နှောင်းဦးသက်လည်တည်စေအံ့

By Milo_YoYo

1.1M 131K 2.5K

လက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား... More

၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅
၃၆
၃၇
၃၈
၃၉
၄၀ (ဇာတ်သိမ်းပိုင်း)
ကျေးဇူးတင်လွှာ
About Extra Sales
Extra sales

၂၈

21.7K 3K 42
By Milo_YoYo

(Unicode)

ခြံတံခါးတွင် တပ်ထားသော bell ကို နှိပ်ရနိုးနိုး မနှိပ်ရနိုးနိုး စဉ်းစားနေသည်မှာ ဆယ့်ငါးမိနစ်ခန့်ရှိနေပြီဖြစ်သည်။ ခြံရှေ့တွင် ကားရပ်ကာစောင့်ကြည့်နေသည့် ဆယ့်ငါးမိနစ်ပါထည့်ပေါင်းလျှင် စဝ်စံဦးသာ ဤခြံရှေ့သို့ရောက်နေသည်မှာ နာရီဝက် တင်းတင်းပြည့်ခဲ့လေပြီ။

"တင်းတောင်"

အားတင်းကာ bell နှိပ်လိုက်သော်လည်း လူထွက်မလာသေး။

"တင်းတောင်"

"သား ဘယ်သူနဲ့ တွေ့ချင်လို့လဲ"

ခွန်နှောင်း ဖခင်ဟု ထင်ရသည့် ဦးလေးတစ်ယောက်က ခြံတံခါးလာဖွင့်သော် ပြုံးရယ်ပြလိုက်ရသေးသည်။

"သျှန်ခွန်နှောင်းရှိလားဗျ"

"အော် သားအသိလား၊ သားကနေမကောင်းဘူး အိပ်နေတယ်ကွာ"

"ဟုတ် ကျွန်တော် သူ့ရဲ့ senior ပါ၊ ကျောင်းပျက်တာ စာလေးလာပို့ရင်းနဲ့ လာသတင်းမေးတာပါ"

"ဝင်လေ သား ရတယ်၊ ဦးလေးက သူ့အဖေ၊ သူ့အမေက ကျောင်းသွားတယ်၊ သူ့ကြီးကြီးက စျေးသွားတယ်၊ ဦးလေးပဲရှိလို့"

အိမ်ထဲအထိ ခရီးဦးကြိုပြုသော ခွန်နှောင်းအဖေက အလွန်ပင် သဘောကောင်းပါသည်။ ဦးလေးက ခွန်နှောင်း၏ အခန်းရှေ့အထိပို့ပေးပြီးနောက် "ဧည့်သည်အတွက် တစ်ခုခုလုပ်ဦးမယ်" ဟုဆိုကာ အောက်ထပ်ပြန်ဆင်းသွားလေ၏။

"ဒေါက် ဒေါက် ဒေါက်၊ ခွန်နှောင်း ကိုယ်ဝင်လာခဲ့မယ်နော်"

အိပ်နေသည်ဟုပြောသော်ငြား ခွင့်တော့ တောင်းမိပါသေးသည်။ တော်ကြာ ပိုင်စိုးပိုင်နင်း ဝင်သွားမိလျှင် မကောင်းပေဘူးမို့။

ပထမနှစ်ကျောင်းသားကလေး ခွန်နှောင်းသည် အလွန်ဆုံးရှိမှ ဆယ့်ခုနှစ် ဆယ့်ရှစ် အရွယ်။ အိပ်ခန်းကလေးမှာ ကလေးဆန်စွာ ကားအရုပ်လေးများ၊ ဆိုင်ကယ်ပိစိကလေးများ၊ lego များနှင့် toy story အရုပ်လေးများ ပြည့်နှက်လျက်။

အိပ်ယာခင်း အပြာနုနုကလေးအပေါ်တွင်မူ သျှန်ခွန်နှောင်းကလေးက မှောက်လျက်လေး နှစ်ခြိုက်စွာ အိပ်မောကျနေပုံရသည်။ ဆံပင်အုပ်အုပ်ကလေးများက မျက်တောင်ကော့လေးများအထိ ဖုံးအုပ်လျက်။ ပါးတစ်ခြမ်းကိုဖိအိပ်ထားသဖြင့် နှုတ်ခမ်းလေးက စူလျက်သား။

