HE'S ✓

By VemberCB_Kai

153K 15.9K 467

ChanBaek [Unicode + Zawgyi] Warning✓✓ Cover Photo Crd.. Pinterest More

HE'S .1
🎂
HE'S . 2
HE'S . 3
HE'S . 4
HE'S . 5
🎂
HE'S . 6
HE'S . 7
HE'S . 8
HE'S . 9
HE'S . 10
HE'S . 11
HE'S . 12
HE'S . 13
HE'S . 14
HE'S . 15
HE'S . 16
HE'S . 17
HE'S . 18
🚨
HE'S . 19
HE'S . 20
HE'S . 21
HE'S . 22
🚨
HE'S . 23
HE'S . 24
HE'S . 25
HE'S . 26
HE'S . 27
HE'S . 29
🚨
HE'S . 30
HE'S . 31
HE'S . 32
🚨
HE'S . 33
HE'S . 34
HE'S . 35
HE'S . 36
HE'S . 37
HE'S . 38 [ Fin< ]
👋

HE'S . 28

2.4K 374 8
By VemberCB_Kai

[Unicode + Zawgyi]

ညကဖုန်းထဲမှာ Chanyeolကစကားတစ်လုံးမှမပြောဘဲ မျက်နှာတည်ကြီးနဲ့နေနေတာက နောက်တနေ့ နေ့လယ်ရောက်တဲ့အထိ Baekhyunစိတ်ထဲကထုတ်မရဘူး။
ဘာလို့ဖုန်းမဆက်လဲလို့ မေးတာကိုလည်းပြန်ဖြေမသွားဘူး။
မိုးလင်းကတည်းက အားရင်ဖုန်းဆက်ဖို့Massageပို့ထားတာကိုလည်း ဘာမှပြန်မလာဘူး။

Baekhyunမျက်မှောင်ကြုတ်လာကာ ဖုန်းကိုထုချေတော့မတက်စိုက်ကြည့်နေသည်။

"Baekhyunမင်းအဆင်ပြေရဲ့လား"

"မပြေဘူး.. Hyungသူငယ်ချင်းကအခုထိဖုန်းဆက်မလာဘူး"

JunMyeonမေးတာက တခြားတစ်ခုအတွက်ပေမဲ့ Baekhyunစိတ်ထဲChanyeolပဲရှိနေတာက Baekhyunကိုဘာမှမသိသေးမှန်းသိလိုက်သည်။

"Hyungမေးတာက အဲ့တာမဟုတ်ဘူး"

Baekhyun JunMyeonကိုကြည့်လာကာ မျက်ခုံးများပြေလျော့သွားသည်။

"Hyungကဘာကိုမေးတာလဲ"

"Baekhyunနဲ့ Dr.KimJaeHoတို့အကြောင်း.. Baekhyun မင်းDr.KimJaeHoနဲ့ဝေးဝေးနေတာကောင်းမယ်"

"Jaeနဲ့ကျွန်တော်ကသူငယ်ချင်းတွေပါHyungရဲ့.. Chanyeolကိုတောင်မိတ်ဆက်ပေးဖူးတယ်"

Baekhyunက ခပ်စူစူပြောနေတော့ JunMyeonကိုခေါင်းကိုခါလိုက်သည်။

"သူငယ်ချင်းတွေဆိုလည်း ဒီလိုတွေဖြစ်မလာစေနဲ့လေ
အခု မင်းနဲ့Dr.KimJaeHoကတွဲနေတယ်ဆိုပြီး နာမည်ထွက်နေတာ"

"မဖြစ်နိုင်တာ..??  ကျွန်တော်တို့ကရိုးရိုးသားသားကို"

"မနေ့ကမင်းဆီဖုန်းခေါ်တော့ Dr.KimJaeHoကကိုင်တယ်တဲ့.. ပြီးတော့ ရှက်ရအောင် ဘာတွေများစနောက်နေကြလို့လဲBaekhyun.. Chanyeolနဲ့မင်းကိုလက်ခံပေးခဲ့တာက Chanyeolကိုကစားဖို့မဟုတ်ဘူးနော်"

