ဒေါ်မဟေသီစိုးကတော့ စစ်မဟာအိမ်ပြန်လာမှာ ကိုရိပ်မိပြီး သူ့ရဲ့အကြံအစည်တွေကို အကောင်အထည်ဖော်ဖို့ လုပ်ငန်းစပြန်တယ်။
အိမ်တော်ထိန်းကလွဲပြီး ကျန်တာ သူ့လူတွေချည်းပဲ...
အိပ်ယာထဲက မထချင်သေးတဲ့ လွန်းကို မနည်းခေါ်နှိုးလိုက်ပြီး ရေသေချာချိုးပေးရတဲ့ စစ်မဟာ...
"Baby..ရေချိုးပြီးရင် မနက်စာလေးတခုခုတော့စားပါကွာ..ပြီးမှ ကားပေါ်အိပ်ပြီးလိုက်ခဲ့လေ. နော်။''
"အဲ့ဒါကိုကို့ကြောင့်လေ...တကိုယ်လုံးကိုက်ခဲနာကျင်နေတာပဲ..မတရားတွေလုပ်ထားလို့.."
''ကဲ..ဟုတ်ပါပြီဗျာ.. ကျွန်တော်မျိုးကြီးမှားပါတယ်..အဲ့ဒီအတွက် တခုခုစားပြီး ကားပေါ်ကစောင့်နေ...ကိုယ်ရေချိုးလိုက်အုံးမယ် မကြာဘူး။''
"ပြီးရော...နှာဘူးကြီး.."
မကြားတကြားပြောသွားတဲ့ လွန်းကြောင့်
ရေချိုးခန်းထဲက ခေါင်းပြူကြည့်ရင်း..
''Baby ဘာပြောလိုက်တယ်..."
"ဘာမှမဟုတ်ဘူး.. မြန်မြန်ချိုးအုံး"
"အင်းပါကွာ... baby ပွစိရဲ့..."
"ဦးစစ်မဟာ..ပန်ကန်ပြားပျံလိုချင်လို့လား.."
"မလုပ်လိုက်ပါနဲ့ မလွန်းခေတ်ရယ်..ကျွန်တော်မျိုးကြီး ဘာမှမပြောတော့ပါဘူး ခင်ဗျ..."
အောင်နိုင်သူအပြုံးကြီးနဲ့ လွန်းကတော့
သူ့လင်ကို နိုင်ပုံက အဲ့လို...
အိပ်ယာထက်က ကိစ္စဆိုရင်တော့ သူကကြောက်ရတယ်..စစ်မဟာကို ကွာခြားပုံက
အဲ့လိုမျိုး...
ရေခဲသေတ္တာထဲက နို့ဘူးထုတ်လိုက်ပြီး ဖန်ခွက်နှစ်ခွက်ထဲ လောင်းထည့်ပစ်လိုက်တယ်..ပြီးတော့ ပေါင်မုန် လေးငါးချပ်လောက်ကို ပေါင်မုန့်မီးကင်စက်ထဲ ထည့်ထားလိုက်ပြီး လွန်းကတော့ ကြက်ဉဆက်ကြော်နေပြန်ရော...
အားလုံးပြီးစီးလို့ အောက်ထပ်ဆင်းလာတဲ့
စစ်မဟာ သူ့ကလေးရဲ့ မနက်စာပြင်ဆင်ထားမှုကိုကြည့်ပြီး..
''ဝါးးးး..ကိုယ့်အကြိုက်ပြင်ပေးထါးတယ်ပေါ့
လိမ္မာလိုက်တဲ့ baby လေး..."
"စကားမများနဲ့ စားစရာရှိတာစား..."
"ဟောဗျာ.. ချီးမွမ်းလို့တောင်မရဘူးပေါ့.."
"မရဘူး.."
နှစ်ယောက်သားစားသောက်ပြီးလို့ စစ်မဟာ နဲ့လွန်းတို့ "မင်းမဟာစံအိမ်ကြီး"
ရှိရာကို ထွက်လာခဲ့တော့တယ်။
"Baby သီချင်းနားထောင်မလား..ကိုယ်ဖွင့်ပေးမယ်လေ.."
