မီးဖိုအောက်က ပြာတို့ကို ထင်းချောင်းနဲ့ အနည်းငယ် ယှက်ဖြဲလိုက်ပြီး မီးထပ်ဖြည့်လိုက်သည်။မနေ့က တညနေလုံး ဗိုက်မကောင်းစေတဲ့ တရားခံက ချောင်းရေ သောက်မိခြင်းဟုသိရတာကြောင့် ကောင်လေးက ရေနွေးတည်ပေးခဲ့ပြီး နေရှိန်ကို မီးထိုင်ဖြည့်ခိုင်းသည်။ လူလေးကသာ သေးသေးလေး နိုးလာတော့ ရေးချိုးဖို့ စဉ့်အိုးထဲ ရေအပြည့် ဖြည့်ထားပေးတာကြောင့် ချီးကျူးရင်း အားနာရသေးသည်။သူကတော့ချောင်းထဲ သွားချိုးမယ်ဆိုပြီး ထွက်သွားပြီ။နောက်ဆိုရင်တော့ သူချိုးဖို့ အတွက် ပြန်ခပ်ပေးရမယ်။
မနေ့ညကပဲ တွေ့တဲ့နေရာမှာ ဒီအတိုင်း အိပ်ပျော်သွားတတ်တဲ့ အကျင့်ကို နေရှိန်ပထမဆုံး သဘောကျမိခြင်းပင်။အရင်က ဘယ်နေရာမှာ ဘယ်လိုအိပ်နေနေ ဂရုစိုက်မယ့်သူမရှိ။ အခုတော့ မိမိခြင်ထောင်ဘက် မဟုတ်ဘဲ သူ့ဘက်ရောက်နေတာတောင် နေရာပေးလို့ သက်သောင့်သက်သာဖြစ်စေခဲ့သည်။
မီးအရှိန်ပြင်းလာတော့ ဘေးမှာ ထိုင်နေတဲ့ နေရှိန် ခြေသလုံးတွေ မီးဟပ်ကုန်သည်။ထင်းထည့်တာ များသွားပြီး အပူဟပ်၍ အမွှေးတွေပါသွားသော ခြေလုံးကို ပွတ်နေရင်း ဘာရယ်မဟုတ် ဝင်းမွတ်နေသော ခြေသလုံးဖွေးဖွေးလေးမှာလည်း ဒီလိုမီးဟပ်တာကြောင့် အမွှေးတွေ မရှိတာလို့ ဟုတွေးမိသည်။သေချာလိုက်ကြည့်နေတာ မဟုတ်ပေမဲ့ မျက်လုံးထဲ ရှိသမျှ အရာတွေမှာ သူ့ကိုပဲ အဓိက အာရုံစိုက်နေမိတာတော့ ကိုယ်တိုင်လည်း မတတ်နိုင်။
"ဆရာ!"
"......"
ခပ်စူးစူးအော်ခေါ်သံတစ်ခုနဲ့ အတူ အဝေးတစ်နေရာမှ အူယားဖားယား ပြေးလာနေသော ကျော်ကျော်။ သူ့အနောက်မှာ ဇော်မျိုးနိုင်။နှစ်ယောက်သား အနားရောက်တာနဲ့ နေရှိန်ကို ခြေစခေါင်းဆုံးကြည့်ကာ ကျော်ကျော်မှ အရင်ဦးစွာ
"ဆရာရယ် အဖြစ်ဆိုးလှချည်လား..... ဆရာ့ကို သေပြီလို့တောင် ထင်နေတာ"
"ဘာကွ"
"ဟိတ်ကောင် "
ငိုသံပါကြီးနဲ့ အော်ချင်ရာအော်နေသော ကျော်ကျော်ကို ဇော်မျိုးနိုင်က ပါးစပ်လှမ်းပိတ်လိုက်သည်။ ဒါတောင်ဝူးဝူးဝါးဝါး အသံထွက်နေတုန်း။
VOCÊ ESTÁ LENDO
သစ္စာတည်၍ အမျက်တော်ပြေ S2
Romanceနန်းမြို့ရိုး၏ ချစ်ခြင်း အလင်္ကာရဲ့ အဆက်ပါ။ Completed