်ကြည့်လျှင် Beatrice ၏ အရောင်အဝါက ပို၍ တောက်ပနိုင်သည်မဟုတ်ပါလား ။
သမီးတော်နှစ်ပါးအနက် တစ်ပါးက တုံးအကာ အကျည်းတန်ပြီး ၊ တစ်ပါးမှာ ပါးနပ်ကာ ချောမောကြောင်း ဂုဏ်သတင်း‌ကျော်‌ဇောစေလိုခြင်းပင် ။

" အား ဟား ဟား Prince Adam ပြောတာ အမှန်ပါပဲ ကိုယ်တော် Princess Afa ရဲ့ အ‌ဆောင်ကို သေချာအပြစ်ပေးလိုက်ပါ့မယ် "

အဖြစ်အပျက်က မြန်ဆန်လွန်းသဖြင့် Raven ဘုရင်က ဝင်ရောက်ဖြန်ဖြေချိန်တွင် စကားက လွန်ပြီးသွားပြီဖြစ်သည် ။
မွေးနေ့ပွဲသို့တက်ရောက်သော အသိဉာဏ်ရှိသူ ဧည့်ပိရိသတ်များကတော့ အမှန်တရားကို မြင်ကြမှာပဲဖြစ်သည် ။
ဒါ့အပြင် ဖက်လိုက်မှုကြီးက သိသာလွန်းသဖြင့် Adam လဲ ဆက်မပြောတော့ပေ ။

ကောက်ကျစ်စင်းလဲသောသူကို အပြစ်မပေးပဲ ၊ ခံရသူကိုအပြစ်ပေးမယ်တဲ့လား ?

Adam : " ညလဲနက်ပြီမို့ ဒီလောက်နဲ့ပဲ ခွင့်ပြုပါဦး "

Dane မင်းသားငယ်သည် မှုန်တိုင်းတစ်ခုကို ဖန်တီးပေးသွားပြီး မိမိနှင့်မဆိုင်သလို ထထွက်သွားလေတော့သည် ။

Afa သည် ထိုမင်းသားငယ်အား ငေးကြည့်ရင်း ကျေးဇူးတရားကို ရင်ထဲမှာမှတ်သားထားလိုက်လေသည် ။
ထိုနေ့ည၌ Dane မင်းသားငယ်သည် တစ်စုံတစ်ယောက်၏ကိုယ်စား ကောင်မလေးအား ကယ်တင်ခဲ့သည်ကိုတော့ သူမ မသိနိုင်ခဲ့ ။

တလှုပ်လှုပ်ပြေးနေသော ရထားလုံးထဲတွင် နတ်တမျှ ချောမောလှပသော လူသားနှစ်ဦး မျက်နှာချင်းဆိုင်ကာ ထိုင်နေသည် ။
တစ်ဦးသည် ရွှေဝါရောင်ဆံနွယ်များဖြင့် တည်ကြည်ဖြောင့်မတ်သော နတ်ဘုရားတစ်ပါးအသွင်ကိုဆောင်ကာ ၊ တစ်ဦးမှာ မဟူရာနက်မှောင်သောဆံနွယ်တို့ဖြင့် ဆိုးသွမ်းမောက်မာသော နတ်ဆိုးတစ်‌ပါးအသွင်ကိုဆောင်သည် ။
သို့သော် တူညီသည်က သူတို့နှစ်ယောက်စလုံးတွင် နီရဲတောက်ပသော မျက်ဝန်းတို့ရှိလေသည် ။

Adam : " မင်းပြောသလိုပဲ လိုတာထပ်ပိုပြီး စိတ်ပျော့တဲ့သူပဲ . . . ဒါပေမယ့် မင်းမြင်ခဲ့သလို အခြေအနေကောင်းတဲ့ပုံမပေါ်ဘူး မင်းသမီးတစ်ပါးပေမယ့်. . . .
ငါ့အထင်တော့ . . . "

နတ်ဆိုးသည် ပျင်းတွဲတွဲအမူအရာဖြင့် အရေးမစိုက်ဟန် Adam ၏ စကားကိုဖြတ်ကာ ဆိုလိုက်သည် ။

" အရေးမပါတော့ဘူး . . .
အခုသိချင်တာက Raven ကို ငါသိမ်းနိုင်တယ်ဆိုတာ မင်းယုံပြီးလားဆိုတာပဲ "

ထိုအခါ Dane အင်ပါယာ၏ ကိုယ်စားပြု မင်းသားငယ်သည် ခပ်ဖွဖွပြုံးလိုက်၏။

Adam : " အဲသလို အုပ်ချုပ်သူကို ဘယ်ပြည်သူမှ မကြည်ညိုဘူး . . .
Raven နန်းဆက်မှာ ‌တန်ဖိုးထားစရာဆိုလို့ တစ်ချိန်ကသမိုင်းတွေပဲ ကျန်တော့တယ် . . . ဒီထပ်ပိုပြီး မပုပ်သိုးခင် ပိုင်ရှင်အသစ်က လက်လွှဲယူလိုက်တာကောင်းပါတယ် "

_____________________________

အတိတ်ကို ပြန်ပြောင်းတွေးရင်း မျက်ဝန်းနီတစ်စုံသည် မှေးမှိန်နေသည် ။

လွန်ခဲ့သောလေးနှစ်လောက်အချိန်ကတည်းက Dane ၏မင်းသား သူနှင့် Xavia Ash တို့သည် လောကကြီးကို ပြောင်းလဲဖို့ အိပ်မက်အတူမက်ခဲ့ကြသည် ။
အင်အားနှင့် အာဏာကို မမက်မောခဲ့သော Adam သည် လောကကြီးရဲ့အပြောင်းအလဲကိုတော့ ပဲ့ကိုင်သူဖြစ်ချင်သည် ။
သူသည် သမိုင်းကိုအလေးထားသောသူဖြစ်သည် ။
သို့သော် သူတို့၏ ခုနှစ်ပြည်ထောင်သမိုင်းသည် ဂုဏ်ယူစရာမရှိခဲ့ . . . ။
ဒါကြောင့်လဲ လောကကြီး၏တစ်ဝက်ကို ပိုင်သည်ဟုဆိုနိုင်သော မိမိ၏နိုင်ငံ Dane ကို အမြစ်ကနေစပြီး ‌ပြောင်းလဲသန့်စင်ပေးဖို့ ကြိုးစားခဲ့သည် ။
သူက Dane ကို တာဝန်ယူကာ ၊ Xavia Ash က ကျန်‌ပြည်ထောင်များကို တာဝန်ယူမည်ဟု သဘောတူညီခဲ့ကြခြင်းဖြစ်သည် ။
ပင်ပန်းခဲ့သော နှစ်များဖြစ်ခဲ့သည် ။
Raven ကို သိမ်းပိုက်ပြီး ပထမခြေလှမ်းကိုစခဲ့ပြီဖြစ်ရာ အခုတော့ သူတို့နှစ်ယောက်စလုံး နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ ။
သူတို့ဖောက်သောလမ်းတွင် သွေးမြေကျခဲ့သောအပြစ်မဲ့သူတို့၏ ဝိဉာဉ်များအေးချမ်းစေရန် နတ်ဘုရားတွေကိုသာ ဆုတောင်းမိသည် ။

စတေးခံခဲ့ရသော မျက်နှာများကို ပြန်လည်မြင်ယောင်ရင်း ‌သေးငယ်သောမျက်နှာ ၊ပိန်လှီသောကိုယ်လုံးလေးဖြင့် ကျုံ့ကွေးကာထိုင်နေသော ပုံရိပ်ငယ်တစ်ခု အသိစိတ်ထဲဝင်ရောက်လာ၏ ။

