သစ္စာတည်၍ အမျက်တော်ပြေ S2

By ZReed_Feb29

430K 56.3K 2.3K

နန်းမြို့ရိုး၏ ချစ်ခြင်း အလင်္ကာရဲ့ အဆက်ပါ။ Completed More

AN
Ep-1(Unicode)
Ep-1(Zawgyi)
Ep-2(Unicode)
Ep-2(Zawgyi)
Ep-3(Unicode)
Ep-3(Zawgyi)
Ep-4(Unicode )
Ep-4(Zawgyi)
Ep-5(Unicode)
Ep-5(Zawgyi)
Ep-6(Unicode)
Ep-6(Zawgyi)
Ep-7(Unicode)
Ep-7(Zawgyi)
Ep-8(Unicode)
Ep-8(Zawgyi)
Ep-9(Unicode)
Ep-9(Zawgyi)
Ep-10(Unicode)
Ep-10(Zawgyi)
Ep-11(Unicode)
Ep-11(Zawgyi)
Ep-12(Unicode)
Ep-12(Zawgyi)
Ep-13(Unicode)
Ep-13(Zawgyi)
Ep-14(Unicode)
Ep-14(Zawgyi)
Ep-15(Unicode)
Ep-15(Zawgyi)
Ep-16(Unicode)
Ep-16(Zawgyi)
Ep-17(Unicode)
Ep-17(Zawgyi)
Ep-18(Unicode)
Ep-18(Zawgyi)
Ep-19(Unicode)
Ep-19(Zawgyi)
Ep-20(Unicode)
Ep-20(Zawgyi)
Ep-21(Unicode)
Ep-21(Zawgyi)
Ep-22(Unicode)
Ep-22(Zawgyi)
Ep-23(Unicode )
Ep-23(Zawgyi)
Ep-24(Unicode)
Ep-25(Unicode)
Ep-25(Zawgyi)
Ep-26(Unicode)
Ep-26(Zawgyi)
Ep-27(Unicode)
Ep-27(Zawgyi)
Ep-28(Unicode)
Ep-28(Zawgyi)
Ep-29(Unicode)
Ep-29(Zawgyi)
Ep-30 (Unicode)
Ep-30 (Zawgyi)

Ep-24(Zawgyi)

3.8K 421 18
By ZReed_Feb29

Hotel ကိုရောက်တော့ သုံးယောက်ခန်းတစ်ခန်းယူလိုက်ပြီး ဝန်ထမ်းတစ်ဦးက ဦးဆောင်ကာ ခေါ်သွားသည်။ အခန်းထဲရောက်ချိန် တိမ်စိုင်က စိုင်းခန့် လက်ထဲကအထုပ်ကိုပြောင်းယူရင်း

"ညီခဏ နားအုံးနော် ညနေကျမှ ဘုရားဖူးသွားတာပေါ့ "

"ဟုတ်ကဲ့"

နှစ်ယောက်အိပ်ခုတင်တစ်လုံးနဲ့တစ်ယောက်အိပ်ခုတင်တစ်ခုပါရှိပြီး အနောက်ကဝင်လာတဲ့နေရှိန်က သူ့ရဲ့ကျောပိုးအိတ်ကို တစ်ယောက်အိပ်ခုတင်ပေါ် ပစ်တင်လိုက်သည်။ထို့နောက် အင်္ကျီချွတ်ပြီး ရေချိုးခန်းထဲ တန်းဝင်သွားတော့ တစ်လမ်းလုံးကိုယ်ပေါ်မှာ ခြုံထားတဲ့ လက်ရှည်ကို ချထားတဲ့ အထုပ်လေးပေါ်မှာ တင်ထားပေးလိုက်သည်။ ခဏအကြာပြန်ထွက်လာချိန် ထိုလက်ရှည်ကို သေချာလေးခေါက်ပြီး အိတ်ထဲ ပြန်ထည့်လိုက်သော နေရှိန်ကြောင့် စိုင်းခန့်အားနာသွားရသည်။ ခြုံထားပြီးသားဆိုတော့ ဟင်းနံ့တွေရော စွဲနေမှာကို မေ့ပြီးသွားတင်လိုက်တာ။စကားပြောချင်သော်လည်း လှည့်တောင်မကြည်တဲ့ နေရှိန်ကြောင့် စိုင်းခန့်မဝံ့ရဲတာမို့ ငြိမ်နေလိုက်ရတော့သည်။

နေရှိန်နဲ့တိမ်စိုင် ထမင်းသွားစားနေတဲ့အချိန် စိုင်းခန့်ရေချိုးပြီး အခန်းထဲမှာပဲ နားနေလိုက်သည်။ ခဏမှေးခနဲဖြစ်သွားပြီး ပြန်နိုးလာတော့ နှစ်ယောက်လုံးက အပြင်သွားဖို့အဆင်သင့်ဖြစ်နေပြီး စိုင်းခန့်နိုးမယ့်အချိန်ကို ထိုင်စောင့်နေကြဟန်။

နေရှိန်က သူ့ခုတင်ဘက်မှာ ကျောမှီထိုင်ပြီးဖုန်းကြည့်နေသည်။တိမ်စိုင်ကတော့ ပြတင်းပေါက်အပြင်က ရှု့ခင်းကိုငေးကြည့်လျက်။

စိုင်းခန့် အချိန်ဆွဲမနေတော့ဘဲ မျက်နှာပြန်သစ်ကာ ရေချိုးခန်းထဲဝင်ပြီး ပုဆိုးနဲ့ ရှပ်အင်္ကျီအဖြူတစ်ထည်လဲလိုက်သည်။သုံးယောက်လုံး Hotelကနေ ကားနဲ့ပဲ ပြန်ထွက်လာပြီး အလိုတော်ပြည့် ဘုရားကိုရောက်တော့ နေရောင်တောင် သိပ်မရှိတော့။နေရှိန်က ဘုရားဖူးပြီး ချက်ချင်းပြန်ထွက်သွားတာကြောင့် စိုင်းခန့် နံရံဆေးရေးတို့တောင်ကြည့်ချိန်မရ အနောက်က လိုက်ရပြန်သည်။ ထို့အတူ စိုင်းခန့်ကို အရိပ်တကြည့်ကြည့်နဲ့ တစ်စုံတစ်ခုကိုရှာဖွေနေသော တိမ်စိုင်မှာလည်း ဘေးကပါလာတာကြောင့် အလိုတော်ပြည့် ဘုရားမှာ နာရီဝက်လောက်တောင် မကြာလိုက်ပေ။

"ဘယ်ကို မောင်းရမလဲ "

ကားထဲ ပြန်ရောက်ပြီးချိန် ဘယ်သူ့ရယ်လို့မရည်ရွယ်ဘဲ မေးသည့်စကား။ စိုင်းခန့်လည်းမသိတာမို့ တိမ်စိုင်ကသာ ခရီးဦးဆောင်သူပီပီ လမ်းပြသည်။

"ရွှေစည်းခုံဘုရားကို သွားရအောင်... ကိုကိုတို့ သူငယ်ချင်းအဖွဲ့နဲ့ ရောက်တုန်းက ရွှေစည်းခုံကို ညခင်းပိုင်းသွားတာ ပိုကောင်းတယ် အခုမောင်းမှာနဲ့ဆို ကွက်တိလောက်ပဲ "

နေရှိန် ခေါင်းညိတ်ပြီး ကားကိုလမ်းမပေါ် ပြန်လှည့်ကာ မောင်းလာသည်။ နေရောင်လုံးဝ ပျောက်သွားချိန် ရှည်လျားသော စောင်းတန်းကြီးဘေးက လမ်းပေါ်ရောက်လာသည်။ ကားကိုရပ်ကာ ဖိနပ်တွေပါ ကားပေါ်မှာပဲ ထားခဲ့လိုက်ပြီးရှည်လျားလှတဲ့ စောင်းတန်းကြီးထဲကိုဝင်လာတော့ များပြားလှတဲ့ ဈေးဆိုင်တန်းလေးတွေမှာ ပုဂံအင်္ကျီလေးတွေအရောင်စုံရှိသလို သနပ်ခါးတုံးတွေ ၊ကြေးရုပ်တွေ စသည့် ယွန်းထည်ဆိုင်လေးတွေက ခရီးသွားတွေရဲ့ အာရုံကိုဆွဲဆောင်နိုင်ကြသည်။

ဘုရားဝန်းထဲကို သွားနေသော သူတွေနဲ့ ပြန်လာသော သူတြွေဖင့် ပြည့်နေသော်လည်း တိုက်မိတယ်ရယ်လို့မရှိ။လူဘယ်လောက်များများ သွားလို့ လာလို့ အဆင်ပြေစေသည်။သို့သော် ပွဲဈေးတန်းမှာ အမေပျောက်သွားမှာ စိုးသည့် ကလေးငယ်တစ်ယောက်ကဲ့သို့ စိုင်းခန့် တစ်စုံတစ်ယောက်ရဲ့ လက်အား တွဲထားချင်နေသည်။လူအရမ်းရှုပ်တာကြောင့်လား ၊ ဈေးဆိုင်တွေကိုငေးနေရင်း လူကွဲသွားမှာစိုးသည့် စိတ်ကြောင့်လားတော့မသိ။ဒီနေရာမှာ အတူတွဲလျှောက်ဖူးသလို လက်ဖဝါးပြင်မှာ လစ်ဟင်းနေသည့် ခံစားချက်ကြောင့် ဘယ်ဘက်မှာရှိနေသော နေရှိန်အား မော့ကြည့်မိသည်။

အရှေ့ကိုသာ ရှု့နေသော တည်တန့်တဲ့ သူ့မျက်နှာတခြမ်းကို ကြည့်နေရင်း ရင်ထဲမှာ မောဟိုက်လာသည်။မြင်နေရတာကို အရမ်းလွမ်းမောနေသလိုမျိုး။ အနည်းငယ်လွှဲရမ်းနေသော နေရှိန့်ညာဘက်လက်ကို ကိုင်လိုက်ချင်သည်။ ခဏလေးပဲဖြစ်ဖြစ်

"......."

"အဆင်ပြေရဲ့လား"

လှမ်းချင်နေသော လက်မဟုတ်ဘဲ တခြားတစ်ဖက်ကို ဆုပ်ကိုင်ခံလိုက်ရပြီး တိမ်စိုင်ရဲ့ စိုးရိမ်တကြီး မေးသံကို ကြားလိုက်ရသည်။အနည်းငယ် စောင်းငဲ့ကြည့်လာသော သူက မော့ကြည့်နေသော စိုင်းခန့်ထံမှ တွဲထားတဲ့ လက်ကို တချက်ကြည့်ကာ ခြေလှမ်းတို့ ပိုမြန်သွားပြီး အကွာအဝေးခြားစေ၏။ဒါက တမင်ရှောင်ထွက်ပေးနေခြင်း အမူအယာမျိုး။

နွေးထွေးသော်လည်း ခံစားချက် ဖြစ်တည်ခြင်းကင်းသော တိမ်စိုင်လက်အတွင်းမှ အနည်းငယ်ရုန်းထွက်လိုက်ပြီး

"ရပါတယ်..... လူများတော့ နည်းနည်း အသက်ရှူကျပ်သွားလို့ "

"အင်း တစ်ခုခုဆို ကိုယ့်ကိုပြောနော် "

"ဟုတ်"

မသိစိတ်ကပဲ ခြေလှမ်းနည်းနည်းမြန်လာတော့ တိမ်စိုင်ကပါ အတူလိုက်လာတာကြောင့် သုံးယောက်တန်းတူ ပြန်ဖြစ်သွားသည်။လက်ကို တွဲဖို့ ကြိုးစားနေသော်လည်း ဘုရားဝန်းထဲရောက်သည်အထိ အကောင်ထည်မဖော်လိုက်ရ။

ညမီးရောင်တွေအောက်မှာ တဝင်းဝင်းတောက်ပကာ သပ္ပါယ်လှသော စေတီကြီးက ရွှေတောင်ကြီး ပမာ။ဘုရားကန်တော့ပြီး​တော့ သမိုင်းကြောင်းရှင်းပြတဲ့ ကလေးလေးတစ်ယောက်ကို တိမ်စိုင်က မုန့်ဖိုးပေးကာ နားထောင်နေသည်။ စိုင်းခန့်လည်း ထိုကလေးပြောပြတဲ့ ဘုရားတည်တဲ့ သမိုင်းတွေ အံ့ဖွယ်၉ပါးတွေကို စိတ်ဝင်တစားနားထောင်ရင်း ခပ်လှမ်းလှမ်းမှာရှိနေသော နေရှိန်ဆီ အကြည့်ရောက်သွားပြန်သည်။

ကျောက်ပြားပေါ်မှာပဲ ထိုင်ချကာ စေတီကြီးရဲ့ ထီးတော်ကို မော့ကြည့်နေသော နေရှိန်က များပြားလှတဲ့ လူတွေကြားမှာ သီးခြားတစ်ယောက်တည်း ရှိနေသလို။ ဘယ်ကိုမှလည်း အာရုံမရ ငြိမ်ငြိမ်လေးသာ လက်ကိုနောက်ပြန်ထောက်၍ ခေါင်းကိုမော့ထားသည်။

"သစ္စာကို ကျွန်ုပ်ပဲရှင်းပြလိုတယ် ။ စောစောက ဝိညာဉ်ထက်ပိုရှင်းအောင်ပြောမှာမို့ သူပြောတာတွေ နားမထောင်ပါနဲ့ "

".........! "

နားနားလေး ကပ်ပြောလိုက်သလိုအသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်။ စာကျက်သလိုပြောပြနေသော ကလေးလေးရဲ့ အသံမဟုတ်။ ပြတ်သားတိကျစွာထွက်ပေါ်လာသော ခပ်ဩဩ အသံကြောင့် ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်သော်လည်း စိုင်းခန့်ဘေးမှာထိုင်နေတာ တိမ်စိုင်အပြင် တခြားလူမရှိ။ သွားလာလှုပ်ရှားနေတဲ့ လူတွေနဲ့လည်း နီးကပ်မနေတာကြောင့် ဒီအသံပိုင်ရှင်က ဘယ်သူများလဲ ။

"ဘာဖြစ်လို့လဲ ညီ "

စိုင်းခန့်အမူအယာကို စက္ကန့်မလပ် အကဲခတ်နေသော တိမ်စိုင်က မေးသည်။တစ်စုံတစ်ခုကို သတိရလာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့။ သို့သော် စိုင်းခန့် အဖြေနဲ့ ခံစားချက်က တိမ်စိုင်ဆီမှာမဟုတ်။ထို့ကြောင့် ခေါင်းရမ်းပြကာ ငြိမ်နေလိုက်သည်။

စိုင်းခန့်နားကြားမှားတာလည်းဖြစ်နိုင်တာပဲ။

အတွေးထဲ နစ်မြောနေစဉ်မျက်လုံးထောင့်က အရိပ်လေး ရွေ့လျားသွားတာကြောင့် စိုင်းခန့် ထိုင်နေရာမှ အလိုလို ထရပ်မိပြန်သည်။

"ဘယ်သွား...."

တိမ်စိုင်ရဲ့စကားက မေးခွန်းတောင်မမြောက်လိုက်ခင် ခပ်သွက်သွက်လျှောက်သွားသော ကောင်လေးရဲ့ခြေလှမ်းများဦးတည်ရာက နေရှိန်ဆီကိုသာ။ရှင်းပြနေ​သော ကလေးလေးရဲ့အသံဟာလည်း ကြားတစ်ချက် မကြားတစ်ချက် အတူတူ ယှဉ်တွဲသွားသော ကျောပြင်လေးကိုသာ ငေးကြည့်ရင်း တိမ်စိုင် ထိုနေရာမှာသာ နေရစ်ခဲ့တော့သည်။

...................

သူ့ဘေးနား ယှဉ်လျှောက်လိုက်တော့ မီးအလင်းရောင်ဖြင့် ကျရောက်လာသော အရိပ်ဟာ စိုင်းခန့်ပေါ်မှာ အုပ်မိုးလျက်နွေးထွေးသွားစေသည်။ရှုပ်ထွေးနေတဲ့ ခံစားချက်တွေက နေရှိန်ဘေးနားရောက်တော့အဖြေရှိနေပြီးသား ပုစ္ဆာ တစ်ခုလို စိတ်ထဲ ရှင်းလင်းနေသည်။

ရွှေစည်းခုံ စေတီကြီးကို တစ်ပတ်ပြည့်အောင် ပတ်ကာ အရှေ့ကိုသာကြည့်နေရင်း စိုင်းခန့်ဘက်သို့ သူလှည့်လှည့်ကြည့်နေမှန်းသိသည်။မည်သည်စကားမှ မဆိုမိကြသလို ဖြေရှင်းချက်လည်းမရှိ။ဒီအတိုင်း ဘေးနားလေး အတူယှဉ်တွဲ လျှောက်ရုံဖြင့် စိတ်သက်သာရာ ရနေတာတော့ အမှန်ပင်။

..........

Continue Reading

You'll Also Like

372K 21.6K 77
နယ်မြို့လေးမှာ ဖြစ်တည်လာခဲ့ကြသော မိုးသက်ငြိမ်နှင့် လွမ်းနေဝေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။
553K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
744K 94K 59
Black-eyed Susan ဆိုတဲ့ ပန်းရဲ့ အဓိပ္ပါယ်​ကို သိလား စုံ​ထောက်​ကြီး... Black-eyed Susan ပန်းဟာ တရားမျှတမှုကို ကိုယ်​စားပြုတယ်​တဲ့.. သူ့ကို Flower of...
1.1M 117K 47
#For Zawgyi ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှုမျ...