Zawgyi
မေတြ႔ရမွလိုအပ္တဲ့ခံစားခ်က္ကိုပိုပိုၿပီးသိလာသည္။ကိုယ့္ဘက္ကတြန္းထုတ္ေနမိတာမို႔ ေစာင့္ေနေပးမယ္ဆိုၿပီးမ်က္စိ
ေ႐ွ႕ေတာင္ေပၚမလာေတာ့တာမို႔ ဘယ္သူ႔ကိုအျပစ္တင္ရမယ္
မွန္းေတာင္မသိပါ။
အခ်ိန္ပိုင္းအလုပ္မွာလူ႐ွင္းေနတုန္း ဖုန္းစခရင္မ္ေပၚက
contactကိုခပ္ဖြဖြထိေတြ႔ရင္း ေခၚလာမလားဆိုၿပီးေတြးမိ
ေနသည္။
ဖုန္းကိုၾကည့္လိုက္ ေခၚမိသြားမွယဆိုးလို႔ျပန္ခ်ထားလိုက္ႏွင့္
ဗ်ာမ်ားေနမိေတာ့သည္။႐ုတ္တရက္လင္းခနဲျဖစ္လာတဲ့ဖုန္းမ်က္ႏွာျပင္...
ဟင္!
ထိမိသြားတာေၾကာင့္ဝင္သြားတဲ့ဖုန္းေကာလ္ကိုအျမန္ျပန္ခ်လိုက္ရင္း ရင္ဘတ္ကိုဖိထားလိုက္သည္။
မဝင္ေလာက္ပါဘူး။ခဏေလးပဲ တကယ့္ခ်က္ခ်င္းျပန္ခ်လိုက္
တာပါ။သို့ေပမယ့္ သူ႔ဆုေတာင္းကိုမျဖည့္ဆည္းေပးလိုက္ပါ။တုန္ခါလာတဲ့ဖုန္းေၾကာင့္ သူရဲ့missed call ကိုျမင္လို
႔ေသခ်ာေပါက္ဟိုဘက္ကျပန္ေခၚေနတာပဲျဖစ္မည္။
အား!!႐ွက္ဖို႔ေကာင္းလိုက္တာ.....
"ဟယ္လို...."
"နာရယ္႐ွီ ဂ်ီမင္ကmeetingတက္ေနလို႔ဗ် ဖုန္းကရံုးခန္းထဲမွာက်န္ခဲ့တာ...က်ေနာ္ျပန္ဆက္ဖို႔ေျပာေပး--"
"ျပန္မဆက္ခိုင္းပါနဲ႔...တကယ္ေတာ့မွားႏွိပ္မိသြားတာ အေႏွာင့္အယွက္ျဖစ္သြားရင္ေဆာရီးပါထယ္ေယာင္း႐ွီ~"
သူ႔အသံကိုျပန္ၾကားရမွာခပ္လန္႔လန္႔ျဖစ္ေနေပမယ့္ မသိစိတ္ကသတိရေနတာမို႔ ဖုန္းကိုင္တာသူမဟုတ္ေတာ့အနည္း
ငယ္ေတာ့စိတ္မေကာင္းျဖစ္သြားရသည္။
"ဒါနဲ႔...ဂ်ီမင္ကတအားလြမ္းေနတာ ဖုန္းဆက္တယ္လို႔ေျပာရင္သူတအားဝမ္းသာမယ္ထင္တယ္"
လြမ္းေနတာဆိုတာကိုတဆင့္ၾကားလိုက္ရတာေတာင္ မ်က္ႏွာ
ကျပံဳးခနဲ။သူပါ့ခ္ဂ်ီမင္ကိုသေဘာက်ေနၿပီဆိုတာ ညာလို႔မရ
ေတာ့ဘူးပဲ။
"အာ...ဒါဆိုက်မအလုပ္႐ွိလို႔ဖုန္းခ်လိုက္ေတာ့မယ္ေနာ္"
"Nae...."
.
.
.
မွန္ကာထားတဲ့အခန္းထဲကေန ဂ်ီမင္နဲ႔မ်က္လံုးခ်င္းဆံုေတာ့
မ်က္ခံုးပင့္ျပသည္။သူ႔ကိုအံ့ဩသြားေစခ်င္တာမို႔ ေခါင္းသာခါ
ျပမိသည္။
တကယ္ကဂ်ီမင္အစည္းအေဝးခန္းေရာက္ေနတာမဟုတ္ပဲ
တစ္လေနရင္ေတာင္တစ္ခါလာမေတြ႔တတ္တဲ့အေဖေရာက္
လာတာေၾကာင့္ျဖစ္သည္။
"မင္းေမေမေလး ၾကင္ဖက္ေတြ႔ဖို႔႐ွာထားေပးတယ္တဲ့ အေဖ့
ကိုမ်က္ႏွာပ်က္ေအာင္မလုပ္စမ္းနဲ႔"
"မသြားမွန္းသိတာကိုအပင္ပန္းခံၿပီးလာေျပာေနေသးတယ္
ၿပီးေတာ့...ဘာေမေမေလးလဲ အဲ့မိန္းမကိုဘဝမွာတစ္ခါမွ
အေမလို႔မသတ္မွတ္ဖူးဘူး က်ေနာ့္အတြက္အေမကတစ္ေယာက္တည္းပဲ"
"ဟက္...မင္းအေမနဲ႔ေတြ႔ေသးတယ္မလား ငါၾကားပါတယ္
သူလည္းဟိုမွာေယာက်ာ္းအသစ္နဲ႔ေပ်ာ္ေနတာပဲေလ..."
"မာမီ့ကိုမေစာ္ကားနဲ႔!!!"
"ဟား...ေစာက္ခ်ိဳးကတစ္ပံုစံတည္းပဲ"
အေဖျဖစ္ေနတယ္ဆိုတဲ့စိတ္ကိုမနည္းသြင္းထားရတာမို႔ ခပ္
တင္းတင္းဆုပ္ထားတဲ့လက္သီးတို႔ကတဆတ္ဆတ္တုန္ေန
သည္။
"ေက်းဇူးျပဳၿပီးထြက္သြားလိုက္ပါေတာ့ မဆိုင္တဲ့ကိစၥေတြလည္းဝင္မပါပါနဲ႔"
"လာမယ့္စေနေန႔ ငါ့မ်က္ႏွာကိုေထာက္ၿပီးေတာ့ပဲျဖစ္ျဖစ္
သြားေတြ႔လိုက္ မင္းငါ့ကုမၸဏီကိုဦးစီးေနရတယ္ဆိုတာလည္း
မေမ့နဲ့ဦး သိပ္အာခံခ်င္ေနတယ္"
ခပ္ျပတ္ျပတ္ေျပာၿပီးထြက္သြားတဲ့အဖေနာက္ ဂ်ီမင္းသက္
ျပင္းအ႐ွည္ႀကီးကိုခ်လိုက္မိေတာ့သည္။သူ႔ရဲ႕ေန႔ရက္တိုင္းမွာ
စိတ္ပ်က္စရာေတြႀကီးပဲ။
"ဒီတစ္ေခါက္ေရာဘာေတြေျပာသြားျပန္ၿပီလဲ?"
"ၾကင္ဖက္သြားေတြ႔ခိုင္းတာ....မသြားဘူးလို႔ေျပာမွာကိုသိရဲ႕
သားနဲ႔သက္သက္မဲ့စိတ္ဒုကၡလာေပးတာ"
သူ႔ပုခံုးကိုခပ္ဖြဖြပုတ္ေပးရင္းထယ္ေယာင္းကေမးလာေတာ့သည္။ဒီလိုမ်ိဳးလာေတြ႔ၿပီးတိုင္း စိတ္ပ်က္လက္ပ်က္ျဖစ္ေနတတ္
တဲ့ဂ်ီမင့္ပံုစံကိုထယ္ေယာင္းရင္းႏွီးေနၿပီးသားပဲ။
သူတို႔အတူ႐ွိခဲ့ျကတဲ့အခ်ိန္ေတြကခဏေလးမွမဟုတ္ခဲ့တာ။
"ငါေရာ စိတ္ဒုကၡေပးရမလား?"
"ေတာ္ေတာ့...ခုနကစိတ္ဒုကၡနဲ႔တင္လံုေလာက္ေနၿပီ"
"တကယ္ႀကီးနားမေထာင္ဘူးေပါ့"
"အရင္ျပန္ေတာ့မယ္ မင္းလည္းနားေတာ့ေလ"
"ရတယ္ေလ....မင္းကိုနာရယ္ဖုန္းဆက္တယ္ဆိုတာေသတာ
ေတာင္မေျပာျပဘူး"
"ဘာႀကီး!!! ဟိတ္ေကာင္ ထယ္ေယာင္း!!! ျပန္လာခဲ့!!"
ေျပာခ်င္ရာေျပာကာလက္ျပၿပီးထြက္ေျပးသြားတဲ့ထယ္ေယာင္း
ကိုလိုက္ဖမ္းဖို႔ဂ်ီမင္မမွီလိုက္ပါ။ေျပာသြားတဲ့စကားကိုေသခ်ာ
ေပါက္ကိုၾကားလိုက္ပါသည္။
~~~~~~~~~
"နာရယ္အာ~ဒီတစ္ပါတ္ပိတ္ရက္မလာလည္းရၿပီ အစားထိုး
မဲ့သူရသြားၿပီ"
"Nae..."
ပိတ္ရက္ေတြမွာဂ်ဴတီက်တဲ့အစ္မကေနမေကာင္းတာမို႔ သူပဲ
အစားဝင္ေပးေနရတာႏွစ္ပတ္ေလာက္ေတာ့႐ွိၿပီ။လစာပိုရတာ
မွန္ေပမယ့္ အဲ့ေန႔မွာလည္းတျခားအခ်ိန္ပိုင္းလည္း႐ွိေနတာမို႔
နည္းနည္းေတာ့ပိုပင္ပန္းတာေပါ့။
ဘြဲ႔ရၿပီးရင္ေတာ့အလုပ္ဝင္ၿပီးရင္ ဒီေလာက္ေတာ့မပင္ပန္း
ေတာ့ပါဘူး။အခုေတာ့ကိုယ္လုပ္ႏိုင္တာကအခ်ိန္ပိုင္းအလုပ္ပဲ
႐ွိတာမို႔ ပိုက္ဆံမ်ားမ်ားလိုခ်င္တဲ့ကိုယ္ကပဲႀကိဳးစားေနရေတာ့
သည္။
"ျပန္လိုက္ပါဦးမယ္..."
ဆိုင္႐ွင္ကိုဦးၫြတ္ႏႈတ္ဆက္ကာဆိုင္ထဲကျပန္ထြက္လာေတာ့
အိမ္ျပန္မဲ့လမ္းဖက္စီေကြ႔ဝင္ေတာ့ခပ္ေတာင့္ေတာင့္အရာတစ္ခုကိုဝင္ေဆာင့္မိသည္။
"အ့...ေတာင္းပန္ပါတယ္"
အလ်င္အျမန္ေတာင္းပန္လိုက္ၿပီးေမာ့ၾကည့္လိုက္ေတာ့ ကိုယ့္္
ကိုျပံဳးျပလာတဲ့သူ။
"ပါ့ခ္ဂ်ီမင္?"
"အင္း....ဖုန္းဆက္တယ္ဆို ကိုယ့္ကိုလြမ္းေနလို႔လား"
"မွားႏွိပ္မိသြားတာပါ!!!"
ရဲရဲတင္းတင္းေျပာလာတဲ့စကားတို႔ေၾကာင့္မ်က္ႏွာပူလာကာ
ပက္ခနဲျပန္ေျပာမိသည္။ကိုယ့္စကားကိုၾကားၾကားမွ သူလည္း
အားနာသလိုလိုလည္ဂုတ္ကိုပြတ္ရင္းခပ္ဟဟရယ္လာသည္။
"အဲ့ဒါဆိုကိုယ္ကပဲလြမ္းလို႔လာေတြ႔တယ္ထားလိုက္ေတာ့.."
"Nae?"
"လြမ္းလို႔!!!"
လမ္းမထက္မွာပါးစပ္နားကိုလက္ႏွစ္ဖက္နဲ႔ကာရင္အသံက်ယ္
ႀကီးနဲ႔ထေအာ္ေတာ့ လက္ေမာင္းကိုတဖတ္ဖတ္႐ိုက္ရင္းမေအာ္ဖို႔ေျပာရျပန္သည္။
"ဒီညေနအားရင္ညစာခ်က္ေကြၽးပါ မာမီ့ကို႐ုတ္တရက္ႀကီးလြမ္းလာလို႔..."
အဆက္အစပ္မ႐ွိတဲ့ဆင္ေျခကိုေပးရင္း ကိုယ့္အေျဖကိုေတာင္မေစာင့္ပဲကားေပၚကိုဆြဲေခၚေနၿပီျဖစ္သည္။
"ဘယ္သူကအားတယ္လို႔ေျပာလဲ...ဒီေန႔ေဖေဖနဲ႔ညစာစားဖို႔
လုပ္ထားတယ္ ညဆိုင္းဆင္းတာေတြမ်ားေနလို႔ညစာအတူ
မစားရတာၾကာေနၿပီ ေနာက္မွပဲ..."
မလိုက္ဘူးျငင္းေတာ့မ်က္ႏွာကဇီးရြက္ေလာက္ပဲ႐ွိေတာ့သလိုလို။
"အဲ့ဒါဆိုလည္းလိုက္ပို႔ေပးမယ္..."
ကားတံခါးဖြင့္ေပးလာတာကိုေတာ့မျငင္းမိ။အိမ္ေအာက္ထိလိုက္ပို႔ေပးကာ ႏႈတ္ဆက္ၿပီးေတာ့ဘာမွလည္းထပ္မေျပာျဖစ္ပဲ
အိမ္ထဲကိုပဲဝင္လိုက္ေတာ့သည္။
တကူးတကႀကီးေရာက္လာၿပီး ဘာမွလည္းျပန္မလုပ္ေပးႏိုင္
လိုက္ပဲအားနာနာနဲ႔ပဲျပန္လႊတ္လိုက္ရသည္။အေဖနဲ႔ကလည္း
ညစာအတူမစားေပးျဖစ္ၾကာၿပီမို႔ ညစာအတူစားေပးဖို႔ကိုပဲဦး
စားေပးျဖစ္လိုက္ေတာ့သည္။
"အာပါး...သမီးျပန္ေရာက္ပါၿပီ!!"
အိမ္ေ႐ွ႕ခန္းမွာမ႐ွိတာေၾကာင့္လြယ္ထားတဲ့အိတ္ကိုခ်ၿပီးမီးဖိုခန္းထဲသြားလိုက္သည္။ရေနတဲ့ကင္ခ်ီဟင္းရည္နံ႔ေၾကာင့္ ဒီေန႔ညစာကိုအာပါးကသူ႔အႀကိဳက္ေတြခ်ည္းပဲျပင္ဆင္ေပးထားေတာ့မယ္ဆိုတာကိုသိလိုက္သည္။
"အာပါး!!"
ေဝက်ေနတဲ့ဟင္းရည္အိုးနဲ႔အတူ ၾကမ္းျပင္ေပၚမွာဗိုက္ကိုဖိ
ကိုင္ရင္းလဲက်ေနတဲ့အာပါး။မီးဖိုကိုအျမန္ပိတ္လိုက္ရင္း အနားသြားကာလႈပ္ႏိႈးေပမယ့္ ႏိုးမလာေတာ့တာေၾကာင့္ေဆးရံု
ကားကိုသာဖုန္းဆက္ေခၚရေတာ့သည္။
လြန္ခဲ့တဲ့တစ္ႏွစ္ေလာက္ကမွသိထားတဲ့ေက်ာက္ကပ္မေကာင္းတာကိုေဆးမွန္မွန္ကုဖို႔ေပေတေနတဲ့ေဘးထြက္ဆိုးက်ိဳးက
အခုလိုအခ်ိန္မွာေရာက္လို႔လာေတာ့သည္။
ေဆးရံုကိုသြားတဲ့လမ္းတစ္ေလ်ွာက္အာပါးလက္ကိုကိုင္ကာ
ဆိုးဆိုးဝါးဝါးျဖစ္မလာဖို႔အတြက္သာဆုေတာင္းေနမိသည္။
တစ္ခုခုျဖစ္သြားရင္ဆိုတဲ့စိတ္ေၾကာင့္ စိုးရိမ္ပူပန္စိတ္တို႔ကအလံုးအရင္းလိုက္ဝင္ကာ အထီးက်န္စိတ္တို႔ကလည္းႀကီးစိုးလို႔
လာေတာ့သည္။
Tbc
Unicode
မတွေ့ရမှလိုအပ်တဲ့ခံစားချက်ကိုပိုပိုပြီးသိလာသည်။ကိုယ့်ဘက်ကတွန်းထုတ်နေမိတာမို့ စောင့်နေပေးမယ်ဆိုပြီးမျက်စိ
ရှေ့တောင်ပေါ်မလာတော့တာမို့ ဘယ်သူ့ကိုအပြစ်တင်ရမယ်မှန်းတောင်မသိပါ။
အချိန်ပိုင်းအလုပ်မှာလူရှင်းနေတုန်း ဖုန်းစခရင်မ်ပေါ်က
contactကိုခပ်ဖွဖွထိတွေ့ရင်း ခေါ်လာမလားဆိုပြီးတွေးမိ
နေသည်။
ဖုန်းကိုကြည့်လိုက် ခေါ်မိသွားမှယဆိုးလို့ပြန်ချထားလိုက်နှင့်
ဗျာများနေမိတော့သည်။ရုတ်တရက်လင်းခနဲဖြစ်လာတဲ့ဖုန်းမျက်နှာပြင်...
ဟင်!
ထိမိသွားတာကြောင့်ဝင်သွားတဲ့ဖုန်းကောလ်ကိုအမြန်ပြန်ချလိုက်ရင်း ရင်ဘတ်ကိုဖိထားလိုက်သည်။
မဝင်လောက်ပါဘူး။ခဏလေးပဲ တကယ့်ချက်ချင်းပြန်ချလိုက်တာပါ။သို့ပေမယ့် သူ့ဆုတောင်းကိုမဖြည့်ဆည်းပေးလိုက်ပါ။တုန်ခါလာတဲ့ဖုန်းကြောင့် သူရဲ့missed call ကိုမြင်လို့သေချာပေါက်ဟိုဘက်ကပြန်ခေါ်နေတာပဲဖြစ်မည်။
အား!!ရှက်ဖို့ကောင်းလိုက်တာ.....
"ဟယ္လို...."
"နာရယ်ရှီ ဂျီမင်ကmeetingတက်နေလို့ဗျ ဖုန်းကရုံးခန်းထဲမှာကျန်ခဲ့တာ...ကျနော်ပြန်ဆက်ဖို့ပြောပေး--"
"ပြန်မဆက်ခိုင်းပါနဲ့...တကယ်တော့မှားနှိပ်မိသွားတာ အနှောင့်အယှက်ဖြစ်သွားရင်ဆောရီးပါထယ်ယောင်းရှီ~"
သူ့အသံကိုပြန်ကြားရမှာခပ်လန့်လန့်ဖြစ်နေပေမယ့် မသိစိတ်ကသတိရနေတာမို့ ဖုန်းကိုင်တာသူမဟုတ်တော့အနည်းငယ်တော့စိတ်မကောင်းဖြစ်သွားရသည်။
"ဒါနဲ့...ဂျီမင်ကတအားလွမ်းနေတာ ဖုန်းဆက်တယ်လို့ပြောရင်သူတအားဝမ်းသာမယ်ထင်တယ်"
လွမ်းနေတာဆိုတာကိုတဆင့်ကြားလိုက်ရတာတောင် မျက်နှာကပြုံးခနဲ။သူပါ့ခ်ဂျီမင်ကိုသဘောကျနေပြီဆိုတာ ညာလို့မရတော့ဘူးပဲ။
"အာ...ဒါဆိုကျမအလုပ်ရှိလို့ဖုန်းချလိုက်တော့မယ်နော်"
"Nae...."