"ဟင့်အင်း..baby အိပ်မလို့ မဖွင့်နဲ့တော့
ရောက်ရင်နှိုးနော် ကိုကို.."
"အင်းပါ..အိပ်ချင်ရင် အိပ်တော့လေ."
"ဟုတ်..."
စစ်မဟာကတော့ ကားဆက်မောင်းနေခဲ့တယ်..ဘေးကသူ့ကလေးကတော့ မျက်နှာလေးပေါ် ဦးထုပ်အုပ်ပြီး အိပ်နေရှာတယ်။
'ဒီကလေးနဲ့ သူ့ရဲ့ဆက်ဆံရေးကဒီလောက်ထိ ချောမွေ့သွားမယ်လို့ သူထင်မထားမိ..
လွယ်လွယ်နဲ့ သူ့ကိုလက်ခံပေးလါတဲ့ကလေးက အရမ်းသဘောထားပြည့်ဝလှပြီး သူ့အပေါ်အလိုလိုက်ချစ်ပေးခဲ့ပြန်တယ်။
ရှေ့ဆက်လည်း ကလေးက သူ့ဘဝပဲဖြစ်နေမှာမို့..ကလေးရဲ့အပြုံးမျက်နှာလေးကိုပဲ
သူမြင်နေချင်တယ်။'
ခုတလော သုတရဲ့သတင်းကလည်းမရ..
ကလေးက.. ပိုသိချင်ရှာမှာပေါ့ သူ့ညီငယ်လေးကို သူလည်းချစ်ရှာမှာပေါ့...
ဒီလိုနဲ့ အနက်ရောင်ကားလေးတစ်စီးအရှိန်မြန်နှုန်းလေးနဲ့ မှော်ဘီဘက် ခရီးဆက်ခဲ့လေပြီ။
သိပ်မကြာခင်မှာပဲ စိမ်းစိုနေတဲ့ သစ်ပင်တန်းတွေကို ဖြတ်လို့အပြီး ကျယ်ဝန်းလှတဲ့ ခြံကျယ်ကြီးတခုထဲ ကားနက်လေးတစ်စီးဝင်ရောက်လာတော့သည်။
"မင်းမဟာစံအိမ်..."
စံပယ်ဖြူပန်းတွေနဲ့ သစ်ခွအလှပန်းတွေစိုက်ပျိုးထားတဲ့ ဒီစံအိမ်ကြီးက ခမ်းနားမှုတွေရှိနေပေမဲ့ အထီးကျန်နေသလိုပဲ။
အိမ်ရှေ့ ကားရပ်သံကြားလို့ ဒေါ်မဟေသီစိုး.. အိမ်ထဲမှ ထွက်လို့လာခဲ့တယ်..
"ဟော်...ကိုစစ်တောင်ပြန်လာပြီပဲ..
အိမ်ထဲဝင်လေ.."
စစ်မဟာကတော့ ဘာစကားမှမပြောပဲ
အိပ်ပျော်နေတဲ့ သူ့ကလေးကို ပွေ့ချီလိုက်ကာ.. အိမ်ထဲဝင်သွားပါလေရဲ့...
"ကိုစစ်..သူက.."
"ခင်ဗျား စပ်စုလှချည်းလား..
သူက ကျွန်တော်နဲ့လက်ထပ်ထားတဲ့လွန်းခေတ် မှတ်ထား..."
စကားသံအနည်းငယ်မာသွားတဲ့ စစ်မဟာကို နောက်ကကြည့်ပြီး မျက်ဝန်းတွေထဲ
ခက်ထန်နေတဲ့သူမ။
'ဟုတ်လား..စစ်မဟာ..မင်းချစ်တဲ့သူကို
ငါဘယ်လို အကွက်ချ သတ်ပြမလဲဆိုတာ
မကြာခင်သိရလိမ့်မယ်.. ဟားဟားဟား'
သူမရင်ထဲ စကားလုံးတွေပြင်ဆင်နေပေမဲ့
လက်တွေ့မှာတော့ တဖက်ကစကားသံကြောင့် သူမခံပြင်းနေခဲ့တယ်။
စစ်မဟာ သူအရင်နေခဲ့တဲ့ အခန်းထဲ သူ့ကလေးကို သေချာသိပ်ထားခဲ့ပြီး..