Adam : " Raven ကျပြီး Afa Raven ရဲ့ အခြေအနေဘယ်လိုဖြစ်သွားသလဲ ? "

Adam ၏ မေးခွန်းကို ‌အနားမှာရပ်နေသော အစေအပါးယောင်္ကျားက လျင်မြန်စွာဖြေကြားသည် ။

" အရှင့်သားကို လျှောက်တင်ပါတယ်
Afa Raven ဟာ သူ့အဖေရဲ့အစား စစ်အကျဉ်းသားဖြစ်သွားပါတယ်
ဧကရာဇ်ကိုအပ်ရင် ပြည်သူကိုချမ်းသာပေးမယ်ဆိုတဲ့ သဘောတူညီချက်အတွက် ထိုးကျွေးခံလိုက်ရတယ်ထင်ပါတယ် "

‌သွေးမြေမကျသော အောင်နိုင်မှုဟာ ခက်ခဲမည်ကိုသိပေမယ့် Ash ၏ ခေါင်းမာမှုကြောင့် Raven ဧကရာဇ်ရဲ့ခေါင်းကိုသာယူဖို့ သူသဘောတူခဲ့ရသည် ။
အခုတော့ နယ်ရုပ်ဘုရင်ကို ချကျွေးပြီး ရန်သူအစစ်ကပြေးခဲ့ပြီ ။

Adam : " အဲဒီတော့ Afa က Xavia မှာပေါ့ ? "

အဖြေကို သိနေပြီးဖြစ်ပေမယ့် Adam သည် မေးမိသည် ။
Xavia Ash ၏ စရိုက်ကို ကောင်းစွာသိသူမို့ Afa ကို မကွပ်မျက်ပဲ နှိပ်စက်နေမည်ကို သိသည် ။
Afa ၏နေရာ၌ Raven ဘုရင်အစစ်သာဖြစ်ခဲ့လျင် နေရာ၌ကိစ္စတုံးခဲ့မည်ဖြစ်သော်လည်း ၊ အတိတ်တစ်ခုရှိခဲ့သော Afa အပေါ်တွင် Ash သည် ဝေခွဲမရဖြစ်နေတော့မည် ။

" မှန်ပါ , Afa Raven ဟာ Xavia နန်းတော်မှာ ဖယောင်းပန်းကောက်တဲ့ အပြစ်ဒါဏ်နဲ့ နေ့စဉ်ဖြတ်သမ်းနေကြောင်းပါ "

Adam : " ဘယ်လို ? "

Adam သည် ထိုသတင်းကိုကြားသော် အစေအပါးဖြစ်သူ၏ မျက်နှာကို မယုံနိုင်စွာ တစ်ချက်အကဲခတ်သည် ။
လိမ်လည်နေတာလဲ မဟုတ်သလို ၊ ‌စနောက်နေတာလဲ မဟုတ် ။
ထို့ကြောင့် Adam သည် ငိုမလို ရယ်ရမလိုဖြစ်သွားခဲ့သည် ။

Adam : " ဟက် ! Ash , Ash, မင်းရဲ့ ဟာက အရမ်းကလေးဆန်လွန်းလို့ ငါစိတ်ပူမိတယ်ကွာ "

ထိုသို့ရေရွတ်လိုက်ပြီး မျက်ဝန်းနီနှင့်မင်းသားလေးသည် သဘောကျစွာရယ်မောလိုက်တော့သည် ။

ဖယောင်းပန်းနီတွေသည် ပြင်းထန်သောလိုချင်မက်မောခြင်း အချစ်တို့ကို ဖော်ကျူးသော နူးညံ့တဲ့တည်ရှိမှုလေးများပင်ဖြစ်‌ပေတော့သည် ။

_______________________________

တောက်ပသောအလင်းတန်းတစ်ခုကြောင့် Afa သည် မျက်လုံးများကို ဖွင့်ကြည့်လို့မရ ။
‌မျက်နှာ‌ပေါ်၌ခံစားနေရသော နွေးထွေးမှုကြောင့် နေရောင်ခြည်ဖြစ်ကြောင်း သိရသည် ။
အိစက်သော မွေ့ယာတစ်ခုပေါ်၌ လှဲလျောင်းနေရတာကြောင့် မိမိ၏အဖြစ်ကို မယုံနိုင်သေး ။
‌မွေးပျံ့သောအနံ့တစ်ခုလည်း အခန်းထဲ သင်းပျံ့နေကာ အိပ်မက်တစ်ခုပမာ သက်တောင့်သက်သာဖြစ်ရသည် ။

ဒါမှမဟုတ် Afa သေဆုံးပြီး ကောင်းကင်ဘုံသို့ ရောက်ခဲ့ပြီလော ?
ထိုသို့ကလေးဆန်သောအတွေးလေးတစ်ခုနဲ့ Afa သည် ကျေနပ်စွာပြုံးလိုက်မိသည် ။

ထိုနေ့ညက အေးစက်သောကြမ်းပြင်ပေါ်၌ လှဲလျောင်းရင်း အရာရာကိုမြိုသိပ် သည်းခံခဲ့ရသော မိမိ၏သေးသိမ်သည့်ဖြစ်တည်မှုကို ခံပြင်းခဲ့သည် ။
သူတစ်ပါးအတွက်ပဲ ရှင်သန်ခဲ့ရပေမယ့် သေလွန်‌တဲ့အခါ လွတ်မြောက်ခွင့်ကလေးကို Afa တောင့်တခဲ့သည် ။
ဒါကို နတ်ဘုရားတွေ ကြားခဲ့ပြီထင်ပါသည် ။

Xavia ဘုရင်၏ အမြတ်ဒေါသအငြိုးတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေဆီကနေ လွတ်မြောက်ခဲ့ပြီ ။
တန်ဖိုးထား‌ရသောသူတို့အတွက် စတေးခဲ့သော မိမိ၏ခန္ဓာကိုယ်သည် နာကျင်မှုတွေကို ထပ်ပြီးမခံစားရတော့ ။
ဝမ်းသာပီတိတို့ဖြင့် မျက်ရည်ပူများ ယိုစီးကျလာခဲ့သည် ။
လက်ချောင်းလေးတွေကို မွေ့ယာထပ်ထိတွေ့ခံစားကြည့်ရင်း ရေရွတ်မိသည် ။

" ကောင်းကင်ဘုံက နွေးလိုက်တာ . . . ဟင်း "

ငိုရှိုက်သံတိုးတိုးလေးကြားက စကားသံသည် အခန်းဝ၌ရပ်ကာ တိတ်တဆိတ်ငေးကြည့်နေသောသူ၏ အေးခဲနေသောနှလုံးထပ် ထုတ်ချင်းပေါက်သွားကာ နာကျင်စေသည် ။
ထိုသူ၏ မျက်ဝန်းနက်တွေသည် မှိုင်းညို့နေကာ အိပ်ရေးပျက်သောညများဆက်ခဲ့တာကြောင့် လှပသောမျက်နှာတော်သည် နွမ်းနယ်လျက် ။
သူသည် ကုတင်ပေါ်က သေးငယ်သောလူသားကို ငေးမောရင်း ဒဏ်ရာရသောနတ်ဆိုးတစ်ကောင်ပမာ တဆတ်ဆတ်တုန်ယင်နေခဲ့သည် ။