.
.
.
မှန်ကာထားတဲ့အခန်းထဲကနေ ဂျီမင်နဲ့မျက်လုံးချင်းဆုံတော့
မျက်ခုံးပင့်ပြသည်။သူ့ကိုအံ့ဩသွားစေချင်တာမို့ ခေါင်းသာခါ
ပြမိသည်။
တကယ်ကဂျီမင်အစည်းအဝေးခန်းရောက်နေတာမဟုတ်ပဲ
တစ်လနေရင်တောင်တစ်ခါလာမတွေ့တတ်တဲ့အဖေရောက်
လာတာကြောင့်ဖြစ်သည်။
"မင်းမေမေလေး ကြင်ဖက်တွေ့ဖို့ရှာထားပေးတယ်တဲ့ အေဖ့
ကိုမျက်နှာပျက်အောင်မလုပ်စမ်းနဲ့"
"မသွားမှန်းသိတာကိုအပင်ပန်းခံပြီးလာပြောနေသေးတယ်
ပြီးတော့...ဘာမေမေလေးလဲ အဲ့မိန်းမကိုဘဝမှာတစ်ခါမှ
အမေလို့မသတ်မှတ်ဖူးဘူး ကျနော့်အတွက်အမေကတစ်ယောက်တည်းပဲ"
"ဟက်...မင်းအမေနဲ့တွေ့သေးတယ်မလား ငါကြားပါတယ်
သူလည်းဟိုမှာယောကျာ်းအသစ်နဲ့ပျော်နေတာပဲလေ..."
"မာမီ့ကိုမစော်ကားနဲ့!!!"
"ဟား...စောက်ချိုးကတစ်ပုံစံတည်းပဲ"
အဖေဖြစ်နေတယ်ဆိုတဲ့စိတ်ကိုမနည်းသွင်းထားရတာမို့ ခပ်
တင်းတင်းဆုပ်ထားတဲ့လက်သီးတို့ကတဆတ်ဆတ်တုန်နေ
သည်။
"ကျေးဇူးပြုပြီးထွက်သွားလိုက်ပါတော့ မဆိုင်တဲ့ကိစ္စတွေလည်းဝင်မပါပါနဲ့"
"လာမယ့်စနေနေ့ ငါ့မျက်နှာကိုထောက်ပြီးတော့ပဲဖြစ်ဖြစ်
သွားတွေ့လိုက် မင်းငါ့ကုမ္ပဏီကိုဦးစီးနေရတယ်ဆိုတာလည်းမေမ့နဲ့ဦး သိပ်အာခံချင်နေတယ်"
ခပ်ပြတ်ပြတ်ပြောပြီးထွက်သွားတဲ့အဖနောက် ဂျီမင်းသက်
ပြင်းအရှည်ကြီးကိုချလိုက်မိတော့သည်။သူ့ရဲ့နေ့ရက်တိုင်းမှာစိတ်ပျက်စရာတွေကြီးပဲ။
"ဒီတစ်ခေါက်ရောဘာတွေပြောသွားပြန်ပြီလဲ?"
"ကြင်ဖက်သွားတွေ့ခိုင်းတာ....မသွားဘူးလို့ပြောမှာကိုသိရဲ့
သားနဲ့သက်သက်မဲ့စိတ်ဒုက္ခလာပေးတာ"
သူ့ပုခုံးကိုခပ်ဖွဖွပုတ်ပေးရင်းထယ်ယောင်းကမေးလာတော့သည်။ဒီလိုမျိုးလာတွေ့ပြီးတိုင်း စိတ်ပျက်လက်ပျက်ဖြစ်နေတတ်တဲ့ဂျီမင့်ပုံစံကိုထယ်ယောင်းရင်းနှီးနေပြီးသားပဲ။
သူတို့အတူရှိခဲ့ကြတဲ့အချိန်တွေကခဏလေးမှမဟုတ်ခဲ့တာ။
"ငါရော စိတ်ဒုက္ခပေးရမလား?"
