အိမ္ေျပး , အိမ်ပြေး { Z + U }...

By yoe_ko

688K 94.3K 6.2K

Zawgyi ခံစားခ်က္ေတြကို ဖြင့္ဟလိုက္ရင္ ခင္ဗ်ားတို႔နားလည္လာလိမ့္မယ္။ ပြင့္လင္းစြာခ်စ္ရျခင္းက ဘယ္ေလာက္ထိ စိတ္အာ... More

ဇာတ္ေကာင္ မိတ္ဆက္
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
27
28
29
30
31
32
33
34
35
36
37
38
39
40
41
Final
Epilogue
Extra - 0
Extra 1
Extra 2
Extra 3
M' Christmas Extra
I want to discuss this with my readers
S-2 Ep 1
S-2 EP 2
S-2 EP 3
S-2 EP 4

26

11.3K 1.6K 99
By yoe_ko

"လိုက္မရွာနဲ႔ အခ်ိန္တန္ရင္ ျပန္လာခဲ့မယ္။"
      
                                                   (စာေရးသူ)
                             အေမ့သား ပူတူးတူးေလး

တစ္ေၾကာင္းတည္းေသာ စာေလးက ရာဇာ့ႏွလုံးသားကို နာက်င္ေအာင္ ဆြဲညႇစ္သည္။ အႀကိမ္ေပါင္းမ်ားစြာ ဖတ္ေနရင္း နားမလည္ႏိုင္ျဖစ္ရသည္။ ခံစားခ်က္ေတြ ဖုံးကြယ္တတ္တဲ့ အဲ့အ႐ူးက ႏွဳတ္ဆက္စာကိုပင္ လွ်ိဳ႕ဝွက္စြာေရးထားျပန္သည္။

တရွဳံရွဳံႏွင့္ ငိုေနသည့္ ေမခ်ိဳ႕ကို အေမက ေထြးေပြ႕ကာ ႏွစ္သိမ့္ေပးေနသည္။

သူကေတာ့ အိမ္ေရွ႕ေလွကားမွာသာ စိတ္ပ်က္အားေလ်ာ့စြာ ထိုင္ေနမိသည္။
ေမခ်ိဳ႕ကို ေျဖသိမ့္ေပးစရာ စကားလည္း သူ႔မွာ မရွိေပ။ သူကိုယ္တိုင္ပင္ အေျခအေနကို နားမလည္ႏိုင္ျဖစ္ေနရသည္ မဟုတ္လား။

ဗလာျဖစ္ေနေသာ စိတ္အာ႐ုံကို စုစည္းေနေသာ္လည္း ဘာမွ ေရေရရာရာ စဥ္းစားလို႔မရ။

မေန႔ကထိ။ မေန႔ကထိ မာန္ျပည့္က သူ႔ေရွ႕မွာ ရွိေနခဲ့ေသးသည္။ ဘုရားမွ အိမ္ျပန္ေရာက္တဲ့အခ်ိန္မွာ ပင္ပန္းၿပီး အိပ္ေပ်ာ္ေနတုန္း မာန္ျပည့္က သူ႔ထံ ထပ္ေရာက္လာခဲ့သည္။

"ငါ့ကို နမ္း" ဟု ဆိုေသာ စကားတစ္ခြန္းေၾကာင့္ သေဘာၤသားမီးလုံး ဝါက်င္က်င္ေအာက္မွာ ေဆးလိပ္နံ႔စြဲေနေသာ ႏႈတ္ခမ္းပါးကို သူတရွိဳက္မတ္မတ္ နမ္းခဲ့သည္က ဒုတိယေျမာက္ အိပ္မက္မဟုတ္မွန္း ႀကိမ္းေသခဲ့ပါသည္။

"ခ်ိဳခ်ိဳ နဲ႔ စကားမ်ားၾကေသးလို႔လား"

"မမ်ားပါဘူး မမရယ္။ TV ၾကည့္ေနတုန္း ပုခုံးေၾကာေတြ လာႏွိပ္ေပးလို႔ေတာင္ ထူးဆန္းမိေနေသးတာ..ဒီလို ထြက္သြားဖို႔ ႏွဳတ္ဆတ္တာ ထင္ပါတယ္...ဟင့္.."

ေမခ်ိဳက မ်က္ရည္တို႔ ၿဖိဳင္ၿဖိဳင္က်သည္။ သားေလးတစ္ေယာက္ေၾကာင့္ ေမခ်ိဳ ခဏခဏ မ်က္ရည္က်ရသည္။ မာန္ျပည့္ ေဆးလိပ္ေသာက္တတ္မွန္း သိခဲ့ရတုန္းကလည္း ေမခ်ိဳက သူ႔ကို အားကိုးတႀကီး ဖက္တြယ္ကာ ငိုခဲ့ဖူးသည္။ မာန္ျပည့္ ၉တန္း စာေမးပြဲ က်သည့္ အခ်ိန္တုန္းကလည္း ေမခ်ိဳငိုသည္။

မိဘကို မ်က္ရည္က်ေစတဲ့ သားသမီး ဘယ္ေသာအခါမွ မႀကီးပြားေၾကာင္း ဆရာမေတြက ဆုံးမေလ့ ရွိတဲ့အခါတိုင္း သူ မာန္ျပည့္ကို စိတ္ပူေလ့ရွိသည္။ သူ သက္ျပင္းကို ေလးပင္စြာ ခ်မိသည္။

မာန္ျပည့္က သူမ်ားေတြလို ဆိုးသြမ္း႐ိုင္းစိုင္းေနတာလည္းမဟုတ္ေသာ္လည္း ဆိုးသည္ ဟူေသာ ေခါင္းစဥ္ေအာက္တြင္ ရွိသည္။