JunMyeonကြားရတဲ့သတင်းတွေနဲ့ပတ်သက်ပြီး မယုံနိုင်ပေမဲ့လည်း ဒေါသဖြစ်ရသည်။
Chanyeolသွားတာဘယ်လောက်မှမကြာသေးတဲ့အချိန်လေးမှာ ဒီလိုသတင်းထွက်ရအောင်Baekhyunကဘယ်လိုနေလို့လဲ ဆိုတဲ့အတွေးကလည်း ဒေါသကိုအဆ‌တိုးစေသည်။
Chanyeolကဘယ်လိုလူလဲ... ဘာလို့Chanyeolကို Baekhyunနဲ့လက်ခံပေးခဲ့တာလဲဆိုတဲ့စိတ်က Baekhyunကသာအမှားလုပ်ခဲ့ရင် ခွင့်လွှတ်ပေးဖို့ဆိုတာခဲယဉ်းလွန်းသည်။
အချစ်မှာအယုံအကြည်မရှိဘဲနေလာခဲ့တဲ့နှစ်ပေါင်းကမနည်း‌တော့ဘူး။ ဒါကို အခုမှအချစ်အတွက်ခံစားဖူးလာတဲ့ ညီအစ်ကိုလိုဖြစ်‌နေတဲ့Chanyeolရဲ့ရွေးချယ်မှုကို JunMyeonနည်းနည်းမှအမှားမခံနိုင်ဘူး။

အခုလည်း Chanyeolဆီကကြားရတဲ့စကားတွေနဲ့ ပတ်ဝန်းကျင်ကပြောနေတဲ့စကားတွေအတွက် JunMyeonဒေါသထွက်ရပေမဲ့ Baekhyunကိုယုံကြည်ထားတုန်းမို့ သေချာအောင်ပွင့်ပွင့်လင်းလင်းမေးကြည့်ခြင်းဖြစ်သည်။

Baekhyunလည်း JunMyeonအ‌ပြောကြောင့် စိတ်ထဲရှုပ်ထွေးသွားကာ ဖုန်းကိုပြန်စစ်ကြည့်တဲ့အခါ Chanyeolဖုန်း‌ခေါ်ထားခဲ့တာကိုတွေ့သည်။

"တ.. တ ကယ်ပဲ.. Chanyeolဖုန်းခေါ်ထားတယ်..???"

JunMyeonဘယ်လိုသိနေလဲဆိုတာကို Baekhyunမေးစရာမလိုဘဲ Chanyeolပြောပြလိုက်တာကိုသိလိုက်သည်။

📲 Chanyeol ငါ့massageကိုမြင်ပြီး ငါ‌ဖုန်းခေါ်တာကိုမကိုင်ရင် ငါတစ်ခုခုဖြစ်သွားတော့မယ်

Baekhyun massageပို့လိုက်ပြီးသည်နှင့်ဖုန်းခေါ်ဖို့လုပ်တုန်းကို ဝင်လာခဲ့တဲ့Chanyeolဖုန်းကြောင့် ချက်ချင်းပဲကိုင်လိုက်သည်။

"မင်းကငါတစ်ခုခုဖြစ်မှဆက်သွယ်မယ်ပေါ့ ဟုတ်လားParkChanYeol"

📱ဘာလဲ.. ငါမအားဘူး

"ငါ့ကိုစိတ်ဆိုးနေတယ်ဆိုလည်း ငါ့ကိုပွင့်ပွင့်လင်းလင်းပြောပေါ့
ဘာလို့တစ်ယောက်ထဲစိတ်ဆိုးနေတာလဲ"

📱ဘာကိုစိတ်ဆိုးရမှာလဲ..

Baekhyun ဖုန်းကိုကြည့်လိုက်ကာနှာခေါင်းကိုရှုံ့လိုက်သည်။

"မနေ့ကမင်းဖုန်းဆက်တာငါမသိဘူး.. ပြီးတော့.. Jae..JaeHoက ဘာတွေပြောလိုက်လဲငါမသိဘူး
ဒါပေမဲ့ မင်းငါ့ကိုယုံတယ်မလား
ငါက မင်းကိုပဲချစ်တာလေ
တခြားတစ်ယောက်နဲ့ အထင်မလွဲပါနဲ့"

Chanyeol ဘာမှပြန်ပြောမလာတော့ Baekhyunကနှုတ်ခမ်းကို စူပုတ်လာပြီ။
JunMyeonလည်း သူအနားမှာရှိနေတာကိုတောင် သည်းလာတဲ့နှစ်ယောက်ကြောင့် Baekhyunကိုထားပြီးထွက်သွားပေးသည်။

"မင်းမကျေနပ်တာမျိုးရှိရင် ငါ့ကိုဒေါသထွက်လည်းရတယ် ကြိုက်သလောက်အော်ပစ်လို့လည်းရတယ်
ဒါပေမဲ့ ငါ့ကိုစကားမပြောဘဲမနေပါနဲ့"

📱အင်း

"ငါမင်းကိုလွမ်းနေတာ"