အဖေဖြစ်သူရှိတဲ့အခန်းထဲ ဝင်လာခဲ့မိတယ်။
အိပ်ယာထဲလဲနေတဲ့ အဖေဖြစ်သူမှာတော့
အရင်လို ပြည့်ဖြိုးမနေခဲ့..
မျက်တွင်းဟောက်ပက်နဲ့ အရိုးပေါ်အရည်တင်နေတဲ့ရုပ်ရည်..နောက် အသက်ရှူမရတဲ့အတွက် အသက်ရှူလို့ရတဲ့ ကရိယာ
အကူအညီနဲ့ အသက်ဆက်နေရပုံ။
သူအိမ်မပြန်တဲ့ လတွေအတွင်းမှာ သူ့အဖေရဲ့ကျန်းမာရေးအခြေအနေက ရုတ်ချည်ကျဆင်းသွားရတာ သွေးရိုးသားရိုးမဟုတ်နိုင်တာ စစ်မဟာရိပ်မိသလိုပဲ..
အထူးသဖြင့် ဟို မိန်းမကို လုံးဝအယုံအကြည်မရှိခြင်းပဲ..
အိမ်တော်ထိန်းကြီးကို စျေးဝယ်ခိုင်းကာ
ပလွှတ်ထားတဲ့ သူမ..
အခုစံအိမ်ကြီးထဲမှာ သူ့လူတွေချည်းပဲမို့
သူမရဲ့အရိပ်အခြေကို စောင့်ကြည့်နေကြခြင်း..လက်အောက်ငယ်သားများက အရိပ်အကဲအတိုင်း သူ့နေရာနဲ့သူ အလုပ်လုပ်နေခဲ့တယ်။
စစ်မဟာ သူ့အဖေရဲ့ဆေးတွေကို ကြည့်မိပြန်တော့..သူ့အဖေ အရင်က သောက်နေကျဆေးတွေပဲ..
ဘာခြေရာလက်ရာမှ မတွေ့..
ဒါနဲ့..သူအသံဖမ်းစက်ငယ်လေးတခုကို
မီးအိမ်ငယ်ဘေးက အစွန်းနားကပ်ထားခဲ့ပြီး ဟိုမိန်းမရဲ့ မျက်နှာဖုံးကို ခွာချဖို့ရာ
စီမံထားခဲ့ပြန်တယ်။
ဉီးအောင်ထွန်းကတော့ ဆေးအရှိန်နဲ့ အိပ်ပျော်နေတာကြောင့် စစ်မဟာ လာသွားမှန်းမသိခဲ့ပေ။
ဒေါ်မဟေသီစိုး.. စစ်မဟာနဲ့ စကားပြောနိုင်အောင် နည်းလမ်းရှာနေပြန်ပြီလေ..
သူမဘယ်လို ဆေးခတ်ရမလဲ ကြံစည်နေခြင်းပါ။
လွန်းအထင်လွဲအောင် သူမဘက်ကလုပ်နိုင်ဖို့က အရေးကြီးတဲ့ အချက်မို့..
ဒီနေ့ည အစားအသောက်တွေထဲ ဆေးခတ်
ခိုင်းခဲ့တယ်။
mp Rockeain
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
Zawgyi
ေဒၚမေဟသီစိုးကေတာ့ စစ္မဟာအိမ္ျပန္လာမွာ ကိုရိပ္မိၿပီး သူ႕ရဲ႕အႀကံအစည္ေတြကို အေကာင္အထည္ေဖာ္ဖို႔ လုပ္ငန္းစျပန္တယ္။
အိမ္ေတာ္ထိန္းကလြဲၿပီး က်န္တာ သူ႕လူေတြခ်ည္းပဲ...
