"အဲ့ဒါဆိုရင် နဂါးတွေက အရင်တုန်းကနတ်ဘုရားဖြစ်ခဲ့တာပေါ့"
"ဟား.ဟား.. ဟုတ်ရင်လည်းဟုတ်မှာပါ " ဆယ်ကျာ်သက်အရွယ်ကောင်လေးတယောက်ရဲ့ အမေးကြောင့်အဖြူရောင်မုတ်ဆိတ်မွေးအရှည် ကြီးတွေနဲ့ အဘိုးကြီးက ဟားတိုက်လိုက်ရင်းပြန်ဖြေသည်။
"ဘာလို့ဟုတ်ရင်လည်းဟုတ်မှာပေါ့လည်း?"
"နတ်ဘုရားတြွေဖစ်ခဲ့တာ မဖြစ်ခဲ့တာထက် နတ်ဘုရားလို့ အသိအမှတ်ပြုခဲ့လားမပြုခဲ့
လားက ပိုအရေးကြီးလို့ပေါ့ကွ" ပြောပြီးရှေ့ကစားပွဲပေါ်မှာရှိသည့်ရေနွေးခွက်ကိုယူ မော့လိုက်သည်။
"ရှစ်ဇွင်း ကျနော်ကိုတခုခုပြောပြစရာရှိတယ်မို့လား"
ပြောလည်းပြော ချက်ချင်းလေအလျင်နဲ့ မျက်နှာချင်ဆိုင်လျှက် စားပွဲပေါ်ကိုမေးထောက်လျှက်ရောက်လာသည်။
"ဟား ..ဟားဟား မင်းကသိချင်နေတာမဟုတ်ဘူးလား?"
"အဲ့ဒါဆိုလဲပြောပြလေ"ချယ်ရီပန်းလေးလို ပန်းရောင်သန်းနေတဲ့ကောင်လေးရဲ့နှုတ်ခမ်းလေးဆူနေသည်။ ဆယ်ကျော်သက်အရွယ်ကောင်လေးက အများရှေ့မှာ အလွန်တည်ငြိမ်သလောက် သူ့၏ဆရာ ရှေ့တွင်တော့ မျက်နှာဖုံးကိုခွာချထားသည်။ အမြဲတည်တည်ငြိမ်ငြိမ်နဲ့ အများနဲ့ရှောင်နေရတဲ့ သူဘဝမှာ သူဆရာရှေ့ကလွှဲ ပေါ့ပေါ့ပါးပါးနေလို့ရတဲ့နေရာမရှိဘူး။
"အရင်တုန်းက နဂါးတွေကလည်း ကောင်းကင်ဘုံရဲ့လက်အောက်က နတ်ဘုရားတွေပဲ ဒါပေမယ့် သေချာပေါက် မိစ္ဆာမျိုးနွယ်ဝင်ဖြစ်တဲ့ နဂါးတွေကို အမြင်ကြည်မယ်မထင်ဘူး
အင်း.... တခုခုမှားလိုက်တာနဲ့ ချက်ချင်းဒုက္ခရောက်သွားနိုင်တဲ့အခြအနေအထိပဲ
အွန်း....ဖြစ်ချင်တော့ နဂါးတွေထဲက အနက်ရောင်နှဂါးမင်းက နတ်ဘုရားတပါးနဲ့ချစ်ကြိုးသွယ်ခဲ့တယ်"
"နတ်ဘုရားတပါးနဲ့ !??"
"ဟုတ်တယ်... နတ်ဘုရားတပါး
သူ့ရဲ့အဖြူ ရောင်ဆံနွယ်တွေကလေထဲမှာလွင့်ပျံနေတာတောင် ခြေဖျားကိုထိလုမတန့်ပဲ
သူ့ရဲ့အဖြူရောင်ဝတ်ရုံရှည်ကြီးကလဲ နေရောင်အောက်မှာဆို တောက်ပနေရော
တကိုယ်လုံးအဖြူရောင်ချည်းပဲမို့ တိုက်တိုက်တွေကြားမှာဆို ကိုယ်ဖျောက်ထားသလားပဲ
ဒါပေမယ့် သူ့နဖူးပေါ်က လင်းနေတဲ့အနီရောင်ကျောက်လေးရှိတယ်
နောက်ပြီး သူကိုင်တဲ့ နှစ်ဖက်သွား ဓားရှည်
အဲ့ဒါကအထူးခြားဆုံးပဲ ကိုယ်ထည်တခုလုံး အနီရောင်တောက်နေတဲ့ကျောက်သားနဲ့လုပ်ထားတာ ဓားသွားကနီရဲနေပြီး သွေးစွန်းရင်တောင်သိသာတာမဟုတ်ဘူး
ဒါပေမယ့် သွေးစွန်းစရာအကြောင်းလဲမရှိဘူး"
"ဟင်!..ဘာလို့တုန်း"
"သူကစစ်နတ်ဘုရားမဟုတ်လို့လေ
သူကအစောင့်အရှောက်နတ်ဘုရားလေးပဲ
ကလေးတွေရဲ့အစောင့်အရှောက်နတ်ဘုရား တယောက်ယောက်ရဲ့ ဘဝကိုစတင်တဲ့အခိုက်အတန့်ကို သူကထိန်ချုပ်ထားတာ"
"......."
