Falling In Love With the Most...

By D_Yayy_Nine

50.8K 4.9K 358

ကိုယ္ေလးစားရတဲ့လူတစ္ေယာက္ကိုခ်စ္မိသြားမယ္လို႔ ေတြးဖူးၾကလား.... စိတ္ကူးနဲ႔တင္ယုတၲိမတန္ခ်င္စရာပါ။ ဒါေပမယ့္အဲ့လိ... More

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-11[Final]
Extra
Book Announcement

Part-10

2.5K 344 46
By D_Yayy_Nine

Unicode Version

ရဝေချမ်းဟာ ဇေယျာချမ်း၏အကြံပေးချက်အတိုင်း လတ်တလောစာမေးပွဲကိုသာ အာရုံစိုက်ထားရသည်။ ခန့်မင်းနောင်ကလည်း ဤသည်ကို နားလည်သည်။ ဘာတစ်ခွန်းမှ စကားမဟလာဘဲ ရဝေချမ်းအား စာကိုသာအာရုံစိုက်နိုင်စေရန် ကူညီပေးသည်။ ယခုဆိုလျှင် ဇေယျာချမ်းကလည်း သူ၏တက္ကသိုလ်ပထမနှစ်ကို တက်ရောက်နေရပြီမို့ ရဝေချမ်း၏အနားတွင် အချိန်ပြည့်ရှိမပေးနိုင်သလို ရဝေချမ်းကလည်း စာမေးပွဲဖြေရန်သုံးလသာလိုတော့သည်ဖြစ်ရာ နေ့ရောညပါစာလေ့လာနေရသည်။

ခန့်မင်းနောင်လည်း ရဝေချမ်းနည်းတူ ပင်ပန်းရသည်သာ။ မေးခွန်းဟောင်းများကို ရှာလာပေးရပြီး အပြန်ပြန်အလှန်လှန် လေ့ကျင့်စေသည်။ သူကိုယ်တိုင်လည်း စာရေးသည့်အလုပ်တစ်ဖက်နှင့် ရဝေချမ်းအတွက် မေးခွန်းဟောင်းများနှင့်အဖြေများကိုပါ မမေ့မလျော့တွက်ထုတ်ရှင်းပြပေးတတ်သည်။

ခန့်မင်းနောင်ခမျာ သူကိုယ်တိုင်ဝင်မဖြေရရုံတစ်မည် လုပ်နေရသည်မှာ အတော်ပင်ပန်းသော်လည်း ရဝေချမ်းအတွက်မို့ ကျေနပ်ရပါသည်။ နေ့ဘက်ဆိုလျှင် စာရေးစရာရှိသည်များကိုရေးရပြီး ရဝေချမ်းအတွက် မေးခွန်းများကို အဖြေရှာပေးရသေးသည်။ ညဘက်ဆိုလျှင် ရဝေချမ်းကိုစာသင်ရသည်။ တစ်နေကုန် အားလပ်ချိန်ဟုသိပ်မရှိသော်လည်း ရဝေချမ်း၏မျက်နှာလေးကိုမြင်ရရုံဖြင့် ပင်ပန်းသမျှပြေပျောက်ရသည်။

အရာအားလုံးက ပုံမှန်အတိုင်းလည်ပတ်နေသယောင် ထင်ရသော်လည်း ခန့်မင်းနောင်နှင့်ရဝေချမ်း၏ ဆက်ဆံရေးမှာ အတည်မပြုရသေးသော်ငြား တစ်မျိုးတစ်ဖုံထူးဆန်းနေသည်မှာလည်း အမှန်ပင်။ ဤသည်ကို ခန့်မင်းနောင်ကလည်း သိသည်။ ရဝေချမ်းက သူ့အပေါ်မည်သို့သဘောထားသည်ကိုလည်း ရိပ်မိနေပြီဖြစ်သည်။

စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်မျိုး၌ ရဝေချမ်း ကျူရှင်ချိန်အားသည့်အခါမျိုးတွင် ခန့်မင်းနောင်က စာသင်ချိန်ဟုတ်သည်ဖြစ်စေ၊မဟုတ်သည်ဖြစ်စေ ရဝေချမ်းထံသို့ အမြဲသွားသည်။ ရဝေချမ်းမှာလည်း ဤရက်ပိုင်းအနားမရသည်ဖြစ်ရာ ခန့်မင်းနောင်လာလိုက်တိုင်း စာလုပ်နေသည်နှင့်သာ ကြုံသည်။

ယလုတစ်ပတ်စနေနေ့မှာလည်း ခန့်မင်းနောင်က ခါတိုင်းလိုပင် ရဝေချမ်း၏အိမ်ကို ရောက်သွားသည်။ ဤတစ်ကြိမ်တွင်တော့ ရဝေချမ်းက ခြံထဲတွင် စားပွဲနှင့်ခုံကိုထုတ်၍ စာလုပ်နေသည်။ ဇေယျာချမ်းက သူ၏ဘေးတွင်ထိုင်ကာ တစ်ခုခုကိုကြီးကြပ်နေပုံပေါ်သည်။

“ငါတကယ်ပြောနေတာ”

“ငါ့ကိုဆရာလာမလုပ်နဲ့လေ။ ကိုယ့်စာကိုလုပ်။ ငါတွက်တာမှန်နေသားပဲကို”

ခန့်မင်းနောင် သူတို့အနားသို့ရောက်သွားသည်အထိ သူတို့နှစ်ဦးမှာ ငြင်းခုံနေဆဲပင်။ ထို့ကြောင့် ခန့်မင်းနောင်က ဇေယျာချမ်းနှင့်မျက်နှာချင်းဆိုင်တွင် ချထားသောခုံတွင်ဝင်ထိုင်ရင်း မေးလိုက်သည်။

“ဘာတွေဖြစ်နေကြတာလဲ”

“ကျွန်တော်ပြောနေတာကို ဒီကောင်လက်မခံလို့ ကိုခန့်ရာ..။ ဒီနေရာမှာ cotကို cos/sinလို့ဖြန့်မယ့်အစား 1/tan လို့ ဖြန့်ရင်အဖြေက ချက်ချင်းထွက်မှာကို သူ့ဟာက ကွေ့ဝိုက်နေတာ”

“ငါလည်း ငါ့နည်းနဲ့ငါတွက်နေတာပဲလေ”

ရဝေချမ်းနှင့်ဇေယျာချမ်းမှာ နောက်တစ်ကြိမ်ထပ်၍ ငြင်းခုံနေကြသဖြင့် အိမ်ထဲမှဒေါ်နှင်းနုက လှမ်းအော်လေသည်။

“ဟဲ့ ကိုဇေ။ ကလေးကိုသွားမနှောင့်ယှက်စမ်းနဲ့။ သူ့ဘာသာနေပါစေ”

“ကျွန်တော်က ကိုခန့်မေးလို့ဖြေနေတာကို”

ဇေယျာချမ်းက သူ၏အမေကို မကျေမချမ်းနှင့်ပြန်ပြောလိုက်သောအခါ အိမ်ထဲမှဒေါ်နှင်းနုက အပြင်သို့ထွက်လာသည်။ ဒေါ်နှင်းနုကိုမြင်သည်နှင့် ခန့်မင်းနောင်လည်း ပြုံးပြရင်း နှုတ်ဆက်လိုက်သည်။ ယခုမှသာ ခန့်မင်းနောင်ရောက်နေသည်ကို သိသွားသော ဒေါနှင်းနုကလည်း ခန့်မင်းနောင်အား အားတုံ့အားနာဖြစ်နေလေသည်။

“သား ရောက်နေတာမသိလိုက်ဘူး။ နေဦး ကိုဇေ.. ဒီကိုလာ။ အသီးပန်းကန်တွေလာယူလှညြၽ”

“ရပါတယ် ဒေါ်လေးရယ်။ မလိုပါဘူး။ အေးအေးဆေးဆေးနေပါဗျာ”

“ဘယ်ဟုတ်မလဲကွယ်။ ခဏစောင့်။ ကိုဇေလာခဲ့”

ထိုအခါ ဇေယျာချမ်းမှာ ခန့်မင်းနောင်တို့အနားကထကာ သူ၏အမေနောက်သို့ လိုက်သွားရသည်။ ရဝေချမ်းကတော့ ဘောပင်လေးကိုင်ထားလျက်သားနှင့် ခန့်မင်းနောင်ကို ငေးကြည့်နေလေသည်။ တမေ့တမောငေးနေပုံရသော ရဝေချမ်းကြောင့် ခန့်မင်းနောင်မှာ နဝေတိမ်တောင်ဖြစ်သွားရသဖြင့် မေးခွန်းထုတ်လိုက်သည်။

“ဘာဖြစ်လို့လဲ ချမ်းလေး”

ထိုအခါ အတော်ကြာကြာငေးနေမိသည်ကို သတိရသွားသော ရဝေချမ်းက ရှက်ရှက်ဖြင့် ဂုတ်ပိုးကိုအသာကုတ်ရင်း ပြန်ပြောလေသည်။

“မဟုတ်ပါဘူး။ အစ်ကို့ရဲ့မျက်လုံးအိမ်ထဲမှာ မှဲ့နက်လေးရှိတယ်လို့တစ်ယောက်က ပြောဖူးတာသတိရသွားလို့။ ကျွန်တော်တော့ နေ့တိုင်းမြင်နေရတာပဲကို မှဲ့လည်းမတွေ့ပါဘူး”

