Stranger From Hell { complete...

By SuNwe5

17K 1.7K 206

သာမာန်မျက်လုံးနဲ့မမြင်ရတဲ့ အရာတွေကို မြင်တဲ့ ကောင်လေး တစ်ယောက် အတိတ်ကအချိန်တွေထဲရောက်ပြီး သူကူညီနေတဲ့ ဝိဥာဉ်လ... More

intro
Ep 1🔥
Ep 2👻👻
Ep 3☠
Ep 4🐰🐹
Ep 5⌚⌚
Ep 6🍜🍜
ep 7🤡
ep 8🍒
ep 9🤗🤗
ep 10💘💘
ep 12🤝🤝
ep 13💛
ep 14✨
ep 15👑
ep 16💛
ep 17🖤
ep 18🎈
ep - 19 ( final )

ep 11💧

564 97 16
By SuNwe5

"မယ်မယ်ကြီး အဲ့ကောင်လေးကို လူယုံလုပ်ခိုင်းမလို့
လား''

ခေါင်းအစ ခြေအဆုံး ရွှေသားတို့နှင့်ပုံဖော်ထားကာ
ဇာမနီ ငှက် ဝတ်ရုံခြုံလွမ်းထားသော မယ်မယ်ကြီးသည်
မင်းကြီး yoongi ပြီးလျှင် ဂိုလျောတွင် သြဇာ အညောင်းဆုံး မယ်တော်ကြီးဖြစ်သည်.

ကြွေခွက်ထဲ ငှဲ့ထားသော ဆေးလက်ဖက်ရည်ကို တစ်
ကျိုက်ထဲမော့အပြီးတွင် မယ်မယ်ကြီး မျက်နှာထက်တွင်
အပြုံး ရေးရေးလေးခိုတွဲလျက်ရှိသည်.

"အမတ်ကြီး လီ .သားတော်ကြီး အဆင်ပြေရဲ့လား''

"မှန်လှပါ မယ်မယ်ကြီး.မင်းသား ပတ်က နယ်နှင်ဒဏ်
ခံထားရတော့ မင်းသားနောက်ကို နောက်လိုက်တွေ
ထည့်ပေးထားပါတယ် ''

မယ်မယ်ကြီး ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ နားထောင်နေရင်း

"သူပုန်တွေရော...အိမ်ရှေ့စံ ဂျွန်နန်းမတတ်ခင် ငါ့သား
တော်ကြီးကို မင်းကြီးနေရာ ပြန်ပေးရမယ်''

"မှန်လှပါ..မယ်မယ်ကြီး.မယ်မယ်ကြီး ပြောတဲ့ အတိုင်း
ဖြစ်စေရပါမယ်''
.
.
.
.
"မယ်မယ်ကြီး ပညာရှိ ဂျင် တွေ့ဖို့ ခွင့်တောင်းနေပါ
တယ်''

"ဝင်ခိုင်းလိုက်''

"ဂါရဝ ပြုပါတယ် မယ်တော်ကြီး''

"အင်း..မောင်မင်းကို ပြောစရာရှိလို့ ခေါ်လိုက်တာ.ထိုင်
ပါဦ .ဒီမှာ ဆေးလက်ဖက်ရည်လေး သောက်ပါဦ ''

"ကျေးဇူးကြီး လှကြောင်းပါ.မယ်တော်ကြီး''

ဆော့ဂျင် မယ်တော်ကြီးဘေးက ခုံတွင် ဝင်ထိုင်လိုက်ပြီး
သူ့နှင့် မျက်နှာ ချင်းဆိုင် ဖြစ်နေသော အမတ်လီကို
နှုတ်ဆက်လိုက်သည်.

"ပညာရှိဂျင်ကို မေးစရာရှိလို့ပါ''

"ဟုတ်.မယ်တော်ကြီး.အမိန့်ရှိပါ''

ဆော့ဂျင် နန်းတွင်းစကားတွေကို ပြောကျင့်မရှိသေးတာ
ကြောင့် အစစအရာရာ သတိထားကာပြောနေရသည်.

"ပညာရှိ ဂျင်က မင်းကြီး yoongi ကို သံတမန်ကိစ္စ
ဖြေရှင်းပေးပြီး မင်းသားငယ် jimin နဲ့ အိမ်ရှေ့စံ
Jeon တို့ကို စာသင်ပေးနေတယ်ဆို''

"ဟုတ်ပါတယ် မယ်တော်ကြီး''

ဆော့ဂျင် စကားကြောင့် မယ်တော်ကြီး မျက်နှာတွင်
မဲ့ပြုံး တစ်ခုပေါ်လာသည် .
လက်ထဲက ကြွေခွက်ကို ပါးစပ်နားတေ့ထားပြီး ဆော့
ဂျင်အား ခပ်စူးစူးကြည့်ကာ

"ပညာရှိ ဂျင် သာ မင်းသား ပတ်နားရှိရင် ကောင်းမှာပဲ''

မယ်တော်ကြီးစကားကြောင့် ဆော့ဂျင် မျက်ခုံးတို့ ကျုံ့ကာ မယ်တော်ကြီး ဘာကိုဆိုလိုလဲ တွေးမိနေသည်.

"စိတ်မကောင်းစရာပါပဲ မယ်တော်ကြီး....ကျွန်တော်က
အိမ်ရှေ့စံ Jeon ကို သစ္စာမဖောက်ပါဘူး''

မယ်တော်ကြီးဘက်အား အရိုအသေပေးကာခေါင်းငုံ့
ရင်း ဆော့ဂျင် ဆိုသည်.

