အခန်း ၈
"အာ အဲ့လိုပြောကြေးဆိုရင် ဟိုတစ်ခေါက် ကိုယ့်သားကိုပြန်မုဒိမ်းကျင့်တဲ့ လူက ပိုပြီးတော့ အပြစ်ကြီးတာပေါ့ ။ အဲ့လိုကတော့ မဟုတ်သေးပါဘူးကွာ အောက်သားတွေကလည်း တစ်ခါတစ်ခါသောက်ရမ်းမျက်နှာလိုက်တာပဲ ။ "
ခန်းမထဲ၀င်လာတာနဲ့ အော်ကြီးဟစ်ကျယ် တစ်ယောက်တည်း စကားပြောနေတဲ့ ဒါအီ ကိုတွေ့ရသည် ။ သူက အခုလည်း အဲ့ဒီငရဲပြည်ကနေ တိုက်ရိုက်ထုတ်လွှင့်ဆဲ အပြစ်ဒဏ် ဆုံးဖြတ်တဲ့ အခမ်းအနားတွေကို ကြည့်နေပြန်ပါပြီ ။
"ကိုးလ် ထူးထူးဆန်းဆန်း ဘာလာလုပ်တာလဲ ? လာထိုင်လေ ။ အတူတူလာကြည့် ။ "
ဒါအီက ထိုင်နေရာမှ ဟိုဘက်ကို နည်းနည်းတိုးပေးတယ် ။ သူမကို လာထိုင်ဆိုတဲ့သဘောနဲ့ ဆိုဖာကို ပုတ်ပြတယ် ။
မြင်နေရတဲ့ ဖန်သားပြင်ထဲမှာ လူတစ်ယောက်ကို လက်နှစ်ဖက်နဲ့ ခြေထောက်နှစ်ဖက်လုံးမှာ ကြိုးနဲ့ဆွဲထားသည် ။ လူက လေထဲမှာ တန်းလန်းမြောက်နေသည် ။
ခဏအကြာမှာပဲ ကြိုးချည်ထားတဲ့ တိုင်တွေက လေးဖက်လေးလံမှာ ရွေ့လျားပြီးတော့ ထိုလူက ဆွဲဖြဲခံရသလိုဖြစ်သွားတဲ့အခိုက်အတန့်မှာ ကိုးလ်က မကြည့်နိုင်တာကြောင့် မျက်နှာလွဲဖြစ်လိုက်ရသည် ။ သူမက ချက်ချင်းဆိုသလို ကြက်သီးတွေတဖြန်းဖြန်းထလာတယ် ။
"ဒါအီ အဲ့တစ်ယောက်က ဘာလုပ်ထားတာမို့လို့လဲဟင် အဲ့လိုအပြစ်ပေးခံရတာက .... "
"အာ.... ဒါတောင်နည်းသေးတယ် ။ အဲ့ခွေးသူတောင်းစားက အဲ့လိုမျိူးကို အခါတစ်သိန်းလောက်ခံသင့်တာ ၊ ငရဲပြည်မှာ သူ့ပစ္စည်းကို ဓားနဲ့နှုတ်နှုတ်စင်းပြီး အပြစ်ပေးမဲ့နေရာပါ ထပ်တိုးရမှာ ..."
"ဘာလို့လဲ ? "
" သက်ငယ်မုဒိမ်းလေ ။ ကလေး သုံးဆယ့်နှစ်ယောက်ကို မုဒိန်းကျင့်ခဲ့တာ အဲ့ဒီခွေးသားက ။ "
"အင်း ခံရသင့်ပါတယ် အဲ့တာဆိုရင်တော့ ။ "
ဒါအီက ငရဲပြည်ရဲ့ အပြစ်ပေးခန်းတွေကို တော်တော်စိတ်၀င်စားတဲ့လူ ၊ တကယ်ဆို အဲ့ဒီတိုက်ရိုက်လွှင့်တာကို ကြည့်ရအောင်လိုင်စင်ရဖို့က တော်တော်ကိုခက်တာ ။ ကိုးလ်တို့လိုမျိုး စောင့်ရှောက်သူတွေဆီမှာ အိပ်မက်တောင် မမက်နိုင်တဲ့အရာပေါ့ ။
ဒါမျိုးတွေကို လမ်းကြုံလို့၀င်ကြည့်မိပြီဆိုရင် တကယ်လည်း ရင်တထိတ်ထိတ်ဖြစ်ရသည် ။ ဒါအီကတော့ ဘယ်လိုမှမနေဘူးလားမသိ ။ အဲ့ဒီနေရာမှာ မိမိသာဆိုရင် ဆိုတဲ့အတွေးမျိုးနဲ့ပေါ့ ။
"ဟိုလေ ငါတို့လိုစောင့်ရှောက်သူတွေမှာလည်း ငရဲရှိနိုင်လား ? "
"အမ်း...... "
အသံကိုခပ်ဆွဲဆွဲပြုပြီး ဖန်သားပြင်ကို မျက်နှာလွှဲ သူမဘက်ကိုလှည့်လာပြီး အကဲခတ်နေတဲ့ ဒါအီကြောင့် ချက်ချင်းဆိုသလိုလူက မလုံမလဲဖြစ်လာသည် ။ သူမဒီကို ရောက်နေတဲ့အကြောင်းရင်းကို နည်းနည်းလောက်လေးပဲဖြစ်ဖြစ် ရိပ်မိသွားလေတော့မလားပဲ ။
ဒါအီက အနီးကပ်ပိုတိုးလာပြီး သူမကို မျက်မှောင်ကုတ်ပြီးကြည့်နေတယ် ။ အဲ့အခိုက်အတန့်အတွင်းမှာ ကိုယ့်ကိုကိုယ် အငွေ့ပျံပျောက်ကွယ်သွားတော့မလ်ုတောင် ထင်မိတယ်။
"စောင့်ရှောက်သူတွေမှာက အမ်း... ရှိတာပေါ့ ။ ရှိတယ် ။ "
"ဟိုအဲ့တာဆို တာ၀န်ကိုလုပ်ဖို့ မအောင်မြင်ရင်ကျတော့လေ ဘယ်လိုငရဲမျိုးတွေ ခံရနိုင်တာလဲ ?"
"အဲ့တာတွေက … သိပ်တော့ မကြီးကျယ်ပါဘူး အပြစ်တွေက ၊ တစ်ချို့ဆို ကွင်းလုံးကျွတ်လွတ်တဲ့ လူတွေတောင်ရှိတယ် ။ ဒီလိုကွာ များသောအားဖြင့်ဆိုရင် ဟိုဘက်ကသာ ကျေအေးပေးရင် ဘာမှပြဿနာသိပ်မတတ်ဘူး ၊ သူတို့ပေးထားတဲ့ အဖိုးအခတွေကွာ ဘယ်နှဘ၀စာချုပ်နဲ့ ကောင်းကောင်းနေပြီး ပြန်ပေးဆပ်ရတာတို့ဘာတို့တော့ရှိတယ် ။ တစ်ဖက်က မကျေအေးပေးရင်လည်း ငရဲမှာ ဘာမှ အများကြီး လုပ်လို့မရဘူး ။ ပြောရရင် ဒါကြီးက မှောင်ခိုဈေးကွက်လိုပဲ အဲ့ဒီစောင့်ရှောက်သူတွေ၀ယ်တဲ့ကိစ္စကို အပေါ်က ဘိုးတော်က အရမ်းအတိလင်းကြီး ကျေကျေနပ်နပ် ခွင့်ပြုထားတာမဟုတ်ဘူး ။ အဲ့တော့ သိပ်ကြီးကြီးကျယ်ကျယ် ဖြစ်လို့မရဘူး ။ အောက်ကကောင်တွေကလည်း အရမ်း ၀င်မပါရဲဘူးပေါ့ ။ အဲ့ဒီ သဘောပါပဲ ။ "
ကိုးလ်က အခုမှပဲ အနည်းငယ် စိတ်အေးသွားသလို သက်ပြင်းကို ဖွဖွချသည် ။
"ဘာစားပြီးပြီလဲ "
"ဗိုက်ဆာလို့လား ?"
