𝙃𝙚 𝘽𝙚𝙛𝙤𝙧𝙚 𝙈𝙚 {Comp...
By Iris_Choi
307K 25.6K 2.9K
- "I am not the one you love But I am the one who loves you" - ... More
(( 2 ))
(( 3 ))
(( 4 ))
(( 5 ))
(( 6 ))
(( 7 ))
(( 8 ))
(( 9 ))
(( 10 ))
(( 11 ))
(( 12 ))
(( 13 ))
(( 14 ))
(( 15 ))
(( 16 ))
(( 17 ))
(( 18 ))
(( 19 ))
(( 20 ))
(( 21 ))
(( 22 ))
(( 23 ))
(( 24 ))
(( 25 ))
(( 26 ))
(( 27 ))
(( 28 )) - Final
Extra 💜
(( 1 ))
45K 1.6K 122
By Iris_Choi
Unicode
'ကလင် ကလင် ကလင်'
ကျောင်းခေါင်းလောင်းသံ အချက်ပေးသည့်နှင့်ကျောင်းခန်းထဲကအလျှိုလျှိုထွက်သွားကြသည့် ကျောင်းသားကျောင်းသူများ။ 
Taehyungလည်းစာအုပ်တွေသိမ်းလိုက်ပြီးထမည်အလုပ် သူ့ခုံကိုကန်ကာသူ့ဘေးကဖြတ်လျှောက်သွားသည့်ကျောင်းသားတစ်ယောက်ကြောင့်လူကတုန်ခနဲ။
သူမော့ကြည့်လိုက်တော့ မဲ့ပြုံးလေးတစ်ချက်ပြုံးကာစုပ်လုံးချိုချဉ်စုပ်လျက် အခန်းထဲကထွက်သွားသည့်Jungkook။ သူလစ်လျူရှုလျက် ခေါင်းသာအသာခါမိလိုက်သည်။
စီနီယာအထက်တန်းကျောင်းသားတွေမလို့ စာတွေလုပ်ရသည့်အပြင်ကိုယ့်ကျောင်းလခကိုယ့်ဘာသာကိုယ်ရှာကာကျောင်းတက်နေရသူမလို့ စိတ်ဒုက္ခဖြစ်စေမည့်ကိစ္စတွေဆို သူဝေးဝေးကရှောင်ဖြစ်သည်။ သို့သော်ဒီပြဿာနာကောင်ကတော့ သူ့ကိုရှောင်ချင်ဟန်မတူ။
အခုလည်းသူ့ကိုခနဲ့ပြုံးနှင့်ပြုံးသွားသည့်Jungkookပုံက တစ်ခုခုဒုက္ခပေးအုံးမည့်ပုံ။ ဒင်းကတော့ထုံးစံအတိုင်းJunhoတို့အုပ်စုနှင့်ရန်သွားဖြစ်ကြအုံးမည်ထင်သည်။
သူကျောင်းရှေ့သို့ရောက်တော့ ကားနက်ကြီးတစ်စီးကသူ့ဘေးလာရပ်သည်။ ထွက်ပြေးလည်းလွတ်မည်မဟုတ်တာကြောင့် သူရပ်သာစောင့်နေလိုက်သည်။ ခဏကြာတော့ကားပေါ်ကဆင်းလာသည့် အနက်ရောင်suitအပြည့်အစုံဝတ်ထားသည့်လူတစ်ယောက်။
သူဆီသို့လျှောက်လာသည့်ထိုလူကိုသူစိမ်းမနေပါ။ သို့သော်ရင်းလည်းမရင်းနှီး။ မျက်နှာထားတင်းတင်းနှင့်ထိုလူက Taehyungကိုတွေ့တောနှုတ်ခမ်းတစ်ဖက်ရွဲ့ကာပြုံးပြလာပြန်သည်။
လူဆိုးတွေကဒီလိုပဲပြုံးကြသလား? Jungkookဆိုတဲ့တစ်ယောက်လည်းတူတူပဲ။
"Kim Taehyung sii...ထပ်တွေ့ကြရပြန်ပြီပဲ သုံးခါမြောက်တွေ့ဆုံမှုပါ။ ဘယ်လိုလဲကမ်းလှမ်းထားတဲ့ကိစ္စ စဉ်းစားပြီးသွားပြီလား?"
