Daechwita : Unexpectedly Fall...

By Jinsoohyuk_0127

148K 15.2K 2K

⚠ This one is bottom kook ဤဇာတ်လမ်းတွင်ပါဝင်သော အချိန်ကာလ၊ ဇာတ်လမ်းဇာတ်ကွက်များနှင့် အဖြစ်အပျက်များသည် စာရေးသ... More

Introduction
CHAPTER - 1 (Unicode)
CHAPTER - 1 (Zawgyi)
CHAPTER- 2 (Unicode)
CHAPTER - 2 (Zawgyi)
CHAPTER - 3 (Unicode)
CHAPTER - 3 (Zawgyi)
CHAPTER - 4 (Unicode)
CHAPTER - 4 (Zawgyi)
CHAPTER - 5 (Unicode)
CHAPTER - 5 (Zawgyi)
CHAPTER - 6 (Unicode + Zawgyi)
CHAPTER - 7 (Unicode+ Zawgyi)
CHAPTER - 8 (Unicode)
CHAPTER - 8 (Zawgyi)
CHAPTER - 9 (Unicode)
CHAPTER - 9 (Zawgyi)
CHAPTER - 10 (Unicode)
CHAPTER - 10 (Zawgyi)
CHAPTER - 11 (Unicode+Zawgyi)
CHAPTER - 12 (Unicode+ Zawgyi)
CHAPTER - 13 (Unicode+ Zawgyi)
CHAPTER - 14 (Unicode + Zawgyi)
CHAPTER - 15 (Unicode+ Zawgyi)
CHAPTER - 16 (Unicode + Zawgyi)
CHAPTER - 17 (Unicode + Zawgyi)
CHAPTER - 18 (Unicode)
CHAPTER - 18 (Zawgyi)
CHAPTER - 19 (Unicode)
CHAPTER - 19 (Zawgyi)
CHAPTER - 20 (Unicode+ Zawgyi)
CHAPTER - 21 (Unicode + Zawgyi)
CHAPTER - 22 (Unicode)
CHAPTER - 22 (Zawgyi)
CHAPTER - 23 (Unicode)
CHAPTER - 23 (Zawgyi)
CHAPTER - 24 (Zawgyi)
CHAPTER - 25 (Unicode)
CHAPTER - 25 (Zawgyi)
CHAPTER - 26 (Unicode + Zawgyi)
CHAPTER - 27 (Unicode+ Zawgyi)
CHAPTER - 28 (Unicode)
CHAPTER - 28 (Zawgyi)
CHAPTER - 29 (Unicode)
CHAPTER - 29 (Zawgyi)
CHAPTER - 30 (Unicode + Zawgyi)
CHAPTER - 31 (Unicode + Zawgyi)
CHAPTER - 32 (FINALE)

CHAPTER - 24 (Unicode)

2K 270 82
By Jinsoohyuk_0127

CHAPTER - 24

ကျား...!!! ယား...!!

ယောက်ျားသားတို့၏ မာန်ပါပါအော်ဟစ်သံ၊ သစ်သားဓား အချင်းချင်း ထိတိုက်သံတို့က အုပ်ချုပ်ရေးရုံးဝင်းထဲမှာ ဆူညံစွာထွက်ပေါ်နေသည်။ ညနေခင်းအချိန်ဖြစ်၍ ဟန်ဆောင်းနှင့်ရွာသားများ၏ ကိုယ်ခံပညာသင်တန်းလေး ပြုလုပ်နေကြသည်။ သင်တန်းသားအားလုံး   အားကြိုးမာန်တက် သင်ယူနေကြသဖြင့် ဟန်ဆောင်းလည်း အားတက်မိသည်။

သင်တန်းတွင် တစ်ဦးတည်းသော အမျိုးသမီးအဖြစ် လက်ရဲဇက်ရဲအစ်မတော်ကြီး ဟန်ဆွန်းယောင်းက ပါဝင်သင်ကြားလျှက်ရှိသည်။ အကြောင်းပြချက်ကတော့ ဟိုဆော့ကို စောင့်ရှောက်ရန်ပင်။ ဂျွန်းဂျယ်ကတော့ ဟန်ဆွန်းယောင်းသင်သဖြင့် သူပါလိုက်သင်နေသည်။ ဟိုဆော့က လည်း ထို့နည်းတူစွာပင်။

ထူးထူးခြားခြားအနေဖြင့် ယွန်းဂျွန်းတို့ ညီအစ်ကိုငါးယောက်စလုံး ဟန်ဆောင်းဆီမှာ ကိုယ်ခံပညာလာသင်နေကြသည်။ ညနေခင်း ရွာရိုးကိုးပေါက်လျှောက်သွားတတ်သော ညီအစ်ကိုငါးယောက်စလုံးကို မိခင်ဖြစ်သူက ဟန်ဆောင်းဆီလွှတ်ကာ ကိုယ်ခံပညာသင်ခိုင်းခြင်းပါပေ။

ဟန်ဆောင်း၏ နောက်ထပ်သင်တန်းသားကတော့ Jungkookကိုယ်တိုင်ပါပေ။ သူ့ချစ်လင်၏ ပထမဆုံးသင်တန်းသားဖြစ်စေရန် ကြိုတင်ကာနှစ်ကိုယ်ကြား စာရင်းပေးခဲ့ခြင်းဖြစ်သည်။ ဓားရေးလေ့ကျင့်ချိန်တွင်လည်း နှစ်ယောက်သား ယှဥ်ပြိုင်ကာဓားရေးကျင့်နေကြသည်။ ကျွမ်းကျင်သော ဟန်ဆောင်းကို Jungkookတစ်ခါမှ မနိုင်သဖြင့် မထင်ရင်မထင်သလို စိတ်ကောက်တတ်သေးသည်။

" ကိုကိုကလေ ဒီလင်လေးတစ်ယောက်ပဲရှိတာကို နည်းနည်းလေးတောင် အလျှော့မပေးဘူးနော်။ ဓားရေးပြိုင်လိုက်တိုင်း Jungkookလေးပဲ အမြဲရှုံးနေတယ်။ ကိုကိုက Jungkookလေးကို အရမ်းအနိုင်ယူတာပဲ "

မျက်နှာလေး ရှုံ့မဲ့ကာစိတ်ကောက်ပြနေသော Jungkookကြောင့် ဟန်ဆောင်းချော့ရပြန်သည်။ ကိုယ်ခံပညာသင်ပေးရသော တပည့်များထဲတွင် ဒီတပည့်ကအဆိုးဆုံးပါပေ။

" အမလေး Jungookရယ် ကိုကိုက Jungkookလေးကို တကယ်တတ်စေချင်လို့ပါ။ ကိုယ့်ကိုနိုင်အောင် တိုက်နိုင်ရင် Jungookလေးက ဆရာကြီးဖြစ်ပြီလေကွာ။ စိတ်မကောက်သင့်တဲ့နေရာ မကောက်ရဘူးလေနော်။ ယောကျာ်းကို ချစ်တယ်မလား "

" ချစ်တော့ ချစ်တယ်လေ။ ဒါပေမယ့် Jungkookလည်း ကိုကို့ကို တစ်ခါလောက်နိုင်ဖူးချင်တာပေါ့လို့ "

" သြော် Jungkookလေးရယ် ကိုကိုလည်း အကျင့်ပါနေတော့ လျှော့ပြီးတိုက်ခိုက်ဖို့ ဘယ်လွယ်ပါ့မလဲ။ အခြားနေရာတွေမှာ ကိုယ်မင်းကို အလျှော့ပေးတယ်လေကွာ။ အခြား သင်တန်းသားတွေကို အားနာပါဦး "

" အင်းပါ Jungkookလေးလည်း နိုင်ဖူးချင်လို့ပြောတာ။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ပုံမှန်အချိန်တွေဆို ကိုကိုကJungkookလေးကို အများကြီးအလျှော့ပေးထားတာပဲ "

ဟန်ဆောင်းလည်း Jungkookကိုချော့ပြီးသည့်နောက် နှစ်ယောက်တစ်တွဲ ဓားရေးလေ့ကျင့်နေသည့် သင်တန်းသားတွေကို ရပ်ဖို့အော်ပြောလိုက်သည်။

" အားလုံးပဲ နှစ်ယောက်တွဲလေ့ကျင့်တာ ဒီလောက်ဆိုရပါပြီ။ အခု နောက်ထပ်ဓားရေးတစ်ကွက် ထပ်သင်ကြရအောင် "

ဟန်ဆောင်းစကားကြောင့် သင်တန်းသားအားလုံး လေ့ကျင့်တာရပ်လိုက်ကြသော်လည်း ဟန်ဆွန်းယောင်းနှင့်ဂျွန်းဂျယ်ကတော့ သည်းကြီးမဲကြီးဆက်လေ့ကျင့်နေကြသည်။ ဟန်ဆောင်းလည်း အကြောင်းအရင်းကိုမသိသဖြင့် သူတို့နှစ်ယောက်နားသွားကာ အကျိုးအကြောင်းမေးလိုက်သည်။

" ဟန်ဆွန်းယောင်းနဲ့ဂျွန်းဂျယ် လေ့ကျင့်တာဒီလောက်ဆိုတော်ပြီ။ ရပ်လိုက်ကြတော့လေ "

" ဟင့်အင်း စလေ့ကျင့်ကတည်းက အခုထိ အနိုင်အရှုံးမပေါ်သေးဘူး။ အဲဒါကြောင့် အနှိုင်အရှုံးပေါ်တဲ့အထိ ကျွန်မတို့ယှဥ်ပြိုင်တိုက်ခိုက်ကြမယ် "

" ကျွန်တော်လည်း အတူတူပဲဟန်ဆောင်း။ မိန်းကလေးတစ်ယောက်ကိုရှုံးရင် ရှက်စရာကြီး။ မနိုင်နိုင်အောင်ကြိုးစားမယ် "

ဟန်ဆွန်းယောင်းနှင့်ဂျွန်းဂျယ်လည်း ဟန်ဆောင်းစကားကို နားမထောင်ဘဲ ဆက်ပြီးယှဥ်ပြိုင်တိုက်ခိုက်နေကြသည်။ အခြားသူတွေလည်း စိတ်ဝင်တစားနဲ့ ဟန်ဆွန်းယောင်းတို့နား ဝိုင်းအုံလာသည်။ သို့သော် သူတို့နှစ်ယောက်ကတော့ ရပ်တန့်မည့်ပုံမရ။ အချိန်ကြာလာတော့ သူတို့နှစ်ယောက်လုံး ပင်ပန်းနွမ်းနယ်လာကြသည်။ သစ်သားဓားကိုပင် အနိုင်နိုင်ကိုင်နေရပြီဖြစ်သော်လည်း တိုက်ခိုက်တာမရပ်ကြသေးသဖြင့် အားလုံးဝိုင်းတားနေရလေပြီ။

" ဒီလောက်ပြိုင်ရရင် တော်ပါတော့ အစ်မဆွန်းယောင်းတို့ရယ်။ နှစ်ယောက်စလုံး ဒီလောက်ပင်ပန်းနေကြတာကို။ အစ်ကိုဟန်ဆောင်း သူတို့ကိုတားပါဦး "

ဟိုဆော့ကပါ ဝင်ပြောနေသဖြင့် ဟန်ဆွန်းယောင်း အနည်းငယ်တွေဝေသွားသည်။ သို့သော် တိုက်ခိုက်တာမရပ်ကြသေးသဖြင့် ဟန်ဆောင်း ဆရာအာဏာကိုသုံးလိုက်ရသည်။ အနည်းငယ်စိတ်တိုနေသဖြင့် သူ့အသံကပိုကျယ်သွားသည်။

" နှစ်ယောက်လုံး တိုက်ခိုက်တာမရရပ်ရင် ကျွန်တော်ဒီသင်တန်းကိုနားပစ်မှာနော်။ အားကြိုးမာန်တက်နဲ့ သင်ယူနေတဲ့ ရွာသားတွေကို အားမနာရင်ဆက်လုပ်ကြ။ ကျွန်တော်ဘာမှ ထပ်မပြောတော့ဘူး "

ဟန်ဆောင်းစိတ်ဆိုးသွားသဖြင့် ဟန်ဆွန်းယောင်းတို့နှစ်ယောက်လည်း ဆက်မပြိုင်တော့ပဲ ရပ်လိုက်ကြသည်။ ပြိုင်နေစဥ်က ဇောနှင့်မို့မသိသာသော်လည်း ရပ်လိုက်သောအခါတွင်မူ နှစ်ယောက်သားဖတ်ဖတ်မောကာ မြေပြင်ပေါ်ပက်လက်လှန်နေရသည်အထိပင်။ ဟန်ဆောင်းလည်း ရွာသားတွေဘက်လှည့်ကာ ဟန်ဆွန်းယောင်းတို့ကို ဥပမာပေးပြီးဆုံးမနေသည်။

" အားလုံး မြင်ကြတယ်မလား။ စိတ်အားထက်သန်မှုဆိုတာက နေရာတကာမှာ မကောင်းနိုင်ဘူး။ ဘယ်လောက်ပဲ စိတ်အားထက်သန်မှုရှိပစေ ခန္ဓာကိုယ်ရဲ့ခံနိုင်အားကို အလွန်အကျွံအသုံးမချသင့်ဘူး။ အခု သူတို့နှစ်ယောက်ပက်လက်လန်နေကြပြီ။ အခုနေမသိသာပေမယ့် ညအိပ်ရာဝင်ရင် ကိုယ်တွေလက်တွေကိုက်လာလိမ့်မယ်။ အားလုံးပဲ ဒါမျိုးကိုဆင်ခြင်ကြပါ။ ဒီနေ့ သင်တန်းကတော့ ဒီလောက်ပဲ။ အကြောလျှော့ အနားယူပြီးရင် ရုံးကကျွေးတဲ့ညနေစာစားကြတာပေါ့ "

" ဟုတ်ကဲ့ပါ ခေါင်းဆောင် "

ရွာသားတွေလည်း ဟန်ဆောင်းစကားအတိုင်း အကြောလျှော့ရင်း အနားယူနေကြသည်။ ဟန်ဆောင်းကတော့ ပက်လက်လန်နေသည့် ဟန်ဆွန်းယောင်းတို့နှစ်ယောက်နား ပြန်သွားရင်း အခြေအနေကို အကဲခတ်ကြည့်နေသည်။ ဟိုဆော့ကတော့ နှစ်ယောက်လုံးကို တစ်လှည့်စီယပ်ခပ်ပေးရင်း ဗျာများနေသည်။ ဟန်ဆွန်းယောင်းတို့နှစ်ယောက် အနည်းငယ်အမောပြေချိန်တွင် ဟန်ဆောင်းကိုပြန်တောင်းပန်လိုက်ကြသည်။

" ကျွန်တော်တောင်းပန်ပါတယ် ဟန်ဆောင်း။ ခင်ဗျားစကားကို နားမထောင်ဘဲ စိတ်ထင်ရာလုပ်ခဲ့တာ မှားမှန်းသိပါပြီ။ နောက်တစ်ခါ ဆင်ခြင်ပါ့မယ် "

" ကျွန်မလည်း အတူတူပါပဲ ဟန်ဆောင်း။ ဒီနေရာမှာ သင်တန်းဆရာဖြစ်တဲ့ ရှင့်စကားကို နားထောင်ရမယ်ဆိုတာ ကျွန်မတို့မေ့သွားတယ်။ တကယ် အနူးအညွှတ် တောင်းပန်ပါတယ် "

ဟန်ဆောင်းလည်း ခေါင်းတညိမ့်ညိမ့်ဖြင့် တောင်းပန်သမျှကို နားထောင်နေသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချရင်း ဟန်ဆွန်းယောင်းတို့ကို ဖြောင်းဖျစကားဆိုပြန်သည်။

" ကျွန်တော်လည်း မိတ်ဆွေအချင်းချင်းမို့ ကရုဏာဒေါသနဲ့ပြောမိတာပါ။ အလွန်အကျွံအင်အားသုံးတာက ခင်ဗျားတို့ကို ထိခိုက်စေလို့ တားနေရတာ။ ကျွန်တော် ခင်ဗျားတို့ကို စိတ်မဆိုးပါဘူး။ Jungkookလေး လာ အိမ်ပြန်ပြီးရေချိုးကြမယ်။ ပြီးမှ ရုံးကျွေးတာ လာစားကြတာပေါ့ "

ဟန်ဆောင်းလည်း ဂျွန်းဂျယ်နှင့်ဟန်ဆွန်းယောင်းကို ပြောစရာရှိသည်ကိုပြောရင်း Jungkookလက်ကိုဆွဲကာ အိမ်ပြန်လာခဲ့သည်။ Jungkookလည်း ဟိုဆော့တို့ကို နုတ်ဆက်ချိန်မရဘဲ ဟန်ဆောင်းခေါ်သည့်နောက် ယက်ကန်ယက်ကန် ပါသွားလေရဲ့ ။
~~~~~xxxxx~~~~~

ဟန်ယန်းနန်းတော်၏ ညီလာခံခန်းမအတွင်း မင်းကြီးကိုယ်တိုင်ဦးဆောင်ကာ အရေးတကြီး ညီလာခံကျင်းပနေသည်။ နန်းတွင်းသူမင်ဂျီ၏ အကြံပေးချက်အတိုင်း အမတ်များနှင့်ထိပ်တိုက်တွေ့ရန် မင်းကြီးယွန်းဂီ ဆုံးဖြတ်ပြီးဖြစ်သည်။

" ဒီနေ့ ကိုယ်တော်ညီလာခံခေါ်ရတဲ့ အကြောင်းအရင်းကတော့ ဂျိုဆွန်းပြည်ရဲ့ခံတပ်တွေထဲ စစ်သည်တွေတပ်စွဲထားတာမရှိတဲ့ တစ်ခုတည်းသော Daechwitaခံတပ်ကို စစ်သည်တွေစေလွှတ်ဖို့ပဲဖြစ်တယ်။ မငြိမ်းချမ်းတဲ့ကာလတွေတုန်းက ဒီခံတပ်ကြီးဟာ တိုင်းပြည်အတွက်ဘယ်လောက်အကျိုးပြုခဲ့လဲ အားလုံးသိပြီးဖြစ်မှာပါ။ အရင်ကလည်း ကိုယ်တော်ဒီကိစ္စကိုပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် အမတ်မင်းတို့ကန့်ကွက်ခဲ့လို့ အစီအစဉ်ပျက်ခဲ့ရတယ်။ အခု အဲဒီအစီအစဥ်ကို ကိုယ်တော်ပြန်စချင်တယ် "

မင်းကြီးအဆိုပြုချက်ကြောင့် အမတ်တွေကြားထဲ အချင်းချင်းတိုင်ပင်ရင်း ကြွက်စီကြွက်စီအသံတွေ ထွက်လာသည်။ အခြားအမတ်တွေ တွေဝေနေကြသော်လည်း အမတ်ချုပ်ကြီးနှင့်အပေါင်းအပါတို့ကမူ တညီတညွတ်တည်းဝိုင်းကန့်ကွက်ကြသည်။

" မှန်လှပါ လက်ရှိအခြေအနေအရ ကျွန်တော်မျိုးတို့တိုင်းပြည်က တည်ငြိမ်အေးချမ်းနေတဲ့အချိန်မို့ မြို့တော်နဲ့နီးတဲ့ခံတပ်တွေကို စစ်သည်တွေမပို့သင့်သေးပါဘူး။ ပြည်ပကရန်သူတွေလာခဲ့ရင်လည်း နယ်စပ်ကိုအရင်သိမ်းနိုင်မှ Daechwitaခံတပ်ကိုရောက်မှာမို့ နယ်စပ်မှာစစ်ဖြစ်တာသိတာနဲ့ မြို့တော်ကတပ်တွေကို Daechwitaရွာဆီ စေလွှတ်ရင်လည်း အဆင်ပြေပါတယ်။ လောလောဆယ် အဲဒီဘက်ကို စစ်သည်တွေမလွှတ်သင့်သေးပါဘူး "

အမတ်တွေရဲ့လျှောက်တင်စကား​ကြောင့် မင်းကြီးဒေါသတွေ အစပျိုးလာသည်။ အထူးသဖြင့် အမတ်ချုပ်ကြီးနှင့်အပေါင်းအပါတို့၏ မူမမှန်သောလုပ်ရပ်များကို သတိထားမိနေပြီဖြစ်၍ အကြောင်းအရင်းကို သိချင်နေမိသည်။

" အမတ်မင်းတို့ကို မေးပါဦးမယ်။ အမတ်မင်းတို့က ရန်သူဆိုတာ ပြည်ပကပဲလာတယ်များထင်နေကြတာလား။ ပြည်တွင်းမှာ ရန်သူတွေရှိနိုင်တာကိုရော ကြိုမစဥ်းစားမိဘူးလား။ အထူးသဖြင့် တိုင်းပြည်ဆူပူအောင်လုပ်ပြီး ပုန်ကန်မယ့်သူတွေကိုပေါ့ "

နောက်ဆုံးစကားတစ်ခွန်းကိုတော့ မင်းကြီးယွန်းဂီ အမတ်ချုပ်ကြီးမျက်နှာ တည့်တည့်ကြည့်ကာ ပြောလိုက်ခြင်းပါပေ။ အမတ်ချုပ်ကြီးလည်း မင်းကြီးရှေ့မှာမို့ မျက်နှာမပျက်ရဲဘဲ ခပ်တည်တည်နေလိုက်ရသည်။ စိတ်ထဲမှာတော့ ဒေါသအလိပ်လိပ်ထွက်ကာ ညဏ်နီညဏ်နက်တွေထုတ်နေသည်။

" မှန်လှပါ အရှင်မင်းကြီးလက်ထက်မှာ တိုင်းပြည်အေးချမ်းသာယာပြီး ပြည်သူတွေစီးပွားရေး အဆင်ပြေနေကြတာမို့ ပုန်ကန်မှုဖြစ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တွေးပူတော်မမူပါနဲ့ မင်းကြီး "

" သြော် မောင်မင်းတို့က ကိုယ်တော့်ကို လျှောက်တွေးပြီးပူနေတယ်လို့ ပြောချင်တာပေါ့။ ကိုယ်တော်က ကောင်းစေချင်လို့ပြောတဲ့ကိစ္စတိုင်း မောင်မင်းတို့က လိုက်ကန့်ကွက်မယ်ပေါ့။ ဒီတစ်ခါတော့ ငါကိုယ်တော်စိတ်တိုင်းကျစီမံမယ် "

ဒေါသထွက်စပြုနေပြီဖြစ်၍ မင်းကြီးမျက်နှာက တင်းမာနေသည်။ အမတ်တွေဘက်ကို စိန်ခေါ်သောအကြည့်ဖြင့်ကြည့်ရင်း လေသံကမာကျောလာသည်။ သို့သော် အတင့်ရဲလှသော အမတ်ချုပ်ကြီးက လွယ်လွယ်နှင့်အလျှော့မပေးသေးပေ။

" မှန်လှပါ မင်းကြီး။ ရှင်ဘုရင်ဖြစ်တိုင်းလည်း ကိုယ်စိတ်ထင်ရာလုပ်လို့မရပါဘူး။ အမတ်တွေရဲ့ဆန္ဒကို ဆန့်ကျင်ရင် မင်းကြီးရဲ့အာဏာတည်မြဲဖို့ ခက်ခဲပါလိမ့်မယ်။ စဥ်းစားဆင်ခြင်တော်မူပါ မင်းကြီး "

အမတ်ချုပ်ကြီး လျှောက်တင်သောစကားကြောင့် မင်းကြီးဒေါသက အထွဋ်အထိပ်ရောက်သွားသည်။ ပုလ္လင်ရှေ့က စားပွဲကိုလက်ဖြင့်အရှိန်ရှိန်ပြင်းပြင်းရိုက်ရင်း တင်းမာလှသော မျက်နှာထားဖြင့် နောက်ဆုံးစကားကိုပြောလိုက်လေ၏။

" မောင်မင်းတို့အမတ်တွေကို ဆန့်ကျင်တာနဲ့ ကျုပ်အာဏာမတည်မြဲရအောင် ဒီအာဏာက ခင်ဗျားတို့ပေး ထားတာမို့လို့လား။ ရှင်ဘုရင်ရဲ့အာဏာဆိုတာ ပြည်သူတွေဆီကဆင်းသက်လာတာ။ ကျုပ်ပြည်သူကိုကာကွယ်ဖို့ Daechwitaရွာကို စစ်သည်အင်အားတစ်ရာစေလွှတ်မယ်။ ခင်ဗျားတို့မကျေနပ်ရင် လုပ်ချင်ရာလုပ်ကြ။ ကျုပ်ဘက်မှာပြည်သူတွေရှိတာမို့ ခင်ဗျားတို့ကို ဂရုစိုက်နေမှာမဟုတ်ဘူး "

မင်းကြီးလည်း စကားကိုအပြတ်ပြောကာ ညီလာခံခန်းမထဲကနေ ထထွက်သွားသည်။ သို့သော် မင်းကြီး၏အမှားတစ်ခုမှာ အမတ်ချုပ်ကြီးအတွက် ပြောစရာအကွက်ရသွားခြင်းပင်။ သူ့မျက်နှာတွင်လည်း ကောက်ကျစ်သော အပြုံးတစ်ချက်ယှက်သန်းသွားသည်။ အခွင့်အရေးရတုန်း သူ့အကြံအစည်ပိုပြီးအထမြောက်စေရန် အားလုံးကြားနိုင်လောက်သောအသံဖြင့် စကားတစ်ခွန်းထပြောလာသည်။

" မင်းကြီးကတော့ ကျုပ်တို့အမတ်တွေကို စပြီးဆန့်ကျင်နေပြီ။ ကိုယ့်နေရာမပျောက်ချင်ရင် ကျုပ်မှာအစီအစဥ်တစ်ခုရှိတယ်။ ပူးပေါင်းမယ့်သူတွေ ညကျရင် ကျုပ်အိမ်တော်ကိုလာခဲ့ကြ "
~~~~~xxxxx~~~~~

ဒီနေ့တော့ ဟန်ဆောင်းနှင့်Jungkookတို့ ပန်းပဲဆရာကြီးအိမ်ဘက်ကို ဓားတွေမှာဖို့ထွက်လာခဲ့ကြသည်။ အကြောင်းကတော့ သင်တန်းသားများ သင်တန်းဆင်းလျှင် ဓားတစ်ချောင်းစီလက်ဆောင်ပေးရန် သူစဥ်းစားထား၍ပင်။ ဟန်ဆောင်းကျေးဇူးဖြင့် ပန်းပဲဆရာကြီးလည်း အလုပ်သမားထပ်ခေါ်ကာ မြှားခေါင်းအမြောက်အမြား ပြုလုပ်ပေးနေရသည်။

" ဆရာကြီးရေ အလုပ်တွေရှုပ်နေလားဗျ "

ဟန်ဆောင်းအသံကြောင့် ပန်းပဲဆရာကြီး အလုပ်လုပ်နေရင်း မီးပြင်းဖိုနားကနေ ပျာပျာသဲသဲထလာကာ ဖက်လှဲတကင်းကြိုဆိုလိုက်သည်။

" ဟန်ဆောင်းတို့ ဦးလေးဆီလာတာ ဘာကိစ္စရှိလို့လဲ။ မြှားခေါင်းတွေထပ်လိုရင် ဦးလေးတပည့်တွေပို့ခိုင်းလိုက်မှာပေါ့။ ကိုယ်တိုင်လာစရာ မလိုပါဘူး "

" မဟုတ်ပါဘူး ဦးလေး။ ကျွန်တော် ဦးလေးဆီက ဓားတွေထပ်မှာချင်လို့။ ကျွန်တော့်ကိုယ်ခံပညာသင်တန်းက တပည့်တွေသင်တန်းဆင်းတဲ့အခါ အမှတ်တရပေးဖို့ ဓားအလက်တစ်ရာ ထပ်မှာချင်လို့။ ဦးလေး မလုပ်နိုင်ဘူးဆိုလည်း ဦးလေးအသိထဲက အခြားပန်းပဲဆရာတစ်ယောက်ဆီမှာ အပ်ပေးပါဗျာ "

ဟန်ဆောင်းစကားကြောင့် ပန်းပဲဆရာကြီးလည်း စိတ်ညစ်ပြီးခေါင်းကုတ်နေမိသည်။ သူ့မှာလည်း ဟန်ဆောင်းမှာထားသည့် မြှားခေါင်းတွေအတွက် အလုပ်သမားနှစ်ဆယ်ခန့်ဖြင့် နေ့မအားညမအားလုပ်နေရသည်။ အခု နောက်ထပ် ဓားအချောင်းတစ်ရာ လာမှာပြန်သဖြင့် သူမနိုင်နိုင်တော့ပေ။

" အေးကွာ အခြားပန်းပဲဆရာဆီမှာပဲ အပ်ပေးရတော့မှာပေါ့။ ဘာပဲဖြစ်ဖြစ် ဟန်ဆောင်းကျေးဇူးကြောင့် ဦးလေးလည်း အလုပ်နဲ့လက်နဲ့မပြတ်ဘဲ စီးပွားဖြစ်နေတာ။ ကြုံတုန်းလေး ဧည့်ခံရအောင် အိမ်ထဲဝင်ကြဦး။ ဂွမ်ဆူရေ..ဂွမ်ဆူ ဧည့်သည်တွေကို အိမ်ထဲခေါ်ပြီး ဧည့်ခံပေးလိုက်ဦး "

ဆရာကြီး အော်ခေါ်သံကြောင့် အရပ်ကလန်ကလားနှင့်လူရွယ်တစ်ယောက် သူတို့နားပြေးလာသည်။ ပန်းပဲဆရာကြီးလည်း ဟန်ဆောင်းတို့ကို ဧည့်ခံဖို့ ဂွမ်ဆူကိုသေချာမှာနေသည်။

" ဂွမ်ဆူ ဒါငါတို့ကိုအလုပ်ပေးထားတဲ့ ထမင်းရှင်တွေနော်။ အိမ်ထဲခေါ်သွားပြီး သေချာဧည့်ခံလိုက်။ ငါ့အလုပ်တွေ ပစ်ထားလို့မရလို့ မင်းကိုဧည့်ခံခိုင်းတာ။ တလွဲတွေ လုပ်မနေနဲ့ဦးနော် "

" ဟုတ်ကဲ့ ဆရာကြီး။ ကျွန်တော် သေချာလေးဧည့်ခံလိုက်မှာမို့ စိတ်ချလက်ချနဲ့ အလုပ်လုပ်ပါ။ ဧည့်သည်တွေ ကျွန်တော်နဲ့လိုက်ခဲ့ပါ "

ဟန်ဆောင်းနှင့် Jungkookလည်း ဂွမ်ဆူနှင့်အတူ ပန်းပဲဆရာကြီးအိမ်ထဲ ဝင်လာခဲ့သည်။ ဂွမ်ဆူတစ်ယောက်ကတော့ ဧည့်ဝတ်ကြေအောင် ပျာပျာသဲသဲဖြင့် နေရာထိုင်ခင်းပြင်ပေးရှာသည်။ နေရာထိုင်ခင်းပြင်ပေးပြီးသည့်နောက်တွင် လှစ်ခနဲပျောက်သွားကာ အစားအသောက်တွေယူလာပြန်သည်။ ပျာယာခတ်ပြေးလွှားပြီး ဖတ်ဖတ်မောနေသော ဂွမ်ဆူကိုကြည့်ရင်း ဟန်ဆောင်းတို့စုံတွဲလည်း သဘောကျစွာရယ်မောနေမိသည်။

" ခဏလေး ထိုင်ပါဦး ဂွမ်ဆူရာ။ ဒီလောက်ဧည့်ခံရင် ရပါပြီဗျ။ အပြေးအလွှားဧည့်ခံနေရတာ ပင်ပန်းနေမှာပေါ့ "

ဟန်ဆောင်းတားလိုက်တော့မှ ဂွမ်ဆူလည်းနေရာတကျထိုင်ရင်း အမောဖြေနေရှာသည်။ တာဝန်ကျေချင်လွန်းသော စိတ်ရင်းအခံကြောင့် သူ့ခဗျာ အပြေးအလွှား ပင်ပန်းရချေပြီ။

" ကျွန်တော်လည်း ဆရာကြီးဆူမှာကြောက်လို့ ဧည့်ဝတ်ကျေအောင်ဧည့်ခံနေရတာ အစ်ကိုရဲ့။ ဆရာကြီးက သူ့ဧည့်သည်တွေကို သေချာဂရုမစိုက်ပေးရင် ကျွန်တော့်ကိုဆူမှာ "

" ရပါတယ် ဂွမ်ဆူရာ။ ဒီလောက်ဆို မင်းတာဝန်ကျေပါပြီ။ ဒါနဲ့ မင်းက ဆရာကြီးဆီကို အသစ်ရောက်လာတာထင်တယ်။ အရင်အခေါက်တွေတုန်းက မင်းကို ဒီမှာမတွေ့ဖူးဘူး "

" ဟုတ်တယ် အစ်ကိုရဲ့။ ကျွန်တော် ဆရာကြီးဆီပြန်ရောက်တာ နှစ်ရက်ပဲရှိသေးတယ်။ ဒါပေမယ့် ကျွန်တော်ကလူသစ်တော့မဟုတ်ဘူး။ အရင်က ဆရာကြီးအလုပ်မကောင်းတော့ ကျွန်တော့်ကိုခေါ်မထားနိုင်လို့ အိမ်ပြန်လွှတ်ခဲ့တာ။ အခု အလုပ်တွေပြန်ကောင်းတော့မှ ကျွန်တော့်ကိုပြန်ခေါ်တာ။ ကျွန်တော်ကလည်း ခိုင်းရတာဖင်ပေါ့တာကလွဲလို့ ကျန်တာဘာမှမတတ်ဘူးလေ။ ကျွန်တော် စကားပြောနေတာနဲ့ပဲ အစ်ကိုတို့ ဘာမှမစားရသေးဘူး။ ကျွန်တော်ဧည့်ခံထားတာလေးတွေ စားကြသောက်ကြပါဦး "

ဂွမ်ဆူ၏ ပွင့်လင်းသည့်စကားတွေကြောင့် ဟန်ဆောင်းတို့စုံတွဲ သဘောကျပြီးပြုံးစိစိဖြစ်နေသည်။ ဂွမ်ဆူ့မျက်နှာက မွေးကတည်းက လူချစ်လူခင်ပေါသော ဇာတာဖြင့်မွေးလာသလောမပြောတတ်။ သူ့မျက်နှာအမူအရာတိုင်းက မြင်ရသူတိုင်းကို ရယ်မောရအောင်စွမ်းဆောင်နိုင်သည်။

ဟန်ဆောင်းလည်း ဂွမ်ဆူဧည့်ခံသော အသားခြောက်မီးဖုတ်ဆီဆမ်းကို Jungkookပါးစပ်ထဲခွံ့ပေးရင်း Jungkookအဆင်သင့်သောက်နိုင်အောင် ရေနွေးပူပူကိုမှုတ်ပေးနေသည်။ Jungkookအတွက် ပြင်ဆင်ပေးပြီးမှ ဟန်ဆောင်း သူ့ဘာသာသူယူစားလိုက်သည်။
တစ်ယောက်ကိုတစ်ယောက် ဂရုတစိုက်ရှိလှသော ဟန်ဆောင်းတို့ကိုကြည့်ရင်း ဂွမ်ဆူလည်းအားကျနေမိသည်။ သို့သော် ဟန်ဆောင်းတို့နှစ်ယောက် မည်သို့ပတ်သက်သည်ကို သူသေချာမသိ။ စပ်စုချင်စိတ်ဖြင့် မေးချလိုက်ပုံက -

" အစ်ကိုတို့က တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတာပဲနော်။ နှစ်ယောက်သားက ညီအစ်ကိုတွေထင်တယ် "

ဂွမ်ဆူ ရုတ်တရက်ထပြောလိုက်သောစကားကြောင့် Jungkook သောက်လက်စရေနွေးသီးသွားသည်။ ဟန်ဆောင်းလည်း ပါးစပ်ထဲဝါးလက်စ အသားခြောက်မီးဖုတ် နင်သွားသဖြင့် ကမန်းကတမ်း ရေနွေးနှင့်မျှောချလိုက်ရသည်။ ဂွမ်ဆူကတော့ ဟန်ဆောင်းတို့ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ဘဲ အူတူတူဖြင့်ကြည့်နေမိသည်။ ဟန်ဆောင်းကတော့ ဂွမ်ဆူကိုစချင်နေသဖြင့် အမှန်တိုင်းမပြောဘဲ လိမ်လိုက်ပြန်သည်။

" ဟုတ်တယ် ဂွမ်ဆူရဲ့။ အစ်ကိုတို့ ညီအစ်ကိုက အရမ်းချစ်ကြတာ။ သွားလည်းအတူ စားလည်းအတူ အိပ်လည်းအတူတူပဲ။ အစ်ကို့ညီလေး Jungkookက အရမ်းလိမ္မာတာလေ။ ညညဆို သူကျွေးတဲ့ညစာစားပြီး အစ်ကိုရောသသူရော ထတောင်မထနိုင်ရှာဘူး "

" ဗျာ!"

ဂွမ်ဆူလည်း ဟန်ဆောင်းစကားကို နားမလည်သဖြင့် အူတူမျက်နှာထားဖြင့် ကြည့်နေမိသည်။ Jungkookကတော့ အနှောင့်မလွတ်သော ဟန်ဆောင်းစကားကြောင့် မျက်စောင်းတစ်ချက်ထိုးရင်း ဂွမ်ဆူမမြင်အောင် ဟန်ဆောင်းဗိုက်ခေါက်ကို လိမ်ဆွဲလိုက်၏။ ဟန်ဆောင်းလည်း မျက်နှာတစ်ချက်မဲ့လိုက်ပြီး Jungkookကို ပြုံးစိစိပြန်ကြည့်လိုက်သည်။ ထို့နောက် စပ်ဖြီးဖြီးမျက်နှာထားဖြင့် သူ့စကားသူပြန်ရှင်းနေသည်။

" နှစ်ယောက်လုံး မထနိုင်ဘူးဆိုတာက ဒီလိုကွာ။ သူက တစ်ခါတလေ အကြောတက်တဲ့အစားအသောက်တွေ ချက်တတ်တော့ ညစာစားချိန် အဲဒါတွေစားမိရင် နှစ်ယောက်လုံးအကြောတွေတက်ပြီး တန်းအိပ်လိုက်ရတယ်လို့ပြောတာ "

သူ့အရပ်နှင့်သူ့ဇာတ်ကိုက်လှသော ဟန်ဆောင်းစကားကြောင့် ဂွမ်ဆူလည်း ခေါင်းတညိမ့်ညိမ့်ဖြင့် ယုံကြည်သွားပုံပေါ်သည်။ ဟန်ဆောင်းတို့အတွဲကတော့ ဂွမ်ဆူလစ်ရင်လစ်သလို ခိုးခိုးရယ်နေမိသည်။

" ကျွန်တော်လည်း အဲလိုမျိုး ညီအစ်ကိုတွေနဲ့ ချစ်ချစ်ခင်ခင်နေချင်တာ။ ကျွန်တော်က တစ်ကောင်ကြွက်ဆိုတော့ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါနဲ့ အစ်ကိုဟန်ဆောင်းက ညနေဘက်တွေဆို ကိုယ်ခံပညာသင်ပေးနေတယ်ဆို။ အဲဒါ ကျွန်တော်ရောလာတက်လို့ရမလားလို့။ ကျွန်တော်က ဒီရွာသားမဟုတ်တော့ လက်ခံပါ့မလား "

" သြော် ရတာပေါ့ ဂွမ်ဆူရာ။ အစ်ကို့သင်တန်းက လူတိုင်းကိုကြိုဆိုပါတယ်ကွာ။ ပညာလိုချင်တဲ့ဘယ်သူ့ကိုမဆို သင်ပေးမှာ။ ဒါနဲ့ မင်းဆရာခွင့်ပြုပါ့မလား "

" ခွင့်ပြုတာပေါ့ အစ်ကိုရယ်။ ဆရာကလေ ကျွန်တော်ဘာမှမတတ်လို့ဆိုပြီး တစ်ခုခုတတ်စေချင်နေတာ။ သူပန်းပဲသင်ပေးတုန်းကလည်း မတတ်ခဲ့တော့ ကျွန်တော့်ကိုအခြားပညာရပ်တစ်ခုခု တတ်စေချင်နေတာလေ။ အဲဒါ ကျွန်တော်လည်း ကိုယ်ခံပညာတစ်ခုလောက် တတ်အောင်ကြိုးစားမလားလို့ "

" ကောင်းတာပေါ့ ဂွမ်ဆူရ။ ဒါဆို ဒီညနေလာခဲ့နော်။ အစ်ကိုတို့ညီအစ်ကို စောင့်နေမယ် "

" ဟုတ်ကဲ့ အစ်ကို။ ကျွန်တော်လေ အစ်ကိုတို့ညီအစ်ကို ကို အရမ်းအားကျတယ်။ နောက်လည်း ဒီလိုပဲ ချစ်ချင်ခင်ခင်နေသွားကြနော် "

" အေးပါ ဂွမ်ဆူရဲ့။ အစ်ကိုတို့ညီအစ်ကိုက တစ်သက်လုံးရန်မဖြစ်ဘဲ ချစ်ချစ်ခင်ခင်နေသွားကြမှာ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်ရှိတော့ စိတ်အခန့်မသင့်လို့ ရန်ဖြစ်ရတာမျိုးမရှိဘူးလေ "

ဟန်ဆောင်း သူတို့ကိုယ်သူတို့ ညီအစ်ကိုဟုသုံးလိုက်မိတိုင်း စိတ်ထဲကအလိုလိုရယ်ချင်လာသည်။ ပြောသမျှယုံသော အူတူတူဂွမ်ဆူကြောင့် Jungkookနှင့်သူ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရယ်နေရသည်။ ဂွမ်​ဆူကတော့ သူတို့ဘာကြောင့်ရယ်နေသည်ကို သဘောပေါက်မည်မဟုတ်ပေ။

To be continued...

Continue Reading

You'll Also Like

569K 49.5K 29
Taekook Fanfiction Jeon Kim Own creation
26.5K 1.5K 12
Taekook short fic Start Date - 5.1.2021 Written by Victory Jeon
36.7K 2.7K 72
ဖတ်ကြည့်နော်😉😉
103K 18K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...