📱အင်း

"ခွဲစိတ်တာအခြေအနေဘယ်လိုလဲ"

📱မနက်ဖြန် ၁၀း၀၀မှာ စပြီးခွဲစိတ်မှာ"

"Chanyeol"

ဖုန်းထဲကကြားနေရတဲ့ Chanyeolရဲ့အသက်ရှူသံကို Baekhyunသေချာနားထောင်နေမိသည်။

"ငါ့ကိုကောလွမ်းလား"

📱နားနေတာလား

"ငါမေးတာဖြေလေ ဘာလို့တခြားအကြောင်းတွေမေးနေရတာလဲ"

📱လွမ်းတယ်

Baekhyunသွားကိုတင်းတင်းစေ့ကာ လက်သီးကိုကျစ်‌နေအောင်ဆုပ်ပြီး အောင်ပွဲရလာတဲ့လူတစ်ယောက်လို တော်တော်လေးပျော်သွားရသည်။

"Chanyeol.. နောက်ဆို ဘာပဲဖြစ်ဖြစ်ငါ့ကိုပြောပြပါလား
အခုလို စကားမပြောဘဲနေပြီး သူများပြောမှသိရတာကို ငါမကြိုက်ဘူး"

📱အင်း

"အင်းပဲအင်းနေတာ ငါ့ကိုတခြားပြောစရာမရှိတော့ဘူးလား"

📱သူများပြောစကားတွေလိုက်နားထောင်ပြီး အချိန်ကုန်မခံနဲ့ လုပ်စရာရှိတာကိုပဲလုပ်
ပြီးတော့...

"ပြီးတော့ဘာဖြစ်လဲ"

📱 KimJaeHoနဲ့ဝေးဝေးနေ

"ဟိဟိ.."

📱ဘာရယ်တာလဲ

"အခုChanyeolသာငါ့အနားမှာရှိနေရင် ငါအကြာကြီးဖက်ပြီးနမ်းမိမယ်ထင်တယ်"

📱ငါမှတ်ထားလိုက်မယ်

"ချစ်တယ်..
ငါမင်းကိုစောင့်နေတယ်နော်..
အလုပ်ကိုကောင်းကောင်းလုပ်ပြီးပြန်လာခဲ့"

📱အင်း

Baekhyunဖုန်းချပြီးတာ‌တောင် အပြုံးကရပ်မရဘဲပြုံးနေလိုက်သည်။

Chanyeolသဝန်တိုတာကို Baekhyunသဘောကျမိပေမဲ့လည်း JaeHoဘာလို့ သူမသိဘဲအခုလိုလုပ်ရတာလဲကို စဉ်းစားမရဘူး။
Chanyeolရဲ့လွမ်းတယ်ဆိုတဲ့စကားကိုပြန်ကြား‌ပြီးပျော်နေတဲ့အပျော်ကြောင့် Baekhyun JaeHoအကြောင်းဘာမှလိုက်တွေးမနေတော့ဘဲ Chanyeolပြောသလို ဝေးဝေးနေဖို့ပဲဆုံးဖြတ်ထားလိုက်သည်။

ငါ့အချစ်လေးကငါ့ကိုလွမ်းတယ်တဲ့

ဒီကသူ့ကိုပိုလွမ်းနေတာကို

အီယား.... ချစ်လိုက်တာ

Baekhyun ဖုန်းကိုနမ်းလိုက်ကာ လူနာကြည့်ဖို့ထွက်လာတော့သည်။

"မကုချင်ဘူး.. Baekhyunဆိုတဲ့ဆရာဝန်နဲ့ဆို လုံးဝမကုဘူးနော်
သူ့လက်တွေက မသန့်ရှင်းဘူး
မိန်းကလေးတွေကိုအနိုင်ကျင့်တဲ့မကောင်းဆိုးဝါးပဲ"

Baekhyun စမ်းသပ်ပေးမဲ့လက်တွေတုံ့သွားကာ လူနာကအနားမှာရှိတဲ့ပစ္စည်းတွေနဲ့ပစ်ပေါက်တာကိုရှောင်ချိန်မရလိုက်ဘဲ နဖူး‌ပေါက်သွားခဲ့သည်။

"Hyungအနောက်ဆုတ်လိုက်ပါ.. ကျွန်တော်ကြည့်ပေးလိုက်မယ်"

"အာ.."