ရဝေချမ်း၏စကားကြောင့် ခန့်မင်းနောင်၏မျက်ခုံးအစုံမှာ အထက်သို့ ပင့်တက်သွားရသည်။ ထို့နောက် တွေးဆဆဖြင့် ရဝေချမ်းကို ကြည့်ရင်းပြန်ပြောလေသည်။

“ကိုယ့်မျက်လုံးအိမ်ထဲမှာ မှဲ့ရှိတာသိကြတယ်ပေါ့”

“ဒါဆိုတကယ်ရှိတယ်ပေါ့”

“အင်းလေ”

ခန့်မင်းနောင်က ပြောပြောဆိုဆိုဖြင့်သူ၏မျက်ခွံကို ထိကိုင်လိုက်သည်။ ထို့နောက် အောက်ဘက်ရှိ မျက်ခွံအောက်တွင်ဖုံးနေသော  မှဲ့နက်လေးမှာ အမှန်တကယ်ထွက်ပေါ်လာတော့သည်။ ရဝေချမ်းမှာ မှော်ဆန်စွာပုန်းကွယ်နေသော မှဲ့လေးကြောင့် အံ့သြလွန်း၍ပါးစပ်အဟောင်းသားဖြစ်ရသည်။

ရဝေချမ်း၏ စိတ်ထဲတွင် လက်ရှိတွေးနေမိသည်ကတော့ ဤမျှမြင်နိုင်ဖို့ ခဲယဥ်းသောမှဲ့ကို မြင်ခဲ့သည့်တစ်ယောက်ဟာ ခန့်မင်းနောင်၏ မျက်လုံးကိုများ ဖြဲ၍ရှာကြည့်ခဲ့လေသလားဟုပင်။

“ချမ်းလေး ငေးလှချည်လား”

ပါးစပ်အဟောင်းသားဖြင့် သူ့အားငေးကြည့်နေပြန်သော ရဝေချမ်းအား ခန့်မင်းနောင်က မေးစေ့ကိုဆွဲညှစ်ရင်း အသိပြန်ဝင်စေလိုက်သည်။ ရဝေချမ်းလည်း နေရခက်စွာပြုံးလိုက်မိပြီး ချောင်းတစ်ချက်ဟန့်ကာ မသိချင်ယောင်ဆောင်လိုက်ရသည်။ သို့သော် ရဝေချမ်း၏ ချောင်းဟန့်သံနောက်တွင် တမင်လုပ်ယူထားသော ချောင်းဆိုးသံကြီးကိုပါ ကြားလိုက်ရသဖြင့် ခန့်မင်းနောင်ရောရဝေချမ်းပါ အသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်။

“ငါဘာမှမမြင်ဘူးနော်။ ဒါနဲ့ အဲ့နားကိုလာလို့ရပြီလား”

အသီးပန်းကန်လေးကို ကိုင်ထားပြီး အိမ်တံခါးရှေ့တွင် မတ်တပ်ရပ်နေသောဇေယျာချမ်းမှာ ပြုံးစစနှင့် သူတို့ကိုကြည့်နေသဖြင့်  နှစ်ယောက်လုံး နေရထိုင်ရခက်သွားကြသည်။ သူတို့နှစ်ယောက်လုံးမှာ ဇေယျာချမ်းကို အမှန်တကယ်မေ့သွားခဲ့ခြင်းပင်။

“လာမှာဖြင့်လာလေ”

ရဝေချမ်းက ရယ်ကျဲကျဲလုပ်နေသော သကောင့်သားကိုမျက်စောင်းထိုးလျက် ပြန်ပြောသောအခါ ဇေယျာချမ်းက ခပ်ပြုံးပြုံးနှင့် အနားသို့ရောက်လာသည်။ ဇေယျာချမ်းဟာ သူ့ကိုမျက်စပစ်ပြရင်း မတိုင်မီကကိစ္စကို စနောက်နေသောအခါ ရဝေချမ်းမှာလည်း စာတွက်နေရင်းမှ လက်သီးထောင်ပြလိုက်သည်။

ခန့်မင်းနောင်နှင့်ဇေယျာချမ်းသည် ရဝေချမ်းစာလုပ်နေသည့်တစ်လျှောက်လုံး ဘေးနားတွင်လိုသမျှကြည့်ရှူကာ ရှင်းပြပေးကြသည်။ နာရီဝက်ကျော်ကျော်အကြာတွင် ရဝေချမ်းလည်း ဆက်၍မတွက်နိုင်လောက်အောင် ပင်ပန်းနေပြီဖြစ်ရာ ခန့်မင်းနောင်ကပင် ခဏနားရန် အကြံပေးရသည်။ အနားရသွားသည့် ရဝေချမ်းကို ဇေယျာချမ်းက အပြင်ထွက်၍ လမ်းလျှောက်သွားရန် အကြံပေးပြန်သည်။ ဇေယျာချမ်း၏အကြံကို ရဝေချမ်းကလည်း သဘောတူလိုက်သည်။

“ဒါဆို မင်းတို့နှစ်ယောက်သွားကြလေ”

ဇေယျာချမ်းက ရဝေချမ်းနှင့်ခန့်မင်းနောင်တို့ကို ရုတ်တရက်ကြီး နှစ်ယောက်တည်းသွားရန် ဆိုလာသဖြင့် ရဝေချမ်းမှာ သူ၏အကြံအစည်ကို ရိပ်မိလိုက်သည်။ ထို့ကြောင့် တားရန်ပြင်သောအခါ ခန့်မင်းနောင်က သူ့ထက်အရင်လက်ဦးမှု ရယူသွားသည်။

“မင်းရော လိုက်ခဲ့လေ ကိုဇေ"

ထိုအခါ ဇေယျာချမ်းက လိုက်သင့်မလိုက်သင့် ချင့်ချိန်နေဟန်နှင့် တွေးဆဆအမူအရာကို လုပ်ကာ ရဝေချမ်းကို တစ်ချက်လှမ်းကြည့်သည်။

“တကယ်လိုက်စေချင်လား”

“ခါတိုင်းလည်း သုံးယောက်အတူသွားနေကျကို အခုမှဘာထဖြစ်နေတာလဲ”

ရဝေချမ်း၏စကားကြောင့် ဇေယျာချမ်းလည်း ခေါင်းညိတ်ပြလိုက်ပြီး ထိုင်နေရာမှထလာသည်။ ထို့နောက် သူ၏ထုံးစံအတိုင်းပြောင်ချော်ချော်နှင့် ပြုံးပြရင်းပြန်ပြောလေသည်။

“ပရိသတ်ကြီးက တောင်းဆိုတော့လည်း လိုက်ခဲ့ရမှာပေါ့လို့။ လိုက်ခဲ့ရမှာပေါ့”

“သောက်ခွက်လာပြောင်နေတယ်”

ရဝေချမ်းက ထိုတစ်ခွန်းသာပြောပြီး အရှေ့ကထွက်သွားသဖြင့် ခန့်မင်းနောင်နှင့်ဇေယျာချမ်းမှာ ပြုံးပြုံးရယ်ရယ်ဖြင့် အနောက်ကလိုက်သွားကြသည်။ ရွာ၏စာကြည့်တိုက်အရှေ့သို့ ရောက်သောအခါ ရဝေချမ်းက ခန့်မင်းနောင်ကိုလှည့်ကြည့်၍ စာအုပ်အကြောင်းမေးမြန်းလေတော့သည်။

“အစ်ကို လုံးချင်းဝတ္ထုတွေမထုတ်တော့ဘူးလားဟင်”

“ရေးတာတော့ရေးနေတယ်။ ဒါပေမယ့်Hidden Mysteryပြီးမှပဲထုတ်ဖြစ်လိမ့်မယ်ထင်တယ်”

“ဒါဆို လိုသေးတာပေါ့နော်”

"အင်း ကြာဦးမယ်”

ရဝေချမ်းအတွက်တော့ အဆင်ပြေသည့်ကိစ္စပင်။ မဟုတ်လျှင် စာလုပ်နေရသည်ကတစ်မျိုး၊ စာအုပ်ကို လိုချင်၍ အပူတပြင်းဖြစ်နေရမည်က တစ်မျိုးနှင့် တော်တော်အလုပ်ရှုပ်နေမှာပင်။ သို့သော်ငြား ရဝေချမ်းမသိသည်က ခန့်မင်းနောင်သည် စာအုပ်ထုတ်ရန် ရည်ရွယ်ထားသည့်စာမူအချို့ရှိပါသော်လည်း မထုတ်သေးဘဲ နောက်ဆုတ်ထားသည်ကိုပင်။ အကြောင်းရင်းကတော့ နှစ်ခုရှိသည်။ ပထမတစ်ခုက သူကိုယ်တိုင်လည်း ရဝေချမ်း၏စာမေးပွဲကြောင့် မအားမလပ်ဖြစ်နေခြင်းဖြစ်ပြီး ဒုတိယတစ်ချက်ကတော့ စာမေးပွဲပြီးသွားခါမှ သူ့အတွက်လက်ဆောင်ဟူ၍ ပေးလိုက်ချင်၍ဖြစ်သည်။