အိပ္ယာထဲက မထခ်င္ေသးတဲ့ လြန္းကို မနည္းေခၚႏွိုးလိုက္ၿပီး ေရေသခ်ာခ်ိဳးေပးရတဲ့ စစ္မဟာ...
"Baby..ေရခ်ိဳးၿပီးရင္ မနက္စာေလးတခုခုေတာ့စားပါကြာ..ၿပီးမွ ကားေပၚအိပ္ၿပီးလိုက္ခဲ့ေလ. ေနာ္။''
"အဲ့ဒါကိုကို႔ေၾကာင့္ေလ...တကိုယ္လုံးကိုက္ခဲနာက်င္ေနတာပဲ..မတရားေတြလုပ္ထားလို႔.."
''ကဲ..ဟုတ္ပါၿပီဗ်ာ.. ကြၽန္ေတာ္မ်ိဳးႀကီးမွားပါတယ္..အဲ့ဒီအတြက္ တခုခုစားၿပီး ကားေပၚကေစာင့္ေန...ကိုယ္ေရခ်ိဳးလိုက္အုံးမယ္ မၾကာဘူး။''
"ၿပီးေရာ...ႏွာဘူးႀကီး.."
မၾကားတၾကားေျပာသြားတဲ့ လြန္းေၾကာင့္
ေရခ်ိဳးခန္းထဲက ေခါင္းျပဴၾကည့္ရင္း..
''Baby ဘာေျပာလိုက္တယ္..."
"ဘာမွမဟုတ္ဘူး.. ျမန္ျမန္ခ်ိဳးအုံး"
"အင္းပါကြာ... baby ပြစိရဲ႕..."
"ဦးစစ္မဟာ..ပန္ကန္ျပားပ်ံလိုခ်င္လို႔လား.."
"မလုပ္လိုက္ပါနဲ႕ မလြန္းေခတ္ရယ္..ကြၽန္ေတာ္မ်ိဳးႀကီး ဘာမွမေျပာေတာ့ပါဘူး ခင္ဗ်..."
ေအာင္နိုင္သူအၿပဳံးႀကီးနဲ႕ လြန္းကေတာ့
သူ႕လင္ကို နိုင္ပုံက အဲ့လို...
အိပ္ယာထက္က ကိစၥဆိုရင္ေတာ့ သူကေၾကာက္ရတယ္..စစ္မဟာကို ကြာျခားပုံက
အဲ့လိုမ်ိဳး...
ေရခဲေသတၱာထဲက နို႔ဘူးထုတ္လိုက္ၿပီး ဖန္ခြက္ႏွစ္ခြက္ထဲ ေလာင္းထည့္ပစ္လိုက္တယ္..ၿပီးေတာ့ ေပါင္မုန္ ေလးငါးခ်ပ္ေလာက္ကို ေပါင္မုန့္မီးကင္စက္ထဲ ထည့္ထားလိုက္ၿပီး လြန္းကေတာ့ ၾကက္ဉဆက္ေၾကာ္ေနျပန္ေရာ...
အားလုံးၿပီးစီးလို႔ ေအာက္ထပ္ဆင္းလာတဲ့
စစ္မဟာ သူ႕ကေလးရဲ႕ မနက္စာျပင္ဆင္ထားမႈကိုၾကည့္ၿပီး..
''ဝါးးးး..ကိုယ့္အႀကိဳက္ျပင္ေပးထါးတယ္ေပါ့
လိမၼာလိုက္တဲ့ baby ေလး..."
"စကားမမ်ားနဲ႕ စားစရာရွိတာစား..."
"ေဟာဗ်ာ.. ခ်ီးမြမ္းလို႔ေတာင္မရဘူးေပါ့.."
"မရဘူး.."
ႏွစ္ေယာက္သားစားေသာက္ၿပီးလို႔ စစ္မဟာ နဲ႕လြန္းတို႔ "မင္းမဟာစံအိမ္ႀကီး"
ရွိရာကို ထြက္လာခဲ့ေတာ့တယ္။
"Baby သီခ်င္းနားေထာင္မလား..ကိုယ္ဖြင့္ေပးမယ္ေလ.."
