"အဲ့ဒါဆိုရင် နဂါးတွေက အရင်တုန်းကနတ်ဘုရားဖြစ်ခဲ့တာပေါ့"
"ဟား.ဟား.. ဟုတ်ရင်လည်းဟုတ်မှာပါ " ဆယ်ကျာ်သက်အရွယ်ကောင်လေးတယောက်ရဲ့ အမေးကြောင့်အဖြူရောင်မုတ်ဆိတ်မွေးအရှည် ကြီးတွေနဲ့ အဘိုးကြီးက ဟားတိုက်လိုက်ရင်းပြန်ဖြေသည်။
"ဘာလို့ဟုတ်ရင်လည်းဟုတ်မှာပေါ့လည်း?"
"နတ်ဘုရားတြွေဖစ်ခဲ့တာ မဖြစ်ခဲ့တာထက် နတ်ဘုရားလို့ အသိအမှတ်ပြုခဲ့လားမပြုခဲ့
လားက ပိုအရေးကြီးလို့ပေါ့ကွ" ပြောပြီးရှေ့ကစားပွဲပေါ်မှာရှိသည့်ရေနွေးခွက်ကိုယူ မော့လိုက်သည်။"ရှစ်ဇွင်း ကျနော်ကိုတခုခုပြောပြစရာရှိတယ်မို့လား"
ပြောလည်းပြော ချက်ချင်းလေအလျင်နဲ့ မျက်နှာချင်ဆိုင်လျှက် စားပွဲပေါ်ကိုမေးထောက်လျှက်ရောက်လာသည်။"ဟား ..ဟားဟား မင်းကသိချင်နေတာမဟုတ်ဘူးလား?"
"အဲ့ဒါဆိုလဲပြောပြလေ"ချယ်ရီပန်းလေးလို ပန်းရောင်သန်းနေတဲ့ကောင်လေးရဲ့နှုတ်ခမ်းလေးဆူနေသည်။ ဆယ်ကျော်သက်အရွယ်ကောင်လေးက အများရှေ့မှာ အလွန်တည်ငြိမ်သလောက် သူ့၏ဆရာ ရှေ့တွင်တော့ မျက်နှာဖုံးကိုခွာချထားသည်။ အမြဲတည်တည်ငြိမ်ငြိမ်နဲ့ အများနဲ့ရှောင်နေရတဲ့ သူဘဝမှာ သူဆရာရှေ့ကလွှဲ ပေါ့ပေါ့ပါးပါးနေလို့ရတဲ့နေရာမရှိဘူး။
"အရင်တုန်းက နဂါးတွေကလည်း ကောင်းကင်ဘုံရဲ့လက်အောက်က နတ်ဘုရားတွေပဲ ဒါပေမယ့် သေချာပေါက် မိစ္ဆာမျိုးနွယ်ဝင်ဖြစ်တဲ့ နဂါးတွေကို အမြင်ကြည်မယ်မထင်ဘူး
အင်း.... တခုခုမှားလိုက်တာနဲ့ ချက်ချင်းဒုက္ခရောက်သွားနိုင်တဲ့အခြအနေအထိပဲ
အွန်း....ဖြစ်ချင်တော့ နဂါးတွေထဲက အနက်ရောင်နှဂါးမင်းက နတ်ဘုရားတပါးနဲ့ချစ်ကြိုးသွယ်ခဲ့တယ်""နတ်ဘုရားတပါးနဲ့ !??"
"ဟုတ်တယ်... နတ်ဘုရားတပါး
သူ့ရဲ့အဖြူ ရောင်ဆံနွယ်တွေကလေထဲမှာလွင့်ပျံနေတာတောင် ခြေဖျားကိုထိလုမတန့်ပဲ
သူ့ရဲ့အဖြူရောင်ဝတ်ရုံရှည်ကြီးကလဲ နေရောင်အောက်မှာဆို တောက်ပနေရော
တကိုယ်လုံးအဖြူရောင်ချည်းပဲမို့ တိုက်တိုက်တွေကြားမှာဆို ကိုယ်ဖျောက်ထားသလားပဲ
ဒါပေမယ့် သူ့နဖူးပေါ်က လင်းနေတဲ့အနီရောင်ကျောက်လေးရှိတယ်
နောက်ပြီး သူကိုင်တဲ့ နှစ်ဖက်သွား ဓားရှည်
အဲ့ဒါကအထူးခြားဆုံးပဲ ကိုယ်ထည်တခုလုံး အနီရောင်တောက်နေတဲ့ကျောက်သားနဲ့လုပ်ထားတာ ဓားသွားကနီရဲနေပြီး သွေးစွန်းရင်တောင်သိသာတာမဟုတ်ဘူး
ဒါပေမယ့် သွေးစွန်းစရာအကြောင်းလဲမရှိဘူး"
YOU ARE READING
White Oaths
Fantasyရှစ်ဇွင်း....... ကျွန်တော်ကို ဘာလို့ကယ်ခဲ့တာလဲ အဟက် ဒီတိုင်း စိတ်မကောင်းလို့လား ကျွန်အမေကိုသတ်ခဲ့တာလဲ ရှစ်ဇွင်းပဲမို့လား အဲ့တုန်းက ဘေးမှာငိုနေတဲ့လသားကလေးလေးကိုပါ တခါထဲသတ်ခဲ့သင့်တာ မုန်းတယ်မို့လား ကျွန်တော်က အနက်ရောင်နဂါးသွေးပါနေလို့လား အစကတည်းကမုန...