Part-2

3.3K 411 50
                                    

Unicode Version

"သား ရောက်တာတောင်တစ်ပတ်ပြည့်တော့မယ်။ အိမ်ထဲမှာပဲအောင်းနေတော့မလို့လား"

စရောက်သောနေ့ကတည်းက ယခုထိအိမ်ထဲမှာပင် အကျဥ်းကျနေသည့်လူတစ်ယောက်လို ကိုယ့်ကိုယ်ကိုယ်ပိတ်လှောင်ထားသော ခန့်မင်းနောင်ကိုကြည့်၍ စိတ်မသက်မသာဖြစ်ရသော သူ၏မိခင်က အပြင်ထွက်ပြီး ဟိုဟိုသည်သည်လမ်းလျှောက်ထွက်ဖို့ပြောသော်လည်း ခန့်မင်းနောင်မှာ တုတ်တုတ်မျှမလှုပ်ပေ။

"သားအပေါ် သစ္စာမရှိတဲ့လူတစ်ယောက်အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ်စိတ်ဒုက္ခပေးနေတာကတော့ မတန်ပါဘူး သားရယ်"

"ကျွန်တော် ဒီအတိုင်းလေးပဲ ဘာမှလုပ်ချင်စိတ်မရှိသေးလို့ပါ"

ခန့်မင်းနောင်၏ ခံစားချက်ကင်းမဲ့သော အမူအရာများကိုကြည့်ကာ သူ၏အမေနှင့်အဖေမှာလည်း စိတ်မချမ်းသာလှပေ။ ပုံမှန်ဆိုလျှင် သူတို့သားမှာ အားလပ်ချိန်တိုင်းတွင် စာရေးနေတတ်သည်ကို သူတို့သိထားသည်။ သို့သော် ယခုတော့ဖြင့် သူတို့သားဟာ စာရေးဖို့ပင်မဆိုထားနှင့်။ ဘာကိုမှပင်မတွေးတောချင်သည့်ပုံစံပေါက်နေသဖြင့် သူတို့မှာ သားဖြစ်သူကိုကြည့်ပြီး အားမလိုအားမရဖြစ်ရသည်။

သူတို့သားကို လန်းလန်းဆန်းဆန်းဖြစ်လာစေရန် လင်မယားနှစ်ယောက်တိုင်ပင်နေကြသည်မှာ သားဖြစ်သူကိုအလုပ်တစ်ခုတော့ပေးထားမှဖြစ်မည်ဟူသောအတွေး မဝင်ခင်အထိပင်။

"အလုပ်ထဲကိုစိတ်နှစ်ထားမှ ခံစားရတာလည်း အနည်းနဲ့အများသက်သာမှာ"

"ဒါပေမဲ့ သားကလုပ်ချင်စိတ်ရှိဦးမှလေ။ သူက ကျုပ်တို့ရွာကအလုပ်ကြမ်းတွေမလုပ်နိုင်လောက်ဘူး။ လုပ်နိုင်ရင်တောင် ကျုပ်ကတော့ လုပ်ခွင့်မပေးချင်ပါဘူး"

"ငါကလည်း အဲ့လိုအလုပ်တွေခိုင်းပါ့မလားဟ။ သူ့ကိုစာပြခိုင်းမလို့"

"စာသင်ပေးမှာလား။ ဘယ်သူ့ကိုလဲ"

"ဟိုတလောက ပိုင်သူကသူ့သားအတွက်special guide ရှာနေတယ်လို့ပြောတယ်။ သူ့သားအငယ်လေးလေ..ဒီနှစ်ဆယ်တန်းတက်ရမှာ"

Falling In Love With the Most Admired PersonOpowieści tętniące życiem. Odkryj je teraz