____________________________
____________________________

#Zawgyi

အသစ္ခြၽတ္ခြၽတ္ ပိတ္နီဖိနပ္ေလးသည္ စီးသားမက်ေသးတာေၾကာင့္ ေျခထိတ္မ်ားပြန္းတိုက္ကာ ေျခလွမ္းလိုက္သည္ႏွင့္ နာက်င္လာသည္ ။
သို႔ေသာ္ ေကာင္မေလးသည္ မ်က္ႏွာ၌အၿပဳံးမပ်က္ ၊ ဖိနပ္သစ္ကေလးကို ခဏခဏငုံ႔ငုံ႔ၾကည့္ကာ သူမ၏ေရွ႕မွ နန္းတြင္းသူ၏ေနာက္သို႔ အေျပးတပိုင္းလိုက္လာေနသည္ ။
ထိုနန္းတြင္းသူသည္ ေနာက္မွ လိုက္ပါလာေသာ ေကာင္မေလး၏ အဆင္မေျပမႈကို ဂ႐ုမထားပဲ ေျခကိုေဆာင့္နင္းကာ နန္းမေဆာင္သို႔ ခပ္သုတ္သုတ္သြားေန၏ ။

ယေန႔သည္ Raven ျပည္၌ ႏွစ္သစ္ကူးပြဲေတာ္က်င္းပသည့္ ေန႔ထူးေန႔ျမတ္ျဖစ္တာေၾကာင့္လည္းေကာင္း ၊ Raven ဘုရင္မင္းျမတ္၏ အႏွစ္သက္ဆုံး တတိယေျမာက္သမီးေတာ္၏ ေမြးေန႔ျဖစ္တာေၾကာင့္လည္းေကာင္း နန္းေတာ္ႀကီးတစ္ခုလုံး အုံးအုံးႂကြလို႔ေနသည္ ။
အေပ်ာ္အပါး ခုံမင္ေသာ Raven ဘုရင္ေၾကာင့္ နန္းေတာ္ထဲ၌ ပြဲလမ္းသဘင္ဆိုလွ်င္ အစြမ္းကုန္စည္ကားသည္ ။

လစဥ္လတိုင္း တူရိယာသံမစဲေသာ္လည္း Afa တက္ေရာက္ခြင့္ရွိေသာ ပြဲမ်ားမွာ မရွိသေလာက္နည္းပါး၏ ။
ေတာ္ဝင္မ်ိဳးႏြယ္ထဲ၌ ဖုန္မႈန႔္မည္ေသာ Afa သည္ ဘြဲ႕ေတာ္ပင္မရွိေသာ မင္းသမီးတစ္ပါးျဖစ္သည္ ။
နန္းေတာ္၏အေနာက္ေပါက္ အစြန္အျဖားရွိ အိုေဟာင္းေနေသာ နန္းေဆာင္၌ ေနထိုင္ကာ ဖခမည္းေတာ္၏စြန႔္ပစ္ျခင္းခံထားရေသာ ငါးေယာက္ေျမာက္သမီးေတာ္ပဲျဖစ္သည္ ။
ရွင္ဘုရင္၏အေလးေပးမႈကို မရသည့္အျပင္ လူအမ်ား၏အေမ့ေလ်ာ့ခံ တည္ရွိမႈေလးပဲျဖစ္၏ ။
ဒါေၾကာင့္ ေမြးဖြားစဥ္ကတည္းက Raven နန္းေတာ္၌ကပ္ေနေသာဖုန္မႈန႔္ဟု အမည္ေပးခဲ့ၿပီး လူသူေရွ႕ဘယ္ေတာ့မွ မ်က္ႏွာျပခြင့္မရခဲ့ ။
ပညာ အစြမ္းအစႏွင့္ ထင္ရွားေသာစ႐ိုက္လကၡဏာလဲမရွိ ။
ထို႔အျပင္ ေနာက္ခံလဲမရွိေသာ မင္းသမီးတစ္ပါးသည္ အေပၚယံဆန္ေသာေလာကႀကီး၌ စြမ္းအားမဲ့သည္ ။
ထို႔ေၾကာင့္လဲ Afa သည္ မိမိလိုေအာက္ေျခကမင္းသမီးတစ္ပါးက ယေန႔ႏွစ္သစ္ကူးပြဲေတာ္ကို တက္ေရာက္ခြင့္ရေသာ္ လြန္စြာဝမ္းသာေပ်ာ္႐ႊင္ခဲ့သည္ ။

" ျမန္ျမန္လာေလ နန္းေတာ္အစြန္အျဖားအထိ လိုက္ေခၚရတဲ့ သူကိုလဲအားနာပါဦး "

ေထာ့နဲ႔ေထာ့နဲ႔ျဖစ္ေနေသာ Afa အား ထိုနန္းတြင္းသူသည္ အေနာက္လွည့္ကာ ေအာ္ေငါက္၏ ။

ဘြဲ႕ေတာ္မဲ့ မင္းသမီးတစ္ပါးျဖစ္၍ နန္းတြင္းအေစခံမ်ားကပင္ Afa အား မေလးစားၾကေပ ။
Afa အေပၚ၌ သူတို႔အျမင္မွာ အသုံးမက်ျခင္းႏွင့္ တန္ဖိုးမဲ့ျခင္းေတြသာ ရွိသည္ ။
သို႔ေသာ္ Afa သည္ ထိုသည္မ်ားကို အမႈမထားခဲ့ေပ ။
သိတတ္စအ႐ြယ္ကတည္းက Afa သည္ အားလုံး၏ အပယ္ခံ၊ အနင္းခံျဖစ္၏။
ထိုအျဖစ္ႏွင့္ ႀကီးျပင္းလာေသာ္ Afa Raven မည္ေသာ ေကာင္မေလးတစ္ေယာက္သည္ လြန္စြာတင္းတိန္ေရာင့္ရဲတတ္ကာ ၊ မာန္မာနႏွင့္ အတၱမရွိေသာသူျဖစ္လာခဲ့ေလသည္ ။

Afa သည္ အစ္မေတာ္ တတိယေျမာက္မင္းသမီး၏ ေမြ႕ေန႔ဖိတ္ၾကားလႊာကို လက္ခံရၿပီးေနာက္ ေက်းဇူးတင္မဆုံးျဖစ္ရ၏ ။
အစ္မေတာ္က မိမိအဖို႔ တကူးတကပို႔ေပးခဲ့ေသာ ပြဲတက္ဝတ္စုံ ပိုးသား dress အနီေလးကို တယုတယဝတ္ဆင္ၿပီး ေမွ်ာ္လင့္ခ်က္ေတြျဖင့္ ပြဲေတာ္က်င္းပရာ ပင္မနန္းေဆာင္ႀကီးသို႔ လိုက္ပါခဲ့ေလသည္ ။
စိတ္ရင္းဟူ‌သည့္ စကားလုံး၏အဓိပၸါယ္ကို မသိေသာ မ်က္ႏွာဖုံးဝတ္သူမ်ားၾကား သူမသည္ ယေန႔ပြဲအတြက္ လူ႐ႊင္ေတာ္အျဖစ္ အေ႐ြးခံရသည္ကိုေတာ့ မသိႏိုင္ခဲ့ရွာ . . . ။

ခ်မ္းသာႂကြယ္ဝေသာ Raven ၏ ပင္မနန္းသည္ ေ႐ႊေရာင္တို႔ျဖင့္ ဝင္းဝင္းေတာက္သည္ ။
ပရိေဘာဂ၊ အသုံးအေဆာင္ကစၿပီး ခင္းက်င္းထားသည့္ ပန္းကန္၊ဇြန္း၊ခက္ရင္းမ်ားအထိ အကုန္ေ႐ႊရည္ေလာင္းထား၏ ။
ေရာင္စုံမီးဆိုင္းႀကီးမ်ားေအာက္ ေ႐ႊေရာင္‌တို႔သည္ အလင္းျပန္ကာ မ်က္စိက်ိန္းရသည္ ။
ဧည့္သည္ေတာ္မ်ားမွာလဲ အမတ္မင္းမ်ား၊ မႉးမတ္အရာခံမ်ား၊ သူရဲေကာင္းမ်ား၊ ေတာ္ဝင္ေဆြမ်ိဳးေတာ္မ်ားျဖစ္၍ အေျခအေနအဆင့္အတန္းျမင့္သူခ်ည္းသာ ။
နန္းတြင္း၌ ပါတီပြဲတစ္ခုဆိုသည္မွာ တစ္နည္းအားျဖင့္ အ႐ိုက္အရာႀကီးသူတို႔ျဖင့္ ထိေတြ႕ဆက္ဆံခြင့္ရမည့္ အခြင့္အလမ္းတစ္ခုပဲျဖစ္သည္ ။
ထို႔ေၾကာင့္ လူသားတိုင္း သူႏွင့္ငါအၿပိဳင္ ဂုဏ္ေဖာ္ဖို႔ ႀကိဳးစားေနၾက၏။
ရွင္ဘုရင္၊ မိဖုရားတို႔ကို တိုက္႐ိုက္စကားေျပာဆိုခြင့္ မရွိတာေၾကာင့္ ခ်ည္းကပ္ရလြယ္ကူသည့္ ေတာ္ဝင္မင္းသားမင္းသမီးမ်ား၏အနား၌ လူစုလူေဝးမ်ား၏ ။

စကားဝိုင္းမ်ားစြာထဲတြင္ ေမြးေန႔ရွင္ တတိယမင္းသမီး , Beatrice ဦးေဆာင္ေသာ စကားဝိုင္းသည္ စည္ကားလွသည္ ။
နန္းတြင္းရတနာဟု အမ်ားကေခၚၾကေသာ တတိယသမီးေတာ္သည္ စကားအလိမၼာကြၽမ္းက်င္ကာ ဗဟုသုႂကြယ္ဝသည္ ။
ဒါ့အျပင္ Raven ဘုရင္၏ အခ်စ္ေတာ္ျဖစ္၏ ။

ထိုလိုလူ၏ေဘး၌ထိုင္ေနေသာ Afa သည္ အမွန္တကယ္ ဖုန္မႈန႔္ပမႊားကေလးသာသာ ေသးငယ္မြဲႏႈံေသာ တည္ရွိမႈျဖစ္ရ၏။
ေျမႇာင္ပင့္ေသာစကားမ်ားကို ေဖာ္ေ႐ြစြာ တုံ႔ျပန္ေနေသာ Beatrice သည္ ေဘး၌ ႏႈတ္ဆိတ္ကာ ၿငိမ္သက္ေနေသာ Afa ၏ လက္ကို ယုယစြာ ဆုပ္ကိုင္ထားသည္ ။
Afa အေပၚထားေသာ တတိယမင္းသမီး၏ဂ႐ုစိုက္မႈကို မနာလိုေသာ အၾကည့္မ်ားအား အေရးမထားပဲ အစ္မေတာ္၏ေႏြးေထြးမႈတြင္ မ်က္ရည္က်မိမတတ္ ၾကည္ႏူးေနခဲ့ေလသည္ ။

ထိုအခ်ိန္မတိုင္ခင္အထိေပါ့ . . . ။

" သမီးေတာ္ Dane အင္ပါယာရဲ႕ Prince Adam ကို မိတ္ဆက္လိုက္ပါဦး "

ထိုစကားကို ေစာင့္ေနသည့္ပမာ Beatrice သည္ ေနရာကထၿပီး ႏွင္းဆီနီဂါဝန္စေလးကို ခပ္႐ြ႐ြပင့္မကာ မပီ့တပီအၿပဳံးေလးျဖင့္ ‌သံတမန္မ်ားအတြက္ သီးသန႔္တည္ခင္းထားသည့္ေနရာတြင္ ထိုင္ေနေသာ ေခ်ာေမာခန႔္ညားသည့္ မင္းသားတစ္ပါးဆီ ရည္စူးၿပီး မိတ္ဆက္လိုက္ေလသည္ ။

Beatrice : " Beatrice , အရွင့္မင္းသားကို ႏႈတ္ဆက္ပါတယ္ "

မႏူးမ႐ြ မိန္းမပ်ိဳေလး၏ ရွိန္းျမျမအၿပဳံးကို လက္ခံရေသာ္လည္း Dane ဧကရာဇ္၏ အငယ္ဆုံးသားေတာ္, Adam Dane သည္ ‌ယဥ္ေက်းမႈအရ ေခါင္းသာတစ္ခ်က္ညိတ္ျပၿပီး ဘာမွျပန္မေျပာ ။
ထိုအမူအရာေၾကာင့္ Raven ဘုရင္၏ မ်က္ႏွာေတာ္သည္ မည္းျပာသြား၏ ။
ဒါေပမယ့္ ဘာမွမေျပာႏိုင္။

ထိုအျခင္းအရာကို သတိျပဳမိသူတို႔သည္လဲ ပင့္သက္သာခ်ႏိုင္သည္။
ေနမဝင္အင္ပါယာႀကီးျဖစ္ေသာ Dane ျပည္၌ မင္းသားသုံးေယာက္သာရွိကာ သုံးေယာက္စလုံးသည္ လြန္စြာမာနႀကီးသည္ဟု ေျပာစမွတ္ရွိသည္ ။
ယေန႔၌ ထိုသည္ကို လူတိုင္းမ်က္ျမင္ေတြ႕ရၿပီျဖစ္သည္ ။
တစ္ဖက္မွ Dane မင္းသားငယ္၏ ေခ်မိုးကာ ေအးစက္ေသာ မ်က္ဝန္းနီတို႔ကို ေမွ်ာ္လင့္ခ်က္တႀကီး ၾကည့္ေနရင္း Beatrice သည္ အံကိုႀကိတ္မိသည္ ။

Raven သည္ Dane ႏွင့္အင္အားခ်င္း ယွဥ္လွ်င္ ဒုတိယေနရာ၌ရွိသည္မွန္ေသာ္လည္း ဤမွ် မာန္မာနေထာင္လႊားျခင္းက လက္မခံႏိုင္စရာဟု Beatrice ထင္မိသည္ ။
မိမိ၏ေမြးေန႔၌ မ်က္ႏွာသာေပးကာ ခ်ီးက်ဴးစကားေလးေတာ့ ဆိုသင့္သည္ မဟုတ္လား . . . ။
ဒါဟာ ေနရာမသိေသာ အလိုလိုက္ခံ Beatrice ၏အေတြးပင္ ။

သို႔ေသာ္ Beatrice ၏အေတြးအေခၚကို အမ်ားကၾကားလွ်င္ ေလွာင္ၾကလိမ့္မည္ ။
Dane မင္းသားတစ္ပါးသည္ Raven ဘုရင္ကိုေတာင္ အေရးထားစရာမလိုသည့္ ေနရာတြင္တည္ရွိေသာေၾကာင့္ပင္ ျဖစ္ေလသတည္း ။
Dane အင္ပါယာသည္ ဤခုႏွစ္ျပည္ေထာင္ေခတ္၌ အႏႈိင္းမဲ့ အင္အားကို ပိုင္ဆိုင္ထား၏ ။
သယံဇာတႏွင့္ လူသားအရင္းအျမစ္ ႏွစ္ဖက္စလုံးတြင္ ေရွ႕ေရာက္ကာ ၊ Raven , Xavia , Lavaron စေသာ အင္အားႀကီးႏိုင္ငံသုံးခုေပါင္းႏွင့္ ညီမွ်ေသာ စြမ္းအားရွိသည္ ။

