Zawgyi
"အရသာရှိတယ်..."
"မဟုတ်တာ လမ်းမလျှောက်ချင်ဘူးဆိုပြီးပေကပ်နေတာက
လာတုန်းကပြင်ဆင်ပေးထားတာကလွဲရင် မနက်စာမစားပဲ
လှည့်ကြည့်လိုက်သည်။
"မဟုတ်တာ...အစတည်းကသဘောတူထားပြီးသားပဲဟာ"
"ဘာလို့..."
အခုထိဝတ်ထားတုန်း။
"....."
ချစ်မိသွားလို့ရှုံးပါတယ် ဒါလေးကမင်းရဲ့ဆုလာဘ်ပေါ့
လို့ထင်တယ်။ကျေးဇူးပြုပြီး....
တာမို့ ခဏပဲဖြစ်ဖြစ်အပြေးလာမယ်ဆိုရင်တောင် ဖက်ထား
~~~~~~~~~
.
.
.
ပေါ့??"
"လွမ်းလိုက်တာ...."
စေသည်။
Tbc
Unicode
"ဂျီဂျီလို့ခေါ်နေတာကိုရပ်လိုက်ပါတော့!!"
နိုးလာတည်းကတောက်လျှောက်ပြောလိုက်တဲ့စကားတိုင်းမှာဂျီဂျီဆိုတာကိုပဲကြားနေရလို့ဂျီမင်တအားကိုစိတ်ညစ်နေပြီဖြစ်သည်။ညက သူဘာတွေပြောထားမိလည်းမမှတ်မိပေမယ့်သေချာပေါက် အဲ့စကားလုံးကိုထွက်ခဲ့တာဖြစ်မည်။
သူ့မှာ သဘောကျတဲ့သူ့ဆီကအစခံနေရတာဆိုတော့ ပစ်ပစ်
ခါခါလည်းမပြောရက်။လက်နှစ်ဖက်နဲ့နားကိုပိတ်ကာဆူပုတ်
နေပေမယ့် နာရယ်ကတော့ရပ်မယ့်ပုံမပေါ်သေး။
"ဂျီဂျီ မနက်စာလာစားတော့လေ နူနားခဏနေပြန်တော့မှာ"
"Aish....နူနားတဲ့ တကယ်ပဲဖျစ်ညှစ်ပစ်လိုက်ချင်နေပြီ"
အဝေးကနေခပ်တိုးတိုးကြိမ်းဝါးရင်းမီးဖိုခန်းထဲကိုလျှောက်လာခဲ့သည်။ထမင်းစားစားပွဲမှာဝင်ထိုင်ရင်း စားစရာတွေကိုစစားတော့အရှေ့မှာထိုင်ပြီးကြည့်နေတဲ့ နာရယ်မျက်လုံးတွေကတလက်လက်။
"အရသာရှိတယ်..."
သူမမျှော်နေတာသေချာပေါက်ဒီစကားပဲဖြစ်မယ်။တကယ်လည်း သူအတွက်အရမ်းစားလို့ကောင်းသည်။
"ဟီး...တော်သေးတယ် အရသာမတွေ့မှာစိုးနေတာ"
"ညကဘယ်လိုတွေဖြစ်လဲသိပ်မမှတ်မိပေမယ့် ကိုယ့်ဘက်ကပဲတောင်းပန်ပါတယ် ထယ်ယောင်းမွှေလိုက်တာပဲဖြစ်မယ်"
ဘာစပြောရမှန်းမသိတဲ့ထမင်းစားဝိုင်းမှာ ကိုယ်ကပဲစပြီးတောင်းပန်စကားဆိုလိုက်သည်။ဘာတွေပြောမိ လုပ်မိမှန်းလည်းရေရေရာရာမမှတ်မိ။
"မဟုတ္တာ လမ်းမလျှောက်ချင်ဘူးဆိုပြီးပေကပ်နေတာကလွဲရင် ဂျီဂျီကလိမ္မာပါတယ်"
"ဂျီဂျီလို့နောက်တစ်ခါထပ်ခေါ်တာနဲ့နမ်းပစ်မယ်"
ဇွန်းနဲ့သူ့ဘက်ကိုညွှန်ပြရင်းခြောက်လိုက်တော့ ပါးစပ်ကိုဇစ်ဆွဲပိတ်ပုံစံလုပ်ပြကာငြိမ်သွားသည်။
"ကျေးဇူး...ကောင်းကောင်းစားခဲ့ရတယ်"
ပြောင်လက်နေအောင်စားထားတဲ့ပန်းကန်လုံးတွေကိုယူပြီး
ဘေစင်ပေါ်တင်လိုက်သည်။သူမနက်စာကို အိမ်မှာဒီလို
ကောင်းကောင်းမစားရတာဘယ်လောက်ကြာနေပြီလဲ။မေမေ
လာတုန်းကပြင်ဆင်ပေးထားတာကလွဲရင် မနက္စာမစားပဲ
ကျော်သွားလိုက်တာများသည်။
"အဲ့ဒါဆိုပြန်ရတော့မလား??"
အနောက်ဘက်ကနေအသံတိုးတိုးလေးထွက်လာတာမို့ သူ
လှည့်ကြည့်လိုက်သည်။
"မပြန်ချင်သေးလည်းရတယ် အာ...မင်းကူညီပေးထားတာ
အတွက်သဘောတူထားတာကျန်သေးတာပဲ"
"အဲ့တာကြောင့်မဟုတ်ပါဘူး ဒီအတိုင်းပြောတာပါ"
ထပ်တွေ့စရာအကြောင်းအရင်းမရှိတော့မဲ့အတူတူပြောစရာစကားကျန်သေးမယ်အထင်နဲ့စကားစလိုက်ပေမယ့် သူ့ဆီကမထင်မှတ်ထားတာတွေထွက်လာသည်။
"မဟုတ္တာ...အစတည်းကသဘောတူထားပြီးသားပဲဟာ"
"ကျမအဲ့အတွက်ဘာမှမတောင်းဆိုဖို့ဆုံးဖြတ်ပြီးသွားပြီ"
"ဘာလို့..."
"အန်တီနဲ့တွေ့တုန်းက မေမေရှိတုန်းကလိုနွေးထွေးတဲ့ခံစားမှုတွေပြန်ရလာတာမို့ဒီအတိုင်းကူညီတယ်ပဲသဘောထားလိုက်ပါ ထပ်ပြီးဘာမှမလိုအပ်ပါဘူး...."
ခေါင်းတငြိမ့်ငြိမ့်လုပ်ပြတာကြောင့် ထပ်ပြောစရာစကားမရှိ
တော့ဘူးလို့မှတ်ယူပြီး စဉ်းစားထားတာကိုပြောလိုက်သည်။
"ပြီးတော့ ဒါလေးကိုလည်းပြန်ပေးချင်လို့..."
သူသဘောကျတဲ့ငွေရောင်လက်စွပ်လေးကိုပြန်ပေးလိုက်သည်။အန်တီပြန်တဲ့နေ့ထဲကပေးဖို့စဉ်းစားထားတာဆိုပေမယ့်အဲ့ဒီ့နေ့ကအခြေအနေမပေးခဲ့ပေ။
ဘာမှမယူဖို့ဆုံးဖြတ်ထားတာကြောင့် အခုလိုလုပ်လိုက်ရခြင်း
ဖြစ်သည်။ဖျက်ခနဲကြည့်မိတော့ သူ့လက်ချောင်းလေးမှာတော့အခုထိဝတ်ထားတုန်း။
ရေစက်တွေကဒီလောက်ပဲထင်ပါတယ်။တွေ့ပြီးရင်ပြန်ခွဲရမယ်ဆိုတာကြိုသိထားပေမယ့် အချိန်ပိုင်းလေးစောသွားရုံပါ။ကောင်းတဲ့ မိတ်ဆွေအသစ်တစ်ယောက်တော့ထပ်တိုးလာပါတယ်။
"တကယ်ပဲ ထပ်ပြီးမပက်သက်ချင်တော့တာပဲ..."
"....."
"ထပ်မချွတ်ပါနဲ့လို့ပြောထားတာကိုတောင်...ဟင်း~"
ဒါပေမဲ့ လက်စွပ်လေးကိုကိုယ့်လက်ချောင်းတွေမှာပဲပြန်စွပ်
ပေးလာတယ်။ဘာအဓိပ္ပါယ်မှန်းမသိလို့ မော့ကြည့်မိတော့
"challengeတစ်ခုရှိသေးတယ်မလား~ကိုယ်ကပဲအရင်
ချစ်မိသွားလိူ့ရံှုးပါတယ် ဒါလေးကမင်းရဲ့ဆုလာဘ်ပေါ့
ထပ်မပက်သက်ချင်တော့လည်းရတယ်....မင်းသဘောပဲ"
"ကျမကိုလက်လျော့လိုက်တာလား??"
လွှတ်ခနဲထွက်သွားတဲ့စကားတို့အတွက်အဖြေကိုမမျှော်လင့်ရဲပါ။အရင်က ဂရုမစိုက်သလိုနေခဲ့ပြီးကာမှ ရင်တွေတလှပ်လှပ်တုန်လို့နေသည်။
သူ့ဘက်ကမျှော်လင့်နေတာကိုမပေးနိုင်တာသိသိရက် ကိုယ့်ကိုဆက်ပြီးသဘောကျစေချင်တာကဘာလို့လဲ။မပက်သက်ချင်တော့တာမျိုးလည်းမဟုတ်ဘူးဆိုတာကိုရော ဘယ်လိုသိအောင်ပြောပြရမလဲ။
ခံစားချက်တွေမသေချာနိုင်သေးပေမယ့်သူ့ကိုလိုအပ်နေတယ်လို့ထင်တယ်။ကျေးဇူးပြုပြီး....
"မဟုတ်ပါဘူး....စောင့်နေပေးတာ မင်းလက်ခံနိုင်မယ့်အချိန်ထိကိုစောင့်နေပေးတော့မှာ ကိုယ့်တံခါးတွေကအမြဲဖွင့်ထားတာမို့ ခဏပဲဖြစ်ဖြစ်အပြေးလာမယ်ဆိုရင်တောင် ဖက္ထားပေးမယ်...လက်လျော့လိုက်တယ်လို့မတွေးပါနဲ့ ကိုယ်မင်းကိုချစ်နေတုန်းပဲ"
~~~~~~~~~
အနားရှိတုန်းကမလိုအပ်သလိုလိုနဲ့ အဝေးရောက်သွားတော့မှဟာတာတာဖြစ်နေတဲ့ခံစားချက်ကြီးကဒီလိုမျိုးပါပဲ။တစ်နေ့
တာမှာသူမပါဝင်တော့တာမို့ တစ်ခါတရံ ရုတ်တရက်ပေါ်လာမို့လည်းမျှော်လင့်တတ်ပါသေးတယ်။
တစ်ခုခုကသေချာနေပြီဆိုတာကိုတပ်အပ်သိနေပေမယ့် ရှေ့တိုးဖို့ကိုတွန့်ဆုတ်နေပြန်ပါတယ်။အဲ့ဒါကို အတ္တလို့ပြောရမလား မာနလို့ခေါင်းစဉ်တပ်ရမလား။အရင်တုန်းကလိုမျိုးဘေးနားမှာကပ်တွယ်စေချင်နေသေးတယ်။
နောက်တစ်ခေါက် သူ့ကိုသဘောကျလားလို့မေးလာခဲ့ရင်
သဘောကျတယ်လို့ဖြေမယ်။လိုလိုလားလားဖြေချင်နေတာမို့
စောင့်နေရာကနေပေါ်လာခဲ့ပါတော့။
ပါ့ခ်ဂျီမင်ကို လွမ်းတယ်....
.
.
.
"အချစ်သူရဲကောင်းကြီး...မှိုင်လှချည်လား မင်းအချစ်ကလေးနဲ့အဆင်မပြေဘူးလား ငါဆွဲစိပေးတာတောင်မငြိကြသေးဘူးပေါ့??"
အရှေ့မှာငုပ်တုပ်ထိုင်ပြီးကရားလွှတ်သလိုစကားတွေပြောနေတဲ့ထယ်ယောင်းရဲ့စကားတွေကလည်းခေါင်းထဲဝင်တစ်ချက်မဝင်တစ်ချက်။သေချာတာတော့ သူအဆင်ပြေမနေဘူးဆိုတာပဲ။
စသဘောကျမိသွားတဲ့အချိန်မှာ နာရယ်သူ့ကိုပြန်သဘောကျ
ဖို့အတွက်ကျန်နေတဲ့အချိန်အတွင်းမှာကြိုးစားဖို့လုပ်ပေမယ့်
စိတ်ကူးနဲ့လက်တွေ့တွေကထပ်တူကျမနေခဲ့။
အချစ်ကိုပြိုင်စရာတစ်ခုလိုအရင်ကသဘောထားခဲ့တာရဲ့အပြစ်တွေပါပဲ။သူဘယ်လိုပဲကြင်နာပြပြ နာရယ့်မျက်လုံးတွေထဲမှာအပျော်အပျက်ရယ်လို့ပဲမြင်နေခဲ့တယ်။
"လွမ်းလိုက်တာ...."
"သွားတွေ့ပေါ့...တွေ့လို့ရတာပဲကိုအပိုတွေလုပ်မနေနဲ့"
"ဘာအကြောင်းမှမှမရှိတော့တာကို ဘယ်လိုတွေ့မလဲ"
"ဘာလို့မရှိရမှာလဲ....မင်းလွမ်းနေတယ်လေ"
လက်မခံနိုင်လောက်တဲ့အကြောင်းပြချက်နဲ့သွားတွေ့လို့ဖြစ်နိုင်မလား။တစ်ယောက်နဲ့တစ်ယောက်နဲ့စိတ်ရင်းအမှန်တွေကိုမသိနိုင်တာတွေက ဆက်ဆံရေးကိုတစ်စတစ်စရှုပ်ထွေးလို့်လာစေသည်။
ရှေ့ဆက်တိုးဖို့အတွေးနဲ့ နောက်ဆုတ်ဖို့အတွေးတွေလွန်ဆွဲ
တဲ့အလာဘယ်ဟာကအနိုင်ရပါလိမ့်မလဲ....
Tbc