"ကျွန်တော်အဖြေကို အစကတည်းက ပြောခဲ့ပြီးသားလေဗျာ။ Jeon Jungkookကို စာမသင်ပေးနိုင်ဘူး။ တခြားတစ်ယောက်သာရှာလိုက်ပါ ကျေးဇူးပြုပြီး ကျွန်တော့်ကိုထပ်လာမရှာပါနဲ့ ဒါဆိုအချိနိပိုင်းအလုပ်လေးရှိသေးလို့ ခွင့်ပြုပါအုံး"
ထွက်ခွာသွားသည့်Taehyungကိုလှမ်းကြည့်ရင်း Jiminသက်ပြင်းတစ်ခုချမိသည်။ သူ့နောက်ကလူယုံကောင်လေးကတော့ တစ်ခုခုညွှန်ကြားမည့်သူ့ဆီမှအဖြေကိုစောင့်နေဟန်။
"ခေါင်းဆောင်ရော အိမ်ပြန်သွားပြီလား?"
"မရောက်သေးပါဘူး ပြိုင်ကားမောင်းပွဲသွားပါတယ်။ "
"ဟူး... ခေါင်းဆောင်က Kim Taehyungမှမဟုတ်ရင် စာသင်မှာမဟုတ်ဘူး သိတယ်မလား? Kim Taehyungရဲ့အချိန်ပိုင်းအလုပ်တွေအကုန်ဖြုတ်လိုက် ပြီးရင်သူ့မှာအစ်မရှိတယ်မလား?"
"Nae... ကျန်းမာရေးမကောင်းတဲ့အမတစ်ယောက်ရှိပါတယ်။ငယ်ငယ်တည်းကကားအက်ဆီးဒင့်နဲ့  littlespaceဖြစ်နေတာပါ Taehyungကသူ့အစ်မကိုစောင့်ရှောက်ရင်းမောင်နှမနှစ်ယောက်တည်းနေတာပါ"
"အင်းဟုတ်ပြီ။ အဲ့တာဆိုသူ့အစ်မကိုစံအိမ်ကိုခေါ်ခဲ့လိုက်။  လူဘာမှမဖြစ်စေနဲ့ Kim Taehyungစံအိမ်ကိုရောက်လာဖို့အရေးကြီးတယ်"
"Nae နားလည်ပါပြီGuardian"
ထို့နောက်ကားပေါ်သို့ပြန်တက်သွားကာ ကျောင်းရှေ့မှပြန်ထွက်လာခဲ့ကြသည်။
လက်ကောက်ဝတ်သွေးကြောခုံပေါ်က နေမင်းပုံစံတက်တူးထိုးထားသည့်Jimin။ တစ်မျိုးထပ်ခေါ်ရပါလျှင် ပုလဲနက်ဂိုဏ်းရဲ့Guardian။
ပုလဲနက်ဂိုဏ်ခေါင်းဆောင်Jungkookအဖေသေဆုံးသွားခဲ့ပြီးကတည်းက ဂိုဏ်းခေါင်ဆောင်နေရာလစ်လပ်နေခဲ့သည်။ ဂိုဏ်းရဲ့ဆက်ခံသူကားJungkookပင်။ Jungkookကမနှစ်ကပဲအသက်ခဲ့ပြည့်ခဲ့သည်ကြောင်​့ ဂိုဏ်းခေါင်းဆောင်အနေနှင့်ဆက်ခံခဲ့ပြီးဖြစ်သည်။
သို့သော်ကျောင်းမပြီးသေးသည်ကြောင့် ဂိုဏ်းမှာအချိန်ပြည့်တာဝန်မယူနိုင်သေး။ စာလဲသေချာမလုပ်။ ပြိုင်ဖက်ဂိုဏ်းကရွယ်တူကလေးတွေနှင့် ကားပြိုင်မောင်း ရန်ဖြစ် အချုပ်ကျလိုက်ဖြင့်အထက်တန်းကျောင်းသားဘဝကိုပျော်ပျော်ကြီးကျော်ဖြတ်သန်းနေသည့် သူတို့ရဲ့အင်အားကြီးလှပါပြီရဲ့ဟုဆိုသောပုလဲနက်ရဲ့ဂိုဏ်းခေါင်းဆောင်ပင်။
Jiminကအရင်ဂိုဏ်းခေါင်းဆောင် တစ်နည်းအားဖြင့်Jungkookအဖေရဲ့မွေးစားသားလူယုံဖြစ်သည်။ ငယ်ငယ်ကတည်းကမိဘမဲ့ကျောင်းတွင်ကြီးပြင်းခဲ့ရပြီး အသက်ဆယ့်ငါးနှစ်အရွယ်တွင်ခေါင်းဆောင်ကျေးဇူးဖြင့်ပညာသင်ခွင့်ရကာ ကိုယ်ခံပညာအတိုက်အခိုက် လက်နက်မျိုးစုံကိုင်တွယ်နည်းတွေကိုပါ ခေါင်းဆောင်ထံမှအနီးကပ်သင်ကြားခွင့်ရခဲ့သူဖြစ်သည်။ ထို့နောက်ခေါင်းဆောင်ကိုယ်တိုင်အားကိုးရသော ဂိုဏ်းရဲ့လူယုံအထူးသဖြင့် ဂိုဏ်းရဲ့Guardianတစ်ယောက်ဖြစ်လာခဲ့ရသည်။
Jungkookဆိုတာကလည်းငယ်ငယ်ကတည်းက သူ့မျက်စိရှေ့မှာတင်အရွယ်ရောက်လာကာ သူ့လက်ပေါ်မှာတင်ကြီးလာသည့်ကလေး။ Jungkookဆယ့်သုံးနှစ်အရွယ်တွင် ခေါင်းဆောင်ဆုံးသည်။ မိခင်မရှိ ဖခင်မရှိပဲတစ်ကောင်ကြွက် Jungkookလေးသည် ဂိုဏ်းရဲ့ဆက်ခံသူဖြစ်လာကာ ထိုအရွယ်ကတည်းကကိုယ်ခံပညာတို့ကိုစကာသင်ယူတတ်မြောက်ခဲ့သူဖြစ်သည်။
မိမိကိုဆိုလည်းအစ်ကိုအရင်းတစ်ယောက်လိုကိုခင်တွယ်ကာ ငယ်ဆိုးဆိုးသည်။ အခုလည်းကိုယ်တော်လေးအလိုကျ သူသဘောကျနေသည့်ကျောင်းသားလေးKim Taehyungကိုသူနှင့်စာတူတူသင်ပေးနိုင်ရန် ဂိုဏ်းကိစ္စတွေမလုပ်အားသေးပဲ ကြံစည်ဆောင်ရွက်နေရသည်။ မဟုတ်ရင်ကိုယ်တော်ကကျောင်းဆက်မတက်တော့ပါဘူးဟု သူ့အားပြန်ခြိမ်းခြောက်နေသည်လေ။
'ဒီ ဒီ ဒီ'
တုန်မြည်လာသည့်ဖုန်းသံကြောင့် ခေါ်ဆိုသူက်ုကြည့်လိုက်တော့ထိုဂိုဏ်းခေါင်းဆောင်ပေါက်စ။ သူ့နှုတ်ခမ်းတွေအလိုလိုပြုံးမိသွားရပါသည်။ ငယ်ငယ်ကတည်းကမိဘမဲ့ကျောင်းတွင်တစ်ကိုယ်တည်းကြီးပြင်းလာခဲ့သည့်သူ့အတွက်လည်း Jungkookieကိုညီငယ်လေးလိုပင်တကယ်ချစ်ခင်ရသည်။
"အင်း Kookie ah "
"Kim Taeကဘာတဲ့လဲ?"
"အင်း မနက်ဖြန်အိမ်ရောက်စေရမယ်ကွာ ရပြီလား"
"Cool!! Jiminieအကောင်းဆုံးပဲ"
"အေးအေး ကောင်းရင်လဲအိမ်စောစောပြန်ခဲ့။ Moonကဒီနေ့ညရှယ်Dinnerချက်ထားတယ်တဲ့"
"Nae စောစောပြန်လာခဲ့ပါမယ်"
စံအိမ်ပြန်ရောက်တော့ Moonကလွဲပြီးဘယ်သူမှမရှိ။ မီးဖိုချောင်ထဲတွင်တစ်ယောက်တည်းချက်ပြုတ်နေသည့် Moonကသူ့ကိုတွေ့တော့နွေးထွေးစွာပြုံးပြလာသည်။
"ရောက်ပြီလား ငါတို့Guardianလေး ဘယ်လိုလဲခေါင်းဆောင်ရဲ့ကောင်လေးကိုခေါ်လို့မရသေးဘူးလား?"
"ခေါင်းမာတယ်Jin hyungရာ။ ကောင်လေးကချောတာတော့တော်တော်လေးချောပါတယ် အဲ့တာကြောင့်လဲKookieကြွေတာနေမှာ။ ဒါပေမဲ့ဟိုကသူ့တောင်ကြည့်လို့ရရဲ့လားမသိပါဘူး"
"ဟားဟား ငါတို့ဂိုဏ်းကလူတွေလဲအဲ့ကျောင်းသားလေးနဲ့ကျမှ ကျရှုံးနေကြတယ်ပေါ့??"
"Hyungရာ မစစမ်းပါနဲ့။ Gangတစ်ခုရဲ့Guardianဖြစ်ပြီးအဲ့အလုပ်တွေလိုက်လုပ်နေရတာ စိတ်တွေကကြည်မနေဘူးဗျာ"
"အဟားဟား အေးပါ။ ဒါနဲ့Joonကလေလံကိစ္စအဆင်ပြေတယ်တဲ့။ ပစ္စည်းလည်းတစ်ခါတည်းပါလာလိမ့်မယ်။ ခေါင်းဆောင်ကဘယက်သွားယူတဲ့ပွဲကျရင် ကိုယ်တိုင်သွားမှာဆို"
"Nae သူလည်းအဲ့ဘယက်ကိုစိတ်ဝင်စားတယ်ထင်တယ်။ မဟူရာဂိုဏ်းကလဲအလျှော့ပေးမှာမဟုတ် ဘူး အရယူမှာပဲ။ သတိတော့ထားရမယ်"
Jungkookကဘယ်လောက်ပင်သူတို့ထက်ငယ်ကာ ညီအစ်ကိုလိုတွေလိုဖြစ်နေကြပါစေဂိုဏ်းခေါင်းဆောင်ဖြစ်နေသည့်အတွက် စည်းရောလေးစားမှုပါသူတို့ရှိကြပါသည်။
ဂိုဏ်းတစ်ခုရဲ့ဖွဲ့စည်းပုံအရ ခေါင်းဆောင်
ယ် Guardianရယ်နှင့် သူတို့ရဲ့လက်အောက်ကမှဘယ်လက်ရုံးနှင့်ညာလက်ရုံလို့တင်စားထားသည့်Moonနှင့်Sunဆိုပြီး အဓိကရာထူးကြီးလေးယောက်ရှိရသည်။ Jinနှင့်Joonက Moonနှင့်Sunပင်။ သူတို့ကပုံမှန်ဆို ဂိုဏ်းရဲ့အတွင်းရေးတွေကိုကြီးကြပ်ထိန်းသိမ်းရသည်။
Guardianကတော့ဂိုဏ်းခေါင်းဆောင်နီးနီးအကုန်လုပ်ဆောင်ရသည်။ တစ်နည်းအားဖြင့်ခေါင်းဆောင်ရဲ့ကိုယ်ပွားလိုပင်။ ထက်မြက်သွက်လက်ကာ အတိုက်အခိုက်တွင်ပြိုင်စံရှားများဖြစ်ကြသည်။ သို့သော်ဂိုဏ်းအများစုရဲ့Guardianတွေကလူလုံးထွက်ပြလေ့မရှိ။ Guardianတစ်ယောက်ကို ဂိုဏ်းရဲ့အသက်လို့ပင်တင်စားကြလေ့ရှိသည်။ ထို့ကြောင့်အသက်အန္တရာယ်အတွက် လူရှေ့ထွက်ပြခြင်းများကိုသူတို့ရှောင်လေ့ရှိသည်။ ဂိုဏ်းတစ်ဂိုဏ်းရဲ့ Guardianတစ်ယောက်ကိုမည်သူမှလဲလွယ်လွယ်မသိနိုင်ပေ။
သူတို့ပုလဲနက်ဂိုဏ်းရဲ့လူတွေလည်းထိုအတိုင်းပင်။ Jiminကပုံမှန်အချိန်ဆို သိပ်အဆိပ်ပြင်းကာကြောက်စရာကောင်းသည်။ စည်းစနစ်အလွန်ရှိသည်။ ခေါင်းဆောင်ပြီးလျှင် သူ့ကိုကြောက်ကြရသည်။