"ဟင့္အင္း..baby အိပ္မလို႔ မဖြင့္နဲ႕ေတာ့
ေရာက္ရင္ႏွိုးေနာ္ ကိုကို.."
"အင္းပါ..အိပ္ခ်င္ရင္ အိပ္ေတာ့ေလ."
"ဟုတ္..."
စစ္မဟာကေတာ့ ကားဆက္ေမာင္းေနခဲ့တယ္..ေဘးကသူ႕ကေလးကေတာ့ မ်က္ႏွာေလးေပၚ ဦးထုပ္အုပ္ၿပီး အိပ္ေနရွာတယ္။
'ဒီကေလးနဲ႕ သူ႕ရဲ႕ဆက္ဆံေရးကဒီေလာက္ထိ ေခ်ာေမြ႕သြားမယ္လို႔ သူထင္မထားမိ..
လြယ္လြယ္နဲ႕ သူ႕ကိုလက္ခံေပးလါတဲ့ကေလးက အရမ္းသေဘာထားျပည့္ဝလွၿပီး သူ႕အေပၚအလိုလိုက္ခ်စ္ေပးခဲ့ျပန္တယ္။
ေရွ႕ဆက္လည္း ကေလးက သူ႕ဘဝပဲျဖစ္ေနမွာမို႔..ကေလးရဲ႕အၿပဳံးမ်က္ႏွာေလးကိုပဲ
သူျမင္ေနခ်င္တယ္။'
ခုတေလာ သုတရဲ႕သတင္းကလည္းမရ..
ကေလးက.. ပိုသိခ်င္ရွာမွာေပါ့ သူ႕ညီငယ္ေလးကို သူလည္းခ်စ္ရွာမွာေပါ့...
ဒီလိုနဲ႕ အနက္ေရာင္ကားေလးတစ္စီးအရွိန္ျမန္ႏႈန္းေလးနဲ႕ ေမွာ္ဘီဘက္ ခရီးဆက္ခဲ့ေလၿပီ။
သိပ္မၾကာခင္မွာပဲ စိမ္းစိုေနတဲ့ သစ္ပင္တန္းေတြကို ျဖတ္လို႔အၿပီး က်ယ္ဝန္းလွတဲ့ ၿခံက်ယ္ႀကီးတခုထဲ ကားနက္ေလးတစ္စီးဝင္ေရာက္လာေတာ့သည္။
"မင္းမဟာစံအိမ္..."
စံပယ္ျဖဴပန္းေတြနဲ႕ သစ္ခြအလွပန္းေတြစိုက္ပ်ိဳးထားတဲ့ ဒီစံအိမ္ႀကီးက ခမ္းနားမႈေတြရွိေနေပမဲ့ အထီးက်န္ေနသလိုပဲ။
အိမ္ေရွ႕ ကားရပ္သံၾကားလို႔ ေဒၚမေဟသီစိုး.. အိမ္ထဲမွ ထြက္လို႔လာခဲ့တယ္..
"ေဟာ္...ကိုစစ္ေတာင္ျပန္လာၿပီပဲ..
အိမ္ထဲဝင္ေလ.."
စစ္မဟာကေတာ့ ဘာစကားမွမေျပာပဲ
အိပ္ေပ်ာ္ေနတဲ့ သူ႕ကေလးကို ေပြ႕ခ်ီလိုက္ကာ.. အိမ္ထဲဝင္သြားပါေလရဲ႕...
"ကိုစစ္..သူက.."
"ခင္ဗ်ား စပ္စုလွခ်ည္းလား..
သူက ကြၽန္ေတာ္နဲ႕လက္ထပ္ထားတဲ့လြန္းေခတ္ မွတ္ထား..."
