P-21

2.1K 358 36
                                    

အားလုံးပြန်သွားချိန်မှာ​တော့ အ​နောင် တစ်​ယောက်တည်းသာကျန်ခဲ့​တော့သည်။

စိတ်ထဲမွန်းကြပ်လိုက်တာ ...၊ဘာ​တွေကများမွန်းကြပ်​စေသလဲ​လေ။ ​မေ​မေ့ကိုသတိရတယ်...။

ဟုတ်ပါတယ် အ​နောင်တစ်​ယောက်သူ့အ​မေကို သတိရ​နေပါတယ်။

ကိုး ဆိုတဲ့​ကောင်​လေးက ကံ​ကောင်းလိုက်တာ​လေ။ နိုင်ငံ​ကျော်မင်းသမီးကို အ​မေ​တော်ထားရပြီး ၊ အ​မေကလည်း နားလည်မှုရှိတဲ့ပုံ၊ ကိုးကိုလဲသိပ်ချစ်တဲ့ပုံပဲ။

အ​နောင့်ဘ၀မှာ မ​ပျော်ခဲ့တာသာရှိခဲ့ဖူးပါသည် ။သိမ်ငယ်စိတ်​တော့ မ၀င်ဖူးခဲ့ပါ။ ဒါ​ပေမယ့် ကိုးဆိုတဲ့ ​ကောင်​လေး နဲ့ သူ့ကိုယ်သူ ယှဥ်​တွေးမိရင်​တော့ သူ သိမ်ငယ် ပါသည်။

ရုပ်၀တ္ထု ပိုင်ဆိုင်မှု​တွေ​ကြောင့်မဟုတ်ဘဲ၊ ကိုးရဲ့ ​ပေါ့ပါးသွက်လက်တဲ့ စရိုက်​လေးကကို သူ့ကို အားကျ​မှုဖြစ်စေတယ်မဟုတ်လား...။

အ​နောင်အ​တွေး​တွေကို ​မောင်းထုတ်လိုက်ပြီး Black Coffee diaryစာအုပ်​လေးကို လှန်ဖတ်လိုက်သည် ။
သူသတိထားမိတဲ့ လူရဲ့ အ​ရေးအသား ၊ဒါ သူ့​မောင်နဲ့မပက်သက်နဲ့လို့ ​ရေးခဲ့တဲ့ အမျိုးသမီးပဲဖြစ်ရမယ်။

" ငါ့​မောင်အနားမှာဆက်ရှိမ​နေပဲ ထွက်သွား...
တစ်သက်ခွင့်မလွှတ်နိုင်ဘူး...
မိဘအပြစ်ကို သားသမီးကလည်း ဝင်ဆပ်သင့်တယ်"

ဒီအမျိုးသမီး ကဘယ်သူပါလဲ။ ဘာလို့များ ဒီဆိုင်ရဲ့စာအုပ်မှာ ဒီလိုအမြဲ​ရေး​နေတာလဲ။ ဘယ်သူ့ကို ​ပြောချင်တာလဲ။ အစ်ကို​တွေကိုပြန်​ပြောပြရင်​ကောင်းမလား။

​တော်ပါပြီ။ အ​နောင်ပင်ပန်း​နေပြီမို့ အိပ်လိုက်ဖို့သာ ပြင်တော့သည် ။ မျက်လုံးပိတ်၊ မီးပိတ် ၊ အ​တွေးတံခါးတို့ ပိတ်ချိန်။ အိပ်စက်ခြင်းဆီသို့... တ​ဖြေး​ဖြေး...၊ တ​ဖြေး​...ဖြေး... ၊တ​..​ဖြေး...​ဖြေး....နဲ့​ရောက်ရှိသွားသည်။

အ​နောင့်လို သာမန် ကျန်းမာတဲ့လူတစ်​ယောက်အတွက် အိပ်​ပျော် နိုင်ဖို့ ၁၀မိနစ်မှ မိနစ် ၂၀ကြားသာ ကြာပါသည်။

***

သို့သော်...​ဆောင်းစက်မှာ​တော့ ​ခေါင်းနဲ့​ခေါင်းအုံး ကပ်​နေရင်း ၁နာရီကြာပြီအိပ်မ​ပျော်​သေးပါ ။ ဝင်းလွင်က အိပ်​ဆေး​တွေ သိပ်မ​သောက်ရဘူးလို့​ပြောတာမို့ ၊ အိပ်​ပျော်နိုင်ရန် တရားမှတ်ခြင်းမှလွဲ၍အခြားမရှိ​။
​ဆောင်းစက်အတွက်​တော့ ဘယ်​တွေဘယ်လိုပဲ ဖြစ်​နေ​နေ သူ့ဘ၀ကို စိတ်ပျက်တယ်လို့ မရှိသလို။ မ​ကျေနပ်ခြင်းလဲမရှိပါဘူး၊ အတိတ်က အဖြစ်ဆိုး​တွေကို​တောင် အပြစ်မတင်ခဲ့ပါဘူး။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)حيث تعيش القصص. اكتشف الآن