“ငါ ဘာလို့လိုက်လာမိပါလိမ့်”

သူတို့နှစ်ဦး၏ဘေးနားရှိ ဇေယျာချမ်းမှာတော့ နှစ်ယောက်တည်းတစ်ကမ္ဘာတည်နေသော စုံတွဲမမည့်သည့်စုံတွဲကို စိတ်လေနေသောအမူအရာဖြင့်ကြည့်ကာ တိတ်တိတ်ရေရွတ်နေလေသည်။

သူတို့သုံးယောက်သား အပျင်းပြေ ဟိုဟိုသည်သည်လမ်းလျှောက်လာကြပြီး ဆယ့်ငါးမိနစ်ခန့်အကြာတွင် ဘုန်းကြီးကျောင်းဘေးက မြေကွက်လပ်လေးတွင် ဝိုင်းဖွဲ့ကာထိုင်နေကြသော ကလေးများကို တွေ့လိုက်ရသည်။ ထိုကလေးများကလည်း သူတို့သုံးယောက်ကို မြင်သွားပြီးလက်လှမ်းပြကြသည်။

“ကိုချမ်းလေးနဲ့ ကိုဇေ။ လာလေ အတူဆော့ရအောင်”

ခန့်မင်းနောင်ကို သိပ်မသိသဖြင့် စိမ်းနေသောကလေးများက ခန့်မင်းနောင်ကို မခေါ်ရဲဘဲ အိုးတို့အန်းတန်းဖြစ်နေကြသည်။

“မင်းတို့ပဲ ဆော့ကြပါကွာ”

ဇေယျာချမ်းက ကလေးများကို မဆော့ချင်ကြောင်း ပြန်ပြောသော်လည်း ထိုကလေးများက လက်မခံဘဲ အတင်းခေါ်ကြသည်။ဤသို့ဖြင့် ရဝေချမ်းနှင့်ဇေယျာချမ်းမှာ ကလေးများဆွဲခေါ်ရာနောက်သို့ ပါသွားသည်။ ခန့်မင်းနောင်ကိုလည်း ကလေးများက မရဲတရဲဖြင့် လက်ကိုဆွဲကာခေါ်သွားကြသည်။ ခန့်မင်းနောင်လည်း ထိုကလေးများ၏ပုံစံကိုကြည့်၍ သဘောကျစွာပြုံးရယ်ရင်း လိုက်သွားလိုက်သည်။

“ဘာတွေဆော့မှာမလို့လဲ”

ခန့်မင်းနောင်မှာ ကလေးများစုဝေးကာ ထိုင်နေသောမြက်ခင်းပေါ်တွင် ဝင်ထိုင်လိုက်ပြီး သူ့အားခေါ်လာသော ကလေးတစ်ယောက်ကိုမေးလိုက်သည်။

“လူသတ်သမားနဲ့ စုံထောက်လုပ်တမ်းကစားမှာလေ”

ထို့နောက် ထိုကလေးက တစ်ဖက်ကပလတ်စတစ်ခွက်လေးထဲတွင် ထည့်ထားသောစက္ကူမဲလိပ်များကို ယူပြီးပြသည်။ ရဝေချမ်းနှင့် ဇေယျာချမ်းကလည်း ထိုမဲလိပ်များကိုလှမ်းကြည့်လေသည်။

“ကိုကြီးဆော့ဖူးလားတော့မသိဘူး။ မဲလိပ်တွေထဲမှာ စုံထောက်မဲတစ်လိပ်ရယ် လူသတ်သမားမဲတစ်လိပ်ပါတယ်။ ကျန်တာကပြည်သူတွေချည်းပဲ။ လူသတ်သမားမဲလိပ်ရတဲ့လူက ပြည်သူလို့ထင်တဲ့လူတွေကို မျက်လုံးမှိတ်ပြပြီးသတ်ရမှာ။ အသတ်ခံရတဲ့ပြည်သူကလည်း ”ငါသေပြီ”လို့ ပြောပြီးဘေးထွက်နေရမယ်။ အဲ့အချိန်မှာစုံထောက်က တရားခံကိုမိအောင်ဖမ်းရမယ်။ ကိုယ်တရားခံလို့ထင်တဲ့လူကို”ငါမင်းကိုမိပြီ”လို့ပြောရမယ်။ တကယ်လို့ အဲ့လူကတကယ်လူသတ်သမားဖြစ်နေရင် စုံထောက်နဲ့ပြည်သူတွေနိုင်တယ်။ တကယ်လို့မဟုတ်ဘူးဆိုရင် လူသတ်သမားကနိုင်တယ်။ ပြီးတော့လူသတ်သမားက စုံထောက်ကိုပြည်သူထင်ပြီး မျက်လုံးမှိတ်ပြရင်လည်း စုံထောက်ကမိသွားမှာနော်”

ထိုကလေးက ရှင်းပြပြီးနောက်မောသွားဟန်ဖြင့် ခဏနားလိုက်သည်။ထို့နောက် စည်းကမ်းများကို အားလုံးနားလည်ပြီဖြစ်ရာ ကစားပွဲစကြတော့သည်။

ခန့်မင်းနောင်ကလည်း ကလေးများကိုဦးစားပေးသည့်အနေနှင့် သူတို့အား မဲလိပ်များကို အရင်ယူစေသည်။ သူကတော့ နောက်ဆုံးကျန်သည့်မဲလိပ်ကိုသာ ယူလိုက်သည်။ ခန့်မင်းနောင် မဲလိပ်ကိုဖွင့်ကြည့်သောအခါ ပြည်သူသာဖြစ်နေလေသည်။ ထို့ကြောင့် ပုံမှန်နေကာအခြားသူများကို အကဲခတ်နေလိုက်သည်။ ကျန်လူများကလည်း ကိုယ့်သရုပ်မှန်ကိုသိကြပြီး ငြိမ်နေကြသည်။ ပြီးသည်နှင့် အချင်းချင်း ဟိုကြည့်သည်ကြည့်နှင့် အကဲခတ်နေကြသည်။

ထိုစဥ် ကလေးတစ်ယောက်က "ငါါသေပြီ”ဟုပြောကာ ဘေးထွက်သွားလေသည်။ ခဏအကြာတွင် နောက်တစ်ယောက်ထွက်သွားရပြန်သည်။ ခန့်မင်းနောင်မှာ ရဝေချမ်းနှင့်ဇေယျာချမ်းဘက်သို့ လှည့်ကာ အကဲခတ်လိုက်သည်။ ဇေယျာချမ်း၏မျက်လုံးမှာ သိပ်ဂနာမငြိမ်ပေ။ သို့သော်လည်း စုံထောက်လည်းဖြစ်နိုင်သည်ဟု တွေးကာရဝေချမ်းကိုကြည့်လိုက်သည်။ ရဝေချမ်းကလည်း ခန့်မင်းနောင်ကိုပြန်ကြည့်လာသည်။ သို့သော် ချက်ချင်းပင် ဇေယျာချမ်းဘက်သို့ အကြည့်လွှဲသွားသည်။

"ဟားဟား မင်းကိုမိပြီ"

ရဝေချမ်းမှာ အရူးအမူးအော်ရယ်နေပြီး ဇေယျာချမ်း၏ပခုံးကို ရိုက်ပုတ်နေလေသည်။

“မင်းက စုံထောက်ကိုး”

“စုံထောက်ကို မျက်လုံးလာမှိတ်ပြရဲတာ မင်းတော်တော်ဆိုး”

ဇေယျာချမ်းမှာ မျက်နှာကိုရှုံ့မဲ့ကာ ရဝေချမ်းကို တတွတ်တွတ်ပြောဆိုနေလေသည်။ ကစားပွဲကလည်း နောက်တစ်ကြိမ်ပြန်စရပြန်သည်။

ဤတစ်ကြိမ်တွင်တော့ ခန့်မင်းနောင်က လူသတ်သမားဖြစ်နေလေသည်။ ခန့်မင်းနောင်မှာ အရင်ဆုံးစုံထောက်ဖြစ်နိုင်ချေရှိသည့်လူကို အရင်လိုက်ရှာသည်။ အားလုံးကမျက်နှာသေလေးဖြစ်နေသော်ငြားကလေးတစ်ယောက်ကတော့ ထူးဆန်းသည်။ ကလေးများ၏ သဘာဝကလည်း အရမ်းပွင့်လင်းလွန်းသည်။ ပြည်သူဆိုလျှင် အသာငြိမ်နေပြီး စုံထောက်နှင့်လူသတ်သမားကျသည့်အခါတွင် အမူအရာမှာသိသာလေသည်။ ခန့်မင်းနောင်လည်း ထိုကလေးကို စုံထောက်ဟုမှတ်ယူလိုက်ပြီး သူနှင့်အကြည့်ချင်းဆုံသမျှ အခြားကလေးတိုင်းကို ဖြည်းဖြည်းချင်းသတ်လိုက်သည်။

နောက်ဆုံး ရဝေချမ်း၊ ဇေယျာချမ်း၊ ခန့်မင်းနောင်နှင့် ထိုကလေးသာကျန်တော့သည့် အခြေအနေတွင် သူသည် နောက်ပစ်မှတ်အဖြစ်ရဝေချမ်းကို ရွေးချယ်လိုက်သည်။

ရဝေချမ်းကလည်း ခန့်မင်းနောင်အား လှည့်ကြည့်လာသည့်အခါတွင်ခန့်မင်းနောင်မှာ နှစ်လိုဖွယ်ကောင်းအောင်ပြုံးလိုက်ပြီး ရဝေချမ်းအား မျက်လုံးမှိတ်ပြလိုက်သည်။ ရဝေချမ်းမှာ ခန့်မင်းနောင်၏တမင်ရည်ရွယ်ကာလုပ်လိုက်သော ဆွဲဆောင်မှုအောက်တွင်ကျရှုံးသွားရပြီး ခဏတာဆွံ့အနေမိသည်။ ထိုအချိန်တွင် စုံထောက်ဆိုသည့် ကလေးက "မင်းကိုမိပြီ”ဟုဆိုကာ ခန့်မင်းနောင်၏လက်ကို လာကိုင်သည်။ ထို့ကြောင့် ခန့်မင်းနောင်မှာ အသာစီးရနေသောဤပွဲတွင် ကျေနပ်စွာရှုံးနိမ့်ပေးခဲ့သည်။

ထိုကစားနည်းကိုပင် မိနစ်နှစ်ဆယ်ခန့်ကစားပြီးနောက် အခြားကစားနည်းပြောင်းကြသည်။ အသင်းနှစ်သင်းဖွဲ့ထားပြီး တစ်သင်းတွင် ငါးယောက်စီပါသည်။ ကံကောင်းထောက်မစွာဖြင့် ရဝေချမ်းနှင့်ခန့်မင်းနောင်က တစ်သင်းတည်းကျသည်။ ကစားနည်းမှာ အသင်းရှိလူငါးယောက်ကို တစ်ယောက်တစ်နေရာစီထားပြီး တစ်ယောက်နှင့်တစ်ယောက်အကြား လူကြီးခြေလှမ်းသုံးလှမ်းစာခြားသည်။ ထိုပုံစံအတိုင်း အသင်းတစ်ခုလုံးရှိလူငါးယောက်က တန်းစီ၍မတ်တပ်ရပ်နေရသည်။

တစ်ဖက်က အသင်းကရွေးပေးထားသော ခေါင်းစဥ်နှင့်ပတ်သက်သည့် အရာတစ်ခုကို ပထမလူအား ပေးသိထားမည်။ ပထမလူကဒုတိယလူအား စကားတစ်ခွန်းမှမဟဘဲ အမူအရာဖြင့်လုပ်ပြရမည်။ ထို့နောက် ဒုတိယလူမှတတိယလူအား မိမိထင်သောအဖြေကို နားနားသို့ကပ်၍ တိုးတိုးလေးပြောရသည်။ တတိယလူကလည်း နောက်လူကို အဖြေပြောပြရန်missionတစ်ခုကို ပြီးအောင်လုပ်နိုင်မှ ပြောခွင့်ရမည်ဖြစ်သည်။ ဤနည်းဖြင့်လက်ဆင့်ကမ်းပြောသွားပြီးနောက် နောက်ဆုံးလူက အဖြေမှန်ကိုပြောရမည်။

ဤနေရာတွင် ခန့်မင်းနောင်က ဒုတိယလူနေရာတွင်နေရပြီး ရဝေချမ်းက နောက်ဆုံးလူဖြစ်သည်။ ကစားပွဲစသည်နှင့် တစ်ဖက်ကရွေးချယ်ပေးသောခေါင်းစဥ်မှာ ရုပ်ရှင်ကားများဖြစ်ပြီး ပထမလူက သူရထားသည့်ရုပ်ရှင်ကို သရုပ်ဖော်ပြရန်ကြိုစားတော့သည်။ ပထမလူနှင့်ဒုတိယလူတို့သရုပ်ဖော်ပြနေချိန် အသင်းရှိကျန်လူများက ဆန့်ကျင်ဘက်သို့လှည့်၍ ကျောပေးထားရသည်။

ပထမလူမှာ တုတ်တစ်ချောင်းကို ပခုံးပေါ်ထမ်းကာ ကပြနေသဖြင့် ခန့်မင်းနောင်မှာအဖြေက "ဇော်ကကနေသည်" ဆိုသည်ကို တန်းသိလိုက်သည်။ ထို့ကြောင့် တတိယတစ်ယောက်အား သွားပြောရန်ခြေလှမ်းပြင်လိုက်ပြီးမှ နောက်ဆုံးနားတွင် ကျောပေးကာရပ်နေသောရဝေချမ်းကို တွေ့သောအခါ အကြံဆိုးတစ်ခုက ခေါင်းထဲဝင်လာသည်။

ထို့နောက်တွင်တော့ သူ၏အကြံအစည်ကို အကောင်အထည်ဖော်ပါတော့သည်။ တတိယတစ်ယောက်ကို အဖြေကပ်ပြောပြီးသည့်အခါတတိယတစ်ယောက်မှာ ဘေးတွင်ချထားသော စက္ကူကိုကောက်ကာmissionကို ကြည့်လိုက်သည်။ ထို့နောက် ဘေးနားတွင် ချထားသော ပစ္စည်းကိရိယာများထဲမှ ခါးလှည့်ကွင်းကိုယူကာ အပတ်နှစ်ဆယ်လှည့်သည်။ နောက်ဆုံးတွင်တော့ ခန့်မင်းနောင်၏အဖြေစကားဟာ ရဝေချမ်းဆီသို့ရောက်သွားတော့သည်။

ရဝေချမ်းမှာ ထိုအဖြေကိုသိရသောအခါ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဘာတွေဖြစ်ပျက်နေလဲဆိုသည်ကို သတိထားမိသွားချိန်တွင်တော့ ရွေးချယ်စရာမရှိသည့်အဆုံး ရှက်ရှက်ဖြင့်ပြုံးလိုက်ပြီးအဖြေကို တစ်ဖက်အသင်းကိုပြောပြသည်။

“ကိုယ် မင်းကိုချစ်တယ်”

တစ်ဖက်အသင်းက ကလေးများမှာတော့ ရဝေချမ်းတို့က အဖြေမှားကိုဖြေသဖြင့် သူတို့ရှုံးပြီဟု အော်ဟစ်ကာပျော်နေသော်လည်း ဇေယျာချမ်းကတော့ တစ်ခုခုကိုသဘောပေါက်သွားသဖြင့် ခန့်မင်းနောင်နှင့်ရဝေချမ်းကို တစ်လှည့်စီကြည့်လိုက်သည်။

ရဝေချမ်းမှာ ခန့်မင်းနောင်ကိုပြုံးပြုံးလေးလှမ်းကြည့်နေပြီး ခန့်မင်းနောင်ကလည်း ရဝေချမ်းကို နူးနူးညံ့ညံ့ကြည့်ကာ တစ်စုံတစ်ခုကိုအသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံလေးသာပြောနေသည်။

“အရမ်းချစ်တယ်”

Edited on 6.11.2021

•••••••••••••

ZawGyi Version

ရေဝခ်မ္းဟာ ေဇယ်ာခ်မ္း၏အၾကံေပးခ်က္အတိုင္း လတ္တေလာစာေမးပြဲကိုသာ အာ႐ုံစိုက္ထားရသည္။ ခန္႔မင္းေနာင္ကလည္း ဤသည္ကို နားလည္သည္။ ဘာတစ္ခြန္းမွ စကားမဟလာဘဲ ရေဝခ်မ္းအား စာကိုသာအာ႐ုံစိုက္ႏိုင္ေစရန္ ကူညီေပးသည္။ ယခုဆိုလွ်င္ ေဇယ်ာခ်မ္းကလည္း သူ၏တကၠသိုလ္ပထမႏွစ္ကို တက္ေရာက္ေနရၿပီမို႔ ရေဝခ်မ္း၏အနားတြင္ အခ်ိန္ျပည့္႐ွိမေပးႏိုင္သလို ရေဝခ်မ္းကလည္း စာေမးပြဲေျဖရန္သုံးလသာလိုေတာ့သည္ျဖစ္ရာ ေန႔ေရာညပါစာေလ့လာေနရသည္။

ခန္႔မင္းေနာင္လည္း ရေဝခ်မ္းနည္းတူ ပင္ပန္းရသည္သာ။ ေမးခြန္းေဟာင္းမ်ားကို ႐ွာလာေပးရၿပီး အျပန္ျပန္အလွန္လွန္ ေလ့က်င့္ေစသည္။ သူကိုယ္တိုင္လည္း စာေရးသည့္အလုပ္တစ္ဖက္ႏွင့္ ရေဝခ်မ္းအတြက္ ေမးခြန္းေဟာင္းမ်ားႏွင့္အေျဖမ်ားကိုပါ မေမ့မေလ်ာ့တြက္ထုတ္႐ွင္းျပေပးတတ္သည္။

ခန္႔မင္းေနာင္ခမ်ာ သူကိုယ္တိုင္ဝင္မေျဖရ႐ုံတစ္မည္ လုပ္ေနရသည္မွာ အေတာ္ပင္ပန္းေသာ္လည္း ရေဝခ်မ္းအတြက္မို႔ ေက်နပ္ရပါသည္။ ေန႔ဘက္ဆိုလွ်င္ စာေရးစရာ႐ွိသည္မ်ားကိုေရးရၿပီး ရေဝခ်မ္းအတြက္ ေမးခြန္းမ်ားကို အေျဖ႐ွာေပးရေသးသည္။ ညဘက္ဆိုလွ်င္ ရေဝခ်မ္းကိုစာသင္ရသည္။ တစ္ေနကုန္ အားလပ္ခ်ိန္ဟုသိပ္မ႐ွိေသာ္လည္း ရေဝခ်မ္း၏မ်က္ႏွာေလးကိုျမင္ရ႐ုံျဖင့္ ပင္ပန္းသမွ်ေျပေပ်ာက္ရသည္။

အရာအားလုံးက ပုံမွန္အတိုင္းလည္ပတ္ေနသေယာင္ ထင္ရေသာ္လည္း ခန္႔မင္းေနာင္ႏွင့္ရေဝခ်မ္း၏ ဆက္ဆံေရးမွာ အတည္မျပဳရေသးေသာ္ျငား တစ္မ်ိဳးတစ္ဖုံထူးဆန္းေနသည္မွာလည္း အမွန္ပင္။ ဤသည္ကို ခန္႔မင္းေနာင္ကလည္း သိသည္။ ရေဝခ်မ္းက သူ႕အေပၚမည္သို႔သေဘာထားသည္ကိုလည္း ရိပ္မိေနၿပီျဖစ္သည္။

စေန၊တနဂၤေႏြေက်ာင္းပိတ္ရက္မ်ိဳး၌ ရေဝခ်မ္း က်ဴ႐ွင္ခ်ိန္အားသည့္အခါမ်ိဳးတြင္ ခန္႔မင္းေနာင္က စာသင္ခ်ိန္ဟုတ္သည္ျဖစ္ေစ၊မဟုတ္သည္ျဖစ္ေစ ရေဝခ်မ္းထံသို႔ အၿမဲသြားသည္။ ရေဝခ်မ္းမွာလည္း ဤရက္ပိုင္းအနားမရသည္ျဖစ္ရာ ခန္႔မင္းေနာင္လာလိုက္တိုင္း စာလုပ္ေနသည္ႏွင့္သာ ၾကဳံသည္။

ယလုတစ္ပတ္စေနေန႔မွာလည္း ခန္႔မင္းေနာင္က ခါတိုင္းလိုပင္ ရေဝခ်မ္း၏အိမ္ကို ေရာက္သြားသည္။ ဤတစ္ႀကိမ္တြင္ေတာ့ ရေဝခ်မ္းက ျခံထဲတြင္ စားပြဲႏွင့္ခုံကိုထုတ္၍ စာလုပ္ေနသည္။ ေဇယ်ာခ်မ္းက သူ၏ေဘးတြင္ထိုင္ကာ တစ္ခုခုကိုႀကီးၾကပ္ေနပုံေပၚသည္။

“ငါတကယ္ေျပာေနတာ”

“ငါ့ကိုဆရာလာမလုပ္နဲ႔ေလ။ ကိုယ့္စာကိုလုပ္။ ငါတြက္တာမွန္ေနသားပဲကို”

ခန္႔မင္းေနာင္ သူတို႔အနားသို႔ေရာက္သြားသည္အထိ သူတို႔ႏွစ္ဦးမွာ ျငင္းခုံေနဆဲပင္။ ထို႔ေၾကာင့္ ခန္႔မင္းေနာင္က ေဇယ်ာခ်မ္းႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ ခ်ထားေသာခုံတြင္ဝင္ထိုင္ရင္း ေမးလိုက္သည္။

“ဘာေတြျဖစ္ေနၾကတာလဲ”

“ကြၽန္ေတာ္ေျပာေနတာကို ဒီေကာင္လက္မခံလို႔ ကိုခန္႔ရာ..။ ဒီေနရာမွာ cotကို cos/sinလို႔ျဖန္႔မယ့္အစား 1/tan လို႔ ျဖန္႔ရင္အေျဖက ခ်က္ခ်င္းထြက္မွာကို သူ႕ဟာက ေကြ႕ဝိုက္ေနတာ”

“ငါလည္း ငါ့နည္းနဲ႔ငါတြက္ေနတာပဲေလ”

ရေဝခ်မ္းႏွင့္ေဇယ်ာခ်မ္းမွာ ေနာက္တစ္ႀကိမ္ထပ္၍ ျငင္းခုံေနၾကသျဖင့္ အိမ္ထဲမွေဒၚႏွင္းႏုက လွမ္းေအာ္ေလသည္။

“ဟဲ့ ကိုေဇ။ ကေလးကိုသြားမေႏွာင့္ယွက္စမ္းနဲ႔။ သူ႕ဘာသာေနပါေစ”

“ကြၽန္ေတာ္က ကိုခန္႔ေမးလို႔ေျဖေနတာကို”

ေဇယ်ာခ်မ္းက သူ၏အေမကို မေက်မခ်မ္းႏွင့္ျပန္ေျပာလိုက္ေသာအခါ အိမ္ထဲမွေဒၚႏွင္းႏုက အျပင္သို႔ထြက္လာသည္။ ေဒၚႏွင္းႏုကိုျမင္သည္ႏွင့္ ခန္႔မင္းေနာင္လည္း ျပဳံးျပရင္း ႏႈတ္ဆက္လိုက္သည္။ ယခုမွသာ ခန္႔မင္းေနာင္ေရာက္ေနသည္ကို သိသြားေသာ ေဒါႏွင္းႏုကလည္း ခန္႔မင္းေနာင္အား အားတုံ႔အားနာျဖစ္ေနေလသည္။

“သား ေရာက္ေနတာမသိလိုက္ဘူး။ ေနဦး ကိုေဇ.. ဒီကိုလာ။ အသီးပန္းကန္ေတြလာယူလွၾညၽ”

“ရပါတယ္ ေဒၚေလးရယ္။ မလိုပါဘူး။ ေအးေအးေဆးေဆးေနပါဗ်ာ”

“ဘယ္ဟုတ္မလဲကြယ္။ ခဏေစာင့္။ ကိုေဇလာခဲ့”

ထိုအခါ ေဇယ်ာခ်မ္းမွာ ခန္႔မင္းေနာင္တို႔အနားကထကာ သူ၏အေမေနာက္သို႔ လိုက္သြားရသည္။ ရေဝခ်မ္းကေတာ့ ေဘာပင္ေလးကိုင္ထားလ်က္သားႏွင့္ ခန္႔မင္းေနာင္ကို ေငးၾကည့္ေနေလသည္။ တေမ့တေမာေငးေနပုံရေသာ ရေဝခ်မ္းေၾကာင့္ ခန္႔မင္းေနာင္မွာ နေဝတိမ္ေတာင္ျဖစ္သြားရသျဖင့္ ေမးခြန္းထုတ္လိုက္သည္။

“ဘာျဖစ္လို႔လဲ ခ်မ္းေလး”

ထိုအခါ အေတာ္ၾကာၾကာေငးေနမိသည္ကို သတိရသြားေသာ ရေဝခ်မ္းက ႐ွက္႐ွက္ျဖင့္ ဂုတ္ပိုးကိုအသာကုတ္ရင္း ျပန္ေျပာေလသည္။

“မဟုတ္ပါဘူး။ အစ္ကို႔ရဲ႕မ်က္လုံးအိမ္ထဲမွာ မွဲ႔နက္ေလး႐ွိတယ္လို႔တစ္ေယာက္က ေျပာဖူးတာသတိရသြားလို႔။ ကြၽန္ေတာ္ေတာ့ ေန႔တိုင္းျမင္ေနရတာပဲကို မွဲ႔လည္းမေတြ႕ပါဘူး”

ရေဝခ်မ္း၏စကားေၾကာင့္ ခန္႔မင္းေနာင္၏မ်က္ခုံးအစုံမွာ အထက္သို႔ ပင့္တက္သြားရသည္။ ထို႔ေနာက္ ေတြးဆဆျဖင့္ ရေဝခ်မ္းကို ၾကည့္ရင္းျပန္ေျပာေလသည္။

“ကိုယ့္မ်က္လုံးအိမ္ထဲမွာ မွဲ႔႐ွိတာသိၾကတယ္ေပါ့”

“ဒါဆိုတကယ္႐ွိတယ္ေပါ့”

“အင္းေလ”

ခန္႔မင္းေနာင္က ေျပာေျပာဆိုဆိုျဖင့္သူ၏မ်က္ခြံကို ထိကိုင္လိုက္သည္။ ထို႔ေနာက္ ေအာက္ဘက္႐ွိ မ်က္ခြံေအာက္တြင္ဖုံးေနေသာ  မွဲ႔နက္ေလးမွာ အမွန္တကယ္ထြက္ေပၚလာေတာ့သည္။ ရေဝခ်မ္းမွာ ေမွာ္ဆန္စြာပုန္းကြယ္ေနေသာ မွဲ႔ေလးေၾကာင့္ အံ့ၾသလြန္း၍ပါးစပ္အေဟာင္းသားျဖစ္ရသည္။

ရေဝခ်မ္း၏ စိတ္ထဲတြင္ လက္႐ွိေတြးေနမိသည္ကေတာ့ ဤမွ်ျမင္ႏိုင္ဖို႔ ခဲယဥ္းေသာမွဲ႔ကို ျမင္ခဲ့သည့္တစ္ေယာက္ဟာ ခန္႔မင္းေနာင္၏ မ်က္လုံးကိုမ်ား ၿဖဲ၍႐ွာၾကည့္ခဲ့ေလသလားဟုပင္။

“ခ်မ္းေလး ေငးလွခ်ည္လား”

ပါးစပ္အေဟာင္းသားျဖင့္ သူ႕အားေငးၾကည့္ေနျပန္ေသာ ရေဝခ်မ္းအား ခန္႔မင္းေနာင္က ေမးေစ့ကိုဆြဲညႇစ္ရင္း အသိျပန္ဝင္ေစလိုက္သည္။ ရေဝခ်မ္းလည္း ေနရခက္စြာျပဳံးလိုက္မိၿပီး ေခ်ာင္းတစ္ခ်က္ဟန္႔ကာ မသိခ်င္ေယာင္ေဆာင္လိုက္ရသည္။ သို႔ေသာ္ ရေဝခ်မ္း၏ ေခ်ာင္းဟန္႔သံေနာက္တြင္ တမင္လုပ္ယူထားေသာ ေခ်ာင္းဆိုးသံႀကီးကိုပါ ၾကားလိုက္ရသျဖင့္ ခန္႔မင္းေနာင္ေရာရေဝခ်မ္းပါ အသံလာရာသို႔ လွည့္ၾကည့္လိုက္ၾကသည္။

“ငါဘာမွမျမင္ဘူးေနာ္။ ဒါနဲ႔ အဲ့နားကိုလာလို႔ရၿပီလား”

အသီးပန္းကန္ေလးကို ကိုင္ထားၿပီး အိမ္တံခါးေ႐ွ႕တြင္ မတ္တပ္ရပ္ေနေသာေဇယ်ာခ်မ္းမွာ ျပဳံးစစႏွင့္ သူတို႔ကိုၾကည့္ေနသျဖင့္  ႏွစ္ေယာက္လုံး ေနရထိုင္ရခက္သြားၾကသည္။ သူတို႔ႏွစ္ေယာက္လုံးမွာ ေဇယ်ာခ်မ္းကို အမွန္တကယ္ေမ့သြားခဲ့ျခင္းပင္။

“လာမွာျဖင့္လာေလ”

ရေဝခ်မ္းက ရယ္က်ဲက်ဲလုပ္ေနေသာ သေကာင့္သားကိုမ်က္ေစာင္းထိုးလ်က္ ျပန္ေျပာေသာအခါ ေဇယ်ာခ်မ္းက ခပ္ျပဳံးျပဳံးႏွင့္ အနားသို႔ေရာက္လာသည္။ ေဇယ်ာခ်မ္းဟာ သူ႕ကိုမ်က္စပစ္ျပရင္း မတိုင္မီကကိစၥကို စေနာက္ေနေသာအခါ ရေဝခ်မ္းမွာလည္း စာတြက္ေနရင္းမွ လက္သီးေထာင္ျပလိုက္သည္။

ခန္႔မင္းေနာင္ႏွင့္ေဇယ်ာခ်မ္းသည္ ရေဝခ်မ္းစာလုပ္ေနသည့္တစ္ေလွ်ာက္လုံး ေဘးနားတြင္လိုသမွ်ၾကည့္႐ွဴကာ ႐ွင္းျပေပးၾကသည္။ နာရီဝက္ေက်ာ္ေက်ာ္အၾကာတြင္ ရေဝခ်မ္းလည္း ဆက္၍မတြက္ႏိုင္ေလာက္ေအာင္ ပင္ပန္းေနၿပီျဖစ္ရာ ခန္႔မင္းေနာင္ကပင္ ခဏနားရန္ အၾကံေပးရသည္။ အနားရသြားသည့္ ရေဝခ်မ္းကို ေဇယ်ာခ်မ္းက အျပင္ထြက္၍ လမ္းေလွ်ာက္သြားရန္ အၾကံေပးျပန္သည္။ ေဇယ်ာခ်မ္း၏အၾကံကို ရေဝခ်မ္းကလည္း သေဘာတူလိုက္သည္။

“ဒါဆို မင္းတို႔ႏွစ္ေယာက္သြားၾကေလ”

ေဇယ်ာခ်မ္းက ရေဝခ်မ္းႏွင့္ခန္႔မင္းေနာင္တို႔ကို ႐ုတ္တရက္ႀကီး ႏွစ္ေယာက္တည္းသြားရန္ ဆိုလာသျဖင့္ ရေဝခ်မ္းမွာ သူ၏အၾကံအစည္ကို ရိပ္မိလိုက္သည္။ ထို႔ေၾကာင့္ တားရန္ျပင္ေသာအခါ ခန္႔မင္းေနာင္က သူ႕ထက္အရင္လက္ဦးမႈ ရယူသြားသည္။

“မင္းေရာ လိုက္ခဲ့ေလ ကိုေဇ"

ထိုအခါ ေဇယ်ာခ်မ္းက လိုက္သင့္မလိုက္သင့္ ခ်င့္ခ်ိန္ေနဟန္ႏွင့္ ေတြးဆဆအမူအရာကို လုပ္ကာ ရေဝခ်မ္းကို တစ္ခ်က္လွမ္းၾကည့္သည္။

“တကယ္လိုက္ေစခ်င္လား”

“ခါတိုင္းလည္း သုံးေယာက္အတူသြားေနက်ကို အခုမွဘာထျဖစ္ေနတာလဲ”

ရေဝခ်မ္း၏စကားေၾကာင့္ ေဇယ်ာခ်မ္းလည္း ေခါင္းညိတ္ျပလိုက္ၿပီး ထိုင္ေနရာမွထလာသည္။ ထို႔ေနာက္ သူ၏ထုံးစံအတိုင္းေျပာင္ေခ်ာ္ေခ်ာ္ႏွင့္ ျပဳံးျပရင္းျပန္ေျပာေလသည္။

“ပရိသတ္ႀကီးက ေတာင္းဆိုေတာ့လည္း လိုက္ခဲ့ရမွာေပါ့လို႔။ လိုက္ခဲ့ရမွာေပါ့”

“ေသာက္ခြက္လာေျပာင္ေနတယ္”

ရေဝခ်မ္းက ထိုတစ္ခြန္းသာေျပာၿပီး အေ႐ွ႕ကထြက္သြားသျဖင့္ ခန္႔မင္းေနာင္ႏွင့္ေဇယ်ာခ်မ္းမွာ ျပဳံးျပဳံးရယ္ရယ္ျဖင့္ အေနာက္ကလိုက္သြားၾကသည္။ ႐ြာ၏စာၾကည့္တိုက္အေ႐ွ႕သို႔ ေရာက္ေသာအခါ ရေဝခ်မ္းက ခန္႔မင္းေနာင္ကိုလွည့္ၾကည့္၍ စာအုပ္အေၾကာင္းေမးျမန္းေလေတာ့သည္။

“အစ္ကို လုံးခ်င္းဝတၳဳေတြမထုတ္ေတာ့ဘူးလားဟင္”

“ေရးတာေတာ့ေရးေနတယ္။ ဒါေပမယ့္Hidden Mysteryၿပီးမွပဲထုတ္ျဖစ္လိမ့္မယ္ထင္တယ္”

“ဒါဆို လိုေသးတာေပါ့ေနာ္”

"အင္း ၾကာဦးမယ္”

ရေဝခ်မ္းအတြက္ေတာ့ အဆင္ေျပသည့္ကိစၥပင္။ မဟုတ္လွ်င္ စာလုပ္ေနရသည္ကတစ္မ်ိဳး၊ စာအုပ္ကို လိုခ်င္၍ အပူတျပင္းျဖစ္ေနရမည္က တစ္မ်ိဳးႏွင့္ ေတာ္ေတာ္အလုပ္႐ႈပ္ေနမွာပင္။ သို႔ေသာ္ျငား ရေဝခ်မ္းမသိသည္က ခန္႔မင္းေနာင္သည္ စာအုပ္ထုတ္ရန္ ရည္႐ြယ္ထားသည့္စာမူအခ်ိဳ႕႐ွိပါေသာ္လည္း မထုတ္ေသးဘဲ ေနာက္ဆုတ္ထားသည္ကိုပင္။ အေၾကာင္းရင္းကေတာ့ ႏွစ္ခု႐ွိသည္။ ပထမတစ္ခုက သူကိုယ္တိုင္လည္း ရေဝခ်မ္း၏စာေမးပြဲေၾကာင့္ မအားမလပ္ျဖစ္ေနျခင္းျဖစ္ၿပီး ဒုတိယတစ္ခ်က္ကေတာ့ စာေမးပြဲၿပီးသြားခါမွ သူ႕အတြက္လက္ေဆာင္ဟူ၍ ေပးလိုက္ခ်င္၍ျဖစ္သည္။

“ငါ ဘာလို႔လိုက္လာမိပါလိမ့္”

သူတို႔ႏွစ္ဦး၏ေဘးနား႐ွိ ေဇယ်ာခ်မ္းမွာေတာ့ ႏွစ္ေယာက္တည္းတစ္ကမ႓ာတည္ေနေသာ စုံတြဲမမည့္သည့္စုံတြဲကို စိတ္ေလေနေသာအမူအရာျဖင့္ၾကည့္ကာ တိတ္တိတ္ေရ႐ြတ္ေနေလသည္။