"သွား... သွား... ငါကDr.Baekhyunနဲ့လုံးဝမကုနိုင်ဘူးနော်"

"ကျွန်တော်ကDr.Baekhyunမဟုတ်ပါဘူး"

Baekhyunတစ်ခုခုပြောမလို့ပြင်ပြီးမှ.. လူနာဆီကထပ်ထွက်လာတဲ့စကားသံကြောင့် JaeHoကိုသာကြည့်စေပြီး သူကနောက်ဆုတ်လိုက်တဲ့အခါ သူနာပြုလေးတွေရဲ့မလိုတဲ့အကြည့်နဲ့ တိုးတိုး တိုးတိုးစကားသံတွေက ကျရောက်လာခဲ့သည်။

//သူများပြောစကားတွေလိုက်နားထောင်ပြီး အချိန်ကုန်မခံနဲ့ လုပ်စရာရှိတာကိုပဲလုပ်//

Baekhyunစိတ်မကောင်းဖြစ်သွားပေမဲ့ Chanyeolပြောတာကိုသတိရမိတဲ့အခါ ဘေးကနေရပ်ကြည့်နေဖို့ကိုပဲ အားပြုလိုက်တော့သည်။

"Dr.Baekhyun.. နားဆောင်ကိုသွားလိုက်ပါလား.. ဒီမှာရှိ‌နေလည်းကူညီရာရောက်မှာမဟုတ်ဘူး"

"မင်းကသူနာပြုတစ်ယောက်ပဲ ဆရာဝန်ကိုအခုလိုပြောခွင့်ရှိလို့လား"

"ကိုကိုကြီး" // "Dr. ... Dr.MinSeok"

Baekhyun ဖြစ်နေတဲ့အခြေအနေတွေကြား စိတ်ဓာတ်ကျချင်လာတာကို ရောက်လာတဲ့MinSeokကိုမြင်တာနဲ့ ဝမ်းသာသွား‌တော့သည်။

"အခုလူနာကိုကြည့်နေတဲ့ဆရာဝန်ရှိနေတာပဲ Baekhyunက ကိုကို့နောက်လိုက်ခဲ့"

MinSeok သူနာပြုလေးကိုသေချာကြည့်နေလိုက်တော့ သူနာပြုလေးကခေါင်းကိုငုံ့ချလိုက်ကာ JaeHoဘေးကိုပိုကပ်သွားတော့သည်။

Baekhyun MinSeokခေါ်ရာနောက်ကိုလိုက်သွားတော့ MinSeokကလူရှင်းတဲ့နေရာကိုသွားသည်။

"ဟျွန်းငယ်.. ကိုကိုကြီးကြားနေရတဲ့သတင်းတွေကဘာလဲ.. ကိုကိုကြီးကိုရှင်းပြပါဦး"

Baekhyunမျက်နှာငယ်လေးနဲ့သိထားတာတွေကိုပြောပြလိုက်တဲ့အခါ MinSeokကစိတ်ရှုပ်စွာမျက်မှောင်ကြုတ်သွားသည်။

"ကိုကိုကြီး.. ဟျွန်းငယ်ကိုယုံတယ်မလားဟင်.. ဟျွန်းငယ်ကအဲ့လိုတွေမလုပ်ပါဘူး"

MinSeokခေါင်းညိပ်ပြပြီး ညီငယ်ကိုဖက်လိုက်သည်။

"အဖြစ်မှန်ဆိုတာဖုံးကွယ်မရပါဘူး.. တစ်နေ့နေ့ပေါ်လာလိမ့်မယ်.. ကိုကိုကြီးက ကိုကိုကြီးရဲ့ဟျွန်းငယ်ကိုအယုံဆုံးပေါ့
ဟျွန်းငယ်က အခုဖြစ်နေတာတွေကိုခံနိုင်ရည်ရှိဖို့လိုတယ်
ဟျွန်းငယ်က အဖြစ်မှန်မပေါ်လာခင်လေးကိုတောင့်ခံထားနိုင်တယ်မလား"

Baekhyunခေါင်းညိပ်ပြတော့ MinSeokကကျောပြင်လေးကိုသပ်ချပေးနေသည်။

"Chanyeolကော.. သူသိလား...?? ဟျွန်းငယ်ကိုဘာပြောလဲ...??"