သူ ထိုင္ေနရာမွ ကမူးရွဴးထိုး ထရပ္ကာ ေက်ာင္းသြားရန္ အျမန္ျပင္လိုက္သည္။

"ေက်ာင္းမွာ သြားေစာင့္ႀကည့္လိုက္မယ္ ေမခ်ိဳ၊ ဖုန္းက စက္ပိတ္ထားေပမဲ့ စာပို႔ထားလို႔ရတယ္၊ သူ ဖုန္းျပန္ဖြင့္ရင္ ေမခ်ိဳ႕ မက္ေဆ့ေတြ ျမင္မွာပါ"

ေမခ်ိဳက ရာဇာ့ကို အားကိုးတႀကီး ၾကည့္သည္။ ေျပာသမွ်ကိုလည္း ညိဳးငယ္မွိဳင္းထိုင္းေနေသာ မ်က္ဝန္းမ်ားျဖင့္ ေခါင္းတၿငိမ့္ၿငိမ့္ နားေထာင္ရွာသည္။

ပန္ပန္ကလည္း မနက္ေစာေစာတည္းက ေက်ာင္းသြား၍ လူႀကီးႏွစ္ေယာက္ကို ထားခဲ့ဖို႔ရာ စိတ္မခ်ေသာ္လည္း ေက်ာင္းကို သြားမွျဖစ္မည္။

စက္ပိတ္ထားပါသည္ ဟူေသာ မိန္းမပ်ိဳအသံကိုလည္း မုန္းတီးလာသည္။

မာန္ျပည့္ ဘာျဖစ္ေနမွန္း မသိေအာင္ကို တုံးအလြန္းေသာ သူ႔ကိုယ္သူလည္း စိတ္ပ်က္လာသည္။

"အဲ့ အ႐ူးေလးက ဘယ္ေတာ့မ်ားမွ လိမၼာလာမွာလဲ"

တစ္ကိုယ္တည္း တီးတိုးရြတ္ကာ ေျခလွမ္းႀကဲမ်ားျဖင့္ ကားဂိတ္သို႔ သြားေနစဥ္ ကားခ အေႂကြမပါမွန္း သတိရ၍ ဘာဘူႀကီးဆိုင္တြင္ အေႂကြဝင္ျဖတ္ရသည္။

"ေဟ့..ၾကံဳတုန္း မွာလိုက္ဦးမယ္..အိမ္ကို ေနာက္က်မွ ျပန္လာတဲ့ ရက္ေတြ လမ္းထဲမွာ သတိထားေနာ္"

ဘာဘူႀကီးက အေႂကြအရင္မျဖတ္ေပးဘဲ သူယာေနေသာ ကြမ္းကို လက္စသတ္ရင္း စကားစသည္။

သူ ဘာမွ ျပန္မေျပာေသာ္လည္း ဘာဘူႀကီးက စကားဆက္သည္။

"ဒီရက္ထဲ ညဘက္ေတြမွာ ကားအေကာင္းစားေတြ အရမ္းလာတယ္။ တေန႔ကေတာင္ မင္းသူငယ္ခ်င္းကို သတိေပးလိုက္ေသးတယ္။ ငါလဲ ေျပာေရာ ေျပးထြက္သြားတာပဲ..ဘယ္လိုေကာင္မွန္း မသိဘူးပါကြာ"

ရာဇာ ဦးေႏွာက္ထဲ ႐ုတ္ျခည္းဝင္လာေသာ အေတြးမ်ားေၾကာင့္ မ်က္လုံးစုံမွိတ္ကာ အာ႐ုံစုစည္းလိုက္ရသည္။

"တေန႔က ဆိုတာ မေန႔ကရဲ႕ တေန႔လား"

"ေအးေလကြာ....ေရာ့..ေနာက္တစ္ခါေတာ့ မရဘူးေနာ္..အေႂကြက ရွားတယ္ကြ"

ႏွစ္ရာတန္ ငါးရြက္ကို ဆြဲယူကာ ကားဂိတ္ထိမသြားေတာ့ပဲ လမ္းထိပ္မွာတင္ Taxiငွားလိုက္သည္။

"ခြပ္"

"ဟယ္.." "ဟာ"

ေဘးတြင္ ေက်ာင္းသား ေက်ာင္းသူမ်ား စုျပံဳလာၾကသည္။ အံ့ၾသစြာ ထြက္ေပၚလာေသာ အာေမဋိတ္သံမ်ား ႏွင့္အတူ ဖုန္းထုတ္ကာ မွတ္တမ္းတင္ေနၾကၿပီ ျဖစ္သည္။

သူ အဲ့တာေတြကို ဂ႐ုမစိုက္ႏိုင္စြာပင္ သူ႔လက္ခ်က္ေၾကာင့္ လဲက်သြားေတာ့ အာကာ့ကို အက်ႌလည္ပင္းမွ ဆြဲကာ ျပန္ထူလိုက္သည္။

အျပစ္ကင္းစင္သလို မယုံႏိုင္သလို အံ့ၾသေနေသာ မ်က္လုံးမ်ားက ရာဇာ့ေဒါသကို ပို၍ ဆြသည္။

"မာန္ျပည့္ ဘယ္မွာလဲ"

အာကာ့ မ်က္ႏွာကို သူမလြတ္တမ္း အကဲခတ္ေနမိသည္။ သူ မသိဘူး။ ခံျပင္းမွဳတို႔က လွိဳက္ခနဲ တက္လို႔လာသည္။ အာကာ့မ်က္ႏွာက နားမလည္သည့္ ေမးခြန္းတစ္ပုဒ္ၾကားလိုက္ရသည္ထက္ မပို။

"မာန္ျပည့္ ဘယ္မွာလဲ အာကာ..မင္းတို႔ပဲမလား..ဒီတစ္ခါေရာ..မင္တို႔ႏွစ္ေယာက္ပဲလား"

သူထပ္ၿပီး စကားမဆိုႏိုင္ေတာ့ေပ။ စကားတစ္ခြန္း ထပ္ထြက္မိရင္ အဲ့တစ္ခြန္းက ငိုသံပါေတာ့မွာ။ ျပန္ၿမိဳခ်လိုက္ရေသာ မ်က္ရည္မ်ားအတြက္ လည္ပင္းက နာလာသည္။

