Zawgyi
လက္တစ္ဖက္ကအခ်ိန္ၾကာၾကာအဖိခံထားရသည္မို႔ က်ဥ္လို႔
လာေတာ့သည္။သို႔ေသာ္ သူ႔ကိုမွီၿပီးႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္
ေနတဲ့နာရယ္ႏိုးသြားမွာစိုးတာေၾကာင့္ နည္းနည္းေလးမွမလႈပ္
မိေပ။
ဟုတ္ပါသည္။ျပန္ဆင္းဆိုၿပီးက်န္တဲ့အားေလးနဲ႔ျပန္တြန္းေနတဲ့သူမက သူ႔ရင္ဘတ္ေပၚကိုတျဖည္းျဖည္းၿပိဳက်လာၿပီးတဲ့
ေနာက္ အပူအပင္ကင္းကင္းနဲ႔အိပ္ေပ်ာ္သြားေတာ့သည္။
"ကြၽတ္ ကြၽတ္ အိပ္ပါ...အိပ္ပါ "
အင္းအဲအသံထြက္ကာလူးလြန္႔လာတာမို႔ တကြၽတ္ကြၽတ္လုပ္
ၿပီးျပန္ေခ်ာ့သိပ္ေပမယ့္ မ်က္လံုးကိုလက္နဲ႔ပြတ္သပ္လို႔ႏိုးလာ
ပံုရသည္။
"ပူ...တယ္"
"ေအာ္!...ေခြၽးေတြထြက္လာလို႔ုျဖစ္မယ္ နည္းနည္းသက္သာ
သြားၿပီမလား"
"အင္း..."
ကိုယ့္ေပၚမွီအိပ္ေနတာကိုေတာ့သတိထားမိပံုရသည္။ကမန္း
ကတန္းေစာင္ကိုဆြဲဖယ္လို႔ ကိုယ့္ေပၚ့ကိုအပံုလိုက္ပစ္ေပးလို႔
သြားသည္။
"အက်ႌလဲထားလိုက္ေလ...ကိုယ္စြတ္ျပဳတ္သြားျပန္ေႏႊးထားလိုက္မယ္ ၿပီးရင္ထြက္လာခဲ့ေနာ္"
"ဟုတ္....ေက်းဇူး"
သူ႔ကိုယဥ္ယဥ္ေက်းေက်းသံုးႏႈန္းလာသည္မို႔ ႐ုတ္တရက္ျပံဳးမိ
သြားသည္။
"မဟုတ္တာ...သြားေႏႊးလိုက္ဦးမယ္"
စြတ္ျပဳတ္ပန္းကန္ကိုအနည္းငယ္ေျမႇာက္ျပကာ မီးဖိုခန္းထဲသို႔
ထြက္လာခဲ့သည္။သူလည္းလူတစ္ေယာက္အတြက္မေတာက္
တေခါက္နဲ႔ပထမဆံုးခ်က္ျပဳတ္ေပးဖူးတာပဲ။
.
.
"အဲ့လိုႀကီးၾကည့္ေနရင္ စားလို႔မရေတာ့ဘူးေလ"
ေခါင္းငံု႔စားေတာ့လည္းအတင္းလိုက္ၾကည့္ တစ္ဖက္လႊဲေနလည္းမ်က္လံုးမဆံုဆံုေအာင္လိုက္ၾကည့္ေနတာမို႔မေနတတ္ေတာ့ေပ။
"အာ...မီရမ္း စားလို႔အဆင္ေျပလားသိခ်င္လို႔ပါ"
"ေကာင္းပါတယ္"
"အင္းအင္း"
"ဒီေန႔ အလုပ္မသြားဘူးလား??"
"မသြားလည္းရတယ္ ထယ္ေယာင္း႐ွိတယ္"
"ထယ္ေယာင္း??"
"ကိုယ့္သူငယ္ခ်င္း..."
"ေခ်ာလား..."
"သိေတာ့ေရာဘာလုပ္မလို႔လဲ??"
"ေအာ္...ဒီတိုင္းပဲသိခ်င္ရံုေလးကို"
"မင္းသိစရာမလိုဘူး..."
