HE'S ✓

By VemberCB_Kai

151K 15.9K 467

ChanBaek [Unicode + Zawgyi] Warning✓✓ Cover Photo Crd.. Pinterest More

HE'S .1
🎂
HE'S . 2
HE'S . 3
HE'S . 4
HE'S . 5
🎂
HE'S . 6
HE'S . 7
HE'S . 8
HE'S . 9
HE'S . 10
HE'S . 11
HE'S . 12
HE'S . 13
HE'S . 14
HE'S . 15
HE'S . 16
HE'S . 17
HE'S . 18
🚨
HE'S . 19
HE'S . 20
HE'S . 21
HE'S . 22
🚨
HE'S . 23
HE'S . 24
HE'S . 25
HE'S . 27
HE'S . 28
HE'S . 29
🚨
HE'S . 30
HE'S . 31
HE'S . 32
🚨
HE'S . 33
HE'S . 34
HE'S . 35
HE'S . 36
HE'S . 37
HE'S . 38 [ Fin< ]
👋

HE'S . 26

2.5K 351 32
By VemberCB_Kai

[Unicode + Zawgyi]

အစ်ကိုတွေဆီကသဘောတူညီချက်ရပြီးတာလည်းဖြစ်တဲ့အတွက် Baekhyunမှာအိမ်ပြန်ချင်ပြန် မပြန်ရင်Chanyeolတိုက်ခန်းမှာနေဖြစ်သည်။
ညအိပ်ယာဝင်ချိန်တိုင်း Chanyeolဖက်ထားပေးလို့ရနေတဲ့ကိုယ်ငွေ့ကိုBaekhyunသဘောကျနေပြီး Chanyeolရင်ခွင်ထဲနေရမှ ကောင်းစွာအိပ်ပျော်သွားတတ်သည်။
တစ်ပတ်မှာအနည်းဆုံး၃ရက်လောက်ကChanyeolတိုက်ခန်းမှာနေဖြစ်ပြီး အိမ်ပြန်တဲ့ရက်တွေဆိုရင် Chanyeolဖက်ထားပေးမှကောင်းစွာအိပ်ပျော်နိုင်တဲ့အကျင့်ကို ရသွားတဲ့Baekhyunက တနည်းမဟုတ်တနည်းနဲ့ Chanyeolကိုရစ်တတ်သည်။
ဒါကို Chanyeolကအထူးတလည်လုပ်မနေဘဲ Baekhyunအလိုကျလိုက်လျောပေးသည်။
အများဆုံးကတော့ Chanyeolပင်ပန်းသည်ဖြစ်စေ.. မပင်ပန်းသည်ဖြစ်‌စေ Video callတစ်ခုနဲ့ Chanyeolဘာလုပ်နေသည်ကို တဖက်ကနေBaekhyunက အိပ်မပျော်မချင်းကိုကြည့်နေတတ်သည်။
Chanyeol Night Dutyရှိလည်း ခဏနားရသည့်အချိန်အထိကိုစောင့်နေတတ်ပြီး Chanyeolလုပ်နေပုံအကုန်ကိုBaekhyunက တိတ်တိတ်လေးကြည့်နေပြီးမှ အိပ်သည်။
Night Dutyရှိတဲ့ရက်တွေဆို အပင်ပန်းဆုံးဖြစ်ပေမဲ့လည်း Chanyeolကသူ့ရဲ့တည်ငြိမ်နေတဲ့ပုံရိပ်ကိုပျောက်မသွားအောင်နေသည်မို့ Baekhyunမျက်လုံးထဲမှာ Chanyeolပြောင်းလဲသွားတာတွေကိုမမြင်နိုင်ဘူး။

တခြားလူတစ်ယောက်ရဲ့ထိန်းချုပ်ခြင်းခံရတာကို အသာတကြည်လက်ခံပေးဖို့Chanyeolဆိုတဲ့လူကမဖြစ်နိုင်ဘူး။
Baekhyunကတော့ချွင်းချက်အနေနဲ့ Chanyeolမှာ မရ ရတဲ့အချိန်ကိုဖဲ့ပေးသည်။
စိတ်ရှုပ်တယ်လို့တချက်မတွေးမိဘဲ Baekhyunဘယ်လိုပဲရစ်လာလာ အကုန်လုပ်ပေးတတ်သည်။
ထိုသည်ကBaekhyunကို ပိုဆိုးသွားစေသည်လားမသိအောင်ကို Baekhyunဘာလုပ်လုပ် Chanyeolက လိုက်ကန့်ကွက်နေတာမျိုးမရှိဘူး။
ဒါပေမဲ့ အားလုံးကိုလက်ခံထားပေးခြင်းကBaekhyunကိုထိခိုက်နိုင်တာမျိုးရှိမလာသရွေ့ပဲဖြစ်သည်။

Baekhyunအိပ်ပျော်သွားတာသေချာပြီဆိုရင် Chanyeolကိုယ်တိုင် အစ်ကိုတစ်ယောက်ယောက်ဆီကိုဖုန်းဆက်ပြီး ကျန်းမာရေးကိုထိခိုက်စေတဲ့ဖုန်းကိုသိမ်းပေးဖို့နဲ့ Baekhyunအိပ်တာအဆင်ပြေအောင် လှမ်းပြောရသည်။
အစ်ကိုတွေကတော့ အကဲပိုနေတဲ့နှစ်ယောက်ကို ကြည့်မရဖြစ်လာပေမဲ့လည်း ညီငယ်လေးကိုဂရုစိုက်ပေးတဲ့ ရွေးချယ်ထားရာအမျိုးသားကို တိတ်တဆိတ်အမှတ်တွေပေးနေလေသည်။

