အားလုံးပြန်သွားချိန်မှာတော့ အနောင် တစ်ယောက်တည်းသာကျန်ခဲ့တော့သည်။
စိတ်ထဲမွန်းကြပ်လိုက်တာ ...၊ဘာတွေကများမွန်းကြပ်စေသလဲလေ။ မေမေ့ကိုသတိရတယ်...။
ဟုတ်ပါတယ် အနောင်တစ်ယောက်သူ့အမေကို သတိရနေပါတယ်။
ကိုး ဆိုတဲ့ကောင်လေးက ကံကောင်းလိုက်တာလေ။ နိုင်ငံကျော်မင်းသမီးကို အမေတော်ထားရပြီး ၊ အမေကလည်း နားလည်မှုရှိတဲ့ပုံ၊ ကိုးကိုလဲသိပ်ချစ်တဲ့ပုံပဲ။
အနောင့်ဘ၀မှာ မပျော်ခဲ့တာသာရှိခဲ့ဖူးပါသည် ။သိမ်ငယ်စိတ်တော့ မ၀င်ဖူးခဲ့ပါ။ ဒါပေမယ့် ကိုးဆိုတဲ့ ကောင်လေး နဲ့ သူ့ကိုယ်သူ ယှဥ်တွေးမိရင်တော့ သူ သိမ်ငယ် ပါသည်။
ရုပ်၀တ္ထု ပိုင်ဆိုင်မှုတွေကြောင့်မဟုတ်ဘဲ၊ ကိုးရဲ့ ပေါ့ပါးသွက်လက်တဲ့ စရိုက်လေးကကို သူ့ကို အားကျမှုဖြစ်စေတယ်မဟုတ်လား...။
အနောင်အတွေးတွေကို မောင်းထုတ်လိုက်ပြီး Black Coffee diaryစာအုပ်လေးကို လှန်ဖတ်လိုက်သည် ။
သူသတိထားမိတဲ့ လူရဲ့ အရေးအသား ၊ဒါ သူ့မောင်နဲ့မပက်သက်နဲ့လို့ ရေးခဲ့တဲ့ အမျိုးသမီးပဲဖြစ်ရမယ်။
" ငါ့မောင်အနားမှာဆက်ရှိမနေပဲ ထွက်သွား...
တစ်သက်ခွင့်မလွှတ်နိုင်ဘူး...
မိဘအပြစ်ကို သားသမီးကလည်း ဝင်ဆပ်သင့်တယ်"
ဒီအမျိုးသမီး ကဘယ်သူပါလဲ။ ဘာလို့များ ဒီဆိုင်ရဲ့စာအုပ်မှာ ဒီလိုအမြဲရေးနေတာလဲ။ ဘယ်သူ့ကို ပြောချင်တာလဲ။ အစ်ကိုတွေကိုပြန်ပြောပြရင်ကောင်းမလား။
တော်ပါပြီ။ အနောင်ပင်ပန်းနေပြီမို့ အိပ်လိုက်ဖို့သာ ပြင်တော့သည် ။ မျက်လုံးပိတ်၊ မီးပိတ် ၊ အတွေးတံခါးတို့ ပိတ်ချိန်။ အိပ်စက်ခြင်းဆီသို့... တဖြေးဖြေး...၊ တဖြေး...ဖြေး... ၊တ..ဖြေး...ဖြေး....နဲ့ရောက်ရှိသွားသည်။
အနောင့်လို သာမန် ကျန်းမာတဲ့လူတစ်ယောက်အတွက် အိပ်ပျော် နိုင်ဖို့ ၁၀မိနစ်မှ မိနစ် ၂၀ကြားသာ ကြာပါသည်။
***
သို့သော်...ဆောင်းစက်မှာတော့ ခေါင်းနဲ့ခေါင်းအုံး ကပ်နေရင်း ၁နာရီကြာပြီအိပ်မပျော်သေးပါ ။ ဝင်းလွင်က အိပ်ဆေးတွေ သိပ်မသောက်ရဘူးလို့ပြောတာမို့ ၊ အိပ်ပျော်နိုင်ရန် တရားမှတ်ခြင်းမှလွဲ၍အခြားမရှိ။
ဆောင်းစက်အတွက်တော့ ဘယ်တွေဘယ်လိုပဲ ဖြစ်နေနေ သူ့ဘ၀ကို စိတ်ပျက်တယ်လို့ မရှိသလို။ မကျေနပ်ခြင်းလဲမရှိပါဘူး၊ အတိတ်က အဖြစ်ဆိုးတွေကိုတောင် အပြစ်မတင်ခဲ့ပါဘူး။