"Chanyeolက ဟျွန်းငယ်ကိုယုံပါတယ်
သူလည်း သူ့အလုပ်နဲ့သူရှုပ်နေတော့ အခုခရီးကပြန်လာမှပဲ သေချာစကားပြောကြည့်မလားလို့
Chanyeolလည်း ဟျွန်းငယ်ကိုတခြားသူရဲ့စကားတွေကိုလိုက်ဂရုမစိုက်ဖို့ပြောတယ်
ပြီးတော့ ဟျွန်းငယ်ကိုဂရုလည်းစိုက်တယ်"

MinSeokဖက်ထားတဲ့ညီငယ်ကိုလွှတ်လိုက်တော့ ညီငယ်ကပြုံးပြီးကြည့်နေတာတွေ့သည်။

"ကိုကိုကြီးလည်း သတင်းကြားကြားချင်းမှာအံ့ဩသွားတယ်..
ဒါပေမဲ့လည်း ဟျွန်းငယ်အကြောင်းသိနေတာနဲ့ သေချာမေးဖို့လာခဲ့တာ
ဟျွန်းငယ်ကအခုလိုဖြစ်နေတာတောင်ပျော်နေနိုင်တာ Chanyeolကိုတောင်လေးစားချင်သွားပြီ"

"ဟီးဟီး.."

"ကိုကိုကြီးထင်တာတော့.. Chanyeolကဒီတိုင်းနေမယ်မထင်ဘူး.. မကြာခင်တော့အမှန်တရားကပေါ်လာမှာပါ
ဟျွန်းငယ်.. ဖိုက်တင်း!!"

"ဖိုက်တင်း!!!"

MinSeokတကယ်ပဲ Chanyeolကိုကျေးဇူးတင်မိသည်။
သတင်းကြားကြားချင်းမှာ ညီငယ်လေးတစ်ခုခုဖြစ်နေမှာကို စိုးထိတ်ပြီးအတွေးမျိုးစုံနဲ့ရောက်လာခဲ့တာကို သူနာပြုလေးရဲ့ဆက်ဆံပုံကဒေါသထွက်စရာကောင်းနေပေမဲ့လည်း ထင်ထားတာထက်ကြံ့ခိုင်ပြီး ပြုံးရွှင်နေတဲ့ညီငယ်ကိုမြင်ရတာက စိတ်ထဲအတော်သက်သာသွားရသည်။

"ဟျွန်းငယ်နဖူးကဒဏ်ရာကိုဆေးထည့်ရအောင်.. ငါ့ညီရဲ့မျက်နှာလှလှကိုထိခိုက်ခံလို့ဘယ်ဖြစ်မလဲ"

MinSeok Baekhyunကိုဆေးထည့်ဖို့ခေါ်သွားပြီး ဆေးသေချာထည့်ပေးသည်။

"ကိုကိုကြီးလည်းသွားတော့မယ်
ဟျွန်းငယ် ကိုကိုကြီးကဟျွန်းငယ်ကိုအမြဲယုံကြည်တယ်နော်"

MinSeokဆေးထည့်ပေးပြီးထွက်သွားတဲ့အခါ Baekhyunကပြုံးပြီးကျန်နေခဲ့သည်။

"ကိုကိုကြီး ညနေဟျွန်းငယ်ကိုအိမ်ပြန်ပို့ပေး"

MinSeokက Night Dutyချိန်များပြီး ယနေ့ညလည်း Night Dutyဆင်းရမည်ဖြစ်တာကြောင့် ‌MinSeokကအိမ်ပြန်တော့မှာမဟုတ်တဲ့အတွက် Baekhyunကလိုက်ပို့ပေးဖို့ပြောချင်းဖြစ်သည်။
MinSeokလည်းအိုခေဆိုပြီး လက်နဲ့ပြကာ လျှောက်ထွက်သွားတော့သည်။

Baekhyunလူနာဆောင်ထဲပြန်ဝင်လာတော့ JaeHoကပြုံးပြီးလာခေါ်ပေမဲ့ Baekhyunလက်ကာပြကာ လူနာတစ်ချို့ကိုလိုက်ကြည့်သည်။

လူနာတချို့ရဲ့အကြည့်တွေ သူနာပြုတွေရဲ့ဆက်ဆံပုံ‌တွေကို Baekhyunသဘောမကျပေမဲ့လည်း Chanyeolပြောတဲ့အတိုင်းလုပ်စရာရှိတာလုပ်ပြီး ဆရာဝန်တစ်ယောက်ပီပီ လေသံကိုကျင့်သုံးသည်။

Baekhyunအရင်လိုစိတ်အားမငယ်တော့ဘဲ လုပ်ရာမှာတွေလုပ်နေတာကို JaeHoကအသေအချာလိုက်ကြည့်နေပေမဲ့ Baekhyunဂရုစိုက်မနေဘဲ သူ့အပေါ်မကြည်တဲ့သူနာပြုတွေကို လုပ်သင့်တာတွေပြောပြီး လူနာဆောင်ထဲကထွက်သွားတော့သည်။