မရည်ရွယ်ပဲ ဆံပင် အုပ်အုပ်ကလေးများကို သပ်ကာတင်ပေးမိတော့ ဦးသာစိတ်ထဲ ရင်းနှီးသော ခံစားချက်တချို့ကိုပြန်ရသည်။ ထိုခံစားချက်သည် အချစ်လည်းမပါ အမုန်းလည်းမပါ။ ဒီတိုင်း စိတ်လှုပ်ရှားသွားရသလို ခံစားချက်မျိုး။ အဆိုပါ ပါးကလေးကို ဆွဲညှစ်ပစ်ချင်မိသလို ကလေးများ ချော့မြှူသလို ပါးကလေးအား ပုတ်ပေးချင်စိတ်က တဖွားဖွား။

ထို့နောက် နားထဲတွင်ကြားရသည်က နှင်းဆီထင်လင်း မောင်၏ စကားသံများ။

"ခွန်နှောင်းက အကို့ကို သူ့အိပ်မက်ရှည်ထဲက သူနဲ့ ပတ်သတ်ခဲ့ဖူးသူလို့ထင်နေတယ်၊ ပြီးတော့ အကိုက ခွန်နှောင်းကိုတွေ့မှ အသံတွေကြားနေရသလိုလို ရင်နာသလိုလိုဖြစ်တာ၊ ခွန်နှောင်းက အဲ့အဖြစ်အပျက်အားလုံးကိုမှတ်မိနေတာ၊ ဘာအဖြစ်အပျက်လဲတော့ ကျွန်တော်လည်း မပြောချင်ဘူး၊ အကိုနဲ့ဆိုင်ရင်တော့ အကိုလည်း သိနေမယ်ထင်တာပဲ၊ ခွန်နှောင်းကတော့ သူ့ကိုယ်သူပဲ မလုံမလဲဖြစ်နေတာထင်ပြီး စိတ်ပညာရှင်နဲ့ တွေ့ဖို့လုပ်ထားတယ်၊ အကိုအခု ခွန်နှောင်းဆီသွားမယ်ဆိုလည်း ကျွန်တော်မသွားတော့ဘူး၊ အကိုလည်း စဉ်းစားကြည့်ပေါ့ စိတ်ပညာရှင်နဲ့ တွေ့ချင်သလားဆိုတာ၊ အကယ်၍ အကိုနဲ့ သက်ဆိုင်နေတာမျိုးဆို အကိုမသိလိုက်ရပဲနေမယ်၊ သိတယ်မလား သျှန်ခွန်နှောင်းက တစ်ယောက်တည်းပဲ အကုန်ဖြေရှင်းနိုင်မယ် ထင်နေတဲ့လူလေ"

ဆံပင်သပ်တင်ပေးနေသော လက်တို့ကို ပြန်ရုတ်ရင်း ခွန်နှောင်းအတွက်ယူလာပေးသော စာအုပ်တို့ကို စားပွဲပေါ်တင်ရန် ရှိနေသော ဆေးဗန်းတို့ကို ဖယ်ရာ အသံထွက်လာသောကြောင့် ခွန်နှောင်းက ချက်ချင်းနိုးလာပါသည်။

"အစ်ကို စဝ်စံဦးသာ !"

"အင်း ခွန်နှောင်း နေမကောင်းဘူးဆိုလို့ လာကြည့်တာ"

"အာ ဟုတ်ကဲ့"

"တောင်းပန်ပါတယ် ကိုယ့်ကြောင့် သံစူးမိတာ"

"ရပါတယ်"

အခန်းတွင်းရှိလေထုက အေးစက်စက်။

စဝ်စံဦးသာက ခွန်နှောင်းကို တောက်လျှောက် စိုက်ကြည့်နေသော်ငြား ခွန်နှောင်းကတော့ အကြည့်တို့ကို လွှဲဖယ်နေသည်မှာ ကျီးကန်းတောင်းမှောက်။

"အကို .." "ခွန်နှောင်း .."