***
လူသတ်သမားရဲ့ လက်ထဲ မရှု့မလှ ခံနေရတဲ့ အဖေကို ကြည့်ရင်း ဘာလုပ်ရမည်မသိ။အဖေက ထွက်ပြေး စေချင်တာကြောင့် ၊ဆောင်းစက်နဲ့ နှင်းစက်တို့ မောင်နှမနှစ်ယောက် နောက်လှည့်မကြည့်ဘဲ ပြေးရလေသည်။
အဖေ့အတွက် ၀မ်းနည်းသလို၊ ကလေးတွေပီပီ လူသတ်သမားက သူတို့ကိုမိသွားမှာလည်းကြောက်ရပါသည်။
ဆွေမျိုးအသိုင်းအ၀ိုင်းမရှိတဲ့ သူတို့အတွက် ၊သူတို့အဖေ မရှိရင် ခို၀င်ပြေးစရာ ရိပ်မြုံလည်းမရှိတာမို့ ၊ အခုအချိန် ဆောင်းစက်ရဲ့ အားကိုးရာက နှင်းစက် ၊ နှင်းစက်ရဲ့အားကိုးရာက လင်းထက်၊ နှင့် သူငယ်ချင်းကြီး ဝင်းလွင်သာ ရှိပါသည်။
"ကိုလင်း... ၊ကိုလင်း.."
နှင်းစက်က ဆောင်းစက်လက်ကိုဆွဲကာ လင်းထက်ဆီသို့ အားကိုးတကြီး ပြေးလာခဲ့သည်။
သမင်မျက်၀န်းညိုညို နဲ့ သမင်ညိုမလေးက မျက်၀န်းမှာလည်း အရည်ကြည်ပိုးဥတို့ တွဲခိုလို့ ခြေဖဝါးနုနုမှာလည်း ဖိနပ်ရယ်မပါ။ နှုတ်ခမ်းတို့ကလည်း တုန်တုန် ယင်ယင် နှင့် လင်းထက်နာမည်ကို တသသခေါ်နေပုံမှာ လင်းထက်ရဲ့ ရင်ထဲကို ဆို့နစ်သွားစေသည်။
"ဘာ...ဘာဖြစ်လာလို့လဲ နှင်းစက် "
လင်းထက်က အထိတ်တလန့်နဲ့ နှင်းစက်ကိုမေးနေတုန်း ယိုင်လဲသွားတဲ့ ဆောင်းစက်လေးကို ဖမ်းပွေ့ရပါသေးသည်။
"အ အ အဖေ့ကို လူ လူတစ်ယောက်သတ်နေလို့ "
"ဟင် ဘယ်မှာလဲ "
"အိမ်မှာ ..."
နှင်းစက်တို့အိမ်က လင်းထက်တို့နဲ့ တစ်လမ်းကျော်သာကွာတာမို့ သူ့ဆီသာအရင်ဦးဆုံးပြေးလာမိသည်။ အခုမှသတိရတာက ရဲကိုအကြောင်းကြားဖို့ ။
"လုပ် လုပ်ပါဦး ရဲ...ရဲကိုအကြောင်းကြားပေး အဖေ့ကို ကယ်ပါဦး "
နှင်းစက်ရဲ့ စကားကိုကြားတော့ လင်းထက် ဘာလုပ်ရမယ်မှန်းမသိ၊ ရပ်ကွက် လူကြီးတွေသာ အကြောင်းကြားပေးရတော့သည်။
လူကြီးတွေနဲ့ ရဲတွေက နှင်းစက်တို့အိမ်ကို ရောက်သွားချိန်မှာတော့ ကလေးတွေရဲ့အဖေဟာ သေဆုံးသွားခဲ့ပြီ။ ကလေးတွေအတွက်တော့ အန္တရာယ်ရှိနေသေးသည် ။လူသတ်သမားရဲ့ မျက်နှာကို သူတို့လေးတွေက တွေ့ခဲ့တယ်မဟုတ်လား။ သူတို့လေးတွေ ကို ကာကွယ်ပေးနိုင်မယ့် လူ လိုအပ်သည် ။
***
"Hey guys ..."
ပျော်ရွှင်တတ်ကြွစွာ ဆိုင်ထဲဝင်လာတဲ့ မင်းလွင်က မိန်းကလေးတစ်သိုက်နှင့်
"ဘာguysလဲ အချိန်ကိုလဲကြည့် "
"ဟီး...၃နာရီလေ "
"အေး ဆိုင်ကို လာနေသေးတယ်နော် "
ဆောင်းစက်က ရုပ်တည်နဲ့ မျက်ခုံးပင့်ပြတော့
မင်းလွင် တစ်ယောက် သွားကြီးဖြီးလို့ " ဟီး"ခနဲ မျက်နှာချိုသွေးပြီး အယူခံ၀င်ရသည်။
"မင်း christmas theme decoration လုပ်မှာမဟုတ်လား လူလိုတယ် လေ အဲ့တာကြောင့် clubက အချောလေးတွေကိုချောဆွဲလာတာ"
ဆောင်းစက်က သူ့အားဖော်ရွေစွာ ပြုံးပြလာတဲ့ ကောင်မလေးတွေကို ကြည့်ကာ အားနာနေမိသည်။
"မင်းကွာ မဆိုင်တဲ့ လူတွေကို အလုပ်ပေးတယ် အားနာစရာကြီး "
"မလိုဘူး ဟေ့ရောင် သူတို့က မ သားကို ကြည့်ချင်လွန်းလို့ ကို လိုက်လာကူပေးတာ"
"ဘယ် မ.."
ဆောင်းစက်မေးရင်းနဲ့မှ သတိရလာသလို
" နိုး" ....
"ကိုး" "ကိုးကိုတွေ့ချင်ကြတာလား."
"ဘယ်သူကလာမယ်ပြောလို့လည်း..."
"လာမှာ ...မနေ့ကတောင် ဒီဆိုင်မှာတစ်နေ့လုံး အချိန်ဖြုန်းထားတဲ့ စုတ်ဖွား ဒီနေ့လည်းလာမှာ"
သေချာနေတဲ့ရုပ်နဲ့ မင်းလွင်ကို ဆောင်းစက် အချိန်ကုန်ခံ ပြိုင်ငြင်းမနေတော့...သူ့ရဲ့ အရေးအကြီးဆုံး အလုပ်ကိုသာ လုပ်တော့သည်။
"ဟာ ဟေ့ကောင် လာဦး စကားလာပြောဦးလေ "
"မလာဘူး customerလာရင် မင်း ဖြေရှင်းလိုက် ငါလုပ်စရာရှိတယ်"
ရေးကြီးသုတ်ပျာနဲ့ kitchen ဘက်ထွက်သွားတဲ့ ဆောင်းစက်ကို ကြည့်ပြီး မင်းလွင် လေလက်သီးတစ်လုံးကို ပစ်လွှတ်လိုက်သည်။
မကြာမီ မင်းလွင်ရဲ့ အချက်ပြမှုကြောင့် ဆိုင်ထဲက ကောင်မလေးများက ဖြူဖြူသေးသေး ချစ်စရာ လူကောင်လေး တစ်ဦးထံသို့ အကြည့်တွေ စုပုံရောက်တော့သည်။
ကိုးက မင်းလွင်ကိုသေသေချာချာကြည့်ပြီး ကော်ဖီတစ်ခွက်မှာသည်။
"ကပ်ပူချီနို"
ကိုး ငွေရှင်းပြီး ၀ိုင်းလေးတစ်ဝိုင်းမှာ ဝင်ထိုင်လိုက်သည်။ မကြာခင်မှာပဲ ကော်ဖီနဲ့အတူ အသံတစ်ခု ကိုးဆီရောက်လာသည်။
"ရော့ စုတ်ဖွားcoffee"
"ဘယ်...ဘယ်လိုခေါ်လိုက်တာ"
"စုတ်ဖွားလေ ခွေးလေးတွေလို ခေါ်တာ"
"ဘာ..."
"စိတ်မဆိုးပါနဲ့ကွာ မင်းပုံလေးက ခွေးစုတ်ဖွားလေးနဲ့တူလို့ပါ"
ကိုး ပါးစပ်သာအဟောင်းသာနဲ့ ဘားမှပြန်မပြောနိုင်ရှာ...။
"ကဲကဲ သောက် ဦး ဦး သွားလိုက်ဦးမယ်"
"ဘာ...ဦး သူ့ကိုယ် သူဦး တဲ့"
ကိုး အတွက် အံ့သြမှုတွေက အတောမသတ်နိုင်ဘဲ နေရာလေးမှာ ကျန်နေခဲ့ရှာသည်။
အံ့သြနေတဲ့ အကောင်လေးကို ကျောခိုင်းပြီးထွက်သွားတဲ့ မင်းလွင်။ ဒီတစ်ခါ အံ့သြသွားရသူကတော့ သူကိုယ်တိုင်ပင်ဖြစ်သည်။
ဆောင်းစက်က kitchenကထွက်လာကာ ဘယ်အချိန်ကပြန်ရောက် လာမှန်းမသိသော အနောင့်ကို လက်ကမ်း လိုက်တာက ပျားသံပုရာရေလေးတစ်ခွက် ...။
မင်းခုနက အရေးတကြီးပြေးလုပ်တဲ့အလုပ်က ဒါ၀င်ဖျော်တာတဲ့လား...။ ဟိုအချေကောင်က လဲ ပျားသံပုရာရည် သောက်မိပြီး ၁ခန်းလွတ်သွားတာနေမှာ ရုပ်က ၀မ်းသာပီတိဂွမ်းဆီထိ နေပုံ...။
အေးအေး...ကောင်းတယ် လုပ်ကြ လုပ်ကြ ။ မင်းတို့ နှစ် ယောက်ကို ခရီးထွက်မှ ပေးစားပစ်မယ်။
မင်းလွင်တစ်ယောက်ကျိန်းနေပေမယ့် အနောင်နဲ့ ဆောင်းစက်ကတော့ သိပုံမပေါ်ပါ။
သူတို့မသိတာ နောက်တစ်ခုရှိသေးသည်။ ဒါကတော့ ဆိုင်ထောင့်တစ်နေရာက သူတို့ကို သေသေချာချာကြည့်နေတဲ့အကြည့်တစ်စုံ ဖြစ်သည်။
__________________________
A/N _ ကိုးက ဘယ်သူ့ကို ကြိုက်နေလဲ သိချင်နေတဲ့ လူလေးတွေရေ ၊ အရှေ့ကအပိုင်းတွေမှာ hintပေးထားခဲ့တယ်လေ.....။
Good night .
Love you all
__________________________________________________________________________________
အားလုံးျပန္သြားခ်ိန္မွာေတာ့ အေနာင္ တစ္ေယာက္တည္းသာက်န္ခဲ့ေတာ့သည္။
စိတ္ထဲမြန္းၾကပ္လိုက္တာ ...၊ဘာေတြကမ်ားမြန္းၾကပ္ေစသလဲေလ။ ေမေမ့ကိုသတိရတယ္...။
ဟုတ္ပါတယ္ အေနာင္တစ္ေယာက္သူ႕အေမကို သတိရေနပါတယ္။
ကိုး ဆိုတဲ့ေကာင္ေလးက ကံေကာင္းလိုက္တာေလ။ နိုင္ငံေက်ာ္မင္းသမီးကို အေမေတာ္ထားရၿပီး ၊ အေမကလည္း နားလည္မႈရွိတဲ့ပုံ၊ ကိုးကိုလဲသိပ္ခ်စ္တဲ့ပုံပဲ။
အေနာင့္ဘ၀မွာ မေပ်ာ္ခဲ့တာသာရွိခဲ့ဖူးပါသည္ ။သိမ္ငယ္စိတ္ေတာ့ မ၀င္ဖူးခဲ့ပါ။ ဒါေပမယ့္ ကိုးဆိုတဲ့ ေကာင္ေလး နဲ႕ သူ႕ကိုယ္သူ ယွဥ္ေတြးမိရင္ေတာ့ သူ သိမ္ငယ္ ပါသည္။
႐ုပ္၀တၳဳ ပိုင္ဆိုင္မႈေတြေၾကာင့္မဟုတ္ဘဲ၊ ကိုးရဲ႕ ေပါ့ပါးသြက္လက္တဲ့ စရိုက္ေလးကကို သူ႕ကို အားက်မႈျဖစ္ေစတယ္မဟုတ္လား...။
အေနာင္အေတြးေတြကို ေမာင္းထုတ္လိုက္ၿပီး Black Coffee diaryစာအုပ္ေလးကို လွန္ဖတ္လိုက္သည္ ။
သူသတိထားမိတဲ့ လူရဲ႕ အေရးအသား ၊ဒါ သူ႕ေမာင္နဲ႕မပက္သက္နဲ႕လို႔ ေရးခဲ့တဲ့ အမ်ိဳးသမီးပဲျဖစ္ရမယ္။
" ငါ့ေမာင္အနားမွာဆက္ရွိမေနပဲ ထြက္သြား...
တစ္သက္ခြင့္မလႊတ္နိုင္ဘူး...
မိဘအျပစ္ကို သားသမီးကလည္း ဝင္ဆပ္သင့္တယ္"
ဒီအမ်ိဳးသမီး ကဘယ္သူပါလဲ။ ဘာလို႔မ်ား ဒီဆိုင္ရဲ႕စာအုပ္မွာ ဒီလိုအၿမဲေရးေနတာလဲ။ ဘယ္သူ႕ကို ေျပာခ်င္တာလဲ။ အစ္ကိုေတြကိုျပန္ေျပာျပရင္ေကာင္းမလား။
ေတာ္ပါၿပီ။ အေနာင္ပင္ပန္းေနၿပီမို႔ အိပ္လိုက္ဖို႔သာ ျပင္ေတာ့သည္ ။ မ်က္လုံးပိတ္၊ မီးပိတ္ ၊ အေတြးတံခါးတို႔ ပိတ္ခ်ိန္။ အိပ္စက္ျခင္းဆီသို႔... တေျဖးေျဖး...၊ တေျဖး...ေျဖး... ၊တ..ေျဖး...ေျဖး....နဲ႕ေရာက္ရွိသြားသည္။
အေနာင့္လို သာမန္ က်န္းမာတဲ့လူတစ္ေယာက္အတြက္ အိပ္ေပ်ာ္ နိုင္ဖို႔ ၁၀မိနစ္မွ မိနစ္ ၂၀ၾကားသာ ၾကာပါသည္။
***
သို႔ေသာ္...ေဆာင္းစက္မွာေတာ့ ေခါင္းနဲ႕ေခါင္းအုံး ကပ္ေနရင္း ၁နာရီၾကာၿပီအိပ္မေပ်ာ္ေသးပါ ။ ဝင္းလြင္က အိပ္ေဆးေတြ သိပ္မေသာက္ရဘူးလို႔ေျပာတာမို႔ ၊ အိပ္ေပ်ာ္နိုင္ရန္ တရားမွတ္ျခင္းမွလြဲ၍အျခားမရွိ။
ေဆာင္းစက္အတြက္ေတာ့ ဘယ္ေတြဘယ္လိုပဲ ျဖစ္ေနေန သူ႕ဘ၀ကို စိတ္ပ်က္တယ္လို႔ မရွိသလို။ မေက်နပ္ျခင္းလဲမရွိပါဘူး၊ အတိတ္က အျဖစ္ဆိုးေတြကိုေတာင္ အျပစ္မတင္ခဲ့ပါဘူး။
***
လူသတ္သမားရဲ႕ လက္ထဲ မရႈ႕မလွ ခံေနရတဲ့ အေဖကို ၾကည့္ရင္း ဘာလုပ္ရမည္မသိ။အေဖက ထြက္ေျပး ေစခ်င္တာေၾကာင့္ ၊ေဆာင္းစက္နဲ႕ ႏွင္းစက္တို႔ ေမာင္ႏွမႏွစ္ေယာက္ ေနာက္လွည့္မၾကည့္ဘဲ ေျပးရေလသည္။
အေဖ့အတြက္ ၀မ္းနည္းသလို၊ ကေလးေတြပီပီ လူသတ္သမားက သူတို႔ကိုမိသြားမွာလည္းေၾကာက္ရပါသည္။
ေဆြမ်ိဳးအသိုင္းအ၀ိုင္းမရွိတဲ့ သူတို႔အတြက္ ၊သူတို႔အေဖ မရွိရင္ ခို၀င္ေျပးစရာ ရိပ္ၿမဳံလည္းမရွိတာမို႔ ၊ အခုအခ်ိန္ ေဆာင္းစက္ရဲ႕ အားကိုးရာက ႏွင္းစက္ ၊ ႏွင္းစက္ရဲ႕အားကိုးရာက လင္းထက္၊ ႏွင့္ သူငယ္ခ်င္းႀကီး ဝင္းလြင္သာ ရွိပါသည္။
"ကိုလင္း... ၊ကိုလင္း.."
ႏွင္းစက္က ေဆာင္းစက္လက္ကိုဆြဲကာ လင္းထက္ဆီသို႔ အားကိုးတႀကီး ေျပးလာခဲ့သည္။
သမင္မ်က္၀န္းညိုညို နဲ႕ သမင္ညိုမေလးက မ်က္၀န္းမွာလည္း အရည္ၾကည္ပိုးဥတို႔ တြဲခိုလို႔ ေျခဖဝါးႏုႏုမွာလည္း ဖိနပ္ရယ္မပါ။ ႏႈတ္ခမ္းတို႔ကလည္း တုန္တုန္ ယင္ယင္ ႏွင့္ လင္းထက္နာမည္ကို တသသေခၚေနပုံမွာ လင္းထက္ရဲ႕ ရင္ထဲကို ဆို႔နစ္သြားေစသည္။
"ဘာ...ဘာျဖစ္လာလို႔လဲ ႏွင္းစက္ "
လင္းထက္က အထိတ္တလန့္နဲ႕ ႏွင္းစက္ကိုေမးေနတုန္း ယိုင္လဲသြားတဲ့ ေဆာင္းစက္ေလးကို ဖမ္ေပြ႕ရပါေသးသည္။
"အ အ အေဖ့ကို လူ လူတစ္ေယာက္သတ္ေနလို႔ "
"ဟင္ ဘယ္မွာလဲ "
"အိမ္မွာ ..."
ႏွင္းစက္တို႔အိမ္က လင္းထက္တို႔နဲ႕ တစ္လမ္းေက်ာ္သာကြာတာမို႔ သူ႕ဆီသာအရင္ဦးဆုံးေျပးလာမိသည္။ အခုမွသတိရတာက ရဲကိုအေၾကာင္းၾကားဖို႔ ။
"လုပ္ လုပ္ပါဦး ရဲ...ရဲကိုအေၾကာင္းၾကားေပး အေဖ့ကို ကယ္ပါဦး "
ႏွင္းစက္ရဲ႕ စကားကိုၾကားေတာ့ လင္းထက္ ဘာလုပ္ရမယ္မွန္းမသိဘဤ ။ ရပ္ကြက္ လူႀကီးေတြသာ အေၾကာင္းၾကားေပးရေတာ့သည္။
လူႀကီးေတြနဲ႕ ရဲေတြက ႏွင္းစက္တို႔အိမ္ကို ေရာက္သြားခ်ိန္မွာေတာ့ ကေလးေတြရဲ႕အေဖဟာ ေသဆုံးသြားခဲ့ၿပီ။ ကေလးေတြအတြက္ေတာ့ အႏၲရာယ္ရွိေနေသးသည္ ။လူသတ္သမားရဲ႕ မ်က္ႏွာကို သူတို႔ေလးေတြက ေတြ႕ခဲ့တယ္မဟုတ္လား။ သူတို႔ေလးေတြ ကို ကာကြယ္ေပးနိုင္မယ့္ လူ လိုအပ္သည္ ။
***
"Hey guys ..."
ေပ်ာ္႐ႊင္တတ္ႂကြစြာ ဆိုင္ထဲဝင္လာတဲ့ မင္းလြင္က မိန္းကေလးတစ္သိုက္ႏွင့္
"ဘာguysလဲ အခ်ိန္ကိုလဲၾကည့္ "
"ဟီး...၃နာရီေလ "
"ေအး ဆိုင္ကို လာေနေသးတယ္ေနာ္ "
ေဆာင္းစက္က ႐ုပ္တည္နဲ႕ မ်က္ခုံးပင့္ျပေတာ့
မင္းလြင္ တစ္ေယာက္ သြားႀကီးၿဖီးလို႔ " ဟီး"ခနဲ မ်က္ႏွာခ်ိဳေသြးၿပီး အယူခံ၀င္ရသည္။
"မင္း christmas theme decoration လုပ္မွာမဟုတ္လား လူလိုတယ္ ေလ အဲ့တာေၾကာင့္ clubက အေခ်ာေလးေတြကိုေခ်ာဆြဲလာတာ"
ေဆာင္းစက္က သူ႕အားေဖာ္ေ႐ြစြာ ၿပဳံးျပလာတဲ့ ေကာင္မေလးေတြကို ၾကည့္ကာ အားနာေနမိသည္။
"မင္းကြာ မဆိုင္တဲ့ လူေတြကို အလုပ္ေပးတယ္ အားနာစရာႀကီး "
"မလိုဘူး ေဟ့ေရာင္ သူတို႔က မ သားကို ၾကည့္ခ်င္လြန္းလို႔ ကို လိုက္လာကူေပးတာ"
"ဘယ္ မ.."
ေဆာင္းစက္ေမးရင္းနဲ႕မွ သတိရလာသလို
" နိုး" ....
"ကိုး" "ကိုးကိုေတြ႕ခ်င္ၾကတာလား."
"ဘယ္သူကလာမယ္ေျပာလို႔လည္း..."
"လာမွာ ...မေန႕ကေတာင္ ဒီဆိုင္မွာတစ္ေန႕လုံး အခ်ိန္ျဖဳန္းထားတဲ့ စုတ္ဖြား ဒီေန႕လည္းလာမွာ"
ေသခ်ာေနတဲ့႐ုပ္နဲ႕ မင္းလြင္ကို ေဆာင္းစက္ အခ်ိန္ကုန္ခံ ၿပိဳင္ျငင္းမေနေတာ့...သူ႕ရဲ႕ အေရးအႀကီးဆုံး အလုပ္ကိုသာ လုပ္ေတာ့သည္။
"ဟာ ေဟ့ေကာင္ လာဦး စကားလာေျပာဦးေလ "
"မလာဘူး customerလာရင္ မင္း ေျဖရွင္းလိုက္ ငါလုပ္စရာရွိတယ္"
ေရးႀကီးသုတ္ပ်ာနဲ႕ kitchen ဘက္ထြက္သြားတဲ့ ေဆာင္းစက္ကို ၾကည့္ၿပီး မင္းလြင္ ေလလက္သီးတစ္လုံးကို ပစ္လႊတ္လိုက္သည္။
မၾကာမီ မင္းလြင္ရဲ႕ အခ်က္ျပမႈေၾကာင့္ ဆိုင္ထဲက ေကာင္မေလးမ်ားက ျဖဴျဖဴေသးေသး ခ်စ္စရာ လူေကာင္ေလး တစ္ဦးထံသို႔ အၾကည့္ေတြ စုပုံေရာက္ေတာ့သည္။
ကိုးက မင္းလြင္ကိုေသေသခ်ာခ်ာၾကည့္ၿပီး ေကာ္ဖီတစ္ခြက္မွာသည္။
"ကပ္ပူခ်ီနို"
ကိုး ေငြရွင္းၿပီး ၀ိုင္းေလးတစ္ဝိုင္းမွာ ဝင္ထိုင္လိုက္သည္။ မၾကာခင္မွာပဲ ေကာ္ဖီနဲ႕အတူ အသံတစ္ခု ကိုးဆီေရာက္လာသည္။
"ေရာ့ စုတ္ဖြားcoffee"
"ဘယ္...ဘယ္လိုေခၚလိုက္တာ"
"စုတ္ဖြားေလ ေခြးေလးေတြလို ေခၚတာ"
"ဘာ..."
"စိတ္မဆိုးပါနဲ႕ကြာ မင္းပုံေလးက ေခြးစုတ္ဖြားေလးနဲ႕တူလို႔ပါ"
ကိုး ပါးစပ္သာအေဟာင္းသာနဲ႕ ဘားမွျပန္မေျပာနိုင္ရွာ...။
"ကဲကဲ ေသာက္ ဦး ဦး သြားလိုက္ဦးမယ္"
"ဘာ...ဦး သူ႕ကိုယ္ သူဦး တဲ့"
ကိုး အတြက္ အံ့ၾသမႈေတြက အေတာမသတ္နိုင္ဘဲ ေနရာေလးမွာ က်န္ေနခဲ့ရွာသည္။
အံ့ၾသေနတဲ့ အေကာင္ေလးကို ေက်ာခိုင္းၿပီးထြက္သြားတဲ့ မင္းလြင္။ ဒီတစ္ခါ အံ့ၾသသြားရသူကေတာ့ သူကိုယ္တိုင္ပင္ျဖစ္သည္။
ေဆာင္းစက္က kitchenကထြက္လာကာ ဘယ္အခ်ိန္ကျပန္ေရာက္ လာမွန္းမသိေသာ အေနာင့္ကို လက္ကမ္း လိုက္တာက ပ်ားသံပုရာေရေလးတစ္ခြက္ ...။
မင္းခုနက အေရးတႀကီးေျပးလုပ္တဲ့အလုပ္က ဒါ၀င္ေဖ်ာ္တာတဲ့လား...။ ဟိုအေခ်ေကာင္က လဲ ပ်ားသံပုရာရည္ ေသာက္မိၿပီး ၁ခန္းလြတ္သြားတာေနမွာ ႐ုပ္က ၀မ္းသာပီတိဂြမ္းဆီထိ ေနပုံ...။
ေအးေအး...ေကာင္းတယ္ လုပ္ၾက လုပ္ၾက ။ မင္းတို႔ ႏွစ္ ေယာက္ကို ခရီးထြက္မွ ေပးစားပစ္မယ္။
မင္းလြင္တစ္ေယာက္က်ိန္းေနေပမယ့္ အေနာင္နဲ႕ ေဆာင္းစက္ကေတာ့ သိပုံမေပၚပါ။
သူတို႔မသိတာ ေနာက္တစ္ခုရွိေသးသည္။ ဒါကေတာ့ ဆိုင္ေထာင့္တစ္ေနရာက သူတို႔ကို ေသေသခ်ာခ်ာၾကည့္ေနတဲ့အၾကည့္တစ္စုံ ျဖစ္သည္။
__________________________
A/N _ ကိုးက ဘယ္သူ႕ကို ႀကိဳက္ေနလဲ သိခ်င္ေနတဲ့ လူေလးေတြေရ ၊ အေရွ႕ကအပိုင္းေတြမွာ hintေပးထားခဲ့တယ္ေလ.....။
Good night .
Love you all
__________________________________________________________________________________