"အင်း "
"ရတာပေါ့ ရတာပေါ့ ။ ငါတို့အငယ်ဆုံးလေးက ထူးထူးဆန်းဆန်းလာတာပဲကို ၊ ခဏလေးနော် အခုချက်ချင်းသွားပြီးတစ်ခုခုလုပ်လာမှာမို့လို့ ခဏပဲစောင့် ။ "
ဒါအီ မီးဖိုခန်းဖက် ထွက်သွားတာနဲ့ တပြိုင်နက် သူမက ချက်ချင်း ခြေသံကိုဖော့နင်းကာ ဘေးမှာရှိတဲ့အခန်းတစ်ခုထဲ ၀င်လိုက်တယ် ။ တကယ်ဆို ဒီရက်ပိုင်းမှာ သူမက တာ၀န်တွေ အများကြီး ပျက်ကွက်ခဲ့တယ် ။
ပန်းရောင်နောက်ကို လိုက်နေရမဲ့အချိန်တွေမှာ အဖြူရောင်နဲ့ရှိနေခဲ့တယ် ။ ပန်းရောင်ကို ဘာမှမဖြစ်လောက်ပါဘူးဆိုပြီးတော့ ဒီတိုင်းလွှတ်ထားခဲ့တာလည်းပါတယ် ။
မနေ့ညကတော့ ရင်းနှီးတဲ့လူတစ်ယောက်အနေနဲ့ ပန်းရောင်က သူမကို ရင်ဖွင့်လာတယ် ။ ချစ်ရတဲ့လူတွေ့ပြီထင်တယ် ဆိုပြီးတော့ အဲ့ဒီလူနဲ့ ပထမဆုံးအနမ်းပေးခဲ့ပြီ တဲ့လေ ။ အဲ့ဒီမှာ လူကစပြီး ခေါင်းမီးတောက်တော့တာပဲ ။
တကယ်ဆိုရင် အကုန်လုံးက တာ၀န်မကျေတဲ့ မိမိကြောင့်ပဲလေ ။ ပန်းရောင်ကို စောင့်ရှောက်ပေးရမဲ့ တာ၀န်ရဲ့ ခေါင်းစဉ်က အပျိုရည် မပျက်ဖို့ ဆိုတာဖြစ်ပြီးတော့ ခန္ဓာကိုယ်ခြင်းထိတွေ့ဆက်ဆံမှုတွေကိုလည်း ပြင်းပြင်းထန်ထန် တားမြစ်ထားတယ် ။
အဲ့ဒီတာ၀န်ကို စစချင်းကြားတုန်းက ကြောင်တောင်တောင်ကြီးလို့ထင်ခဲ့ပေမဲ့ နတ်ပြည်တတ်ဖို့ရည်ရွယ်ထားရင် သူက ဘယ်နှဘ၀ဖြူစင်ခဲ့တယ်ဆိုတာအပေါ်မူတည်ပြီး ဂုဏ်ရှိစေတယ်လို့တော့ ကြားဖူးတာပဲ ။
တချိူ့လူတွေဆို ငယ်ငယ်ကတည်းက အမဲသားမစားမိအောင် တားစီးပေးရတဲ့ တာ၀န်တို့ ၊ ဘာသားမှ မစားရအောင် တားစီးပေးရတာတို့ ၊ အဲ့ဒီအရာတွေက နည်းနည်းတော့ ကြောင်တောင်တောင် နိုင်ပေမဲ့ သူတို့ဘ၀အတွက် အထောက်အကူဖြစ်တယ်ဆိုပဲ ။
တချို့ဆို နောက်ဘ၀ သခွာသီးမစားအောင် တားပေးဆိုပြီး စောင့်ရှောက်သူ လာငှားတာတောင် ရှိတယ်တဲ့လေ ။ ကောင်းမှုတွေအများကြီးလုပ်ထားတဲ့လူတွေများ သက်သက်ကြီး ဒီနေရာမှာလာဖြုန်းသွားတာပေါ့ ။