"တော်တော့...ခုနကစိတ်ဒုက္ခနဲ့တင်လုံလောက်နေပြီ"
"တကယ်ကြီးနားမထောင်ဘူးပေါ့"
"အရင်ပြန်တော့မယ် မင်းလည်းနားတော့လေ"
"ရတယ်လေ....မင်းကိုနာရယ်ဖုန်းဆက်တယ်ဆိုတာသေတာတောင်မပြောပြဘူး"
"ဘာကြီး!!! ဟိတ်ကောင် ထယ်ယောင်း!!! ပြန်လာခဲ့!!"
ပြောချင်ရာပြောကာလက်ပြပြီးထွက်ပြေးသွားတဲ့ထယ်ယောင်း
ကိုလိုက်ဖမ်းဖို့ဂျီမင်မမှီလိုက်ပါ။ပြောသွားတဲ့စကားကိုသေချာပေါက်ကိုကြားလိုက်ပါသည်။
~~~~~~~~~
"နာရယ်အာ~ဒီတစ်ပါတ်ပိတ်ရက်မလာလည်းရပြီ အစားထိုး
မဲ့သူရသွားပြီ"
"Nae..."
ပိတ်ရက်တွေမှာဂျူတီကျတဲ့အစ်မကနေမကောင်းတာမို့ သူပဲအစားဝင်ပေးနေရတာနှစ်ပတ်လောက်တော့ရှိပြီ။လစာပိုရတာမှန်ပေမယ့် အဲ့နေ့မှာလည်းတခြားအချိန်ပိုင်းလည်းရှိနေတာမို့နည်းနည်းတော့ပိုပင်ပန်းတာပေါ့။
ဘွဲ့ရပြီးရင်တော့အလုပ်ဝင်ပြီးရင် ဒီလောက်တော့မပင်ပန်း
တော့ပါဘူး။အခုတော့ကိုယ်လုပ်နိုင်တာကအချိန်ပိုင်းအလုပ်ပဲရှိတာမို့ ပိုက်ဆံများများလိုချင်တဲ့ကိုယ်ကပဲကြိုးစားနေရတော့သည်။
"ပြန်လိုက်ပါဦးမယ်..."
ဆိုင်ရှင်ကိုဦးညွတ်နှုတ်ဆက်ကာဆိုင်ထဲကပြန်ထွက်လာတော့အိမ်ပြန်မဲ့လမ်းဖက်စီကွေ့ဝင်တော့ခပ်တောင့်တောင့်အရာတစ်ခုကိုဝင်ဆောင့်မိသည်။
"အ့...တောင်းပန်ပါတယ်"
အလျင်အမြန်တောင်းပန်လိုက်ပြီးမော့ကြည့်လိုက်တော့ ကိုယ့််ကိုပြုံးပြလာတဲ့သူ။
"ပါ့ခ်ဂျီမင်?"
"အင်း....ဖုန်းဆက်တယ်ဆို ကိုယ့်ကိုလွမ်းနေလို့လား"
"မှားနှိပ်မိသွားတာပါ!!!"
ရဲရဲတင်းတင်းပြောလာတဲ့စကားတို့ကြောင့်မျက်နှာပူလာကာ
ပက်ခနဲပြန်ပြောမိသည်။ကိုယ့်စကားကိုကြားကြားမှ သူလည်း
အားနာသလိုလိုလည်ဂုတ်ကိုပွတ်ရင်းခပ်ဟဟရယ်လာသည်။
"အဲ့ဒါဆိုကိုယ်ကပဲလွမ်းလို့လာတွေ့တယ်ထားလိုက်တော့.."
"Nae?"
"လွမ်းလို့!!!"
လမ်းမထက်မှာပါးစပ်နားကိုလက်နှစ်ဖက်နဲ့ကာရင်အသံကျယ်ကြီးနဲ့ထအော်တော့ လက်မောင်းကိုတဖတ်ဖတ်ရိုက်ရင်းမအော်ဖို့ပြောရပြန်သည်။
"ဒီညနေအားရင်ညစာချက်ကျွေးပါ မာမီ့ကိုရုတ်တရက်ကြီးလွမ်းလာလို့..."