စကားနှစ်ခွန်းက တိုက်ဆိုင်စွာ ထွက်ပေါ်လာတော့ ခွန်နှောင်းကို ဦးစားပေးစွာ အကိုအရင်ပြောပါဟု စကားလမ်း​ကြောင်းပေးရှာသည်။

"အကို့ကို ကျော်ထင်လင်းက ပြောသွားတယ်၊ ပြောရရင် အကို့ဘက်ကလည်း အကြောင်းစုံသိချင်တယ် ခွန်နှောင်း၊ ခွန်နှောင်းရဲ့ မှတ်ဉာဏ်ထဲရောက်နေခဲ့ဖူးတဲ့အကိုက ဘယ်လိုလူမျိုးဆိုတာ၊ ပြီးတော့ ခွန်နှောင်းနဲ့ ဘယ်လိုပတ်သတ်ခဲ့လဲဆိုတာ"

ပြောပြီးပြီးချင်းတွင် လက်ထဲကိုင်ထားသော စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသော ခွန်နှောင်းကို မြင်လိုက်ရသည်လေ။

"ခွန်နှောင်းကိုမြင်တိုင်း ဘာလို့ ကိုယ်ကမတည်မငြိမ်ဖြစ်နေရတယ်ဆိုတာ၊ ခွန်နှောင်းတစ်ခုခုဖြစ်တိုင်း ဘာလို့ ကိုယ်ကငိုချင်နေရတယ်ဆိုတာကို ကိုယ်အဖြေသိချင်တယ်"

"မပြောပြချင်ဘူး"

"ဟမ် ...."

"ပြောပြလည်း ယုံမှာတဲ့လား၊ ဒီတိုင်း မပြောပြချင်လို့ပါ၊ အကြောင်းအရင်း တစ်ခုခုရှိနေတယ်လို့ပဲ အစ်ကို့ကို မှတ်ထားစေချင်တာ"

ခွန်နှောင်းက ပြောပြီးနောက်ပိုင်း ပြုံးပြလေသည်။ နာကျင်စွာ ... အက်ကွဲလျက်။

စဝ်စံဦးသာဘက်က စလှမ်းသည့် ခြေလှမ်းက များစွာ ရှားပါးလေသည်။ အတိတ်ဘဝတွင်လည်း ခွန်နှောင်းဘက်က စရသည့် ခြေလှမ်းများသာဖြစ်သည်။ အခုဘဝတွင်မူ ခွန်နှောင်းဘက်က ဘာမှ မစချင်တော့။

ချစ်ရသူက သူ့ကိုမမှတ်မိနိုင်တော့ဘူးဆိုသည်မှာ လွန်စွာပင် နာကျင်ရသည်လေ။ သို့သော် စဝ်စံဦးသာ၏ စကားတစ်ခွန်းက ခွန်နှောင်း၏ နှလုံးသွေးကို ပြန်၍ နွေးထွေးစေသည်။

"သုံးနေကျ စကားလုံးမဟုတ်ပေမယ့် ခွန်နှောင်းကိုတွေ့ရင် ဒီစကားလုံးက အမြဲ အိပ်မက်ထဲမှာ ကြားနေရသလိုပဲ၊ ခွန်နှောင်းဘက်က မထုတ်ပြနိုင်ရင် ကိုယ်ကပဲ ရှာဖွေကြည့်ပါ့မယ်၊ ကိုယ်နဲ့တူတူ စိတ်ပညာရှင်ဆီ သွားကြမလား၊ ပိတ်ထားတဲ့ အတိတ်တစ်စုံတစ်ရာကို ပြန်ရှာဖွေဖို့အတွက်လေ .. ချစ်သက်လည်"

~~~~~~~~

အိပ်ခန်းထဲတွင် ငေးငိုင်စွာ ထိုင်နေမိရင်း ဗလာဖြစ်နေသော ဦးနှောက်ကို ပြန်လည်အလုပ်ပေးရသည်။

အကိုက ဘာဖြစ်ချင်နေတာလဲ။ ပြီးတော့ အကိုက တကယ် အကုန်လုံးကို သိချင်နေတာလား အားနာရုံသက်သက်နဲ့ ခွန်နှောင်းကို ဝင်လုံးရပြန်တာလား။ သူ ဘယ်အရာကိုမှ မဝေခွဲသာတော့။

အကိုသည် အမှန်ပင် သူ၏ စဝ်စံဦးသာဖြစ်လျှင် လွန်စွာကောင်းပေလိမ့်မည်။ သူ့အား ချစ်သက်လည်လေးလို့ပင် တင်စားခဲ့သော သူ၏စော်ဘွားငယ် စဝ်စံဦးသာဖြစ်နေလျှင် မည်မျှပင် ကံကောင်းပေလိမ့်မည်နည်း။

မျက်ရည်စတို့က ပေါက်ကနဲပေါက်ကနဲကျသည်။ ခွန်နှောင်း မိုင်းပွန်ကိုလွမ်းပါသည်။ ထို့ပြင် ခွန်နှောင်း၏ ဦးသာကိုလည်း သတိရပါသည်။

