[Unicode + Zawgyi]
ဖြစ်သွားခဲ့တဲ့အဖြစ်အပျက်တွေကြောင့် အားလုံးကBaekhyunကိုအနားယူစေသည်။
တစ်ညလုံးChanyeolကောင်းမှုနဲ့ မိုးလင်းတော့မထနိုင်တဲ့Baekhyunအတွက်အဆင်ပြေသွားပေမဲ့ Chanyeolကတော့လုပ်စရာရှိသေးတဲ့ကိစ္စတချို့ကြောင့် Baekhyunနိုးလာရင်စားဖို့အတွက်အကုန်သေချာပြင်ဆင်ပေးခဲ့ပြီး ဆေးရုံကိုသွားသည်။
Chanyeolကို သူနာပြုတစ်ချို့က သူတို့ထင်ရာမြင်ရာအမှားတွေပြောမိတာနဲ့ပတ်သက်ပြီး Baekhyunကိုတောင်းပန်စကားပြောပေးဖို့ပြောလာတဲ့အခါ ကိုယ့်အမှားကိုယ်သိရင် ကာယကံရှင်ဖြစ်တဲ့Baekhyunကိုပဲ တိုက်ရိုက်တောင်းပန်ရမည်နဲ့ ကြားထဲကနေဘာအတွက်တဆင့်ပြောစေချင်ရတာလဲဆိုပြီး ခပ်ပြတ်ပြတ်ပြန်ပြောပစ်သည်။
Chanyeolရဲ့သည်းခံနိုင်မှုက..အလိုလိုက်နိုင်မှု.. ခွင့်လွှတ်ပေးနိုင်မှုက Baekhyunအတွက်ပဲဖြစ်လို့
တခြားသူတွေအတွက်တော့ တည်ငြိမ်နေတဲ့သူ့အပြုအမူက အရင့်အရင်တွေလိုပဲပြောင်းလဲမှုမရှိတာကြောင့် အားလုံးကတော့ရှိန်နေရဆဲပါပဲ။
"Chanyeolညီ.. ဟျွန်းငယ်လေးအဆင်ပြေရဲ့လား.. တစ်ခုခုဖြစ်သေးလား"
Chanyeolလုပ်စရာရှိတဲ့ကိစ္စတွေကိုလက်စသတ်ပြီး Iced Americanoသောက်ရင်းထိုင်နေတော့ MinSeokကအနားကိုရောက်လာခဲ့သည်။
"အားလုံးအဆင်ပြေပါတယ်စီနီယာ.. သူအေးဆေးအနားယူနေပါတယ်"
"Hyungဖြင့်တော်တော်လေးစိတ်ပူသွားတာ
အခုတော့အားလုံးလည်းပြီးသွားပြီ..
သူတို့တွေအတွက်အခုအခြေအနေတွေနဲ့ကထိုက်တန်တယ်
Hyung.. ဟျွန်းငယ်ကိုမင်းနဲ့ဆိုစိတ်ချပါပြီ
ညကဟျွန်းငယ်အရမ်းကြောက်နေသေးလား.. အိပ်မက်ဆိုးတွေကောမက်သေးလား"
သူ..အိပ်ချိန်တောင်မရလိုက်ပါဘူး.. ဟဟ
Chanyeolကိုယ့်အတွေးနဲ့ကိုယ်ရှိနေပြီးမှ ရှေ့ကMinSeokရဲ့သိချင်နေတဲ့မျက်နှာကိုမြင်တော့ လည်ချောင်းတွေပါယားချင်လာသလို အမူအယာမပျက်အောင်ထိန်းလိုက်ရသည်။
"အဟမ်း...သူကောင်းကောင်းအိပ်ပျော်ခဲ့ပါတယ်စီနီယာ
အခုလည်း သူအေးဆေးအနားယူနေတာ
ကျွန်တော်တောင်ခဏနေပြန်မှာ"
MinSeok Baekhyunကိုသေချာလေးဂရုစိုက်ပေးဖို့ကိုမှာပြီးထွက်သွားတော့
Chanyeol ညကBaekhyunကိုပြန်မြင်ပြီး ပြုံးနေလိုက်သည်။
"Dr.ParkChanYeolက တစ်ယောက်ထဲပြုံးလို့ပါလား
တော်တော်လေးကျေနပ်စရာကောင်းတဲ့ ကိစ္စလေးရှိမယ်ထင်တယ်"
"Hyungကဘယ်လိုလုပ်ရောက်လာတာလဲ.. "
"ငါ့ချစ်သူနဲ့ငါ ကောင်းကောင်းမချိန်းတွေ့ရဘူး မင်းတို့အလုပ်နဲ့ပဲရှုပ်နေရတယ်"
"အားလုံးလည်းပြီးသွားပါပြီ"
JunMyeonကနှာခေါင်းရှုံ့လိုက်တော့ Chanyeolကသွားတန်းလေးပေါ်သည်အထိရယ်ပြနေသည်။
Chanyeolအရင်လိုမဟုတ်တော့ဘဲပြောင်းလဲသွားသည်ကအသိသာကြီး..
Baekhyunနဲ့သာပတ်သက်လာရင် အားလုံးကိုအကောင်းမြင်ပေးတာလည်းသူပဲ ရက်စက်တက်ဆုံးကလည်းသူပဲ
ဒါပေမဲ့ အရင်ထက်ပြုံးလွယ်ရယ်လွယ်လာတဲ့Chanyeolကြောင့် JunMyeon Baekhyun ကိုကျေးဇူးတင်မိသည်။
အခုလည်း JaeHoလုပ်ခဲ့တဲ့ မကောင်းတဲ့ကိစ္စအားလုံးကို လူသိရှင်ကြားဖော်ထုတ်ပြီး
မဟုတ်တဲ့သတင်းတွေဖွခဲ့တဲ့သူနာပြုတွေ.. ဟန်ဆောင်လူနာတွေ အားလုံးကို ဘယ်လောက်ပဲ သူ့ခြေထောက်ရှေ့ဒူးထောက်တောင်းပန်လာလာ ကိုက်ညီရာဥပဒေပုဒ်မနဲ့ ထောင်ကျစေခဲ့သည်။
ထောက်ထားရမဲ့ မိသားစုမျက်နှာတွေကိုပါ လျစ်လျူရှုကာ အဆုံးထိသွားပစ်သည်အထိ Chanyeolရဲ့ဆုံးဖြတ်ချက်က နှစ်ခါပင်ပြန်မစဉ်းစား ပြတ်သားလွန်းလှသည်။
Chanyeol Baekhyunကိုတော်တော်လေးချစ်သွားခဲ့တာကို JunMyeonမေးကြည့်စရာမလိုအောင်ယုံသည်။
အချစ်ကိုမခံစားတတ် .. အချစ်ကိုအယုံအကြည်မရှိ.. အချစ်ကိုမလိုအပ်တဲ့ Chanyeolဟာ အခုဆိုရင် Baekhyunရဲ့အချစ်တွေကြားမှာတော်တော်လေး ပျော်ဝင်နေပြီ။
"Hyungကျေးဇူးတင်ပါတယ်"
JunMyeon ရုတ်တရက်ပြောချလာတဲ့Chanyeolကြောင့် ဘာအတွက်လဲစဉ်းစားမရဘဲ
နောက်မှ သူလိုက်လုပ်ပေးနေတဲ့ကိစ္စတွေကိုတွေးမိသွားသည်။
"ရပါတယ်.. စုံစမ်းရတာကငါ့အတွက်အပန်းလည်းမကြီးပါဘူး
ငါ့ချစ်သူနဲ့ကောင်းကောင်းမချိန်းတွေ့ရလို့ မင်းတို့ကိုနာနာလေးရိုက်ပစ်ချင်တာပဲရှိတယ်"
"ဟဟ... ကျေးဇူးတင်တာအဲ့ကိစ္စကိုမဟုတ်ဘူး ကျွန်တော်ကျေးဇူးတင်တာက Baekhyunကို ကျွန်တော့်ချစ်သူဖြစ်လာဖို့ Hyungကအကြံပေးခဲ့လို့ပဲ"
"မင်း!!"
"Hyung.. Hyungကို ကျွန်တော်ခွင့်တစ်ပတ်ပေးမယ်
Hyung Dutyချိန်တွေကျွန်တော်ဝင်ပေးမယ်
တစ်ပတ်လုံး Hyungက Hyungချစ်သူနဲ့အချိန်ဖြုန်းလို့ရတာပေါ့
ဒါပေမဲ့ အခုတော့ကျွန်တော် Baekhyunဆီပြန်လိုက်ဦးမယ်
သူတစ်ယောက်ထဲကျွန်တော့်တိုက်ခန်းမှာကျွန်တော့်ကိုစောင့်နေလိမ့်မယ်"
JunMyeonတားချိန်တောင်မရလိုက်ဘဲထွက်သွားတဲ့Chanyeolကြောင့် JunMyeonရယ်လိုက်သည်။
အလုပ်မှအလုပ်ဖြစ်နေခဲ့တဲ့သူက အလုပ်ချိန်ကြီးအိမ်ပြန်တယ်ပေါ့..
ParkChanYeolတို့များ ပိုကိုပိုတယ်။
Chanyeol လုပ်စရာကိစ္စတွေလည်းအကုန်လုပ်ပြီးတော့ တိုက်ခန်းဆီပဲပြန်ခဲ့သည်။
တိုက်ခန်းထဲရောက်တဲ့အခါ စားစရာတွေကမနက်ကမသွားခင်ပြင်ပေးခဲ့တဲ့အတိုင်းပုံစံမယွင်းရှိနေတာကြောင့် Chanyeolမျက်မှောင်ကြုတ်သွားရသည်။
အခန်းထဲဝင်လာတဲ့အခါ စောင်ပုံတွေကြားထဲမှာအိပ်ပျော်နေတဲ့ချစ်သူက မလှုပ်မရှက်နဲ့ Chanyeolလက်ကအိတ်ကိုချလိုက်ကာ ကုတင်ပေါ်တက်လာပြီး အိပ်နေတဲ့သူကိုနိုးဖို့လုပ်သည်။
"Baekhyun.."
Chanyeolအသံကြောင့် Baekhyunမျက်လုံးတွေဖွင့်လာပြီး Chanyeolကိုမြင်လိုက်ပေမဲ့ ပြန်မှိတ်သွားသည်။
"ဘာမှထမစားဘဲ တချိန်လုံးအိပ်နေတာလား"
"နေမကောင်းဘူး"
Baekhyunလက်တွေစောင်အောက်ကနေထွက်လာကာ မျက်လုံးမဖွင့်ဘဲChanyeolကိုဖက်ခိုင်းနေသည်။
"ဘာမှမစားရသေးဘူးမလား!!"
"ဘာလို့အော်နေတာလဲ.. ငါနေမကောင်းပါဘူးဆိုမှ"
Chanyeolလေသံကနည်းနည်းမာသွားတာနဲ့ပတ်သက်ပြီး Baekhyunမျက်မှောင်ကြုတ်ကာကြည့်လာတော့ Chanyeolကဆွဲထူပေးလာသည်။
"မင်းကိုယ်တွေပူနေတယ်..??''
"အင်း.. ထလည်းမထနိုင်လို့အိပ်နေလိုက်တာ"
"ငါ့ကိုဘာလို့ဖုန်းဆက်မခေါ်လိုက်တာလဲ"
"ငါ့ဖုန်းဘယ်နားရောက်နေလဲမသိဘူး"
Baekhyun Chanyeolကိုယ်ကိုဖက်လာပြီးမျက်လုံးတွေမှိတ်ကာ ငြိမ်နေလိုက်သည်။
"ကိုယ်တွေနာနေတယ်.. ပြီးတော့လမ်းမလျှောက်နိုင်ဘူး
ဗိုက်လည်းဆာတယ်
ခေါင်းကလည်းကိုက်နေတယ်
အန်လည်းအန်ချင်နေတယ်
ဟင့် .. Chanyeol မင်းကြောင့် ငါကိုယ်ဝန်ရှိသွားတာများလား"
"ဟမ်..??"