"သူကBaekhyunလား.. ငါတို့ကိုအခုလိုဆက်ဆံလိမ့်မယ်လို့မထင်ခဲ့ဘူး
သူဘယ်သူလဲ.. ဒီလောက်အပြောခံနေရတာတောင်
သူဘာလို့ ဘာမှမဖြစ်တဲ့ပုံပေါက်နေရတာလဲ"

Baekhyun သူနာပြုမလေးရဲ့စကားကိုနားစွန်နားဖျားကြားပြီး နှုတ်ခမ်းပါးတွန့်ကွေးရုံပြုံးလိုက်ကာ Chanyeolရဲ့အခန်းဖြစ်တဲ့နားဆောင်ဆီကိုသွားသည်။

Baekhyun Chanyeolအခန်းထဲရောက်တော့ ခုံပေါ်ကိုပစ်ထိုင်ချပြီး နက်တိုင်ကိုဖြေလိုက်သည်။

📲Chanyeol.. လွမ်းနေတယ်အရမ်းပဲ အားရင်ငါ့ကိုဖုန်းခေါ်ပါလား

Baekhyun massageပို့ပြီးဖုန်းကိုဘေးမှာချထားလိုက်ကာ မျက်လုံးတွေမှိတ်ထားသည်။

📲မအားဘူးလား.. ငါမင်းမျက်နှာလေးမြင်ချင်လို့ကို

Baekhyunဖုန်းမြည်သံကိုစောင့်နေပေမဲ့ မြည်မလာတာကြောင့် Massageထပ်ပို့လိုက်သည်။

"Chanyeol ..ငါ့ကိုအဖတ်လည်းမလုပ်ဘူး"

Baekhyun massageထပ်ပို့ဖို့လုပ်တဲ့အခါ ဝင်လာတဲ့Video callကြောင့် ဝမ်းသာစွာကိုင်လိုက်သည်။

"Chanyeol.. ငါမင်းကိုပြောပြစရာရှိတယ်"

🤳ဒဏ်ရာကဘယ်လိုရတာလဲ

Baekhyun အခုဏသူလုပ်နိုင်ခဲ့တဲ့အကြောင်းကိုစိတ်ပါလက်ပါ အားပါးတရပြောနေတော့ Chanyeolကတော်တယ်ဆိုပြီး ချီးကျူးပေးသည်။

Baekhyunပျော်နေကာရယ်နေတော့ Chanyeolကနားဖို့ပြောသည်။

"Chanyeolကလည်း.. ငါမင်းကိုမြင်လိုက်ရင် အနားယူစရာမလိုဘူးလေ"

🤳မင်း NightDutyက မနက်ဖြန်ညမှလား

"အင်း.."

🤳Dayထက် Nightက ပိုပင်ပန်းတာ အနားယူချိန်ရတုန်း ကောင်းကောင်းနားသင့်တယ်

"မင်းရင်ခွင်ကြီးကိုလွမ်းလိုက်တာ.. အခုနေငါ့ကိုလာဖက်ထားပေးရင်ကောင်းမှာပဲ"

🤳မင်းအင်္ကျီကိုဘယ်လုပ်ဝတ်ထားတာလဲ

"ဟမ်..??"

Baekhyunအခုဏမှ စိတ်သက်သာရာရကာနက်တိုင်ကိုဖြေချလိုက်တာကြောင့် အင်္ကျီကနည်းနည်းဖရိုဖရဲဖြစ်နေလေသည်။

"အာ... ငါအခုဏ လူတွေရှေ့မှာမင်းပြောသလိုလုပ်ကြည့်တာလေ ငါ့အတွက်မလွယ်ဘူး
ငါလုပ်နိုင်ခဲ့ပေမဲ့လည်း စိတ်ထဲနည်းနည်းအဆင်မပြေလို့
စိတ်ပေါ့သွားမလားလို့နက်တိုင်ဖြုတ်လိုက်တာ"

Baekhyunကပြောရင်း နက်တိုင်ကိုအရှင်းဖြုတ်လိုက်ပြီး.. ကြယ်သီးတချို့ကိုပါဖြုတ်နေသည်။

🤳အအေးပတ်မယ်ပြန်ဝတ်ထား

"မင်းလာဝတ်ပေး.. လာမဝတ်ပေးရင်အင်္ကျီပါချွတ်လိုက်တော့မယ်"

🤳Baekhyun!!

"ဘာလဲ"

🤳တစ်ယောက်ယောက်ဝင်လာနိုင်တယ်နော်

"ဝင်လာပေါ့.. "

🤳ပြန်ဝတ် ခုချက်ချင်း!!!

