𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍...

De Ora_Belle35

35K 4.7K 1K

အချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း... Mais

Me & He-1
Me & He-2
Me & He-3
Me & He-4
Me & He-5
Me & He-6
Me & He-8
Me & He-9
Me & He-10
Me & He-11
Me & He-12
Me & He - 13
Me & He -14
Me & He -15
Me & He -16
Me & He - 17
Me & He-18
Me & He -19
Me & He - 20
Me & He - 21
Me & He - 22
Me & He - 23
Me & He - 24 ( Final )
Fic Symbiosis & Author's Note

Me & He -7

1.1K 196 62
De Ora_Belle35

အရင်တုန်းကဆိုရင် မှန်ရှေ့မှာ 5 မိနစ်တောင်ရပ်ပြီး မကြည့်ဘူးတဲ့ ကျတော် က ဒီနေ့ကျမှ
ဟိုဆော့  ဆီ က ယူထားတဲ့ ဘောင်းဘီနဲ့ အပေါ်ကုတ်ဆွယ်တာတို့ကို ၀တ်ထားရင်း  မှန်ကြည့်လိုက် ပြင်၀င်လိုက်လုပ်နေသည်မှာ နာရီ၀က်လောက်တောင်ရှိတော့မည်

အကြောင်းအရင်း မရှိပဲ ထိုအ၀တ်အစားများကို၀တ်ထားရင်း မှန်ကြည့်နေရ တာကိုပင်အလိုလို‌ နေရင်း သဘောကျလာ၏

ဒါမှမဟုတ် ကျောင်းရောက်ရင် လုပ်မယ့် အစီစဉ်
အတွက် ကျေနပ်ပြီး ပျော်နေတာများလား....

ထိုအကြောင်းကို တွေးလိုက်တော့ အပြုံးတစ်ပွင့်
က ကျတော့် မျက်နှာပေါ်မှာအဆင့်သင့်နေရာယူပြီးသား......ဒါပေါ့ ဒီကစားပွဲမှာ ကျတော် အနိုင်ရမယ်ဆိုတာ သိနေတယ်လေ

ဒီလောက်ထိ လိုလို့လားလို့ မေးချင်မေးကြလိမ့်မယ်
ဒါပေမယ့်......ဂျောင်ဟိုဆော့  တခြားလူ လက်ထဲ
မရောက်ဖို့ဆိုရင်တော့ လိုအပ်သည်ဖြစ်စေ
မလိုအပ်သည်ဖြစ်စေ ကျတော် က ၀င်ပါနေရမှာ
မလို့

ကျတော် သတိမထားမိလိုက်ခင်မှာပဲ ဒုတိယအကြိမ်ထပ်ပြုံးမိလိုက်ပြန်တာကို မှန်ထဲကတစ်ဆင့် မြင်လိုက်ရ၏

ဟိုဆော့ကို ကျတော် မချစ်ဘူး......ဒါပေမယ့်
သူ က ကျတော် တစ်ယောက်တည်း အတွက်ပဲ
ရှိနေရမယ်

                                -------

ဒီနေ့ ထယ်ယောင်း က အနည်းငယ်တော့ ထူးဆန်းနေသလို ရှိသောကြောင့် ကျတော်ပင် လန့်ချင်သလိုဖြစ်လာသည်

အကြောင်းမှာ တစ်ခါမှ သူများအတန်းကို သွား
မလည်ဘူးသော ထယ်ယောင်းသည် ယနေ့ အတန်းနားချိန်၌ ဂျောင်ကုတို့ မေဂျာဘက်သွားမည်ဟုဆို၍ ကျတော့်ကို ဇွတ်လိုက်ခိုင်းနေခြင်းကြောင့်သာ

"အံမယ် မိုးတွေရွာရုံတင်မကဘူး မိုးကြိုးတွေလည်းပစ်ချနေအုံးမယ်
တစ်ခါမှ ငါတို့ မေဂျာရဲ့ အရိပ်တောင် မနင်းဖူးတဲ့
ကောင်တွေ က ဒီနေ့မှ ဘာစိတ်ကူးပေါက်ပြီး
လာလည်နေရတာလဲလို့လေ အထူးသဖြင့်
ကင်ထယ်ယောင်း ပေါ့"

"ဟက်!! ငါ က အလကားနေရင်းလာပါ့မလား
ကိစ္စရှိလို့လာတာ"

"ငါ ကတော့ သူ ခေါ်လို့လိုက်လာတာ"

"အေး....ကောင်းပါ့ကွာ"

"ဟိုဆော့..... ငါ့ကို အချိုရည်တစ်ဗူးလောက် သွား၀ယ်ပေးပါလား"

"ဟင်.... အခုလား"

"အေး ဟုတ်တယ်လေ"

"ငါက မုန့်ဆိုင်ပြန်သွားနေရအုံးမှာလား အလာ
ကတည်း က တစ်ခါတည်း၀င်ဝယ်လိုက်ရင် ပြီးနေပြီဟာကို"

"လုပ်ပါကွာ.... မင်းကလည်း"

"အေးဟာ ၀ယ်ပေးမယ် ဟုတ်ပြီလား"

"ဟိုဆော့.....မုန့်ဆိုင်မှာ ဂျီမင်း ကိုတွေ့ရင် တစ်ခါတည်းခေါ်ခဲ့ပါလား
သူ မုန့်၀ယ်သွားတာ အခုထိပြန်မလာသေးလို့
ငါမျှော်နေရတာ သစ်ကုလားအုတ်ဖြစ်တော့မယ်"

"အေးပါကွာ တွေ့ရင် ပြန်ခေါ်ခဲ့မယ်"

"အေးအေး ကျေးဇူးပါကွာ"

ဟိုဆော့ လည်းထွက်သွားတော့ ထယ်ယောင်း  က ဘေးဘီကို တစ်ချက်ကြည့်လိုက်ရင်း-

"ထယ်ယောင်း မင်း ငါ့ကို တစ်ခုခုပြောစရာရှိလို့လားအဲ့တာကြောင့် ဟိုဆော့ကို ပထုတ်လိုက်တာမလား"

"ဂျီဆူရီ အခန်းက ဘယ်အခန်းလဲ"

"သူက တန်းခွဲ B က"

"အော်.... အဲ့တာဆို မင်းတို့အတန်းရဲ့ နောက်တစ်ခန်းပေါ့"

"အေး ဟုတ်တယ် .....ဒါနဲ့ နေပါအုံး သူ့အကြောင်းလာမေးနေတယ်ဆိုတော့ တစ်ခုခုဖြစ်သွားခဲ့လို့လား"

"ဆိုပါတော့.....ဟိုတစ်နေ့ကထပ်ဖြစ်သွားတာ"

"ဘယ်လို.... ပြောစမ်းပါအုံး"

"ငါတို့ Basketball လေ့ကျင့်တဲ့ကွင်းတဲအထိရောက်လာတာ.....အချိုရည်ဘူး လာပေးသွားတာ
Hoodie အပွကြီး နဲ့ Mask နဲ့ဆိုတော့ ငါလည်း သေချာမမြင်ရဘူး
ဒါတောင် ကစားနေရင်းကနေ မြင်လိုက်တာဆိုတော့ သတိလျော့သွားလို့  အသင်းသား‌တွေ ရဲ့ အပြောခံလိုက်ရသေးတယ်"

"ဒါဆို  အဲ့တာ ဂျီဆူရီ ဆိုတာ တကယ်သေချာနေတာလား...."

"မိန်းကလေးဆိုတာတော့ သေချာတယ်
သူ ဟုတ် မဟုတ်ဆိုတာဝော့ာ ငါမသိဘူး"

"ငါလည်း အဲ့တာ သူ့အသံဆိုတာသေချာတယ်ကွာငါ့တုန်းက သူကစကားပြောသွားသေးတယ်လေ"

"အေး..... ငါ စဉ်းစားနေတယ်"

"ဒါပေမယ့် နေပါအုံး...သူ ဟုတ်တယ်ဆိုရင်
တောင် ဘာဖြစ်လို့လဲ
ကာယကံရှင် ဖြစ်နေတဲ့ ဟိုဆော့ ဆိုရင် တစ်စက်
လေးမှကို စိတ်မ၀င်စားတာ.... မင်း က ဘာဖြစ်လို့ ဒီလောက်တောင်...."

"မင်း မသိပါဘူး အဲ့တာ ငါ့အတွက်အရေးကြီးလို့ပါ"

ထယ်‌ယောင်း ကျတော့်ကို တစ်ခုခုလျှို့ဝှက်ထားတယ်ဆိုတာတော့ သေချာပါသည်
အမှန်တိုင်းပြောရရင် သူဘာဖြစ်နေလဲဆိုတာ လိမ်လို့မရတဲ့ သူ့ကိုယ်စောင့်နတ်ပဲ သိပါလိမ့်မည်

ကျတော့်ကို လည်းသိပ်ပြောပြချင်ပုံမရသဖြင့်
ကျတော်လည်း ထယ်ယောင်းကို ဆက်မမေးတော့ပါ

"အေး....အဲ့တာဆိုလည်း ပြီးတာပဲ"

ထိုစဉ် တန်းခွဲ B မှ ထွက်လာသော ဂျီဆူရီ
သေချာဝာာပေါ့.....အဲ့တာသူပဲ မနှစ်က ကျတော့်
ကို ရည်းစားစကားလာပြောခဲ့တဲ့ ကောင်မလေး

"ဟာ....ထယ်ယောင်း... အဲ့တာ ဆူရီမဟုတ်လား"

"အေး...ဟုတ်တယ် မင်းကော ဘယ်လိုထင်လဲ"

ရုတ်တရက် ဆူရီ က ကျတော့်ကို လှမ်းမြင်သွားသောကြောင့် အနည်းငယ် ရှက်သွားသည့်ဟန်
ဖြစ်နေလေသည်

ဘာလဲ... တစ်ချိန်က ကိုယ် ရည်းစားစကားသွားပြောလိုက်တဲ့ လူကို အခုလို မျက်စိရှေ့မှာ ပြန်တွေ့လိုက်ရလို့ အရမ်းကို အံ့ဩသွားတာများလား

ထိုအချိန် သူ့ဘေးနားကို ကောင်မလေး သုံးယောက်လောက်ရောက်လာပြီး ကျ‌တော့် ဘက်ကိုကြည့်လိုက် တစ်ခုခုပြောပြလိုက်လုပ်နေကာ ရီနေ၏

"ဘာလဲဟ!!"

"ထယ်ယောင်း.....ရော့ မင်းမှာထားတဲ့ အချိုရည်"

"ဟက်!!! ဒါအချိန်ကောင်းပဲ"

အချိုရည်၀ယ်ပြီးပြန်လာတဲ့ ဟိုဆော့ ကို
ကျတော် ပခုံးကနေဖက်လိုက်ရင်း-

"ဟိုဆော့..... ဒီမှာကြည့် မင်းဆီကယူထားတဲ့
ဒီဘောင်းဘီ နဲ့ ဆွယ်တာ က ငါနဲ့ အရမ်းလိုက်တယ်မလား"

ကျတော့်ရဲ့ လက်ရှိအခြေအနေနှင့်မကိုက်ညီပဲ ရုတ်တရက်ဆန်လှသည့် အမေးကြောင့် ဟိုဆော့ ကတော့ ကြောင်တောင်တောင်ဖြစ်သွားသော်လည်း

"အမ်....အော်....အေး လိုက်ပါတယ် ဘာဖြစ်လို့လဲ"

ကျတော့်စိတ်ထင်တော့ ဆူရီတစ်ယောက်
ကျတော် ပြောတာတွေကြားလောက်ပြီး ‌ဒေါသတွေထွက်သွားလောက်ပြီ
သူ က ဟိုဆော့ အတွက် လက်ဆောင်တွေ၀ယ်ပေးတယ်ဆိုပေမယ့်လည်း အခု အဲ့ဒီပစ္စည်းအချို့က ကျတော်ကိုယ်ပေါ်မှာဆိုတာတွေ့လိုက်
ရတော့
ဟားးး ...... ငါနိုင်တယ် ဂျီဆူရီ

သို့သော် ကျတော့် အတွေး နဲ့ လက်တွေ့ က တခြားစီ

ဂျီဆူရီကို လှည့်ကြည့်လိုက်တော့ သူကရီပြီး ပျော်‌နေပုံ ပေါက်နေတဲ့ အပြင် သူ့သူငယ်ချင်း‌တွေ ကလဲ ခုနကထက်ဝောာင် သူ့ကို ဝိုင်းနောက်နေကြသည်
ကျတော့်တို့ဘက်ကို ခဏခဏ လက်ညှိုးထိုးပြီး
စကားတွေ ရီမောကာလည်း ပြောနေကြ၏

ရုတ်တရက် ဆူရီက ကျတော့်တို့ ဘက်ကိုကြည့်ပြီး ပြုံးပြနေသောကြောင့် ဟိုဆော့ကို ကြည့်နေတာပဲဖြစ်ရမည်ဟု ကျတော်တွေးလိုက်သည်

သို့သော် ဟိုဆော့ က သူ့ဘက်ကိုတောင် လှည့်
မကြည့်အား.... ဂျီမင်း နဲ့စကားပြောလိုက်
ဂျောင်ကုကို ရိုက်လိုက်နှင့် အလုပ်ရှုပ်နေလေ၏

ဒါဆို.... သူပြုံးပြနေတာက....
ထပ်သေချာစေရန်အလို့ငှာ ဂျီဆူရီ ကိုပြန်ကြည့်မိတော့ သူက ကျတော့်ကို စိုက်ကြည့်ပြီး ပြုံးနေသည်
သူ့ ပုံစံ က မျက်လုံးထဲမှာလည်း အပျော်တွေ
စုနေတဲ့ပုံ

What....the hell....!!!

"တောက်!!!!!"

ကျတော့် အသံမှာ အလွန်ပင်ကျယ်သွားသည်တူ၏
စကားပြောနေကြတဲ့ ဟိုဆော့ ဂျီမင်း နှင့်
ဂျောင်ကု တို့ကပါ ကျတော့်ကို ကြောင်အန်းအန်းဖြင့် ကြည့်နေကြသည်

"ရုတ်တရက်ကြီး.... ဘာ ထဖြစ်တာလဲ
ထယ်ယောင်း"

ကျ‌တော်လည်း ခုနကအဖြစ်အပျက်ကို စဉ်းစားရင်း ဒေါသအနည်းငယ်ရလာပြီဖြစ်၍ ဟိုဆော့ လက်ကို အကြမ်းပတမ်းဆောင့်ဆွဲလိုက်ကာ

"လာ ပြန်မယ် ဟိုဆော့"

"ဟင်...."

ဟိုဆော့ ကတော့ ထယ်ယောင်းနောက်ကို လိမ်ဖယ်လိမ်ဖယ်နှင့်ပါသွားလေသည်

ဂျောင်ကု က အခြေအနေကို နားလည်သလိုရှိပေမယ့် ဂျီမင်းကတော့ အံဩစွာနှင့်-

"ထယ်ယောင်း ဘာဖြစ်သွားတာလဲဟင်
ခုနကတောင် အကောင်းကြီးရှိနေသေးတာကို"

"မသိပါဘူး.... သူ တစ်ခုခုဖြစ်သွားလို့ ရှိမှာပေ့ါ"

"အော်....သူ့ကို ကြည့်ပြီး လန့်တောင်လန့်တယ်"

"ဘာမှမဖြစ်လောက်ပါဘူး....စိတ်ထဲထားမနေပါနဲ့"

ဂျီမင်း ထယ်ယောင်းအား သံသယမ၀င်‌
စေရန် အလို့ငှာ ကျတော်  အပြုံးတစ်ခု နှင့် နှစ်သိမ့်လိုက်ရ၏

သို့သော် ထယ်ယောင်း က စိတ်ဆက် တဲ့ သူ ဖြစ်သည့်အတွက် အဆင်မသင့်တဲ့အခါကြရင် တစ်ခုခုဆိုးဆိုးရွားရွားဖြစ်တော့မည်
ဆိုတာကိုတော့ ကျတော် မြင်ယောင်နေမိပါသည်

ထိုအခါ ကြားထဲက အပြစ်မရှိတဲ့ ဟိုဆော့ က
ထယ်ယောင်း ဒေါသရဲ့ ဓားစာခံဖြစ် ရင် ဒုက္ခပါပဲ ဟု တွေးရင်းနှင့်သာ ရင်လေးနေမိတော့၏

Beautifully Illustrated : Me & He

"ထယ်ယောင်း..... လွှတ်အုံး ဟ ငါ့ လက် အရမ်းနာနေပြီ "

ကျတော် ဖြစ်‌စေချင်သလို ဖြစ်မသွားသည့်အတွက် ‌‌ဒေါသ က ငယ်ထိပ်ရောက်နေ
လေပြီ
ဝုန်းဝုန်း ဒိုင်းဒိုင်းနဲ့ ပေါက်ကွဲပစ်လိုက်ချင်သည်
ဆိုသော်ငြား ကျောင်း၀င်းအတွင်း၌ဖြစ်နေ၍
ဒေါသတွေစုပုံလိုက်ရင်း ဟိုဆော့ လက်ကို အားပါပါနှင့် အရမ်းတင်းကြပ်စွာဆုပ်ကိုင်လိုက်တာကို  သတိမရမိချေ
ဟိုဆော့ပြောမှ ကျတော် အသိ၀င်လာတော့
လက်ကို ချက်ချင်းဖြုတ်ချလိုက်ရင်း

"အား.... နာလိုက်တာ ထယ်ယောင်းရာ... ဒီမှာကြည့်အုံး မင်းရဲ့လက်ရာကြီးကဒီအတိုင်းကျန်နေခဲ့တာ.....ပြီး‌တော့ ဟာ.... ငါ့အသားပြဲသွားတာပါ့ကော မင်း လက်သည်း နဲ့ ကုတ်ဆွဲမိသွားတာမလား"

"ငါ... အရမ်းဒေါသဖြစ်နေလို့ မရည်ရွယ်ပဲ လုပ်မိသွားတာပါ"

"ဟမ်.... ဘာဖြစ်လို့ ‌‌ဒေါသထွက်ရတာလဲ မင်းကိုဘယ်သူ က ဘာလုပ်လို့လဲ"

"ငါ...ငါ ကျောင်းဆေးခန်းကနေ မင်းလိမ်းဖို့ ဆေးယူခဲ့မယ် ခဏလေးစောင့်နေနော်"

"ဟင်....... ထယ်ယောင်း နေအုံးလေ ငါမေးတာလဲဖြေမသွားဘူး ဒီကောင်ဘာဖြစ်သွားတာလဲ"

ကျောင်းဆင်းတော့ ကစားကွင်းတစ်ခုကို သွားချင်၍ အဖော်လိုက်ပေးပါဟု အရှင်မင်းသား ကပြောသောကြောင့် ကျတော့်မှာ Club သွားတာထက်စာရင် အနည်းငယ်တော်ပါသေးသည်ဟု ဖြေသိမ့်ရင်း သူ့နောက်လိုက်ခဲ့ရလေသည်

ကစားကွင်းရောက်တော့ ထယ်ယောင်း က
ဒန်းစီးနေလေသည်
ကျတော်ကတော့ ကစားကွင်းထဲ ဟိုလျှောက်ဒီလျှောက်ပေါ့
ကျောင်းဆင်းတာ တစ်နာရီကြာသွားပြီဖြစ်၍
ကစားကွင်းထဲမှာတော့ ကလေးတွေမရှိကြ
တော့ပေ

နောက်တော့ အော်သံတွေနဲ့အတူ ဝုန်းဝုန်းဒိုင်းဒိုင်း
အသံတွေပါကြားလာရသောကြောင့် လျှောစီးမယ်ကြံနေတဲ့ ကျတော့်မှာ ထယ်ယောင်း ရှိရာဆီ အပြေးအလွှား သွားလိုက်ရသည်

"အဲ့တာ ဘာလဲ!!! ဘာသောက်ချိုးလဲလို့....မင်း ဖြစ်စေချင်တာ အဲ့ဒီလို မဟုတ်ဘူးမလား...!! ဟမ်!!!
မင်း စိတ်တိုသွားရမှာလေ.... မင်း ဟိုဆော့ ကို
စိတ်ပျက်သွားရမှာလေ.... ဘာလို့ ပြုံးပြနေရ
တာလဲ
အားးး.......စိတ်တိုလိုက်တာကွာ.... ဒီကစားပွဲမှာ
မင်း ပဲ ရှုံးရမှာလေ..... ဘယ်သူပဲ ဖြစ်ဖြစ်
သူ့ကို ငါ့ဆီကနေ ခေါ်သွားလို့ မရဘူး နားလည်လား!! မင်း အဲ့တာ နားလည်လား! သူ ကငါ့အပိုင်.... ငါငြင်းဆန်နေရင်တောင် သူ က ငါ့ တစ်ယောက်တည်း အတွက်ပဲ ဖြစ်နေရမယ်"

ထယ်ယောင်း ဘာတွေပြောနေတာလဲဆိုတာ
ကျတော် မကြားလိုက်ပါ....  ကျတော် သူ့လုပ်ရပ်ကိုကြည့်ပြီး အံ့ဩနေခြင်းကြောင့်ဖြစ်၏

တုတ်တစ်ချောင်းကို လက်၌ ကျစ်ကျစ်ပါအောင် ကိုင်ထားကာ သစ်ပင်ကို အဆက်မပြတ်ရိုက်နေခြင်း....
မသိရင် အပြစ်မဲ့တဲ့ သစ်ပင်အား အငြိုးအတေး
ရှိလို့ ရိုက်နေသလားတောင် အောက်မေ့ရသည်
အမှန်တိုင်းပြောရရင် သူ့အနားနေခဲ့တဲ့ နှစ် 20 လုံး နီးပါး သူ ဒီလောက်ထိ ဒေါသဖြစ်နေတာ ကျတော် တစ်ခါမှ မမြင်ဖူးပါ

ကျတော် စိုးရိမ်တကြီးနှင့် ထယ်ယောင်း အနားကို
ခပ်မြန်မြန်သွားလိုက်ရင်း-

"ထယ်ယောင်း......"

ရုတ်တရက် သူ အာရုံက ကျတော့်ဆီ ရောက်လာတော့ သူ သတိမထားမိလိုက်ခင် သူ့လက်ထဲက တုတ်ကို အမြန်ဆွဲယူလိုက်ကာ ကျတော် အဝေးကို လွှင့်ပစ်လိုက်လေသည်

"ဟိုဆော့ မင်း.....ဒါ ဘာလုပ်....အု..."

ဒီအချိန်မှာ ကျတော် ထယ်ယောင်းကို စကား‌ပြောခွင့်မပေးတော့ပါ
ထို့ကြောင့် သူ့ နှုတ်ခမ်းပါး ပေါ်ကို ကျတော်နှုတ်ခမ်းသား တစ်စုံဖြင့် ခဏတာ ထပ်တူကျစေကာ ဆိုင်းငံ့စေလိုက်သည်

ထယ်ယောင်း....ဒီ အနမ်းတွေက ရမ္မက်မပါဘူး
ဆိုတာတော့ ယုံကြည်ပေးပါ
ငါ ဒီလိုမျိုး ရုတ်တရက်ကြီး နမ်းလိုက်တော့
မင်း အရမ်းအံ့ဩသွားမယ်ဆိုတာကို ငါသိပါတယ်
ဒါကြောင့် မင်း အခု ဘယ်လိုပုံစံဖြစ်နေမလဲ
ဆိုတာကို ငါမသိချင်ဘူး.....ဒါ့ကြောင့် ငါ့ကို မျက်စိမှိတ်ထားခွင့်ပေးပါ

ခဏလေးပါ... တစ်က္ကန့်စာခဏလေးပါပဲ...
ထယ်ယောင်းရယ်
မင်း မှာ လောလောဆယ် ရှိနေတဲ့ အခက်အခဲတွေ မင်းအခု ဖြစ်နေတဲ့ ဒေါသတွေက ဘယ်သူကြောင့်လဲ ဘယ်ကနေစပြီး အရင်းတည်တာလဲ လို့ မမေးခင်
ငါ မင်း ကို အရင် နှစ်သိမ့်ပေးချင်လို့ပါ......

ကျတော့် ဘက်မှ စတင်လိုက်တဲ့ အနမ်းများကို
ကျတော် ကပဲ ပြန်ရုတ်သိမ်းလိုက်တော့....
ထယ်ယောင်း က ကျတော် ထင်ထားသလို
မျက်လုံးအပြူးသားဖြစ်နေပြီး ကျတော့်ကိုလည်း
ပြူးကြောင်ကြောင် ကြည့်နေလေသည်

"ငါ့ကို ဘာကြောင်ကြည့်နေဝာာလဲ ထယ်ယောင်း
မမြင်ဖူးလို့လား"

"မင်း....မင်း ခုနက ငါ့ကို နမ်းလိုက်တာလား"

"အင်းလေ.... မင်း အခု ‌ဒေါသထွက်တာတွေ မရှိတော့ဘူးမလား
ခုနက မင်းဒေါသ တွေကို ငါအကုန် စုပ်ယူသွားလိုက်သွားပြီမလို့လေ"

"ဟင်...."

"ငါတို့ ပြန်ရအောင် ထယ်ယောင်း....ဒီနေ့ အိမ်ပြန်အရမ်းနောက်ကျရင် ငါတို့ အမေတွေ စိတ်ပူနေ
လိမ့်မယ်"

"ဟိုဆော့..."

"ထယ်ယောင်း မင်း ဘယ်ကိစ္စကြောင့် ‌ဒေါသဖြစ်ရတာလဲလို့ ငါမမေးတော့ဘူး
မင်းကိုပြန်ပြီး စိတ်မညစ်စေချင်တော့လို့
ပြီးတော့.... ခုနက ကိစ္စကိုလည်း...."

"စိတ်ချပါ.... မင်းပြောချင်တာကို ငါ နားလည်ပါတယ် အဲ့တာကြောင့် ခုနက ကိစ္စကို ဘာမှမဖြစ်ခဲ့သလို သဘောထားပြီး ငါ မေ့လိုက်ပါ့မယ်
ဒါဆို ငါ သွားနှင့်ပြီ....."

ကျတော့်အပြောကို မစောင့်ပဲ ထယ်ယောင်း က အကုန်လုံးကို သူ့သဘောအတိုင်း တစ်ဖက်ပိတ်ပြောသွားခဲ့တာလား

" ဟားး မေ့လိုက်ပါ့မယ်....ဟုတ်လား
ငါ မင်းကိုတောင်းဆိုလို့လား...ဟမ်!! ခုနက ကိစ္စကို ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်ပေးပါလို့ ငါတောင်းဆိုနေလို့လား အရူးကောင်ရဲ့...!!!
တကယ်တော့ ငါပြောချင်နေခဲ့တာက ခုနက ကိစ္စက ငါ့ဘက်ကအရင်စခဲ့တာကြောင့် နားလည်ပေးပါ လို့ ပြောမလို့လေ
မင်း ပြောချင်ရာတွေပဲဇွတ်ပြောသွားပြီး
ဘာဖြစ်လို့ ငါ့ ခံစားချက်ကို နည်းနည်းလေးမှတောင် မမေးခဲ့တာလဲ....."

"ကင်ထယ်ယောင်း.....အသုံးမကျတဲ့ကောင်!!!
သူများ ခံစားချက်ကို နည်းနည်းလေးမှ နားလည်
မပေးတဲ့ကောင်!!!
နှလုံးသားမရှိတဲ့ အရိုင်းအစိုင်းကောင်!!!
အရိပ်ပြရင်တောင် အကောင်မြင်မှာမဟုတဲ့
ငတုံးကောင်!!!!
ဟူးး အဲ့ဒီလို အရူးကောင်ကို ငါချစ်မိနေတာ
ပါ့လား....."

ထိုနေ့က ကျတော် နှင့် ထယ်ယောင်း အိမ်အတူတူ
မပြန်ဖြစ်ခဲ့ကြပါ
ထယ်ယောင်း ထွက်သွားပြီး နောက်ထပ်နာရီ၀က်လောက်နေမှ ကျတော် လည်း အိမ်ပြန်ဖြစ်ခဲ့၏

ဇာတ်လမ်းကငြိမ်နေလို့ဖတ်ရတာမပျင်းသွားပါနဲ့အုံးလို့😢
အနည်းဆုံးနောက် နှစ်ပိုင်းလောက်ပါပဲ
အဲ့တာပြီးရင် ပိုးစိုးပက်စက်ရနိုင်သလောက် ကြမ်းပေးပါ့မယ်နော်🤧
ကြမ်းတယ်ဆိုတာ ဇာတ်လမ်းကိုပြောတာပါနော်
ဟိုတွေးဒီတွေးလျှောက်ပြီး တွေးမနေကြပါနဲ့အုံးလို့🌚







မလို့


ရှိနေရမယ်

                                -------



ကင်ထယ်ယောင်း ပေါ့"

ကိစ္စရှိလို့လာတာ"


"အေး....ကောင်းပါ့ကွာ"


"ဟင်.... အခုလား"

"အေး ဟုတ်တယ်လေ"


"လုပ်ပါကွာ.... မင်းကလည်း"




"အေးအေး ကျေးဇူးပါကွာ"




"သူက တန်းခွဲ B က"









"အေး..... ငါ စဉ်းစားနေတယ်"

တောင် ဘာဖြစ်လို့လဲ








ဖြစ်နေလေသည်



"ဘာလဲဟ!!"


"ဟက်!!! ဒါအချိန်ကောင်းပဲ"





ရတော့





ဒါဆို.... သူပြုံးပြနေတာက....
စုနေတဲ့ပုံ

What....the hell....!!!

"တောက်!!!!!"


ထယ်ယောင်း"


"လာ ပြန်မယ် ဟိုဆော့"

"ဟင်...."




"မသိပါဘူး.... သူ တစ်ခုခုဖြစ်သွားလို့ ရှိမှာပေါ့"








လေပြီ







ဒန်းစီးနေလေသည်
တော့ပေ


တာလဲ




"ထယ်ယောင်း......"





ထယ်ယောင်းရယ်


မမြင်ဖူးလို့လား"



"ဟင်...."

လိမ့်မယ်"

"ဟိုဆော့..."


ဒါဆို ငါ သွားနှင့်ပြီ....."



မပေးတဲ့ကောင်!!!
ငတုံးကောင်!!!!
ပါ့လား....."

မပြန်ဖြစ်ခဲ့ကြပါ


Continue lendo

Você também vai gostar

11.3K 1.2K 3
ညနေခင်းလေးတွေတိုင်းမှာ မင်းကိုကိုယ်ချစ်ပါ့မယ် #KOOKMIN #Omegaverse ( Unicode+Zawgyi )
34.1K 3.6K 18
ချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ကောင်လေးရယ် ချစ်နေပေမယ့် ဖွင့်မပြောဖြစ်တဲ့သူရယ် အချစ်ဆိုတာ တကယ်မရှိဘူးလို့ လက်ကိုင်ထားတဲ့ကောင်လေးရယ် ကိုယ်ရယ် မင်းရယ် သူ...
89K 10.5K 44
မချစ်သင့်သော (သူ ) အား မှားယွင်းစွာ ချစ်မိခဲ့တဲ့နောက် ... Jeon jungkook ~ Kim seok jin ~ Park Jimin ~ Kim Tae Hyung ~ Min Yoongi Start Date - 13.11...
676K 33.4K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...