နီရဲလာေသာ အစ္မေတာ္၏မ်က္ႏွာလွလွကို တစ္ခ်က္ၾကည့္ကာ ၊ တစ္ဖက္မွ ထူးျခားေသာမ်က္စံအနီေရာင္ေတြရွိသည့္ ေကာင္ေလးကို Afa ေငးၾကည့္မိသည္ ။
ထိုေကာင္ေလးသည္ Dane ျပည္၏ ေတာ္ဝင္မင္းသားမ်ားသာ ဝတ္ဆင္ခြင့္ရွိေသာ မ်က္လုံးအနီမ်ားရွိသည့္ ေ႐ႊဝါေရာင္မီးငွက္တစ္ေကာင္ အေတာင္ပံျဖန႔္ေနသည့္သဏၭာန္ ရင္ထိုးတစ္ခုကို ဘယ္ဖက္ရင္အုံ၌ ေသသပ္စြာထိုးထားသည္ ။
ထိုရင္ထိုးကို ျမင္သူတိုင္းသတိျပဳမိသည္မွာ အေသးစိတ္ၿပီးအဆင့္ျမင့္ေသာလက္မႈပညာေၾကာင့္မဟုတ္ ၊ ဝတ္ဆင္ထားသူႏွင့္ မ်ားစြာဆင္တူေသာေၾကာင့္ပင္ျဖစ္၏ ။
Dane ၏ေတာ္ဝင္မ်ိဳးႏြယ္တို႔သည္ ေ႐ႊေရာင္ဆံပင္ႏွင့္ ပတၱျမားမ်က္ဝန္းကို ပိုင္ဆိုင္ၾကသည္ဟု ဆိုၾကသည္ ။
လြန္စြာ ထူးျခားကာ ရွားပါးေသာ မ်က္လုံးအနီတို႔သည္ ေတာ္ဝင္ေသြး၏ အမွတ္အသားပင္ ။

Afa သည္ ေငးၾကည့္ေနရင္းမွ တန္ျပန္အၾကည့္တို႔ကို ခံစားမိလိုက္၏ ။
Dane မင္းသားငယ္သည္ Afa အား မ်က္ႏွာေသျဖင့္ ျပန္ကာေငးၾကည့္လာေသာေၾကာင့္ပင္ ျဖစ္ေလသည္ ။
ပါးစပ္ကေလးဟကာ စပ္စုေနေသာ‌ Afa သည္ ထိုမ်က္ဝန္းတို႔ႏွင့္ဆုံေသာ္ ေၾကာက္လန႔္ကာ ေခါင္းကိုအျမန္ငုံ႔ပစ္လိုက္၏ ။
ေဘးနားမွ မနာလိုဝန္တိုေသာ အၾကည့္စူးစူးတို႔ကို သတိမထားမိရင္း . . . ။

" Princess Beatrice က တစ္ဆယ့္ေျခာက္ႏွစ္ျပည့္ၿပီဆိုေတာ့ Prince Adam နဲ႔ အ႐ြယ္တူပဲေပါ့ ေနာ္ "

မထုံတတ္ေတး မင္းသားငယ္ေၾကာင့္ မိမိ၏သမီးေတာ္ မ်က္ႏွာပူစရာမျဖစ္ေစရန္ Raven မိဖုရားေခါင္ႀကီးက စကားလမ္းေၾကာင္းေဖာက္ေပးရန္ႀကိဳးစား၏ ။
ထိုအခါ Dane မင္းသားသည္ ‌ခပ္ေျဖးေျဖးေခါင္းညိတ္ရင္း Beatrice ကို ၾကည့္သည္။
ထိုအခါမွ Raven ဘုရင္ႏွင့္ မိဖုရားတို႔သည္ ေက်နပ္သြားဟန္ ။
အာ႐ုံစိုက္မႈကို ရေသာအခါ Beatrice သည္ ရွက္ေသြးျဖာကာ ပါးမို႔မို႔ေလးမ်ား ပန္းေရာင္သမ္းသြား၏။
သူမသည္ ခမည္းေတာ္ႏွင့္ မယ္ေတာ္က ေပးအပ္ေသာ အခြင့္အေရးကို လက္လႊတ္မခံ စကားစရန္ႀကိဳးစား၏ ။

Beatrice : " အရွင့္မင္းသား စိတ္မရွိရင္ ေမြးေန႔က ဘယ္ေတာ့လဲ သိခြင့္ရွိသလား ရွင့္ "

ယဥ္ေက်းေသာ္လည္း စိတ္ဝင္စားေသာအမူအရာ ၊ ႏွိမ့္ခ်ေသာ္လည္း ပါးနပ္ေသာအမူအရာတို႔ကို ပိုင္ႏိုင္ထားတဲ့ Beatrice ပင္ ။
မပိုမလိုေလး ရွက္ကိုးရွက္ကန္းေမးလိုက္ေလသည္ ။
သို႔ေသာ္ မွန္းခ်က္ႏွင့္ ႏွမ္းထြက္က လြဲ၏။

Dane မင္းသားငယ္၏ အၾကည့္ေတြသည္ ခ်က္ခ်င္း Beatrice ၏ နေဘးမွ ၿငိမ္ကုတ္စြာထိုင္ေနေသာ Afa ထံသို႔ ေရာက္သြားေလသည္ ။

Adam : " ဒါနဲ႔ Princess ကေရာ အသက္ဘယ္ႏွႏွစ္ရွိၿပီလဲ ? Princess Beatrice ထပ္ ငယ္မယ္ထင္တယ္ "

ထိုမွတ္ခ်က္၏ေနာက္တြင္ ပင္မေဆာင္ႀကီးတစ္ခုလုံး တိတ္ဆိတ္သြား၏ ။
Adam ေခၚေဝၚလိုက္ေသာ ' Princess ' သည္ မည္သူ႔ကို ဆိုလိုေၾကာင္း မ်က္ဝန္းဆုံခ်က္ေတြကို ၾကည့္ရင္သိႏိုင္ပါသည္ ။
မ်က္ႏွာပ်က္သြားေသာ Beatrice ၊ ဆြံအေၾကာင္အမ္းကာ ၿငိမ္သက္ေနေသာ Afa ႏွင့္ တစ္ဖက္မွ စူစမ္းေသာမ်က္ဝန္းနီပိုင္ရွင္ Adam ။
ဇာတ္လမ္းတစ္ခု၏ အထြတ္အထိတ္ကို ေစာင့္ၾကည့္ေနၾကသလို ခန္းမႀကီးတစ္ခုလုံး အပ္က်သံပင္မၾကားရ ။

" တစ္. . . တစ္ဆယ့္ေလးႏွစ္ . . . "

‌Beatrice ၏ စူးရဲေသာအၾကည့္ေတြကို ခံစားေနရေသာေၾကာင့္ Afa ၏ အသံေတြသည္ တိုးညႇင္းစြာထြက္သြားသည္။
Beatrice လို Afa သည္ မင္းသမီးတစ္ပါးသိအပ္ေသာ စာေပမ်ားကို သင္ၾကားခြင့္မရခဲ့၍ မယဥ္ေက်းေသာအမူအရာျဖစ္သြားေလသည္ ။
သို႔ေသာ္ ထိုသည္ကို Adam သည္ အေရးမထားပုံရကာ စိတ္ဝင္တစားတုံ႔ျပန္သည္ ။

Adam : " အိုး . . .ငယ္‌ေသးတာပဲ "

ဘာေတြျဖစ္ေနတာလဲ ?
ပိန္လွီကာ မႈန္မႈိင္းေနတဲ့ အမႈိက္သာသာ Afa ဟာ ရတနာတစ္ပါးလိုေတာက္ပတဲ့ Beatrice ထပ္ အေရးပါေနသလား ?