Jungkookလည်းတူတူပင်။ ဖခင်သွေးအပြည့်စီးဆင်းထားသည်​့Jungkook။ အပျော်အပါးဖြင့် ပေါ့ပျက်ပျက်နေဟန်ပြုပေမဲ့ ဂိုဏ်းရဲ့အရေးကိစ္စများဆောင်ရွက်သည့်အခါတွင်တော့အရွယ်နှင့်မလိုက်အောင် အေးစက်လေးနက်သွားသူဖြစ်သည်။
သို့ပေမဲ့လို့ သူတို့လေးယောက်ဆုံသည့်အခါဖြစ်သွားသည့်အပြုအမူအပြောအဆိုလေးတွေကတော့ ဘယ်သူမှမသိတဲ့သူတို့ရဲ့Pure sideပင်။
-
-
-
-
-
ကြီးမားကျယ်ဝန်းလှသည့်အိမ်ကြီး၏ ခြံတံခါးကြီးရှေ့တွင်Taehyungရပ်နေမိသည်။ သူအချိန်ပိုင်းအလုပ်ကပြန်လာတော့ Noonaကိုစောင့်ရှောက်ပေးသည့်စင်တာကလူတွေပြောပြချက်အရ Noonaကိုဒီလိပ်စာလူတွေလာခေါ်သွားကြသည်လေ။
ဘယ်သူတွေလဲဆိုတာကတော့ စဉ်းစားစရာကိုမလိုတော့။ Jeon Jungkookတို့ဂိုဏ်းကလူတွေပဲ ဖြစ်မှာဧကန်ပင်။
သူ့ဘဝကိုအေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးဖြတ်သန်းချင်သည်။ ဒီလိုကြီးကျယ်ခမ်းနာသည့်အငိုင်းအဝိုင်းတွေ ဒုစရိုက်တွေပြည့်ဝနေသည့်အသိုင်းအဝိုင်းတွေနှင့်မပက်သက်ချင်သည်ကသူ့ဘဝရဲ့ရည်ရွယ်ချက်ကြီးပင်။
ကိုးရီယားရဲ့လူနေမှုအဆင့်အတန်းရဲ့ 70%ကဂိုဏ်းတွေဖြင့် ဖွဲ့စည်းထားကြပြီးကျန်30%လောက်ကသာ သူတို့လိုသာမန်လူတန်းစားတွေဖြစ်သည်။
အိမ်ထဲသို့ဝင်တော့လည်း သူ့ခန္ဓာကိုယ်အားစမ်းသပ်ကာ လက်နက်ပါမပါစစ်ဆေးကြသေးသည်။ အိမ်ထဲရောက်တော့မှ အိမ်၏ခမ်းနားမှုကိုပါးစပ်ဟကာအံ့ဩရပြန်သည်။
သူများတွေရဲ့ဘဝတွေများ ဘယ်ဘဝကကုသိုလ်ကံတွေကြောင့်ဒီလောက်တောက်ချမ်းသာကြပါလိမ့်ဟု ဖြူစင်စွာအားကျမိရသည်။
ဝတ်စုံနက်ဝတ်ထားသည့်လူနှစ်ယောက်က သူ့အားဧည့်ခန်းတွင်ခေတ္တစောင့်စေကာပြန်ထွက်သွားသည်။ မီးရောင်မှိန်မှိန်ဖြင့် ခမ်းနားနေသည့်အိမ်ကြီးကိုTaehyungလှည့်ပတ်ကာကြည့်နေမိသည်။ နံရံပေါ်တွင်ချိတ်ဆွဲထားသည့် ပန်းချီကားကြီးတွေကိုသူမသိ သို့သော်တန်ဖိုးကတော့သူ့အသက်ထက်ပင်ကြီးမည်ကိုတော့သူသိပါသည်။
ချမ်းသာသည့်ဂိုဏ်းတွေရဲ့အိမ်တိုင်းက ဒီလိုတွေပဲလား?