"ဒါပေမယ့် ချစ်ခြင်းတခုက သူကိုနတ်သက်ကြွေစေတယ် နဂါးဘုရင်ဘက်ကစခဲ့တဲ့ချစ်ခြင်းတခုက အစောင့်အရှောက်အရှောက်နတ်ဘုရားလေးရဲ့ ပေးဆပ်ခြင်းမှာအဆုံးသတ်ခဲ့တယ်"
"နောက်ပြီးတော့ရော ..ဘာဆက်ဖြစ်သွားလဲ
အနက်ရောင်နဂါးဘုရင်ကငြိမ်နေမယ်မထင်ဘူး"
"ဟုတ်တာပေါ့ ငြိမ်နေမလား ဒီလိုနဲ့ပဲ ကောင်ကင်ဘုံကကျိန်စာအကြီးကြီးတခုချမှတ်ခဲ့တယ် နောက်ပြီး သူလည်းသေသွားတယ်"
"ဒါနဲ့ ရှစ်ဇွင်း သူ့ကိုတိုက်ခဲ့တဲ့ကျိန်စာကဘာလဲဟင်?"
___
"ရှစ်ဇွင်း.."
တိတ်ဆိတ်နေတဲ့ ခန်မအလယ်မှာ ကြိုးတွေနဲ့ချည်ထားတဲ့လူတယောက်ကဒူးထောက်လျှက်ရှိသည်။ အဖြူရောင်ဝတ်ရုံက တောက်ပြောင်မနေဘဲ ဟောင်းနွမ်းညစ်ပေနေသော်လည်း ချောမောလှသော မျက်နှာလေးကိုနဲနဲလေးမှ အရောင်မှိန်စေမည်မဟုတ်။ အဖြူရောင်ဆံပင်ရှည်တွေက ဒူးထောက်ထိုင်ထားတဲ့အနေအထားကြောင့် ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေသည်။ နှင်းပွင့်လေးတွေလိုဖြူ ဖွေးနေတဲ့ မျက်နှာပေါ်မှာ ဆံချည်မျှင်တပင်တောင်မကျစေအောင် စုသိမ်းကာဆံနွယ်တဝက်ကို အဖြူရောင်ဖဲကြိုးလေးဖြင့် စည်းနှောင်ထားပြီး လှပကျော့ရှင်းသည့်မျက်နှာလေးကို လှစ်ဟာထားသည်။
"ရှစ်ဇွင်း..ကျွန်နောက်ကိုပြန်ပြောပါအုံး
ရှစ်ဇွင်း!!!!!!!
ရှောင်း ! ရှောင် ! ပိုင် !"
ခပ်လှမ်းလှမ်း ခုံပေါ်ကနေထိုင်နေတဲ့ လူငယ်၏ အော်သံက ခန်မဆောင်အတွင်းပဲ့တင်ထပ်သွားသည်။ သူရဲ့ရှစ်ဇွင်းဖြစ်သူကတော့ မလှုပ်မယှက်ထိုင်နေတုန်း။
အနက်ရောင်ဆံနွယ်တွေကို ခပ်မြင့်မြင့်စီးထားပြီး ဧကရာဇ်တပါးလို အဆင်တန်ဆာတွေနှင့် ထိုကောင်လေးရဲ့အကြည့်တွေကတော့ ကြိုးတွေနဲ့တုတ်နှောင်ထားတဲ့ သူဆီကနေ အကြည့်ခွာသွားခြင်လုံးဝမရှိခဲ့ပေ။
လွန်ခဲ့နှစ်ဆယ်ငါးနှစ်လောက်တုန်းက ဆူးတောင်တွေရဲ့တနေရာမှာ ငိုနေတဲ့ကလေးလေး။ အနက်ရောင် အဝတ်လေးနဲ့လုံးထားတဲ့ ကလေးလေးကသေသွားတဲ့ သူ့အမေရဲ့ဘေးမှာ အော်ဟစ်ငိုကြွေးနေတယ်။ လူဆိုတာတောင်မသိသေးတဲ့လသားအရွယ်ကလေးလေး
လက်ထဲကိုချီလိုက်တော့ သူ့ကိုမော့ကြည့်နေတဲ့ကလေး
အခုရှေ့မှာသူ့ကိုပြန်ငုံ့ကြည့်နေပြီ။
အမြဲပြုံးပြီးသူနားရှိခဲ့တာ သူက အခု အလှမ်းဝေးတဲ့နေရာမှာထိုင်နေပြီ။
လုံးဝ အကြွင်းမဲ့ယုံကြည်ခဲ့ရတဲ့သူက အခုဘာလုပ်မယ်ဆိုတာကိုတထစ်ချ ယုံကြည်ဖို့မရဲတော့ဘူး။
အဲ့ဒီကောင်လေးကထိုင်နေရာကနေထပြီး ရှေကအဖြူရောင်အရိပ်လေးဆီတဖြည်းဖြည်းဦးတည်လာခဲ့သည်။
တည်ငြိမ်လွန်းတဲ့မျက်နှာထားနဲ့ ကျွန်တော်ရှစ်ဇွင်းကတော့ ကြမ်းပြင်ကိုသာစိုက်ကြည့်နေဆဲ။ ခံစားချက်ကိုမမြင်နိုင်တဲ့ မျက်နှာသေနဲ့။ သူ့ရှေ့မှာဒူးတဖက်ထောက်ပြီးထိုင်လိုက်သည်။
"ရှစ်ဇွင်း........" အသံတိုးတိုးလေးကနေတဆင့် ဝမ်းနည်းနေတဲ့အရိပ်အယောင်တွေကို ခံစားနေရတယ်။ ကလေးတယောက်ကို ချောမြူခေါ်နေသည့်နှယ် အသံကိုနှိမ့်ချထားသည်။
"ရှစ်ဇွင်းလို့......"