Beatrice သည္ ‌မည္မွ် ပါးနပ္ေသာသူျဖစ္ပါေစ ၊ တစ္ခ်က္ထပ္ပိုကာ ထိုးဆြခံရေသာ္ ေပါက္ကြဲေလေတာ့သည္ ။

Beatrice : " အရွင့္သားေျပာတဲ့အတိုင္းပါပဲ ၊ ညီမ‌ေတာ္က ငယ္ေသးတာေၾကာင့္ သင့္ေလ်ာ္သလား မသင့္ေလ်ာ္သလား ယဥ္ေက်းမႈကိုလဲ မသိရွာပါဘူး
ေမြးေန႔ရွင္ကလြဲၿပီး ဘယ္သူမွအနီေရာင္ ဝတ္ခြင့္မရွိဘူးဆိုတာကိုလဲ ဝတ္လာေလရဲ႕ ငယ္သူမို႔လဲ အသိသညာနည္းေသးတာတာေပါ့ "

Beatrice ၏ စကားသည္ လြန္စြာ က်ိဳးႏြံေသာအသုံးအႏႈန္းတို႔ျဖင့္ ညီမငယ္အတြက္ စိတ္ပူပန္ေနသေယာင္ေလသံျဖစ္၏ ။
သို႔ေသာ္ မည္သို႔ပင္ ယဥ္ေက်းပါေစ ေနာက္ကြယ္မွ အဓိပၸါယ္ကိုမူ လူတိုင္းသိႏိုင္သည္ ။

Afa သည္ ထိုစကားကို ၾကားေသာ္ လြန္စြာ ေၾကာက္လန႔္သြားရကာ ၊ စိတ္မေကာင္းလဲျဖစ္သြားရသည္ ။
မ်က္ရည္ေတြဝဲလာတာေၾကာင့္ ‌လူအမ်ားမျမင္သြားေစရန္ ေခါင္းငုံ႔ေနရင္း အံကိုႀကိတ္ထားလိုက္သည္ ။
Beatrice ေျပာသလိုပဲ Afa သည္ သင့္ေလ်ာ္ေသာစကားကို မေျပာတတ္ ။ ေျပာခြင့္လဲမရွိ ။
ရင္ထဲ၌ ခံမရက္ႏိုင္ျဖစ္ရေပမယ့္ Àfa သည္ ဖုန္မႈန႔္တစ္မႈန္သာျဖစ္သည္ ။
တန္းဖိုးမဲ့သည္ ။
ေနရာမရွိ ။

ငယ္႐ြယ္ေသာ မိန္းကေလးတခ်ိဳ႕က Afa အား ေလွာင္ၿပဳံးၿပဳံးၾကေသာ္လည္း ၊ လူႀကီးမ်ားမွာ ထိုသို႔မဟုတ္ ။
မ်က္ႏွာဖုံးကြာက်သြားေသာ Princess Beatrice ၏ အျဖစ္ကို ပင့္သက္သာရႈိက္မိၾကသည္ ။
မည္မွ်‌ ေတာ္တတ္ပါေစ Beatrice သည္လဲ ဆယ္ေက်ာ္သက္မိန္းမငယ္ေလးသည္သာ . . . ။
မနာလိုဝန္တိုလွ်င္ အထိန္းအကြပ္မဲ့တတ္သည္ ။

Adam : " Princess Beatrice က ပါးနပ္ပါေပတယ္ ၊ ဒီကလူလဲ အနီေရာင္ဝတ္ခ်င္တဲ့ Princess Afa ကို မတားခဲ့တဲ့ နန္းတြင္းယဥ္ေက်းမႈေတာင္မသိတဲ့ သူေတြက ဘယ္သူလဲ သိခ်င္မိသားပဲ "

ထိုစကားကိုၾကားေသာ္ ၿပဳံးေနေသာ Beatrice ၏ မ်က္ႏွာေတြသည္ ေမွာင္မည္းသြား၏ ။
သူမျပန္လည္ ေခ်ပလိုေသာ္လည္း စကားလုံးေတြရွာမရေတာ့ ။

ယခုပြဲသည္ သူမ၏ ေမြးေန႔ပြဲက အဓိကျဖစ္ကာ သူမ ဖိတ္ခ်င္ေသာ သူေတြကိုပဲ ဖိတ္ၾကားလႊာကိုပို႔ခဲ့တာျဖစ္သည္ ။
လူၾကားထဲထြက္ခြင့္မရွိေသာ Afa အတြက္ ဤပြဲကိုတက္ေရာက္ႏိုင္ျခင္းသည္ ေသခ်ာေပါက္ Beatrice က လိုလားလို႔ပင္ ။
ဒါ့အျပင္ ေနာက္ခံမရွိပဲ မြဲေတေသာ Afa ၏ အေျခအေနက ထိုသို႔တန္ဖိုးႀကီး ပြဲတက္ဝတ္စုံကို တတ္ႏိုင္မွာမဟုတ္ ။
ေသခ်ာေပါက္ ရာထူးျမင့္သူတစ္ေယာက္ေယာက္က တမင္ဝတ္ခိုင္းခဲ့တာပဲျဖစ္မည္ ။
Adam ၏ ေထာက္ျပခ်က္ျဖင့္ Beatrice ၏ အႀကံအစည္သည္ ဘူးေပၚသလိုေပၚသြား၏ ။

Beatrice သည္ Afa အား ေဘးနား၌ထားကာ မယဥ္‌ေက်းေသာညီမငယ္အား ၾကင္နာခြင့္လႊတ္တတ္ေသာ ေမတၱာရွင္အစ္မေတာ္၏ ပုံသဏၭာန္ဖမ္းခ်င္ပုံရ၏ ။
ဒါ့အျပင္ ေမွးမွိန္ေသာ Afa ႏွင့္ ယွဥ္ၾကည့္လွ်င္ Beatrice ၏ အေရာင္အဝါက ပို၍ ေတာက္ပႏိုင္သည္မဟုတ္ပါလား ။
သမီးေတာ္ႏွစ္ပါးအနက္ တစ္ပါးက တုံးအကာ အက်ည္းတန္ၿပီး ၊ တစ္ပါးမွာ ပါးနပ္ကာ ေခ်ာေမာေၾကာင္း ဂုဏ္သတင္း‌ေက်ာ္‌ေဇာေစလိုျခင္းပင္ ။

" အား ဟား ဟား Prince Adam ေျပာတာ အမွန္ပါပဲ ကိုယ္ေတာ္ Princess Afa ရဲ႕ အ‌ေဆာင္ကို ေသခ်ာအျပစ္ေပးလိုက္ပါ့မယ္ "

အျဖစ္အပ်က္က ျမန္ဆန္လြန္းသျဖင့္ Raven ဘုရင္က ဝင္ေရာက္ျဖန္ေျဖခ်ိန္တြင္ စကားက လြန္ၿပီးသြားၿပီျဖစ္သည္ ။
ေမြးေန႔ပြဲသို႔တက္ေရာက္ေသာ အသိဉာဏ္ရွိသူ ဧည့္ပိရိသတ္မ်ားကေတာ့ အမွန္တရားကို ျမင္ၾကမွာပဲျဖစ္သည္ ။
ဒါ့အျပင္ ဖက္လိုက္မႈႀကီးက သိသာလြန္းသျဖင့္ Adam လဲ ဆက္မေျပာေတာ့ေပ ။

ေကာက္က်စ္စင္းလဲေသာသူကို အျပစ္မေပးပဲ ၊ ခံရသူကိုအျပစ္ေပးမယ္တဲ့လား ?