လှပခမ်းနားလွန်းသည့်အိမ်ကြီးသည် ထိုခမ်းနားမှုနှင့်ဆန့်ကျင်စွာတိတ်ဆိတ်အထီးကျန်စရာကောင်းလွန်းသည်။ လူရိပ်လူယောင်တစ်ယောက်မျှပင်မတွေ့ရ။ လူတောင်နေရဲ့လားပင်မသိ။
တစ်ဖန်ဧည့်ခန်းတွင်း လှည့်ပတ်ကြည့်ရှုနေရာမှ စားပွဲပေါ်တွင် မှန်အိမ်ဖြင့်သေချာထည့်သိမ်းထားသည့်ဆွဲသီးလေးတစ်ခုရှေ့ရောက်တော့ ရပ်လိုက်ရင်းစိတ်ဝင်စားစွာကြည့်နေမိသည်။ ဘာရယ်မဟုတ် မှန်ဘောင်လေးပေါ်သို့လက်လေးဖြင့်တို့ထိကြည့်မည်အပြု
"မှန်ပေါ်မှာ မင်းရဲ့လက်ဗွေရာပါသွားရင်သူ့တန်ဖိုးကမင်းရဲ့အသက်အဖြစ်ပြောင်းလဲသွားမယ်ထင်တယ်"
နောက်ကျောဘက်မှထွက်လာသည့်အသံကြောင့် လန့်သွားကာသူ့မှာလက်အမြန်ပင်ပြန်ရုတ်လိုက်ရသည်။ လှည့်ကြည့်မိတော့ ထင်သည့်အတိုင်းပင်Park Jiminဆိုသည့်လူ။
"ကျွန်တော့်Noonaဘယ်မှာလဲ?? "
သူပြောလိုက်တော့စူးရဲနေသည့်မျက်ဝန်းနှင့် တည်တင်းနေသည့်မျက်နှာထားကြောင့်အနည်းငယ်တော့ရှိန်မိပါသည်။ အခန့်မသင့်ရင်အသက်ရှင်လျက်ပင် မထွက်နိုင်ပဲဖြစ်သွားနိုင်သည်လေ။ ကိုယ်ရောက်နေတာကသူ့ပိုင်နက်ဆိုတော့လည်း။
"နောက်ဆုံးတစ်ခေါက်မေးမယ်။ Jungkookကိုစာသင်ပေးနိုင်မလား?"
ရွေးချယ်စရာမရှိအောင်ကို Noonaကိုရောသူ့ကိုပါလမ်းပိတ်ထားလေသည်။ သူဒီဂိုဏ်းအဖွဲ့ကလူတွေကို မုန်းတာကလွဲပြီးဘာမှပြောချင်စိတ်ကိုမရှိတော့။ အာဏာရောငွေရောမရှိတော့လည်း သူတို့လက်အောက်မှာပဲခံပေအုံးပေါ့။
မုန်းလိုက်တာJeon Jungkookရယ်။ ဘာလို့များငါ့ကိုလာကြိုက်ရတာလဲ?? မင်းလိုGangsterတစ်ယောက်နဲ့ငါတကယ်မပက်သက်ချင်ဘူး။
"ကောင်းပါပြီ ကျွန်တော်လက်ခံပါ့မယ်။ Noonaကိုလွှတ်ပေးပါ"
"အင်း "
သူပြောလိုက်တော့မှ အရပ်ရှည်ရှည်ခပ်ချောချောအစ်ကိုတစ်ယောက်က Noonaလက်ကိုဆွဲကာအိမ်အတွင်းဆောင်ထဲကထွက်လာသည်။ Noonaလက်ထဲမှာလည်း မုန့်တွေအပြည့်။
"Noona!"