Baekhyunမျက်လုံးတွေဖွင့်လာခဲ့ကာ Chanyeolကိုကြည့်လာတော့Chanyeolကမျက်မှောင်တွေကြုတ်ထားသည်။
"ဘာလဲ..မင်းမျက်နှာကဘာဖြစ်နေတာလဲ
ဘာကမင်းကိုစိတ်ရှုပ်သွားလို့လဲ
မင်းလုပ်လို့.. ငါကိုယ်ဝန်ရှိသွားပြီထင်တယ်
ရင်ထဲလည်းမကောင်းဘူး ခေါင်းကလည်းမူးနေတယ်
အန်လည်းအန်ချင်နေတယ်
အူဝါး....
ဗိုက်မကြီးချင်ဘူး"
"အာ... ဘာတွေလျှောက်တွေးနေတာလဲ.. ဗိုက်ကြီးရအောင် မင်းကမိန်းကလေးလား
မင်းရဲ့ညီလေးကကောဘာကြီးလဲ ဟမ်..
မင်းညီလေးနဲ့တူတာမျိုး ဘယ်မိန်းကလေးမှာရှိလဲ"
"ဘာတွေလျှောက်ပြောနေတာလဲ"
Chanyeol မျက်ရည်တွေနဲ့ ရှက်သွားတဲ့Baekhyunကိုကြည့်ရင်းရယ်ချင်လာသည်။
"ကိုယ်ဝန်ဆောင်သယ်တွေက ခဏခဏအန်ချင်ကြတယ်မလား
ပြီးတော့ ကိုယ်ဝန်ရှိစဆို ခေါင်းကလည်းတဝေဝေနဲ့မူးနေကြတာ
ကိုယ်ဝန်ရင့်မှ နေရထိုင်ရကောင်းသွားကြတာ"
"ဘယ်သူပြောတာလဲ"
"ဟင့်... ငါ ကိုယ်ဝန်ရှိခါစထင်တယ် ရင်ထဲမကောင်းလိုက်တာ
ဗိုက်မကြီးချင်ဘူး.. ဗိုက်မကြီးချင်ဘူး"
ပေါက်ကရတွေပြောပြီး ငိုကြီးချက်မနဲ့ မျက်ရည်တွေကျနေတဲ့ချစ်သူကို Chanyeolကိုယ်ပေါ်ချီတင်လိုက်သည်။
"နေ့လည်ရောက်တဲ့အထိဘာမှမစားရသေးလို့ လေတွေဗိုက်ထဲပြည့်နေတာ
အဲ့တာကြောင့် ရင်ထဲမကောင်းဘဲအန်ချင်နေတာလေ
ပြီးတော့ မင်းဖျားနေတာကို.. ခေါင်းကကိုက်မှာပေါ့"
Chanyeol ရစ်နေတဲ့Baekhyunကို အေးအေးဆေးဆေးပြောပြလာပေမဲ့ Baekhyunကလက်မခံချင်။
"ငါ့ကိုယ်ဝန်ရှိနေတာပါဆို"
"ဟဟ... ဒါဆိုလည်း ငါကမင်းနဲ့တူတဲ့သားလေးလိုချင်တာနော်"
"ဗိုက်မကြီးချင်ဘူး!! အဲ့အသေးလေးကိုပြန်ထုတ်ပေး"
"အသေးလေးထုတ်ပေးမယ်.. ဒါပေမဲ့ ငါ့ညီလေးတော့မင်းထဲနေမယ်နော်"
"Ya!!!! မင်းဘာတွေပြောနေတာလဲ .. တချိန်လုံးအဲ့ကိစ္စတွေပဲခေါင်းထဲရှိနေတာလား"
Chanyeol နေမကောင်းတဲ့အဆိုးလေးကိုလိုက်စနေတော့ အဆိုးလေးဟာအသံကုန်ကိုအော်ဟစ်နေတော့သည်။
"လည်ချောင်းတွေနာမယ်မအော်နဲ့တော့ .. မျက်နှာသစ်ပေးမယ်
ပြီးရင်စားဖို့ပြင်ပေးမယ်"
Baekhyunစူပုတ်နေကာ Chanyeolလုပ်ပေးတာကိုငြိမ်ငြိမ်လေးခံယူသည်။
စားစရာတွေယူလာပေးတော့လည်း စကားပင်မပြောနိုင် ဗိုက်ကိုပြည့်အောင်သိပ်တော့သည်။
"ဆေးသောက်ရမယ်.."
Baekhyunခေါင်းညိပ်ပြပြီး ဆေးကိုသောက်သည်။
Chanyeolလည်း သိမ်းစရာရှိတာတွေသိမ်းနေလိုက်ပြီး အခန်းထဲပြန်ဝင်လာတဲ့အခါ Baekhyunကထိုင်စောင့်နေတာတွေ့သည်။
"Chanyeol.. ငါ့အနားမှာလာထိုင်နေပေး"
Chanyeolလာထိုင်တဲ့အခါ Baekhyun Chanyeolလက်မောင်းကိုဖက်လိုက်ပြီး ပုခုံးကိုမှီထားလိုက်သည်။
"မင်းနေကောင်းရင် ငါအိမ်ပြန်တဲ့အခါမင်းကိုခေါ်သွားပြီး အိမ်ကလူတွေနဲ့မိတ်ဆက်ပေးမယ်"
Baekhyunခေါင်ထောင်လာကာကြည့်တော့ Chanyeolက Baekhyunနဖူးကိုညှင်သာစွာနမ်းလိုက်သည်။
"ဗိုက်ထဲမှာအသေးလေးရှိသေးလား"
"အဟီး...ဟီး..
ဗိုက်ပြည့်သွားလို့ထင်တယ်
ရင်ထဲကောင်းသွားပြီ"
သွားတန်းလေးပေါ်အောင်ရယ်ပြနေတဲ့ အဆိုးလေးကအသည်းယားစရာ.. အဖျားကြောင့် နှာခေါင်းထိပ်လေးနဲ့ ပါးပြင်လေးတွေကရဲနေသေးသည်။
"အိပ်ဦးမလား.."
"Chanyeolကိုဖက်ထားချင်သေးလို့"
"လှဲနေမယ်..