Adam : " ညလဲနက္ၿပီမို႔ ဒီေလာက္နဲ႔ပဲ ခြင့္ျပဳပါဦး "

Dane မင္းသားငယ္သည္ မႈန္တိုင္းတစ္ခုကို ဖန္တီးေပးသြားၿပီး မိမိႏွင့္မဆိုင္သလို ထထြက္သြားေလေတာ့သည္ ။

Afa သည္ ထိုမင္းသားငယ္အား ေငးၾကည့္ရင္း ေက်းဇူးတရားကို ရင္ထဲမွာမွတ္သားထားလိုက္ေလသည္ ။
ထိုေန႔ည၌ Dane မင္းသားငယ္သည္ တစ္စုံတစ္ေယာက္၏ကိုယ္စား ေကာင္မေလးအား ကယ္တင္ခဲ့သည္ကိုေတာ့ သူမ မသိႏိုင္ခဲ့ ။

တလႈပ္လႈပ္ေျပးေနေသာ ရထားလုံးထဲတြင္ နတ္တမွ် ေခ်ာေမာလွပေသာ လူသားႏွစ္ဦး မ်က္ႏွာခ်င္းဆိုင္ကာ ထိုင္ေနသည္ ။
တစ္ဦးသည္ ေ႐ႊဝါေရာင္ဆံႏြယ္မ်ားျဖင့္ တည္ၾကည္ေျဖာင့္မတ္ေသာ နတ္ဘုရားတစ္ပါးအသြင္ကိုေဆာင္ကာ ၊ တစ္ဦးမွာ မဟူရာနက္ေမွာင္ေသာဆံႏြယ္တို႔ျဖင့္ ဆိုးသြမ္းေမာက္မာေသာ နတ္ဆိုးတစ္‌ပါးအသြင္ကိုေဆာင္သည္ ။
သို႔ေသာ္ တူညီသည္က သူတို႔ႏွစ္ေယာက္စလုံးတြင္ နီရဲေတာက္ပေသာ မ်က္ဝန္းတို႔ရွိေလသည္ ။

Adam : " မင္းေျပာသလိုပဲ လိုတာထပ္ပိုၿပီး စိတ္ေပ်ာ့တဲ့သူပဲ . . . ဒါေပမယ့္ မင္းျမင္ခဲ့သလို အေျခအေနေကာင္းတဲ့ပုံမေပၚဘူး မင္းသမီးတစ္ပါးေပမယ့္. . . .
ငါ့အထင္ေတာ့ . . . "

နတ္ဆိုးသည္ ပ်င္းတြဲတြဲအမူအရာျဖင့္ အေရးမစိုက္ဟန္ Adam ၏ စကားကိုျဖတ္ကာ ဆိုလိုက္သည္ ။

" အေရးမပါေတာ့ဘူး . . .
အခုသိခ်င္တာက Raven ကို ငါသိမ္းႏိုင္တယ္ဆိုတာ မင္းယုံၿပီးလားဆိုတာပဲ "

ထိုအခါ Dane အင္ပါယာ၏ ကိုယ္စားျပဳ မင္းသားငယ္သည္ ခပ္ဖြဖြၿပဳံးလိုက္၏။

Adam : " အဲသလို အုပ္ခ်ဳပ္သူကို ဘယ္ျပည္သူမွ မၾကည္ညိဳဘူး . . .
Raven နန္းဆက္မွာ ‌တန္ဖိုးထားစရာဆိုလို႔ တစ္ခ်ိန္ကသမိုင္းေတြပဲ က်န္ေတာ့တယ္ . . . ဒီထပ္ပိုၿပီး မပုပ္သိုးခင္ ပိုင္ရွင္အသစ္က လက္လႊဲယူလိုက္တာေကာင္းပါတယ္ "

_____________________________

အတိတ္ကို ျပန္ေျပာင္းေတြးရင္း မ်က္ဝန္းနီတစ္စုံသည္ ေမွးမွိန္ေနသည္ ။

လြန္ခဲ့ေသာေလးႏွစ္ေလာက္အခ်ိန္ကတည္းက Dane ၏မင္းသား သူႏွင့္ Xavia Ash တို႔သည္ ေလာကႀကီးကို ေျပာင္းလဲဖို႔ အိပ္မက္အတူမက္ခဲ့ၾကသည္ ။
အင္အားႏွင့္ အာဏာကို မမက္ေမာခဲ့ေသာ Adam သည္ ေလာကႀကီးရဲ႕အေျပာင္းအလဲကိုေတာ့ ပဲ့ကိုင္သူျဖစ္ခ်င္သည္ ။
သူသည္ သမိုင္းကိုအေလးထားေသာသူျဖစ္သည္ ။
သို႔ေသာ္ သူတို႔၏ ခုႏွစ္ျပည္ေထာင္သမိုင္းသည္ ဂုဏ္ယူစရာမရွိခဲ့ . . . ။
ဒါေၾကာင့္လဲ ေလာကႀကီး၏တစ္ဝက္ကို ပိုင္သည္ဟုဆိုႏိုင္ေသာ မိမိ၏ႏိုင္ငံ Dane ကို အျမစ္ကေနစၿပီး ‌ေျပာင္းလဲသန႔္စင္ေပးဖို႔ ႀကိဳးစားခဲ့သည္ ။
သူက Dane ကို တာဝန္ယူကာ ၊ Xavia Ash က က်န္‌ျပည္ေထာင္မ်ားကို တာဝန္ယူမည္ဟု သေဘာတူညီခဲ့ၾကျခင္းျဖစ္သည္ ။
ပင္ပန္းခဲ့ေသာ ႏွစ္မ်ားျဖစ္ခဲ့သည္ ။
Raven ကို သိမ္းပိုက္ၿပီး ပထမေျခလွမ္းကိုစခဲ့ၿပီျဖစ္ရာ အခုေတာ့ သူတို႔ႏွစ္ေယာက္စလုံး ေနာက္ျပန္လွည့္ဖို႔ မျဖစ္ႏိုင္ေတာ့ ။
သူတို႔ေဖာက္ေသာလမ္းတြင္ ေသြးေျမက်ခဲ့ေသာအျပစ္မဲ့သူတို႔၏ ဝိဉာဥ္မ်ားေအးခ်မ္းေစရန္ နတ္ဘုရားေတြကိုသာ ဆုေတာင္းမိသည္ ။

စေတးခံခဲ့ရေသာ မ်က္ႏွာမ်ားကို ျပန္လည္ျမင္ေယာင္ရင္း ‌ေသးငယ္ေသာမ်က္ႏွာ ၊ပိန္လွီေသာကိုယ္လုံးေလးျဖင့္ က်ဳံ႕ေကြးကာထိုင္ေနေသာ ပုံရိပ္ငယ္တစ္ခု အသိစိတ္ထဲဝင္ေရာက္လာ၏ ။

Adam : " Raven က်ၿပီး Afa Raven ရဲ႕ အေျခအေနဘယ္လိုျဖစ္သြားသလဲ ? "

Adam ၏ ေမးခြန္းကို ‌အနားမွာရပ္ေနေသာ အေစအပါးေယာက်ၤားက လ်င္ျမန္စြာေျဖၾကားသည္ ။

" အရွင့္သားကို ေလွ်ာက္တင္ပါတယ္
Afa Raven ဟာ သူ႔အေဖရဲ႕အစား စစ္အက်ဥ္းသားျဖစ္သြားပါတယ္
ဧကရာဇ္ကိုအပ္ရင္ ျပည္သူကိုခ်မ္းသာေပးမယ္ဆိုတဲ့ သေဘာတူညီခ်က္အတြက္ ထိုးေကြၽးခံလိုက္ရတယ္ထင္ပါတယ္ "