"ဟဲ့ လႊတ္လိုက္စမ္း"

သံသာက အာကာ့ အက်ႌလည္ပင္းကို ဆြဲကိုင္ထားသည့္ ရာဇာ့လက္မ်ားကို လာလႊတ္ခ်သည္။

"နင္လား သံသာ..ငါ့ကို ယုတ္မာရတာ အားရမလို႔ မာန္ျပည့္ကိုပါ ထိပါးလာတာလား"

မ်က္ႏွာေၾကာတင္းတင္းႏွင့္ မ်က္ႏွာကို တစ္ဖက္သို႔ လွည့္ေနသည့္ သံသာကို မိန္းကေလးဟု သူ ဆက္မျမင္ႏိုင္ေတာ့ပါ။ အာ့ကာကို လႊတ္ခ်ၿပီး သံသာကို ပုခုံးမွ ကိုင္လွဳပ္ေနမိလိုက္သည္။

"ဘယ္မွာလဲ..နင့္ ေစာက္ပါးစပ္ကို ပိတ္မေနဘဲ ေျပာစမ္းပါ"

ရာဇာ့ အသံက တဖန္ျပန္၍ က်ယ္ေလာင္လာသည္။

"လႊတ္လိုက္ၾကစမ္း..အဲ့တာ ဘာျဖစ္ေနၾကတာလဲ"

ပါခ်ဳပ္ေတြပါ ေရာက္လာ၍ အသက္ကို တစ္ခ်က္ရွိဳက္ရွဴလိုက္ကာ သံသာ့ကို လႊတ္ေပးလိုက္ရသည္။

"ဘာမွမျဖစ္ပါဘူး ခ်ယ္..သူငယ္ခ်င္းေတြ စကားမ်ားၾကတာပါ"

အာကာက ဆရာေတြၾကား ဝင္ေျဖရွင္းေသာ္လည္း သူနဲ႔ သံသာကေတာ့ တိတ္ဆိတ္စြာပင္။

ေက်ာင္းသားေတြေရာ ဆရာမေတြပါ ထြက္သြားမွ အာကာက သူ႔ကားထဲ သြားခိုင္းသည္။

"မာန္ျပည့္ ေပ်ာက္သြားလို႔လား ရာဇာ"

အာကာက ေလသံ ခပ္ေအးေအးျဖင့္ေမးသည္။ သံသာကေတာ့ ေရွ႕ခန္းတြင္ ထိုင္ကာ ေနာက္သို႔ လွည့္မၾကည့္။

"ငါ တစ္ခုပဲ ေမးမယ္"

သူက ဒီႏွစ္ေယာက္ကို ဘာေတြထပ္ယုံၾကည္ေနရမလဲ။

"ငါ့အစား..သူ႔ကို ေထာင္ထဲဝင္ဖို႔ ၿခိမ္းေျခာက္ခဲ့ၾကတာလား"

ထိုအခါ သံသာက ဆတ္ခနဲ လွည့္ၾကည့္လာသည္။ သူလည္း သံသာ့ကို မုန္းတီးစြာ ျပန္စိုက္ၾကည့္ေနမိသည္။

"နင့္အမွဳကို လြန္ခဲ့တဲ့ ႏွစ္ရက္တည္းက သက္ေသေဖ်ာက္ၿပီး ပိတ္ေပးခဲ့ျပီးၿပီ..နင့္လင္ ေပ်ာက္တာ ငါတို႔ ေစာက္ေၾကာင္းတစ္ခုမွ မပါဘူး..ကားေပၚက ဆင္းေတာ့"

"ငါ မယုံဘူး.။ငါ့ကိုပဲထိ သံသာ။ မာန္ျပည့္ကို ထိရင္ ေနာင္တရမဲ့သူက နင္ျဖစ္သြားလိမ့္မယ္"

ကားေပၚမွ ျပန္ဆင္းလာသည္အထိ အသက္ရွဳသံတို႔က ပုံမွန္မဟုတ္။ ေက်ာင္းသို႔လည္း ေရာက္မလာသည့္ သူ႔အိမ္ေျပးေလးက ဘယ္ကိုမ်ား ေရာက္ေနတာလဲ။

"၂၄နာရီ ျပည့္မွ လူေပ်ာက္တိုင္လို႔ရမယ္..အခုက ေပ်ာက္တာမဟုတ္ဘူးကြ..အသက္ျပည့္ၿပီးသား လူငယ္က စာေရးၿပီး အိမ္ကထြက္သြားတာ..အမွဳလည္း ဖြင့္မရဘူး"

ေက်ာင္းမွ အိမ္သို႔ျပန္လာရင္း တစ္ပါးတည္း ရပ္ကြက္႐ုံးသို႔ ဝင္ေတာ့လည္း  ႐ုံးဥကၠ႒ ျဖစ္သူက ဟိုစာရြက္လွန္ ဒီစာရြက္လွန္ႏွင့္ သူေျပာသည္ကို အေလးမထားေပ။

စိတ္အစုံက ေမာပန္းလို႔လာသည္။ သူ႔ကို ေဆးမွဳ အမွဳဖြင့္သည့္ ရဲစခန္းသို႔လည္း သူေရာက္ခဲ့ၿပီ ျဖစ္သည္။ သံသာေျပာသည္ကို မယုံၾကည္၍ ကိုင္တိုင္အတည္ျပဳၾကည့္ရသည္။

သူသိသည္။ သူေရွ႕မွာ လူေတြ ျဖတ္သြားျဖတ္လာ လုပ္ေနၾကေသာ္လည္း သူ႔ျမင္ကြင္းထဲမွာ ေဝေဝဝါးဝါးသာ။ ေကာင္းကင္က အုံ႔မွိဳင္းလာသည္။ မိုးသားတို႔က အမဲေရာင္ ေျပာင္းသည္။

ကၽြန္ေတာ့္ ခ်စ္သူေလး ခိုလွံဳရာမရွိမွာ စိုးရိမ္လို႔ မိုးစက္ေတြကို ၿပိဳက်ခြင့္မေပးလိုက္ပါနဲ႔။

ဘယ္လို စိတ္ခံစားခ်က္ေတြေၾကာင့္မ်ား အိမ္က ထြက္ခြာသြားရသလဲ။ မာန္ျပည့္က သူ႔ကိုေရာ ခ်စ္ရဲ႕လား။

သူ႔ကို စိတ္ခ်လက္ခ် ထားခဲ့သည့္ အိမ္ေျပးေလးသည္ ရင္ခြင္ထဲ ထည့္ကာ ဖ်စ္ညႇစ္ပစ္ဖို႔သာ ေကာင္းေတာ့သည္။

"သား..ဘာထူးလဲဟင္..လူေပ်ာက္တိုင္လို႔လည္း မရဘူးတဲ့"

သူအိမ္ေရွ႕သို႔ ေရာက္သည္ႏွင့္ ေမခ်ိဳက ေျပးထြက္လာကာ လက္ဖဝါးတို႔ကို အားကိုးတႀကီး ဖ်စ္ညႇစ္ဆုပ္ကိုင္လာသည္။

ၾကည့္ရတာ ေမခ်ိဳလည္း ရပ္ကြက္႐ုံးကို သြားထားပုံ ရသည္။

"ေက်ာင္းကိုလည္း မလာဘူး"

ခပ္တိုးတိုး သူ႔အသံေၾကာင့္ ေမခ်ိဳက ေျမျပင္ေပၚ ေလ်ာခနဲ ထိုင္ခ်လိုက္သည္။

အေမက ေဘးတြင္ ငုတ္တုတ္ထိုင္ကာ ႏွစ္သိမ့္ေပးျပန္သည္။

"အေမ ဒီည ခ်ိဳခ်ိဳနဲ႔ သြားအိပ္ေပးလိုက္မယ္ သား"

သူ ေခါင္းၿငိမ့္ျပကာ အိမ္ထဲ ဝင္လာလိုက္သည္။ သူလည္း ေမခ်ိဳနဲ႔ ထပ္တူ စိတ္ပူေနရသူမို႔ ေျဖသိမ့္စကားတို႔ကို မဆိုေပးႏိုင္။

###
လအေရာင္က ထြန္းလင္းလို႔ေနသည္။

လဝန္းႀကီးကို ေငးၾကည့္ရင္ ခ်စ္သူမ်က္ႏွာေပၚသည္ဟု ေျပာၾက၍ အလြမ္းဒဏ္တို႔ကို မခံစားႏိုင္စြာ လျပည့္ဝန္းႀကီးကို ေမာ့ၾကည့္လို႔ေနမိသည္။

ေမွာင္ရီပ်ိဳးေနေသာ ညအေမွာင္မွာ သူ႔ခ်စ္သူေလး အိပ္စက္စရာ ေနရာမွ ရွိပါ့မလား။

သူက မာန္ျပည့္ရဲ႕ တိုင္ပင္စရာ သူငယ္ခ်င္းတစ္ေယာက္ မျဖစ္ခဲ့သလို ယုံၾကည္အားကိုးစရာ ခ်စ္သူတစ္ေယာက္ ျဖစ္ခဲ့ဟန္မတူ။

အရာအားလုံးက သူ႔ အသုံးမက်မွဳမ်ားသာ ျဖစ္သည္။

#############
"ေျဖာင္း"

ပုခုံးထက္ ႐ိုက္ခတ္လာေသာ သံစတီးႀကိဳးေၾကာင့္ သူ အသဲခိုက္ေအာင္ နာက်င္သြားသည္။ လက္ျပင္ေၾကာကို မလွဳပ္ရဲသည္အထိ တဆစ္ဆစ္နာလာသည္။

ေဒါသတို႔က ဝုန္းခနဲ ဆူပြက္သည္။ ရိပ္ခနဲ ျမင္လိုက္ရသည့္ လူရိပ္ေၾကာင့္ မ်က္လုံထဲ ျမင္သည့္ တုတ္ေခ်ာင္းကို ဆြဲယူကာ ႐ိုက္ခ်လိုက္သည္။

"ဒုတ္"

နားထင္သို႔ မာေၾကာေၾကာ အရာျဖင့္ ထပ္႐ိုက္ခံလိုက္ရသည္။ သူ ျပာေဝသြားသည္။ ဘာမွ ေရေရရာရာ မျမင္ရေတာ့။ လက္ထဲရွိ တုတ္ေခ်ာင္းကို အားကုန္ ဆက္တိုက္လႊဲကာ ဝိုးတိုးဝါးတား လူရိပ္မ်ားၾကား ဝ႐ုန္းသုန္းကား ေျပးဝင္ကာ ထြက္ေျပးလာသည္။

အျမင္အာ႐ုံတို႔က ေဝဝါးလာေသာ္လည္း သူ႔ေနာက္က ေျခသံမ်ားက တပ္ၾကပ္မကြာ လိုက္လို႔ေနေသးသည္။

ဒူးေခါင္းတို႔က ၫႊန္ေခြခ်ခ်င္ေနၿပီ ျဖစ္သည္။ သူ႔ ေျခလွမ္းမ်ား ရပ္လိုက္သည္ႏွင့္ သူေသရေတာ့မွာ သူသိသည္။ အံ့တင္းတင္းႀကိတ္ကာ ဆက္ေျပးသည္။

သူ အိမ္ျပန္ရဦးမည္။ စိတ္ပူေနမည့္ အေမနဲ႔ ရာဇာ့ မ်က္ႏွာကို ျမင္ေယာင္မိေတာ့ ေျခေထာက္မ်ားက အားျပည့္လာသည္။

သူ ဒီခရီးကို ဆုံးေအာင္ ေလွ်ာက္ရမည္။ ေနာက္ပါးက ေျခသံတို႔ ၿငိမ္သြားမွ ညဘက္ ရပ္နားထားသည့္ ကုန္တင္ကားႀကီး၏ တာယာေခြကို မွီကာ ထိုင္ခ်လိုက္သည္။