"ငါ့ကိုရှစ်ဇွင်းလို့ ထပ်မခေါ်နဲ့" သူ့ကိုကြည့်နေတဲ့ အနှီကောင်လေးရဲ့အကြည့်တွေကို လုံးဝရင်မဆိုင်နိုင်ဘူး။ နာကြည်းမှုအရိပ်အယောင်နဲနဲလေးရောနေပြီး ဝမ်းနည်းမှုတြွေပည့်လျံနေတြဲမျက်ဝန်း။ ပါးစပ်က 'ရှစ်ဇွင်း'လို့သာ ခေါ်နေပေမယ့် မျက်ဝန်းတွေကနေ တဆင့် လူကိုတုပ်နှောင်ပြီး မေးခွန်းပေါင်းများစွာနဲ့ စစ်ဆေးနေလေပြီ။
"ငါ့တို့ရဲ့ ဆရာတပည့် ဆက်ဆံရေးကအဆုံးသတ်ခဲ့တာကြာပြီထင်တယ်"
"ဘယ်သူသဘောနဲ့လဲ .! ဘယ်သူ့သဘောနဲ့လဲလို့!.!.. ဟမ်!..ကျွန်တော်အတွက်တော့ရှစ်ဇွင်းတယောက်ထဲကပဲ ကျွန်တော်ရဲ့ ဆရာပဲ၊ကျွန်တော့်ရဲ့အဖေ၊ကျွန်တော့်ရဲ့အမေ၊ကျွန်တော့ရဲ့ အရာအားလုံးဘဲ
ဘာလို့ရှစ်ဇွင်းက အဆုံးသတ်ပြီလို့လာပြောနေတာလဲ
ဘယ်သူ့သဘောနဲ့လဲ!!!
ဘယ်သူ့သဘောနဲ့အဆုံးသတ်ပြီလာပြောနေရတာလဲ!!!!"
ဒေါသတကြီး အော်ဟစ်နေတဲ့အသံက ခန်းမတခုလုံးဟိန်းထွက်နေသည်။ ရှေ့က မျက်တောင်မခပ်ထိုင်နေတဲ့ သူရဲ့ပုခုံးတွေကိုကိုင်က လှုပ်နေရင်း အော်ခေါ်နေမိသည်။
"ရှစ်ဇွင်း!!"
"...."
"ကျွန်တော်ဘာအမှားလုပ်မိလိုလဲဗျာ ... ကျွန်နော်တို့ အဆင်ပြေခဲ့ကြတာပဲမဟုတ်လား
ရှစ်ဇွင်း ကျွန်တော်တို့ အဲ့ဒီနေ့မတိုင်ခင်အထိ ကျွန်တော်တို့ အဆင်ပြေနေခဲ့ကြတာပဲမဟုတ်လား
ဘာလို့ရုတ်တရပ်ကြီးလဲ
ဘာလို့လဲ
ရှစ်ဇွင်းကအဲ့လို ရုတ်တရပ်ကြီးဆိုတော့ကျနော်က ဘာသိမှာလဲ...ရှစ်ဇွင်းပြောပြမှ ကျွန်တော်ကသိမှာပေါ့
ကျနော်က မိစ္ဆာသွေးပါနေလို့လား??
ဟင်
အဲ့ဒါဆိုလည်း ဘာလို့ကျနော်ကိုခေါ်လာခဲ့သေးလဲ
ကျနော်လူမဟုတ်မှန်းသိခဲ့ရဲ့သားနဲ့
ရှစ်ဇွင်းကျွန်တော်ကို ခေါ်လာခဲ့တာပဲမဟုတ်လား
ဧကရာဇ်ကြောင့်လား?
သူ့ကြောင့်လား??
အဲ့ဒါဆိုလဲ အခုကြည့်
ကျွန်တော် သူကိုသတ်လိုက်ပြီလေ
အခုကျွန်တော်က ဧကရာဇ်ဖြစ်သွားပြီ
ရှစ်ဇွင်း!!!!!!
ဘာလို့လဲ!!!!ဘာလို့လဲလို့
ရှစ်ဇွင်းဖြေအုံးလို့"
"........"
တယောက်ထဲ အော်ဟစ်မေးနေပေမယ့် ကြားချင်တဲ့အဖြေကိုတော့မရခဲ့ဘူး။ ရှစ်ဇွင်းကတည်ငြိမ်နေစဲ။ ကြမ်းပြင်ကိုပဲ မျက်တောင်မခတ်ကြည့်နေတယ်။ ရှေ့တည့်တည်ကပြောနေတဲ့သူကိုတော့ ကြမ်းပြင်ပေါ်သူစိုက်ကြည့်နေရတာလောက်ကို စိတ်ဝင်စားပုံမရဘူး။ဒါမှမဟုပ် တခြားဆီအတွေးတွေလွင့်နေလို့ များလား။
"ရှစ်ဇွင်း.." အော်နေတာကိုရပ်လိုက်ပြီး ချိုချိုသာသာလေး ပြန်ခေါ်လိုက်သည်။
"ငါ့ကို မင်းရဲ့ရှစ်ဇွင်းလို့ သတ်မှတ်ထားရင်လည်း လက်ကကြိုးကိုဖြေပေးသင့်တယ် အရမ်းကိုမလေးစားရာကျမနေဘူးလား" တိကျပြတ်သားတဲ့အသံက အမိန့်ဟုဆိုရင်တောင် မှားနိုင်ဖွယ်မရှိ။
လက်တချက်အဝှေ့မှာ ပဲ တုတ်ထားတဲ့ကြိုးတွေက ပြာမှုန့်ဘဝသို့ ကူးပြောင်းသွားသည်။ ရှစ်ဇွင်းစကားဆို အမြဲနားထောင်ခဲ့တော့ အခုလည်းအကျင့်ကပြင်မရသေးပုံပဲ။
ရင့်ကျက်ပြီထင်ပေမယ့် တကယ်တန်းကျတော့ အရင်လိုအတိုင်းပါပဲ။ ပြောင်းလဲမလာဘူး ။ စကားလေးတခွန်းပဲထွက်လာတာကို အရမ်းတွေမျှော်လင့်နေတုန်း။လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းကလိုမျိုး -
"မင်းမွေးနေ့မဟုပ်လား.ပေးစရာရှိတယ်ငါ့ကိုစောင့်နေ"လို့ပြောလိုက်တာနဲ့ လုံးဝကိုပျော်သွားမိတာ။ စကားမပြောဘဲ တနှစ်လုံးလုံးနေလာတဲ့သူက ကျွန်တော့မွေးနေ့မှာစကားပြောလာခဲ့တယ်။ အရမ်းကိုမျှော်လင့်မိခဲ့တာ။ ဘာပဲဖြစ်ဖြစ် ယူဖို့အဆင့်ဖြစ်နေပေမယ့် မွေနေ့လက်ဆောင်က ဓားတချောင်းဖြစ်နေခဲ့မယ်လို့မထင်မိခဲ့ဘူး။ ဓားတချောင်းကမ်းပေးပြီး တိုက်ဖို့စိန်ခေါ်ခဲ့မယ်လို့ မျှော်လင့်မထားမိဘူး။
မျက်တောင်လေးတောင်မခပ်ဘဲ တောင်ပေါ်ကနေတွန်းချခဲ့တာ။ထုတ်ချင်းပေါက်သွားတဲ့ ရင်ဘက်က ဓားဒါဏ်ရာနှစ်ခုကိုတောင်မငှဲ့ခဲ့ဘူး။ ဘာမှမမျှော်လင့်ခဲ့ရင်ကောင်းသား။ အရမ်းမျှော်လင့်ခဲ့မိလို့ရတဲ့ ရင်ဘက်ထဲကဒါဏ်ရာက အဆိုးဆုံးပဲ။
အခုလည်း စကားလေးတခွန်း..
ဘာမဟုတ်တဲ့စကားလေးတခွန်းထဲနဲ့ကို ဘာတွေမျှော်လင့်နေလဲမသိဘူး။ နောက်ထပ်ပြောတဲ့စကားတလုံးကပဲ သူမျှော်လင့်ချက်တွေကိုရိုက်ချိုးလိုက်တော့တာ။
"ငါ့ကိုလက်စားချေဖို့မို့လား အခုငါ့ကိုသတ်တော့မှာလား"
ပြောရင်းဒူးထောက်ထားရာမှထလာခဲ့သည်။
လက်စားချေဖို့.....
သတ်တော့မှာလား.....
ရှစ်ဇွင်း ... ရှစ်ဇွင်း ကျွန်တော်စိတ်ကိုတကယ်မမြင်နိုင်ဘူးပဲ။ကျွန်တော်က ရှစ်ဇွင်းသေဆိုရင်တောင်သေမယ့်ကောင်ပါ။အခုကျွန်တော် ဘာမှထပ်မျော်လင့်လို့မရတော့ဘူးပဲ။ ကျွန်တော်ကို အဲ့လိုတွေးလိမ့်မယ် ထင်မထားဘူး။ကျွန်တော်က အဲလိုစိတ်မရှိဘူးဆိုတာ ရှစ်ဇွင်းအကြွင်းမဲ့ကိုယုံသင့်တာလေ။ ကျွန်တော်က ဒီတိုင်းရှစ်ဇွင်းကို အဲ့လူတွေလက်ထဲကနေကယ်ပေးဖို့ ဒီနေရာရောက်အောင်ကြိုးစားခဲ့တာလေ။ ကျွန်တော်လိုချင်တာ ရှစ်ဇွင်းရဲ့ဖြေရှင်းတဲ့စကားလေးတခွန်းပဲ။ အမှန်ဖြစ်ဖြစ် အမှားဖြစ်ဖြစ် ဘာဖြစ်ဖြစ် လုံးဝယုံပေးမှာ။ ဒီတိုင်း ကျွန်တော်ဆိုတဲ့ကောင်က ရှစ်ဇွင်းဆီကအပြုံးလေးတချက်ရရင်ကို တဘဝလုံးစာဖူလုံနေတဲ့သူပါ။
"ရှစ်ဇွင်း..." ဝမ်းနည်းစွာညည်းမိသည်။ မျက်နှာခြင်းဆိုင်က ရပ်နေတဲ့သူကိုငုံကြည့်နေမိသည်။ အကြည့်ချင်းဆုံနေပြီး အချိန်အတော်ကြာ တယောက်မျက်လုံးတယောက် စိုက်ကြည့်နေမိသည်။
စောင့်ခဲ့တယ်....
အရင်တုန်းကကော အခုကော
ဒါပေမယ့် ဘာမြှပန်မရခဲ့ဘူး
အဲ့တုန်းက ရှစ်ဇွင်း တခါးပိတ်လေ့ကျင့်နေခဲ့တာ။ ရှစ်ဇွင်းရဲ့ဆရာ ဆုံးသွားပြီးတော့ ရှစ်ဇွင်းတံခါးပိတ်လေ့ကျင်နေခဲ့တယ်။
ညတိုင်းအဆောင်ရှေ့မှာချထားတဲ့အစည်းအတားကိုပဲထိုင်ကြည့်နေမိတယ်။ အနီရောင်ပန်းတွေ ဝေဝေဆာဆာဖူးပွင့်နေတဲ့ အပင်လေးကိုမှီရင်းနဲ့ပဲ ညလုံးပေါက်နေခဲ့တယ်။ ရှစ်ဇွင်းနဲ့အဆောင်ရှေ့မှာပဲ အပင်ငယ်လေးကိုမှီရင်းအိပ်စက်တယ်။ တဖြည်းဖြည်းအပင်လေးကကြီးလာတယ်။ ကျွန်နော်အသက်တွေကောပဲ။ ဒါပေမယ့်အဲ့ဒီတခါးရှေ့က အစည်းအတားကတော့ တည်ရှိနေတုန်း။ ဆယ်နှစ်လုံးလုံး တခါးလေးကဖွင့်မလာခဲ့ဘူး။
သစ်ပင်လေးကပဲ ကျွန်တော်ရဲ့ခေါင်းအုံးဖြစ်လာခဲ့တယ်။
မနက်ခင်းလေးတခုမှာ တံခါးလေးကဖွင့်လာခဲ့တယ်။ ဆယ်နှစ်ကြာလောက် နီးနီးလေးနဲ့ဝေးကွာနေခဲ့တာကြောင့် ရှစ်ဇွင်းကတွေ့တွေ့ချင်း မှတ်မိခဲ့ပုံမပေါ်ဘူး။ အိပ်နေတဲ့ ကျွန်တော်ခေါင်းပေါ်က ပွင့်ဖတ်လေးတွေကိုဖယ်ပေးနေခဲ့တယ်။ တည်ငြိမ်တဲ့ မျက်နှာထားနဲ့ လုပ်နေတဲ့အပြုအမူက နဲနဲလေးမှ မလိုက်ဖတ်ပေမယ့် အဲ့ဒါက ကျွန်တော့ ဘဝမှာ အပျော်ဆုံးအခိုက်အတန့်ဆိုလည်း အမှားဘူး။
ဒါပေမယ့် ကျွန်တော်ဆယ်နှစ်လုံးလုံးစောင့်ပြီးမှ ရလာခဲ့တဲ့ ရှစ်ဇွင်းက အရင်လိုစကားနဲပြီး အလှဆုံးအပြုံးလေးကို ပြုံးပြတတ်တဲ့ရှစ်ဇွင်းမဟုပ်ခဲ့ဘူး။ ဘာမှဂရုမစိုက်ဘဲ ဘာခံစားမှုမှမရှိတဲ့ အေးစက်တဲ့ရှစ်ဇွင်းဖြစ်နေတယ်။
တနှစ်လုံးလုံး စကားတခွန်းမှမပြောခဲ့ဘူး။ အားလုံးကို မရှိသလိုမေ့ထားပြီး တယောက်ထဲနေနေတတ်တယ်။ ပထမဆုံးစပြောလာတဲ့စကားက ကျွန်တော်မွေးနေ့မှာပေးစရာရှိတဲ့အကြာင်းတဲ့။ သေလောက်အောင် ပျော်နေပေမယ့် အရာအားလုံး အဲ့နေ့မှာပဲ မှားယွင်းခဲ့တာ။
ဓားတလက်ကိုကမ်းပေးပြီး သူနဲ့သိုင်းပြိုင်စေတယ်။အခုမှရွှေအမြုတေ ရကာစကျနော်ကိုငှဲငြှာသောအားဖြင့် သူ့ရဲ့စွမ်းအင်တွေကို လုံးဝထုပ်မသုံးခဲ့ဘူး။ ရှစ်ဇွင်းကို ဒီကောင်က ယှဉ်နိုင်မယ်တဲ့လား။ နှလုံးသားတည့်တည့်ကို ထုတ်ချင်းပေါက်ဝင်သွားတဲ့ ဓားတလက်။
အဲ့ဓားလေးက ခနအတွင်းပြန်ထွက်သွားတယ်။ ဓားလေးနဲ့အတူ နှလုံးသားတခုလုံးပါသွားသလိုပဲ။ ဆွဲထုပ်လိုက်တဲ့ဓားကိုလွင့်ပြစ်ပြီး ဓားတလက်ကိုပြန်ဆင့်ခေါ်လိုက်တယ်။
ရဲရဲတောက်နေတဲ့ နှစ်ဘက်သွားဓားရှည်တချာင်း။ ညစ်ညမ်းနေတဲ့ကျွန်တော်ရဲ့မိစ္ဆာသွေးက ခန္တာကိုယ်ထဲတဆုံးဝင်လာတဲ့ ဓားနဲ့အတူ ပြန်ပေါ်လာခဲ့တယ်။ ရှစ်ဇွင်းရဲ့သွေးနဲ့ထိန်းထားတဲ့ အဲ့ဒီညစ်ညမ်းတဲ့သွေးက ပြန်လည်စီးဆင်းလာတယ်။ မသိလိုက်ခင်မှာပဲ အပင်ပေါ်ကနေကြွေကျလာတဲ့သစ်ရွတ်လေးလို မတ်ဆောက်နေတဲ့တောင်ပေါ်ကနေ ပြုတ်ကျခဲ့တယ်။
အခုလည်း လေးနှစ်စောင့်ခဲ့ပြီးပြီ။ရှစ်ဇွင်းကို ရှာတွေဖို့။ ဘယ်လောက်တောင် ခက်ခဲခဲ့လဲ အဲ့လူဆီကနေ ရှစ်ဇွင်းကိုပြန်ယူဖို့
"ရှစ်ဇွင်း....... ကျွန်တော်ကို ဘာလို့ကယ်ခဲ့တာလဲ
အဟက်
ဒီတိုင်း စိတ်မကောင်းလို့လား
ကျွန်အမေကိုသတ်ခဲ့တာလဲ ရှစ်ဇွင်းပဲမို့လား
အဲ့တုန်းက ဘေးမှာငိုနေတဲ့လသားကလေးလေးကိုပါ တခါထဲသတ်ခဲ့သင့်တာ
မုန်းတယ်မို့လား ကျွန်တော်က အနက်ရောင်နဂါးသွေးပါနေလို့လား
အစကတည်းကမုန်းနေရင်လဲ ဘာလို့...ဘာလို့ တောင်ပေါ်ကိုခေါ်လာခဲ့သေးလဲ"
မျက်ဝန်းအစုံကိုဖြည်းဖြည်းချင်းမှိတ်ချလိုက်သည်။ ရှေ့က ငိုပြီးပြောနေတဲ့ ကောင်လေးကိုမကြည့်နိုင်တော့ဘူး။ သူ့ပခုံးနှစ်ဖက်ကို ကိုင်ထားတဲ့ တုန်ရီနေတဲ့ လက်တဖက်ကိုကိုင်လိုက်သည်။
"ရှောင်းယန်ကွမ်း...."
ခေါ်သံကြောင့်မျက်ရည်တွေနဲ့လှည့်ကြည့်နေတဲ့ သူ့ရဲ့အလင်းရောင်လေး။ တဘဝလုံးမှာ ယန်ကွမ်းတယောက်ကပဲ သူ့ကိုတောက်တောက်ပပပြုံးပြခဲ့တာ။ အမြဲအနားကနေအပျောက်မခံချင်လောက်အောင် သူရဲ့ပျင်းစရာကောင်းတဲ့ဘဝကြီးကိုအလင်းရောင်ပေးခဲ့တာ။
အခုမျက်ရည်တွနဲ့ မျက်လုံးလေးက စတွေခဲ့တဲ့အချိန်ကိုသတိရစေတယ်။
မက်ဆောက်နေတဲ့လှေကားထစ်တွေကို ကလေးတယောက်ကိုကိုးရင်း တယောက်ထဲတက်လာခဲ့တယ်။ လှေကားတွေကမက်ဆောက်လွန်းပြီးအဆုံးကိုမမြင်ရဘူး။ တောင်ထိပ်ကိုရောက်ဖို့ဆို ငါးရက်လောက်မနားဘဲ လှေကားတွေကိုတက်ရတယ်။ မြင်မားတဲ့ ကျောက်တောင်တွေပေါ်မှာ အနီရောင် ဇီးပန်းတွေက ဝေဝေဆာဆာပွင့်နေတယ်။ တလောကလုံးနဲ့အဆက်အသွယ်ပျက်နေတဲ့ သူတို့ရဲ့ တောင်ပေါ်ကို ခေါ်လာရင် အရာရာပြီးဆုံးမယ်ထင်ခဲ့တာ။နောက်ဆုံးတော့လဲတောင်အောက်ကို ကျသွားတဲ့သူကိုကြည့်နေခဲ့ရုံကလွှဲ မတတ်နိုင်ဘူး။ လွန်ဆန်လို့မရခဲ့ဘူး။ သူ့ကိုပေးထားတဲ့သွေးကို ပြန်ယူရုံကလွဲမတတ်နိုင်ခဲ့ဘူး။ အဲ့ဒီဓားကိုဆင့်ခေါ်ရင် အမြုတေတခုလုံးပျက်ဆီးသွားမှာသိပေမယ့် သူ့ကိုထဲမှာစီးဆင်းနေတဲ့ ကျိန်စာသင့်နေတဲ့ သူသွေးတွေကို ထုပ်ပစ်ဖို့ကလွဲ မတတ်နိုင်ခဲ့ဘူး။ သူသေမှာကို ထိုင်ကြည့်ခိုင်းလို့မဖြစ်လို့ တောင်အောက်ကို တွန်းချရုံကလွှဲ မတတ်နိုင်ခဲ့ဘူး။
"တောင်ပန်ပါတယ် မင်းရဲ့အမေအတွက်
နောက်ပြီး မင်းအဲ့လောက်တောင်သိချင်တာလား"
ပြူ းကျယ်သွားတဲ့ မျက်လုံးတွေနဲ့ ငုံ့ကြည့်လာတယ်။ အတန်ငယ်စွံ့အသွားတဲ့ ယန်ကွမ်းက ဘာစကားမှမပြောဘဲ အာဆေးမိနေတယ်။
"တောင်းပန်ပါတယ် ငါပြာပြနိုင်တော့မယ်မထင်ဘူး..ငါ..ပြောပြဖို့အချိန်..."
စကားပင်မဆုံးလိုက် ပါးစပ်ထဲကနေ သွေးတပွက်က ညစ်နေတဲ့အဖြူရောင်ဝတ်ရုံပေါ်ကို အန်လိုက်မိသည်။ လူကလည်းအရုတ်ကြိုးပျက်လဲကျသွားသည်။
ခနလောက် လန်ပြီးရပ်နေရမှ ဝုန်းကနဲထိုင်ချြပ်း ရှေ့ကသူကိုပွေ့ချီလိုက်သည်။
"ရှစ်ဇွင်း!!!.ဘာဖြစ်တာလဲ..ရှစ်ဇွင်းး! ကျွန်တော်ကိုမနောက်ပါနဲ့ ရှစ်ဇွင်း!!!!"