‌ေသြးေျမမက်ေသာ ေအာင္ႏိုင္မႈဟာ ခက္ခဲမည္ကိုသိေပမယ့္ Ash ၏ ေခါင္းမာမႈေၾကာင့္ Raven ဧကရာဇ္ရဲ႕ေခါင္းကိုသာယူဖို႔ သူသေဘာတူခဲ့ရသည္ ။
အခုေတာ့ နယ္႐ုပ္ဘုရင္ကို ခ်ေကြၽးၿပီး ရန္သူအစစ္ကေျပးခဲ့ၿပီ ။

Adam : " အဲဒီေတာ့ Afa က Xavia မွာေပါ့ ? "

အေျဖကို သိေနၿပီးျဖစ္ေပမယ့္ Adam သည္ ေမးမိသည္ ။
Xavia Ash ၏ စ႐ိုက္ကို ေကာင္းစြာသိသူမို႔ Afa ကို မကြပ္မ်က္ပဲ ႏွိပ္စက္ေနမည္ကို သိသည္ ။
Afa ၏ေနရာ၌ Raven ဘုရင္အစစ္သာျဖစ္ခဲ့လ်င္ ေနရာ၌ကိစၥတုံးခဲ့မည္ျဖစ္ေသာ္လည္း ၊ အတိတ္တစ္ခုရွိခဲ့ေသာ Afa အေပၚတြင္ Ash သည္ ေဝခြဲမရျဖစ္ေနေတာ့မည္ ။

" မွန္ပါ , Afa Raven ဟာ Xavia နန္းေတာ္မွာ ဖေယာင္းပန္းေကာက္တဲ့ အျပစ္ဒါဏ္နဲ႔ ေန႔စဥ္ျဖတ္သမ္းေနေၾကာင္းပါ "

Adam : " ဘယ္လို ? "

Adam သည္ ထိုသတင္းကိုၾကားေသာ္ အေစအပါးျဖစ္သူ၏ မ်က္ႏွာကို မယုံႏိုင္စြာ တစ္ခ်က္အကဲခတ္သည္ ။
လိမ္လည္ေနတာလဲ မဟုတ္သလို ၊ ‌စေနာက္ေနတာလဲ မဟုတ္ ။
ထို႔ေၾကာင့္ Adam သည္ ငိုမလို ရယ္ရမလိုျဖစ္သြားခဲ့သည္ ။

Adam : " ဟက္ ! Ash , Ash, မင္းရဲ႕ ဟာက အရမ္းကေလးဆန္လြန္းလို႔ ငါစိတ္ပူမိတယ္ကြာ "

ထိုသို႔ေရ႐ြတ္လိုက္ၿပီး မ်က္ဝန္းနီႏွင့္မင္းသားေလးသည္ သေဘာက်စြာရယ္ေမာလိုက္ေတာ့သည္ ။

ဖေယာင္းပန္းနီေတြသည္ ျပင္းထန္ေသာလိုခ်င္မက္ေမာျခင္း အခ်စ္တို႔ကို ေဖာ္က်ဴးေသာ ႏူးညံ့တဲ့တည္ရွိမႈေလးမ်ားပင္ျဖစ္‌ေပေတာ့သည္ ။

_______________________________

ေတာက္ပေသာအလင္းတန္းတစ္ခုေၾကာင့္ Afa သည္ မ်က္လုံးမ်ားကို ဖြင့္ၾကည့္လို႔မရ ။
‌မ်က္ႏွာ‌ေပၚ၌ခံစားေနရေသာ ေႏြးေထြးမႈေၾကာင့္ ေနေရာင္ျခည္ျဖစ္ေၾကာင္း သိရသည္ ။
အိစက္ေသာ ေမြ႕ယာတစ္ခုေပၚ၌ လွဲေလ်ာင္းေနရတာေၾကာင့္ မိမိ၏အျဖစ္ကို မယုံႏိုင္ေသး ။
‌ေမြးပ်ံ႕ေသာအနံ႔တစ္ခုလည္း အခန္းထဲ သင္းပ်ံ႕ေနကာ အိပ္မက္တစ္ခုပမာ သက္ေတာင့္သက္သာျဖစ္ရသည္ ။

ဒါမွမဟုတ္ Afa ေသဆုံးၿပီး ေကာင္းကင္ဘုံသို႔ ေရာက္ခဲ့ၿပီေလာ ?
ထိုသို႔ကေလးဆန္ေသာအေတြးေလးတစ္ခုနဲ႔ Afa သည္ ေက်နပ္စြာၿပဳံးလိုက္မိသည္ ။

ထိုေန႔ညက ေအးစက္ေသာၾကမ္းျပင္ေပၚ၌ လွဲေလ်ာင္းရင္း အရာရာကိုၿမိဳသိပ္ သည္းခံခဲ့ရေသာ မိမိ၏ေသးသိမ္သည့္ျဖစ္တည္မႈကို ခံျပင္းခဲ့သည္ ။
သူတစ္ပါးအတြက္ပဲ ရွင္သန္ခဲ့ရေပမယ့္ ေသလြန္‌တဲ့အခါ လြတ္ေျမာက္ခြင့္ကေလးကို Afa ေတာင့္တခဲ့သည္ ။
ဒါကို နတ္ဘုရားေတြ ၾကားခဲ့ၿပီထင္ပါသည္ ။

Xavia ဘုရင္၏ အျမတ္ေဒါသအၿငိဳးေတြ၊ ႏွိပ္စက္ညႇင္းပန္းမႈေတြဆီကေန လြတ္ေျမာက္ခဲ့ၿပီ ။
တန္ဖိုးထား‌ရေသာသူတို႔အတြက္ စေတးခဲ့ေသာ မိမိ၏ခႏၶာကိုယ္သည္ နာက်င္မႈေတြကို ထပ္ၿပီးမခံစားရေတာ့ ။
ဝမ္းသာပီတိတို႔ျဖင့္ မ်က္ရည္ပူမ်ား ယိုစီးက်လာခဲ့သည္ ။
လက္ေခ်ာင္းေလးေတြကို ေမြ႕ယာထပ္ထိေတြ႕ခံစားၾကည့္ရင္း ေရ႐ြတ္မိသည္ ။

" ေကာင္းကင္ဘုံက ေႏြးလိုက္တာ . . . ဟင္း "

ငိုရႈိက္သံတိုးတိုးေလးၾကားက စကားသံသည္ အခန္းဝ၌ရပ္ကာ တိတ္တဆိတ္ေငးၾကည့္ေနေသာသူ၏ ေအးခဲေနေသာႏွလုံးထပ္ ထုတ္ခ်င္းေပါက္သြားကာ နာက်င္ေစသည္ ။
ထိုသူ၏ မ်က္ဝန္းနက္ေတြသည္ မႈိင္းညိဳ႕ေနကာ အိပ္ေရးပ်က္ေသာညမ်ားဆက္ခဲ့တာေၾကာင့္ လွပေသာမ်က္ႏွာေတာ္သည္ ႏြမ္းနယ္လ်က္ ။
သူသည္ ကုတင္ေပၚက ေသးငယ္ေသာလူသားကို ေငးေမာရင္း ဒဏ္ရာရေသာနတ္ဆိုးတစ္ေကာင္ပမာ တဆတ္ဆတ္တုန္ယင္ေနခဲ့သည္ ။

____________________________

Weiterlesen

Das wird dir gefallen

157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
1.2M 90K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1M 54.1K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...