"ကျွန်တော်မျိုးကို အိမ်ရှေ့စံ ခေါ်ထားလို့ သွားခွင့်ပြုပါ
ဦး မယ်တော်ကြီး''

ဆော့ဂျင် အခန်းထဲက ထွက်သွားမှ ကိုင်ထားသော
ကြွေခွက်ကို ကြမ်းပြင်ပေါ် ပစ်ခွဲလိုက်သည်.

"ဒီကောင်က ငါ့ကို မခန့်လေးစားနဲ့!မင်းသား ပတ်ကို
ပစ်ပြီး အိမ်ရှေ့စံကို ရွေးသွားတယ် ငါ့အရှေ့မှာ!''

အံကြိတ်ကာ ဆိုသော မယ်တော်ကြီးသည် တော်တော်ဒေါသထွက်နေသည်.

"မယ်မယ်ကြီးကို မရွေးချယ်ရင် ဘယ်သူ့ကိုမှ ရွေးချယ်
လို့မရအောင် လုပ်လိုက်ရမလား''

ဘေးက အေးဆေးစွာ ကြည့်နေသော အမတ်လီသည်
မယ်မယ်ကြီးအား ခေါင်းငုံ့ကာ လျှောက်တင်သည်.
အမတ်လီ စကားကို ခဏစဉ်းစားဟန်ပြုကာ

"သတ်ပစ်လိုက်! အဲ့ လူသားသာ အိမ်ရှေ့စံ jeon ရဲ့
နောက်ခံကောင်းဖြစ်သွားရင် သားတော်ကြီး ရဲ့တက်
လမ်းခက်ခဲ လိမ့်မယ်''

"အမိန့်တိုင်းပါ မယ်မယ်ကြီး''

ထိုအချိန် လူသားနှစ်ယောက်မျက်နှာတွင် ကောက်ကျစ်
သော အပြုံးတို့ နေရာယူလျက်ရှိသည်.

================================
ဆော့ဂျင် တစ်ယောက် မယ်တော်ကြီး နန်းဆောင်မှ
မပြေးရုံ တစ်မယ် လမ်းလျှောက်လာသည်.
Namjoon ပြောထားလို့ သူသိသင့်သလောက်သိ
နေသည်.
မယ်တော်ကြီးရဲ့ မျက်ဝန်းအစုံ သည် သနားကြင်နာမှု ကင်းမဲ့နေသလို ရှိသည်.
ဆော့ဂျင် နောက်တစ်ခါ မယ်တော်ကြီး နန်းဆောင်
ဘက် ယောင်လို့ တောင် ခြေဦ မလှည့်ရန် ဆုံးဖြတ်ထားသည်.

ချယ်ရီပင်တွေဝေဆာနေသော တံတားပေါ်တွင် ဆော့ဂျင် ခဏရပ်ကာ ရေကန်အောက် ကိုငုံ့ကြည့်ရင်းစပ်စုနေ
ပြန်သည်

"Jin''

အနောက်ဘက် သြရှရှ အသံကြောင့် ဆော့ဂျင် တစ်ဖက်
ကို အမြန်လှည့်လိုက်ချိန် အရှိန်မထိန်းနိုင်ပဲ ရေကန်ထဲ
နောက်ပြန် လန်ကျမလို ဖြစ်နေသည်.

"အ့...🔥''

ရေကန်ထဲ နောက်လန်ကျမလို ဖြစ်နေချိန် seokjin လက် တစ်ဖက်ကို အိမ်ရှေ့စံ jeon လှမ်းဆွဲ လိုက်
သည်.
သူ့လက်တစ်ဖက်အား လှမ်းဆွဲ လိုက်သော အိမ်ရှေ့စံ
ကို seokjin သတိလွတ်ကာ ငေးမိနေသည်.

"ဗွမ်း..💧''

Seokjin ဒရမ်မာထဲကလို ရိုဆန်ရန်တွေးတောနေတုံး
ပင် အိမ်ရှေ့စံရော သူပါ ရေထဲ ကျသွားခြင်းဖြစ်သည်.
ရေးက အရမ်းမနက်တာကြောင့် ရေကန်ထဲတွင် နှစ်
ယောက်သား ထိုင် လျက်လေး ဖြစ်နေသည်.

"အိမ်ရှေ့စံ အဆင်ပြေရဲ့လား.''

"အင်း..''

"လက်ကို ဆွဲပြီး ရေထဲမပြုတ်ကျအောင် ဖက်ထားမယ်
ထင်တာ''

Seokjin ကြည့်ထားဖူးသော ဒရမ်မာ ကားထဲက ဇာတ်ကွက်များကို အပစ်တင်ရင်း ဆိုသည်.

"အဟမ်း..ရေစိုနေပြီ.အဝတ်သွားလဲ လိုက်ဦ ''

အိမ်ရှေ့စံ ခပ်သုတ်သုတ်ပြောကာ seokjin အရှေ့မှ
ထွက်သွားသည်.
ရေကန်ထဲက seokjin ကတော့ စိတ်ပျက်လက်ပျက်
ဖြင့်သာ...

အမှန်တော့ အိမ်ရှေ့စံသည် seokjin ကို အငေးလွန်
ကာ ဖမ်းဆွဲဖို့ မေ့နေသဖြင့် နှစ်ယောက်လုံး ကန်ထဲပြုတ်ကျရခြင်းကို seokjin မသိပေ...




Tbc......
ဒါလေး စောင့်ရတာ ကြာသွားလား😁
Thz for reading💜

For Unicode











Continue Reading

You'll Also Like

169K 12.9K 42
What is love? It's hurts for me. .... Adult sence ⚠️
14.3K 1.2K 21
ဘယ်သူမှ ကြိုမမြင်နိုင်သည့် ကံကြမ္မာကို ဘယ်သူကရှောင်လွဲနိုင်မှာလဲ?
5.2M 567K 55
၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေး...