Part 20

434 36 2
                                    

အိမ်အတွင်းမှာ ရှိနေသည့် လူများ၏ အခြေနေက အချိန်မရွေး အသက်အန္တရာယ် ရှိနိုင်လောက်သည်အထိ ရန်ပွဲတစ်ပွဲ ဖန်တီးရန် အသင့်အနေအထား ရှိနေကြသည်။ သို့သော် စေသူရိန်ကတော့ ဦးနေမောင်၏ ပြောစကားကို ကြားတော့ နှုတ်ခမ်းများ အပေါ်သို့ ကော့တက်သွားကာ ဦးနေမောင်ကို စေ့စေ့ကြည့်လေတော့သည်။

"ကျုပ်အဖေက ခင်များရဲ့ ဇနီးကို မတော်မတရားကျင့်ခဲ့တယ်လို့ ခင်များပြောတယ်ပေါ့၊ ဒါပေမယ့် ခင်များက ကျွန်တော့်အဖေနဲ့ အနီးကပ်ဆုံး လူယုံတစ်ယောက်ပဲလေ၊ ကျုပ်အဖေက တစ်ခါလောက်များ ဂိုဏ်းအပေါ်မှာ တာဝန်မကျေတာ၊ မိသားစုအပေါ် တာဝန်မကျေတာ၊ အောက်လက်ငယ်သားတွေအပေါ် အနိုင်ယူတာကို ခင်များတစ်ခါလောက်များ တွေ့ခဲ့ဖူးသလား ဦးနေမောင်"

ဦးနေမောင်မှာ မျက်စိမျက်နှာ ပျက်လာခဲ့ပြီး သူ့ဆီက အမေဖြစ်သူ၏ သတင်းကြောင့် နေသူရိန်မှာ ဝိညာဉ်ပျောက်ဆုံးနေသလို ကြမ်းပြင်ကိုသာ အာရုံထွေပြားစွာ ကြည့်နေခဲ့လေသည်။

ဦးနေမောင်အတွက်လည်း ထိုမေးခွန်းက ဒီနှစ်တွေထဲမှာ အမြဲချောက်လန့်နေခဲ့လေသည်။ ဂိုဏ်းခေါင်းဆောင်သည် ဘယ်သောအခါကမှ လူတစ်ဦးတစ်ယောက်အပေါ် နစ်နာအောင် မလုပ်ခဲ့ဖူးပေ။ ထိုစဉ်ကတော့ သူက ဇနီးဖြစ်သူ၏ စကားကြောင့် တစ်ခါလေးတောင် ဒုတိယအကြိမ်ပြန်မစဉ်းစားမိအောင် မွှန်ထူနေခဲ့ပေသည်။

နှစ်တွေကြာလာသည့်အချိန်မှာတော့ ထိုချိန်က ဖြစ်ပျက်ခဲ့သမျှကို စတင်သံသယဝင်လာခဲ့တော့သည်။ ထို့ကြောင့် ဒီနှစ်တွေမှာ Eros ကို တည်ထောင်ခဲ့ခြင်းက ထိုချိန်က သတင်းအချက်လက်များကို ပြန်လည်စုစည်းလို၍ ဖြစ်သည်။ သို့သော် ရလဒ်ကတော့ ဘာမျှ မထူးခြားခဲ့ပါပေ။ 

ဂိုဏ်းကို မီးရှို့ခဲ့တာက သူမဟုတ်ခဲ့သလို စေသူရိန်ကို ထိခိုက်အောင် လုပ်ခဲ့သူကလည်း သူမဟုတ်ခဲ့ဘူး။ ထို့ကြောင့် သူတို့ကြားမှာ တစ်ဦးဦးက ဝင်နှောင့်ယှက်ခဲ့သည်ဟု စတင်ပြီး သံသယဝင်လာခြင်းပင်။

"ဒါပေမယ့် မင်းကတော့ လင်းသူကို သတ်ခဲ့တဲ့ အဓိက တရားခံပဲလေ"

ဦးနေမောင်က သူ့ကို ကြည့်၍ ဆိုလာလျှင် စေသူရိန်၏  မျက်ဆံအိမ်မှာ ကျဉ်းမြောင်းလာခဲ့ပြီး သူ့ဘေးမှာ ငြိမ်နေသည့် ရသလင်း၏ ခန္ဓာကိုယ်မှာ တောင့်ခဲသွားသည်ကို မျက်ဝန်းထောင့်စွန်းမှ မြင်လိုက်ရသည်။

4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)Where stories live. Discover now