သူတို႔သုံးေယာက္သား အပ်င္းေျပ ဟိုဟိုသည္သည္လမ္းေလွ်ာက္လာၾကၿပီး ဆယ့္ငါးမိနစ္ခန္႔အၾကာတြင္ ဘုန္းႀကီးေက်ာင္းေဘးက ေျမကြက္လပ္ေလးတြင္ ဝိုင္းဖြဲ႕ကာထိုင္ေနၾကေသာ ကေလးမ်ားကို ေတြ႕လိုက္ရသည္။ ထိုကေလးမ်ားကလည္း သူတို႔သုံးေယာက္ကို ျမင္သြားၿပီးလက္လွမ္းျပၾကသည္။

“ကိုခ်မ္းေလးနဲ႔ ကိုေဇ။ လာေလ အတူေဆာ့ရေအာင္”

ခန္႔မင္းေနာင္ကို သိပ္မသိသျဖင့္ စိမ္းေနေသာကေလးမ်ားက ခန္႔မင္းေနာင္ကို မေခၚရဲဘဲ အိုးတို႔အန္းတန္းျဖစ္ေနၾကသည္။

“မင္းတို႔ပဲ ေဆာ့ၾကပါကြာ”

ေဇယ်ာခ်မ္းက ကေလးမ်ားကို မေဆာ့ခ်င္ေၾကာင္း ျပန္ေျပာေသာ္လည္း ထိုကေလးမ်ားက လက္မခံဘဲ အတင္းေခၚၾကသည္။ဤသို႔ျဖင့္ ရေဝခ်မ္းႏွင့္ေဇယ်ာခ်မ္းမွာ ကေလးမ်ားဆြဲေခၚရာေနာက္သို႔ ပါသြားသည္။ ခန္႔မင္းေနာင္ကိုလည္း ကေလးမ်ားက မရဲတရဲျဖင့္ လက္ကိုဆြဲကာေခၚသြားၾကသည္။ ခန္႔မင္းေနာင္လည္း ထိုကေလးမ်ား၏ပုံစံကိုၾကည့္၍ သေဘာက်စြာျပဳံးရယ္ရင္း လိုက္သြားလိုက္သည္။

“ဘာေတြေဆာ့မွာမလို႔လဲ”

ခန္႔မင္းေနာင္မွာ ကေလးမ်ားစုေဝးကာ ထိုင္ေနေသာျမက္ခင္းေပၚတြင္ ဝင္ထိုင္လိုက္ၿပီး သူ႕အားေခၚလာေသာ ကေလးတစ္ေယာက္ကိုေမးလိုက္သည္။

“လူသတ္သမားနဲ႔ စုံေထာက္လုပ္တမ္းကစားမွာေလ”

ထို႔ေနာက္ ထိုကေလးက တစ္ဖက္ကပလတ္စတစ္ခြက္ေလးထဲတြင္ ထည့္ထားေသာစကၠဴမဲလိပ္မ်ားကို ယူၿပီးျပသည္။ ရေဝခ်မ္းႏွင့္ ေဇယ်ာခ်မ္းကလည္း ထိုမဲလိပ္မ်ားကိုလွမ္းၾကည့္ေလသည္။

“ကိုႀကီးေဆာ့ဖူးလားေတာ့မသိဘူး။ မဲလိပ္ေတြထဲမွာ စုံေထာက္မဲတစ္လိပ္ရယ္ လူသတ္သမားမဲတစ္လိပ္ပါတယ္။ က်န္တာကျပည္သူေတြခ်ည္းပဲ။ လူသတ္သမားမဲလိပ္ရတဲ့လူက ျပည္သူလို႔ထင္တဲ့လူေတြကို မ်က္လုံးမွိတ္ျပၿပီးသတ္ရမွာ။ အသတ္ခံရတဲ့ျပည္သူကလည္း ”ငါေသၿပီ”လို႔ ေျပာၿပီးေဘးထြက္ေနရမယ္။ အဲ့အခ်ိန္မွာစုံေထာက္က တရားခံကိုမိေအာင္ဖမ္းရမယ္။ ကိုယ္တရားခံလို႔ထင္တဲ့လူကို”ငါမင္းကိုမိၿပီ”လို႔ေျပာရမယ္။ တကယ္လို႔ အဲ့လူကတကယ္လူသတ္သမားျဖစ္ေနရင္ စုံေထာက္နဲ႔ျပည္သူေတြႏိုင္တယ္။ တကယ္လို႔မဟုတ္ဘူးဆိုရင္ လူသတ္သမားကႏိုင္တယ္။ ၿပီးေတာ့လူသတ္သမားက စုံေထာက္ကိုျပည္သူထင္ၿပီး မ်က္လုံးမွိတ္ျပရင္လည္း စုံေထာက္ကမိသြားမွာေနာ္”

ထိုကေလးက ႐ွင္းျပၿပီးေနာက္ေမာသြားဟန္ျဖင့္ ခဏနားလိုက္သည္။ထို႔ေနာက္ စည္းကမ္းမ်ားကို အားလုံးနားလည္ၿပီျဖစ္ရာ ကစားပြဲစၾကေတာ့သည္။

ခန္႔မင္းေနာင္ကလည္း ကေလးမ်ားကိုဦးစားေပးသည့္အေနႏွင့္ သူတို႔အား မဲလိပ္မ်ားကို အရင္ယူေစသည္။ သူကေတာ့ ေနာက္ဆုံးက်န္သည့္မဲလိပ္ကိုသာ ယူလိုက္သည္။ ခန္႔မင္းေနာင္ မဲလိပ္ကိုဖြင့္ၾကည့္ေသာအခါ ျပည္သူသာျဖစ္ေနေလသည္။ ထို႔ေၾကာင့္ ပုံမွန္ေနကာအျခားသူမ်ားကို အကဲခတ္ေနလိုက္သည္။ က်န္လူမ်ားကလည္း ကိုယ့္သ႐ုပ္မွန္ကိုသိၾကၿပီး ၿငိမ္ေနၾကသည္။ ၿပီးသည္ႏွင့္ အခ်င္းခ်င္း ဟိုၾကည့္သည္ၾကည့္ႏွင့္ အကဲခတ္ေနၾကသည္။

ထိုစဥ္ ကေလးတစ္ေယာက္က "ငါါေသၿပီ”ဟုေျပာကာ ေဘးထြက္သြားေလသည္။ ခဏအၾကာတြင္ ေနာက္တစ္ေယာက္ထြက္သြားရျပန္သည္။ ခန္႔မင္းေနာင္မွာ ရေဝခ်မ္းႏွင့္ေဇယ်ာခ်မ္းဘက္သို႔ လွည့္ကာ အကဲခတ္လိုက္သည္။ ေဇယ်ာခ်မ္း၏မ်က္လုံးမွာ သိပ္ဂနာမၿငိမ္ေပ။ သို႔ေသာ္လည္း စုံေထာက္လည္းျဖစ္ႏိုင္သည္ဟု ေတြးကာရေဝခ်မ္းကိုၾကည့္လိုက္သည္။ ရေဝခ်မ္းကလည္း ခန္႔မင္းေနာင္ကိုျပန္ၾကည့္လာသည္။ သို႔ေသာ္ ခ်က္ခ်င္းပင္ ေဇယ်ာခ်မ္းဘက္သို႔ အၾကည့္လႊဲသြားသည္။

"ဟားဟား မင္းကိုမိၿပီ"

ရေဝခ်မ္းမွာ အ႐ူးအမူးေအာ္ရယ္ေနၿပီး ေဇယ်ာခ်မ္း၏ပခုံးကို ႐ိုက္ပုတ္ေနေလသည္။

“မင္းက စုံေထာက္ကိုး”

“စုံေထာက္ကို မ်က္လုံးလာမွိတ္ျပရဲတာ မင္းေတာ္ေတာ္ဆိုး”

ေဇယ်ာခ်မ္းမွာ မ်က္ႏွာကို႐ႈံ႕မဲ့ကာ ရေဝခ်မ္းကို တတြတ္တြတ္ေျပာဆိုေနေလသည္။ ကစားပြဲကလည္း ေနာက္တစ္ႀကိမ္ျပန္စရျပန္သည္။

ဤတစ္ႀကိမ္တြင္ေတာ့ ခန္႔မင္းေနာင္က လူသတ္သမားျဖစ္ေနေလသည္။ ခန္႔မင္းေနာင္မွာ အရင္ဆုံးစုံေထာက္ျဖစ္ႏိုင္ေခ်႐ွိသည့္လူကို အရင္လိုက္႐ွာသည္။ အားလုံးကမ်က္ႏွာေသေလးျဖစ္ေနေသာ္ျငားကေလးတစ္ေယာက္ကေတာ့ ထူးဆန္းသည္။ ကေလးမ်ား၏ သဘာဝကလည္း အရမ္းပြင့္လင္းလြန္းသည္။ ျပည္သူဆိုလွ်င္ အသာၿငိမ္ေနၿပီး စုံေထာက္ႏွင့္လူသတ္သမားက်သည့္အခါတြင္ အမူအရာမွာသိသာေလသည္။ ခန္႔မင္းေနာင္လည္း ထိုကေလးကို စုံေထာက္ဟုမွတ္ယူလိုက္ၿပီး သူႏွင့္အၾကည့္ခ်င္းဆုံသမွ် အျခားကေလးတိုင္းကို ျဖည္းျဖည္းခ်င္းသတ္လိုက္သည္။

