4. Bow To Eros (အချစ်နတ်ဘုရား...

By DoeymyDoe

39.9K 4K 628

Twin story More

Intro (uni)
Intro (Z)
P 1 (U+Z)
P 2 (U +Z)
P 3 (U+ Z)
P 4 (U+Z)
P 5 (U+Z)
Part 6 (Uni+Z)
P 7 ( U+Z)
P 9 (U+Z)
P 10 (U+Z)
P 11 (U+Z)
P 12 (U+Z)
P 13 (U+Z)
P 14 (U+Z)
P 15 ( U+Z)
Part 16
Part 17
Part 18
Part 19
Part 20
Part 21

P 8 (U+Z)

1.1K 202 24
By DoeymyDoe

"မင်းခြေထောက်က သက်သာရဲ့လား"

စေသူရိန်၏ အမေးစကားကို ခေါင်းညိတ်၍ သူအဖြေပေးလိုက်သည်။ ဒဏ်ရာရလျှင် အသည်းခိုက်အောင် နာနေပါစေ သူ့အတွက်က ရိုးနေပြီလေ။

စေသူရိန်က အနောက်မှ အဂ္ဂကို ဝှီးချဲတွန်းခိုင်းလိုက်သည်။ ပြီးတော့ ရသလင်းအနား ရောက်လာပြီး ခြေသလုံးကို လက်ဖြင့် ကုန်း၍ ထိမည်ကြံလျှင် ရသလင်းက အနောက်ကို ဆုတ်သွားသည်။

"ကျွန်တော် တကယ်မနာတော့ပါဘူး"

စေသူရိန်၏ ရင်ထဲ စိတ်မကောင်းဖြစ်သွားရသော်လည်း မျက်နှာထားကမူ မပြောင်းလဲပဲ အေးဆေး ငြိမ်သက်နေသည်။

"အခုဆို အဂ္ဂအတွက် အန္တရာယ်များလာပြီ၊ အနုပညာအလုပ်တွေ နားထားပြီး ဒီမှာပဲ လာနေလိုက်တော့လေ"

စေသူရိန်က အဂ္ဂကို လှည့်၍ ပြောလေလျှင် အဂ္ဂက ခေါင်းညိတ်ပြသည်။ သူဘ၀မှာ ဘယ်သောအခါမှ ဦးသူကို မလွန်ဆန်ရဲခဲ့ဘူး။

"ဒါဆိုရင် ကျွန်တော်တို့ ကြိုးစားခဲ့သမျှ သဲထဲရေသွန်လို ဖြစ်သွားမှာပေါ့၊ Eros club ပိုင်ရှင်က အခု လှုပ်ရှားလာပြီလေ"

ရသက ပီကေဝါးနေရင်း လက်တစ်ဖက်ဖြင့် ဓါးကိုဆော့နေသည်။ သူ၏ အကြံပေးစကားကြောင့် စေသူရိန်က မျက်ခုံးပင့်သွားရသည်။

"နေရာလဲလိုက်မယ်လေ၊ ကျွန်တော်နဲ့ အဂ္ဂက ဘာများ ကွာခြားနေလို့လဲ၊ နေရာလဲလိုက်ရင် အဂ္ဂမထိခိုက်တော့ဘူးပေါ့"

သူ့စိတ်ထဲမှာ ဦးသူက အဂ္ဂလင်းကို စိတ်ပူနေသည်ဟု ထင်မြင်တာကြောင့် ထိုကဲ့သို့ စကားဆိုလိုက်သည်။ စေသူရိန်က အတန်ငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်၍ ဆိုသည်။

"အင်း ဒီလိုဆို အဂ္ဂ နေရာကနေ၊ မင်းကောင်းကောင်း လှုပ်ရှားလို့ရတာပေါ့"

အဂ္ဂသည် ဦးသူ၏ ခွင့်ပြုချက်ကို ကြားတော့ ‌တုန်လှုပ်ခြောက်ခြားရသည်။ သူ့ကို အန္တရာယ်ကြားထဲက ပုန်းခိုင်းပြီး ရသကိုတော့ ဒုက္ခတွင်းထဲ တွန်းပို့နေသည် မဟုတ်လား။

သို့ပေမယ့် သူအသံမထွက်ရဲပါ။ ဦးသူ၏ စိတ်က ဆုံးဖြတ်ပြီးရင် မပြင်တတ်ဘူးလေ။

"ရသ"

"ဆို"

အိမ်အပြင်ကို ထွက်လာသည့် ရသနောက်မှ လိုက်၍ အဂ္ဂခေါ်ရသည်။ ပြန်လှည့်ကြည့်လာသော အကြည့်တို့က အနည်းငယ် နီရဲနေသည့် မျက်၀န်းများနှင့် ဖြစ်သည်။

"ဘာလို့လဲ၊ ဒီတိုင်း ငြိမ်နေလိုက်ရင် ပြီးနေပြီကို မင်းက ဘာလို့ အခုလို"

"မင်းနေရာ အစားထိုး ၀င်မိလို့လား၊ ငါက မင်းကို ကာကွယ်ချင်တာလေ၊ ဦးသူကလည်း မင်းကို ထိခိုက်မှာစိုးတယ်လေ၊ ပြီးတော့ ဇွဲမင်း သူကလည်း မင်းကို..."

