Check Zawgyi version below ⬇️
#Unicode
ကျေးလက် စားသောက်ဆိုင်ငယ်တစ်ခုသည် နေ့လည်စာစားချိန်မို့ သိုက်သိုက်မြိုက်မြိုက်ရှိလှ၏ ။
Xavia နှင့် Raven နယ်စပ်၌ တည်ရှိကာ နေရာဒေသအနှံ့မှလာသော တရားမဝင်အရောင်းအဝယ်သမားများ ကျင်လယ်ရာဒေသဖြစ်၍ ဆိုင်ထဲတွင် ဘာသာစကားပေါင်းစုံဖြင့် ညံညံဆူနေသည် ။
ထိုအထဲ၌ ဝါးစိမ်းဖြင့်ပြုလုပ်ထားသော စားပွဲဝိုင်းတစ်ခုတွင် ခေါင်းမှခြေအဆုံးအဝတ်နက်ဖြင့်ဖုံးအုပ်ထားသော လူသုံးယောက်ထိုင်နေသည် ။
ထိုသူသုံးယောက်သည် ဆိုင်ထဲဝင်လာကတည်းက အခြားသူများလို အချင်းချင်းစကားစမြည်ပြောခြင်းမပြု ။ စားသောက်ဖွယ်များကိုသာ မှာပြီး ငြိမ်သက်စွာနေသည် ။
ထိုယောင်္ကျားသုံးယောက်တို့သည် ဘယ်လိုကြည့်ကြည့် သံသယဖြစ်စရာအလွန်ကောင်းနေ၏ ။ သို့သော် ဤနေရာ၌ မည်သူကမှအရေးမစိုက် ။ နေ့စဉ်နေ့တိုင်း ဝရမ်းပြေး၊ သူခိုးကြမ်းပိုးအပြင် ကြေးစားလူသတ်ဂိုဏ်းများ ၊ မှောင်ခိုသမားများကိုပင် တွေ့နိုင်သည် ။
ဤနေရာသို့ရောက်လာသော လူတိုင်းတွင် လျှိ့ဝှက်ချက်ကိုယ်စီ အသီးသီးရှိကြသည် ။ ဒါကြောင့် မသင်္ကာစရာများတွေ့လျှင်တောင် လစ်လျှုရှုကာနေကြရသည် မဟုတ်ပါလား ။
သို့သော် မျက်လုံးတစ်စုံတို့သည် ထိုသုံးယောက်ဝိုင်းဆီကနေ အကြည့်မခွာ ။
စားပွဲထိုးမလေးသည် အနှီလျှို့ဝှက်သောယောင်္ကျားသုံးယောက်ထဲမှ စားပွဲထိတ်တွင်ထိုင်နေသော ယောင်္ကျား၏ မျက်နှာကို မကြာခဏခိုးခိုးကြည့်၏ ။
မျက်နှာတစ်ဝက်သာမြင်နေရသော်လည်း သမင်လည်ပြန်ကြည့်ရသည့် လျှို့ဝှက်နက်နဲသောအလှတရားတို့ ထိုယောင်္ကျားတွင်ရှိသည် ။ ကြွေသားပမာဖြူကြည်သောအသားအရည်သည် ဝတ်ရုံအောက်အနည်းငယ်လှောင်နေတာမို့ ချွေးစများတင်နေသည် ။ ထင်းရှင်းသော သွေးနီရောင်နှုတ်ခမ်းလွှာသည် ပြည့်ဝဖောင်းအိကာ ၊ လက်ဖက်ရည်ကြမ်းကိုသောက်သုံးစဉ်က ကျန်ခဲ့သော စိုစွတ်မှုလေးဖြင့် ဆွဲမက်စရာ ကောင်းလွန်းနေသည် ။
စားပွဲထိုးမလေးသည် ခိုးကြည့်မိတိုင်း ပါးပြင်မို့မို့တို့ နီကာရဲလျက် တံတွေးမြိုချရ၏ ။
Kai : " pfff တစ်ယောက်ယောက်တော့ ချစ်မိသွားပြန်ပြီထင်ပါတယ် "
ထိုအဖြစ်ကို သေချာပေါက် အစအနောက်သန်သော Kai ကလက်လွှတ်မခံ ။
Ash သည် Kai ၏ခြေထောက်ကို စားပွဲခုံအောက်မှကန်ကာ သတိပေးလိုက်၏ ။
အဲ့ဒီအခါ Kai ရုပ်က ပြောင်စပ်စပ် ။
Alexander : " ဒါပေမယ့် တော်ပါသေးတယ် ကျွန်တော်ထင်တာက အရှင့်ကို မှတ်မိသွားပြီထင်တာ "
Alexander က စိတ်သက်သာရာရသွားသလို ပင့်သက်ချရင်းပြောသည် ။
ပထမက စားပွဲထိုးမလေး၏မျက်လုံးအကြည့်ကို ခံစားမိတော့ သူတို့သုံးယောက်စလုံး ဇောချွေးပြန်ခဲ့ရ၏ ။
အခုတော့ မိန်းမပျိုလေးရဲ့ ပူစပ်ပူလောင် အကြင်နာမျက်ဝန်းတွေတဲ့လား ?
အဲသလို မြင်မြင်သမျှလူကိုဆွဲဆောင်နေရင် ဝတ်ရုံကြီးခြုံပြီးရုပ်ဖျက်ထားတာဟာ ဘာထူးသလဲ ?
Alexander ရဲ့စကားကို Kai က ခေါင်းတွင်တွင်ခါ၏ ။
Kai : " ဒီလိုအောက်ခြေမှာရှိတဲ့ ပြည်သူတွေအတွက်တော့ သူတို့ရှင်ဘုရင်က ဘယ်သူလဲဆိုတာမသိတာဟာ ပုံမှန်ပါပဲလေ ၊ အထက်ကဘာတွေပြောင်းသွားပါစေ သူတို့ရဲ့ဘဝကမှမပြောင်းတာ
နေ့တိုင်း ဝမ်းရေးအတွက်ပဲ ရုန်းကန်နေကြတာ ဘာကိုမှအရေးမစိုက်နိုင်ဘူး "
ထိုစကား၏နောက်တွင် သူတို့သုံးယောက်စလုံး အတွေးကိုယ်စီဖြင့် ငြိမ်သက်သွားခဲ့ကြသည် ။
သူတို့သုံးယောက်သည် လာခဲ့တဲ့နေရာမတူပေမယ့် သွားတဲ့နေရာတော့တူ၏ ။
Alexander သည် အတော်အသင့်နာမည်ရှိသောမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပေမယ့် ၊ အစေခံမိခင်မှမွေးဖွားသော တရားမဝင်ကလေးဖြစ်၍ အိမ်တော်၌ငယ်စဉ်ကတည်းက အပယ်ခံသားဖြစ်ခဲ့သည် ။
Kai ကမူ ခုနှစ်ပြည်ထောင်၌ အင်အားအနည်းဆုံး Orlains နိုင်ငံမှ Raven သို့ ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် ဆက်သခံခဲ့ရသော မင်းသမီးတစ်ပါးမှ Raven နန်းတော်တွင် အဓ္ဓမပြုကျင့်ခံရကာ အဖမသိပဲမွေးဖွားလာသော မျိုးမစစ်ကလေးပင်ဖြစ်သည် ။ Kai သည် ဉာဏ်ပြေးသောသူဖြစ်၍ Raven နန်းတော်၌ အတော်အသင့်နေရာရခဲ့သည် ။
ဒါက Ash အတွက် Raven ကို အောင်နိုင်ရေးတွင် အတော်အကျိုးပြုခဲ့သည်ဟု ဆိုနိုင်သည် ။
သူတို့နှစ်ယောက်တွင် ကြီးမားသောအိပ်မက်များ ကိုယ်စီရှိကြကာ ၊ ထိုအိပ်မက်များသည် Xavia Ash ၏အရိပ်ကိုခိုလုံခြင်းဖြင့် လက်တွေ့ဖြစ်လာမည်ဟု တပ်အပ် ယုံကြည်ကြသည် ။
Alexander : " ဒါကြောင့်ပဲ ငါတို့က ဒီနေရာမှာရှိနေတာလေ "
ထိုစကား၏ အဓိပ္ပါယ်ကို သူတို့သုံးယောက်သာ နားလည်နိုင်၏ ။
တော်ရုံပြုံးရယ်လေ့မရှိသော Alexander သည် ထိုစကားကို အားပါးတရပြုံးကာ ပြောလေတော့ ကျန်နှစ်ယောက်၏စိတ်ထဲ ပီတိတစ်ခုကို ခံစားလိုက်ရသည် ။ Kai သည် ပြုံးကာခေါင်းညိတ်လိုက်သည်။
Ash သည် မျက်နှာ၌အမူအရာတို့ ကင်းရှင်းနေသော်လည်း မျက်ဝန်းတွေမှာ တောက်ပနေခဲ့သည် ။
သူတို့သည် စမှတ်မှ အဝေးကြီးလာခဲ့ကြပြီဖြစ်သည် ။ တစ်နေ့တော့ ရွှေရောင်လင်းတဲ့ နေ့ရက်ဆီသို့ ဤလူငယ်လေးသုံးယောက် ရောက်လေနိုးနိုး. . . ။
" ဟေ့ကောင် ! ငါပြောနေတယ် ငါ့ကိုလာမဆွနဲ့ "
ရုတ်ရုတ်သဲသဲအသံတွေကြောင့် အသံလာရာကို သုံးယောက်သားကြည့်လိုက်သည် ။
ဆိုင်၏အလယ်မှ ဝိုင်းတစ်ဝိုင်းတွင် သေရည်မူးနေဟန်ရှိသော ယောင်္ကျားကြီးနှစ်ယောက်သည် တစ်ဦးနဲ့တစ်ဦး ရန်စောင်နေကြ၏ ။ နေ့ခင်းကြောင်တောင် အရက်မူးပြီး ရမ်းကားသည်က ဤနေရာ၌ အဆန်းမဟုတ် ။
သို့သော် ထိုမြင်ကွင်းမှတစ်စုံတစ်ရာသည် သူတို့သုံးယောက်၏ အကြည့်များကို ရုတ်ချည်းပြောင်းလဲသွားစေသည် ။ အကြောင်းမှာကား ရန်ဖြစ်နေသောသူနှစ်ယောက်ထဲမှ တစ်ယောက်၏ခါး၌ထိုးထားသော မည်းနက်သေးငယ်သည့်ပုလွေတိုသည် Raven ၏ ကျီးနက်အဖွဲ့မှ ကင်းထောက်များ အချင်းချင်းအချက်ပြရန်သုံးသော ကိရိယာဖြစ်သောကြောင့်ပင်တည်း ။
တစ်လနီးပါး တိတ်တဆိတ်တိုင်းခန်းလှည့်လည်ရင်း တစ်မြို့ပြီးတစ်မြို့စုံစမ်းခဲ့ပြီးနောက် ခိုင်မာသောသဲလွန်စတစ်ခုကို ဖမ်းဆုပ်မိခဲ့ပြီဖြစ်သည် ။
ဖြစ်ချင်တော့လဲ ခဏဝင်နားတဲ့ စားသောက်ဆိုင်ထဲမှာ . . . ။
ရန်သူ တစ်ယောက်နှစ်ယောက်ကိုဖမ်းဖို့က သူတို့ရည်ရွယ်ချက်မဟုတ် ။ ဒါ့အပြင် အမဲလိုက်ရာမှာ တစ်ကောင်တည်းနဲ့ကျေနပ်တတ်တာက Xavia Ash ၏ နည်းလမ်းမဟုတ် ။ အသိုက်ကိုတူးပြီး အမျိုးဖြုတ်ရမှ သူက ကျေနပ်နိုင်မည်ဖြစ်သည် ။
Kai : " ဟူး . . . နောက်ဆုံးတော့ အိမ်ပြန်ရတော့မယ် . . .ခုပဲထွက်ကြတော့မလား ? "
နန်းတော်သို့ပြန်ကာ စီစဉ်စရာရှိတာများ စီစဉ်ရမည် မဟုတ်လား ။
Raven သည် Xavia ကို ရှုံးခဲ့တာမဟုတ်ပဲ ၊ အရှုံးပေးခဲ့တာဆိုသည့်အမှန်တရားသည် Ash အား အချိန်နှင့်အမျှ ပူပန်စေခဲ့သည် ။
Raven တပ်သည် မြေပြင်မှသားကောင်ကိုအခွင့်သာလျှင် အလစ်ထိုးသုတ်မည့် ကျီးကန်းတစ်ကောင်ပမာ Xavia ကို အမြင့်တစ်နေရာကနေ စောင့်ကြည့်နေသည် ။ ဒါကို မြင်နေပေမယ့် မကိုင်တွယ်နိုင်တာဟာ သူတို့မှာ အချက်အလက်မစုံလင်နေ၍သာဖြစ်၏ ။
အခုတော့ အခြေအနေက ပြောင်းသွားပြီဖြစ်သည် ။
နယ်စပ်၌ ကျီးနက်ကင်းထောက်တပ်သားတစ်ဦးကို တွေ့လိုက်ရပြီဖြစ်သည် ။ ထိုအချက်သည် ထင်ထားတာထက် များစွာအရေးပါသည် ။ Raven တပ်မကြီးသည် နယ်စပ်ကို မရောက်သေးဘူးဆိုသောအဓိပ္ပါယ်ပင်ဖြစ်သည် ။
သဘောမှာ Raven တပ်ကြီးတစ်ခုလုံး၏အခြေစိုက်စခန်းသည် Raven ပြည်ထဲ၌ပဲရှိနေသည်ဟူ၍ . . . ။
_____________________________
မြင်းကို ဒုန်းစိုင်းနှင်လာရင်း Xavia-Raven နယ်ခြားမျဥ်းပေါ်တွင်ရှိသော လေထန်ကုန်းပေါ်သို့ ရောက်ချိန်တွင် နေဝင်ခဲ့ပြီဖြစ်သည် ။
မြင်းဇက်ကြိုးကိုဆွဲကာ အရှိန်လျှော့ပြီး Raven ပြည်၏ ခပ်ဝေးဝေးအနောက်တောင်စောင်း၌ ပုန်းလျှိုးပျောက်ကွယ်လုနီး လိမ္မော်ရောင်နေမင်းကြီးကို သူလှည့်ကာ ငေးကြည့်လိုက်သည် ။
အရှင်သခင်၏ အပြုအမူကို သတိထားမိတဲ့ Kai နှင့် Alexander တို့ နှစ်ယောက်သည်လဲ နည်းတူ မြင်းကိုအရှိန်သတ်ကာ ရှုခင်းကို သခင်လည်ပြန် ငေးမောလိုက်ကြသည် ။
သူတို့ရောက်ရှိနေသော လေထန်ကုန်းတစ်ခုလုံးသည် ဒေလီရာပန်းတို့ဖြင့် ပြည့်နှက်နေ၏ ။ ပန်းရောင်ဒေလီရာပန်းပွင့်ငယ်တို့သည် တောင်ကုံးပေါ်၌ မျက်စိတစ်ဆုံးပွင့်နေကြတာ ပန်းချီရေးထားသည့်ပမာ ။
ဆောင်းလေသည် Xavia နားရောက်လေ ပိုမိုပြင်းလာလေမို့ သူတို့ရဲ့ဝတ်ရုံရှည်တို့သည် လေထဲမှာတလွင့်လွင့် လွန့်လူးလျက် ။ သွေးအေးသည်ဟူသော လူသား၏မျက်နှာသည် လိမ္မော်ရောင်သန်းသောနေခြည်နုနုအောက် သဘာဝတရား၏အလှတွင် နူးညံ့ပျော်ဝင်နေသည့်ပမာ ။
ပန်းခင်းကြီးထဲလွင့်မြောနေသော စိတ်တွေသည် ဘေးနားမှ သက်တော်စောင့်ဖြစ်သူ၏အသံဩဩကြီးကြောင့် ရပ်တန့်သွားသည် ။
Alexander : " အရှင် , ဟိုဖက်ကိုကြည့်ပါဦး "
Alexander သည် ပြောရင်းဆိုရင်း သူ၏ညာဖက်ခြမ်းတစ်နေရာကို လက်ညိုးညွှန်ပြလေသည် ။
သူလဲ ကြည့်လိုက်၏ ။
Kai : " ဟာ . . . ဘာဖြစ်ထားတာလဲ ? "
Kai သည် မြင်လိုက်ရသောမြင်ကွင်းကြောင့် အံ့ဩကာရေရွတ်လိုက်လေသည် ။
သူသည် မြင်နေရသော မြင်ကွင်းကို တိတ်တိတ်စွာငေးနေမိသည် ။
ကျယ်ပြန့်သော ဒေလီရာပန်းခင်းသည် ထိုဖက်ခြမ်း၌ မည်းညိုကာအကုန်လုံးညိုးနွမ်းနေ၏ ။ ပန်းတစ်ခင်းထဲကိုပဲ တစ်စုံတစ်ယောက်က မျဉ်းတစ်ခုတားပြီး တစ်ဖက်ချင်းစီ ပန်းရောင်နဲ့အနက်၊ အရောင်မတူအောင် ဆေးချယ်ထားသည့်ပမာ ။ ပန်းရောင်တောက်တောက်လေးတွေနှင့်ခြားနားစွာ တစ်ခြမ်းလုံး မည်းနက်နေလေသည် ။
Ash : " ပိုးကျနေတာလား ? "
သူ့ဖာသာ ထင်မြင်ချက်ပေးမိသည် ။
" သူငယ်ပြောသလို မဟုတ်ဘူးကွယ့် "
သူတို့အားလုံး အသံလာရာကို ကြည့်လိုက်ကြ၏ ။
ဘယ်အချိန်ကတည်းက အနားမှာရှိနေသလဲ မသိသော အဖိုးကြီးတစ်ဦး ပန်းခင်းထဲမှ တိုးထွက်လာလေသည် ။
ကောက်ရိုးဦးထုပ်ခပ်ကားကားကို ခေါင်း၌ဆောင်းထားပြီး ပေါက်ချွန်တစ်ခုကို ပုခုံးမှာထမ်းထားသော အဖိုးအိုသည် ပန်းစိုက်သည့် ယာသမားကြီးဖြစ်နိုင်သည် ။
အဖိုးအိုက သူတို့သုံးဦးအား အကဲခတ်ကာ ဆက်ပြောသည် ။
" ခရီးသွားတွေမို့ မသိတာမဆန်းပါဘူး . . . "
Kai : " အဲဒါ ဘာဖြစ်ထားတာလဲ အဖိုး ? "
စပ်စုသော Kai သည် အဖိုးအို၏စကားကို မစောင့်နေတော့ပဲ မြင်းပေါ်ကဆင်းကာ သိချင်ဇောဖြင့် အမြန်မေးလိုက်လေ၏ ။
Ash နှင့် Alexander သည်လဲ အသီးသီး မြင်းပေါ်ကနေ ဆင်းလာကြကာ အဖိုးအို၏စကားကို စောင့်ဆိုင်းနေလိုက်သည် ။
" အဲ့ဖက်ဟာ Xavia ရဲ့မြေပဲ သူငယ်တို့ရဲ့
ဒေလီရာတွေက Xavia မြေမှာ ရှင်ဖို့ခက်တယ် ၊ ဒါကြောင့် ပန်းတွေအကုန် မည်းပြီး အေးခဲနေတာပဲ "
အဖိုးအို၏ ဖြေးညှင်းသောစကားသံ၏နောက်၌ Ash သည် နှုတ်ဆိတ်နေမိသည် ။
ပူနွေးသော နေမင်း၏နယ်မြေ Raven နှင့် ရေခဲတိုင်းပြည် Xavia သည် နီးကပ်စွာတည်ရှိနေကြပေမယ့် အဲသလောက် ခြားနားတာပဲဖြစ်သည် ။ နယ်ခြားမျဉ်းဟုဆိုခဲ့သော်လည်း အမှန်တကယ်မျဉ်းသားထားတာမဟုတ်သဖြင့် သူသည် အခါခါဖြတ်သမ်းသွားလာခဲ့သော်လည်း ကွာခြားမှုကို ဒီနေ့အထိမမြင်နိုင်ခဲ့ ။ အခုမျက်မြင်တွေ့လိုက်ရတော့ အံ့ဩမှုထက် ပူပန်မှုတွေသာ ခံစားနေရသည် ။
ခပ်စူးစူးနှင့် ခံရခက်သည် ။
နတ်ဘုရားတွေက တမင်ရည်ရွယ်ပြီး ဖန်ဆင်းထားကြသလို ၊ ပေါင်းစပ်မရတာဟာ သဘာဝတရားတစ်ခုဖြစ်လို့နေသည် ။
အဝေးမှ ခပ်မည်းမည်းဒေလီရာပန်းလေးများကို ငေးမောရင်း သူတီးတိုးရေရွတ်လိုက်၏ ။
Ash : " နုနယ်လိုက်တာ . . . "
အေးစက်သောအသံ၌ နင့်နဲသောအရာတွေပါဝင်နေသလို ။
ဝမ်းနည်းမှုလား ? နာကျင်မှုလား ?
သူကိုယ်တိုင်လဲ မသိ ။
သူ၏မှတ်ချက်ကိုကြားတော့ အဖိုးအိုသည် ခေါင်းကိုတွင်တွင်ခါလေသည် ။
" မဟုတ်ဘူး သူငယ် , သူတို့တွေက ရှင်သန်နေသေးတယ် ။ ဘယ်လောက်ပဲကြမ်းတမ်းပါစေ ဒေလီရာလေးတွေက တောင့်ခံနိုင်ကြတယ် ။ သန်မာတဲ့အပင်ငယ်တွေပါကွယ့် ။ ဒါပေမယ့် နဂိုလိုတော့ ဘယ်လန်းဆန်းလှပနိုင်ပါ့မလဲလေ ၊ သူတို့နဲ့အပ်စပ်တဲ့နေရာမှ မဟုတ်တာ ... ရှင်လျက်နဲ့ သေသလိုပဲပေါ့ "
ငယ်ရွယ်သောရှင်ဘုရင်သည် အဲသည်စကားလုံးတွေကို အလိုမကျ ။
သဘာဝတရားကြီးကို မကျေနပ် ။
နတ်ဘုရားတွေကို အပြစ်တင်သည် ။
အကယ်၍ Xavia မှတစ်စုံတစ်ယောက်က ဒေလီရာလေးကို သူ့ဥယျာဉ်ထဲမှာ အလိုရှိနေသည်ဆိုရင်ရော ?
ဒီသဘာဝကြီးကြောင့် လက်လွှတ်လိုက်ရမှာလား ? ပိုင်ဆိုင်လို့ မရဘူးလား ?
ဘာမဟုတ်တဲ့ ပန်းတွေကြောင့် သူသည် သေးငယ်ပျော့ညံ့သောလူသားလေးတစ်ယောက်ကို သတိရလာတော့သည် ။
စိတ်တွေညစ်ညူးကာ လောင်မြိုက်လာတော့သည် ။
ဘာကြောင့် မပိုင်ဆိုင်နိုင်ရမလဲ ?
အဲ့ဒီ သဘောတရားကို သူငြင်းပယ်သည် ။
____________________________
နေရောင်လာ၍ အိပ်ခန်းထဲက ဆီမီးအိမ်၏အလင်းရောင်သည် အားရော့သွားခဲ့လေပြီ။
နေရောင်နွေးနွေးလာတဲ့အခါ ရေခဲလွှာလေးတွေသည် တဖြေးဖြေးအရည်ပျော်လာခဲ့သည် ။ ခန္ဓာကိုယ်ပေါ်၌လွှားခြုံထားသော သားမွေးစောင်ထည်ကို မလိုတော့... ။
Xavia နန်းတော်ကြီးကို နေမင်းကြီးသည် နှုတ်ခွန်းဆက်သနေလေပြီ ။
မွေ့ယာထပ်၌ထိုင်ကာ တစ်ညလုံးစာဖတ်နေခဲ့သော Xavia ဧကရာဇ်သည် အပြင်ကအလင်းကိုသတိပြုမိတော့ ဖတ်လက်စစာအုပ်ကို ပိတ်လိုက်သည် ။ ထို့နောက် အခန်းကျယ်ကြီး၏ထောင့်တစ်နေရာက တစ်ချက်ချက်ရွေ့လျားနေသော ချိန်သီးနာရီကို ကြည့်လိုက်သည် ။
* ၇ နာရီကွက်တိ *
သူဘာကြောင့် မအိပ်ငိုက်သေးတာလဲ ?
တစ်လနီးပါး မရပ်မနား တိုင်းခန်းလှည့်လည်ခဲ့ရာ မနေ့ညနေကမှ ပြန်ရောက်ခြင်းဖြစ်သည် ။ လွန်စွာပင်ပန်းနွမ်းနယ်နေခဲ့သော်လည်း သူသည် ငိုက်မြည်းမှုကို မခံစားခဲ့ရ ။
နန်းတော်အပြင်၌ရှိခဲ့စဉ်က ဘာပြဿနာမှမရှိပဲ ကောင်းစွာအိပ်စက်ခဲ့ပေမယ့် ၊ နန်းတော်သို့ ပြန်ရောက်သောအခါမှ မအိပ်နိုင်တာဖြစ်သည် ။ အဓိပ္ပါယ်မဲ့စွာ သူ့ရဲ့ခန္ဓာကိုယ်သည် လွန်စွာတက်ကြွနေခဲ့၏ ။
ပုံမှန်ဆိုလျှင် သူသည် တစ်ညလုံးမအိပ်မနေ အလုပ်လုပ်ပြီး မနက်ခင်း၌ပင်ပန်းလာကာ ငိုက်မြည်းခြင်းကို ခံစားရသည် ။
ပြီးတော့ သူ အိပ်မောကျသွားတတ်၏ ။
ဒါဆိုရင် ဒီနေ့ဘာဖြစ်သနည်း ?
စိတ်အလိုမကျဖြစ်ကာ အိပ်ယာထဲလှဲချလိုက်သည် ။ မျက်ခွံတွေကို ပိတ်ကာမှေးစက်ရန် ကြိုးစားလိုက်သည် ။
တစ်မိနစ် ၊ နှစ်မိနစ် ၊ သုံးမိနစ် ...
သူသည် ထိုအခါမှ မူမမှန်မှုကို သတိထားမိသွား၏ ။
ထိုအသံငယ် မရှိ ။
အားနည်းကာ အက်ကွဲနေသော ၊ ဝေဒနာတွေကြားက သီကျူးသော ထိုအသံသည် သူ၏နံနက်ခင်း၌ ပျောက်ဆုံးနေခဲ့လေပြီ ။
သူမရဲ့ အသံအိုး ပျက်စီးသွားတာကြောင့် နောက်ဆုံးတော့ သူမအသံမထွက်နိုင်တော့တာများလား ?
ဒါလဲမဖြစ်နိုင်သေး ။ ဘယ်လောက် တိုးညှင်းခဲ့ပါစေ သူကကြားနိုင်သည် ။
ဘယ်လောက် မသဲကွဲခဲ့ပါစေ သူကနားလည်နိုင်သည် ။
ထိုသို့အတွေးဝင်တော့ သူသည် အမြန်ထကာ အိပ်ဆောင်တံခါးကို သွားတွန်းဖွင့်လိုက်သည် ။ ထိုအခါ တံခါးဝ၌စောင့်အိပ်သော အစေခံသည် လန့်ဖြန့်ကာ ကြမ်းပြင်ပေါ်၌ ပြားပြားဝပ်ပြီး နှုတ်ခွန်းဆက်သလေတော့သည် ။
လွန်စွာကျယ်လောင်သော အစေခံ ယောကျာ်း၏အသံကြောင့် နန်းဆောင်အပြင်ဖက်မှ စေကျွန်များအသီးသီးရောက်ချလာလေသည် ။ ၎င်းတို့သည် ဧကရာဇ်မင်းအား ကောင်းသောနိုးထမှုကိုပေးဖို့ အနှိပ်အနယ်သမား ၊ လက်ဖက်ရည်နွေးစသဖြင့် ဖျော်စပ်သမား ၊ အဝတ်လဲရာတွင်ကူသည့်နန်းတွင်းသူ ၊ ရေချိုးသန့်စင်ရာ၌ကူသည့်နန်းတွင်းသူ စသောစသော များစွာသည့် လူအုပ်ကြီးပင်ဖြစ်သည် ။
Ash : " Raven မျိုးရိုး ဘယ်မှာလဲ ? "
ထိုသူတို့သည် မေးမြန်းသည်ကို မဖြေနိုင်ကြ ။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ခေါင်းခါနေကြသည် ။
ထိုအခါ စိတ်ရှည်မှုအလျင်းမရှိသော ရှင်ဘုရင်သည် ဒေါသဖြစ်လေပြီ ။
Ash : " သွားစမ်း ! အဲ့ဒီ အပြစ်သားကို အခုဖမ်းခေါ်ခဲ့ "
အမိန့်တော်ဆုံးသော် အားလုံးဖနောင့်နဲ့တင်ပါး တစ်သားဖြစ်အောင်ပြေးတော့သည် ။ နတ်ဆိုးဘုရင်၏ အမြတ်ကိုမခံယူလိုသော နန်းတွင်းအစေခံတို့သည် သူ၏မျက်စိရှေ့မှ လွတ်ဖို့အရေး ၊ ရေကန်ထဲခုန်ချချင်တောင် ခုန်ချနိုင်သည် ။
ခက်သည်က ထိုရေကန်သည် ရေခဲနေခြင်းပင် ။
တစ်စက္ကန့်အတွင်းမှာပဲ သူ၏ မြင်ကွင်းတွင် ဘယ်သူမှမရှိတော့။
သူသည် ရှင်းလင်းသွားသော နန်းဆောင်ရှေ့ကို ရပ်ကြည့်နေရင်း ရင်ဖက်ထဲလောင်လာသည် ။
ဘာခေါင်းစဉ်နဲ့ ခံစားချက်တွေလဲ မသိ ။ ထိုခံစားချက်တွေကို ပေးပို့မယ့် လိပ်စာလဲမရှိ ။ ဦးတည်ရာမဲ့စွာ အတွင်းထဲပရမ်းပတာ မွေ့ရမ်းနေသည် ။
မုန်တိုင်းတစ်ခုပမာ . . . ။
သူသည် နှင်းတွေထဲ ပြေးဆင်းသွားပြီး အဝေးတစ်နေရာကို စူးစိုက်ကြည့်နေလိုက်သည် ။
မျက်ဝန်းနက်တွေထဲ အလိုမကျမှုတွေ ၊ ပြီးတော့ မျှော်လင့်ချက်တွေ . . . ။
မကြာခင် အဲ့ဒီဖြူဖွေးတဲ့လမ်းကနေ သူသိပ်ကိုမုန်းတီးသည့် အညိုရောင်တောက်သောမျက်ဝန်းပိုင်ရှင် ကောင်မလေးတစ်ယောက် ဖြေးညှင်းစွာ လျောက်လှမ်းလို့လာတော့မည် ။
အဲ့ဒီအခါကျရင် သူမကိုသူ ဆူငေါက်ပစ်မည် ။ သူ့ကို နောက်တစ်ခါ အာမခံနိုင်အောင် သေးငယ်တဲ့ခန္ဓာကိုယ်လေးကို သူနှိပ်စက်ညှင်းပန်းပစ်မည် ။
ဒါမှမဟုတ် နောက်ကျတဲ့ခြေထောက်တွေကို ရိုက်ချိုးပစ်လိုက်မည် ။
ဒါမှမဟုတ်လဲ သေးငယ်တဲ့လက်လေးတွေကို သူ . . . . . ။
ထွေးဆုပ်ပြီး အနွေးဓာတ်ပေးလိုက်မည် ။
ဒါမှမဟုတ်လဲ သူ . . . ဒါမှမဟုတ်လဲ သူ . . . ။
ဖယောင်းပန်းကြွေနီရဲရဲတွေသည် ဖြူစွတ်သောနှင်းထုထဲ နေရာအသင့်ယူလျက်။ တယုတယ ကောက်ယူသိမ်းဆည်းပေးမည့် လူသားကို စောင့်စားနေခဲ့သလို . . . . . ။
____________________________
____________________________
#Zawgyi
ေက်းလက္ စားေသာက္ဆိုင္ငယ္တစ္ခုသည္ ေန႔လည္စာစားခ်ိန္မို႔ သိုက္သိုက္ၿမိဳက္ၿမိဳက္ရွိလွ၏ ။
Xavia ႏွင့္ Raven နယ္စပ္၌ တည္ရွိကာ ေနရာေဒသအႏွံ႔မွလာေသာ တရားမဝင္အေရာင္းအဝယ္သမားမ်ား က်င္လယ္ရာေဒသျဖစ္၍ ဆိုင္ထဲတြင္ ဘာသာစကားေပါင္းစုံျဖင့္ ညံညံဆူေနသည္ ။
ထိုအထဲ၌ ဝါးစိမ္းျဖင့္ျပဳလုပ္ထားေသာ စားပြဲဝိုင္းတစ္ခုတြင္ ေခါင္းမွေျခအဆုံးအဝတ္နက္ျဖင့္ဖုံးအုပ္ထားေသာ လူသုံးေယာက္ထိုင္ေနသည္ ။
ထိုသူသုံးေယာက္သည္ ဆိုင္ထဲဝင္လာကတည္းက အျခားသူမ်ားလို အခ်င္းခ်င္းစကားစျမည္ေျပာျခင္းမျပဳ ။
စားေသာက္ဖြယ္မ်ားကိုသာ မွာၿပီး ၿငိမ္သက္စြာေနသည္ ။
ထိုေယာက်ၤားသုံးေယာက္တို႔သည္ ဘယ္လိုၾကည့္ၾကည့္ သံသယျဖစ္စရာအလြန္ေကာင္းေန၏ ။
သို႔ေသာ္ ဤေနရာ၌ မည္သူကမွအေရးမစိုက္ ။
ေန႔စဥ္ေန႔တိုင္း ဝရမ္းေျပး၊ သူခိုးၾကမ္းပိုးအျပင္ ေၾကးစားလူသတ္ဂိုဏ္းမ်ား ၊ ေမွာင္ခိုသမားမ်ားကိုပင္ ေတြ႕ႏိုင္သည္ ။
ဤေနရာသို႔ေရာက္လာေသာ လူတိုင္းတြင္ လွ်ိ႕ဝွက္ခ်က္ကိုယ္စီ အသီးသီးရွိၾကသည္ ။
ဒါေၾကာင့္ မသကၤာစရာမ်ားေတြ႕လွ်င္ေတာင္ လစ္လွ်ဳရႈကာေနၾကရသည္ မဟုတ္ပါလား ။
သို႔ေသာ္ မ်က္လုံးတစ္စုံတို႔သည္ ထိုသုံးေယာက္ဝိုင္းဆီကေန အၾကည့္မခြာ ။
စားပြဲထိုးမေလးသည္ အႏွီလွ်ိဳ႕ဝွက္ေသာေယာက်ၤားသုံးေယာက္ထဲမွ စားပြဲထိတ္တြင္ထိုင္ေနေသာ ေယာက်ၤား၏ မ်က္ႏွာကို မၾကာခဏခိုးခိုးၾကည့္၏ ။
မ်က္ႏွာတစ္ဝက္သာျမင္ေနရေသာ္လည္း သမင္လည္ျပန္ၾကည့္ရသည့္ လွ်ိဳ႕ဝွက္နက္နဲေသာအလွတရားတို႔ ထိုေယာက်ၤားတြင္ရွိသည္ ။
ေႂကြသားပမာျဖဴၾကည္ေသာအသားအရည္သည္ ဝတ္႐ုံေအာက္အနည္းငယ္ေလွာင္ေနတာမို႔ ေခြၽးစမ်ားတင္ေနသည္ ။
ထင္းရွင္းေသာ ေသြးနီေရာင္ႏႈတ္ခမ္းလႊာသည္ ျပည့္ဝေဖာင္းအိကာ ၊ လက္ဖက္ရည္ၾကမ္းကိုေသာက္သုံးစဥ္က က်န္ခဲ့ေသာ စိုစြတ္မႈေလးျဖင့္ ဆြဲမက္စရာ ေကာင္းလြန္းေနသည္ ။
စားပြဲထိုးမေလးသည္ ခိုးၾကည့္မိတိုင္း ပါးျပင္မို႔မို႔တို႔ နီကာရဲလ်က္ တံေတြးၿမိဳခ်ရ၏ ။
Kai : " pfff တစ္ေယာက္ေယာက္ေတာ့ ခ်စ္မိသြားျပန္ၿပီထင္ပါတယ္ "
ထိုအျဖစ္ကို ေသခ်ာေပါက္ အစအေနာက္သန္ေသာ Kai ကလက္လႊတ္မခံ ။
Ash သည္ Kai ၏ေျခေထာက္ကို စားပြဲခုံေအာက္မွကန္ကာ သတိေပးလိုက္၏ ။
အဲ့ဒီအခါ Kai ႐ုပ္က ေျပာင္စပ္စပ္ ။
Alexander : " ဒါေပမယ့္ ေတာ္ပါေသးတယ္ ကြၽန္ေတာ္ထင္တာက အရွင့္ကို မွတ္မိသြားၿပီထင္တာ "
Alexander က စိတ္သက္သာရာရသြားသလို ပင့္သက္ခ်ရင္းေျပာသည္ ။
ပထမက စားပြဲထိုးမေလး၏မ်က္လုံးအၾကည့္ကို ခံစားမိေတာ့ သူတို႔သုံးေယာက္စလုံး ေဇာေခြၽးျပန္ခဲ့ရ၏ ။
အခုေတာ့ မိန္းမပ်ိဳေလးရဲ႕ ပူစပ္ပူေလာင္ အၾကင္နာမ်က္ဝန္းေတြတဲ့လား ?
အဲသလို ျမင္ျမင္သမွ်လူကိုဆြဲေဆာင္ေနရင္ ဝတ္႐ုံႀကီးၿခဳံၿပီး႐ုပ္ဖ်က္ထားတာဟာ ဘာထူးသလဲ ?
Alexander ရဲ႕စကားကို Kai က ေခါင္းတြင္တြင္ခါ၏ ။
Kai : " ဒီလိုေအာက္ေျခမွာရွိတဲ့ ျပည္သူေတြအတြက္ေတာ့ သူတို႔ရွင္ဘုရင္က ဘယ္သူလဲဆိုတာမသိတာဟာ ပုံမွန္ပါပဲေလ ၊ အထက္ကဘာေတြေျပာင္းသြားပါေစ သူတို႔ရဲ႕ဘဝကမွမေျပာင္းတာ
ေန႔တိုင္း ဝမ္းေရးအတြက္ပဲ ႐ုန္းကန္ေနၾကတာ ဘာကိုမွအေရးမစိုက္ႏိုင္ဘူး "
ထိုစကား၏ေနာက္တြင္ သူတို႔သုံးေယာက္စလုံး အေတြးကိုယ္စီျဖင့္ ၿငိမ္သက္သြားခဲ့ၾကသည္ ။
သူတို႔သုံးေယာက္သည္ လာခဲ့တဲ့ေနရာမတူေပမယ့္ သြားတဲ့ေနရာေတာ့တူ၏ ။
Alexander သည္ အေတာ္အသင့္နာမည္ရွိေသာမ်ိဳး႐ိုးမွဆင္းသက္လာသူျဖစ္ေပမယ့္ ၊ အေစခံမိခင္မွေမြးဖြားေသာတရားမဝင္ကေလးျဖစ္၍ အိမ္ေတာ္၌ငယ္စဥ္ကတည္းက အပယ္ခံသားျဖစ္ခဲ့သည္ ။
Kai ကမူ ခုႏွစ္ျပည္ေထာင္၌ အင္အားအနည္းဆုံး Orlains ႏိုင္ငံမွ Raven သို႔ ၿငိမ္းခ်မ္းေရးလက္ေဆာင္အျဖစ္ ဆက္သခံခဲ့ရေသာ မင္းသမီးတစ္ပါးမွ Raven နန္းေတာ္တြင္ အဓၶမျပဳက်င့္ခံရကာ အဖမသိပဲေမြးဖြားလာေသာ မ်ိဳးမစစ္ကေလးပင္ျဖစ္သည္ ။
Kai သည္ ဉာဏ္ေျပးေသာသူျဖစ္၍ Raven နန္းေတာ္၌ အေတာ္အသင့္ေနရာရခဲ့သည္ ။
ဒါက Ash အတြက္ Raven ကို ေအာင္ႏိုင္ေရးတြင္ အေတာ္အက်ိဳးျပဳခဲ့သည္ဟု ဆိုႏိုင္သည္ ။
သူတို႔ႏွစ္ေယာက္တြင္ ႀကီးမားေသာအိပ္မက္မ်ား ကိုယ္စီရွိၾကကာ ၊ ထိုအိပ္မက္မ်ားသည္ Xavia Ash ၏အရိပ္ကိုခိုလုံျခင္းျဖင့္ လက္ေတြ႕ျဖစ္လာမည္ဟု တပ္အပ္ ယုံၾကည္ၾကသည္ ။
Alexander : " ဒါေၾကာင့္ပဲ ငါတို႔က ဒီေနရာမွာရွိေနတာေလ "
ထိုစကား၏ အဓိပၸါယ္ကို သူတို႔သုံးေယာက္သာ နားလည္ႏိုင္၏ ။
ေတာ္႐ုံၿပဳံးရယ္ေလ့မရွိေသာ Alexander သည္ ထိုစကားကို အားပါးတရၿပဳံးကာ ေျပာေလေတာ့ က်န္ႏွစ္ေယာက္၏စိတ္ထဲ ပီတိတစ္ခုကို ခံစားလိုက္ရသည္ ။
Kai သည္ ၿပဳံးကာေခါင္းညိတ္လိုက္သည္။
Ash သည္ မ်က္ႏွာ၌အမူအရာတို႔ ကင္းရွင္းေနေသာ္လည္း မ်က္ဝန္းေတြမွာ ေတာက္ပေနခဲ့သည္ ။
သူတို႔သည္ စမွတ္မွ အေဝးႀကီးလာခဲ့ၾကၿပီျဖစ္သည္ ။
တစ္ေန႔ေတာ့ ေ႐ႊေရာင္လင္းတဲ့ ေန႔ရက္ဆီသို႔ ဤလူငယ္ေလးသုံးေယာက္ ေရာက္ေလႏိုးႏိုး. . . ။
" ေဟ့ေကာင္ ! ငါေျပာေနတယ္ ငါ့ကိုလာမဆြနဲ႔ "
႐ုတ္႐ုတ္သဲသဲအသံေတြေၾကာင့္ အသံလာရာကို သုံးေယာက္သားၾကည့္လိုက္သည္ ။
ဆိုင္၏အလယ္မွ ဝိုင္းတစ္ဝိုင္းတြင္ ေသရည္မူးေနဟန္ရွိေသာ ေယာက်ၤားႀကီးႏွစ္ေယာက္သည္ တစ္ဦးနဲ႔တစ္ဦး ရန္ေစာင္ေနၾက၏ ။
ေန႔ခင္းေၾကာင္ေတာင္ အရက္မူးၿပီး ရမ္းကားသည္က ဤေနရာ၌ အဆန္းမဟုတ္ ။
သို႔ေသာ္ ထိုျမင္ကြင္းမွတစ္စုံတစ္ရာသည္ သူတို႔သုံးေယာက္၏ အၾကည့္မ်ားကို ႐ုတ္ခ်ည္းေျပာင္းလဲသြားေစသည္ ။
အေၾကာင္းမွာကား ရန္ျဖစ္ေနေသာသူႏွစ္ေယာက္ထဲမွ တစ္ေယာက္၏ခါး၌ထိုးထားေသာ မည္းနက္ေသးငယ္သည့္ပုေလြတိုသည္ Raven ၏ က်ီးနက္အဖြဲ႕မွ ကင္းေထာက္မ်ား အခ်င္းခ်င္းအခ်က္ျပရန္သုံးေသာ ကိရိယာျဖစ္ေသာေၾကာင့္ပင္တည္း ။
တစ္လနီးပါး တိတ္တဆိတ္တိုင္းခန္းလွည့္လည္ရင္း တစ္ၿမိဳ႕ၿပီးတစ္ၿမိဳ႕စုံစမ္းခဲ့ၿပီးေနာက္ ခိုင္မာေသာသဲလြန္စတစ္ခုကို ဖမ္းဆုပ္မိခဲ့ၿပီျဖစ္သည္ ။
ျဖစ္ခ်င္ေတာ့လဲ ခဏဝင္နားတဲ့ စားေသာက္ဆိုင္ထဲမွာ . . . ။
ရန္သူ တစ္ေယာက္ႏွစ္ေယာက္ကိုဖမ္းဖို႔က သူတို႔ရည္႐ြယ္ခ်က္မဟုတ္ ။
ဒါ့အျပင္ အမဲလိုက္ရာမွာ တစ္ေကာင္တည္းနဲ႔ေက်နပ္တတ္တာက Xavia Ash ၏ နည္းလမ္းမဟုတ္ ။
အသိုက္ကိုတူးၿပီး အမ်ိဳးျဖဳတ္ရမွ သူက ေက်နပ္ႏိုင္မည္ျဖစ္သည္ ။
Kai : " ဟူး . . . ေနာက္ဆုံးေတာ့ အိမ္ျပန္ရေတာ့မယ္ . . .ခုပဲထြက္ၾကေတာ့မလား ? "
နန္းေတာ္သို႔ျပန္ကာ စီစဥ္စရာရွိတာမ်ား စီစဥ္ရမည္ မဟုတ္လား ။
Raven သည္ Xavia ကို ရႈံးခဲ့တာမဟုတ္ပဲ ၊ အရႈံးေပးခဲ့တာဆိုသည့္အမွန္တရားသည္ Ash အား အခ်ိန္ႏွင့္အမွ် ပူပန္ေစခဲ့သည္ ။
Raven တပ္သည္ ေျမျပင္မွသားေကာင္ကိုအခြင့္သာလွ်င္ အလစ္ထိုးသုတ္မည့္ က်ီးကန္းတစ္ေကာင္ပမာ Xavia ကို အျမင့္တစ္ေနရာကေန ေစာင့္ၾကည့္ေနသည္ ။
ဒါကို ျမင္ေနေပမယ့္ မကိုင္တြယ္ႏိုင္တာဟာ သူတို႔မွာ အခ်က္အလက္မစုံလင္ေန၍သာျဖစ္၏ ။
အခုေတာ့ အေျခအေနက ေျပာင္းသြားၿပီျဖစ္သည္ ။
နယ္စပ္၌ က်ီးနက္ကင္းေထာက္တပ္သားတစ္ဦးကို ေတြ႕လိုက္ရၿပီျဖစ္သည္ ။
ထိုအခ်က္သည္ ထင္ထားတာထက္ မ်ားစြာအေရးပါသည္ ။
Raven တပ္မႀကီးသည္ နယ္စပ္ကို မေရာက္ေသးဘူးဆိုေသာအဓိပၸါယ္ပင္ျဖစ္သည္ ။
သေဘာမွာ Raven တပ္ႀကီးတစ္ခုလုံး၏အေျခစိုက္စခန္းသည္ Raven ျပည္ထဲ၌ပဲရွိေနသည္ဟူ၍ . . . ။
ျမင္းကို ဒုန္းစိုင္းႏွင္လာရင္း Xavia-Raven နယ္ျခားမ်ဥ္းေပၚတြင္ရွိေသာ ေလထန္ကုန္းေပၚသို႔ ေရာက္ခ်ိန္တြင္ ေနဝင္ခဲ့ၿပီျဖစ္သည္ ။
ျမင္းဇက္ႀကိဳးကိုဆြဲကာ အရွိန္ေလွ်ာ့ၿပီး Raven ျပည္၏ ခပ္ေဝးေဝးအေနာက္ေတာင္ေစာင္း၌ ပုန္းလွ်ိဳးေပ်ာက္ကြယ္လုနီး လိေမၼာ္ေရာင္ေနမင္းႀကီးကို သူလွည့္ကာ ေငးၾကည့္လိုက္သည္ ။
အရွင္သခင္၏ အျပဳအမူကို သတိထားမိတဲ့ Kai ႏွင့္ Alexander တို႔ ႏွစ္ေယာက္သည္လဲ နည္းတူ ျမင္းကိုအရွိန္သတ္ကာ ရႈခင္းကို သခင္လည္ျပန္ ေငးေမာလိုက္ၾကသည္ ။
သူတို႔ေရာက္ရွိေနေသာ ေလထန္ကုန္းတစ္ခုလုံးသည္ ေဒလီရာပန္းတို႔ျဖင့္ ျပည့္ႏွက္ေန၏ ။
ပန္းေရာင္ေဒလီရာပန္းပြင့္ငယ္တို႔သည္ ေတာင္ကုံးေပၚ၌ မ်က္စိတစ္ဆုံးပြင့္ေနၾကတာ ပန္းခ်ီေရးထားသည့္ပမာ ။
ေဆာင္းေလသည္ Xavia နားေရာက္ေလ ပိုမိုျပင္းလာေလမို႔ သူတို႔ရဲ႕ဝတ္႐ုံရွည္တို႔သည္ ေလထဲမွာတလြင့္လြင့္ လြန႔္လူးလ်က္ ။
ေသြးေအးသည္ဟူေသာ လူသား၏မ်က္ႏွာသည္ လိေမၼာ္ေရာင္သန္းေသာေနျခည္ႏုႏုေအာက္ သဘာဝတရား၏အလွတြင္ ႏူးညံ့ေပ်ာ္ဝင္ေနသည့္ပမာ ။
ပန္းခင္းႀကီးထဲလြင့္ေျမာေနေသာ စိတ္ေတြသည္ ေဘးနားမွ သက္ေတာ္ေစာင့္ျဖစ္သူ၏အသံဩဩႀကီးေၾကာင့္ ရပ္တန႔္သြားသည္ ။
Alexander : " အရွင္ , ဟိုဖက္ကိုၾကည့္ပါဦး "
Alexander သည္ ေျပာရင္းဆိုရင္း သူ၏ညာဖက္ျခမ္းတစ္ေနရာကို လက္ညိဳးၫႊန္ျပေလသည္ ။
သူလဲ ၾကည့္လိုက္၏ ။
Kai : " ဟာ . . . ဘာျဖစ္ထားတာလဲ ? "
Kai သည္ ျမင္လိုက္ရေသာျမင္ကြင္းေၾကာင့္ အံ့ဩကာေရ႐ြတ္လိုက္ေလသည္ ။
သူသည္ ျမင္ေနရေသာ ျမင္ကြင္းကို တိတ္တိတ္စြာေငးေနမိသည္ ။
က်ယ္ျပန႔္ေသာ ေဒလီရာပန္းခင္းသည္ ထိုဖက္ျခမ္း၌ မည္းညိဳကာအကုန္လုံးညိဳးႏြမ္းေန၏ ။
ပန္းတစ္ခင္းထဲကိုပဲ တစ္စုံတစ္ေယာက္က မ်ဥ္းတစ္ခုတားၿပီး တစ္ဖက္ခ်င္းစီ ပန္းေရာင္နဲ႔အနက္၊ အေရာင္မတူေအာင္ ေဆးခ်ယ္ထားသည့္ပမာ ။
ပန္းေရာင္ေတာက္ေတာက္ေလးေတြႏွင့္ျခားနားစြာ တစ္ျခမ္းလုံး မည္းနက္ေနေလသည္ ။
Ash : " ပိုးက်ေနတာလား ? "
သူ႔ဖာသာ ထင္ျမင္ခ်က္ေပးမိသည္ ။
" သူငယ္ေျပာသလို မဟုတ္ဘူးကြယ့္ "
သူတို႔အားလုံး အသံလာရာကို ၾကည့္လိုက္ၾက၏ ။
ဘယ္အခ်ိန္ကတည္းက အနားမွာရွိေနသလဲ မသိေသာ အဖိုးႀကီးတစ္ဦး ပန္းခင္းထဲမွ တိုးထြက္လာေလသည္ ။
ေကာက္႐ိုးဦးထုပ္ခပ္ကားကားကို ေခါင္း၌ေဆာင္းထားၿပီး ေပါက္ခြၽန္တစ္ခုကို ပုခုံးမွာထမ္းထားေသာ အဖိုးအိုသည္ ပန္းစိုက္သည့္ ယာသမားႀကီးျဖစ္ႏိုင္သည္ ။
အဖိုးအိုက သူတို႔သုံးဦးအား အကဲခတ္ကာ ဆက္ေျပာသည္ ။
" ခရီးသြားေတြမို႔ မသိတာမဆန္းပါဘူး . . . "
Kai : " အဲဒါ ဘာျဖစ္ထားတာလဲ အဖိုး ? "
စပ္စုေသာ Kai သည္ အဖိုးအို၏စကားကို မေစာင့္ေနေတာ့ပဲ ျမင္းေပၚကဆင္းကာ သိခ်င္ေဇာျဖင့္ အျမန္ေမးလိုက္ေလ၏ ။
Ash ႏွင့္ Alexander သည္လဲ အသီးသီး ျမင္းေပၚကေန ဆင္းလာၾကကာ အဖိုးအို၏စကားကို ေစာင့္ဆိုင္းေနလိုက္သည္ ။
" အဲ့ဖက္ဟာ Xavia ရဲ႕ေျမပဲ သူငယ္တို႔ရဲ႕
ေဒလီရာေတြက Xavia ေျမမွာ ရွင္ဖို႔ခက္တယ္ ၊ ဒါေၾကာင့္ ပန္းေတြအကုန္ မည္းၿပီး ေအးခဲေနတာပဲ "
အဖိုးအို၏ ေျဖးညႇင္းေသာစကားသံ၏ေနာက္၌ Ash သည္ ႏႈတ္ဆိတ္ေနမိသည္ ။
ပူေႏြးေသာ ေနမင္း၏နယ္ေျမ Raven ႏွင့္ ေရခဲတိုင္းျပည္ Xavia သည္ နီးကပ္စြာတည္ရွိေနၾကေပမယ့္ အဲသေလာက္ ျခားနားတာပဲျဖစ္သည္ ။
နယ္ျခားမ်ဥ္းဟုဆိုခဲ့ေသာ္လည္း အမွန္တကယ္မ်ဥ္းသားထားတာမဟုတ္သျဖင့္ သူသည္ အခါခါျဖတ္သမ္းသြားလာခဲ့ေသာ္လည္း ကြာျခားမႈကို ဒီေန႔အထိမျမင္ႏိုင္ခဲ့ ။
အခုမ်က္ျမင္ေတြ႕လိုက္ရေတာ့ အံ့ဩမႈထက္ ပူပန္မႈေတြသာ ခံစားေနရသည္ ။
ခပ္စူးစူးႏွင့္ ခံရခက္သည္ ။
နတ္ဘုရားေတြက တမင္ရည္႐ြယ္ၿပီး ဖန္ဆင္းထားၾကသလို ၊ ေပါင္းစပ္မရတာဟာ သဘာဝတရားတစ္ခုျဖစ္လို႔ေနသည္ ။
အေဝးမွ ခပ္မည္းမည္းေဒလီရာပန္းေလးမ်ားကို ေငးေမာရင္း သူတီးတိုးေရ႐ြတ္လိုက္၏ ။
Ash : " ႏုနယ္လိုက္တာ . . . "
ေအးစက္ေသာအသံ၌ နင့္နဲေသာအရာေတြပါဝင္ေနသလို ။
ဝမ္းနည္းမႈလား ? နာက်င္မႈလား ?
သူကိုယ္တိုင္လဲ မသိ ။
သူ၏မွတ္ခ်က္ကိုၾကားေတာ့ အဖိုးအိုသည္ ေခါင္းကိုတြင္တြင္ခါေလသည္ ။
" မဟုတ္ဘူး သူငယ္ , သူတို႔ေတြက ရွင္သန္ေနေသးတယ္ ဘယ္ေလာက္ပဲၾကမ္းတမ္းပါေစ ေဒလီရာေလးေတြက ေတာင့္ခံႏိုင္ၾကတယ္
သန္မာတဲ့အပင္ငယ္ေတြပါကြယ့္
ဒါေပမယ့္ နဂိုလိုေတာ့ ဘယ္လန္းဆန္းလွပႏိုင္ပါ့မလဲေလ သူတို႔နဲ႔အပ္စပ္တဲ့ေနရာမွမဟုတ္တာ ရွင္လ်က္နဲ႔ေသသလိုပဲေပါ့ "
ငယ္႐ြယ္ေသာရွင္ဘုရင္သည္ အဲသည္စကားလုံးေတြကို အလိုမက် ။
သဘာဝတရားႀကီးကို မေက်နပ္ ။
နတ္ဘုရားေတြကို အျပစ္တင္သည္ ။
အကယ္၍ Xavia မွတစ္စုံတစ္ေယာက္က ေဒလီရာေလးကို သူ႔ဥယ်ာဥ္ထဲမွာ အလိုရွိေနသည္ဆိုရင္ေရာ ?
ဒီသဘာဝႀကီးေၾကာင့္ လက္လႊတ္လိုက္ရမွာလား ?
ပိုင္ဆိုင္လို႔ မရဘူးလား ?
ဘာမဟုတ္တဲ့ ပန္းေတြေၾကာင့္ သူသည္ ေသးငယ္ေပ်ာ့ညံ့ေသာလူသားေလးတစ္ေယာက္ကို သတိရလာေတာ့သည္ ။
စိတ္ေတြညစ္ညဴးကာ ေလာင္ၿမိဳက္လာေတာ့သည္ ။
ဘာေၾကာင့္ မပိုင္ဆိုင္ႏိုင္ရမလဲ ?
အဲ့ဒီ သေဘာတရားကို သူျငင္းပယ္သည္ ။
____________________________
ေနေရာင္လာ၍ အိပ္ခန္းထဲက ဆီမီးအိမ္၏အလင္းေရာင္သည္ အားေရာ့သြားခဲ့ေလၿပီ။
ေနေရာင္ေႏြးေႏြးလာတဲ့အခါ ေရခဲလႊာေလးေတြသည္ တေျဖးေျဖးအရည္ေပ်ာ္လာခဲ့သည္ ။
ခႏၶာကိုယ္ေပၚ၌လႊားၿခဳံထားေသာ သားေမြးေစာင္ထည္ကို မလိုေတာ့ ။
Xavia နန္းေတာ္ႀကီးကို ေနမင္းႀကီးသည္ ႏႈတ္ခြန္းဆက္သေနေလၿပီ ။
ေမြ႕ယာထပ္၌ထိုင္ကာ တစ္ညလုံးစာဖတ္ေနခဲ့ေသာ Xavia ဧကရာဇ္သည္ အျပင္ကအလင္းကိုသတိျပဳမိေတာ့ ဖတ္လက္စစာအုပ္ကို ပိတ္လိုက္သည္ ။
ထို႔ေနာက္ အခန္းက်ယ္ႀကီး၏ေထာင့္တစ္ေနရာက တစ္ခ်က္ခ်က္ေ႐ြ႕လ်ားေနေသာ ခ်ိန္သီးနာရီကို ၾကည့္လိုက္သည္ ။
* ၇ နာရီကြက္တိ *
သူဘာေၾကာင့္ မအိပ္ငိုက္ေသးတာလဲ ?
တစ္လနီးပါး မရပ္မနား တိုင္းခန္းလွည့္လည္ခဲ့ရာ မေန႔ညေနကမွ ျပန္ေရာက္ျခင္းျဖစ္သည္ ။
လြန္စြာပင္ပန္းႏြမ္းနယ္ေနခဲ့ေသာ္လည္း သူသည္ ငိုက္ျမည္းမႈကို မခံစားခဲ့ရ ။
နန္းေတာ္အျပင္၌ရွိခဲ့စဥ္က ဘာျပႆနာမွမရွိပဲ ေကာင္းစြာအိပ္စက္ခဲ့ေပမယ့္ ၊ နန္းေတာ္သို႔ ျပန္ေရာက္ေသာအခါမွ မအိပ္ႏိုင္တာျဖစ္သည္ ။
အဓိပၸါယ္မဲ့စြာ သူ႔ရဲ႕ခႏၶာကိုယ္သည္ လြန္စြာတက္ႂကြေနခဲ့၏ ။
ပုံမွန္ဆိုလွ်င္ သူသည္ တစ္ညလုံးမအိပ္မေန အလုပ္လုပ္ၿပီး မနက္ခင္း၌ပင္ပန္းလာကာ ငိုက္ျမည္းျခင္းကို ခံစားရသည္ ။
ၿပီးေတာ့ သူ အိပ္ေမာက်သြားတတ္၏ ။
ဒါဆိုရင္ ဒီေန႔ဘာျဖစ္သနည္း ?
စိတ္အလိုမက်ျဖစ္ကာ အိပ္ယာထဲလွဲခ်လိုက္သည္ ။
မ်က္ခြံေတြကို ပိတ္ကာေမွးစက္ရန္ ႀကိဳးစားလိုက္သည္ ။
တစ္မိနစ္ ၊ ႏွစ္မိနစ္ ၊ သုံးမိနစ္ ။
သူသည္ ထိုအခါမွ မူမမွန္မႈကို သတိထားမိသြား၏ ။
ထိုအသံငယ္ မရွိ ။
အားနည္းကာ အက္ကြဲေနေသာ ၊ ေဝဒနာေတြၾကားက သီက်ဴးေသာ ထိုအသံသည္ သူ၏နံနက္ခင္း၌ ေပ်ာက္ဆုံးေနခဲ့ေလၿပီ ။
သူမရဲ႕ အသံအိုး ပ်က္စီးသြားတာေၾကာင့္ ေနာက္ဆုံးေတာ့ သူမအသံမထြက္ႏိုင္ေတာ့တာမ်ားလား ?
ဒါလဲမျဖစ္ႏိုင္ေသး ။
ဘယ္ေလာက္ တိုးညႇင္းခဲ့ပါေစ သူကၾကားႏိုင္သည္ ။
ဘယ္ေလာက္ မသဲကြဲခဲ့ပါေစ သူကနားလည္ႏိုင္သည္ ။
ထိုသို႔အေတြးဝင္ေတာ့ သူသည္ အျမန္ထကာ အိပ္ေဆာင္တံခါးကို သြားတြန္းဖြင့္လိုက္သည္ ။
ထိုအခါ တံခါးဝ၌ေစာင့္အိပ္ေသာ အေစခံသည္ လန႔္ျဖန႔္ကာ ၾကမ္းျပင္ေပၚ၌ ျပားျပားဝပ္ၿပီး ႏႈတ္ခြန္းဆက္သေလေတာ့သည္ ။
လြန္စြာက်ယ္ေလာင္ေသာ အေစခံ ေယာက်ာ္း၏အသံေၾကာင့္ နန္းေဆာင္အျပင္ဖက္မွ ေစကြၽန္မ်ားအသီးသီးေရာက္ခ်လာေလသည္ ။
၎တို႔သည္ ဧကရာဇ္မင္းအား ေကာင္းေသာႏိုးထမႈကိုေပးဖို႔ အႏွိပ္အနယ္သမား ၊ လက္ဖက္ရည္ေႏြးစသျဖင့္ ေဖ်ာ္စပ္သမား ၊ အဝတ္လဲရာတြင္ကူသည့္နန္းတြင္းသူ ၊ ေရခ်ိဳးသန႔္စင္ရာ၌ကူသည့္နန္းတြင္းသူ စေသာစေသာ မ်ားစြာသည့္ လူအုပ္ႀကီးပင္ျဖစ္သည္ ။
Ash : " Raven မ်ိဳး႐ိုး ဘယ္မွာလဲ ? "
ထိုသူတို႔သည္ ေမးျမန္းသည္ကို မေျဖႏိုင္ၾက ။
တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ ေခါင္းခါေနၾကသည္ ။
ထိုအခါ စိတ္ရွည္မႈအလ်င္းမရွိေသာ ရွင္ဘုရင္သည္ ေဒါသျဖစ္ေလၿပီ ။
Ash : " အကုန္သြားစမ္း ! အဲ့ဒီ အျပစ္သားကို အခုဖမ္းေခၚခဲ့ "
အမိန႔္ေတာ္ဆုံးေသာ္ အားလုံးဖေနာင့္နဲ႔တင္ပါး တစ္သားျဖစ္ေအာင္ေျပးေတာ့သည္ ။
နတ္ဆိုးဘုရင္ႀကီး၏ အျမတ္ကိုမခံယူလိုေသာ အေစခံတို႔သည္ သူ၏မ်က္စိေရွ႕မွ ေျပးလြတ္ဖို႔အေရး ၊ ေရကန္ထဲခုန္ခ်ခ်င္ေတာင္ ခုန္ခ်ႏိုင္သည္ ။
ခက္သည္က ထိုေရကန္သည္ ေရခဲေနျခင္းပင္ ။
တစ္စကၠန႔္အတြင္းမွာပဲ သူ၏ ျမင္ကြင္းတြင္ ဘယ္သူမွမရွိေတာ့။
သူသည္ ရွင္းလင္းသြားေသာ နန္းေဆာင္ေရွ႕ကို ရပ္ၾကည့္ေနရင္း ရင္ဖက္ထဲေလာင္လာသည္ ။
ဘာေခါင္းစဥ္နဲ႔ ခံစားခ်က္ေတြလဲ မသိ ။
ထိုခံစားခ်က္ေတြကို ေပးပို႔မယ့္ လိပ္စာလဲမရွိ ။
ဦးတည္ရာမဲ့စြာ အတြင္းထဲပရမ္းပတာ ေမြ႕ရမ္းေနသည္ ။
မုန္တိုင္းတစ္ခုပမာ . . . ။
သူသည္ ႏွင္းေတြထဲ ေျပးဆင္းသြားၿပီး အေဝးတစ္ေနရာကို စူးစိုက္ၾကည့္ေနလိုက္သည္ ။
မ်က္ဝန္းနက္ေတြထဲ အလိုမက်မႈေတြ ၊ ၿပီးေတာ့ ေမွ်ာ္လင့္ခ်က္ေတြ . . . ။
မၾကာခင္ အဲ့ဒီျဖဴေဖြးတဲ့လမ္းကေန သူသိပ္ကိုမုန္းတီးသည့္ အညိဳေရာင္ေတာက္ေသာမ်က္ဝန္းပိုင္ရွင္ ေကာင္မေလးတစ္ေယာက္ ေျဖးညႇင္းစြာ ေလ်ာက္လွမ္းလို႔လာေတာ့မည္ ။
အဲ့ဒီအခါက်ရင္ သူမကိုသူ ဆူေငါက္ပစ္မည္ ။
သူ႔ကို ေနာက္တစ္ခါ အာမခံႏိုင္ေအာင္ ေသးငယ္တဲ့ခႏၶာကိုယ္ေလးကို သူႏွိပ္စက္ညႇင္းပန္းပစ္မည္ ။
ဒါမွမဟုတ္ ေနာက္က်တဲ့ေျခေထာက္ေတြကို ႐ိုက္ခ်ိဳးပစ္လိုက္မည္ ။
ဒါမွမဟုတ္လဲ ေသးငယ္တဲ့လက္ေလးေတြကို သူ . . . . . ။
ေထြးဆုပ္ၿပီး အေႏြးဓာတ္ေပးလိုက္မည္ ။
ဒါမွမဟုတ္လဲ သူ . . . ဒါမွမဟုတ္လဲ သူ . . . ။
ဖေယာင္းပန္းေႂကြနီရဲရဲေတြသည္ ျဖဴစြတ္ေသာႏွင္းထုထဲ ေနရာအသင့္ယူလ်က္ ။
တယုတယ ေကာက္ယူသိမ္းဆည္းမည့္ လူသားကို ေစာင့္စားေနခဲ့သလို . . . . . ။
____________________________