ေနာက္ဆုံး ရေဝခ်မ္း၊ ေဇယ်ာခ်မ္း၊ ခန္႔မင္းေနာင္ႏွင့္ ထိုကေလးသာက်န္ေတာ့သည့္ အေျခအေနတြင္ သူသည္ ေနာက္ပစ္မွတ္အျဖစ္ရေဝခ်မ္းကို ေ႐ြးခ်ယ္လိုက္သည္။

ရေဝခ်မ္းကလည္း ခန္႔မင္းေနာင္အား လွည့္ၾကည့္လာသည့္အခါတြင္ခန္႔မင္းေနာင္မွာ ႏွစ္လိုဖြယ္ေကာင္းေအာင္ျပဳံးလိုက္ၿပီး ရေဝခ်မ္းအား မ်က္လုံးမွိတ္ျပလိုက္သည္။ ရေဝခ်မ္းမွာ ခန္႔မင္းေနာင္၏တမင္ရည္႐ြယ္ကာလုပ္လိုက္ေသာ ဆြဲေဆာင္မႈေအာက္တြင္က်႐ႈံးသြားရၿပီး ခဏတာဆြံ႕အေနမိသည္။ ထိုအခ်ိန္တြင္ စုံေထာက္ဆိုသည့္ ကေလးက "မင္းကိုမိၿပီ”ဟုဆိုကာ ခန္႔မင္းေနာင္၏လက္ကို လာကိုင္သည္။ ထို႔ေၾကာင့္ ခန္႔မင္းေနာင္မွာ အသာစီးရေနေသာဤပြဲတြင္ ေက်နပ္စြာ႐ႈံးနိမ့္ေပးခဲ့သည္။

ထိုကစားနည္းကိုပင္ မိနစ္ႏွစ္ဆယ္ခန္႔ကစားၿပီးေနာက္ အျခားကစားနည္းေျပာင္းၾကသည္။ အသင္းႏွစ္သင္းဖြဲ႕ထားၿပီး တစ္သင္းတြင္ ငါးေယာက္စီပါသည္။ ကံေကာင္းေထာက္မစြာျဖင့္ ရေဝခ်မ္းႏွင့္ခန္႔မင္းေနာင္က တစ္သင္းတည္းက်သည္။ ကစားနည္းမွာ အသင္း႐ွိလူငါးေယာက္ကို တစ္ေယာက္တစ္ေနရာစီထားၿပီး တစ္ေယာက္ႏွင့္တစ္ေယာက္အၾကား လူႀကီးေျခလွမ္းသုံးလွမ္းစာျခားသည္။ ထိုပုံစံအတိုင္း အသင္းတစ္ခုလုံး႐ွိလူငါးေယာက္က တန္းစီ၍မတ္တပ္ရပ္ေနရသည္။

တစ္ဖက္က အသင္းကေ႐ြးေပးထားေသာ ေခါင္းစဥ္ႏွင့္ပတ္သက္သည့္ အရာတစ္ခုကို ပထမလူအား ေပးသိထားမည္။ ပထမလူကဒုတိယလူအား စကားတစ္ခြန္းမွမဟဘဲ အမူအရာျဖင့္လုပ္ျပရမည္။ ထို႔ေနာက္ ဒုတိယလူမွတတိယလူအား မိမိထင္ေသာအေျဖကို နားနားသို႔ကပ္၍ တိုးတိုးေလးေျပာရသည္။ တတိယလူကလည္း ေနာက္လူကို အေျဖေျပာျပရန္missionတစ္ခုကို ၿပီးေအာင္လုပ္ႏိုင္မွ ေျပာခြင့္ရမည္ျဖစ္သည္။ ဤနည္းျဖင့္လက္ဆင့္ကမ္းေျပာသြားၿပီးေနာက္ ေနာက္ဆုံးလူက အေျဖမွန္ကိုေျပာရမည္။

ဤေနရာတြင္ ခန္႔မင္းေနာင္က ဒုတိယလူေနရာတြင္ေနရၿပီး ရေဝခ်မ္းက ေနာက္ဆုံးလူျဖစ္သည္။ ကစားပြဲစသည္ႏွင့္ တစ္ဖက္ကေ႐ြးခ်ယ္ေပးေသာေခါင္းစဥ္မွာ ႐ုပ္႐ွင္ကားမ်ားျဖစ္ၿပီး ပထမလူက သူရထားသည့္႐ုပ္႐ွင္ကို သ႐ုပ္ေဖာ္ျပရန္ႀကိဳစားေတာ့သည္။ ပထမလူႏွင့္ဒုတိယလူတို႔သ႐ုပ္ေဖာ္ျပေနခ်ိန္ အသင္း႐ွိက်န္လူမ်ားက ဆန္႔က်င္ဘက္သို႔လွည့္၍ ေက်ာေပးထားရသည္။

ပထမလူမွာ တုတ္တစ္ေခ်ာင္းကို ပခုံးေပၚထမ္းကာ ကျပေနသျဖင့္ ခန္႔မင္းေနာင္မွာအေျဖက "ေဇာ္ကကေနသည္" ဆိုသည္ကို တန္းသိလိုက္သည္။ ထို႔ေၾကာင့္ တတိယတစ္ေယာက္အား သြားေျပာရန္ေျခလွမ္းျပင္လိုက္ၿပီးမွ ေနာက္ဆုံးနားတြင္ ေက်ာေပးကာရပ္ေနေသာရေဝခ်မ္းကို ေတြ႕ေသာအခါ အၾကံဆိုးတစ္ခုက ေခါင္းထဲဝင္လာသည္။

ထို႔ေနာက္တြင္ေတာ့ သူ၏အၾကံအစည္ကို အေကာင္အထည္ေဖာ္ပါေတာ့သည္။ တတိယတစ္ေယာက္ကို အေျဖကပ္ေျပာၿပီးသည့္အခါတတိယတစ္ေယာက္မွာ ေဘးတြင္ခ်ထားေသာ စကၠဴကိုေကာက္ကာmissionကို ၾကည့္လိုက္သည္။ ထို႔ေနာက္ ေဘးနားတြင္ ခ်ထားေသာ ပစၥည္းကိရိယာမ်ားထဲမွ ခါးလွည့္ကြင္းကိုယူကာ အပတ္ႏွစ္ဆယ္လွည့္သည္။ ေနာက္ဆုံးတြင္ေတာ့ ခန္႔မင္းေနာင္၏အေျဖစကားဟာ ရေဝခ်မ္းဆီသို႔ေရာက္သြားေတာ့သည္။

ရေဝခ်မ္းမွာ ထိုအေျဖကိုသိရေသာအခါ ပါးစပ္အေဟာင္းသားျဖစ္သြားသည္။ ဘာေတြျဖစ္ပ်က္ေနလဲဆိုသည္ကို သတိထားမိသြားခ်ိန္တြင္ေတာ့ ေ႐ြးခ်ယ္စရာမ႐ွိသည့္အဆုံး ႐ွက္႐ွက္ျဖင့္ျပဳံးလိုက္ၿပီးအေျဖကို တစ္ဖက္အသင္းကိုေျပာျပသည္။

“ကိုယ္ မင္းကိုခ်စ္တယ္”

တစ္ဖက္အသင္းက ကေလးမ်ားမွာေတာ့ ရေဝခ်မ္းတို႔က အေျဖမွားကိုေျဖသျဖင့္ သူတို႔႐ႈံးၿပီဟု ေအာ္ဟစ္ကာေပ်ာ္ေနေသာ္လည္း ေဇယ်ာခ်မ္းကေတာ့ တစ္ခုခုကိုသေဘာေပါက္သြားသျဖင့္ ခန္႔မင္းေနာင္ႏွင့္ရေဝခ်မ္းကို တစ္လွည့္စီၾကည့္လိုက္သည္။

ရေဝခ်မ္းမွာ ခန္႔မင္းေနာင္ကိုျပဳံးျပဳံးေလးလွမ္းၾကည့္ေနၿပီး ခန္႔မင္းေနာင္ကလည္း ရေဝခ်မ္းကို ႏူးႏူးညံ့ညံ့ၾကည့္ကာ တစ္စုံတစ္ခုကိုအသံမထြက္ဘဲ ႏႈတ္ခမ္းလႈပ္႐ုံေလးသာေျပာေနသည္။

“အရမ္းခ်စ္တယ္”

Edited on 6.11.2021

•••••••••••••

Continue Reading

You'll Also Like

4.4K 470 3
ဒီအဖြူ​​ကောင်လေးနဲ့​တော့ ခက်​တော့တာပါပဲ.... #RaindropsOnAugust
566K 45.4K 43
အချစ်ဆိုတာ တစ်သက်လုံးနေလာတဲ့ cool guy type ကြီးကနေ ခဏချင်း cute boy typeကိုပြောင်းသွားစေတာမျိုး
1.7M 111K 166
Choose me or Lose me ? I don't want to be your second CHOICE ! Start Date : 4th Feb 2022 End Date : 4th Nov 2022
445K 16.7K 45
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...