စကားသံအနည္းငယ္မာသြားတဲ့ စစ္မဟာကို ေနာက္ကၾကည့္ၿပီး မ်က္ဝန္းေတြထဲ
ခက္ထန္ေနတဲ့သူမ။
'ဟုတ္လား..စစ္မဟာ..မင္းခ်စ္တဲ့သူကို
ငါဘယ္လို အကြက္ခ် သတ္ျပမလဲဆိုတာ
မၾကာခင္သိရလိမ့္မယ္.. ဟားဟားဟား'
သူမရင္ထဲ စကားလုံးေတြျပင္ဆင္ေနေပမဲ့
လက္ေတြ႕မွာေတာ့ တဖက္ကစကားသံေၾကာင့္ သူမခံျပင္းေနခဲ့တယ္။
စစ္မဟာ သူအရင္ေနခဲ့တဲ့ အခန္းထဲ သူ႕ကေလးကို ေသခ်ာသိပ္ထားခဲ့ၿပီး..
အေဖျဖစ္သူရွိတဲ့အခန္းထဲ ဝင္လာခဲ့မိတယ္။
အိပ္ယာထဲလဲေနတဲ့ အေဖျဖစ္သူမွာေတာ့
အရင္လို ျပည့္ၿဖိဳးမေနခဲ့..
မ်က္တြင္းေဟာက္ပက္နဲ႕ အရိုးေပၚအရည္တင္ေနတဲ့႐ုပ္ရည္..ေနာက္ အသက္ရႉမရတဲ့အတြက္ အသက္ရႉလို႔ရတဲ့ ကရိယာ
အကူအညီနဲ႕ အသက္ဆက္ေနရပုံ။
သူအိမ္မျပန္တဲ့ လေတြအတြင္းမွာ သူ႕အေဖရဲ႕က်န္းမာေရးအေျခအေနက ႐ုတ္ခ်ည္က်ဆင္းသြားရတာ ေသြးရိုးသားရိုးမဟုတ္နိုင္တာ စစ္မဟာရိပ္မိသလိုပဲ..
အထူးသျဖင့္ ဟို မိန္းမကို လုံးဝအယုံအၾကည္မရွိျခင္းပဲ..
အိမ္ေတာ္ထိန္းႀကီးကို ေစ်းဝယ္ခိုင္းကာ
ပလႊတ္ထားတဲ့ သူမ..
အခုစံအိမ္ႀကီးထဲမွာ သူ႕လူေတြခ်ည္းပဲမို႔
သူမရဲ႕အရိပ္အေျခကို ေစာင့္ၾကည့္ေနၾကျခင္း..လက္ေအာက္ငယ္သားမ်ားက အရိပ္အကဲအတိုင္း သူ႕ေနရာနဲ႕သူ အလုပ္လုပ္ေနခဲ့တယ္။
စစ္မဟာ သူ႕အေဖရဲ႕ေဆးေတြကို ၾကည့္မိျပန္ေတာ့..သူ႕အေဖ အရင္က ေသာက္ေနက်ေဆးေတြပဲ..
ဘာေျခရာလက္ရာမွ မေတြ႕..
ဒါနဲ႕..သူအသံဖမ္းစက္ငယ္ေလးတခုကို
မီးအိမ္ငယ္ေဘးက အစြန္းနားကပ္ထားခဲ့ၿပီး ဟိုမိန္းမရဲ႕ မ်က္ႏွာဖုံးကို ခြာခ်ဖိဳ႕ရာ
စီမံထားခဲ့ျပန္တယ္။
ဉီးေအာင္ထြန္းကေတာ့ ေဆးအရွိန္နဲ႕ အိပ္ေပ်ာ္ေနတာေၾကာင့္ စစ္မဟာ လာသြားမွန္းမသိခဲ့ေပ။
ေဒၚမေဟသီစိုး.. စစ္မဟာနဲ႕ စကားေျပာနိုင္ေအာင္ နည္းလမ္းရွာေနျပန္ၿပီေလ..
သူမဘယ္လို ေဆးခတ္ရမလဲ ႀကံစည္ေနျခင္းပါ။
လြန္းအထင္လြဲေအာင္ သူမဘက္ကလုပ္နိုင္ဖို႔က အေရးႀကီးတဲ့ အခ်က္မို႔..
ဒီေန႕ည အစားအေသာက္ေတြထဲ ေဆးခတ္
ခိုင္းခဲ့တယ္။
mp Rockeain