𝙁𝙖𝙡𝙡𝙞𝙣𝙜 𝙄𝙣 𝙇𝙤𝙫𝙚...

By MaybelNan

591K 38.2K 589

ရှိုင်းဆက်အာဏာ💕လွန်းခတ်ပိုင် More

Intro
အပိုင်း(1)unicode
Ep(2)unicode
Ep(3)unicode
Ep(4)unicode
Ep(5)unicode
Ep(6)unicode
Ep(7)unicode
Ep(8)unicode
Ep(9)unicode
Ep(10)unicode
Ep(11)unicode
Ep(12)unicode
Ep(13)unicode
Ep(15)unicode
Ep(16)unicode
Final Ep -unicode
Extra (uni)
Thank You
(1)zawgyi
(2)zawgyi
(3)zawgyi
(4)zawgyi
(5)zawgyi
(6)zawgyi
(7)zawgyi
(8)zawgyi
(9)zawgyi
(10)zawgyi
(11)zawgyi
(12)zawgyi
(13)zawgyi
(14)zawgyi
(15)zawgyi
(16)zawgyi
Final Ep-zawgyi
Extra(zg)
Book အကြောင်းပြောစရာရှိလို့ပါ။

Ep(14)unicode

22.3K 1.5K 19
By MaybelNan

“ လွန်းခတ် သားမှာ ကိုယ်ဝန် ရှိနေပြီ။ “

“ ဗျာ “

အသံထွက်လာသည်က ရှိုင်းဆက်ဆီမှ ြဖစ်သည်။။သူ့ကိုကြည့်ရသည်မှာ လွန်းခတ် ထက်ကိုပို၍ အံ့သြသွားဟန် တူသည်။

ဒေါက်တာသည် လွန်းခတ်၏ ခန္ဓာကိုယ်တည်ဆောက်ပုံအကြောင်းကို ရှင်းပြတော့ ရှိုင်းဆက်မှာ မျက်လုံးလေးအဝိုင်းသားနှင့်  သေချာနားထောင်နေသည်။ သူတော်တော်လေးကို မယုံကြည်နိုင် ဖြစ်နေပုံပေါ်သည်။ဒါဟာ ရှိုင်းဆက်အတွက်တော့ တော်တော်လေးထူးဆန်းသည့် ကိစ္စတစ်ခုဖြစ်နေပေလိမ့်မည်။

ကားပေါ်ပြန်ရောက်သည့်အချိန်ထိတိုင် ရှိုင်းဆက်သည် အသိစိတ်မကပ်နိုင် ဖြစ်နေသည်။ လွန်းခတ်သည်လည်း ရှိုင်းဆက်ကိုကြည့်ပြီး သက်ပြင်းချမိသည်။ ကိုယ်တိုင်ကတောင် ကြိုသိထားပေမဲ့ တကယ်လက်တွေ့ဖြစ်တည်လာတော့ တုန်လှုပ်မိတာ ရှိုင်းဆက်အနေနဲ့ဆို  ပိုလို့တောင်ဆိုးနေအုံးမည်။

“ရှိုင်းဆက် “

သူခေါ်နေတာကိုပြန်ထူးမလာပဲ အတွေးများနေသေးသူကြောင့် လက်မောင်းကို အသာပုတ်ကာ သတိပေးလိုက်ရ၏။

“ အာ....sorry ကိုယ် နည်းနည်း အံ့သြသွားမိလို့ “

“ ရပါတယ်။ မင်းနေရာမှာငါဆိုလည်း ဒီလိုပဲဖြစ်မိမှာ။ “

ရှိုင်းဆက်သည် လွန်းခတ် ဘက်ကို လှည့်လာပြီး လွန်းခတ်လက်ကို ဆွဲကိုင်လာ၏။

“ လွန်း ၊ ဒါတွေက တကယ်အမှန်ပဲလား။ ဒါမှမဟုတ် ကိုယ်အိမ်မက်မက်နေတာလား။ “

လွန်းခတ် ခေါင်းခါပြလိုက်သည်။
“ အမှန်ပဲ။ငါ… ငါတောင်းပန်ပါတယ် ။ အစောကြီးထဲက ငါ့ခန္ဓာကိုယ်အကြောင်းကိုပြောပြခဲ့သင့်တာ ၊ ငါတို့ကြားထဲ ဒီအခြေနေထိ ဖြစ်မလာနိုင်ခဲ့ဘူး ထင်လို့ ငါမင်းကိုမပြောမိခဲ့တာပါ။
တကယ်တော့ ….မပြောပြနိုင်ခဲ့တာဆို ပိုမှန်မယ်။  “

လွန်းခတ်စကားအဆုံး ရုတ်တရက်ဆန်သော အပြုအမူတစ်ခုကို ရှိုင်းဆက်က လုပ်လိုက်သည်။ သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ကာ နှုတ်ခမ်းတွေကို စက္ကန့်အနည်းငယ်မျှကြာအောင် ဖိကပ်နမ်းရှိုက်လာလေသည်။ထို့နောက် လွန်းခတ်ကို ဆွဲဖက်လာသည်။

“ ကိုယ်နားလည်ပါတယ်။ မင်းအနေနဲ့ပြောပြဖို့ခက်ခဲခဲ့မှာပဲလေ။ “
ရှိုင်းဆက်က ကိုယ်ချင်းခွာကာ လွန်းခတ်၏ လက်ကို ကိုင်ထားရင်းပင်
ဆက်ပြောလာသည်။
“တကယ်ပဲ ။ ကိုယ့်ကလေးလေးက မင်းဗိုက်ထဲမှာပေါ့နော်။ လွန်း ကိုယ်လေ အရမ်းပျော်တာပဲသိလား။ ကိုယ်ချစ်တဲ့သူက ကိုယ့်သွေးသားကို မွေးပေးမယ်။ ကိုယ် အရမ်းပျော်တာပဲ ။ မင်းရော ပျော်လား လွန်း။ “

လွန်းခတ် ဘာပြောရမှန်းမသိပေ။ ယခုချိန် သူ့စိတ်ထဲပျော်နေတာလား။ စိုးရိမ်နေတာလား။ မည်သို့ ခံစားနေရမှန်း သူမသိပေ။

ထို့စဥ် လွန်းခတ်ဆီသို့ ဖုန်းဝင်လာသည်ကြောင့်

( Hello မေမေ )

(………..)

( ပြန်လာပြီ။)

(……..)

(ဟုတ်ကဲ့ပါဗျာ… ဒါဆို သားတို့ အဲ့ကိုပဲတန်းလာလိုက်မယ်။ )

လွန်းခတ် ဖုန်းချပြီး ရှိုင်းဆက်ဘက်လှည့်ကာ ပြောလိုက်သည်။

“ မေမေက အန်တီနုတို့အိမ်မှာရောက်နေတယ်တဲ့။  အဲ့ဒီကိုလာခဲ့ကြဖို့ပြောတယ်။ “

“ အင်း....ဒါဆိုလည်း သွားကြတာပေါ့။ လွန်း ခါးပတ်ပတ်လိုက်အုံး။ “

သို့နှင့် ရှိုင်းဆက်တို့အိမ်ကို မောင်းလာလိုက်သည်။

လွန်းခတ်အကြောင်းကိုကြားတော့ မေမေအပါအဝင် ရှိုင်းဆက် ဒယ်ဒီနှင့် မာမီပါ ဝမ်းသာနေကြသည်။

ဒီလိုကျတော့လည်း သူကိုယ်တိုင်လည်းပျော်လာသလိုပင်။
အးလုံးထဲမှ အပျော်ဆုံးလူက ရှိုင်းဆက်ပဲဖြစ်သည်။

အန်တီနုယဥ်က လွန်းခတ်အကြိုက်တွေချည်း ချက်ကျွေးတော့ ညစာစားသောက်ပြီးမှ သူတို့အိမ်ကိုပြန်လာကြသည်။

အိမ်ကိုပြန်ရောက်သည်နှင့် ထုံးစံအတိုင်း လွန်းခတ်က အန်သည်။ ရှိုင်းဆက်ကတော့ပြာပြသလဲလဲ ဖြစ်နေသည်။

ညအိပ်ယာဝင်တော့လည်း လွန်းခတ်၏ အိပ်မပျော်တဲ့ရောဂါကစပြီ။
“ တချို့ကိုယ်ဝန်ဆောင်တွေကတော့ ဒီလိုလက္ခဏာမျိုးပြတတ်တယ်။ တချို့ဆို ခင်ပွန်းသည်အနားမှာရှိနေမှ ကိုယ်သင်းရနံ့ရမှ အိပ်ပျော်တာ၊ တချို့တွေကျပြန်တော့လည်း ခင်ပွန်းသည်ရဲ့ အနံ့ကို မခံနိုင်တာမျိူးဖြစ်တတ်ရော။ ဒါကကိုယ်ဝန်ဆောင် တစ်ယောက်နဲ့တစ်ယောက်မတူကြဘူးပေါ့။
လွန်းခတ်က ရှိုင်းဆက် ကိုယ်သင်းရနံ့ ရမှ အိပ်ပျော်တယ်ဆိုတော့ ဗိုက်ထဲကကလေးလေးက အဖေကိုတော်တော်ချစ်တယ်ထင်တယ်။ “

နေ့လည်ကဒေါက်တာဦးအောင်စိန်ပြောပြသည့် အကြောင်းအရာကိုပြန်တွေးမိတော့ သူပြုံးမိသည်။

တကယ်ပါပဲ ဗိုက်ထဲက အသေးလေးက ရှိုင်းဆက်ကို တော်တော်ချစ်တယ်ထင်ပါရဲ့။

ထို့စဥ် ရှိုင်းဆက်က ရေချိုးခန်းမှထွက်လာပြီး လွန်းခတ်ဘေး ဝင်လှဲလာသည်။

“ အိပ်နေပြီလား။ “

သူ့ဘက်ကျောပေးကာ အိပ်နေသော လွန်းခတ်၏ ခါးကို လှမ်းဖက်လိုက်ပြီး အနားကိုတိုးလာသည်။
လွန်းခတ် သူ့ခါးပေါ်က လက်တွေကိုဖယ်ရန် စဥ်းစားလိုက်သော်လည်း သူ့ကိုယ်တိုင်က ရှိုင်းဆက်အနားမှာမနေရင် အိပ်မှမပျော်တော့ဘဲလေ။

“ အင်း… အိပ်တော့မလို့။ “

“ ကိုယ် ဖက်ထားပေးမယ်။ ဒါဆို မင်းအိပ်ပျော်တယ်မဟုတ်လား။ “

အမှန်တရားပေမို့သာ ဘာမှပြန်မပြောမိ ခေါင်းသာညိတ်လိုက်သည်။ ဗိုက်ထဲကကလေးကြောင့်သာ မဟုတ်ရင် ရှိုင်းဆက်အခုလိုမျိုး သူ့ကိုထိချင်တိုင်းထိနေတာကို ခွင့်ပြုလိမ့်မည်မဟုတ်။ အဲ့ဒီအစား လွန်းခတ်၏ လက်သီးစာပင်မိသွားနိုင်သည်။

“ လွန်း..... ကိုယ်တို့နှစ်ယောက် ဒီတိုင်လေးပဲနေလိုက်ကြရအောင်။ ကိုယ့်တို့မှာ အခုဆို ဘေဘီလေးလဲရှိလာပြီလေ။ ကိုယ်ရယ်မင်းရယ် ဘေဘီလေးရယ် မိသားစုဘဝလေးတည်ဆောက်ကြမယ်။ ကွာရှင်းမယ့် ကိစ္စကို မေ့လိုက်ကြရအောင်ကွာ ….နော်။  “

လွန်းခတ် နှုတ်ဆိတ်နေမိသည်။ သူ ကျန်တဲ့တစ်ဘဝလုံး ရှိုင်းဆက်အနားမှာနေနိုင်ရဲ့လား သူ့ကိုယ်သူမသေချာပါ။

“ လွန်း “

“ ငါ အိပ်ချင်ပြီ။ “
လွန်းခတ်ဆီက အသက်ရှုသံမျဥ်မျဥ်လေးကြားတော့ ရှိုင်းဆက် သက်ပြင်းဖွဖွချမိသည်။

“အင်းပါ။ ကိုယ်မမေးတော့ဘူး။ အိပ်တော့နော်။ Good Night ချစ်တယ်လွန်း။ “

လွန်းခတ်ကျောပြင်ကို ခပ်ဖွဖွနမ်းရှိုက်လိုက်ပြီးနောက် လွန်းခတ်ခန္ဓာကိုယ်ကို ပို၍တိုးကာဖက်ထားလိုက်သည်။

တဖြေးဖြေးနဲ့ ရက်တွေလတွေကုန်လာလိုက်တာ ယခုဆို လွန်းခတ် ကိုယ်ဝန်ကလေးလပင် ကျော်လာခဲ့သည်။

ကိုယ်ဝန် သုံးလထဲက ဆရာဝန်၏ ညွှန်ကြားချက်ကြောင့် လွန်းခတ်အလုပ်တွေနားလိုက်သည်။
ရှိုင်းဆက်ကိုယ်တိုင်ကလည်း အရိပ်တကြည့်ကြည့်ဖြင့်  ဂရုစိုက်ပေးသည်။

“ ရှိုင်းဆက် “

“ ဟင် “

“ ငါ ဆိတ်စွပ်ပြုတ်သောက်ချင်တယ် “
တကယ်ပါ။ ဗိုက်ထဲဒီအသေးလေးရောက်ပြီးကထဲက သူဆိတ်သားတော်တော်ကြိုက်လာသည်။ အထူးသဖြင့်ဆိတ်စွပ်ပြုတ်ပေါ့။ ဒီကလေး တကယ့်ကိုဖအေတူပါပဲ။
“ အခုလား။ ခဏ ကိုယ်သွားဝယ်ပေးမယ်။ “

ပြောရင်းကားသော့ယူကာ ချက်ချင်းဆင်းဝယ်ပေးသူကြောင့် လွန်းခတ်ပြုံးမိသည်။
လွန်းခတ် ဘာပဲစားချင်နေနေ နှစ်ခါပင်မပြောရပါ။
တခါတလေ ရှိုင်းဆက်ကဂရုစိုက်လွန်းတာကြောင့် အနေကြပ်လှသည်။ သို့သော်လည်း သူပျော်မိပါသည်။

သိပ်မကြာခင် ကလေးလေးက ၅လထဲရောက်လာတော့မည်။ သူဗိုက်ကလေးသည်လည်း နဂိုထပ်အနည်းငယ်စူလာနေခဲ့ပြီ။
ယခုဆို အိမ်မှာနေရင်တောင် ရှိုင်းဆက်၏ တီးရှပ်အပွတွေယူဝတ်ရသည်။ ဗိုက်ကသိပ်မသိသာပေမယ့်လည်း ကိုယ်တိုင်က ရှိုင်းဆက်ဆီက အင်္ကျီတွေယူဝတ်ရတာကို သဘောခွေ့နေသောကြောင့် ဝတ်ဖြစ်နေသည်။

တနဂ်နွေနေ့လေးမို့ ရှိုင်းဆက်အလုပ်မသွားရပေ။ တနေကုန် လွန်းခတ်အနားမှာတောက်တဲ့လို ကပ်နေပြီ လွန်းခတ်စားချင်တာမှန်သမျှ ကိုယ်တိုင်လုပ်ကျွေးသည်။

ညစာစားသောက်ပြီးသွားကြတော့ လွန်းခတ်က ဧည့်ခန်းမှာထိုင်ကာ ရုပ်ရှင်ကြည့်ချင်သည်ဆိုတာကြောင့် လွန်းခတ်နှင့်အတူ ရှိုင်းဆက်ပါ ရုပ်ရှင်ထိုင်ကြည့်ပေးသည်။

ဆိုဖာခုံပေါ်မှာ နှစ်ယောက်သား အလွန်းပူကပ်စွာထိုင်နေကြသည်။ ရေချိုးပြီးစ T shirt အပွကြီးနှင့် ပေါင်လောက်သာရှိသော ဘောင်းဘီတိုအပွလေးကိုသာ ဝတ်ဆင်ထားသော လွန်းခတ်ဆီမှ တချက်တချက် ကိုယ်သင်းရနံ့သင်းသင်းကလေးရလာတတ်သည်။ ဘေးတိုက်အနေထားမှမြင်ရတွေ့ရသည့် နီစွေးစွေးနှုတ်ခမ်းပါးတွေကလဲ
ဆွဲနမ်းချင်စရာ၊ ကပိုကယိုဖြစ်နေသည့် T shirt ပေါ်က လည်တိုင်ဖွေးဖွေးလေးတွေကိုလည်း  ဆွဲကိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာတော့သည်။ ကျောပြင်ဖွေးဖွေးလေးနဲ့ ခါးသိမ်သိမ်လေးကိုတွေးမိပြန်တော့ ရှိုင်းဆက်အလျင်အမြန်ပဲ အကြည့်တို့ လွှဲလိုက်ရသည်။လွန်းခတ်ကတော့ TV ထဲ စျာန်ဝင်နေ၍ သူစိတ်ထဲ ဘာတွေဖြစ်နေလဲဆိုတာ သိမည်မထင်။

“ လွန်း “

အွန့်.......

သူ့ကိုလှည့်ကြည့်လာသည့် လွန်းခတ်၏ မျက်နှာကိုဆွဲကိုင်ကာ နှုတ်ခမ်းတွေကို နမ်းရှိုက်လိုက်သည်။ မျက်လုံးကလေးအဝိုင်းသားနှင့် သူ့ကိုကြည့်ကာ အံ့အားသင့်နေသူလေး၏ ခါးကိုလက်တစ်ဖက်က ဆွဲယူပြီး ကျန်လက်တစ်ဖက်က ခေါင်းကိုထိန်းကာ အနမ်းတွေကို ရှေ့ဆက်မိသည်။အတော်ကြာလွှတ်မပေးဘဲ မက်မက်မောမော နမ်းနေမိသည်။
သူ့အနမ်းတွေကို ပြန်လည်တုံ့ပြန်လာသူကြောင့် ရှိုင်းဆက်စိတ်တို့ ထိန်းမရတော့ပေ။ အနမ်းကြမ်းကြမ်းတွေထပ်တိုးမိတော့ သူ့ရင်ဘတ်ကို လက်ကလေးနှင့် တွန်းကာ အသက်ရှုမဝတော့ကြောင်း အချက်ပြလာခဲ့သည်။ ထိုအခါမှသာ ရှိုင်းဆက်ဘက်က လွှတ်ပေးမိသည်။

သူလွှတ်ပေးလိုက်မှ နီစွေးစွေးစိုစိုဖြစ်နေသည့် နှုတ်ခမ်းနှစ်ခုကိုဟကာ အသက် ရှုသွင်းနေပုံကိုမြင်တော့ စိတ်ဆန္ဒတွေက ပိုပြီးထကြွလာတော့သည်။

“ တောင်း....တောင်း ပန်ပါတယ်။ ဟို.... ကိုယ်စိတ်မထိန်းလိုက်နိုင်လို့ “

ထိုနေရာကနေ အမြန်ထသွားပြီးဖြေရှင်းမှရတော့မည့် အခြေနေကိုရောက်လာတော့ ရှိုင်းဆက်သည် လွန်းခတ်၏ ရှေ့ကနေ ထသွားရန်ပြင်လိုက်စဥ် သူ့လက်ကို ပြန်လည်ကာဆွဲထားလာသူကြောင့် သူမှာ တအံ့တသြငေးကြည့်မိသွားသည်။

“ မင်း လိုချင်နေတယ်မလား။”

ရှိုင်းဆက်သည်လည်း ရှက်မနေတော့ သူဝန်မခံရင်တောင် လွန်းခတ်ကသိနိုင်သည်။ သူရောကိုယ်ရော ယောကျာ်းလေးတွေပဲလေ။
ဒါကြောင့် ခေါင်းညိတ်ပြမိသည်။

“ငါ… ငါခွင့်ပြုတယ်။”

“ လွန်း “

“ ဘာလဲ။ မင်းကိုယ့်ဘာသာကိုယ်ဖြေရှင်းနေအုံးမှာလား။”

“ ဒါပေမယ့်....မင်းဗိုက်က “

“ ဒေါက်တာက နည်းစနစ်မှန်ရင်အဆင်ပြေတယ်ပြောထားတယ်လေ။ ပြီးတော့ငါက လနုသေးတာပဲ။ ဘာလဲ မင်ဆွတုန်းကဆွပြီး အခုမှတာဝန်မယူချင်တာလား။ “

“ သေချာလား လွန်း “

လွန်းခတ်ခေါင်းညိတ်လိုက်သည်နှင့် ရှိုင်းဆက်က သူ့ကို ခါးမှပွေ့ကာ မချီလိုက်၏။အခန်းတံခါးဖွင့်ကာ အခန်းထဲသို့ချီလာလိုက်ပြီး ကုတင်ပေါ်အသာအယာချပေးလာသည်။
ထို့နောက် လွန်းခတ် အပေါ်မှအုပ်မိုးကာ ရီဝေဝေကြည့်လာပြီး အနမ်းတွေကနေ ပြန်လည်စတင်တော့သည်။

ရှိုင်းဆက်သည် သူ့ရင်ခွင်ထဲမှာ ပင်ပန်းသွား၍ အိပ်မောကျသွားသည့် လွန်းခတ်၏ မျက်နှာလေးကို စိုက်ကြည့်နေမိသည်။ လည်တိုင်လေးမှာ သူပေးထားတဲ့အမှတ်တွေက လွန်းခတ် ခန္ဓာကိုယ်နဲ့လိုက်ဖက်လွန်းနေသည်။ လက်သွယ်သွယ်ကလေးတွေက သူ့ရင်ဘတ်ပေါ်တင်ထားသေးသည်။ ရှိုင်းဆက် ကြည်ကြည်နူးနူးပြုံးမိသည်။ ဒီလူသားကို တစ်သက်လုံးအပိုင်ရရင်ဖြင့် ဘယ်လောက်များ ကောင်းလိမ့်မလဲလေ။
ဒီလူသားလေး သူ့ရင်ခွင်မှာမပျော်နိုင်ဖြစ်နေမှာ သူသိပ်ကြောက်သည်။ သူ့ပျော်ရွှင်မှုထက် လွန်းခတ် ပျော်ရွှင်မှုကပိုအရေးကြီးသည်။
တဖြေးဖြေး စိုးရိမ်မိတဲ့အကြောင်းအရာတွေကိုတွေးမိတော့ ခေါင်းကိုယမ်းကာ အတွေးတွေကို မောင်းထုတ်လိုက်ရသည်။

ထို့နောက် လွန်းခတ်၏ နဖူးပေါ်အနမ်းတစ်ပွင့်ကြဲလိုက်၏။ သူ့ရင်ဘတ်ပေါ်တင်ထားသည့် လက်ကလေးကို သူ့လက်ဖဝါးဖြင့်အုပ်ကိုင်ထားလိုက်ပြီး သူသည်လည်း မျက်လုံးမှိတ်ချလိုက်တော့သည်။

အိပ်ယာနိုးလာချိန်မှာတော့ သူ့ခန္ဓာကိုယ်က အနည်းငယ်နာကျင် နေသည် ကိုခံစားမိသည်။
နေပါအုံး။ ငါ့ဗိုက်တစ်ခုခုဖြစ်သွားနိုင်လား။
လွန်းခတ် ချက်ချင်းတွေးပူမိသွားသည်။
ညက နှစ်ယောက်လုံး အသိစိတ်ကပ်နေကြတဲ့အခြေနေနဲ့ ဖြစ်ခဲ့ကြတော့ လွန်းခတ်မျက်နှာပူလာသည်။ ရှိုင်းဆက် ဘယ်လောက်တောင် ထိန်းချုပ်ခဲ့ထားမှန်း ညက သက်သေပဲ။
ဗိုက်နဲ့မို့ အများကြီးညှာထားတာပါတယ်ဆိုတဲ့ စကားကိုပြန်ကြား ယောင်မိတော့ လွန်းခတ် ကြက်သီးထလာသည်။

အိပ်ယာမှ ဖြေးဖြေးချင်း ထလိုက်ပြီး ရေချိုးခန်းထဲဝင်လိုက်သည်။ လွန်းခတ်ပြန်ထွက်လာတော့ အခန်းထဲမှာ ရှိုင်းဆက် ရောက်နေသည်။

“ မင်း ကုမ္ပဏီ သွားပြီမဟုတ်လား။ “

“ မသွားရသေးဘူး။ အခုသွားတော့မလို့။ ညက လွန်းပဲ မြေအိုးမြီးရှည်စားချင်တယ်ဆို အဲ့ဒါလေး အရင်သွားဝယ်နေတာ။ “

ဟုတ်သားပဲ။ ညကအိပ်ပျော်မသွားခင် သူပြောမိတာက မြေအိုးမြှီးရှည်စားချင်တယ်ဆိုတာ။ ညကတော့တော်တော်စားချင်နေပေမယ့် အခုမနက်ကျတော့မစားချင်ပြန်တော့ဘူး။

“ အခုပဲဝယ်လာတာ ပူနေတုန်းစားလိုက်နော်။ ဒေါ်လေးကိုပြင်ခိုင်းထားလိုက်မယ်။ ကိုယ်ရုံးနောက်ကျနေပြီမို့ သွားတော့မယ်။ ဗိုက်ထဲက ဘေဘီလေးရေ ဒယ်ဒီသွားပြီးနော်။ “

မသွားခင် လွန်းခတ် ဗိုက်ကို တချက်နမ်းကာ သူ့ကလေးကို နှုတ်ဆက်သွားသေးသည်။ တကယ်ပါ။တခါတလေ ရှိုင်းဆက်ဟာ ဒီလိုရူးကြောင်ကြောင်မျိုးလည်း လုပ်တတ်သေးသည်။

လွန်းခတ်တွေးရင်ပြုံးမိပြန်သည်။ ရှိုင်းဆက် ထွက်သွားတော့မှ သူသည်လည်း အခန်းပြင်ထွက်လာကာ ဒေါ်လေးမြိုင်ပြင်ပေးထားသည့် မြှီးရှည်ကို အနည်းငယ်စားလိုက်သည်။

လွန်းခတ် အလုပ်တွေလည်းနားထားရတော့ တနေ့တနေ့ သူ့မှာလုပ်စရာ မယ်မယ်ရရမရှိ။ အိပ်လိုက်စားလိုက်နဲ့ပဲ နေနေရတော့ ခန္ဓာကိုယ်က တဖြေးဖြေး ဝလာနေပြီ။ ဒီကနေ့တော့ မေမေတို့အိမ်သွားလည်ရန် စဥ်းစားထားသည်။

“ ဒေါ်လေး ၊ နေ့လည်လောက် ကျွန်တော် မေမေတို့အိမ်သွားမလို့။ ညနေ ရှိုင်းဆက်နဲ့မှအတူပြန်လာတော့မယ်။ ဒေါ်လေး စောစောပြန်ချင်ရင်ပြန်နှင့်နော်။ “

“လွန်းလေး။ တစ်ယောက်ထဲသွားလို့ဖြစ်ပါ့မလား “

“ ဘကြီးကောင်း လာကြိုမယ်တဲ့ ဒေါ်လေး။ “

“အေးအေး ၊ အဲ့ဒါဆိုလဲ ဂရုစိုက်သွားအုံး။“

နေ့လည်ရောက်တော့ ဘကြီးကောင်းနဲ့အတူ မေမေတို့အိမ်ရောက်လာသည်။

အိမ်ထဲကိုရောက်သည်နှင့်မာလာက ဆီးကြိုသည်။

“ ကိုလွန်း လာမယ်လို့ မာလာအာရုံရနေတာ ဒါမို့ ကိုလွန်းကြိုက်တဲ့ ရေဘဝဲချဥ်စပ်လေး ချက်ထားတာ။ “

“ အတော်ပဲ ။ ငါလည်း ထမင်းမစားခဲ့ဘူး။ “

“ ဒါဆိုခဏထိုင်နေ မာလာ ထမင်းပွဲပြင်လိုက်အုံးမယ်။ “

“ ဟုတ်ပြီ “

မာလာက သွက်သွက်လက်လက်နဲ့ပဲ မီးဖိုချောင်ဘက်ပြန်ဝင်သွားကာ ထမင်းပွဲပြင်ဆင်တော့သည်။

လွန်းခတ် ကတော့ မေမေနှင့် ဘကြီးကောင်းတို့နဲ့အတူ ဧည့်ခန်းတွင်သာ ကျန်နေခဲ့သည်။

“ သား နေရထိုင်ရတာ အဆင်ပြေရဲ့လား။ “

“ ပြေပါတယ် မေမေ။ “

“ အေးကွယ်။ ဒေါက်တာနဲ့လည်း သေချာပြ အားဆေးလည်းအချိန်မှန်သောက်နော်။ နောက်လ Due Date ကျ မေမေလိုက်ခဲ့ပေးမယ်။ “

“ ဟုတ်ကဲ့ပါဗျာ။ သားကိုစိတ်မပူပါနဲ့ ။ မေမေရော ဆေးတွေပုံမှန်သောက်ရဲ့လား။ အစားလည်း ရှောင်အုံးနော်။ သွေးတိုးက အစားအသောက် ဆင်ခြင်မှ “

“ အမလေး မေမေ့ကိုမပူနဲ့ မင်းသာကိုယ့်ကိုကိုယ် ဂရုစိုက်။ လရင့်လာရင်အသွားအလာ လည်း ဂရုစိုက်အုံး ကြားလား။ “

“ ဟုတ်ကဲ့ဗျာ၊ သားကိုစိတ်ချပါ မေမေရဲ့ “

လွန်းခတ်ပြောရင်း မေမေ့ကိုဖက်ကာ ချွဲလိုက်သည်။

“ ဗိုက်လရင့်လာရင် အိမ်မှာလာပြောင်းနေပါလား လွန်းလေး။ သားတို့တိုက်ခန်းမှာက ရှိုင်းဆက်အလုပ်သွားရင် တနေကုန် သားနဲ့ မမြိုင်ပဲကျန်နေခဲ့တော့ တခုခုဆို အဆင်မပြေဖြစ်မှာစိုးလို့ “

“ အေးလေ ဟုတ်သားပဲ သားရယ်။ မင်းဘကြီးပြောသလို အိမ်မှာလာပြောင်းနေကြပါလား။ “

“ ဟုတ် သားသူနဲ့တိုင်ပင်ကြည့်ပါဦးမယ် ။ “

ထိုစဥ်ဧည့်ခန်းထဲကို မာလာကပြန်ဝင်လာပြီး သူတို့အားလုံးကိုထမင်းစားဖို့လာခေါ်သည်။

“ ကိုလွန်း ။ ဘာလေးလဲ သိရပြီလား။ “

ထမင်းစားသောက်ကြရင်း မာလာ လွှန်းခတ်ဗိုက်အကြောင်းမေးတော့သည်။

“ အခုမှ၅လပဲရှိသေးတာလေ။ ဘယ်သိရအုံးမလဲ။ “

“ မာလာတော့ ပိစိလေးကိုတအားတွေ့ချင်နေပြီ။ “

“ အမလေး မပူနဲ့မိမာလာ ၊ ဟိုကထွက်လာရင် နင်ပဲထိန်းရမှာ။ “

မေမေကလည်းရယ်ရင်း ဝင်ပြောသည်။ ဘကြီးကောင်းကလည်း ပြုံးရင်း သူတို့ကိုကြည့်နေသည်။

“ ပိစိထွက်လာရင် မာလာတော့ ကိုလွန်းအိမ်ကို ချောင်းပေါက်မတက်လာမှာပဲ။ “

“ အေးပါဟာ နင့်ပဲထိန်းခိုင်းမှာ။ ဒါနဲ့ မာလာ ငါ့ကို မုန့်ဟင်းခါး ချက်ကျွေးပါလား။ နင့်လက်ရာ လွမ်းနေတာ ကြာပြီ။ “

“ ကိုလွန်းစားချင်ရင် မနက်ဖြန် မာလာ မုန့်ဟင်းခါးချက်ပြီးလာပို့ပေးမယ်။ “

“ ဒါကြောင့်ငါ့ညမလေးကို ချစ်နေရတာ။ “

မိသားစု ထမင်းဝိုင်းလေးဟာ ရယ်သံတွေလွှမ်းမိုးနေပြီး ယခုမှ အိမ်ကိုလွမ်းနေတာလေး အလွမ်းပြေရသည်။

ဗိုက်ထဲအသေးလေး ရောက်လာထဲက မေမေ့နဲ့အိမ်ကို အရင်ကထပ်ပိုသတိရနေခဲ့တာ။

ရှိုင်းဆက် ရုံးဆင်းတော့ သူဆီလိုက်လာပြီး နှစ်ယောက်သား မေမေ့အိမ်မှာပဲ ညစာစားသောက်ပြီး ပြန်လာကြသည်။

တဖြေးဖြေးနဲ့ နှစ်ယောက်ဆက်ဆံရေးက အဆင်ပြေလာခဲ့သည်။ ယခုဆို လွန်းခတ်ကိုယ်တိုင်လည်း ရှိုင်းဆက်အနားမှာနေရသည်ကို ပျော်လာပြီး ရှိုင်းဆက်ဘက်က သူ့ကိုချစ်တဲ့အချစ်တွေကိုလည်းတဆတဆနဲ့ သူလည်းခံစားမိလာသည်။

ကိုယ်ဝန် ၆လထဲဝင်တော့ လွန်းခတ်နေရထိုင်ရ သွားရလာရတာ သိပ်မလွတ်လပ်တော့ပေ။ လွန်းခတ်ရေချိုးခြင်းကိစ္စအဝဝကိုလည်း ရှိုင်းဆက်ကလုပ်ပေးသည်။ လွန်းခတ်ငြင်းသော်လည်း လက်မခံ။ရှိုင်းဆက်ကသူ့ကို တခြားကိစ္စတွေမှာသာ အမြဲလိုလိုအလျှော့ပေးပေမယ့် ကိုယ်ဝန်နဲ့ပတ်သတ်လာရင် စိုးရိမ်ပူပန်လွန်းသည်။ ယခုနောက်ပိုင်း လွန်းခတ် ရေချိုးရင်း ချော်လဲမည်ကိုစိုးရိမ်တယ်ဟု ဆိုကာ နေ့တိုင်း သူပဲရေချိူးပေးသည်။

ယခုလည်း သူရေချိုးဖို့ကို bathtub ထဲရေနွေးစပ်ကာအဆင်သင့်လုပ်ပေးနေသည်။ ရေချိုးဖို့အဆင်သင့်ဖြစ်တော့ လွန်းခတ်ကို bathtub ထဲအသာအယာချပေးပြန်သည်။ထို့နောက် သူကိုယ်တိုင်လည်း လွန်းခတ်နှင့်အတူ bathtub ထဲတစ်ခါတည်း ဝင်ထိုင်လာသည်။

“ လွန်း နောက်လဆို ဘာလေးလဲသိရတော့မယ်နော်။ “

လွန်းခတ် ကိုခေါင်းလျှော်ပေးနေရင်းမှ ရှိုင်းဆက်က မေးသည်။ လွန်းခတ် မျက်လုံးများမှိတ်ထားသေးလျက် ပြန်ဖြေလိုက်သည်။

“ အင်း ၊ “

“ လွန်း ဘာလေးလိုချင်လဲ။”

“ သမီးလေး။ မင်းရော “

“ ကိုယ်ကတော့ဘာလေးပဲဖြစ်ဖြစ် လိုချင်တယ်။ ကိုယ်တို့ကလေးက မင်းနဲ့တူရင် ကောင်းမှာပဲ။ “

လွန်းခတ်ဆံပင်က ရှမ်ပူတွေကိုရေဆေးချ ပြီးနောက် လွန်းခတ်၏ ဗိုက်လုံးလုံးလေးကို အနောက်မှ ဖက်ထားလိုက်သည်။

“ ဘာလို့လဲ။ “

“ မင်းနဲ့သာ တူရင် သိပ်ကို ချစ်စရာကောင်းမှာပဲ။ “

လွန်းခတ် ရင်ထဲနွေးထွေးသွားသလို ပြုံးမိသည်။

“ မင်းနဲ့တူရင်လည်း ကောင်းတာပဲလေ။ “

“ ကိုယ်တော့ မင်းကိုချစ်လွန်းလို့ ဘယ်လိုလုပ်ရတော့မလဲ။ “
လွန်းခတ်ပခုံးကို တဖွဖွနမ်းရှိုက်ပြီး ပခုံးပေါ်မေးလေးတင်လာသည်။ လည်တိုင်ကိုလည်း တချက်တချက် နမ်းရှုတ်နေသေးသည်။ ရှိုင်းဆက်ကြောင့် လွန်းခတ်နေရထိုင်ရခက်လာတော့သည်။

“ ရှိုင်းဆက် “

“ ဟင် “
ရှိုင်းဆက်က ပခုံးပေါ်မေးတင်ထားသေးလျက်ပြန်ဖြေသည်။

“ ငါဗိုက်ဆာနေပြီ။ မြန်မြန်ရေချိုးပြီးထွက်ရအောင်။ “

“ ဟင် ဗိုက်ဆာပြီလား။ ဒါဆိုမြန်မြန်ချိုးရအောင် “

လွန်းခတ်ခေါင်းညိတ်လိုက်ပြီး မသိမသာပြုံးမိပြန်သည်။

တခါတလေလွန်းခတ်စဥ်းစားသည်။ သူအတွက်အချစ်တွေနွေးထွေးမှုတွေပြည့်နေတဲ့ ဒီရင်ခွင်မှာပဲ တသက်လုံး ခိုနားလိုက်ရတော့မလားလို့လေ။

15.10.2020
Maybel Nan

A/N

သတိထားမိကြလားရှင့် ကိုယ် တစ်ရက်ခြားစီup ပေးနေတာ။ ဒါလေးကို စတင်ကထဲကintro မှာရေပြီးသား တပတ်လုံးမှ ၂ပိုင်းပဲတင်မှာလို့။ ဒါမဲ့ အခု တရက်ခြားup ​လိုက်တာက ဒီလအကုန်လောက် (ခန့်မှန်းခြေ)ဇာတ်သိမ်းလိုက်ချင်လိူ့ပါ။ အ​ေစာထဲက FIL ကပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးပါလို့ပြောပြီးသားပါ။ drama မပါပါဘူး။
တချို့မန့်လေးတွေမှာ လွန်းခတ် ကိုအားမလိုအားမရဖြစ်နေတာတွေတွေ့မိတယ်။ လွန်းခတ်က အစထဲက Straight ပါ ။ သူ့ဘဝမှာ တခါမှယောကျာ်းတစ်ယောက်ကိုချစ်လာဖို့မမျှော်မှန်းထားပါဘူး။ ပိုဆိုးတာက သူငယ်ချင်းဖြစ်တဲ့ ရှိုင်းဆက်ကိုချစ်သွားဖို့သူမတွေးခဲ့ဖူးဘူး။ အဲ့တော့ သူ့စိတ်သူနားမလည်သေးဘူး။ သူရှိုင်းဆက်ကိုချစ်နေလား။ မချစ်ဘူးလား။ မသေချာလို့ ပါ။ အဲ့တော့နားလည်ပေးလိုက်ကြပါနော်😁 ပြောချင်တာကတော့ အခု လွန်းခတ် က ရှိုင်းဆက်ကိ​ု ချစ်နေပြီလားဆိုတာ ကိုယ်လည်း သေချာမသိပါဘူးရှင်🤧


Continue Reading

You'll Also Like

1.3M 44.7K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
57.5K 2.9K 40
"လောကကြီးမှာရှိတဲ့ လူတွေအကြောင်းကို ခင်ဗျားသိစရာမလိုဘူး တော်ဝင်ပန်းမာန်...ကျုပ်ဆိုတဲ့ ဆူးမာန်ရစ်ခွေက ခင်ဗျားရဲ့ယောင်္ကျားဖြစ်လာမယ့်သူ ဆိုတာကိုတော့ ခင...
1.3M 13.6K 16
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...
614K 59.5K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...