တိခနဲစကားကိုျဖတ္ၿပီးထထြက္သြားတာမို႔ ဆက္စားခ်င္စိတ္
လည္းမ႐ွိေတာ့ပါ။ဒါေလးေမးတာကိုအဲ့လို ေဆာင့္ႀကီးေအာင့္
ႀကီးျပန္ေျဖမွျဖစ္မွာလား။
"ျပန္ေတာ့မယ္??"
"အင္း...စာၾကည့္စားပြဲေပၚမွာေဆးထုပ္တင္ထားတယ္"
"ေသာက္ရမွာလား??"
"မေသာက္ခ်င္လည္းမေသာက္နဲ႔ေပါ့"
စိတ္ကလည္းတကယ့္ကိုလက္တဆစ္ပဲ႐ွိသလားမသိ။မၾကာ
ေသးခင္ကမွတအားကိုႏူးညံ့ျပေနတဲ့sideကအခုေတာ့ဘယ္
ေရာက္သြားၿပီလဲ။
ကုတ္အက်ႌကိုထပ္ဝတ္ေနၿပီမို႔ျပန္ေတာ့မယ္ဆိုတာသိေနတာမို႔သိစိတ္ကေရာ မသိစိတ္ကေရာနည္းနည္းေလာက္ထပ္ေနပါဦးလားလို႔ေတာင္းဆိုခ်င္ေနေပမယ့္ တကယ္တမ္းဘာစကာမွထြက္မလာေပ။
"ထပ္မေတြ႔ရေတာ့ဘူးေပါ့..."
ျပန္မယ္လုပ္ကာမွ ေမးခြန္းေတြေမးရင္း ဝမ္းနည္းသလိုလို
လုပ္ျပေနေတာ့ ေျခေထာက္ကအေပါက္ဝေရာက္ေအာင္ေတာင္မနည္းေရႊ႔ေနရသည္။
"ေတြ႔ခ်င္ရင္ေတာ့အိမ္လာလည္လို႔ရပါတယ္..."
"မေတြ႔ခ်င္ပါဘူး!! ဒီေန႔ လိုက္ပို႔ေပးတာေက်းဇူး"
"လိုက္ပို႔ေပးတာအတြက္ပဲလား??? ကုန္းပိုးၿပီးအခန္းထဲေခၚ
လာေပးတာရယ္ စြပ္ျပဳတ္လုပ္ေပးတာရယ္ ရင္ခြင္ထဲထည့္
ၿပီးေခ်ာ့သိပ္ထားတာေတြအတြက္ေရာ...."
"အဲ့ _ အဲ့ဒါေတြလည္းပါ..ပါတယ္ေလ"
"ေက်းဇူးတင္ဖို႔က်ေတာ့ကပ္စီးနည္းေနၿပီး သူမ်ားေခ်ာလား
မေခ်ာလားၾကစပ္စုခ်င္ျကတယ္ ဘယ္လိုေတြမွန္းကိုမသိဘူး"
"ေဟာလ္..!! စပ္စုတာမဟုတ္ဘူးေလ ေဟ့!!"
*ခဏေလာက္ထပ္ေနေပးရင္ေကာင္းမွာပဲ..*
အေနာက္ေတာင္တစ္ခ်က္လွည့္မၾကည့္ပဲထြက္သြားတာမို႔
စိတ္ထဲကဝမ္းနည္းသလိုလုိနဲ့ေဆာင့္ေျကာင့္ထိုင္ကာညည္းညဴမိသည္။
"အာ...ဘယ္တုန္းကအဲ့ေလာက္မ်က္ရည္လြယ္သြားတာလဲ
ေခါင္းျပန္ကိုက္လာၿပီ...ေသာက္ခ်ီး"
မ်က္ေတာင္ေတြကိုပုတ္ခတ္ပုတ္ခတ္လုပ္ရင္း ေသာက္လက္
စစြပ္ျပဳတ္ပန္းကန္ဆီျပန္ေလ်ွာက္လာခဲ့သည္။တရိပ္ရိပ္လွမ္း
ၾကည့္တတ္တဲ့အရိပ္ေလးမ႐ွိေတာ့ စြတ္ျပဳတ္ကအရသာေပါ့သြားသလုိလို။
"ပါ့ခ္ဂ်ီမင္က လံုးဝငါ့စတိုင္မဟုတ္ဘူး..."
~~~~~~~~~
"ထယ္ေယာင္းအာ~ ငါဘာေျပာၿပီးသြားေတြ႔ရမလဲ ဘယ္ႏွ
ရက္မွမျကာေသးတာကိုသတိရလာျပန္ၿပီကြာ~"
အသည္းကြဲရင္ပုလင္းေထာင္တတ္တဲ့လူေတြရဲ႕ပံုစံကိုမ်က္ဝါး
ထင္ထင္ျမင္ရေတာ့ ထယ္ေယာင္းတကြၽတ္ကြၽတ္ညည္းရင္း
ေခါင္းခါမိသည္။
"မင္း အဲ့ေလာက္ႀကီးျဖစ္သြားလိမ့္မယ္လို႔မထင္ဘူး ဂ်ီမင္ရာ
ေျပာေတာ့ ကစားမွာဆို...အခုေတာ့ျပန္ကစားခံလိုက္ရၿပီေပါ့
အဟား~"
"မေလွာင္နဲ႔ကြား....မင္းဝဋ္ျပန္လည္ဦးမွာ ေခြးေကာင္!!"
အာေလးလ်ွာေလးနဲ႔ေတာ္ေတာ္ေလးေရခ်ိန္ကိုက္ေနၿပီမို႔ေျပာ
လာတာေတြကိုဂ႐ုမစိုက္ပဲ ျပန္ေခၚဖို႔ပဲျပင္မိေတာ့သည္။
"ေဟ့ေကာင္..မင္းအခ်စ္ကေလးကိုဖုန္းဆက္ေခၚေပးရမလား
ဟမ္??"
"ဘာ?? ဘယ္အခ်စ္ကေလး??"
စားပြဲေပၚေခါင္းေမွာက္ေနရာကေနဆတ္ခနဲေထာင္လာေတာ့
ေဘးနားကဖုန္းကိုယူကာ လက္ေဗြနဲ႔ဖြင့္လိုက္သည္။
"မင္းအခ်စ္ေလးေလ ငါေခၚေပးမယ္ ေနာ္ ဂ်ီမင္??"
"အင္း...အခ်စ္ကေလး ဆုန္း...နာ...ရယ္ "
.
.
.
"Waeee...ဘာလို႔ကိုယ့္ကိုနာက်င္ေအာင္လုပ္ရတာလဲ"
ဂ်ီမင္ကိုဂ႐ုစိုက္ေပးပါဆိုၿပီးသူ႔သူငယ္ခ်င္းကိုကိုယ့္ေပၚပစ္ခ်
သြားတဲ့သူငယ္ခ်င္းထယ္ေယာင္းဆိုတဲ့လူကိုနားမလည္ႏိုင္ပါ။
ေသခ်ာေပါက္ေတာ့ ေခ်ာတာကိုျမင္လိုက္ရၿပီျဖစ္သည္။
"အခ်စ္ကေလး ဆုန္း..နာ..ရယ္"
"ဘာရယ္ အခ်စ္ကေလး?"
ပါးစပ္ကလႊတ္ခနဲထြက္လာတဲ့ခ်စ္စရာလည္းေကာင္းသလို
ၾကက္သီးထစရာလည္းေကာင္းတဲ့စကားလံုးက သူ႔ကိုေခၚေန
တာတဲ့လား။
"ဖက္ထားေပး...ဖက္..ထား..ေပး..လို႔"
ဖက္ထားေပးလို႔ေျပာၿပီးတကယ္တမ္းက် သူ႔ကပဲကိုယ့္ကိုသိမ္းက်ံဳးၿပီးဖက္သြားတာျဖစ္သည္။
"အြန္႔...အရမ္းမဖက္နဲ႔ လည္ပင္းညႇစ္ၿပီးသတ္ေနတာလား!!!"