"အားးးးး"နာကျင်လို့အော်သံက ခန်မထဲမှာဟိန်းထွက်လာသည်။ လန့်ပြီးရင်ဘက်ပေါ်လက်တင်ကာ ချီစွမ်းအင်အများစုကိုသွင်းပေးမိသော်လည်း လက်ကိုတွန်းပြီး ထအော်သည်။ နောက်ပြီးသိလိုက်ရတာက ရှစ်ဇွင်းရဲ့ခန္တာကိုယ်မှာ ကောင်းတာတခုမှရှိတော့ဘူး။ အူတွေ၊ ကလိစာတွေ၊အသဲ၊နှလုံး အကုန်ကြေမွနေပြီ။ အခုထိတောင့်ခံနိုင်နေတာ တောင်လွန်လွန်းလှပြီ။
မျက်ရည်တွေက တာကျိုးနေပြီး ရင်ဘက်ထဲက အဖြူရောက်လေးကို တင်းနေအောင်ဖတ်ထားမိသည်။ အခုအချိန်က နောက်ဆုံးအချိန်ပဲ ကယ်တင်လို့ရတော့မှာမဟုတ်ဘူး။
"ရှစ်ဇွင်း..........
ရှောင်း..ရှောင်.ပိုင်....ခင်များကျွန်တော်ကို ရှင်းပြရအုံးမယ်လေ
ကျွန်တော်ကို တယောက်ထဲထားသွားလို့မဖြစ်ဘူးလေ"
နှစ်ဆယ့်ငါးနှစ်အရွယ် ကောင်လေးတယောက်က အသက်လေးဆယ်ကျော်လို့မထင်လောက်အောင်နုနှယ်ပြီး လှပတဲ့ ရှောင်ပိုင်ဆိုတဲ့သူကို ပွေ့ဖက်ထားရင်းငိုနေသည်။
တဘဝလုံးမှာ သူ့ရှစ်ဇွင်းရဲ့အပြုံးလေးတခုလောက်ပဲ လိုချင်မိတာ။
သူ့အမေကိုသတ်တဲ့သူဆိုတာသိလည်း မုန်းမရခဲ့ဘူး။
သူ့ကိုသတ်ဖို့ လုပ်ခဲ့လည်း မုန်မရခဲ့ဘူး။
မုန်းဖို့နေနေသာသာ သူဘာအမှားရှိလို့ ရှစ်ဇွင်းအဲ့လို့လုပ်ရသလဲ ဆိုပြီးပြင်ဖို့ကြိုးစားချင်ခဲ့တာ။
တကယ်လို့ သူ့ရှစ်ဇွင်းက သေစေချင်ခဲ့တာဆို သူ့ရှစ်ဇွင်းလက်ကိုတောင် သွေးပေခံမှာမဟုတ်ဘူး သူကိုယ်တိုင် သေပစ်လိုက်မှာ။
ချစ်တယ်....
ရှစ်ဇွင်းကို ချစ်တယ်...
ဘယ်လိုအချစ်မျိုးနဲ့ ချစ်လဲမသိပေမယ့်
တလောကလုံးနဲ့လဲြပ်ီးကို ရှစ်ဇွင်းကိုချစ်တာ
"ယန်ကွမ်း ငါ့မင်းကိုချစ်တယ်" အရမ်းလှတဲ့အပြုံးလေးတပွင့်နဲ့ နောက်ဆုံးရှိသမျှအားကုန်သုံးပြီး စကားလေးတခွန်းကိုပြောသွားတာ။
အဲ့နေရာမှာပဲ ယန်ကွမ်းမှင်သက်နေတုန်း
ယန်ကွမ်း ငါ့မင်းကိုချစ်တယ်.........
ယန်ကွမ်း ငါ့မင်းကိုချစ်တယ်........
ယန်ကွမ်း ငါ့မင်းကိုချစ်တယ်........
အဲ့စကားတွေပဲ နားထဲမှာပဲ့တင်နေတုန်း။ အဖြစ်အပျက်က မြန်လွန်းလို့ ဘာတွေကဘာတွေမှန်းကိုလိုက်မမှီတော့ဘူး။ဒီတပည့်က နုံချာလွန်းလို့ ရှစ်ဇွင်းကပဲဖြစ်ဖြစ် ရှင်းပြသင့်တယ်မဟုတ်ဘူးလား။
"ရှစ်ဇွင်း ကျနော်လဲ ရှစ်ဇွင်းကိုချစ်တယ်လေဗျာ အဲ့တခွန်းလေး ဖြစ်ဖြစ်နားထောင်သွားသင့်တာမဟုတ်ဘူးလား
ရှစ်ဇွင်း......
ရှစ်ဇွင်းလို့......
အားးးးးးးး!!!!!!!!!!!!!!!"
"ယန်ကွမ်း" နောက်ကျောနားက အသံကိုကြားလိုက်ပေမယ့် လှည်မကြည့်ဖြစ်ဘူး။ ဒီအသံကို မှတ်မိသည်လေ။ ရှစ်ဇွင်းဆရာရဲ့သား ဆရာတူဦးလေး။
"ဆရာတူ ဦးလေး ဘာတြွေဖစ်ကုန်တာလဲဟင်...ကျွန်တော်.ကျွန်တော်ဘာမှကိုမသိတော့ဘူး"
"ရှောင်ပိုင်က သူများဆီမှာ လွယ်လွယ်အဖမ်းခံရမယ့်သူလား
ဧကရာဇ်ကအမျက်တော်ရှလို့ဖမ်းခဲ့ပေမယ့် အဲ့မတိုင်ခင်ကတည်းက သူရဲ့ ရွှေအမြုတေက ပျက်စီးနေပြီးသား
သူ့ကို လွန်ခဲ့တဲ့တနှစ်ကမှစပြီး ပိတ်ထားလိုက်ကြတာ သူအခုအချိန်ထိ တောင့်ခံနေမယ်မထင်ဘူး
ငါနဲ့နောက်ဆုံးတွေ့ခဲ့တဲ့အခေါက်ကကို သူတော်တော်လေးအခြေအနေမကောင်းတော့တာ"
"ဘယ်အချိန်ကတည်းကလဲဟင်?" လက်ထဲက သူကိုပိုပြီးတင်းကျပ်နေအောင်ဖတ်ရင်းမေးလိုက်သည်။ သူ့ပုံစံက အရူးတယောက်လိုပဲ ထွက်သွားပြီးတဲ့ လူတယောက်ကို ထွက်သွားမှာကြောက်လို့ အတင်းဖက်ထားသလိုမျိုးပုံပေါ်နေသည်။
"မင်းမရှိတော့ကတည်းကပဲ
ငါ့အဖေသေခဲ့တာဘယ်သူကြောင့်လဲသိလား
ရှောင်ပိုင်က အမြဲသူကြောင့်ပဲပြောနေခဲ့တာ
အဲ့ဒါလည်းဟုတ်တာပဲ
သူမင်းကိုခေါ်လာခဲ့လိုဖြစ်တာလေ
အဖေက ကောင်ကင်ဘုံတက်ဖို့ဖြစ်လာဖူးတယ် နတ်ဘုရားတပါးဖြစ်လာရင် အရင်ဆုံးတာဝန်တခုကိုထမ်းဆောင်ရတယ် ပထမဆုံးတာဝန်က ကောင်းကင်ဘုံကနတ်ဘုရားတပါးကို ပြန်ခေါ်ဖို့ပဲ ဒါပေမယ့် အဖေကအမေနဲ့ ချစ်ကျွမ်းဝင်ခဲ့တယ် အဲ့ဒါကြောင့် အခြေအနေကတမျိုးပြောင်းသွားတယ် တာဝန်မပြီးဆုံးနိုင်ရင် သေလိမ့်မယ် တာဝန်က အောင်မြင်ဖို့လက်တကမ်းအလိုမှာပဲ မင်းကြောင့် အကုန်ပျက်စီးသွားတယ် တကယ်တော့ ရှောင်ပိုင်က နတ်ဘုရားတပါးဖြစ်ရမှာ မင်းကြောင့် အကုန်လက်လျော့ခဲ့တာ မင်းကြောင့်!"ပြောနေရင်း အော်မိသည်။
"ရှစ်ဇွင်း .... မျက်လုံးကြီးမှိတ်မထားနဲ့တော့
ဆရာတူဦးလေးကပြောနေတယ် အကုန် ကျွန်တော်ကြောင့်တဲ့ ဟုတ်လားဟင်
အကုန်ကျွန်တေယ်ကြောင့်လား
ရှစ်ဇွင်း ထပြီးရှင်းပြပါအုံး
ရှစ်ဇွင်း....
ရှစ်ဇွင်းရေ....
ကျွန်တော် ရှစ်ဇွင်းကို ချစ်တယ်လို့မပြောလိုက်ရဘူးလေ
ရှစ်ဇွင်းလို..."
____
"ဒါနဲ့ ရှစ်ဇွင်း သူ့ကိုတိုက်ခဲ့တဲ့ကျိန်စာကဘာလဲဟင်?"
မေးနေတဲ့ကောင်လေးက အဖြူရောင်ဆံပင်ရှည်တွေကို ပြောင်နေအောင်သိမ်းပြီးတဝက်လောက်ခပ်လျော့လျော့လေးစည်းထားသည်။ သိချင်စိတ်ပြင်းပြနေတဲ့ ကောင်းလေရဲ့ မျက်ဝန်းလေးတွေကရဲရဲတောက်နေသည်။
ရှောင်ပိုင်..
အမည်နဲ့လိုက်အောင် တကိုယ်လုံးဖြူဖွေးနေသည်။ သူကိုကြည့်ရင်းသူ့ရှစ်ဇွင်းကပြုံးလိုက်သည်။
"ဟား..ဟား.. ကျိန်စာပါဆို ကောင်းတာတော့ဘယ်ဟုတ်မလဲ"
"ရှစ်ဇွင်းကလဲ"
"သူတိုနှစ်ယောက် ဆုံမိရင် ကျန်စာကအသက်ဝင်လာလိမ့်မယ် ဘယ်ဘဝမှာပဲဝင်စားဝင်စား ဆုံလိုက်တာနဲ့ ကျိန်စာအသက်ဝင်လာမှာပဲ နောက်ပြီး အရင်ချစ်မိတဲ့သူက ပျောက်ဆုံးသွားမှာ "
"ပျောက်ဆုံးသွားမှာ???"
"တဖြည်းဖြည်းခန္တာကိုယ်ကပျက်စီးပြီးနောက်ဆုံးသေသွားမှာ နောက်ပြီး အဲ့ဒီကျိန်စာက
သူတို့ ဘဝလေးခုဖြတ်သန်းပြီး ကျိမ်စာကိုခံစားပြီးမှပျယ်လိမ့်မယ်တဲ့"
"ဒါဆို ကျိန်စာကပျယ်နိုင်သေးတာပေါ့...."
Narcisuss