ခေါင်းကိုက်နေတယ်မလား ခဏလောက်အိပ်လိုက်"
စားသောက်ပြီးတော့ခဏထိုင်နေခိုင်းပြီးမှ Baekhyunနဲ့အတူ Chanyeolပါလှဲလိုက်သည်။
"Chanyeol.."
Baekhyun Chanyeolရင်ခွင်ထဲကနေကြည့်နေတဲ့အခါ Chanyeolကပါပြန်ကြည့်နေပေးသည်။
"ငါ့ကိုလက်ဆောင်ယူခဲ့ပေးမယ်ဆို"
"အဲ့လိုပြောမိခဲ့တာလား"
"ဘာလဲ.. မင်းကမေ့တောင်နေပြီလား"
Baekhyunမျက်မှောင်ကြုတ်ကြည့်နေတော့ Chanyeolက ကြုတ်နေတဲ့မျက်ခုံးတွေကိုပြေလျော့ပေးနေကာ နဖူးလေးကိုနမ်းလိုက်ပြန်သည်။
"အလုပ်တွေကအရမ်းရှုပ်နေခဲ့တော့လေ."
"တော်ပါပြီ.. ငါမမျှော်လင့်မိခဲ့ရင်ကောင်းသား
အခုတော့ငါပဲစိတ်မကောင်းဖြစ်ရတယ်
စကားမပြောတော့ဘူး အိပ်တော့မယ်"
ပြောပြီးBaekhyunမျက်လုံးတွေမှိတ်ထားလိုက်တော့ Chanyeolကပြုံးနေသည်။
"ဒါကစိတ်ဆိုးတာလား"
"စိတ်မကောင်းဖြစ်တာ.. ငါကChanyeolပေးမဲ့လက်ဆောင်ကိုလိုချင်တာလေ
မင်းကပေးမယ်ပြောတော့ ငါကမျှော်လင့်မိတာ
ဒါပေမဲ့ မင်းကမေ့ခဲ့တယ်လေ
ငါစိတ်မကောင်းဖြစ်လို့မရဘူးလား"
"မင်းအတွက်လက်ဆောင်ကပါ ပါတယ်.."
"တကယ်..??"
Baekhyunမျက်လုံးတွေပွင့်လာကာကြည့်တော့ Chanyeolကခေါင်းညိပ်ပြနေသည်။
"ဘာလဲ.. မပေးသေးဘူးလား
အခုပေးလေ.. ဘာလေးလဲသိချင်တယ်"
"မပေးသေးဘူး.. မင်းကိုပေးသင့်မပေးသင့်စောင့်ကြည့်ရဦးမယ်"
"မင်းကဆုပေးမှာမို့လား.. ငါတော်လားမတော်လားကြည့်ပြီး
ဆုနဲ့ထိုက်တန်မှရမှာလား"
Baekhyunစူပုတ်လာကာ မျက်မှောင်ကြုတ်ကြည့်လာပြန်တော့ Chanyeolကကြုတ်နေတဲ့မျက်ခုံးတွေကိုဖြေပေးနေပြန်သည်။
"မျက်ရိုးတွေကိုက်နေမယ်.. ဒေါသတွေသိပ်မထွက်နဲ့"
"ဘာလက်ဆောင်လဲ.. သိချင်တယ်.. သိချင်တယ်.. သိချင်တယ်လို့
Chanyeol-Ya မယူသေးဘူးလေ ပြပဲပြပါလား
ကြည့်ပဲကြည့်မယ်လေ"
"အင်း.. ဒါဆိုငါ့ကိုကြိုက်သလောက်ကြည့်နေလိုက်"
"ဟွန့်...!! "
"အိပ်ပါဆိုတာကို ဘာလို့စကားတွေများနေတာလဲ"
Baekhyunနှာခေါင်းရှုံ့ကာ ဘယ်လိုပြောပြောပြမလာတဲ့Chanyeolရဲ့လက်ဆောင်အတွက် အိပ်ဖို့ကိုသာ ဆုံးဖြတ်လိုက်ရသည်။
Baekhyun Chanyeolရဲ့ရင်ခွင်ထဲဖက်ထားပေးတဲ့အတိုင်းပဲ မကြာခင်အချိန်မှာအိပ်ပျော်သွားတော့ Chanyeolက Baekhyunရဲ့မျက်ခွံလေးတွေကို ဖွဖွလေးဖိနမ်းလိုက်သည်။
ငါပြင်ဆင်ထားတဲ့လက်ဆောင်လေးကို မင်းအရမ်းကြိုက်မှာ..
ပြီးတော့မင်းအရမ်းပျော်နေမှာ
ဒီလက်ဆောင်ကမင်းတစ်ယောက်ကိုပဲပေးမှာဖြစ်လို့ အခုတော့အနားယူလိုက်ပါဦး..
ငါ့နှလုံးသားလေးကဖျားနေတော့ ငါနေရအဆင်မပြေဘူးလေ
ကောင်းကောင်းမွန်မွန်ကျန်းကျန်းမာမာနဲ့မှ ငါတို့တွေအများကြီးပျော်ကြမယ်လေ
ငါ့ရဲ့နှလုံးသားလေး.. နေမြန်မြန်ကောင်းပါစေ။
TBc...
[Zawgyi 👇]
ျဖစ္သြားခဲ့တဲ့အျဖစ္အပ်က္ေတြေၾကာင့္ အားလုံးကBaekhyunကိုအနားယူေစသည္။
တစ္ညလုံးChanyeolေကာင္းမႈနဲ႔ မိုးလင္းေတာ့မထႏိုင္တဲ့Baekhyunအတြက္အဆင္ေျပသြားေပမဲ့ Chanyeolကေတာ့လုပ္စရာရွိေသးတဲ့ကိစၥတခ်ိဳ႕ေၾကာင့္ Baekhyunႏိုးလာရင္စားဖို႔အတြက္အကုန္ေသခ်ာျပင္ဆင္ေပးခဲ့ၿပီး ေဆး႐ုံကိုသြားသည္။
Chanyeolကို သူနာျပဳတစ္ခ်ိဳ႕က သူတို႔ထင္ရာျမင္ရာအမွားေတြေျပာမိတာနဲ႔ပတ္သက္ၿပီး Baekhyunကိုေတာင္းပန္စကားေျပာေပးဖို႔ေျပာလာတဲ့အခါ ကိုယ့္အမွားကိုယ္သိရင္ ကာယကံရွင္ျဖစ္တဲ့Baekhyunကိုပဲ တိုက္႐ိုက္ေတာင္းပန္ရမည္နဲ႔ ၾကားထဲကေနဘာအတြက္တဆင့္ေျပာေစခ်င္ရတာလဲဆိုၿပီး ခပ္ျပတ္ျပတ္ျပန္ေျပာပစ္သည္။
Chanyeolရဲ႕သည္းခံႏိုင္မႈက..အလိုလိုက္ႏိုင္မႈ.. ခြင့္လႊတ္ေပးႏိုင္မႈက Baekhyunအတြက္ပဲျဖစ္လို႔
တျခားသူေတြအတြက္ေတာ့ တည္ၿငိမ္ေနတဲ့သူ႔အျပဳအမူက အရင့္အရင္ေတြလိုပဲေျပာင္းလဲမႈမရွိတာေၾကာင့္ အားလုံးကေတာ့ရွိန္ေနရဆဲပါပဲ။
"Chanyeolညီ.. ဟြၽန္းငယ္ေလးအဆင္ေျပရဲ႕လား.. တစ္ခုခုျဖစ္ေသးလား"
Chanyeolလုပ္စရာရွိတဲ့ကိစၥေတြကိုလက္စသတ္ၿပီး Iced Americanoေသာက္ရင္းထိုင္ေနေတာ့ MinSeokကအနားကိုေရာက္လာခဲ့သည္။
"အားလုံးအဆင္ေျပပါတယ္စီနီယာ.. သူေအးေဆးအနားယူေနပါတယ္"
"Hyungျဖင့္ေတာ္ေတာ္ေလးစိတ္ပူသြားတာ
အခုေတာ့အားလုံးလည္းၿပီးသြားၿပီ..
သူတို႔ေတြအတြက္အခုအေျခအေနေတြနဲ႔ကထိုက္တန္တယ္
Hyung.. ဟြၽန္းငယ္ကိုမင္းနဲ႔ဆိုစိတ္ခ်ပါၿပီ
ညကဟြၽန္းငယ္အရမ္းေၾကာက္ေနေသးလား.. အိပ္မက္ဆိုးေတြေကာမက္ေသးလား"
သူ..အိပ္ခ်ိန္ေတာင္မရလိုက္ပါဘူး.. ဟဟ
Chanyeolကိုယ့္အေတြးနဲ႔ကိုယ္ရွိေနၿပီးမွ ေရွ႕ကMinSeokရဲ႕သိခ်င္ေနတဲ့မ်က္ႏွာကိုျမင္ေတာ့ လည္ေခ်ာင္းေတြပါယားခ်င္လာသလို အမူအယာမပ်က္ေအာင္ထိန္းလိုက္ရသည္။
"အဟမ္း...သူေကာင္းေကာင္းအိပ္ေပ်ာ္ခဲ့ပါတယ္စီနီယာ
အခုလည္း သူေအးေဆးအနားယူေနတာ
ကြၽန္ေတာ္ေတာင္ခဏေနျပန္မွာ"
MinSeok Baekhyunကိုေသခ်ာေလးဂ႐ုစိုက္ေပးဖို႔ကိုမွာၿပီးထြက္သြားေတာ့
Chanyeol ညကBaekhyunကိုျပန္ျမင္ၿပီး ၿပဳံးေနလိုက္သည္။
"Dr.ParkChanYeolက တစ္ေယာက္ထဲၿပဳံးလို႔ပါလား
ေတာ္ေတာ္ေလးေက်နပ္စရာေကာင္းတဲ့ ကိစၥေလးရွိမယ္ထင္တယ္"
"Hyungကဘယ္လိုလုပ္ေရာက္လာတာလဲ.. "
"ငါ့ခ်စ္သူနဲ႔ငါ ေကာင္းေကာင္းမခ်ိန္းေတြ႕ရဘူး မင္းတို႔အလုပ္နဲ႔ပဲရႈပ္ေနရတယ္"
"အားလုံးလည္းၿပီးသြားပါၿပီ"
JunMyeonကႏွာေခါင္းရႈံ႕လိုက္ေတာ့ Chanyeolကသြားတန္းေလးေပၚသည္အထိရယ္ျပေနသည္။
Chanyeolအရင္လိုမဟုတ္ေတာ့ဘဲေျပာင္းလဲသြားသည္ကအသိသာႀကီး..
Baekhyunနဲ႔သာပတ္သက္လာရင္ အားလုံးကိုအေကာင္းျမင္ေပးတာလည္းသူပဲ ရက္စက္တက္ဆုံးကလည္းသူပဲ
ဒါေပမဲ့ အရင္ထက္ၿပဳံးလြယ္ရယ္လြယ္လာတဲ့Chanyeolေၾကာင့္ JunMyeon Baekhyun ကိုေက်းဇူးတင္မိသည္။
အခုလည္း JaeHoလုပ္ခဲ့တဲ့ မေကာင္းတဲ့ကိစၥအားလုံးကို လူသိရွင္ၾကားေဖာ္ထုတ္ၿပီး
မဟုတ္တဲ့သတင္းေတြဖြခဲ့တဲ့သူနာျပဳေတြ.. ဟန္ေဆာင္လူနာေတြ အားလုံးကို ဘယ္ေလာက္ပဲ သူ႔ေျခေထာက္ေရွ႕ဒူးေထာက္ေတာင္းပန္လာလာ ကိုက္ညီရာဥပေဒပုဒ္မနဲ႔ ေထာင္က်ေစခဲ့သည္။
ေထာက္ထားရမဲ့ မိသားစုမ်က္ႏွာေတြကိုပါ လ်စ္လ်ဴရႈကာ အဆုံးထိသြားပစ္သည္အထိ Chanyeolရဲ႕ဆုံးျဖတ္ခ်က္က ႏွစ္ခါပင္ျပန္မစဥ္းစား ျပတ္သားလြန္းလွသည္။
Chanyeol Baekhyunကိုေတာ္ေတာ္ေလးခ်စ္သြားခဲ့တာကို JunMyeonေမးၾကည့္စရာမလိုေအာင္ယုံသည္။
အခ်စ္ကိုမခံစားတတ္ .. အခ်စ္ကိုအယုံအၾကည္မရွိ.. အခ်စ္ကိုမလိုအပ္တဲ့ Chanyeolဟာ အခုဆိုရင္ Baekhyunရဲ႕အခ်စ္ေတြၾကားမွာေတာ္ေတာ္ေလး ေပ်ာ္ဝင္ေနၿပီ။
"Hyungေက်းဇူးတင္ပါတယ္"
JunMyeon ႐ုတ္တရက္ေျပာခ်လာတဲ့Chanyeolေၾကာင့္ ဘာအတြက္လဲစဥ္းစားမရဘဲ
ေနာက္မွ သူလိုက္လုပ္ေပးေနတဲ့ကိစၥေတြကိုေတြးမိသြားသည္။
"ရပါတယ္.. စုံစမ္းရတာကငါ့အတြက္အပန္းလည္းမႀကီးပါဘူး
ငါ့ခ်စ္သူနဲ႔ေကာင္းေကာင္းမခ်ိန္းေတြ႕ရလို႔ မင္းတို႔ကိုနာနာေလး႐ိုက္ပစ္ခ်င္တာပဲရွိတယ္"
"ဟဟ... ေက်းဇူးတင္တာအဲ့ကိစၥကိုမဟုတ္ဘူး ကြၽန္ေတာ္ေက်းဇူးတင္တာက Baekhyunကို ကြၽန္ေတာ့္ခ်စ္သူျဖစ္လာဖို႔ Hyungကအႀကံေပးခဲ့လို႔ပဲ"
"မင္း!!"
"Hyung.. Hyungကို ကြၽန္ေတာ္ခြင့္တစ္ပတ္ေပးမယ္
Hyung Dutyခ်ိန္ေတြကြၽန္ေတာ္ဝင္ေပးမယ္
တစ္ပတ္လုံး Hyungက Hyungခ်စ္သူနဲ႔အခ်ိန္ျဖဳန္းလို႔ရတာေပါ့
ဒါေပမဲ့ အခုေတာ့ကြၽန္ေတာ္ Baekhyunဆီျပန္လိုက္ဦးမယ္
သူတစ္ေယာက္ထဲကြၽန္ေတာ့္တိုက္ခန္းမွာကြၽန္ေတာ့္ကိုေစာင့္ေနလိမ့္မယ္"
JunMyeonတားခ်ိန္ေတာင္မရလိုက္ဘဲထြက္သြားတဲ့Chanyeolေၾကာင့္ JunMyeonရယ္လိုက္သည္။
အလုပ္မွအလုပ္ျဖစ္ေနခဲ့တဲ့သူက အလုပ္ခ်ိန္ႀကီးအိမ္ျပန္တယ္ေပါ့..
ParkChanYeolတို႔မ်ား ပိုကိုပိုတယ္။
Chanyeol လုပ္စရာကိစၥေတြလည္းအကုန္လုပ္ၿပီးေတာ့ တိုက္ခန္းဆီပဲျပန္ခဲ့သည္။
တိုက္ခန္းထဲေရာက္တဲ့အခါ စားစရာေတြကမနက္ကမသြားခင္ျပင္ေပးခဲ့တဲ့အတိုင္းပုံစံမယြင္းရွိေနတာေၾကာင့္ Chanyeolမ်က္ေမွာင္ၾကဳတ္သြားရသည္။
အခန္းထဲဝင္လာတဲ့အခါ ေစာင္ပုံေတြၾကားထဲမွာအိပ္ေပ်ာ္ေနတဲ့ခ်စ္သူက မလႈပ္မရွက္နဲ႔ Chanyeolလက္ကအိတ္ကိုခ်လိုက္ကာ ကုတင္ေပၚတက္လာၿပီး အိပ္ေနတဲ့သူကိုႏိုးဖို႔လုပ္သည္။
"Baekhyun.."
Chanyeolအသံေၾကာင့္ Baekhyunမ်က္လုံးေတြဖြင့္လာၿပီး Chanyeolကိုျမင္လိုက္ေပမဲ့ ျပန္မွိတ္သြားသည္။
"ဘာမွထမစားဘဲ တခ်ိန္လုံးအိပ္ေနတာလား"
"ေနမေကာင္းဘူး"
Baekhyunလက္ေတြေစာင္ေအာက္ကေနထြက္လာကာ မ်က္လုံးမဖြင့္ဘဲChanyeolကိုဖက္ခိုင္းေနသည္။
"ဘာမွမစားရေသးဘူးမလား!!"
"ဘာလို႔ေအာ္ေနတာလဲ.. ငါေနမေကာင္းပါဘူးဆိုမွ"
Chanyeolေလသံကနည္းနည္းမာသြားတာနဲ႔ပတ္သက္ၿပီး Baekhyunမ်က္ေမွာင္ၾကဳတ္ကာၾကည့္လာေတာ့ Chanyeolကဆြဲထူေပးလာသည္။
"မင္းကိုယ္ေတြပူေနတယ္..??''
"အင္း.. ထလည္းမထႏိုင္လို႔အိပ္ေနလိုက္တာ"
"ငါ့ကိုဘာလို႔ဖုန္းဆက္မေခၚလိုက္တာလဲ"
"ငါ့ဖုန္းဘယ္နားေရာက္ေနလဲမသိဘူး"
Baekhyun Chanyeolကိုယ္ကိုဖက္လာၿပီးမ်က္လုံးေတြမွိတ္ကာ ၿငိမ္ေနလိုက္သည္။
"ကိုယ္ေတြနာေနတယ္.. ၿပီးေတာ့လမ္းမေလွ်ာက္ႏိုင္ဘူး
ဗိုက္လည္းဆာတယ္
ေခါင္းကလည္းကိုက္ေနတယ္
အန္လည္းအန္ခ်င္ေနတယ္
ဟင့္ .. Chanyeol မင္းေၾကာင့္ ငါကိုယ္ဝန္ရွိသြားတာမ်ားလား"
"ဟမ္..??"
Baekhyunမ်က္လုံးေတြဖြင့္လာခဲ့ကာ Chanyeolကိုၾကည့္လာေတာ့Chanyeolကမ်က္ေမွာင္ေတြၾကဳတ္ထားသည္။
"ဘာလဲ..မင္းမ်က္ႏွာကဘာျဖစ္ေနတာလဲ
ဘာကမင္းကိုစိတ္ရႈပ္သြားလို႔လဲ
မင္းလုပ္လို႔.. ငါကိုယ္ဝန္ရွိသြားၿပီထင္တယ္
ရင္ထဲလည္းမေကာင္းဘူး ေခါင္းကလည္းမူးေနတယ္
အန္လည္းအန္ခ်င္ေနတယ္
အူဝါး....
ဗိုက္မႀကီးခ်င္ဘူး"
"အာ... ဘာေတြေလွ်ာက္ေတြးေနတာလဲ.. ဗိုက္ႀကီးရေအာင္ မင္းကမိန္းကေလးလား
မင္းရဲ႕ညီေလးကေကာဘာႀကီးလဲ ဟမ္..
မင္းညီေလးနဲ႔တူတာမ်ိဳး ဘယ္မိန္းကေလးမွာရွိလဲ"
"ဘာေတြေလွ်ာက္ေျပာေနတာလဲ"
Chanyeol မ်က္ရည္ေတြနဲ႔ ရွက္သြားတဲ့Baekhyunကိုၾကည့္ရင္းရယ္ခ်င္လာသည္။
"ကိုယ္ဝန္ေဆာင္သယ္ေတြက ခဏခဏအန္ခ်င္ၾကတယ္မလား
ၿပီးေတာ့ ကိုယ္ဝန္ရွိစဆို ေခါင္းကလည္းတေဝေဝနဲ႔မူးေနၾကတာ
ကိုယ္ဝန္ရင့္မွ ေနရထိုင္ရေကာင္းသြားၾကတာ"
"ဘယ္သူေျပာတာလဲ"
"ဟင့္... ငါ ကိုယ္ဝန္ရွိခါစထင္တယ္ ရင္ထဲမေကာင္းလိုက္တာ
ဗိုက္မႀကီးခ်င္ဘူး.. ဗိုက္မႀကီးခ်င္ဘူး"
ေပါက္ကရေတြေျပာၿပီး ငိုႀကီးခ်က္မနဲ႔ မ်က္ရည္ေတြက်ေနတဲ့ခ်စ္သူကို Chanyeolကိုယ္ေပၚခ်ီတင္လိုက္သည္။
"ေန႔လည္ေရာက္တဲ့အထိဘာမွမစားရေသးလို႔ ေလေတြဗိုက္ထဲျပည့္ေနတာ
အဲ့တာေၾကာင့္ ရင္ထဲမေကာင္းဘဲအန္ခ်င္ေနတာေလ
ၿပီးေတာ့ မင္းဖ်ားေနတာကို.. ေခါင္းကကိုက္မွာေပါ့"
Chanyeol ရစ္ေနတဲ့Baekhyunကို ေအးေအးေဆးေဆးေျပာျပလာေပမဲ့ Baekhyunကလက္မခံခ်င္။
"ငါ့ကိုယ္ဝန္ရွိေနတာပါဆို"
"ဟဟ... ဒါဆိုလည္း ငါကမင္းနဲ႔တူတဲ့သားေလးလိုခ်င္တာေနာ္"
"ဗိုက္မႀကီးခ်င္ဘူး!! အဲ့အေသးေလးကိုျပန္ထုတ္ေပး"
"အေသးေလးထုတ္ေပးမယ္.. ဒါေပမဲ့ ငါ့ညီေလးေတာ့မင္းထဲေနမယ္ေနာ္"
"Ya!!!! မင္းဘာေတြေျပာေနတာလဲ .. တခ်ိန္လုံးအဲ့ကိစၥေတြပဲေခါင္းထဲရွိေနတာလား"
Chanyeol ေနမေကာင္းတဲ့အဆိုးေလးကိုလိုက္စေနေတာ့ အဆိုးေလးဟာအသံကုန္ကိုေအာ္ဟစ္ေနေတာ့သည္။
"လည္ေခ်ာင္းေတြနာမယ္မေအာ္နဲ႔ေတာ့ .. မ်က္ႏွာသစ္ေပးမယ္
ၿပီးရင္စားဖို႔ျပင္ေပးမယ္"
Baekhyunစူပုတ္ေနကာ Chanyeolလုပ္ေပးတာကိုၿငိမ္ၿငိမ္ေလးခံယူသည္။
စားစရာေတြယူလာေပးေတာ့လည္း စကားပင္မေျပာႏိုင္ ဗိုက္ကိုျပည့္ေအာင္သိပ္ေတာ့သည္။
"ေဆးေသာက္ရမယ္.."
Baekhyunေခါင္းညိပ္ျပၿပီး ေဆးကိုေသာက္သည္။
Chanyeolလည္း သိမ္းစရာရွိတာေတြသိမ္းေနလိုက္ၿပီး အခန္းထဲျပန္ဝင္လာတဲ့အခါ Baekhyunကထိုင္ေစာင့္ေနတာေတြ႕သည္။
"Chanyeol.. ငါ့အနားမွာလာထိုင္ေနေပး"
Chanyeolလာထိုင္တဲ့အခါ Baekhyun Chanyeolလက္ေမာင္းကိုဖက္လိုက္ၿပီး ပုခုံးကိုမွီထားလိုက္သည္။
"မင္းေနေကာင္းရင္ ငါအိမ္ျပန္တဲ့အခါမင္းကိုေခၚသြားၿပီး အိမ္ကလူေတြနဲ႔မိတ္ဆက္ေပးမယ္"
Baekhyunေခါင္ေထာင္လာကာၾကည့္ေတာ့ Chanyeolက Baekhyunနဖူးကိုညႇင္သာစြာနမ္းလိုက္သည္။
"ဗိုက္ထဲမွာအေသးေလးရွိေသးလား"
"အဟီး...ဟီး..