အသက္ရွဳသံမ်ား ျပင္းထန္ေနသည္အထိ သူေမာပန္းေနသည္။ ေဟာဟဲဆိုက္ေနသည့္ ၾကားမွာ လက္ျပင္ေၾကာက ဆစ္ခနဲ နာက်င္လာျပန္သည္။  ႐ိုက္ခံရ၍ ဒူးေထာက္က်သြားသည့္ အခ်ိန္မွာ ဂ်င္းေဘာင္းဘီက ကတၱရာလမ္းမနဲ႔ ပြန္းကာ ၿပဲသြားေသးသည္။
ေထာင္ထားသည့္ ဒူးေခါင္းေပၚ လက္တင္ကာ လမင္းႀကီးကို ေမာ့ၾကည့္လိုက္သည္။

ရာဇာ သူ႔ကို သရက္ပင္ေအာက္ထိုင္ၿပီး လြမ္းေနေတာ့မွာ။

__________________________________
A/N
အဆင္ေျပ ၾကရဲ႕လား။

...................................................................
                                 Unicode

"လိုက်မရှာနဲ့ အချိန်တန်ရင် ပြန်လာခဲ့မယ်။"

                                                  (စာရေးသူ)
                              အမေ့သား ပူတူးတူးလေး

တစ်ကြောင်းတည်းသော စာလေးက ရာဇာ့နှလုံးသားကို နာကျင်အောင် ဆွဲညှစ်သည်။ အကြိမ်ပေါင်းများစွာ ဖတ်နေရင်း နားမလည်နိုင်ဖြစ်ရသည်။ ခံစားချက်တွေ ဖုံးကွယ်တတ်တဲ့ အဲ့အရူးက နှုတ်ဆက်စာကိုပင် လျှို့ဝှက်စွာရေးထားပြန်သည်။

တရှုံရှုံနှင့် ငိုနေသည့် မေချို့ကို အမေက ထွေးပွေ့ကာ နှစ်သိမ့်ပေးနေသည်။

သူကတော့ အိမ်ရှေ့လှေကားမှာသာ စိတ်ပျက်အားလျော့စွာ ထိုင်နေမိသည်။
မေချို့ကို ဖြေသိမ့်ပေးစရာ စကားလည်း သူ့မှာ မရှိပေ။ သူကိုယ်တိုင်ပင် အခြေအနေကို နားမလည်နိုင်ဖြစ်နေရသည် မဟုတ်လား။

ဗလာဖြစ်နေသော စိတ်အာရုံကို စုစည်းနေသော်လည်း ဘာမှ ရေရေရာရာ စဉ်းစားလို့မရ။

မနေ့ကထိ။ မနေ့ကထိ မာန်ပြည့်က သူ့ရှေ့မှာ ရှိနေခဲ့သေးသည်။ ဘုရားမှ အိမ်ပြန်ရောက်တဲ့အချိန်မှာ ပင်ပန်းပြီး အိပ်ပျော်နေတုန်း မာန်ပြည့်က သူ့ထံ ထပ်ရောက်လာခဲ့သည်။

"ငါ့ကို နမ်း" ဟု ဆိုသော စကားတစ်ခွန်းကြောင့် သဘောၤသားမီးလုံး ဝါကျင်ကျင်အောက်မှာ ဆေးလိပ်နံ့စွဲနေသော နှုတ်ခမ်းပါးကို သူတရှိုက်မတ်မတ် နမ်းခဲ့သည်က ဒုတိယမြောက် အိပ်မက်မဟုတ်မှန်း ကြိမ်းသေခဲ့ပါသည်။

"ချိုချို နဲ့ စကားများကြသေးလို့လား"

"မများပါဘူး မမရယ်။ TV ကြည့်နေတုန်း ပုခုံးကြောတွေ လာနှိပ်ပေးလို့တောင် ထူးဆန်းမိနေသေးတာ..ဒီလို ထွက်သွားဖို့ နှုတ်ဆတ်တာ ထင်ပါတယ်...ဟင့်.."

မေချိုက မျက်ရည်တို့ ဖြိုင်ဖြိုင်ကျသည်။ သားလေးတစ်ယောက်ကြောင့် မေချို ခဏခဏ မျက်ရည်ကျရသည်။ မာန်ပြည့် ဆေးလိပ်သောက်တတ်မှန်း သိခဲ့ရတုန်းကလည်း မေချိုက သူ့ကို အားကိုးတကြီး ဖက်တွယ်ကာ ငိုခဲ့ဖူးသည်။ မာန်ပြည့် ၉တန်း စာမေးပွဲ ကျသည့် အချိန်တုန်းကလည်း မေချိုငိုသည်။

မိဘကို မျက်ရည်ကျစေတဲ့ သားသမီး ဘယ်သောအခါမှ မကြီးပွားကြောင်း ဆရာမတွေက ဆုံးမလေ့ ရှိတဲ့အခါတိုင်း သူ မာန်ပြည့်ကို စိတ်ပူလေ့ရှိသည်။ သူ သက်ပြင်းကို လေးပင်စွာ ချမိသည်။

မာန်ပြည့်က သူများတွေလို ဆိုးသွမ်းရိုင်းစိုင်းနေတာလည်းမဟုတ်သော်လည်း ဆိုးသည် ဟူသော ခေါင်းစဉ်အောက်တွင် ရှိသည်။

သူ ထိုင်နေရာမှ ကမူးရှူးထိုး ထရပ်ကာ ကျောင်းသွားရန် အမြန်ပြင်လိုက်သည်။

"ကျောင်းမှာ သွားစောင့်ကြည့်လိုက်မယ် မေချို၊ ဖုန်းက စက်ပိတ်ထားပေမဲ့ စာပို့ထားလို့ရတယ်၊ သူ ဖုန်းပြန်ဖွင့်ရင် မေချို့ မက်ဆေ့တွေ မြင်မှာပါ"

မေချိုက ရာဇာ့ကို အားကိုးတကြီး ကြည့်သည်။ ပြောသမျှကိုလည်း ညိုးငယ်မှိုင်းထိုင်းနေသော မျက်ဝန်းများဖြင့် ခေါင်းတငြိမ့်ငြိမ့် နားထောင်ရှာသည်။

ပန်ပန်ကလည်း မနက်စောစောတည်းက ကျောင်းသွား၍ လူကြီးနှစ်ယောက်ကို ထားခဲ့ဖို့ရာ စိတ်မချသော်လည်း ကျောင်းကို သွားမှဖြစ်မည်။

စက်ပိတ်ထားပါသည် ဟူသော မိန်းမပျိုအသံကိုလည်း မုန်းတီးလာသည်။

မာန်ပြည့် ဘာဖြစ်နေမှန်း မသိအောင်ကို တုံးအလွန်းသော သူ့ကိုယ်သူလည်း စိတ်ပျက်လာသည်။

"အဲ့ အရူးလေးက ဘယ်တော့များမှ လိမ္မာလာမှာလဲ"

တစ်ကိုယ်တည်း တီးတိုးရွတ်ကာ ခြေလှမ်းကြဲများဖြင့် ကားဂိတ်သို့ သွားနေစဉ် အကြွေမပါမှန်း သတိရ၍ ဘာဘူကြီးဆိုင်တွင် အကြွေဝင်ဖြတ်ရသည်။

"ဟေ့..ကြုံတုန်း မှာလိုက်ဦးမယ်..အိမ်ကို နောက်ကျမှ ပြန်လာတဲ့ ရက်တွေ လမ်းထဲမှာ သတိထားနော်"

ဘာဘူကြီးက အကြွေအရင်မဖြတ်ပေးဘဲ သူယာနေသော ကွမ်းကို လက်စသတ်ရင်း စကားစသည်။

သူဘာမှ ပြန်မပြောသော်လည်း ဘာဘူကြီးက စကားဆက်သည်။

"ဒီရက်ထဲ ညဘက်တွေမှာ ကားအကောင်းစားတွေ အရမ်းလာတယ်။ တနေ့ကတောင် မင်းသူငယ်ချင်းကို သတိပေးလိုက်သေးတယ်။ ငါလဲ ပြောရော ပြေးထွက်သွားတာပဲ..ဘယ်လိုကောင်မှန်း မသိဘူးပါကွာ"

ရာဇာ ဦးနှောက်ထဲ ရုတ်ခြည်းဝင်လာသော အတွေးများကြောင့် မျက်လုံးစုံမှိတ်ကာ အာရုံစုစည်းလိုက်ရသည်။

"တနေ့က ဆိုတာ မနေ့ကရဲ့ တနေ့လား"

"အေးလေကွာ....ရော့..နောက်တစ်ခါတော့ မရဘူးနော်..အကြွေက ရှားတယ်ကွ"

နှစ်ရာတန် ငါးရွက်ကို ဆွဲယူကာ ကားဂိတ်ထိမသွားတော့ပဲ လမ်းထိပ်မှာတင် Taxiငှားလိုက်သည်။

"ခွပ်"

"ဟယ်.." "ဟာ"

ဘေးတွင် ကျောင်းသား ကျောင်းသူများ စုပြုံလာကြသည်။ အံ့သြစွာ ထွက်ပေါ်လာသော အာမေဋိတ်သံများ နှင့်အတူ ဖုန်းထုတ်ကာ မှတ်တမ်းတင်နေကြပြီ ဖြစ်သည်။

သူ အဲ့တာတွေကို ဂရုမစိုက်နိုင်စွာပင် သူ့လက်ချက်ကြောင့် လဲကျသွားတော့ အာကာ့ကို အင်္ကျီလည်ပင်းမှ ဆွဲကာ ပြန်ထူလိုက်သည်။

အပြစ်ကင်းစင်သလို မယုံနိုင်သလို အံ့သြနေသော မျက်လုံးများက ရာဇာ့ဒေါသကို ပို၍ ဆွသည်။

"မာန်ပြည့် ဘယ်မှာလဲ"

အာကာ့ မျက်နှာကို သူမလွတ်တမ်း အကဲခတ်နေမိသည်။ သူ မသိဘူး။ ခံပြင်းမှုတို့က လှိုက်ခနဲ တက်လို့လာသည်။ အာကာ့မျက်နှာက နားမလည်သည့် မေးခွန်းတစ်ပုဒ်ကြားလိုက်ရသည်ထက် မပို။

"မာန်ပြည့် ဘယ်မှာလဲ အာကာ..မင်းတို့ပဲမလား..ဒီတစ်ခါရော..မင်တို့နှစ်ယောက်ပဲလား"

သူထပ်ပြီး စကားမဆိုနိုင်တော့ပေ။ စကားတစ်ခွန်း ထပ်ထွက်မိရင် အဲ့တစ်ခွန်းက ငိုသံပါတော့မှာ။ ပြန်မြိုချလိုက်ရသော မျက်ရည်များအတွက် လည်ပင်းက နာလာသည်။

"ဟဲ့ လွှတ်လိုက်စမ်း"

သံသာက အာကာ့ အင်္ကျီလည်ပင်းကို ဆွဲကိုင်ထားသည့် ရာဇာ့လက်များကို လာလွှတ်ချသည်။

"နင်လား သံသာ..ငါ့ကို ယုတ်မာရတာ အားရမလို့ မာန်ပြည့်ကိုပါ ထိပါးလာတာလား"

မျက်နှာကြောတင်းတင်းနှင့် မျက်နှာကို တစ်ဖက်သို့ လှည့်နေသည့် သံသာကို မိန်းကလေးဟု သူ ဆက်မမြင်နိုင်တော့ပါ။ အာ့ကာကို လွှတ်ချပြီး သံသာကို ပုခုံးမှ ကိုင်လှုပ်နေမိလိုက်သည်။

"ဘယ်မှာလဲ..နင့် စောက်ပါးစပ်ကို ပိတ်မနေဘဲ ပြောစမ်းပါ"

ရာဇာ့ အသံက တဖန်ပြန်၍ ကျယ်လောင်လာသည်။

"လွှတ်လိုက်ကြစမ်း..အဲ့တာ ဘာဖြစ်နေကြတာလဲ"

ပါချုပ်တွေပါ ရောက်လာ၍ အသက်ကို တစ်ချက်ရှိုက်ရှူလိုက်ကာ သံသာ့ကို လွှတ်ပေးလိုက်ရသည်။

"ဘာမှမဖြစ်ပါဘူး ချယ်..သူငယ်ချင်းတွေ စကားများကြတာပါ"

အာကာက ဆရာတွေကြား ဝင်ဖြေရှင်းသော်လည်း သူနဲ့ သံသာကတော့ တိတ်ဆိတ်စွာပင်။

ကျောင်းသားတွေရော ဆရာမတွေပါ ထွက်သွားမှ အာကာက သူ့ကားထဲ သွားခိုင်းသည်။

"မာန်ပြည့် ပျောက်သွားလို့လား ရာဇာ"

အာကာက လေသံ ခပ်အေးအေးဖြင့်မေးသည်။ သံသာကတော့ ရှေ့ခန်းတွင် ထိုင်ကာ နောက်သို့ လှည့်မကြည့်။

"ငါ တစ်ခုပဲ မေးမယ်"

သူက ဒီနှစ်ယောက်ကို ဘာတွေထပ်ယုံကြည်နေရမလဲ။

"ငါ့အစား..သူ့ကို ထောင်ထဲဝင်ဖို့ ခြိမ်းခြောက်ခဲ့ကြတာလား"

ထိုအခါ သံသာက ဆတ်ခနဲ လှည့်ကြည့်လာသည်။ သူလည်း သံသာ့ကို မုန်းတီးစွာ ပြန်စိုက်ကြည့်နေမိသည်။

"နင့်အမှုကို လွန်ခဲ့တဲ့ နှစ်ရက်တည်းက သက်သေဖျောက်ပြီး ပိတ်ပေးခဲ့ပြီးပြီ..နင့်လင် ပျောက်တာ ငါတို့ စောက်ကြောင်းတစ်ခုမှ မပါဘူး..ကားပေါ်က ဆင်းတော့"

"ငါ မယုံဘူး.။ငါ့ကိုပဲထိ သံသာ။ မာန်ပြည့်ကို ထိရင် နောင်တရမဲ့သူက နင်ဖြစ်သွားလိမ့်မယ်"

ကားပေါ်မှ ပြန်ဆင်းလာသည်အထိ အသက်ရှုသံတို့က ပုံမှန်မဟုတ်။ ကျောင်းသို့လည်း ရောက်မလာသည့် သူ့အိမ်ပြေးလေးက ဘယ်ကိုများ ရောက်နေတာလဲ။

"၂၄နာရီ ပြည့်မှ လူပျောက်တိုင်လို့ရမယ်..အခုက ပျောက်တာမဟုတ်ဘူးကွ..အသက်ပြည့်ပြီးသား လူငယ်က စာရေးပြီး အိမ်ကထွက်သွားတာ..အမှုလည်း ဖွင့်မရဘူး"

ကျောင်းမှ အိမ်သို့ပြန်လာရင်း တစ်ပါးတည်း ရပ်ကွက်ရုံးသို့ ဝင်တော့လည်း  ရုံးဥက္ကဋ္ဌ ဖြစ်သူက ဟိုစာရွက်လှန် ဒီစာရွက်လှန်နှင့် သူပြောသည်ကို အလေးမထားပေ။

စိတ်အစုံက မောပန်းလို့လာသည်။ သူ့ကို ဆေးမှု အမှုဖွင့်သည့် ရဲစခန်းသို့လည်း သူရောက်ခဲ့ပြီ ဖြစ်သည်။ သံသာပြောသည်ကို မယုံကြည်၍ ကိုင်တိုင်အတည်ပြုကြည့်ရသည်။

သူသိသည်။ သူရှေ့မှာ လူတွေ ဖြတ်သွားဖြတ်လာ လုပ်နေကြသော်လည်း သူ့မြင်ကွင်းထဲမှာ ဝေဝေဝါးဝါးသာ။ ကောင်းကင်က အုံ့မှိုင်းလာသည်။ မိုးသားတို့က အမဲရောင် ပြောင်းသည်။

ကျွန်တော့် ချစ်သူလေး ခိုလှုံရာမရှိမှာ စိုးရိမ်လို့ မိုးစက်တွေကို ပြိုကျခွင့်မပေးလိုက်ပါနဲ့။

ဘယ်လို စိတ်ခံစားချက်တွေကြောင့်များ အိမ်က ထွက်ခွာသွားရသလဲ။ မာန်ပြည့်က သူ့ကိုရော ချစ်ရဲ့လား။

သူ့ကို စိတ်ချလက်ချ ထားခဲ့သည့် အိမ်ပြေးလေးသည် ရင်ခွင်ထဲ ထည့်ကာ ဖျစ်ညှစ်ပစ်ဖို့သာ ကောင်းတော့သည်။

"သား..ဘာထူးလဲဟင်..လူပျောက်တိုင်လို့လည်း မရဘူးတဲ့"

သူအိမ်ရှေ့သို့ ရောက်သည်နှင့် မေချိုက ပြေးထွက်လာကာ လက်ဖဝါးတို့ကို အားကိုးတကြီး ဖျစ်ညှစ်ဆုပ်ကိုင်လာသည်။

ကြည့်ရတာ မေချိုလည်း ရပ်ကွက်ရုံးကို သွားထားပုံ ရသည်။

"ကျောင်းကိုလည်း မလာဘူး"

ခပ်တိုးတိုး သူ့အသံကြောင့် မေချိုက မြေပြင်ပေါ် လျောခနဲ ထိုင်ချလိုက်သည်။

အမေက ဘေးတွင် ငုတ်တုတ်ထိုင်ကာ နှစ်သိမ့်ပေးပြန်သည်။

"အမေ ဒီည ချိုချိုနဲ့ သွားအိပ်ပေးလိုက်မယ် သား"

သူ ခေါင်းငြိမ့်ပြကာ အိမ်ထဲ ဝင်လာလိုက်သည်။ သူလည်း မေချိုနဲ့ ထပ်တူ စိတ်ပူနေရသူမို့ ဖြေသိမ့်စကားတို့ကို မဆိုပေးနိုင်။

###
လအရောင်က ထွန်းလင်းလို့နေသည်။

လဝန်းကြီးကို ငေးကြည့်ရင် ချစ်သူမျက်နှာပေါ်သည်ဟု ပြောကြ၍ အလွမ်းဒဏ်တို့ကို မခံစားနိုင်စွာ လပြည့်ဝန်းကြီးကို မော့ကြည့်လို့နေမိသည်။

မှောင်ရီပျိုးနေသော ညအမှောင်မှာ သူ့ချစ်သူလေး အိပ်စက်စရာ နေရာမှ ရှိပါ့မလား။

သူက မာန်ပြည့်ရဲ့ တိုင်ပင်စရာ သူငယ်ချင်းတစ်ယောက် မဖြစ်ခဲ့သလို ယုံကြည်အားကိုးစရာ ချစ်သူတစ်ယောက် ဖြစ်ခဲ့ဟန်မတူ။

အရာအားလုံးက သူ့ အသုံးမကျမှုများသာ ဖြစ်သည်။

#############
"ဖြောင်း"

ပုခုံးထက် ရိုက်ခတ်လာသော သံစတီးကြိုးကြောင့် သူ အသဲခိုက်အောင် နာကျင်သွားသည်။ လက်ပြင်ကြောကို မလှုပ်ရဲသည်အထိ တဆစ်ဆစ်နာလာသည်။

ဒေါသတို့က ဝုန်းခနဲ ဆူပွက်သည်။ ရိပ်ခနဲ မြင်လိုက်ရသည့် လူရိပ်ကြောင့် မျက်လုံထဲ မြင်သည့် တုတ်ချောင်းကို ဆွဲယူကာ ရိုက်ချလိုက်သည်။

"ဒုတ်"

နားထင်သို့ မာကြောကြော အရာဖြင့် ထပ်ရိုက်ခံလိုက်ရသည်။ သူ ပြာဝေသွားသည်။ ဘာမှ ရေရေရာရာ မမြင်ရတော့။ လက်ထဲရှိ တုတ်ချောင်းကို အားကုန် ဆက်တိုက်လွှဲကာ ဝိုးတိုးဝါးတား လူရိပ်များကြား ဝရုန်းသုန်းကား ပြေးဝင်ကာ ထွက်ပြေးလာသည်။

အမြင်အာရုံတို့က ဝေဝါးလာသော်လည်း သူ့နောက်က ခြေသံများက တပ်ကြပ်မကွာ လိုက်လို့နေသေးသည်။

ဒူးခေါင်းတို့က ညွှန်ခွေချချင်နေပြီ ဖြစ်သည်။ သူ့ ခြေလှမ်းများ ရပ်လိုက်သည်နှင့် သူသေရတော့မှာ သူသိသည်။ အံ့တင်းတင်းကြိတ်ကာ ဆက်ပြေးသည်။

သူ အိမ်ပြန်ရဦးမည်။ စိတ်ပူနေမည့် အမေနဲ့ ရာဇာ့ မျက်နှာကို မြင်ယောင်မိတော့ ခြေထောက်များက အားပြည့်လာသည်။

သူ ဒီခရီးကို ဆုံးအောင် လျှောက်ရမည်။ နောက်ပါးက ခြေသံတို့ ငြိမ်သွားမှ ညဘက် ရပ်နားထားသည့် ကုန်တင်ကားကြီး၏ တာယာခွေကို မှီကာ ထိုင်ချလိုက်သည်။

အသက်ရှုသံများ ပြင်းထန်နေသည်အထိ သူမောပန်းနေသည်။ ဟောဟဲဆိုက်နေသည့် ကြားမှာ လက်ပြင်ကြောက ဆစ်ခနဲ နာကျင်လာပြန်သည်။  ရိုက်ခံရ၍ ဒူးထောက်ကျသွားသည့် အချိန်မှာ ဂျင်းဘောင်းဘီက ကတ္တရာလမ်းမနဲ့ ပွန်းကာ ပြဲသွားသေးသည်။
ထောင်ထားသည့် ဒူးခေါင်းပေါ် လက်တင်ကာ လမင်းကြီးကို မော့ကြည့်လိုက်သည်။

ရာဇာ သူ့ကို သရက်ပင်အောက်ထိုင်ပြီး လွမ်းနေတော့မှာ။

_____________________________________
A/N
အဆင်ပြေကြရဲ့လား။

...................................................................

Continue Reading

You'll Also Like

3.1K 257 12
Title : Kant Kaw Pwint Chain Genre : Own Creation, BL Tags : Angst , Romance Author : Yaung Che Nway Starting Date : 26,April,2022 End...
260K 16.7K 40
အခ်စ္ကိုေပးဆပ္ျခင္းဟုသာ ခံယူထားေသာသူတို႔အေၾကာင္း အချစ်ကိုပေးဆပ်ခြင်းဟုသာ ခံယူထားသောသူတို့အကြောင်း Uni & ZG !!! My first OCBL Yuna Chen! Start date-M...
671K 74.6K 58
Cover - Artist Ma Jue Swar [Book 2] Story Genre: Romance, Melodrama Age Restriction: 12 years and older Plot: တင်းကျပ်လွန်းတဲ့ဖခင်ဆီကနေထွက်ပြေးဖို့ ပ...
71.1K 6.6K 26
Sometimes love is complicate Sometimes love is simple Complicate or simple is just a love,the prettiest thing all over the world and essential drug f...