သူ့ကိုမြင်တော့ ချစ်စဖွယ်ကောင်းအောင်ပြုံးပြပြီးသူ့ဆီသို့ပြေးလာသည့်Noona။ အမှန်ဆိုနှစ်ဆယ့်ငါးနှစ်ဆိုသည့်အရွယ်လေးမှာ အတောက်ပဆုံးဖူးပွင့်ပြီးယောကျာ်းကောင်းတစ်ယောက်ဖြင့်အိမ်ထောင်ပြုပြီးပျော်ရွှင်နေရမည့်သူ့ရဲ့Noona။ အခုတော့ဘဝပေးကံမကောင်းရှာတော့ အက်ဆီးဒင့်ကြောင့်ဦးနှောက်ထိကာ သူငယ်ပြန်ရောဂါရသွားရှာရသည်။
"Noonaအဆင်ပြေရဲ့လား? သူတို့Noonaကိုဘာလုပ်ကြသေးလဲ?"
"အဟက်"
သူမေးလိုက်တော့ Noonaကပြနိမဖြေ။ လက်ထဲကမုန့်ကိုသာအစားမပြတ်။ တကယ်ကလေးလေးလိုပင်။ အခြေအနေတွေသူမဘာမှမသိ။ လူစိမ်းတွေလည်းကြောက်ရကောင်မှန်းမသိ။
"Guardian ခေါင်းဆောင်ပြန်ရောက်ပါပြီ"
ထိုစဉ်အိမ်ထဲသို့ လူတစ်ယောက်ဝင်လာကာအသိပေးသည့်အသံနောက်တွက်ထွက်ပေါ်လာသည့်ပြိုင်ကားသံ။
သိပ်မကြာလိုက်အိမ်ထဲသို့ ဝင်လာသည့်သူကြည့်မရပါသောထိုGangsterကောင် Jeon Jungkook။
သူ့ကိုမြင်တော့ ဝမ်းသာအားရသူ့နားသို့ရောက်လာလေသည်။
"Kim Tae! ရောက်ပြီလား? "
"ခေါင်းဆောင်ညနေအစည်းအဝေးရှိပါတယ်။ "
"Nae ... ခဏနေလာခဲ့မယ်လူစုထားနှင့်တော့"
Jungkookပြောပြီးသည်နှင့် ထိုGuardianလို့ခေါ်ကြသည့်Park Jiminရော ခပ်ချောချောအစ်ကိုရောအသီးသီးအိမ်အတွင်းဆောင်ထဲသို့ဝင်ကာပြန်ပျောက်သွားကြလေသည်။
"Kim Taeနောက်ဆုံးတော့မင်းငါ့ဆီရောက်လာပြီပဲ"
Jungkookက smirkလေးတစ်ချက်ဖြင့်ပြောတော့သူချက်ချင်းပင်ပြန်တုံ့ပြန်မိသည်။
"ငါမင်းဆီလာတာမဟုတ်ပါဘူး။ မင်းတို့ကငါ့ကိုမင်းဆီမရောက်ရောက်အောင်ကြိုးကွင်းစွပ်လိုက်ကြတာမဟုတ်ဘူးလားJungkook"
"မင်းစကားကြီးကလဲ အကျည်းတန်လိုက်တာ။ ငါမင်းကိုသဘောကျတယ်Kim Tae။ ငါ့ကိုဘာလို့နည်းနည်းလေးတောင်မစဉ်းစားပေးနိုင်ရတာလဲ?"
"အင်း ...မင်းကသာမန်လူတစ်ယောက်ဆိုငါစဉ်းစားပေးနိုင်တယ်။ ဒါပေမဲ့ဒီလိုမကောင်းတာတွေလုပ်နေတဲ့အဆိုးအသွမ်းကောင် လူဆိုးကောင် Gangsterတစ်ယောက်မလို့ငါမစဉ်းစားပေးနိုင်တာပဲ။ ငါမင်းကိုမကြိုက်ဘူးJungkook။ ဒါငါမင်းကိုအမုန်းမပါပဲ သူငယ်ချင်းတစ်ယောက်အနေနဲ့ပြောတာ။ "
သူပြောလိုက်တော့ ပြုံးနေရာမှချက်ချင်းတည်သွားသည့်Jungkookမျက်နှာ။
"ငါကတော့မင်းကိုချစ်တယ်Kim Tae။ ဒါပြောင်းလဲလို့မရတဲ့အခြေအနေပဲ။ မင်းရဲ့အချစ်ကိုရဖို့ငါ့မတွေးထားဘူး ဒါပေမဲ့ငါ့အနားမှာပဲမင်းရှိနေရမယ်"
"ကျွတ် Jeon Jungkookမင်းတကယ်ပဲ.... ဘာပဲဖြစ်ဖြစ်ငါ့စိတ်ကိုလည်းမင်းသိသွားပြီ အဲ့တော့စာတူတူလုပ်တာလောက်တော့ငါ့ဘက်ကဘာမှဖြစ်မသွားဘူး။ ဘယ်ချိန်စာလုပ်ကြမလဲဆိုတာ ကြိုပြောပေးထားလေ ငါလာခဲ့မယ်မင်းဆီ"
ပြောပြီးသည်နှင့်Noonaလက်ကိုဆွဲကာ စံအိမ်ကြီးထဲကထွက်ခွာသည့်Taehyungကိုကြည့်ရင်းJungkookရယ်လိုက်မိသည်။
'Gangsterဆိုတာငါ့ရဲ့ဖြစ်တည်မှုပဲလေKim Tae ဒါမင်းလက်ကိုလက်ခံရမဲ့ကိစ္စပဲ ။ငါ့ရဲ့ဘဝမှာ လိုချင်တာမှန်းသမျှအကုန်ရခဲ့တာချည်းပဲ မင်းကိုလည်းရမှဖြစ်မယ်'
စံအိမ်ကြီးထဲတွင်ကျန်ခဲ့သည့် Jungkookရဲ့စိတ်ကိုတော့Taehyungမသိနိုင်ခဲ့။
-
-
-
သို့သော် ...တစ်ချိန်ကျရင်ရော သူတွေးထားသလိုဖြစ်နိုင်ပါတော့မလား?
မင်းကိုကိုယ်တစ်ယောက်တည်း ပိုင်ဆိုင်ခွင့်ရမယ်လို့ထင်ခဲ့ဖူးတယ်။ ကိုယ့်ရဲ့အရင်းနှီးဆုံးပြိုင်ဖက်ဆီ မင်းကိုထည့်ပေးလိုက်ရမယ်လို့ဘယ်တုန်းကမှမတွေးခဲ့ဖူးဘူး။
မင်းကိုချစ်ရတာ နာကြင်တယ် Kim Tae...
-
-
-
-
-
TBC
With love💜
||Tae_For_Jeon
Jeon_To_Tae||
(A/N - ဒီplotလေးကတွေးထားတာကြာပါပြီ။ မတူညီတဲ့ပုံစံတစ်မျိုးလေးနဲ့Dramaဘက်ပဲသွားဖို့များတာကြောင့် BOJTHလေးပြီးမှအေးဆေးသွားပါ့မယ်နော်)
-
-
-
-
-
Zawgyi
'ကလင် ကလင် ကလင်'
"ဟူး... ခေါင်းဆောင် Kim Taehyungမှမဟုတ်ရင် စာသင်မှာမဟုတ်ဘူး သိတယ်မလား? Kim Taehyungရဲ့အချိန်ပိုင်းအလုပ်တွေအကုန်ဖြုတ်လိုက် ပြီးရင်သူ့မှာအစ်မရှိတယ်မလား?"
'ဒီ ဒီ ဒီ'
"အင်း Kookie ah "
"Kim Taeကဘာတဲ့လဲ?"
-
-
-
-
-
"အင်း "
"Noona!"
"အဟက်"
"Kim Tae! ရောက်ပြီလား? "
-
-
-
-
-
-
-
-
TBC
With love💜
||Tae_For_Jeon
Jeon_To_Tae||
Continue Reading
You'll Also Like
378K 13.5K 60
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...
216K 4.2K 62
"𝕎𝕒𝕟𝕥 𝕙𝕖𝕣, 𝕒𝕝𝕝 𝕥𝕙𝕖 𝕣𝕚𝕔𝕙 𝕟𝕚𝕘𝕘𝕒'𝕤 𝕨𝕒𝕟𝕥 𝕙𝕖𝕣."
1.3M 56.5K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
28.6K 707 23
"The stems have attached themselves." "No." - Kim Taehyung x Reader - Flowers are beautiful, but it's hard to appreciate them when you're dying.