ဗိုက္ျပည့္သြားလို႔ထင္တယ္
ရင္ထဲေကာင္းသြားၿပီ"
သြားတန္းေလးေပၚေအာင္ရယ္ျပေနတဲ့ အဆိုးေလးကအသည္းယားစရာ.. အဖ်ားေၾကာင့္ ႏွာေခါင္းထိပ္ေလးနဲ႔ ပါးျပင္ေလးေတြကရဲေနေသးသည္။
"အိပ္ဦးမလား.."
"Chanyeolကိုဖက္ထားခ်င္ေသးလို႔"
"လွဲေနမယ္..
ေခါင္းကိုက္ေနတယ္မလား ခဏေလာက္အိပ္လိုက္"
စားေသာက္ၿပီးေတာ့ခဏထိုင္ေနခိုင္းၿပီးမွ Baekhyunနဲ႔အတူ Chanyeolပါလွဲလိုက္သည္။
"Chanyeol.."
Baekhyun Chanyeolရင္ခြင္ထဲကေနၾကည့္ေနတဲ့အခါ Chanyeolကပါျပန္ၾကည့္ေနေပးသည္။
"ငါ့ကိုလက္ေဆာင္ယူခဲ့ေပးမယ္ဆို"
"အဲ့လိုေျပာမိခဲ့တာလား"
"ဘာလဲ.. မင္းကေမ့ေတာင္ေနၿပီလား"
Baekhyunမ်က္ေမွာင္ၾကဳတ္ၾကည့္ေနေတာ့ Chanyeolက ၾကဳတ္ေနတဲ့မ်က္ခုံးေတြကိုေျပေလ်ာ့ေပးေနကာ နဖူးေလးကိုနမ္းလိုက္ျပန္သည္။
"အလုပ္ေတြကအရမ္းရႈပ္ေနခဲ့ေတာ့ေလ."
"ေတာ္ပါၿပီ.. ငါမေမွ်ာ္လင့္မိခဲ့ရင္ေကာင္းသား
အခုေတာ့ငါပဲစိတ္မေကာင္းျဖစ္ရတယ္
စကားမေျပာေတာ့ဘူး အိပ္ေတာ့မယ္"
ေျပာၿပီးBaekhyunမ်က္လုံးေတြမွိတ္ထားလိုက္ေတာ့ Chanyeolကၿပဳံးေနသည္။
"ဒါကစိတ္ဆိုးတာလား"
"စိတ္မေကာင္းျဖစ္တာ.. ငါကChanyeolေပးမဲ့လက္ေဆာင္ကိုလိုခ်င္တာေလ
မင္းကေပးမယ္ေျပာေတာ့ ငါကေမွ်ာ္လင့္မိတာ
ဒါေပမဲ့ မင္းကေမ့ခဲ့တယ္ေလ
ငါစိတ္မေကာင္းျဖစ္လို႔မရဘူးလား"
"မင္းအတြက္လက္ေဆာင္ကပါ ပါတယ္.."
"တကယ္..??"
Baekhyunမ်က္လုံးေတြပြင့္လာကာၾကည့္ေတာ့ Chanyeolကေခါင္းညိပ္ျပေနသည္။
"ဘာလဲ.. မေပးေသးဘူးလား
အခုေပးေလ.. ဘာေလးလဲသိခ်င္တယ္"
"မေပးေသးဘူး.. မင္းကိုေပးသင့္မေပးသင့္ေစာင့္ၾကည့္ရဦးမယ္"
"မင္းကဆုေပးမွာမို႔လား.. ငါေတာ္လားမေတာ္လားၾကည့္ၿပီး
ဆုနဲ႔ထိုက္တန္မွရမွာလား"
Baekhyunစူပုတ္လာကာ မ်က္ေမွာင္ၾကဳတ္ၾကည့္လာျပန္ေတာ့ Chanyeolကၾကဳတ္ေနတဲ့မ်က္ခုံးေတြကိုေျဖေပးေနျပန္သည္။
"မ်က္႐ိုးေတြကိုက္ေနမယ္.. ေဒါသေတြသိပ္မထြက္နဲ႔"
"ဘာလက္ေဆာင္လဲ.. သိခ်င္တယ္.. သိခ်င္တယ္.. သိခ်င္တယ္လို႔
Chanyeol-Ya မယူေသးဘူးေလ ျပပဲျပပါလား
ၾကည့္ပဲၾကည့္မယ္ေလ"
"အင္း.. ဒါဆိုငါ့ကိုႀကိဳက္သေလာက္ၾကည့္ေနလိုက္"
"ဟြန႔္...!! "
"အိပ္ပါဆိုတာကို ဘာလို႔စကားေတြမ်ားေနတာလဲ"
Baekhyunႏွာေခါင္းရႈံ႕ကာ ဘယ္လိုေျပာေျပာျပမလာတဲ့Chanyeolရဲ႕လက္ေဆာင္အတြက္ အိပ္ဖို႔ကိုသာ ဆုံးျဖတ္လိုက္ရသည္။
Baekhyun Chanyeolရဲ႕ရင္ခြင္ထဲဖက္ထားေပးတဲ့အတိုင္းပဲ မၾကာခင္အခ်ိန္မွာအိပ္ေပ်ာ္သြားေတာ့ Chanyeolက Baekhyunရဲ႕မ်က္ခြံေလးေတြကို ဖြဖြေလးဖိနမ္းလိုက္သည္။
ငါျပင္ဆင္ထားတဲ့လက္ေဆာင္ေလးကို မင္းအရမ္းႀကိဳက္မွာ..
ၿပီးေတာ့မင္းအရမ္းေပ်ာ္ေနမွာ
ဒီလက္ေဆာင္ကမင္းတစ္ေယာက္ကိုပဲေပးမွာျဖစ္လို႔ အခုေတာ့အနားယူလိုက္ပါဦး..
ငါ့ႏွလုံးသားေလးကဖ်ားေနေတာ့ ငါေနရအဆင္မေျပဘူးေလ
ေကာင္းေကာင္းမြန္မြန္က်န္းက်န္းမာမာနဲ႔မွ ငါတို႔ေတြအမ်ားႀကီးေပ်ာ္ၾကမယ္ေလ
ငါ့ရဲ႕ႏွလုံးသားေလး.. ေနျမန္ျမန္ေကာင္းပါေစ။
TBc...