"Chanyeolကငါ့ကို သဝန်တိုနေတာလား
မဟုတ်ဘူး!.. ငါ့ကိုမြင်ပြီး မင်းစိတ်တွေမထိန်းနိုင်တော့ဘူးမလား"

🤳မင်း!!!

"ပြောရင်းနဲ့ ငါChanyeolရဲ့ညီလေးကိုလွမ်းသွားပြန်ပြီ"

🤳ငါ့ကိုစနေတာလား

"တကယ်လွမ်းတာပါဆို"

🤳ဖုန်းထဲကနေစနေနော် အပြင်မှာတွေ့ရင်မင်းမလွယ်ဘူးပဲ

"လွမ်းနေပြီ.. Chanyeolထက် Chanyeolညီလေးကိုလွမ်းနေပြီလို့"

Baekhyunမျက်လုံးကို‌မှေးကျဉ်းကာ အောက်နှုတ်ခမ်းကိုကိုက်ပြနေသည်။
ထို့ပြင်လက်တစ်ဖက်နဲ့မေးကိုပင့်ကာ ပေါ်လာတဲ့လည်ဇလုပ်ကိုဝိုင်းပြနေပြန်သည်။

🤳 Baekhyun!! .. တော်.. တော်တော့

"Chanyeol..~~"

Baekhyunအသံကိုဆွဲခေါ်လိုက်ကာ ညို့အားပြင်းတဲ့အကြည့်နဲ့ကြည့်နေတော့ Chanyeolခေါင်းကိုတဖက်လှည့်လိုက်သည်။

"ငါ့ကိုကြည့်လေ.. Chanyeol..ငါ့ကိုကြည့်လို့!!"

🤳အခုမင်းဘာတွေလုပ်နေတာလဲ

"Chanyeolကိုမြူဆွယ်ပြနေတာလေ မသိဘူးလား"

🤳ငါ့.. ငါ့ကိုမင်းမြူဆွယ်စရာမလိုဘူး!

Baekhyunတည့်တိုးပြောလိုက်တာကြောင့်လားမသိပေမဲ့ Chanyeolပြန်ဖြေလာပြီးရဲသွားတဲ့မျက်နှာကို Baekhyunမြင်သည်။

"ငါ့အချစ်လေးကရှက်နေတာလား.. ဟဟ"

Chanyeol Baekhyunနဲ့မျက်လုံးချင်းမဆုံဘဲခေါင်းကိုတခြားဖက်လှည့်ကြည့်နေတော့ Baekhyunကသူ့ကိုကြည့်ဖို့အော်နေလေသည်။

🤳ငါ.. ငါဖုန်းချတော့မယ်

"ငါ့ကိုကြည့်ပါဆို မကြည့်ရင်အဝတ်တွေချွတ်လိုက်မှာနော်"

Chanyeolလှည့်ကြည့်လာတော့ Baekhyun ဖွင့်ဟထားတဲ့သူ့ရင်ဘတ်ကိုပြကာ  ရှက်နေတဲ့Chanyeolကိုစနေပြီး တဟားဟားရယ်‌နေသည်။

🤳မင်းတော်တော်ပျော်နေလား

"Chanyeol.. Chanyeolရှက်နေတာကို ငါသဘောကျလို့"

🤳အဝတ်တွေကိုသေချာပြန်ဝတ်လိုက်စမ်း

"အင်းပါ.. အင်းပါ.. ဒေါသမထွက်ပါနဲ့ ငါအခုပဲပြန်ဝတ်ပါပြီ.. ဟားဟား"

Chanyeolမျက်မှောင်ကြုတ်ကာ တဟားဟားရယ်နေတဲ့Baekhyunကိုကြည့်ရင်း မသိမသာပြုံးလိုက်သည်။

🤳တခြားသူစကားတွေကိုလိုက်နားထောင်မနေနဲ့ ကိုယ်လုပ်စရာရှိတာကိုလုပ်
အခုမင်းလုပ်ပြတာတွေကို ငါမှတ်ထားတယ်နော်Baekhyun
ဖုန်းထဲမှာမို့ မင်းလွတ်သွားတယ်မှတ်ပါ

"ဟိဟိ..ငါကမင်းဖမ်းတာခံချင်တာကို"

🤳မင်းတော်တော်ဆိုးနေတာပါလား

"Chanyeolကလာဆုံးမပေးလေ"

Baekhyunရဲ့မထိတထိစကားလုံးတွေက Chanyeolကိုစွနေတာမို့ Chanyeolပြောင်းလဲလာတဲ့ခန္တာကိုယ်အနေအထားကြောင့် Baekhyunကိုစိုက်ကြည့်နေလိုက်သည်။

"မင်းတစ်ခုခုဖြစ်နေပြီမလား.. ဟားဟား"

🤳ပျော်လား

"ငါမပါဘဲပြီးသွားမှာဆိုတော့မပျော်ဘူး"

🤳မင်း!!