~~~~~~~

(ကြိုက်ကြတယ်ကြားရလို့ ဝမ်းသာရပါတယ် ..
Up ကကြာတာမဟုတ်ပါဘူး၊ စောင့်ကြပါဦး၊ ရေးပြီးသားပြန်တင်ပေးနေတာမလို့ အဆုံးထိဖတ်ရမှာ မပူကြပါနဲ့)

(Zaw Gyi)

ခံတံခါးတြင္ တပ္ထားေသာ bell ကို ႏွိပ္ရႏိုးႏိုး မႏွိပ္ရႏိုးႏိုး စဥ္းစားေနသည္မွာ ဆယ့္ငါးမိနစ္ခန္႔ရွိေနၿပီျဖစ္သည္။ ၿခံေရွ႕တြင္ ကားရပ္ကာေစာင့္ၾကည့္ေနသည့္ ဆယ့္ငါးမိနစ္ပါထည့္ေပါင္းလွ်င္ စဝ္စံဦးသာ ဤၿခံေရွ႕သို႔ေရာက္ေနသည္မွာ နာရီဝက္ တင္းတင္းျပည့္ခဲ့ေလၿပီ။

"တင္းေတာင္"

အားတင္းကာ bell ႏွိပ္လိုက္ေသာ္လည္း လူထြက္မလာေသး။

"တင္းေတာင္"

"သား ဘယ္သူနဲ႔ ေတြ႕ခ်င္လို႔လဲ"

ခြန္ေႏွာင္း ဖခင္ဟု ထင္ရသည့္ ဦးေလးတစ္ေယာက္က ၿခံတံခါးလာဖြင့္ေသာ္ ၿပဳံးရယ္ျပလိုက္ရေသးသည္။

"သွ်န္ခြန္ေႏွာင္းရွိလားဗ်"

"ေအာ္ သားအသိလား၊ သားကေနမေကာင္းဘူး အိပ္ေနတယ္ကြာ"

"ဟုတ္ ကြၽန္ေတာ္ သူ႔ရဲ႕ senior ပါ၊ ေက်ာင္းပ်က္တာ စာေလးလာပို႔ရင္းနဲ႔ လာသတင္းေမးတာပါ"

"ဝင္ေလ သား ရတယ္၊ ဦးေလးက သူ႔အေဖ၊ သူ႔အေမက ေက်ာင္းသြားတယ္၊ သူ႔ႀကီးႀကီးက ေစ်းသြားတယ္၊ ဦးေလးပဲရွိလို႔"

အိမ္ထဲအထိ ခရီးဦးႀကိဳျပဳေသာ ခြန္ေႏွာင္းအေဖက အလြန္ပင္ သေဘာေကာင္းပါသည္။ ဦးေလးက ခြန္ေႏွာင္း၏ အခန္းေရွ႕အထိပို႔ေပးၿပီးေနာက္ "ဧည့္သည္အတြက္ တစ္ခုခုလုပ္ဦးမယ္" ဟုဆိုကာ ေအာက္ထပ္ျပန္ဆင္းသြားေလ၏။

"ေဒါက္ ေဒါက္ ေဒါက္၊ ခြန္ေႏွာင္း ကိုယ္ဝင္လာခဲ့မယ္ေနာ္"

အိပ္ေနသည္ဟုေျပာေသာ္ျငား ခြင့္ေတာ့ ေတာင္းမိပါေသးသည္။ ေတာ္ၾကာ ပိုင္စိုးပိုင္နင္း ဝင္သြားမိလွ်င္ မေကာင္းေပဘူးမို႔။

ပထမႏွစ္ေက်ာင္းသားကေလး ခြန္ေႏွာင္းသည္ အလြန္ဆုံးရွိမွ ဆယ့္ခုႏွစ္ ဆယ့္ရွစ္ အ႐ြယ္။ အိပ္ခန္းကေလးမွာ ကေလးဆန္စြာ ကားအ႐ုပ္ေလးမ်ား၊ ဆိုင္ကယ္ပိစိကေလးမ်ား၊ lego မ်ားႏွင့္ toy story အ႐ုပ္ေလးမ်ား ျပည့္ႏွက္လ်က္။

အိပ္ယာခင္း အျပာႏုႏုကေလးအေပၚတြင္မူ သွ်န္ခြန္ေႏွာင္းကေလးက ေမွာက္လ်က္ေလး ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနပုံရသည္။ ဆံပင္အုပ္အုပ္ကေလးမ်ားက မ်က္ေတာင္ေကာ့ေလးမ်ားအထိ ဖုံးအုပ္လ်က္။ ပါးတစ္ျခမ္းကိုဖိအိပ္ထားသျဖင့္ ႏႈတ္ခမ္းေလးက စူလ်က္သား။

မရည္႐ြယ္ပဲ ဆံပင္ အုပ္အုပ္ကေလးမ်ားကို သပ္ကာတင္ေပးမိေတာ့ ဦးသာစိတ္ထဲ ရင္းႏွီးေသာ ခံစားခ်က္တခ်ိဳ႕ကိုျပန္ရသည္။ ထိုခံစားခ်က္သည္ အခ်စ္လည္းမပါ အမုန္းလည္းမပါ။ ဒီတိုင္း စိတ္လႈပ္ရွားသြားရသလို ခံစားခ်က္မ်ိဳး။ အဆိုပါ ပါးကေလးကို ဆြဲညႇစ္ပစ္ခ်င္မိသလို ကေလးမ်ား ေခ်ာ့ျမႇဴသလို ပါးကေလးအား ပုတ္ေပးခ်င္စိတ္က တဖြားဖြား။

ထို႔ေနာက္ နားထဲတြင္ၾကားရသည္က ႏွင္းဆီထင္လင္း ေမာင္၏ စကားသံမ်ား။

"ခြန္ေႏွာင္းက အကို႔ကို သူ႔အိပ္မက္ရွည္ထဲက သူနဲ႔ ပတ္သတ္ခဲ့ဖူးသူလို႔ထင္ေနတယ္၊ ၿပီးေတာ့ အကိုက ခြန္ေႏွာင္းကိုေတြ႕မွ အသံေတြၾကားေနရသလိုလို ရင္နာသလိုလိုျဖစ္တာ၊ ခြန္ေႏွာင္းက အဲ့အျဖစ္အပ်က္အားလုံးကိုမွတ္မိေနတာ၊ ဘာအျဖစ္အပ်က္လဲေတာ့ ကြၽန္ေတာ္လည္း မေျပာခ်င္ဘူး၊ အကိုနဲ႔ဆိုင္ရင္ေတာ့ အကိုလည္း သိေနမယ္ထင္တာပဲ၊ ခြန္ေႏွာင္းကေတာ့ သူ႔ကိုယ္သူပဲ မလုံမလဲျဖစ္ေနတာထင္ၿပီး စိတ္ပညာရွင္နဲ႔ ေတြ႕ဖို႔လုပ္ထားတယ္၊ အကိုအခု ခြန္ေႏွာင္းဆီသြားမယ္ဆိုလည္း ကြၽန္ေတာ္မသြားေတာ့ဘူး၊ အကိုလည္း စဥ္းစားၾကည့္ေပါ့ စိတ္ပညာရွင္နဲ႔ ေတြ႕ခ်င္သလားဆိုတာ၊ အကယ္၍ အကိုနဲ႔ သက္ဆိုင္ေနတာမ်ိဳးဆို အကိုမသိလိုက္ရပဲေနမယ္၊ သိတယ္မလား သွ်န္ခြန္ေႏွာင္းက တစ္ေယာက္တည္းပဲ အကုန္ေျဖရွင္းႏိုင္မယ္ ထင္ေနတဲ့လူေလ"

ဆံပင္သပ္တင္ေပးေနေသာ လက္တို႔ကို ျပန္႐ုတ္ရင္း ခြန္ေႏွာင္းအတြက္ယူလာေပးေသာ စာအုပ္တို႔ကို စားပြဲေပၚတင္ရန္ ရွိေနေသာ ေဆးဗန္းတို႔ကို ဖယ္ရာ အသံထြက္လာေသာေၾကာင့္ ခြန္ေႏွာင္းက ခ်က္ခ်င္းႏိုးလာပါသည္။

"အစ္ကို စဝ္စံဦးသာ !"

"အင္း ခြန္ေႏွာင္း ေနမေကာင္းဘူးဆိုလို႔ လာၾကည့္တာ"

"အာ ဟုတ္ကဲ့"

"ေတာင္းပန္ပါတယ္ ကိုယ့္ေၾကာင့္ သံစူးမိတာ"

"ရပါတယ္"

အခန္းတြင္းရွိေလထုက ေအးစက္စက္။

စဝ္စံဦးသာက ခြန္ေႏွာင္းကို ေတာက္ေလွ်ာက္ စိုက္ၾကည့္ေနေသာ္ျငား ခြန္ေႏွာင္းကေတာ့ အၾကည့္တို႔ကို လႊဲဖယ္ေနသည္မွာ က်ီးကန္းေတာင္းေမွာက္။

"အကို .." "ခြန္ေႏွာင္း .."

စကားႏွစ္ခြန္းက တိုက္ဆိုင္စြာ ထြက္ေပၚလာေတာ့ ခြန္ေႏွာင္းကို ဦးစားေပးစြာ အကိုအရင္ေျပာပါဟု စကားလမ္း​ေၾကာင္းေပးရွာသည္။

"အကို႔ကို ေက်ာ္ထင္လင္းက ေျပာသြားတယ္၊ ေျပာရရင္ အကို႔ဘက္ကလည္း အေၾကာင္းစုံသိခ်င္တယ္ ခြန္ေႏွာင္း၊ ခြန္ေႏွာင္းရဲ႕ မွတ္ဉာဏ္ထဲေရာက္ေနခဲ့ဖူးတဲ့အကိုက ဘယ္လိုလူမ်ိဳးဆိုတာ၊ ၿပီးေတာ့ ခြန္ေႏွာင္းနဲ႔ ဘယ္လိုပတ္သတ္ခဲ့လဲဆိုတာ"

ေျပာၿပီးၿပီးခ်င္းတြင္ လက္ထဲကိုင္ထားေသာ ေစာင္ကို က်စ္က်စ္ပါေအာင္ ဆုပ္ထားေသာ ခြန္ေႏွာင္းကို ျမင္လိုက္ရသည္ေလ။

"ခြန္ေႏွာင္းကိုျမင္တိုင္း ဘာလို႔ ကိုယ္ကမတည္မၿငိမ္ျဖစ္ေနရတယ္ဆိုတာ၊ ခြန္ေႏွာင္းတစ္ခုခုျဖစ္တိုင္း ဘာလို႔ ကိုယ္ကငိုခ်င္ေနရတယ္ဆိုတာကို ကိုယ္အေျဖသိခ်င္တယ္"

"မေျပာျပခ်င္ဘူး"

"ဟမ္ ...."

"ေျပာျပလည္း ယုံမွာတဲ့လား၊ ဒီတိုင္း မေျပာျပခ်င္လို႔ပါ၊ အေၾကာင္းအရင္း တစ္ခုခုရွိေနတယ္လို႔ပဲ အစ္ကို႔ကို မွတ္ထားေစခ်င္တာ"

ခြန္ေႏွာင္းက ေျပာၿပီးေနာက္ပိုင္း ၿပဳံးျပေလသည္။ နာက်င္စြာ ... အက္ကြဲလ်က္။

စဝ္စံဦးသာဘက္က စလွမ္းသည့္ ေျခလွမ္းက မ်ားစြာ ရွားပါးေလသည္။ အတိတ္ဘဝတြင္လည္း ခြန္ေႏွာင္းဘက္က စရသည့္ ေျခလွမ္းမ်ားသာျဖစ္သည္။ အခုဘဝတြင္မူ ခြန္ေႏွာင္းဘက္က ဘာမွ မစခ်င္ေတာ့။

ခ်စ္ရသူက သူ႔ကိုမမွတ္မိႏိုင္ေတာ့ဘူးဆိုသည္မွာ လြန္စြာပင္ နာက်င္ရသည္ေလ။ သို႔ေသာ္ စဝ္စံဦးသာ၏ စကားတစ္ခြန္းက ခြန္ေႏွာင္း၏ ႏွလုံးေသြးကို ျပန္၍ ေႏြးေထြးေစသည္။

"သုံးေနက် စကားလုံးမဟုတ္ေပမယ့္ ခြန္ေႏွာင္းကိုေတြ႕ရင္ ဒီစကားလုံးက အၿမဲ အိပ္မက္ထဲမွာ ၾကားေနရသလိုပဲ၊ ခြန္ေႏွာင္းဘက္က မထုတ္ျပႏိုင္ရင္ ကိုယ္ကပဲ ရွာေဖြၾကည့္ပါ့မယ္၊ ကိုယ္နဲ႔တူတူ စိတ္ပညာရွင္ဆီ သြားၾကမလား၊ ပိတ္ထားတဲ့ အတိတ္တစ္စုံတစ္ရာကို ျပန္ရွာေဖြဖို႔အတြက္ေလ .. ခ်စ္သက္လည္"

~~~~~~~~

အိပ္ခန္းထဲတြင္ ေငးငိုင္စြာ ထိုင္ေနမိရင္း ဗလာျဖစ္ေနေသာ ဦးေႏွာက္ကို ျပန္လည္အလုပ္ေပးရသည္။

အကိုက ဘာျဖစ္ခ်င္ေနတာလဲ။ ၿပီးေတာ့ အကိုက တကယ္ အကုန္လုံးကို သိခ်င္ေနတာလား အားနာ႐ုံသက္သက္နဲ႔ ခြန္ေႏွာင္းကို ဝင္လုံးရျပန္တာလား။ သူ ဘယ္အရာကိုမွ မေဝခြဲသာေတာ့။

အကိုသည္ အမွန္ပင္ သူ၏ စဝ္စံဦးသာျဖစ္လွ်င္ လြန္စြာေကာင္းေပလိမ့္မည္။ သူ႔အား ခ်စ္သက္လည္ေလးလို႔ပင္ တင္စားခဲ့ေသာ သူ၏ေစာ္ဘြားငယ္ စဝ္စံဦးသာျဖစ္ေနလွ်င္ မည္မွ်ပင္ ကံေကာင္းေပလိမ့္မည္နည္း။

မ်က္ရည္စတို႔က ေပါက္ကနဲေပါက္ကနဲက်သည္။ ခြန္ေႏွာင္း မိုင္းပြန္ကိုလြမ္းပါသည္။ ထို႔ျပင္ ခြန္ေႏွာင္း၏ ဦးသာကိုလည္း သတိရပါသည္။

~~~~~~~

(ႀကိဳက္ၾကတယ္ၾကားရလို႔ ဝမ္းသာရပါတယ္ ..
Up ကၾကာတာမဟုတ္ပါဘူး၊ ေစာင့္ၾကပါဦး၊ ေရးၿပီးသားျပန္တင္ေပးေနတာမလို႔ အဆုံးထိဖတ္ရမွာ မပူၾကပါနဲ႔)

Continue Reading

You'll Also Like

3.6M 535K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
308K 16K 23
#Unicode အချစ်ဆိုတာ ကိုယ့်စိတ်ကိုယ် သတိမထားမိလိုက်တဲ့ အချိန်မှာတောင် ဖြတ်ခနဲ ဝင်ရောက်လာတာမျိုး... #စိုင်းအံ့ဘုန်းဇော် ကမ္ဘာပေါ်မှာ လူရှုပ်လူပွေတွေလေ...
280K 15.7K 39
အရာအားလုံးထက် ချစ်မြတ်နိုးမိသော သူ