ချစ်ခြင်း၏စီးဆင်းရာ [Complete...

Od AnnaXiao105

157K 12.3K 271

WangYiBo [&] XiaoZhan Viac

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Ep-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-18
Part-19
Part-20
Part-21
Part-22
Part-23(Final)

Part-17

4.3K 385 7
Od AnnaXiao105

ခ်စ္ျခင္း၏စီးဆင္းရာ Ep-17


Zawgyi


  Beijingေရာက္ေတာ့ မိုးလင္းေနေခ်ၿပီ။

  ဤသို႔ျဖင့္ ရီေပၚကားကို မရပ္တန္းေမာင္းၿပီး Beijingသို႔ ေခ်ာေမာစြာေရာက္ခဲ့သည္။ ေ႐ွာင္က်န္႔က ရီေပၚနံေဘးတြင္ မ်က္ႏွာငယ္ကေလးႏွင့္ လိုက္ပါလာသည္မွာ Beijingေရာက္သည္အထိပင္။ ရီေပၚတိုက္ေ႐ွ႕မွာ ကားကိုရပ္လိုက္သည္ႏွင့္ ေ႐ွာင္က်န္႔က ကားေပၚမွ ေပါ့ပါးလ်င္ျမန္စြာ ဆင္းသြား၏။

  "မား"

  "သားေလး"

  အိမ္ေပါက္ဝတြင္ အသင့္ေစာင့္ေနေသာ မား၏ရင္ခြင္ထဲသို႔ တိုးဝင္ၿပီး   တအိအိႏွင့္ငိုေလေတာ့သည္။

  ေဒၚရီ႐ႈဟန္က ေ႐ွာင္က်န္႔ေခါင္းကို ခပ္ဖြဖြပြတ္၍.....

  "မငိုပါနဲ႔ သားေလးရယ္၊ အခုျပန္ေတြ႔ၾကၿပီပဲကြယ္၊ ၾကည့္စမ္း ပိန္သြားလိုက္တာ ကေလးရယ္"

  "က်န္႔က်န္႔က မားကို အရမ္းသတိရေနတာ"

  "ဟုတ္ပါၿပီကြယ္၊ ကဲ လာ၊ လာ ဧည့္ခန္းမွာထိုင္ၾက မတ္တပ္ႀကီး၊ သားလည္း ခရီးပန္းလာၿပီ နားနားေနေန ေနလိုက္ဦး သားႀကီး"

  "ဟုတ္ကဲ့ မား"

  မားက အေၾကာင္းအရာမသိ၊ သူ ဘာမွမေျပာေတာ့ဘဲ ေနလိုက္သည္။ ေကာင္ကေလးကိုလည္း မေျပာနဲ႔ဟူေသာ သေဘာျဖင့္ တစ္ခ်က္လွမ္းၾကည့္ေတာ့၊ ေကာင္ကေလးက သူဆိုလိုသည္ကို နားလည္သေဘာေပါက္ေသာ မ်က္ဝန္းျဖင့္ တုန္႔ျပန္ေလ၏။ ထို႔ေၾကာင့္ သူ စိတ္ခ်လက္ခ်ျဖင့္ အိပ္ခန္းထဲသို႔ ဝင္လာၿပီး၊ ခုတင္ထက္တြင္ ေျခပစ္လက္ပစ္လွဲခ်လိုက္ေတာ့သည္။

  လူတစ္ကိုယ္လုံး ကိုင္႐ိုက္ထားသကဲ့သို႔ ပင္ပန္းႏြမ္းနယ္ေနေလၿပီ။

  ထို႔ေနာက္ သူအိပ္ေပ်ာ္သြား၏။

  အိပ္မက္ထဲတြင္ သူရယ္၊ ကေလးရယ္ ေပ်ာ္ရႊင္ေနေလသည္။
 
  "ေဒါက္...ေဒါက္"

  တံခါးေခါက္သံေၾကာင့္ သူ လန္႔ႏိုးသြားရသည္။ နာရီကိုၾကည့္ေတာ့ ညေန(6:00)ျဖစ္ေနေခ်ေလၿပီ။

  "ဦး၊ ဦး ထေတာ့"

  "လာၿပီ ကေလး"

  "ထမင္းစားရေအာင္ (6:00)ေတာင္ထိုးေနၿပီ"

  "ေအးပါ၊ ဦး ေရခ်ိဳးလိုက္ဦးမယ္၊ ထမင္းစားခန္းထဲက ေစာင့္ေနေနာ္"

  "ဟုတ္ကဲ့ ျမန္ျမန္လုပ္ေနာ္၊ မားပါ ေစာင့္ေနတယ္"

  သူ ေရခ်ိဳးလိုက္ရ၍ အနည္းငယ္ လန္းဆန္းသြားသည္။

  အင္း...ေကာင္ကေလးရဲ႕ အသံေၾကာင့္ဆို ပိုမွန္မွာေပါ့

  ထိုအေတြးေလးေၾကာင့္ ျပံဳးမိလိုက္၏။

  "ကဲ၊ သား လာ ထမင္းစားမယ္"

  မစားရတာၾကာၿပီျဖစ္ေသာ အိမ္ထမင္း၊ အိမ္ဟင္းေၾကာင့္ေရာ ပင္ပန္းထားတာေၾကာင့္ပါ သူ ထမင္းစားရတာ ခံတြင္းေတြ႔လွသည္။

  ထမင္းစားၿပီးေတာ့ မားက သူႏွင့္ေကာင္ကေလးကို အိမ္ေ႐ွ႕သို႔ေခၚ၏။

  "ထိုင္ၾက သားတို႔ မား ေျပာစရာ႐ွိလို႔"

  မားက တည္တည္ၿငိမ္ၿငိမ္ေလးေျပာေတာ့ သူတို႔ႏွစ္ေယာက္ မားရဲ႕စကားကို အေလးအနက္နားေထာင္ၾကရသည္။

  "ဒီလို သားတို႔ရဲ႕ မားကေတာ့ ဒီကသားေလးကို သားအရင္းလိုခ်စ္တယ္၊ သားေလးကလည္း မားကို မိခင္အရင္းတစ္ေယာက္လို ခ်စ္ခင္တယ္မလား"

  "ဟုတ္ကဲ့ က်န္႔က်န္႔ငယ္ငယ္ကတည္းက မိခင္ေမတၱာငတ္ခဲ့သူဆိုေတာ့ မားကို မိခင္အရင္းတစ္ေယာက္လို သေဘာထားၿပီး ခ်စ္ခင္မိပါတယ္"

  ေ႐ွာင္က်န္႔က လိႈက္လိႈက္လွဲလွဲျပန္ေျဖသည္ေၾကာင့္ ရီေပၚ ေက်နပ္ရပါသည္။

  "ဒါဆိုရင္ သားေလးကို မားက အပိုင္လိုခ်င္လို႔ သားတို႔ကို ေနရာခ်ထားေပးခ်င္တယ္ဆိုရင္ သားေလး လက္ခံမလား"

  "ဟင္"

  တဲ့တိုးေျပာလိုက္ေသာ မားရဲ႕စကားေၾကာင့္ သူေရာေကာင္ကေလးပါ မ်က္ႏွာမထားတတ္ေအာင္ ျဖစ္သြားရသည္။

  "မားကလည္း"

  "ဘာလဲ မင္းက သေဘာမက်လို႔လား"

  "မဟုတ္ပါဘူး မားရာ"

  မားကို သူ ပ်ာပ်ာသလဲျပန္ေျဖေတာ့၊ မားက ေကာင္ကေလးကို ထပ္ေမးေန၏။

  "ဟင္...သားေလး မားမ်က္စိမမွိတ္ခင္ သားေလးကိုမားသမက္ေလးအျဖစ္ ျမင္ခ်င္လို႔၊ သားကိုလည္း စိတ္ခ်သြားခ်င္တယ္ကြယ္"

  "ဟင္၊ မားကလည္း နိမိတ္မ႐ွိတာေတြ ေျပာေနျပန္ၿပီ"

  ေကာင္ကေလးက မားကို ပ်ာပ်ာသလဲဝင္ေျပာေတာ့၊ မားႏွင့္ ဒီေကာင္ကေလးခ်စ္ခင္ေလ သူ ၾကည္ႏူးရေလျဖစ္ရသည္။

  "ကဲ ေျပာပါ သားေလးရဲ႕"

  ေကာင္ကေလးက မ်က္လႊာေလးခ်ကာ.....

  "သား အခုခ်က္ခ်င္းေတာ့ အေျဖမေပးႏိုင္တာ ခြင့္လႊတ္ပါမားရယ္၊ မားသိတဲ့အတိုင္းပဲ ျပႆနာေတြနဲ႔မလား၊ အဲဒီျပႆနာေတြကို ေျဖ႐ွင္းၿပီးမွ အိမ္ေထာင္ေရးကို ေအးေအးေဆးေဆး စဥ္းစားပါရေစ"

  ေ႐ွာင္က်န္႔က အလိမၼာေလးႏွင့္ျပန္ေျဖ၍ ရီေပၚ ရင္ေမာသြားရျပန္သည္။

  "ေအးေလ၊ အိမ္ေထာင္ေရးဆိုေတာ့လည္း သားေလးသေဘာေပါ့၊ မားကေတာ့ အတင္းႀကီးမတိုက္တြန္းခ်င္ပါဘူး၊ ဒါေပမဲ့ မားသားကေတာ့ သားေလးအျမင္ပဲ သူ႔အတြက္ မား အစစအရာရာအာမခံပါတယ္"

  "ဟုတ္ပါတယ္ မားရယ္၊ သားရဲ႕ ျပႆနာေတြကို အရင္႐ွင္းပါရေစ၊ ၿပီးတာနဲ႔ သားအေျဖေပးပါ့မယ္"

  ေ႐ွာင္က်န္႔၏ စကားေၾကာင့္ ေဒၚရီ႐ႈဟန္ ထိုကိစၥကို စကားမဆက္ေတာ့ဘဲ တျခားအေၾကာင္းအရာေတြကိုသာ ေျပာင္းေျပာေလေတာ့သည္။ ရီေပၚ နားလည္ရခက္ေသာ ေ႐ွာင္က်န္႔ကို ေငးၾကည့္ရင္း ရင္ေမာရ၏။ ခဏအၾကာ ေဒၚရီ႐ႈဟန္က အိပ္ခ်င္သည္ဟုအေၾကာင္းျပ၍ အခန္းထဲဝင္သြားေတာ့သည္။ ရီေပၚႏွင့္ ေ႐ွာင္က်န္႔သာ ဧည့္ခန္းထဲတြင္ တိတ္တိတ္ဆိတ္ဆိတ္က်န္ရစ္ခဲ့၏။

  "ကေလး"

  "....."

  "ကေလး"

  "....."

  "ေဟာဗ်ာ ေခၚတာလည္းမထူးပါလား"

  "ခင္ဗ်ား မားကို ဘာေတြသြားေျပာထားလဲ၊ ခင္ဗ်ားေျပာလို႔ မားက ကြၽန္ေတာ့္ကို..."

  "ဟာ...ကေလး ကိုယ့္ကိုအထင္မလြဲပါနဲ႔၊ ကိုယ္ မားကို ဘာမွမေျပာထားဘူး"

  ရီေပၚ ေ႐ွာင္က်န္႔၏ စကားမဆံုးခင္မွာပင္ ပ်ာပ်ာသလဲေျဖ႐ွင္းခ်က္ ေပးလိုက္သည္။ ေ႐ွာင္က်န္႔က ရီေပၚ့ကို ဘာမွထပ္မေျပာေပမယ့္ မ်က္ႏွာေလးက စူပုပ္ေန၏။

  "ကေလး ကိုယ့္ကိုစိတ္ဆိုးေနတာလား၊ ကိုယ္ ဘာမွမလုပ္ရဘဲနဲ႔ ကိုယ့္ကိုေတာ့ စိတ္မဆိုးပါနဲ႔ကြာ"

  "ဆိုးတယ္၊ ဆိုးတယ္ ခင္ဗ်ားကို Cang zhouကကိစၥေရာ ကြၽန္ေတာ္ ေက်နပ္တယ္ထင္သလား၊ ဟြန္း ေဝးေသးတယ္၊ ခင္ဗ်ားကို ယံုၾကည္အားကိုးလို႔လိုက္လာတာကို ခင္ဗ်ားက"

  "ဟာ...ကေလးရာ၊ ကိုယ္ ဘယ္လိုေတာင္းပန္ရမွာလဲဟင္၊ ကိုယ္ အဲဒီကိစၥအတြက္ တကယ့္ကိုအရမ္းေတာင္းပန္ပါတယ္ကြာ၊ ကိုယ္ အဲဒီတစ္ခါေလးေတာ့ ခြင့္လႊတ္ေပးေစခ်င္ပါတယ္"

  ရီေပၚက မ်က္ႏွာငယ္ေလးႏွင့္ ေျပာလိုက္ေတာ့ ေ႐ွာင္က်န္႔၏မ်က္ႏွာေၾကာ နည္းနည္းေျပေလ်ာ့သြားသည္။

  "ဒါဆိုလည္းၿပီးေရာ ေနာက္ အဲဒီလိုမ်ိဳးျဖစ္ရင္ က်န္႔က်န္႔ ဘယ္ေတာ့မွခြင့္မလႊတ္ဘူး၊ ဒါ က်န္႔က်န္႔ရဲ႕ သိကၡာကိုေစာ္ကားတာပဲ"

  "ေအးပါကြာ၊ မျဖစ္ေစရပါဘူး"

  ရီေပၚ သက္ျပင္းခပ္ဖြဖြခ်၍ ေျပာလိုက္သည္။

  နားလည္ရခက္ပါလား ကေလးရယ္.....

  "မနက္ျဖန္ ကုန္တိုက္သြားမွာလား"

  "အင္း သြားရမယ္ေလ၊ ကိုယ္ ဒီဆိုင္ကိုပစ္ထားတာ ၾကာၿပီေလ"

  "ဒါဆို မနက္ျဖန္ က်န္႔က်န္႔လည္းလိုက္မယ္၊ ေ႐ွ႕ေနနဲ႔ ေတြ႔ရေအာင္လို႔၊ ေ႐ွ႕ေနနဲ႔ေတြ႔ၿပီး ဟိုကိစၥကိုအျပတ္႐ွင္းရမယ္၊ ေနရင္းထိုင္ရင္းနဲ႔ကို စိတ္႐ႈပ္ရတယ္၊ အဲဒီအေမြကိစၥ ျမန္ျမန္႐ွင္းမွကိုေအးမယ္"

  ေ႐ွာင္က်န္႔က စိတ္လိုက္မာန္ပါေျပာေနေလ၏။ ရီေပၚကေတာ့ ဘာမွျပန္မေျပာျဖစ္။ ေ႐ွာင္က်န္႔၏ မ်က္ႏွာဖူးဖူးေလးကိုသာ သတိလက္လြတ္ေငးၾကည့္ေနမိေတာ့သည္။ သူ၏အၾကည့္ကို ေ႐ွာင္က်န္႔က သတိထားမိသြားကာ.....

  "ခင္ဗ်ားကလည္းတစ္မ်ိဳးပါလား ဦးဝမ္ရီေပၚရယ္၊ မနက္ျဖန္ လိုက္ပို႔မွာလား"

  "ပို႔ရမွာေပါ့ဗ်ာ"

  "ဒါဆိုလည္း ၿပီးတာပဲ၊ သြားအိပ္ေတာ့မယ္"

  "သေဘာပါပဲခင္ဗ်ာ"

  အိပ္ခန္းထဲသို႔ ဝင္သြားေသာ ေ႐ွာင္က်န္႔၏ ေနာက္ေက်ာေလးကိုသာ ေငးေမာၾကည့္ေနမိေတာ့သည္။

  ခ်စ္ရပါလား ေကာင္ကေလးရယ္.....

  ဒီေကာင္ကေလးကို သူ နားမလည္ႏိုင္ေပ။

  တစ္ခါတစ္ခါ သူ႔အေပၚတြင္ ခ်ိဳသာၿပီး တကယ့္ကို လိႈက္လိႈက္လွဲလွဲ ႐ွိ၏။

  တစ္ခါတစ္ခါက်ေတာ့လည္း မာေၾကာသည္။

  တစ္ခါတစ္ခါက်ျပန္ေတာ့လည္း နားလည္ရခက္ျပန္သည္။

  အင္းေလ၊ ဘာပဲျဖစ္ျဖစ္ သူ႔ဘက္ကေတာ့ ေကာင္ကေလးကို ျမင္ရံုေလး၊ ခ်စ္ေနရရံုေလးႏွင့္တင္ ေက်နပ္ႏွစ္သိမ့္ေနသူပါ။

  သို႔ေသာ္ သူ႔ရင္ကို ျပင္းထန္စြာတုန္လႈပ္ေစေသာ ကိစၥတစ္ခုကို ေနာက္တစ္ခါတြင္ သူ ခါးသီးစြာရင္ဆိုင္ရေလေတာ့သည္။





Ep18
Coming soon❤💚
ေန႔ခင္းကိုဟိုfic1ပိုင္းupေပးမယ္ေနာ္😁😁






ချစ်ခြင်း၏စီးဆင်းရာ Ep-17

Unicode


  Beijingရောက်တော့ မိုးလင်းနေချေပြီ။

  ဤသို့ဖြင့် ရီပေါ်ကားကို မရပ်တန်းမောင်းပြီး Beijingသို့ ချောမောစွာရောက်ခဲ့သည်။ ရှောင်ကျန့်က ရီပေါ်နံဘေးတွင် မျက်နှာငယ်ကလေးနှင့် လိုက်ပါလာသည်မှာ Beijingရောက်သည်အထိပင်။ ရီပေါ်တိုက်ရှေ့မှာ ကားကိုရပ်လိုက်သည်နှင့် ရှောင်ကျန့်က ကားပေါ်မှ ပေါ့ပါးလျင်မြန်စွာ ဆင်းသွား၏။

  "မား"

  "သားလေး"

  အိမ်ပေါက်ဝတွင် အသင့်စောင့်နေသော မား၏ရင်ခွင်ထဲသို့ တိုးဝင်ပြီး   တအိအိနှင့်ငိုလေတော့သည်။

  ဒေါ်ရီရှုဟန်က ရှောင်ကျန့်ခေါင်းကို ခပ်ဖွဖွပွတ်၍.....

  "မငိုပါနဲ့ သားလေးရယ်၊ အခုပြန်တွေ့ကြပြီပဲကွယ်၊ ကြည့်စမ်း ပိန္သြားလိုက္တာ ကလေးရယ်"

  "ကျန့်ကျန့်က မားကို အရမ်းသတိရနေတာ"

  "ဟုတ်ပါပြီကွယ်၊ ကဲ လာ၊ လာ ဧည့်ခန်းမှာထိုင်ကြ မတ်တပ်ကြီး၊ သားလည်း ခရီးပန်းလာပြီ နားနားနေနေ နေလိုက်ဦး သားကြီး"

  "ဟုတ်ကဲ့ မား"

  မားက အကြောင်းအရာမသိ၊ သူ ဘာမှမပြောတော့ဘဲ နေလိုက်သည်။ ကောင်ကလေးကိုလည်း မပြောနဲ့ဟူသော သဘောဖြင့် တစ်ချက်လှမ်းကြည့်တော့၊ ကောင်ကလေးက သူဆိုလိုသည်ကို နားလည်သဘောပေါက်သော မျက်ဝန်းဖြင့် တုန့်ပြန်လေ၏။ ထို့ကြောင့် သူ စိတ်ချလက်ချဖြင့် အိပ်ခန်းထဲသို့ ဝင်လာပြီး၊ ခုတင်ထက်တွင် ခြေပစ်လက်ပစ်လှဲချလိုက်တော့သည်။

  လူတစ္ကိုယ္လုံး ကိုင်ရိုက်ထားသကဲ့သို့ ပင်ပန်းနွမ်းနယ်နေလေပြီ။

  ထို့နောက် သူအိပ်ပျော်သွား၏။

  အိပ်မက်ထဲတွင် သူရယ်၊ ကလေးရယ် ပျော်ရွှင်နေလေသည်။
 
  "ဒေါက်...ဒေါက်"

  တံခါးခေါက်သံကြောင့် သူ လန့်နိုးသွားရသည်။ နာရီကိုကြည့်တော့ ညေန(6:00)ဖြစ်နေချေလေပြီ။

  "ဦး၊ ဦး ထေတာ့"

  "လာပြီ ကေလး"

  "ထမင်းစားရအောင် (6:00)တောင်ထိုးနေပြီ"

  "အေးပါ၊ ဦး ရေချိုးလိုက်ဦးမယ်၊ ထမင်းစားခန်းထဲက စောင့်နေနော်"

  "ဟုတ်ကဲ့ မြန်မြန်လုပ်နော်၊ မားပါ စောင့်နေတယ်"

  သူ ရေချိုးလိုက်ရ၍ အနည်းငယ် လန်းဆန်းသွားသည်။

  အင်း...ကောင်ကလေးရဲ့ အသံကြောင့်ဆို ပိုမှန်မှာပေါ့

  ထိုအတွေးလေးကြောင့် ပြုံးမိလိုက်၏။

  "ကဲ၊ သား လာ ထမင်းစားမယ်"

  မစားရတာကြာပြီဖြစ်သော အိမ်ထမင်း၊ အိမ်ဟင်းကြောင့်ရော ပင်ပန်းထားတာကြောင့်ပါ သူ ထမင်းစားရတာ ခံတွင်းတွေ့လှသည်။

  ထမင်းစားပြီးတော့ မားက သူနှင့်ကောင်ကလေးကို အိမ်ရှေ့သို့ခေါ်၏။

  "ထိုင်ကြ သားတို့ မား ပြောစရာရှိလို့"

  မားက တည်တည်ငြိမ်ငြိမ်လေးပြောတော့ သူတို့နှစ်ယောက် မားရဲ့စကားကို အလေးအနက်နားထောင်ကြရသည်။

  "ဒီလို သားတို့ရဲ့ မားကေတာ့ ဒီကသားလေးကို သားအရင်းလိုချစ်တယ်၊ သားလေးကလည်း မားကို မိခင်အရင်းတစ်ယောက်လို ချစ်ခင်တယ်မလား"

  "ဟုတ်ကဲ့ ကျန့်ကျန့်ငယ်ငယ်ကတည်းက မိခင်မေတ္တာငတ်ခဲ့သူဆိုတော့ မားကို မိခင်အရင်းတစ်ယောက်လို သဘောထားပြီး ချစ်ခင်မိပါတယ်"

  ရှောင်ကျန့်က လှိုက်လှိုက်လှဲလှဲပြန်ဖြေသည်ကြောင့် ရီပေါ် ကျေနပ်ရပါသည်။

  "ဒါဆိုရင် သားလေးကို မားက အပိုင်လိုချင်လို့ သားတို့ကို နေရာချထားပေးချင်တယ်ဆိုရင် သားလေး လက်ခံမလား"

  "ဟင်"

  တဲ့တိုးပြောလိုက်သော မားရဲ့စကားကြောင့် သူရောကောင်ကလေးပါ မျက်နှာမထားတတ်အောင် ဖြစ်သွားရသည်။

  "မားကလည်း"

  "ဘာလဲ မင်းက သဘောမကျလို့လား"

  "မဟုတ်ပါဘူး မားရာ"

  မားကို သူ ပျာပျာသလဲပြန်ဖြေတော့၊ မားက ကောင်ကလေးကို ထပ်မေးနေ၏။

  "ဟင်...သားလေး မားမျက်စိမမှိတ်ခင် သားလေးကိုမားသမက်လေးအဖြစ် မြင်ချင်လို့၊ သားကိုလည်း စိတ်ချသွားချင်တယ်ကွယ်"

  "ဟင်၊ မားကလည်း နိမိတ်မရှိတာတွေ ပြောနေပြန်ပြီ"

  ကောင်ကလေးက မားကို ပျာပျာသလဲဝင်ပြောတော့၊ မားနှင့် ဒီကောင်ကလေးချစ်ခင်လေ သူ ကြည်နူးရလေဖြစ်ရသည်။

  "ကဲ ပြောပါ သားလေးရဲ့"

  ကောင်ကလေးက မျက်လွှာလေးချကာ.....

  "သား အခုချက်ချင်းတော့ အဖြေမပေးနိုင်တာ ခွင့်လွှတ်ပါမားရယ်၊ မားသိတဲ့အတိုင်းပဲ ပြဿနာတွေနဲ့မလား၊ အဲဒီပြဿနာတွေကို ဖြေရှင်းပြီးမှ အိမ်ထောင်ရေးကို အေးအေးဆေးဆေး စဉ်းစားပါရစေ"

  ရှောင်ကျန့်က အလိမ္မာလေးနှင့်ပြန်ဖြေ၍ ရီပေါ် ရင်မောသွားရပြန်သည်။

  "အေးလေ၊ အိမ်ထောင်ရေးဆိုတော့လည်း သားလေးသဘောပေါ့၊ မားကေတာ့ အတင်းကြီးမတိုက်တွန်းချင်ပါဘူး၊ ဒါပေမဲ့ မားသားကေတာ့ သားလေးအမြင်ပဲ သူ့အတွက် မား အစစအရာရာအာမခံပါတယ်"

  "ဟုတ်ပါတယ် မားရယ်၊ သားရဲ့ ပြဿနာတွေကို အရင်ရှင်းပါရစေ၊ ပြီးတာနဲ့ သားအဖြေပေးပါ့မယ်"

  ရှောင်ကျန့်၏ စကားကြောင့် ဒေါ်ရီရှုဟန် ထိုကိစ္စကို စကားမဆက်တော့ဘဲ တခြားအကြောင်းအရာတွေကိုသာ ပြောင်းပြောလေတော့သည်။ ရီပေါ် နားလည်ရခက်သော ရှောင်ကျန့်ကို ငေးကြည့်ရင်း ရင်မောရ၏။ ခဏအကြာ ဒေါ်ရီရှုဟန်က အိပ်ချင်သည်ဟုအကြောင်းပြ၍ အခန်းထဲဝင်သွားတော့သည်။ ရီပေါ်နှင့် ရှောင်ကျန့်သာ ဧည့်ခန်းထဲတွင် တိတ်တိတ်ဆိတ်ဆိတ်ကျန်ရစ်ခဲ့၏။

  "ကေလး"

  "....."

  "ကေလး"

  "....."

  "ဟောဗျာ ခေါ်တာလည်းမထူးပါလား"

  "ခင်ဗျား မားကို ဘာတွေသွားပြောထားလဲ၊ ခင်ဗျားပြောလို့ မားက ကျွန်တော့်ကို..."

  "ဟာ...ကေလး ကိုယ့်ကိုအထင်မလွဲပါနဲ့၊ ကိုယ် မားကို ဘာမှမပြောထားဘူး"

  ရီပေါ် ရှောင်ကျန့်၏ စကားမဆုံးခင်မှာပင် ပျာပျာသလဲဖြေရှင်းချက် ပေးလိုက်သည်။ ရှောင်ကျန့်က ရီပေါ့်ကို ဘာမှထပ်မပြောပေမယ့် မျက်နှာလေးက စူပုပ်နေ၏။

  "ကေလး ကိုယ့်ကိုစိတ်ဆိုးနေတာလား၊ ကိုယ် ဘာမှမလုပ်ရဘဲနဲ့ ကိုယ့်ကိုတော့ စိတ်မဆိုးပါနဲ့ကွာ"

  "ဆိုးတယ်၊ ဆိုးတယ် ခင်ဗျားကို Cang zhouကကိစ္စရော ကျွန်တော် ကျေနပ်တယ်ထင်သလား၊ ဟွန်း ဝေးသေးတယ်၊ ခင်ဗျားကို ယုံကြည်အားကိုးလို့လိုက်လာတာကို ခင်ဗျားက"

  "ဟာ...ကေလးရာ၊ ကိုယ် ဘယ်လိုတောင်းပန်ရမှာလဲဟင်၊ ကိုယ် အဲဒီကိစ္စအတွက် တကယ့်ကိုအရမ်းတောင်းပန်ပါတယ်ကွာ၊ ကိုယ် အဲဒီတစ်ခါလေးတော့ ခွင့်လွှတ်ပေးစေချင်ပါတယ်"

  ရီပေါ်က မျက်နှာငယ်လေးနှင့် ပြောလိုက်တော့ ရှောင်ကျန့်၏မျက်နှာကြော နည်းနည်းပြေလျော့သွားသည်။

  "ဒါဆိုလည်းပြီးရော နောက် အဲဒီလိုမျိုးဖြစ်ရင် ကျန့်ကျန့် ဘယ်တော့မှခွင့်မလွှတ်ဘူး၊ ဒါ ကျန့်ကျန့်ရဲ့ သိက္ခာကိုစော်ကားတာပဲ"

  "အေးပါကွာ၊ မဖြစ်စေရပါဘူး"

  ရီပေါ် သက်ပြင်းခပ်ဖွဖွချ၍ ပြောလိုက်သည်။

  နားလည်ရခက်ပါလား ကလေးရယ်.....

  "မနက်ဖြန် ကုန္တိုက္သြားမွာလား"

  "အင်း သွားရမယ်လေ၊ ကိုယ် ဒီဆိုင်ကိုပစ်ထားတာ ကြာပြီလေ"

  "ဒါဆို မနက်ဖြန် ကျန့်ကျန့်လည်းလိုက်မယ်၊ ရှေ့နေနဲ့ တွေ့ရအောင်လို့၊ ရှေ့နေနဲ့တွေ့ပြီး ဟိုကိစ္စကိုအပြတ်ရှင်းရမယ်၊ နေရင်းထိုင်ရင်းနဲ့ကို စိတ်ရှုပ်ရတယ်၊ အဲဒီအမွေကိစ္စ မြန်မြန်ရှင်းမှကိုအေးမယ်"

  ရှောင်ကျန့်က စိတ်လိုက်မာန်ပါပြောနေလေ၏။ ရီပေါ်ကတော့ ဘာမှပြန်မပြောဖြစ်။ ရှောင်ကျန့်၏ မျက်နှာဖူးဖူးလေးကိုသာ သတိလက်လွတ်ငေးကြည့်နေမိတော့သည်။ သူ၏အကြည့်ကို ရှောင်ကျန့်က သတိထားမိသြားကာ.....

  "ခင်ဗျားကလည်းတစ်မျိုးပါလား ဦးဝမ်ရီပေါ်ရယ်၊ မနက်ဖြန် လိုက်ပို့မှာလား"

  "ပို့ရမှာပေါ့ဗျာ"

  "ဒါဆိုလည်း ပြီးတာပဲ၊ သွားအိပ်တော့မယ်"

  "သဘောပါပဲခင်ဗျာ"

  အိပ်ခန်းထဲသို့ ဝင်သွားသော ရှောင်ကျန့်၏ နောက်ကျောလေးကိုသာ ငေးမောကြည့်နေမိတော့သည်။

  ချစ်ရပါလား ကောင်ကလေးရယ်.....

  ဒီကောင်ကလေးကို သူ နားမလည်နိုင်ပေ။

  တစ်ခါတစ်ခါ သူ့အပေါ်တွင် ချိုသာပြီး တကယ့်ကို လှိုက်လှိုက်လှဲလှဲ ရှိ၏။

  တစ်ခါတစ်ခါကျတော့လည်း မာကြောသည်။

  တစ်ခါတစ်ခါကျပြန်တော့လည်း နားလည်ရခက်ပြန်သည်။

  အင်းလေ၊ ဘာပဲဖြစ်ဖြစ် သူ့ဘက်ကတော့ ကောင်ကလေးကို မြင်ရုံလေး၊ ချစ်နေရရုံလေးနှင့်တင် ကျေနပ်နှစ်သိမ့်နေသူပါ။

  သို့သော် သူ့ရင်ကို ပြင်းထန်စွာတုန်လှုပ်စေသော ကိစ္စတစ်ခုကို နောက်တစ်ခါတွင် သူ ခါးသီးစွာရင်ဆိုင်ရလေတော့သည်။





Ep18
Coming soon❤💚
နေ့ခင်းကိုဟိုfic1ပိုင်းupပေးမယ်နော်😁😁

Pokračovať v čítaní

You'll Also Like

180K 11.6K 32
ရှောင်းအိမ်​ေတာ်ရဲ့ အငယ်ဆုံးသခင်​လေးရှောင်းကျန့်..သိုင်းပညာရော မှော်ပညာပါမတတ်တဲ့အပြင် ပြဿနာပေါင်းစုံရှာပြီး မွှေနိုင်လွန်းသောအမွှေကိုယ်တော်လေး... အဖြ...
8.5K 425 16
YiZhan fan fic လေးပါနော် စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပြီး AOB world ပုံစံလေးပါရှင့်
654K 56K 51
ရှောင်းကျန့်:::"ငါမင်းထက်အသက်ကြီးတယ် ဝမ်ရိပေါ်" ဝမ်ရိပေါ်:::"ကြီးတော့ ဘာလုပ်ရမှာလဲ ကျွန်တော်က ခေါင်းဆောင် ခင်ဗျားကနောက်လိုက်ပဲ။" တွေ့လိုက်တိုင်းသတ်နေ...
112K 4.9K 46
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...