Chanyeol Baekhyunအပေါ်ဘယ်လောက်ထိ ဂရုစိုက်ပေးလဲကို ဘေးလူတွေအကုန်မြင်သည်။
Baekhyunကနည်းနည်း လိုတာထက်ပိုဆိုးတယ်ထင်ရပေမဲ့ သည်းခံပေးတဲ့Chanyeolလို လက်တွဲဖော်မျိုးရဖို့ကိုလည်းလိုလားကြသည်။
ဆေးရုံမှာ လက်ခံပေးတဲ့သူရှိခြင်း၊ မရှိခြင်းထက် Chanyeolက Baekhyunတစ်မျက်နှာပဲကြည့်နေတတ်သည်။

Baekhyunကလည်း သဝန်သိပ်တိုသည်။
Chanyeolကတခြားတစ်ယောက်ယောက်နဲ့ စကားကြာကြာပြောနေတာမြင်ရင်ကိုတောင် တဖွဖွအပြစ်လိုက်ပြောနေတတ်သည်။
တခါတခါပတ်ဝန်းကျင်ဆိုတာကိုတောင် မေ့သွားတတ်တဲ့အထိ Baekhyunရဲ့အပစ်တင်ပြောဆိုခြင်းခံရတဲ့အခါ ပတ်ဝန်းကျင်ကလူ‌တချို့အမြင်မှာတော့ Chanyeolသည်းခံနေနိုင်သည်က အံ့ဩဖို့ကောင်းနေလိမ့်မည်။

ဒါပေမဲ့လည်း နှစ်ယောက်ထဲရှိတဲ့အချိန်ဆို Chanyeolကစကားကိုမာမာထန်ထန်ပြောနေတုန်းပဲ။
ဒါကို Baekhyunကခံစားမိပြီးစိတ်မကောင်းဖြစ်ရပေမဲ့ ပြန်အဆင်ပြေသွားတာပါပဲ။
နှစ်ယောက်ထဲရှိတဲ့အချိန် ဘာတွေပြောလဲကိုတော့ဘယ်သူမှမသိကြပေမဲ့ Baekhyunငြိမ်နေတဲ့အချိန်တွေဆို ရန်ဖြစ်ထားကြောင်းကိုသိနိုင်ကြသည်။

အမြဲလိုဖြစ်နေတတ်တဲ့စကားများခြင်းပြဿနာတစ်ခုအတွက် ဘေးကလူတွေကတော့ Chanyeolနဲ့Baekhyunအကြောင်းကိုရိုးနေလေပြီ။
ဘယ်သူကစပျော့ပြီး ဘယ်လိုတွေပြန်အဆင်ပြေလည်းမသိကြဘူး
နှစ်ယောက်ရဲ့ လူမြင်ကွင်းမှာလည်း ဖြာထွက်လာတတ်တဲ့ကြင်နာလွန်းတဲ့အကြည့်တွေကို ဘေးလူတချို့ကတော့ ဝိုင်းပြီးအားကျနေကြရသည်။

"Hyung.. Baekhyunဘယ်မှာလဲသိလား"

JunMyeon Reportစာရွက်ကို သူနာပြုဆီကယူကြည့်နေရင်းမှ ဘေးနားလာရပ်တဲ့Chanyeolကိုကြည့်လာခဲ့သည်။

"မေ့ဆေးဌာနကိုသွားတယ်"

"ဘာသွားလုပ်တာလဲ"

"အခုအချိန်ကအားနေတာဆိုတော့ သူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ လိုအပ်တဲ့မေ့ဆေးကိုကိုယ်တိုင်သွားယူကြတာနေမယ်"

Chanyeolခေါင်းတညိပ်ညိပ်နဲ့ လှည့်ထွက်မယ်လုပ်တော့ JunMyeonက စကားကိုဆက်လာသည်။

"Baekhyunကိုမင်းဘယ်လောက်ချစ်လဲ ငါသိပါတယ်
ဒါပေမဲ့ကွာ မင်းBaekhyunကို ဒီတိုင်းခွင့်ပြုထားမပေးသင့်ဘူး"

Chanyeolပြန်လှည့်လာပြီး JunMyeonကိုကြည့်လာတဲ့အခါ JunMyeonကလူရှင်းတဲ့နေရာကိုခေါ်သွားသည်။

"Hyung.."

"Baekhyunကို သူ့ကွယ်ရာမှာလူတွေမကောင်းပြောနေကြတယ်"

Chanyeolမျက်မှောင်ကြုတ်ကြည့်လာတော့ JunMyeonက ပုခုံးကိုပုတ်လာသည်။

"တချို့ကိစ္စတွေမှာ Baekhyunလွန်တာတွေရှိတာကို မင်းလည်းသိမှာပါ..
ဥပမာ သူနာပြုတစ်ယောက်ယောက်နဲ့မင်းကိုသဝန်တိုတာမျိုးမှာ Baekhyunကမင်းကိုရစ်ရုံနဲ့ပြီးသွားတာမဟုတ်ဘူးChanyeol
အဲ့ဒီသူနာပြုအပေါ် မင်းအနားရှိမနေနိုင်လုပ်တတ်တယ်"

"ဘာ..!!"

"အဲ့ကိစ္စတွေမင်းမသိဘူးလား"

JunMyeonကိုယ့်ဂုတ်ကိုကိုယ်ပြန်ပွတ်ကာ ကိုယ်ကိုယ်တိုင်ပြဿနာရှာမိနေတာကိုသိသွားခဲ့သည်။

"Hyung အခုဘာတွေဖြစ်နေတာလဲ ကျွန်တော့်ကိုအကုန်ပြောပြပေးပါ"

Chanyeolက ပတ်ဝန်းကျင်ဆိုတာထက် အလုပ်နဲ့ Baekhyunအပေါ်သာ သတိထားတတ်သူမို့ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲကိုစိတ်ဝင်မစားခဲ့ဘူး။
JunMyeonဆီက Baekhyunနဲ့ပတ်သက်တဲ့စကားတွေကြားပြီးမှသာ ပတ်ဝန်းကျင်မှာဖြစ်‌နေတာတွေကို အနည်းငယ်သိချင်စိတ်ရှိလာသည်။

"ဟိုတစ်နေ့က မင်းကိုအအေးတိုက်တဲ့သူနာပြုလေး ဝမ်းတွေတအားသွားပြီးအခုအရေးပေါ်ခန်းထဲရောက်နေတယ်
အစကတော့အင်တင်တင်ပဲ နောက်..ငါအတင်းမေးကြည့်တော့မှ Baekhyunကသူ့ကိုအအေးအတင်းတိုက်တယ်တဲ့လေ
ဒီသူနာပြုလေးက ၄ယောက်‌မြောက်.. အာ... ၅ယောက်မြောက်ဖြစ်မလား
အခုဆို မင်းအနားလာဖို့ကိုသူနာပြုလေးတွေ တော်တော်ကြောက်နေရှာပြီ
သူတို့အချင်းချင်းတော့Baekhyunလုပ်ရက်ဆိုတာကို သိနေကြမှာပဲ
ပြီးတော့ တစ်ချို့ကဆို Baekhyunအပေါ်ဆိုးဆိုးဝါးဝါးတွေပြောဆိုနေတာကိုငါကြားမိတယ်
Chanyeol..မင်းBaekhyunကိုဘယ်လောက်ပဲချစ်ချစ် အခုလိုတွေလွှတ်ထားမပေးသင့်ဘူး
ငါထင်တာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Baekhyunဒုက္ခရောက်လာနိုင်တယ်"

Chanyeol JunMyeonစကားတွေနားထောင်ပြီးတဲ့အချိန်ပဲ..
"Baekhyunက ငါတို့ဆေးရုံမှာရှိမနေသင့်ဘူး သူကသူ့ချစ်သူအပေါ် တခြားသူတွေရဲ့အထင်ကြီးလေးစားနေတာတွေကိုဖျက်ဆီးပစ်မဲ့သူပဲ.. ယောက်ျားတစ်ယောက်ဖြစ်ပြီး မိန်းကလေးတွေကိုအနိုင်ကျင့်တယ် Dr.Parkကို‌လေ သူ့ချစ်သူဖြစ်သွားလို့ငါအရမ်းပဲသမျောတယ်
Dr.Parkကဆေးရုံအုပ်ကြီးရဲ့မြေးမလေးVierနဲ့ဆို အရမ်းလိုက်ဖက်တဲ့အတွဲလေးဖြစ်နေမှာ
Baekhyunကတကယ့်အဖျက်သမား"

"သူ့ချစ်သူက သူဒီလိုတွေလုပ်နေတာသိနေနိုင်လား.. သူနာပြုလေးတွေဆိုDr.Parkနားသွားရတော့မယ်ဆို ဟိုလူ့ထိုးပြ သည်လူ့ထိုးပြနဲ့ ဘယ်သူမှမသွားချင်ကြဘူး
ငါထင်တာတော့ Baekhyunမိန်းကလေးတွေအပေါ်အနိုင်ကျင့်နေတာကို Dr.Parkက မသိလောက်ဘူး
Dr.Parkက ဒါမျိုးတွေခွင့်ပြုမဲ့သူမဟုတ်ဘူး"

"Dr.Parkလိုလူမျိုးကိုရထားတော့လည်း မာန်တက်ပြနေတာနေမယ် Dr.Parkလိုလူကို မလိုချင်တဲ့သူကရှားပါတယ်ဟယ်.. Baekhyunသူ့ဆီက‌နေ တခြားသူဆီပါသွားမှာကို လောင်နေတာနေမှာပေါ့"

"တနေ့နေ့မှာ Dr.Park သူနဲ့လမ်းခွဲဖို့ကို ငါကတော့မျှော်လင့်တယ်
Baekhyunက Dr.Parkနဲ့လုံးဝမတန်ဘူး"

"Dr.Parkကို ဘာတွေနဲ့ချုပ်ထားလဲမှမသိတာ မဟုတ်မှ သူရဲ့ခန္တာကိုယ်နဲ့လား ဟားဟား" 

ဖြတ်သွားရင်းပြောသွားကြတဲ့Baekhyunရဲ့မကောင်းသတင်းကို ကြားလိုက်ရတဲ့အခါ Chanyeolသက်မချလိုက်သည်။

"Hyung.. ဒါတွေဖြစ်နေတာကြာပြီလား
Baekhyunကကော ရိပ်မိနေတာမျိုးရှိလား"

ရစရာမရှိအောင်ပြောသွားတဲ့ဝန်ထမ်းတွေကိုChanyeolဒေါသထွက်ရပေမဲ့လည်း Baekhyunအပေါ်စိုးရိမ်နေစိတ်ကဖုံးသွားခဲ့သည်။
ဒါကြောင့် ဘာပြဿနာမှရှာမနေဘဲ Baekhyunကိုတွေ့ရဖို့သာလောနေတော့သည်။

"မပြောတတ်ဘူး Baekhyunကိုငါတွေ့တာတော့ပုံမှန်အတိုင်းပဲ"

"ကျွန်တော်Baekhyunကိုသွားရှာလိုက်ဦးမယ်"

"Chanyeol.. အေးအေးဆေးဆေးဖြေရှင်းပါ.. Baekhyunကမင်းပြောလိုက်ရင်နားထောင်ပေး ပါတယ်"

Chanyeolခေါင်းသာညိပ်ပြလိုက်ကာ မေ့ဆေးဌာနဆီကိုထွက်လာလိုက်တော့သည်။

Baekhyunအခုလိုတွေလုပ်နေတယ်ဆိုတာကို လုံးဝမယုံကြည်နိုင်ဘူး။
လူအမြင်မသင့်တင့်တဲ့မိန်းကလေးတွေကိုတောင် တည်တည်ငြိမ်ငြိမ်နဲ့ အမုန်းခံပြင်ပေးတတ်တဲ့Baekhyunလိုလူက မိန်းကလေးတွေအပေါ်အနိုင်ကျင့်တယ်ဆိုတာက လုံးဝမဖြစ်နိုင်ဘူး။
အားလုံး Baekhyunအပေါ်နားလည်မှုလွဲနေကြတာ။

Baekhyunက ဒီလိုအလုပ်တွေလုံးဝလုပ်မှာမဟုတ်တာကို Chanyeolအသေအချာယုံကြည်နေပေးသည်။

"Baekhyunကကောင်လေးတစ်ယောက်နဲ့ Dr.Parkကွယ်ရာမှာပျော်မွေ့နေတာ
အခုဏငါတွေ့လိုက်တာ နှစ်ယောက်ကတဟီးဟီးနဲ့ပဲ"

"သတိထားမိလား အခုတွဲသွားတဲ့Drလေးကလည်း ‌အေးအေးဆေးဆေးနေတဲ့သူလေးပါ Baekhyunဘယ်လိုတွေမြူဆွယ်လိုက်ပြန်ပြီလဲမသိဘူး"

"ခန္တာကိုယ်တစ်ခုနဲ့ လုပ်စားနေတာတော့မဟုတ်လောက်ဘူးမလား"

Chanyeolရောက်နေတာကိုမသိဘဲ‌ပြောချင်တာပြောနေတဲ့သူနာပြုတွေက ‌ရောက်နေတဲ့နေရာနဲ့မတန်အောင်ကို တခြားသူအပေါ်‌ပြောရက်နိုင်ကြတာကို Chanyeolစိတ်ပျက်မိသည်။

"Baekhyunကိုတွေ့မိကြလား"

"Dr... Dr...Dr.Park"

အတင်းပြောနေတာကိုမိသွားလို့တုန်လှုပ်ခြောက်ခြားနေတဲ့ သူနာပြုတွေကို Chanyeolအေးစက်စွာကြည့်နေပြီးမေးတော့ ကိုယ့်လိပ်ပြာကိုယ်မလုံနိုင်တဲ့သူမတို့ကပဲ တုန်တုန်ယင်ယင်နဲ့Baekhyunသွားတဲ့ဘက်ကို ညွှန်ပြကြသည်။
Chanyeolအကြည့်နဲ့သာ သူမတို့ကိုသတိထားနေဖို့ပြောလိုက်ပြီး လှည့်ထွက်လာခဲ့သည်။

"Baekhyunကဒီလိုတွေလုံးဝမလုပ်ပါဘူး.. ဘာလို့အကုန်လုံးလိုလို သူ့ကိုအဆိုးမြင်နေကြတာလဲ
သူကအရမ်း‌ကာင်းတဲ့သူပါ
ဒီလိုတွေပြောနေကြတာကို သူ့ချစ်သူကဘာလုပ်နေလဲ
Baekhyunဒီအကြောင်းတွေ သူ့နောက်ကွယ်မှာပြောဆိုနေကြတာကို မသိဘူးထင်တယ်
သူသာကြားသွားရင် စိတ်မကောင်းတော်တော်ဖြစ်သွားမှာပဲ"

"ဘာလို့သူများကိုအာရုံစိုက်နေတာလဲ.. ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်စမ်းပါ"

"ကိုကိုကလည်း ပတ်ဝန်းကျင်ကလူတွေက ယောက်ျားလေးချင်းချစ်ကြတာကိုတကယ်အဆိုးမြင်ကြတာ
Baekhyun hyungအဲ့လိုမလုပ်တာကိုကိုလည်းခံစားမိတယ်မလား
ကိုကိုနဲ့yongရဲ့အကြောင်းသိသွားရင်လည်း အခုလိုတွေပြောကြမှာပဲထင်တယ်"

"လိုက်စိတ်ပူမနေနဲ့ကိုကိုရှိတယ်လေ.. ကိုကိုကYongကိုကာကွယ်ပေးမှာပေါ့"

"ကိုကိုကဒီလိုစကားတွေနဲ့ပဲ ဒီကအချစ်ခံလူတန်းစား‌လေးKimTaeYongကိုချုပ်နေတာပဲ"

Chanyeolကြားရတဲ့စကားတွေ‌ကြောင့် အခုလိုအတွဲမျိုးထက်ရှိနေတာကို သိလိုက်ရတော့အံ့ဩသွားပေမဲ့လည်း Baekhyunရှိမဲ့နေရာကိုသာဆက်သွားသည်။

Baekhyunကိုတွေ့တော့ Baekhyunက Chanyeolသတိမထားမိတဲ့တခြားကောင်လေးတစ်ယောက်နဲ့ ရယ်မောနေသည်။
ကောင်လေးကဘာတွေပြောလဲမသိ Baekhyunကတော်တော်လေးသဘောကျနေပြီး စကားတွေလည်းပြန်ပြောနေသေးသည်။

Chanyeol Baekhyunရယ်မောနေတာမြင်ရတော့စိတ်သက်သာရာရပေမဲ့ ကြည့်နေရင်းမျက်မှောင်ကြုတ်လာကာဒေါသထွက်လာတော့သည်။
သူနာပြုလေးတွေပြောတဲ့စကားတွေသွားသတိရမိပြန်တော့ ဒေါသကိုဒေါသကထပ်ဆင့်နေလေသည်။

"Baekhyun!! အရမ်းတွေပျော်နေတာပဲလား"

"Chanyeol.."

မထင်မှတ်ဘဲChanyeolကိုတွေ့လိုက်ရတော့ Baekhyunပျော်သွားပြီး အပြုံးတစ်ခုနဲ့ Chanyeolဘေးကိုသွားသည်။

"Chanyeol..မင်းကိုငါ Jaeနဲ့မိတ်ဆက်ပေးမယ်"

Jae??? နာမည်ကိုအဖျားစွတ်ခေါ်ရလောက်အောင် ကိုရင်းနှီးနေကြတာလား
အချိန်ခဏလေးအတွင်းမှာ ဘာလို့အခုလိုရင်းနှီးနိုင်ရတာလဲ
Baekhyunမင်းဟာလေ..လူတွေကိုလွယ်လွယ်ကူကူနဲ့ခင်မင်တတ်တာပဲ

"Chanyeol.. သူက ငါ့ရဲ့သူငယ်ချင်း KimJaeHo.. သူကမင်းနဲ့စကားပြောဖူးချင်တာတဲ့..

Jae.. ဒီက မိန်းကလေးတွေကြားနာမည်ကြီးနေတဲ့ Dr.Parkကိုငါမိတ်ဆက်ပေးစရာလိုသေးလား"

"အာ.. BaekhyunHyungကတော့နောက်နေပြီ..

Dr.Park ကျွန်တော်ကKimJaeHoပါ ဟွားလဲ့ဆေးရုံဆီရောက်လာတာမကြာသေးပါဘူး
ကျွန်တော် Dr.Parkနဲ့တကယ်ပဲရင်းနှီးချင်ပါတယ်

ဒါနဲ့ BaekhyunHyungကတကယ်သဘောကောင်းတာပဲ"

Chanyeol ပြုံးနေတဲ့Baekhyunကိုကြည့်ပြီး မျက်ခုံးနှစ်ခုကထိလုမတက်..

"Baekhyunကငါ့အပိုင်!! "

"ဗျာ..??"

Baekhyunကိုကြည့်ရင်းပြောလာတဲ့ Chanyeolစကားကြောင့် KimJaeHoနားမလည်ဖြစ်သွားပြီးမှ သဘောကျစွာပြုံးပြီးBaekhyunကိုကြည့်လိုက်သည်။

"မကြည့်နဲ့!!"

Chanyeolရဲ့တားမြစ်သံကို KimJaeHoရယ်လိုက်မိပြီး လက်ချောင်းတွေနဲ့မျက်ခုံးတွေကြားဖိလိုက်ကာ မျက်လုံးတွေကိုမှိတ်လိုက်ရင်းခေါင်းကိုငုံ့ချလိုက်သည်။

"BaekhyunHyungပြောတာက တကယ်ဟုတ်နေတာပဲ"

"အဟမ်း... "

KimJaeHoအပြောကို Baekhyunကချောင်းဟက်တော့ Chanyeolက Baekhyunကိုပုခုံးကနေဖက်ထားလိုက်သည်။

"ဘာကိုပြောတာလဲ"

Chanyeolမေးလာတဲ့အခါ KimJaeHoက Baekhyunကိုပြန်ကြည့်လာပြီး မျက်လုံးနဲ့ ပြောရ မရကို အချက်ပြမေးနေသည်။

"Baekhyun!!"

"Jaeပြောတာကိုနားထောင်တာထက် ငါပြောပြတာကိုနားထောင်ပါလား.. ဟမ်... ဟမ်လို့Chanyeol"

"လိုက်ခဲ့"

Chanyeol ချက်ချင်းပဲBaekhyunကိုဆွဲခေါ်သွားတဲ့အခါ Baekhyunက KimJaeHoကိုတာ့တာပြပြီးနှုတ်ဆက်သွားသည်။ ဒါကိုမြင်လိုက်တဲ့Chanyeolကတော့ Baekhyunကိုပွေ့မချီရုံတမယ် လက်ကိုမြဲမြဲကိုင်ကာသူ့အခန်းဆီသွားနေတော့သည်။

"Chanyeol..ဘာတွေစိတ်ဆိုးနေတာလဲ.. ဖြေးဖြေးသွားပါ"

"အကုန်ပဲ"

Baekhyunဘာအပြစ်လုပ်မိမှန်းမသိတာမို့ ပါးစပ်လေးပိတ်သွားကာ Chanyeolဆွဲခေါ်ရာအတိုင်းလိုက်လာခဲ့သည်။

အခန်းဆီရောက်သွားတာနဲ့ တံခါးကိုဆောင့်ပိတ်ကာ Baekhyunကိုနံရံပစ်ကပ်လိုက်ခြင်းက Baekhyunကျောပင်နာသွားရသည်။

"ဖြေးဖြေးလုပ်လဲရတာကို.. နာသွားပြီ"

"Baekhyun..!!"

Baekhyunနာသွားလို့ စူပုတ်ပြီးကြည့်လာတဲ့အခါ Chanyeolကြားခဲ့တဲ့စကားတွေက ခေါင်းထဲအစီအရီ..
ထို့ပြင် KimJaeHoနဲ့ဘာလို့အခုလိုရင်းနှီးနေတာလဲကလည်းဒေါသထွက်စေပြန်သည်။

"အရမ်းကြီးမဖိထားနဲ့လေ.. နာသွားပါပြီဆို"

Chanyeolဘာကိုစပြောရမလဲမသိဘဲ Baekhyunလက်မောင်းတွေအပေါ်ဖိထားတာကိုတော့လျော့ပေးလိုက်သည်။

"ငါနဲ့Jaeရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်နေတာကို ParkChanYeolဆိုတဲ့ငါ့ချစ်သူသိရင်သဝန်တိုမှာလို့ပြောထားတာ
တခြားသူတွေထက် Jaeကငါ့ကိုအများကြီးနားလည်ပေးတယ်
မင်းနဲ့ငါ ချစ်သူဖြစ်တာကို သူကအရမ်းအားကျတာပဲလို့ပြောတယ်
Jaeကမင်းကိုအရမ်းလေးစားတာ.. မင်းကနေသင်‌ပြပေးတာမျိုးကို ခံယူချင်တယ်တဲ့"

"Jae..Jae..Jaeနဲ့ မင်းပါးစပ်က သူ့ကိုအဖျားစွတ်ခေါ်လို့ပြီးဦးမှာလား"

"ဟမ်..??.. အာ... အာ... ငါ့အချစ်လေးကငါ့ကိုသဝန်တိုနေတာလား.. ဟုတ်လား ဟုတ်လား.."

Baekhyunရယ်ပြနေကာ Chanyeolခါးတွေကိုဖက်လိုက်ပြီး ‌ခေါင်းကိုအညိမ်မနေဘဲ Chanyeolကိုလိုက်စနောက်နေသည်။

"ငါ့အချစ်လေးက ငါ့ကိုတကယ်သဝန်တိုနေတာပဲ"

Baekhyun ဘာမှမပြောဘဲမျက်မှောင်ကြုတ်ကြည့်နေတဲ့Chanyeolရဲ့နှုတ်ခမ်းကို ပြွတ်ခနဲမြည်အောင်နမ်းပစ်လိုက်ပြီး ရယ်ပြနေပြန်သည်။

"Chanyeolက ငါ့အပေါ်သဝန်တိုတတ်တာပေါ့.. ဟီးဟီး.. "

"Baekhyun..."

Chanyeolအသံက အခုဏနဲ့လားလားမျှမတူဘဲ တကယ်ကိုတည်ငြိမ်ပြီး Baekhyunမျက်လုံးတွေကိုစိုက်ကြည့်နေတော့ Baekhyunမှာဆက်မရယ်နိုင်တော့ဘဲ Chanyeolမျက်လုံးတွေထဲပြန်ကြည့်နေမိသည်။

"မင်း.."

Chanyeolပုံစံကတကယ်ကိုလေးနက်‌လွန်းနေတာကြောင့် Baekhyunမှာတံတွေးပင်မျိုမချရဲ အောက်နှုတ်ခမ်းကိုကိုက်ထားမိသွားသည်။

"ငါနဲ့Jae..JaeHoက သူ..သူငယ်ချင်းသက်သက်ပါပဲ.. မင်း.. မင်းမကြိုက်ရင် ငါသူနဲ့ သူငယ်ချင်းမလုပ်တော့ဘူးလေ
ငါ့ကို အခုလို အေး..တိအေးစက်ကြီး..နဲ့.. မကြည့်ပါနဲ့"

Baekhyunမျက်နှာငယ်လေးနဲ့ကြည့်လာတဲ့အခါ Chanyeolပြောဖို့စကားလုံးတွေက တုံ့ဆိုင်းကုန်သည်။

"Chanyeol..."

"ငါ့ကိုဖုံးကွယ်ထားတာမျိုးတွေရှိလား"

"ဟင့်အင်း.. ဟင့်အင်း... ငါဘာမှမင်းကိုမဖုံးကွယ်ထားပါဘူး"

"တခြားတစ်ယောက်ယောက်ကို ဒုက္ခရောက်အောင်ကောလုပ်ဖူးလား"

Baekhyunကတုံ့ဆိုင်းခြင်းမရှိဘဲခေါင်းခါပြတော့ Chanyeolက Baekhyunခေါင်းကိုထိန်းကိုင်ကာ နဖူးကိုနမ်းလိုက်သည်။

"Baekhyun.."

"မင်းဘာဖြစ်နေတာလဲChanyeol"

Baekhyun Chanyeolကိုမော့ကြည့်နေပြီး
Chanyeolဆီကထွက်လာမဲ့စကားလုံးကို စိတ်ဝင်တစားစောင့်စားနေသည်။

"ငါ့ကိုတခြားသူတွေနဲ့မင်းသဝန်တိုတာကို ငါဘာမှပြောမနေပါဘူး
ဒါပေမဲ့ သူတို့အပေါ်မင်းဒုက္ခရောက်အောင်လုပ်ဖူးလား"

"မင်းဘာတွေဖြစ်လာလို့ ငါ့ကိုတရားခံတစ်ယောက်လိုစစ်မေးနေရတာလဲ"

"ဟိုတနေ့က ငါ့ကိုအအေးဘူးလာ‌ပေးတဲ့သူနာပြု အခုအရေး‌ပေါ်ခန်းထဲမှာ.. ငါသိလာတာက အဲ့လိုဖြစ်အောင်မင်းလုပ်လိုက်တာတဲ့
မင်းပြောတာကိုပဲငါနား‌ထောင်မယ်Baekhyun.. ငါ့ကိုအခုပြော"

Baekhyun Chanyeolလက်တွေကိုပုတ်ထုတ်လိုက်သည်။

"မင်းငါ့ကိုချစ်တယ်ဆိုတဲ့ခံစားချက်နည်းနည်းလေးရှိရင် မိန်းကလေးတစ်ယောက်ကို ငါအဲ့လိုမျိုးတွေလုပ်နိုင်လားဆိုတာ မင်းစဉ်းစားကြည့်လေ"

"Baekhyun.. ငါအေးဆေးမေးနေတာကို ဒေါသထွက်ရအောင်မလုပ်နဲ့.."

"ငါ့ကိုယုံလို့လား.. မင်းကငါပြောတာတွေကိုကောယုံပေးနိုင်မှာမို့လား"

"Baekhyun !!!"

Baekhyunနေ့လယ်ကမှ သူနာပြုတစ်ယောက်အရေးပေါ်ခန်းထဲရောက်နေတာကိုသိရသည်။ ထို့ထက် ရောက်လာတဲ့သူနာပြုကသူ့ကြောင့်နဲ့ရောက်ရတာဆိုတဲ့ တစွန်းတစကိုလည်းကြားရသည်။
ဒါတွေကိုBaekhyunဂရုစိုက်မနေဘဲ လုပ်စရာရှိတာတွေသာလုပ်ရင်း အချိန်ကုန်စေခဲ့သည်။
ဒါပေမဲ့လည်း Baekhyunသူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို နားစွန်နားဖျားကြားမိပေမဲ့ ဘယ်သူကမှပြောပြလာခြင်းမရှိတာကြောင့် သိချင်မနေတော့ဘဲဒီတိုင်းထားလိုက်သည်။

ဒါကိုပဲChanyeolရဲ့သိချင်နေတဲ့ပုံမဟုတ်ဘဲ တရားခံလိုစစ်မေးနေတဲ့ပုံစံက Baekhyunကိုစိတ်မကောင်းဖြစ်စေတာထက် ခံပြင်းလာစေခဲ့သည်။

Baekhyunအခန်းထဲထွက်သွားဖို့လုပ်တဲ့အခါ Chanyeolကပြန်ဆွဲပြီးနံရံမှာဖိကပ်ထားပြန်သည်။
Baekhyunမှာနှုတ်ခမ်းတွေပင်တုန်နေအောင် ဒေါသထွက်သွားတာက Chanyeolအတွက်တော့အထူးအဆန်းပင်..
Chanyeol Baekhyunလက်တွေကိုဖိထားကာ မျက်လုံးတွေထဲသေချာစိုက်ကြည့်နေတော့ Baekhyunက မျက်လွှာချလိုက်သည်။

"ငါ့ကိုချစ်တယ်မဟုတ်ဘူးလား.. တခြားသူတွေကငါ့ကိုဘာတွေပြောလဲမသိချင်ဘူး
ငါသိချင်တာက မင်းကော သူတို့လိုပဲငါ့အပေါ်မြင်နေတာလား"

Chanyeolကချစ်ခဲ့တာမဟုတ်ဘူးဆိုရင်ကောဆိုတဲ့အတွေးက Baekhyunအတွက်အဆပေါင်းများစွာနှလုံးသားကိုနာကျင်လာစေသည်။

"Baekhyun.."

Chanyeolလက်မနဲ့ လေသံတိုးတိုးလေးပြောလာတဲ့Baekhyunကိုမေးကနေပင့်ယူကာ မျက်‌လုံးတွေကိုပြန်ကြည့်လာခိုင်းနေသည်။

"ငါ့ကိုကြည့်.."

Baekhyun Chanyeolကိုကြည့်လာတဲ့အခါ Chanyeolကျန်လက်တစ်ဖက်က Baekhyunခါးက‌နေသိုင်းဖက်လာခဲ့သည်။

"ငါမင်းပြောတာပဲနားထောင်မယ်လို့ ငါပြောတယ်မလား"

Chanyeol Baekhyunကိုယ်ကိုဆွဲယူလိုက်တဲ့အခါ Baekhyun Chanyeolရဲ့ရင်ဘတ်နဲ့ကပ်သွားရပြီး မျက်လုံးတွေဆီကို မျက်တောင်ခက်ဖို့မေ့သည်အထိမော့ကြည့်နေမိကြသည်။

"ပြောလေ.."

Chanyeolအသံက ဒေါသသံတို့ရှိမနေဘဲခါတိုင်းထက်ကိုညှင်သာလွန်း‌နေပြီး Baekhyunရဲ့နှုတ်ခမ်းတွေဆီ ဖွဖွလေးထိကပ်လိုက်သည်။

"ငါနားထောင်နေတယ်"

Chanyeol Baekhyunလည်တိုင်ကိုထင်းထွက်လာစေသည်အထိ မေးကိုပင့်ကာမော့နေစေပြီး ထင်းလာတဲ့လည်ဇလုပ်ကို ငုံ‌စုပ်နေလိုက်သည်။

"ငါ ငါမလုပ် ဘူး"

Chanyeol Baekhyunရဲ့လည်ဇလုပ်ကိုစုပ်ခြင်းက‌နေရပ်လိုက်ကာ ကြည့်လာခဲ့သည်။

"ငါ မင်းအနားမှာကပ်နေတဲ့မိန်းကလေး‌တွေကိုရှိ‌မနေစေချင်တာမှန်ပေမဲ့ ငါဘယ်သူ့ကိုမှဒုက္ခရောက်အောင်မလုပ်ဘူး
ပြီးတော့ ငါကယောက်ျားလေးဖြစ်နေပါလျှက်နဲ့ မင်းကိုသဝန်တိုတာ တခြားအတွဲတွေထက် ပိုချင်ပိုမယ်
ငါမိန်းကလေးတွေအပေါ်အနိုင်မကျင့်ဘူး"

ငါမင်းကိုယုံကြည်ခဲ့ပါတယ်Baekhyun..
ငါမေးတယ်ဆိုလည်း.. မင်းဆီကဝန်ခံလာမဲ့ပြဿနာတစ်ခုခုကို သိခွင့်ရှိမယ်ထင်လို့
တခြားသူတွေထက်ကို မင်းအပေါ်ငါယုံကြည်ထားတာပါ

"Baekhyun..သန်းဘက်ခါ နှလုံးအစားထိုးခွဲစိတ်မှုတစ်ခုအတွက် ငါထိုင်းကိုသွားရမယ်"

အဆက်အဆက်မရှိဘဲပြောလာတဲ့ Chanyeolစကားကြောင့် Baekhyunပါးစပ်လေးဟသွားပြီးကြည့်နေအခါ Chanyeolကပြုံးပြီး Baekhyunကိုဖက်လိုက်သည်။

"ပြန်လာတဲ့အခါ ငါမင်းကိုလက်ဆောင်ပေးစရာရှိတယ်"

Baekhyunခေါင်းညိပ်ပြပြီး Chanyeolကိုပြန်ဖက်ထားခဲ့သည်။

"ကြာမှာလား.. ပြီးတာနဲ့ပြန်လာမှာလား"

"ငါထင်တာတော့.. လူနာသတိရပြီးသေချာစိတ်ချရမှပြန်လာဖြစ်မယ်
အနည်း‌ဆုံး၂ရက် ၃ရက်လောက်"

"ငါတော့Chanyeolကိုလွမ်းနေတော့မှာပဲ"

"ဟုတ်လား"

"မင်းမရှိရင် ညဆိုငါကောင်းကောင်းအိပ်ပျော်နိုင်မှာဟုတ်ဘူး"

Chanyeol Baekhyunကျောပြင်လေးကိုသပ်ချပေးနေကာ ဆံပင်တွေကြားအနမ်းခြွေလိုက်သည်။

"မင်းအိပ်ချိန်ကိုငါမမေ့ပါဘူးBaekhyun.. အဲ့အချိန်ဆိုငါ့ကိုမင်းဖုန်းခေါ်လို့ရတယ်"

"ချစ်တယ်Chanyeol.."

Chanyeol Baekhyunမျက်နှာကိုရင်ခွင်ထဲကထွက်စေကာ နူးညံ့တဲ့နှုတ်ခမ်းသားတွေပေါ်ထိကပ်စုပ်ယူလိုက်တော့ ခါးတွေကိုဖက်ထားပြီး ဦးဆောင်ရာChanyeolရဲ့အနမ်းတွေနောက်ကို မမောမပန်းနဲ့ Baekhyunပျော်ဝင်‌နေခဲ့သည်။

ဒီတစ်ကြိမ်တွင်တော့ Chanyeolဆီကနေခပ်ကြမ်းကြမ်းစကားလုံးတွေအစား အခုလိုနူးညံ့တဲ့အပြုအမူတွေက Baekhyunကိုကျရှုံးစေခဲ့ပြန်သည်။

ဒီလိုအဓိပ္ပာယ်မရှိတဲ့လုပ်ရပ်နဲ့ မဟုတ်မမှန်တဲ့သတင်းတွေကိုဘယ်သူကဖြန့်တာလဲ
ငါကိုယ်တိုင်ကလွဲရင် Baekhyunကိုဘယ်သူမှလာထိခွင့်မရှိဘူး
ဒီကိစ္စကအနှေးနဲ့အမြန်ပေါ်လာမှာမို့ အခုလိုတွေဖြစ်လာစေတဲ့သူကို ဘယ်သူပဲဖြစ်နေနေငါလုံးဝခွင့်လွှတ်ပေးမှာမဟုတ်ဘူး

TBc...

‌ဘာလက်ဆောင်ဖြစ်မယ်ထင်လဲ..?? 

ဘာလက်ဆောင်လေးဖြစ်စေချင်ကြလဲ??

[Zawgyi 👇]










"မေ့ဆေးဌာနကိုသွားတယ်"

"ဘာသွားလုပ်တာလဲ"





"Hyung.."




"ဘာ..!!"

























"Dr... Dr...Dr.Park"











"Chanyeol.."










"Baekhyunကငါ့အပိုင်!! "

"ဗျာ..??"


"မကြည့်နဲ့!!"



"အဟမ်း... "


"ဘာကိုပြောတာလဲ"


"Baekhyun!!"


"လိုက်ခဲ့"



"အကုန်ပဲ"




"Baekhyun..!!"











"Baekhyun..."


"မင်း.."




"Chanyeol..."





"Baekhyun.."










"Baekhyun !!!"






"Baekhyun.."


"ငါ့ကိုကြည့်.."




"ပြောလေ.."


"ငါနားထောင်နေတယ်"


"ငါ ငါမလုပ် ဘူး"











"ဟုတ်လား"




"ချစ်တယ်Chanyeol.."




TBc...



Continue Reading

You'll Also Like

4.7K 379 27
You ever just hate someone? Their eyes annoy you, the smell of them disgust you, their voice makes your ears bleed. The sight of them just makes you...
102K 11.8K 40
ChanBaek Fanfiction (Zawgyi+Unicode) [Romance / Sweet] This is my new acc par bya💗
15.7K 810 41
Summary: Cedric's death marked Harry. It made him think. Really think. About life. About death. What it means to live and what is important in life...
9K 142 51
"𝐼 𝑙𝑜𝑣𝑒 𝑦𝑜𝑢" "𝐼 𝑎𝑙𝑤𝑎𝑦𝑠 ℎ𝑎𝑣𝑒 𝑙𝑜𝑣𝑒𝑑 𝑦𝑜𝑢" You get a job for the Mr beast crew, when suddenly you start to catch the eyes for s...