အဆက်အစပ်မရှိတဲ့ဆင်ခြေကိုပေးရင်း ကိုယ့်အဖြေကိုတောင်မစောင့်ပဲကားပေါ်ကိုဆွဲခေါ်နေပြီဖြစ်သည်။
"ဘယ်သူကအားတယ်လို့ပြောလဲ...ဒီနေ့ဖေဖေနဲ့ညစာစားဖို့
လုပ်ထားတယ် ညဆိုင်းဆင်းတာတွေများနေလို့ညစာအတူ
မစားရတာကြာနေပြီ နောက်မှပဲ..."
မလိုက်ဘူးငြင်းတော့မျက်နှာကဇီးရွက်လောက်ပဲရှိတော့သလိုလို။
"အဲ့ဒါဆိုလည်းလိုက်ပို့ပေးမယ်..."
ကားတံခါးဖွင့်ပေးလာတာကိုတော့မငြင်းမိ။အိမ်အောက်ထိလိုက်ပို့ပေးကာ နှုတ်ဆက်ပြီးတော့ဘာမှလည်းထပ်မပြောဖြစ်ပဲအိမ်ထဲကိုပဲဝင်လိုက်တော့သည်။
တကူးတကကြီးရောက်လာပြီး ဘာမှလည်းပြန်မလုပ်ပေးနိုင်
လိုက်ပဲအားနာနာနဲ့ပဲပြန်လွှတ်လိုက်ရသည်။အဖေနဲ့ကလည်းညစာအတူမစားပေးဖြစ်ကြာပြီမို့ ညစာအတူစားပေးဖို့ကိုပဲဦးစားပေးဖြစ်လိုက်တော့သည်။
"အာပါး...သမီးပြန်ရောက်ပါပြီ!!"
အိမ်ရှေ့ခန်းမှာမရှိတာကြောင့်လွယ်ထားတဲ့အိတ်ကိုချပြီးမီးဖိုခန်းထဲသွားလိုက်သည်။ရနေတဲ့ကင်ချီဟင်းရည်နံ့ကြောင့် ဒီနေ့ညစာကိုအာပါးကသူ့အကြိုက်တွေချည်းပဲပြင်ဆင်ပေးထားတော့မယ်ဆိုတာကိုသိလိုက်သည်။
"အာပါး!!"
ဝေကျနေတဲ့ဟင်းရည်အိုးနဲ့အတူ ကြမ်းပြင်ပေါ်မှာဗိုက်ကိုဖိ
ကိုင်ရင်းလဲကျနေတဲ့အာပါး။မီးဖိုကိုအမြန်ပိတ်လိုက်ရင်း အနားသွားကာလှုပ်နှိုးပေမယ့် နိုးမလာတော့တာကြောင့်ဆေးရုံကားကိုသာဖုန်းဆက်ခေါ်ရတော့သည်။
လွန်ခဲ့တဲ့တစ်နှစ်လောက်ကမှသိထားတဲ့ကျောက်ကပ်မကောင်းတာကိုဆေးမှန်မှန်ကုဖို့ပေတေနေတဲ့ဘေးထွက်ဆိုးကျိုးကအခုလိုအချိန်မှာရောက်လို့လာတော့သည်။
ဆေးရုံကိုသွားတဲ့လမ်းတစ်လျှောက်အာပါးလက်ကိုကိုင်ကာဆိုးဆိုးဝါးဝါးဖြစ်မလာဖို့အတွက်သာဆုတောင်းနေမိသည်။တစ်ခုခုဖြစ်သွားရင်ဆိုတဲ့စိတ်ကြောင့် စိုးရိမ်ပူပန်စိတ်တို့ကအလုံးအရင်းလိုက်ဝင်ကာ အထီးကျန်စိတ်တို့ကလည်းကြီးစိုးလို့လာတော့သည်။
Tbc