ရသ၏ စကားသံရပ်သွားသည်။ ပြီးတော့ ခပ်ယဲ့ယဲ့ပြုံးပြလာပြီး အဂ္ဂ၏ ပခုံးကို ပုတ်လိုက်သည်။

"မင်းကတော့ အသက်ရှင်မှ ရမယ် အဂ္ဂ၊ ငါက အစတည်းက မင်းရဲ့အရိပ်ပဲ၊ အရင်က မင်းနောက်ကွယ်မှာ ငါရှိပေးရင် အခု‌ရှေ့ကနေ ကာကွယ်ပေးမယ်၊ အဲ့ဒါ ဘယ်သူ့ ပယောဂ ကြောင့်မှ မဟုတ်ဘူးနော်၊ မင်းက ငါ့အကိုဖြစ်နေလို့"

ရသ၏ အသံက ပြတ်သားသည်။ သူသေနတ်မှန်ထားသည့်တိုင် ချိုင်းထောက် အကူအညီမပါဘဲ လမ်းလျှောက်နိုင်ဖို့ ကြိုးစားနေတုန်းပဲ။

"ငါကျတော့ရော၊ ငါကရော ငါ့ရဲ့ညီကို မကာကွယ်ပေးရတော့ဘူးလား၊ မင်းပြောချင်တာပဲ အမြဲပြောတယ်၊ ငါ့အတွက်ရော မကြည့်ပေးတော့ဘူးလား၊ ငါကရော မင်းကို ဂရုမစိုက်ပေးရတော့ဘူးလား"

အဂ္ဂ၏ ခပ်တိုးတိုး စကားသံကို ရသ မကြားခဲ့ပါ။ သူတို့နှစ်ဦး၏ ကံကြမ္မာက ဒီလို ဖြစ်ဖို့ စေနေခဲ့ပြီလေ။

အဂ္ဂ အိမ်ထဲကို ပြန်၀င်လာတော့ ဦးသူက သူ့ကို ခေါ်သည်။

"အဂ္ဂ"

"ဟုတ်ကဲ့ ဦးသူ"

"မင်းအတွက် အလုပ်ရှိတယ်"

ဦးသူ၏ ဟန်ပန်က အေးဆေးတည်ငြိမ်သော်လည်း အတွေးများကနက်နဲသည်။ ဦးသူက လေးစားဖို့ကောင်းသည်။ သို့သော် တစ်ခါတရံ သူ ဦးသူကို ကြောက်သည်။

ကားလမ်းမကြီးဘေးတွင် တည်ရှိသည့် အဆောက်အဦး အနိမ့်အမြင့်တွေကြားထဲ မထင်ရှားသည့် ဆေးခန်းလေးက ညနေစောင်းလို့ ညအမှောင်လာခါနီးမှ ဖွင့်လေ့ရှိသည်။ သူနာပြု ဆရာမလေးတစ်ယောက်နှင့် ဆရာ၀န်တစ်ယောက်သာ ရှိသော ထိုဆေးခန်းလေးက အချိန်တော်တော်ကြာအောင် လူနာတွေ မပြတ်လာနေကြဆဲပဲ။

အချိန်တော်တော်ကြာအောင် သူစောင့်နေပြီးမှ ညဆယ်နာရီခွဲချိန်တွင် လူနာများ ကုန်သွားပြီး သူနာပြုလေး ပြန်သွားသည်။ အထဲမှာ ကျန်ခဲ့တဲ့ ဆရာ၀န်လေးကလည်း မကြာမီပဲ အပြင်ထွက်လာပြီး လမ်းတစ်ဖက်ရှိ ဆိုင်ထဲသို့ ၀င်သွားသည်။

နေသူရိန်က ခေါက်ဆွဲဘူး နှစ်ဘူးကို အကျင့်ပါပြီး ယူလိုက်ပြီးကာမှ သူနဲ့အတူ စားမယ့်သူမရှိမှန်း သတိရသွားသည်။ သူ သက်ပြင်းချလိုက်သည်။ Zanရောက်မလာတာ တစ်ပတ်လောက် ရှိနေပြီ။

သူခေါက်ဆွဲဘူးကိုရ၍ စားမည်ပြင်ကာမှ ‌သူ့ခုံရှေ့တွင် ၀င်ထိုင်သည့် maskအဖြူရောင်နှင့် လူကို မော့ကြည့်မိသည်။ ဒီခန္ဓာကိုယ် ဒီအချိုးအစားကို သူသိသည်။

"Zanလား"

"အင်း"

တစ်ဖက်လူက ခေါက်ညိတ်ပြပြီး maskချွတ်ပြသည်။ သေသပ်သော မျက်ခုံးတို့နှင့် လှပသော နှာတံစင်းစင်းလေး ရုပ်လုံးပေါ်လာမှ Zanမှန်း သူသေချာသိသွားသည်။ သူ ပျော်သွား‌တာတော့ သေချာသည်။

"မျက်ခုံးတွေတောင် ပြန်ပုံဖော်ထားတာလား၊ ဘာလဲ မင်းသားလုပ်တော့မှာလား"

သူ့အပြောကို တစ်ဖက်လူက မျက်လုံးလေးပြူးပြီးမှ ပြန်ပြုံးပြသည်။ သွားစွယ်မှာ တပ်ထားသည့် စိန်ပွင့်လေးက လက်ခနဲပဲ။

စိတ်ထဲ အနည်းငယ်ခုသွားပေမယ့် နေသူရိန်က မျက်နှာမှာ ထုတ်မပြခဲ့ဘူး။

"ဘာလို့ ခေါက်ဆွဲချည်း စားနေတာလဲ၊ ခင်များ ဗိုက်ဆာနေရင် အပြင်မှာ လိုက်ကျွေးမယ်၊ ခေါက်ဆွဲဘူးတွေ စားတာက ‌ကျန်းမာရေးကို ဆိုးရွားစေတယ်လေ"

နေသူရိန်က ရယ်လိုက်သည်။ သူနှင့်ခေါက်ဆွဲဘူး စားရင်း ကြုံခဲ့တဲ့သူ။ သူ့ထက် လမ်းဘေးစာ ပိုကြိုက်တဲ့ကောင်‌က သူ့ကို ပြန်ဆုံးမနေတယ်တဲ့လေ။ မတွေ့ရတဲ့ တစ်ပတ်အတွင်းမှာ သူအတော် ပြောင်းလဲသွားတာပဲ။

"ကြီးကြီးကျယ်ကျယ်နဲ့၊ မင်းက ငါ့ထက် ပိုကြိုက်တာကိုများ၊ အခုမှ လာပြီး ပြောမနေနဲ့၊ ပြောတော့ ငါ့ကို လာမတွေ့တော့ဘူးဆို၊ ဘာလာလုပ်တာလဲ"

"ခေါက်ဆွဲဘူး လာစားတာလေ"

သူ့အရှေ့က ကောင်လေးက အလှဆုံးပြုံး၍ ပြောလိုက်တော့ သူအနည်းငယ် မင်သက်သွားပေမယ့် ဒီလူကို သူမရင်းနှီးသလို ခံစားနေရသည်။

"အခုလေးတင် မစားနဲ့ မကောင်းဘူးဆို"

"ခင်များက ကျွန်တော့်အရှေ့မှာ အားရပါးရ စားပြနေတာကို၊ ဗိုက်ဆာလာပြီပေါ့"

ပြောပြီး ထရပ်ကာ ခေါက်ဆွဲဘူး သွားယူသူကို သူလှမ်းကြည့်နေမိသည်။ တကယ်ကို Zanနဲ့ ရုတ်တရက်ကြီး စိမ်းသွားသလို ခံစားနေရသည်။

သိပ်မကြာခင် ပြန်ရောက်လာသည့်သူကို နေသူရိန်မေးရသည်။

"ခြေထောက်က သက်သာပြီလား"

"အမ်.. ဪ အင်း သက်သာပြီ၊ ခင်များ ကုပေးလိုက်တာကိုး"

အချိုသာဆုံး သူ့ကိုပြန်ပြောနေသည့် Zanကို သူ ကြည့်ရင်း တစ်ခုခုက လွဲမှားနေသလို ခံစားရသည်။ Zanက တော်တော်ကို ပြောင်းလဲသွားသည်။ သူ သိသည့် Zanက ဂျစ်ကန်ကန်၊ ဘုတောတော၍ ပြောတတ်သည့်ကောင်လေးလေ။

"မင်းအခုတလော ဘယ်ရောက်နေတာလဲ"

"အိမ်မှာပဲ ရှိပါတယ်၊ အိပ်လိုက် စားလိုက်ပေါ့"

"မသိပါဘူး အိမ်မှာဆို ဖင်မမြဲဘူးဆိုတဲ့ မင်းက တစ်နေရာရာမှာ မူးရူးပြီး မှောက်နေမယ်ထင်တာ"

"Zanက ဘယ်လောက် သောက်သောက် မမူးတတ်ဘူး"

နေသူရိန် မျက်မှောင်ကြုံ့သွားသည်။ Zanက သူ့ကိုယ်သူ Zanလို့ ပြန်သုံးသွားတယ်လေ။

"ရှုတင်ကိစ္စတွေ အရမ်းများနေလို့ ခင်များကို လာမတွေ့ဘူးလို့ ပြောတာပါ၊ အခု ကျွန်တော်အားလို့ လာတွေ့တာ"

နောက်တစ်ချက်က Zanက ဘယ်တော့မှ ရှုတင်ကိစ္စ မပြောဖူးဘူး။ ပြီးတော့ အကြောင်းပြချက် မပေးတတ်ဘူး။ အခုတော့ သူ့ကို ရှင်းပြနေတယ်လေ။

စားစရာ ရှိတာ စားပြီးသွားတော့ သူတို့နှစ်ယောက် နှုတ်ဆက်ကြရသည်။

"ကျွန်တော် လိုက်ပို့ပေးရမလား၊ ကား ယူလာတယ်"

"ရတယ် ငါ့မှာလည်း ကားပါလာတယ်၊ ဒါဆို နောက်နေ့မှ တွေ့မယ်"

"အင်း ဒါဆို ကျွန်တော်ပြန်ပြီ"

ကားအကောင်းစားကို စီး၍ ထွက်သွားသော နောက်ကျောပြင်ကို ကြည့်၍ နေသူရိန် သက်ပြင်းချလိုက်သည်။ သူ Zan၏ အကြောင်းကို ဘာတစ်ခုမှ မသိသေးဘူးဟု တွေးလိုက်မိသည်။ ဒီနေ့ Zan စိတ်မကောင်းဖြစ်နေ၍လားတော့မသိ၊ သူနဲ့ရန်ဖြစ်ဖို့တောင် အားမရှိသည့်ဟန် ဖြစ်နေသည်။

ချစ်ခြင်း မုန်းခြင်း ဆိုသည်ထက်တော့ ပို၍ ဒီကောင်လေးကို သူ သံယောဇဉ် တွယ်နေမိသည်။ Zanက သူမသိနိုင်သည့် ပဟေဋိအပြည့်နဲ့ လူသားတစ်ဦးပဲ။

သူ့ကားရှိရာဆီ လမ်းလျှောက်လာရင်းနဲ့ အနောက်က ခြေသံကို သူကြားရသည်။ သို့နှင့်သူ ခြေလှမ်းကို ရပ်တန့်ပစ်လိုက်တော့ အနောက်က ခြေသံကလည်း ရပ်သွားသည်။

"ပြောစရာရှိတာပြော"

အနောက်မှာ ခိုးကြောင်ခိုးဝှက် လိုက်လာမည့် သူဆိူလျှင် သူ့ဆီကို လွှတ်လိုက်တာ တစ်ဦးပဲ ရှိသည်။

"သခင်လေးကို ပြန်လာဖို့ ခေါ်ခိုင်းလိုက်လို့ပါ"

"ငါငြင်းတယ်"

"သခင်ကြီးက လိုက်ကို လိုက်လာရမယ်လို့ ပြောပါတယ်"

"ငါ့အမေကို အသက်ပြန်ရှင်အောင် လုပ်ပေးရင် လာခဲ့မယ်လို့ ပြောလိုက်"

ပြောပြီးသည်နှင့် နေသူရိန် ကားထဲ ၀င်၍ မောင်းထွက်ခဲ့တော့သည်။

ဖခင်၏ အရိပ်ကနေ ထွက်လာခဲ့တာ ဒီနှစ်ဆိုရင် ဆယ်နှစ်ပြည့်ပြီ။ သတိရတိုင်း ပြန်လာခိုင်းတတ်သည်ကို လျစ်လျူရှု၍ သူမသွားဖြစ်ခဲ့ပါ။မိခင်ကို သူ့ရှေ့တွင်ပဲ သတ်ပစ်ခဲ့တဲ့ ဖခင်ဆီ သူဘယ်လို ပြန်ရမှာလဲ။ စက်ဆုတ်ရွံရှာသည်ဟု သူဆိုလျှင် သူလွန်သည်ဟု ပြောကြလိမ့်မည်။ ဒါပေမယ့် အဲ့ဒါက အမှန်ပဲလေ။ အခုချိန်မှာ သူက တခြားသူတွေလို ပြည့်စုံချမ်းသာတဲ့ ဘ၀မျိုး မရှိပေမယ့် ပညာတတ်တယ်။ သူ့ဘ၀က ငြိမ်းချမ်းတယ်လေ။ ဘာထပ်လိုသေးလို့လဲ။

ကားထဲက သီချင်းသံကို ပိုကျယ်လောင်စွာ ဖွင့်လိုက်သည်။ အတွေးတို့က အတိတ်ဆီကို ပြန်မသွားတော့ဘဲ ရှေ့ဆက်ဖို့ပဲ တွန်းအားပေးနေသည်။ သူနှစ်သက်သည့် ဘယ်သူ့ကိုမဆို ထပ်မဆုံးရှူံးချင်တော့ဘူး။

Zawgyi

"မင္းေျခေထာက္က သက္သာရဲ႕လား"

ေစသူရိန္၏ အေမးစကားကို ေခါင္းညိတ္၍ သူအေျဖေပးလိုက္သည္။ ဒဏ္ရာရလွ်င္ အသည္းခိုက္ေအာင္ နာေနပါေစ သူ႕အတြက္က ရိုးေနၿပီေလ။

ေစသူရိန္က အေနာက္မွ အဂၢကို ဝွီးခ်ဲတြန္းခိုင္းလိုက္သည္။ ၿပီးေတာ့ ရသလင္းအနား ေရာက္လာၿပီး ေျခသလုံးကို လက္ျဖင့္ ကုန္း၍ ထိမည္ႀကံလွ်င္ ရသလင္းက အေနာက္ကို ဆုတ္သြားသည္။

"ကြၽန္ေတာ္ တကယ္မနာေတာ့ပါဘူး"

ေစသူရိန္၏ ရင္ထဲ စိတ္မေကာင္းျဖစ္သြားရေသာ္လည္း မ်က္ႏွာထားကမူ မေျပာင္းလဲပဲ ေအးေဆး ၿငိမ္သက္ေနသည္။

"အခုဆို အဂၢအတြက္ အႏၲရာယ္မ်ားလာၿပီ၊ အႏုပညာအလုပ္ေတြ နားထားၿပီး ဒီမွာပဲ လာေနလိုက္ေတာ့ေလ"

ေစသူရိန္က အဂၢကို လွည့္၍ ေျပာေလလွ်င္ အဂၢက ေခါင္းညိတ္ျပသည္။ သူဘ၀မွာ ဘယ္ေသာအခါမွ ဦးသူကို မလြန္ဆန္ရဲခဲ့ဘူး။

"ဒါဆိုရင္ ကြၽန္ေတာ္တို႔ ႀကိဳးစားခဲ့သမွ် သဲထဲေရသြန္လို ျဖစ္သြားမွာေပါ့၊ Eros club ပိုင္ရွင္က အခု လႈပ္ရွားလာၿပီေလ"

ရသက ပီေကဝါးေနရင္း လက္တစ္ဖက္ျဖင့္ ဓါးကိုေဆာ့ေနသည္။ သူ၏ အႀကံေပးစကားေၾကာင့္ ေစသူရိန္က မ်က္ခုံးပင့္သြားရသည္။

"ေနရာလဲလိုက္မယ္ေလ၊ ကြၽန္ေတာ္နဲ႕ အဂၢက ဘာမ်ား ကြာျခားေနလို႔လဲ၊ ေနရာလဲလိုက္ရင္ အဂၢမထိခိုက္ေတာ့ဘူးေပါ့"

သူ႕စိတ္ထဲမွာ ဦးသူက အဂၢလင္းကို စိတ္ပူေနသည္ဟု ထင္ျမင္တာေၾကာင့္ ထိုကဲ့သို႔ စကားဆိုလိုက္သည္။ ေစသူရိန္က အတန္ငယ္ စဥ္းစားၿပီးေနာက္ ေခါင္းညိတ္၍ ဆိုသည္။

"အင္း ဒီလိုဆို အဂၢ ေနရာကေန၊ မင္းေကာင္းေကာင္း လႈပ္ရွားလို႔ရတာေပါ့"

အဂၢသည္ ဦးသူ၏ ခြင့္ျပဳခ်က္ကို ၾကားေတာ့ ‌တုန္လႈပ္ေျခာက္ျခားရသည္။ သူ႕ကို အႏၲရာယ္ၾကားထဲက ပုန္းခိုင္းၿပီး ရသကိုေတာ့ ဒုကၡတြင္းထဲ တြန္းပို႔ေနသည္ မဟုတ္လား။

သို႔ေပမယ့္ သူအသံမထြက္ရဲပါ။ ဦးသူ၏ စိတ္က ဆုံးျဖတ္ၿပီးရင္ မျပင္တတ္ဘူးေလ။

"ရသ"

"ဆို"

အိမ္အျပင္ကို ထြက္လာသည့္ ရသေနာက္မွ လိုက္၍ အဂၢေခၚရသည္။ ျပန္လွည့္ၾကည့္လာေသာ အၾကည့္တို႔က အနည္းငယ္ နီရဲေနသည့္ မ်က္၀န္းမ်ားႏွင့္ ျဖစ္သည္။

"ဘာလို႔လဲ၊ ဒီတိုင္း ၿငိမ္ေနလိုက္ရင္ ၿပီးေနၿပီကို မင္းက ဘာလို႔ အခုလို"

"မင္းေနရာ အစားထိုး ၀င္မိလို႔လား၊ ငါက မင္းကို ကာကြယ္ခ်င္တာေလ၊ ဦးသူကလည္း မင္းကို ထိခိုက္မွာစိုးတယ္ေလ၊ ၿပီးေတာ့ ဇြဲမင္း သူကလည္း မင္းကို..."

ရသ၏ စကားသံရပ္သြားသည္။ ၿပီးေတာ့ ခပ္ယဲ့ယဲ့ၿပဳံးျပလာၿပီး အဂၢ၏ ပခုံးကို ပုတ္လိုက္သည္။

"မင္းကေတာ့ အသက္ရွင္မွ ရမယ္ အဂၢ၊ ငါက အစတည္းက မင္းရဲ႕အရိပ္ပဲ၊ အရင္က မင္းေနာက္ကြယ္မွာ ငါရွိေပးရင္ အခု‌ေရွ႕ကေန ကာကြယ္ေပးမယ္၊ အဲ့ဒါ ဘယ္သူ႕ ပေယာဂ ေၾကာင့္မွ မဟုတ္ဘူးေနာ္၊ မင္းက ငါ့အကိုျဖစ္ေနလို႔"

ရသ၏ အသံက ျပတ္သားသည္။ သူေသနတ္မွန္ထားသည့္တိုင္ ခ်ိဳင္းေထာက္ အကူအညီမပါဘဲ လမ္းေလွ်ာက္နိုင္ဖို႔ ႀကိဳးစားေနတုန္းပဲ။

"ငါက်ေတာ့ေရာ၊ ငါကေရာ ငါ့ရဲ႕ညီကို မကာကြယ္ေပးရေတာ့ဘူးလား၊ မင္းေျပာခ်င္တာပဲ အၿမဲေျပာတယ္၊ ငါ့အတြက္ေရာ မၾကည့္ေပးေတာ့ဘူးလား၊ ငါကေရာ မင္းကို ဂ႐ုမစိုက္ေပးရေတာ့ဘူးလား"

အဂၢ၏ ခပ္တိုးတိုး စကားသံကို ရသ မၾကားခဲ့ပါ။ သူတို႔ႏွစ္ဦး၏ ကံၾကမၼာက ဒီလို ျဖစ္ဖို႔ ေစေနခဲ့ၿပီေလ။

အဂၢ အိမ္ထဲကို ျပန္၀င္လာေတာ့ ဦးသူက သူ႕ကို ေခၚသည္။

"အဂၢ"

"ဟုတ္ကဲ့ ဦးသူ"

"မင္းအတြက္ အလုပ္ရွိတယ္"

ဦးသူ၏ ဟန္ပန္က ေအးေဆးတည္ၿငိမ္ေသာ္လည္း အေတြးမ်ားကနက္နဲသည္။ ဦးသူက ေလးစားဖို႔ေကာင္းသည္။ သို႔ေသာ္ တစ္ခါတရံ သူ ဦးသူကို ေၾကာက္သည္။

ကားလမ္းမႀကီးေဘးတြင္ တည္ရွိသည့္ အေဆာက္အဦး အနိမ့္အျမင့္ေတြၾကားထဲ မထင္ရွားသည့္ ေဆးခန္းေလးက ညေနေစာင္းလို႔ ညအေမွာင္လာခါနီးမွ ဖြင့္ေလ့ရွိသည္။ သူနာျပဳ ဆရာမေလးတစ္ေယာက္ႏွင့္ ဆရာ၀န္တစ္ေယာက္သာ ရွိေသာ ထိုေဆးခန္းေလးက အခ်ိန္ေတာ္ေတာ္ၾကာေအာင္ လူနာေတြ မျပတ္လာေနၾကဆဲပဲ။

အခ်ိန္ေတာ္ေတာ္ၾကာေအာင္ သူေစာင့္ေနၿပီးမွ ညဆယ္နာရီခြဲခ်ိန္တြင္ လူနာမ်ား ကုန္သြားၿပီး သူနာျပဳေလး ျပန္သြားသည္။ အထဲမွာ က်န္ခဲ့တဲ့ ဆရာ၀န္ေလးကလည္း မၾကာမီပဲ အျပင္ထြက္လာၿပီး လမ္းတစ္ဖက္ရွိ ဆိုင္ထဲသို႔ ၀င္သြားသည္။

ေနသူရိန္က ေခါက္ဆြဲဘူး ႏွစ္ဘူးကို အက်င့္ပါၿပီး ယူလိုက္ၿပီးကာမွ သူနဲ႕အတူ စားမယ့္သူမရွိမွန္း သတိရသြားသည္။ သူ သက္ျပင္းခ်လိဳက္သည္။ Zanေရာက္မလာတာ တစ္ပတ္ေလာက္ ရွိေနၿပီ။

သူေခါက္ဆြဲဘူးကိုရ၍ စားမည္ျပင္ကာမွ ‌သူ႕ခုံေရွ႕တြင္ ၀င္ထိုင္သည့္ maskအျဖဴေရာင္ႏွင့္ လူကို ေမာ့ၾကည့္မိသည္။ ဒီခႏၶာကိုယ္ ဒီအခ်ိဳးအစားကို သူသိသည္။

"Zanလား"

"အင္း"

တစ္ဖက္လူက ေခါက္ညိတ္ျပၿပီး maskခြၽတ္ျပသည္။ ေသသပ္ေသာ မ်က္ခုံးတို႔ႏွင့္ လွပေသာ ႏွာတံစင္းစင္းေလး ႐ုပ္လုံးေပၚလာမွ Zanမွန္း သူေသခ်ာသိသြားသည္။ သူ ေပ်ာ္သြား‌တာေတာ့ ေသခ်ာသည္။

"မ်က္ခုံးေတြေတာင္ ျပန္ပုံေဖာ္ထားတာလား၊ ဘာလဲ မင္းသားလုပ္ေတာ့မွာလား"

သူ႕အေျပာကို တစ္ဖက္လူက မ်က္လုံးေလးျပဴးၿပီးမွ ျပန္ၿပဳံးျပသည္။ သြားစြယ္မွာ တပ္ထားသည့္ စိန္ပြင့္ေလးက လက္ခနဲပဲ။

စိတ္ထဲ အနည္းငယ္ခုသြားေပမယ့္ ေနသူရိန္က မ်က္ႏွာမွာ ထုတ္မျပခဲ့ဘူး။

"ဘာလို႔ ေခါက္ဆြဲခ်ည္း စားေနတာလဲ၊ ခင္မ်ား ဗိုက္ဆာေနရင္ အျပင္မွာ လိုက္ေကြၽးမယ္၊ ေခါက္ဆြဲဘူးေတြ စားတာက ‌က်န္းမာေရးကို ဆိုး႐ြားေစတယ္ေလ"

ေနသူရိန္က ရယ္လိုက္သည္။ သူႏွင့္ေခါက္ဆြဲဘူး စားရင္း ႀကဳံခဲ့တဲ့သူ။ သူ႕ထက္ လမ္းေဘးစာ ပိုႀကိဳက္တဲ့ေကာင္‌က သူ႕ကို ျပန္ဆုံးမေနတယ္တဲ့ေလ။ မေတြ႕ရတဲ့ တစ္ပတ္အတြင္းမွာ သူအေတာ္ ေျပာင္းလဲသြားတာပဲ။

"ႀကီးႀကီးက်ယ္က်ယ္နဲ႕၊ မင္းက ငါ့ထက္ ပိုႀကိဳက္တာကိုမ်ား၊ အခုမွ လာၿပီး ေျပာမေနနဲ႕၊ ေျပာေတာ့ ငါ့ကို လာမေတြ႕ေတာ့ဘူးဆို၊ ဘာလာလုပ္တာလဲ"

"ေခါက္ဆြဲဘူး လာစားတာေလ"

သူ႕အေရွ႕က ေကာင္ေလးက အလွဆုံးၿပဳံး၍ ေျပာလိုက္ေတာ့ သူအနည္းငယ္ မင္သက္သြားေပမယ့္ ဒီလူကို သူမရင္းႏွီးသလို ခံစားေနရသည္။

"အခုေလးတင္ မစားနဲ႕ မေကာင္းဘူးဆို"

"ခင္မ်ားက ကြၽန္ေတာ့္အေရွ႕မွာ အားရပါးရ စားျပေနတာကို၊ ဗိုက္ဆာလာၿပီေပါ့"

ေျပာၿပီး ထရပ္ကာ ေခါက္ဆြဲဘူး သြားယူသူကို သူလွမ္းၾကည့္ေနမိသည္။ တကယ္ကို Zanနဲ႕ ႐ုတ္တရက္ႀကီး စိမ္းသြားသလို ခံစားေနရသည္။

သိပ္မၾကာခင္ ျပန္ေရာက္လာသည့္သူကို ေနသူရိန္ေမးရသည္။

"ေျခေထာက္က သက္သာၿပီလား"

"အမ္.. ဪ အင္း သက္သာၿပီ၊ ခင္မ်ား ကုေပးလိုက္တာကိုး"

အခ်ိဳသာဆုံး သူ႕ကိုျပန္ေျပာေနသည့္ Zanကို သူ ၾကည့္ရင္း တစ္ခုခုက လြဲမွားေနသလို ခံစားရသည္။ Zanက ေတာ္ေတာ္ကို ေျပာင္းလဲသြားသည္။ သူ သိသည့္ Zanက ဂ်စ္ကန္ကန္၊ ဘုေတာေတာ၍ ေျပာတတ္သည့္ေကာင္ေလးေလ။

"မင္းအခုတေလာ ဘယ္ေရာက္ေနတာလဲ"

"အိမ္မွာပဲ ရွိပါတယ္၊ အိပ္လိုက္ စားလိုက္ေပါ့"

"မသိပါဘူး အိမ္မွာဆို ဖင္မၿမဲဘူးဆိုတဲ့ မင္းက တစ္ေနရာရာမွာ မူး႐ူးၿပီး ေမွာက္ေနမယ္ထင္တာ"

"Zanက ဘယ္ေလာက္ ေသာက္ေသာက္ မမူးတတ္ဘူး"

ေနသူရိန္ မ်က္ေမွာင္ႀကဳံ႕သြားသည္။ Zanက သူ႕ကိုယ္သူ Zanလို႔ ျပန္သုံးသြားတယ္ေလ။

"ရႈတင္ကိစၥေတြ အရမ္းမ်ားေနလို႔ ခင္မ်ားကို လာမေတြ႕ဘူးလို႔ ေျပာတာပါ၊ အခု ကြၽန္ေတာ္အားလို႔ လာေတြ႕တာ"

ေနာက္တစ္ခ်က္က Zanက ဘယ္ေတာ့မွ ရႈတင္ကိစၥ မေျပာဖူးဘူး။ ၿပီးေတာ့ အေၾကာင္းျပခ်က္ မေပးတတ္ဘူး။ အခုေတာ့ သူ႕ကို ရွင္းျပေနတယ္ေလ။

စားစရာ ရွိတာ စားၿပီးသြားေတာ့ သူတို႔ႏွစ္ေယာက္ ႏႈတ္ဆက္ၾကရသည္။

"ကြၽန္ေတာ္ လိုက္ပို႔ေပးရမလား၊ ကား ယူလာတယ္"

"ရတယ္ ငါ့မွာလည္း ကားပါလာတယ္၊ ဒါဆို ေနာက္ေန႕မွ ေတြ႕မယ္"

"အင္း ဒါဆို ကြၽန္ေတာ္ျပန္ၿပီ"

ကားအေကာင္းစားကို စီး၍ ထြက္သြားေသာ ေနာက္ေက်ာျပင္ကို ၾကည့္၍ ေနသူရိန္ သက္ျပင္းခ်လိဳက္သည္။ သူ Zan၏ အေၾကာင္းကို ဘာတစ္ခုမွ မသိေသးဘူးဟု ေတြးလိုက္မိသည္။ ဒီေန႕ Zan စိတ္မေကာင္းျဖစ္ေန၍လားေတာ့မသိ၊ သူနဲ႕ရန္ျဖစ္ဖို႔ေတာင္ အားမရွိသည့္ဟန္ ျဖစ္ေနသည္။

ခ်စ္ျခင္း မုန္းျခင္း ဆိုသည္ထက္ေတာ့ ပို၍ ဒီေကာင္ေလးကို သူ သံေယာဇဥ္ တြယ္ေနမိသည္။ Zanက သူမသိနိုင္သည့္ ပေဟဋိအျပည့္နဲ႕ လူသားတစ္ဦးပဲ။

သူ႕ကားရွိရာဆီ လမ္းေလွ်ာက္လာရင္းနဲ႕ အေနာက္က ေျခသံကို သူၾကားရသည္။ သို႔ႏွင့္သူ ေျခလွမ္းကို ရပ္တန႔္ပစ္လိုက္ေတာ့ အေနာက္က ေျခသံကလည္း ရပ္သြားသည္။

"ေျပာစရာရွိတာေျပာ"

အေနာက္မွာ ခိုးေၾကာင္ခိုးဝွက္ လိုက္လာမည့္ သူဆိူလွ်င္ သူ႕ဆီကို လႊတ္လိုက္တာ တစ္ဦးပဲ ရွိသည္။

"သခင္ေလးကို ျပန္လာဖို႔ ေခၚခိုင္းလိုက္လို႔ပါ"

"ငါျငင္းတယ္"

"သခင္ႀကီးက လိုက္ကို လိုက္လာရမယ္လို႔ ေျပာပါတယ္"

"ငါ့အေမကို အသက္ျပန္ရွင္ေအာင္ လုပ္ေပးရင္ လာခဲ့မယ္လို႔ ေျပာလိုက္"

ေျပာၿပီးသည္ႏွင့္ ေနသူရိန္ ကားထဲ ၀င္၍ ေမာင္းထြက္ခဲ့ေတာ့သည္။

ဖခင္၏ အရိပ္ကေန ထြက္လာခဲ့တာ ဒီႏွစ္ဆိုရင္ ဆယ္ႏွစ္ျပည့္ၿပီ။ သတိရတိုင္း ျပန္လာခိုင္းတတ္သည္ကို လ်စ္လ်ဴရႈ၍ သူမသြားျဖစ္ခဲ့ပါ။မိခင္ကို သူ႕ေရွ႕တြင္ပဲ သတ္ပစ္ခဲ့တဲ့ ဖခင္ဆီ သူဘယ္လို ျပန္ရမွာလဲ။ စက္ဆုတ္႐ြံရွာသည္ဟု သူဆိုလွ်င္ သူလြန္သည္ဟု ေျပာၾကလိမ့္မည္။ ဒါေပမယ့္ အဲ့ဒါက အမွန္ပဲေလ။ အခုခ်ိန္မွာ သူက တျခားသူေတြလို ျပည့္စုံခ်မ္းသာတဲ့ ဘ၀မ်ိဳး မရွိေပမယ့္ ပညာတတ္တယ္။ သူ႕ဘ၀က ၿငိမ္းခ်မ္းတယ္ေလ။ ဘာထပ္လိုေသးလို႔လဲ။

ကားထဲက သီခ်င္းသံကို ပိုက်ယ္ေလာင္စြာ ဖြင့္လိုက္သည္။ အေတြးတို႔က အတိတ္ဆီကို ျပန္မသြားေတာ့ဘဲ ေရွ႕ဆက္ဖို႔ပဲ တြန္းအားေပးေနသည္။ သူႏွစ္သက္သည့္ ဘယ္သူ႕ကိုမဆို ထပ္မဆုံးရႉံးခ်င္ေတာ့ဘူး။

Continue Reading

You'll Also Like

2.5M 180K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...
175K 23.8K 117
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
255K 13.6K 34
ကျွန်တော် ကိုးကွယ်ရာက သနပ်ခါးနံ့လေး 💛......
202K 20.3K 79
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)