အတင္းကာေရာတစ္ကိုယ္လံုးကိုဖ်စ္ညႇစ္လာတာမို႔ ႐ွိသမ်ွ
အားနဲ႔ျပန္တြန္းထုတ္လိုက္သည္။
"အဟင့္ ဂ်ီဂ်ီ႕ကိုတြန္း....တယ္"
"ဂ်ီဂ်ီတဲ့ ခြီး...သူ႔ကိုယ္သူဂ်ီဂ်ီတဲ့ ေသေတာ့မွာပဲ အဟား!!"
ကိုယ့္ကိုလက္ညိဳးနဲ႔ထိုးၿပီးႏႈတ္ခမ္းကိုပါဆူထားေသးတာ။
ပါ့ခ္ဂ်ီမင္က အရက္မူးေနရင္နီတာရဲအေကာင္ေပါက္ေလးလိုပဲ...တအား ဘယ္လိုေျပာမလဲ တအားခ်စ္ဖို႔ေကာင္းတယ္။
"ဂ်ီဂ်ီလာ~ ႏူနားကအိမ္ကိုျပန္လိုက္ပို႔ေပးမယ္ေနာ္"
အညိဳေရာင္ခပ္အံုအံုဆံပင္အံုကိုလက္ေခ်ာင္းေလးေတြနဲ႔ထိုးဖြ
လိုက္သည္။ေအးတဲ့အ႐ွိန္နဲ႔ေရာ အရက္ေသာက္ထားတဲ့အ႐ွိန္နဲ႔ပါနီရဲေနတဲ့ႏႈတ္ခမ္းဖူးဖူးကိုလည္းအခြင့္ေကာင္းယူကာဆြဲ
လိမ္ပစ္လိုက္သည္။
"ႏိုးလာလို႔ကေတာ့ ဂ်ီဂ်ီလို႔အက်ယ္ႀကီးေခၚၿပီးလိုက္စပစ္မယ္"
ကိုယ့္အၾကံကိုယ္ေတြးေပ်ာ္ေနတဲ့ နာရယ့္အေတြးေတြကိုဂ်ီမင္
ကေတာ့သိမွာမဟုတ္ေပ။နာရယ္လည္းေပကပ္ကပ္ဂ်ီမင္ကို
စိတ္႐ွည္႐ွည္ထားၿပီးအိမ္ျပန္ေရာက္ေအာင္ဆြဲေခၚလာခဲ့ရပါ
ေတာ့သည္။
~~~~~~~~~~
"Aish....ေခါင္းေတြေပါက္ထြက္ေတာ့မလားပဲ အိမ္ကိုဘယ္
လိုျပန္ေရာက္လာတာလဲဆိုတာေတာင္မမွတ္မိေတာ့ဘူး..."
အိပ္ရာႏိုးႏိုးခ်င္းေခါင္းေတြလည္းေပါက္ထြက္မတတ္ကိုက္ခဲေနသလို အာေခါင္လည္းေျခာက္ေနတာမို႔ေရေသာက္ဖို႔အတြက္ေအာက္ထပ္ကိုဆင္းလာခဲ့သည္။
မီးဖိုခန္းနာေရာက္ေတာ့ ေမႊးေနတဲ့အနံေၾကာင့္သူျပံဳးလိုက္သည္။ဟင္းရည္အနံ႔ေလးေၾကာင့္ စိတ္ၾကည္သြားသလိုပဲ။ဒီလို
မနက္ခင္းမွာ ေသာက္ဖို႔အေကာင္းဆံုးကဟင္းရည္ပဲ။
"ဝါး....တကယ္ပဲငါ့မွာထယ္ေယာင္းကလြဲပီးကိုမ႐ွိဘူး!!"
ထယ္ေယာင္းကိုေက်းဇူးတင္စကားေျပာဖို႔အတြက္ မီးဖိုေခ်ာင္
ထဲအေျပးသြာလိုက္ေပမယ့္ ေနာက္ကေနျမင္လိုက္ရတဲ့ကိုယ္
ငယ္ေလးေၾကာင့္ေျခလွမ္းတို႔က အခန္းဝတင္ရပ္သြားေတာ့
သည္။
"မင္းက ဘယ္လိုလုပ္ၿပီး_"
"အာေညာ္ဂ်ီဂ်ီ...ပဲပင္ေပါက္ဟင္းရည္ခ်က္ထားေပးတယ္
ေသာက္ၿပီးရင္ ေခါင္းကိုက္ေပ်ာက္ေဆးပါေသာက္လိုက္ေနာ္"
"ဂ်ီဂ်ီ??"
"အို!ဂ်ီဂ်ီကလည္းကိုယ္မဟုတ္သလိုလုပ္ေနျပန္ပါၿပီ အဟင္း"
Tbc
Happy Birthday to our little Mochi🎂🎉
Wishing you all the best✨
Unicode
လက်တစ်ဖက်ကအချိန်ကြာကြာအဖိခံထားရသည်မို့ ကျဉ်လို့
လာတော့သည်။သို့သော် သူ့ကိုမှီပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့နာရယ်နိုးသွားမှာစိုးတာကြောင့် နည်းနည်းလေးမှမလှုပ်မိပေ။
ဟုတ်ပါသည်။ပြန်ဆင်းဆိုပြီးကျန်တဲ့အားလေးနဲ့ပြန်တွန်းနေတဲ့သူမက သူ့ရင်ဘတ်ပေါ်ကိုတဖြည်းဖြည်းပြိုကျလာပြီးတဲ့
နောက် အပူအပင်ကင်းကင်းနဲ့အိပ်ပျော်သွားတော့သည်။
"ကျွတ် ကျွတ် အိပ်ပါ...အိပ်ပါ "
အင်းအဲအသံထွက်ကာလူးလွန့်လာတာမို့ တကျွတ်ကျွတ်လုပ်ပြီးပြန်ချော့သိပ်ပေမယ့် မျက်လုံးကိုလက်နဲ့ပွတ်သပ်လို့နိုးလာပုံရသည်။
"ပူ...တယ်"
"အော်!...ချွေးတွေထွက်လာလို့ဖြစ်မယ် နည်းနည်းသက်သာ
သွားပြီမလား"
"အင်း..."
ကိုယ့်ပေါ်မှီအိပ်နေတာကိုတော့သတိထားမိပုံရသည်။ကမန်း
ကတန်းစောင်ကိုဆွဲဖယ်လို့ ကိုယ့်ပေါ့်ကိုအပုံလိုက်ပစ်ပေးလို့
သွားသည်။
"အကျႌလဲထားလိုက်လေ...ကိုယ်စွတ်ပြုတ်သွားပြန်နွှေးထားလိုက်မယ် ပြီးရင်ထွက်လာခဲ့နော်"
"ဟုတ်....ကျေးဇူး"
သူ့ကိုယဉ်ယဉ်ကျေးကျေးသုံးနှုန်းလာသည်မို့ ရုတ်တရက်ပြုံးမိ
သွားသည်။
"မဟုတ္တာ...သွားနွှေးလိုက်ဦးမယ်"
စွတ်ပြုတ်ပန်းကန်ကိုအနည်းငယ်မြှောက်ပြကာ မီးဖိုခန်းထဲသို့ထွက်လာခဲ့သည်။သူလည်းလူတစ်ယောက်အတွက်မတောက်တခေါက်နဲ့ပထမဆုံးချက်ပြုတ်ပေးဖူးတာပဲ။
.
.
"အဲ့လိုကြီးကြည့်နေရင် စားလို့မရတော့ဘူးလေ"
ခေါင်းငုံ့စားတော့လည်းအတင်းလိုက်ကြည့် တစ်ဖက်လွှဲနေလည်းမျက်လုံးမဆုံဆုံအောင်လိုက်ကြည့်နေတာမို့မနေတတ်တော့ပေ။
"အာ...မီရမ်း စားလို့အဆင်ပြေလားသိချင်လို့ပါ"
"ကောင်းပါတယ်"
"အင်းအင်း"
"ဒီနေ့ အလုပ္မသြားဘူးလား??"
"မသွားလည်းရတယ် ထယ်ယောင်းရှိတယ်"
"ထယ်ယောင်း??"
"ကိုယ့်သူငယ်ချင်း..."
"ချောလား..."
"သိတော့ရောဘာလုပ်မလို့လဲ??"
"အော်...ဒီတိုင်းပဲသိချင်ရုံလေးကို"
"မင်းသိစရာမလိုဘူး..."
တိခနဲစကားကိုဖြတ်ပြီးထထွက်သွားတာမို့ ဆက်စားချင်စိတ်
လည်းမရှိတော့ပါ။ဒါလေးမေးတာကိုအဲ့လို ဆောင့်ကြီးအောင့်ကြီးပြန်ဖြေမှဖြစ်မှာလား။
"ပြန်တော့မယ်??"
"အင်း...စာကြည့်စားပွဲပေါ်မှာဆေးထုပ်တင်ထားတယ်"
"သောက်ရမှာလား??"
"မသောက်ချင်လည်းမသောက်နဲ့ပေါ့"
စိတ်ကလည်းတကယ့်ကိုလက်တဆစ်ပဲရှိသလားမသိ။မကြာ
သေးခင်ကမှတအားကိုနူးညံ့ပြနေတဲ့sideကအခုတော့ဘယ်
ရောက်သွားပြီလဲ။
ကုတ်အကျႌကိုထပ်ဝတ်နေပြီမို့ပြန်တော့မယ်ဆိုတာသိနေတာမို့သိစိတ်ကရော မသိစိတ်ကရောနည်းနည်းလောက်ထပ်နေပါဦးလားလို့တောင်းဆိုချင်နေပေမယ့် တကယ်တမ်းဘာစကာမှထွက်မလာပေ။
"ထပ်မတွေ့ရတော့ဘူးပေါ့..."
ပြန်မယ်လုပ်ကာမှ မေးခွန်းတွေမေးရင်း ဝမ်းနည်းသလိုလို
လုပ်ပြနေတော့ ခြေထောက်ကအပေါက်ဝရောက်အောင်တောင်မနည်းရွှေ့နေရသည်။
"တွေ့ချင်ရင်တော့အိမ်လာလည်လို့ရပါတယ်..."
"မတွေ့ချင်ပါဘူး!! ဒီနေ့ လိုက်ပို့ပေးတာကျေးဇူး"
"လိုက်ပို့ပေးတာအတွက်ပဲလား??? ကုန်းပိုးပြီးအခန်းထဲခေါ်
လာပေးတာရယ် စွပ်ပြုတ်လုပ်ပေးတာရယ် ရင်ခွင်ထဲထည့်
ပြီးချော့သိပ်ထားတာတွေအတွက်ရော...."
"အဲ့ _ အဲ့ဒါတွေလည်းပါ..ပါတယ်လေ"
"ကျေးဇူးတင်ဖို့ကျတော့ကပ်စီးနည်းနေပြီး သူများချောလား
မချောလားကြစပ်စုချင်ကြတယ် ဘယ်လိုတွေမှန်းကိုမသိဘူး"
"ဟောလ်..!! စပ်စုတာမဟုတ်ဘူးလေ ဟေ့!!"
*ခဏလောက်ထပ်နေပေးရင်ကောင်းမှာပဲ..*
အနောက်တောင်တစ်ချက်လှည့်မကြည့်ပဲထွက်သွားတာမို့
စိတ်ထဲကဝမ်းနည်းသလိုလိုနဲ့ဆောင့်ကြောင့်ထိုင်ကာညည်းညူမိသည်။
"အာ...ဘယ်တုန်းကအဲ့လောက်မျက်ရည်လွယ်သွားတာလဲ
ခေါင်းပြန်ကိုက်လာပြီ...သောက်ချီး"
မျက်တောင်တွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သောက်လက်စစွပ်ပြုတ်ပန်းကန်ဆီပြန်လျှောက်လာခဲ့သည်။တရိပ်ရိပ်လှမ်းကြည့်တတ်တဲ့အရိပ်လေးမရှိတော့ စွတ်ပြုတ်ကအရသာပေါ့သွားသလိုလို။
"ပါ့ခ်ဂျီမင်က လုံးဝငါ့စတိုင်မဟုတ်ဘူး..."
~~~~~~~~~
"ထယ်ယောင်းအာ~ ငါဘာပြောပြီးသွားတွေ့ရမလဲ ဘယ်နှ
ရက်မှမကြာသေးတာကိုသတိရလာပြန်ပြီကွာ~"
အသည်းကွဲရင်ပုလင်းထောင်တတ်တဲ့လူတွေရဲ့ပုံစံကိုမျက်ဝါး
ထင်ထင်မြင်ရတော့ ထယ်ယောင်းတကျွတ်ကျွတ်ညည်းရင်း
ခေါင်းခါမိသည်။
"မင်း အဲ့လောက်ကြီးဖြစ်သွားလိမ့်မယ်လို့မထင်ဘူး ဂျီမင်ရာ
ပြောတော့ ကစားမွာဆို...အခုတော့ပြန်ကစားခံလိုက်ရပြီပေါ့
အဟား~"
"မလှောင်နဲ့ကွား....မင်းဝဋ်ပြန်လည်ဦးမှာ ခွေးကောင်!!"
အာလေးလျှာလေးနဲ့တော်တော်လေးရေချိန်ကိုက်နေပြီမို့ပြောလာတာတွေကိုဂရုမစိုက်ပဲ ပြန်ခေါ်ဖို့ပဲပြင်မိတော့သည်။
"ဟေ့ကောင်..မင်းအချစ်ကလေးကိုဖုန်းဆက်ခေါ်ပေးရမလားဟမ်??"
"ဘာ?? ဘယ်အချစ်ကလေး??"
စားပွဲပေါ်ခေါင်းမှောက်နေရာကနေဆတ်ခနဲထောင်လာတော့ဘေးနားကဖုန်းကိုယူကာ လက်ဗွေနဲ့ဖွင့်လိုက်သည်။
"မင်းအချစ်လေးလေ ငါခေါ်ပေးမယ် နော် ဂျီမင်??"
"အင်း...အခ်စ္ကေလး ဆုန်း...နာ...ရယ် "
.
.
.
"Waeee...ဘာလို့ကိုယ့်ကိုနာကျင်အောင်လုပ်ရတာလဲ"
ဂျီမင်ကိုဂရုစိုက်ပေးပါဆိုပြီးသူ့သူငယ်ချင်းကိုကိုယ့်ပေါ်ပစ်ချ
သွားတဲ့သူငယ်ချင်းထယ်ယောင်းဆိုတဲ့လူကိုနားမလည်နိုင်ပါ။သေချာပေါက်တော့ ချောတာကိုမြင်လိုက်ရပြီဖြစ်သည်။
"အခ်စ္ကေလး ဆုန်း..နာ..ရယ်"
"ဘာရယ် အခ်စ္ကေလး?"
ပါးစပ်ကလွှတ်ခနဲထွက်လာတဲ့ချစ်စရာလည်းကောင်းသလို
ကြက်သီးထစရာလည်းကောင်းတဲ့စကားလုံးက သူ့ကိုခေါ်နေ
တာတဲ့လား။
"ဖက်ထားပေး...ဖက်..ထား..ပေး..လို့"
ဖက်ထားပေးလို့ပြောပြီးတကယ်တမ်းကျ သူ့ကပဲကိုယ့်ကိုသိမ်းကျုံးပြီးဖက်သွားတာဖြစ်သည်။
"အွန့်...အရမ်းမဖက်နဲ့ လည်ပင်းညှစ်ပြီးသတ်နေတာလား!!!"
အတင်းကာရောတစ်ကိုယ်လုံးကိုဖျစ်ညှစ်လာတာမို့ ရှိသမျှအားနဲ့ပြန်တွန်းထုတ်လိုက်သည်။
"အဟင့် ဂျီဂျီ့ကိုတွန်း....တယ်"
"ဂျီဂျီတဲ့ ခြီး...သူ့ကိုယ်သူဂျီဂျီတဲ့ သေတော့မှာပဲ အဟား!!"
ကိုယ့်ကိုလက်ညိုးနဲ့ထိုးပြီးနှုတ်ခမ်းကိုပါဆူထားသေးတာ။
ပါ့ခ်ဂျီမင်က အရက်မူးနေရင်နီတာရဲအကောင်ပေါက်လေးလိုပဲ...တအား ဘယ်လိုပြောမလဲ တအားချစ်ဖို့ကောင်းတယ်။
"ဂျီဂျီလာ~ နူနားကအိမ်ကိုပြန်လိုက်ပို့ပေးမယ်နော်"
အညိုရောင်ခပ်အုံအုံဆံပင်အုံကိုလက်ချောင်းလေးတွေနဲ့ထိုးဖွလိုက်သည်။အေးတဲ့အရှိန်နဲ့ရော အရက်သောက်ထားတဲ့အရှိန်နဲ့ပါနီရဲနေတဲ့နှုတ်ခမ်းဖူးဖူးကိုလည်းအခွင့်ကောင်းယူကာဆွဲလိမ်ပစ်လိုက်သည်။
"နိုးလာလို့ကတော့ ဂျီဂျီလို့အကျယ်ကြီးခေါ်ပြီးလိုက်စပစ်မယ်"
ကိုယ့်အကြံကိုယ်တွေးပျော်နေတဲ့ နာရယ့်အတွေးတွေကိုဂျီမင်ကတော့သိမှာမဟုတ်ပေ။နာရယ်လည်းပေကပ်ကပ်ဂျီမင်ကိုစိတ်ရှည်ရှည်ထားပြီးအိမ်ပြန်ရောက်အောင်ဆွဲခေါ်လာခဲ့ရပါတော့သည်။
~~~~~~~~~~
"Aish....ခေါင်းတွေပေါက်ထွက်တော့မလားပဲ အိမ်ကိုဘယ်လိုပြန်ရောက်လာတာလဲဆိုတာတောင်မမှတ်မိတော့ဘူး..."
အိပ်ရာနိုးနိုးချင်းခေါင်းတွေလည်းပေါက်ထွက်မတတ်ကိုက်ခဲနေသလို အာခေါင်လည်းခြောက်နေတာမို့ရေသောက်ဖို့အတွက်အောက်ထပ်ကိုဆင်းလာခဲ့သည်။
မီးဖိုခန်းနာရောက်တော့ မွှေးနေတဲ့အနံကြောင့်သူပြုံးလိုက်သည်။ဟင်းရည်အနံ့လေးကြောင့် စိတ်ကြည်သွားသလိုပဲ။ဒီလိုမနက်ခင်းမှာ သောက်ဖို့အကောင်းဆုံးကဟင်းရည်ပဲ။
"ဝါး....တကယ်ပဲငါ့မှာထယ်ယောင်းကလွဲပီးကိုမရှိဘူး!!"
ထယ်ယောင်းကိုကျေးဇူးတင်စကားပြောဖို့အတွက် မီးဖိုချောင်ထဲအပြေးသွာလိုက်ပေမယ့် နောက်ကနေမြင်လိုက်ရတဲ့ကိုယ်ငယ်လေးကြောင့်ခြေလှမ်းတို့က အခန်းဝတင်ရပ်သွားတော့သည်။
"မင်းက ဘယ်လိုလုပ်ပြီး_"
"အာညော်ဂျီဂျီ...ပဲပင်ပေါက်ဟင်းရည်ချက်ထားပေးတယ်
သောက်ပြီးရင် ခေါင်းကိုက်ပျောက်ဆေးပါသောက်လိုက်နော်"
"ဂျီဂျီ??"
"အို!ဂျီဂျီကလည်းကိုယ်မဟုတ်သလိုလုပ်နေပြန်ပါပြီ အဟင်း"
Tbc
Happy Birthday to our little Mochi🎂🎉
Wishing you all the best✨