"တာ့တာ... ငါအလုပ်ရှိသေးတယ်"

Baekhyun ဖုန်းကိုချလိုက်တော့ ဖုန်းထဲက‌နေChanyeolရဲ့Baekhyunဆိုတဲ့ အော်သံအကျယ်ကြီးကိုကြားလိုက်ရသေးသည်။

ဟားဟား.. ငါ့အချစ်လေးကချစ်ဖို့ကောင်းလိုက်တာ
ဒါပေမဲ့..
သူအဆင်ပြေပါ့မလား
ငါစတာလွန်သွားလား.. မလွန်ပါဘူးနော်
ပြေမှာပါ.. သူအဆင်ပြေမှာ

Chanyeolကြောင့် လူတွေအ‌ပြောကိုဂရုစိုက်မနေဘဲလုပ်ရမှာကိုလုပ်ဖို့အတွက်ကြိုးစားဖူးပြီ။ ငါ့အတွက်မလွယ်ကူခဲ့ပေမဲ့ ငါအောင်မြင်ခဲ့တယ်။
ဘယ်သူတွေဘာပြောပြော.. ငါ့ကိုယုံကြည်ပေးတဲ့သူတွေရှိနေတာပဲ
အမှန်တရားပေါ်လာတဲ့အထိ.. ငါသည်းခံရမယ်။

Baekhyunအင်္ကျီကိုသေသေချာချာပြန်ဝတ်လိုက်ကာ အားယူပြီးChanyeolရဲ့နားဆောင်ကနေထွက်သွားတော့သည်။

TBc...

Commentရေးပေးတဲ့ကိုယ့်အသည်းတွေကတော့ တကယ်တော်တာ
မှန်းကြည့်ခိုင်းလည်းမလွဲဘူး
ထင်ရာကိုပြောကြည့်လာလည်းမှန်ကြတာပဲနော်
အကြားအမြင်များရနေကြတာလား တကယ်တော်ချက်ပဲ <3

[Zawgyi 👇]








"Hyungကဘာကိုမေးတာလဲ"















📱ဘာလဲ.. ငါမအားဘူး


📱ဘာကိုစိတ်ဆိုးရမှာလဲ..





📱အင်း

"ငါမင်းကိုလွမ်းနေတာ"

📱အင်း



"Chanyeol"


"ငါ့ကိုကောလွမ်းလား"

📱နားနေတာလား


📱လွမ်းတယ်



📱အင်း


ပြီးတော့...

"ပြီးတော့ဘာဖြစ်လဲ"

📱 KimJaeHoနဲ့ဝေးဝေးနေ

"ဟိဟိ.."

📱ဘာရယ်တာလဲ


📱ငါမှတ်ထားလိုက်မယ်

"ချစ်တယ်..

📱အင်း





အီယား.... ချစ်လိုက်တာ





"အာ.."























"ဟီးဟီး.."

ဟျွန်းငယ်.. ဖိုက်တင်း!!"

"ဖိုက်တင်း!!!"





















🤳ဒဏ်ရာကဘယ်လိုရတာလဲ





"အင်း.."




"ဟမ်..??"






🤳Baekhyun!!

"ဘာလဲ"


"ဝင်လာပေါ့.. "

🤳ပြန်ဝတ် ခုချက်ချင်း!!!


🤳မင်း!!!


🤳ငါ့ကိုစနေတာလား

"တကယ်လွမ်းတာပါဆို"





"Chanyeol..~~"









🤳ငါ.. ငါဖုန်းချတော့မယ်














🤳ပျော်လား


🤳မင်း!!



ဒါပေမဲ့..
သူအဆင်ပြေပါ့မလား



TBc...


Continue Reading

You'll Also Like

4.3M 287K 61
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
7K 406 22
​နောက်တစ်ကြိမ်အသစ်ပြန်စရရင် ကိုယ့်ဘက်က​နေ​​ အရင်စ​ပြီးချစ်ခွင့်ပန်ပါရစေ~
162K 4.2K 18
Derek Morgan is one of the most popular guys in school who just happens to be in love with the school's 'nobody,' Spencer Reid. Can he finally just l...
1.7M 93.1K 46
|𝐑𝐨𝐬𝐞𝐬 𝐚𝐧𝐝 𝐂𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 - 𝐈| She was someone who likes to be in her shell and He was someone who likes to break all the shells. "Jun...