အဲ့တာတွေကြားသိရပြီးနောက်တော့ ပန်းရောင်ကို စောင့်ရှောက်ပေးရတဲ့ တာ၀န်က အရမ်းကြီး ကသိကအောက်နိုင်ပြီး ထူးဆန်းမနေတော့ဘူး ။ သူမထက်အဖြစ်ဆိုးတဲ့ စောင့်ရှောက်သူတွေမှအများကြီးကိုး ...။ အင်းပေါ့ ... အလုပ်ရှင်ကိုတော့ ဘယ်စောဒက သွားတတ်လို့ရမလဲ ။ ထမင်းစားကဒ်ပျောက်သွားမှာပေ့ါ ။
အဲ့ဒီအခန်းထဲမှာစီစီရီရီ ထားထားတဲ့ဖန်အရုပ်အကြည်လေးတွေထဲက နောက်ဆုံး တစ်ခုက ပန်းရောင်ကို ကိုယ်စားပြုတယ် ။ စောင့်ရှောက်သူတွေက မကာကွယ်ပေးနိုင်ဘဲ အဲ့ဒီလူသားက တစ်ခုခုချိုးဖောက်မိရင် အဲ့ဒီအရုပ်လေးမှာ အမဲရောင်မှင်ရည်တွေ ပြည့်လာမယ် ။ များများချိုးဖောက်မိရင် အကွက်အကြီးကြီး ၊ နည်းနည်း ချိုးဖောက်ရင် အစက်အပျောက်လေးတွေ စသဖြင့်ပေါ့ ။ အရုပ်တွေကတော့ ထောင်ထားတာ ဆယ်ရုပ်လောက်ရှိမယ်ထင်တယ် ။
အောက်မှာတော့ နာမည်စာတန်းလေးတွေ ကပ်ထားတယ် ။ နှင်းယုဖြူ ၊ တိမ်လွှာဖြူ ၊ စသဖြင့်ပဲ ။ ပန်းရောင်ရဲ့ အရုပ်ကတော့ နာမည်မရေးထားဘူး ။ ဒါတွေက အရေးမကြီးပါဘူး ။ အဓိကက နောက်ဆုံးအရုပ်ကို သူမသေချာစစ်ဆေးရမှာ ။
အဲ့ဒီကြည်တောက်နေတဲ့ ဖန်သားရုပ်ထုလေးက ဘာအစွန်းထင်းမှ တကယ် ရှိမနေဘူး ။ သူမအံ့သြစွာနဲ့ ဖွဖွလေးကိုင်မြောက်လိုက်တယ် ။ ပြီးတော့ ပတ်ပတ်လည်ကို နှစ်ခါ သုံးခါ ထပ်ကြည့်လည်း အဲ့တာက ပြောင်းလဲမသွားဘူး တကယ်ကြီး ဘာအစက်ပျောက် အစွန်းထင်းမှ ရှိမနေတာ ။ အရမ်းကြည်တောက်ပြီးတော့ ဖောက်ထွင်းမြင်နေရတာမှ လှလွန်းနေချက်ပဲ ။
သူမအဲ့ဒီအခန်းထဲကနေ ပြန်ထွက်ခဲ့တယ် ။ပြီးတော့ မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေလောက်ဦးမဲ့ ဒါအီကို နှုတ်မဆက်ဘဲ အဲ့ဒီနေရာကနေ ထွက်လာခဲ့တယ် ။ တစ်ခုခုတော့ တစ်ခုခုပါပဲ ။ စိတ်ထဲမှာ ထူးထူးဆန်းဆန်းကြီး မတင်မကျဖြစ်နေတယ် ။ ဆဌမ အာရုံလို့ပြောရမလားပဲ မပြောပြတတ်တဲ့ ကိစ္စတချို့က မူမမှန်ဘူး ။
မစဉ်းစားတတ်တော့တဲ့ ကိုးလ်က ခေါင်းရှုပ်လည်း အရမ်းမခံချင်တာကြောင့် စိတ်ထဲက ကိစ္စတော်တော်များများကို ဒီတိုင်းပဲ ထားလိုက်ပြီးတော့ ခြေလှမ်းတွေက သူမရဲ့ ပျော်စရာလေးဆီကို ဦးတည်လိုက်တယ် ။ အဲ့ဒီအခိုက်အတန့်မှာ ကိုးလ်ရဲ့ မျက်နှာက ချက်ချင်းပြုံးသွားလိုက်တာများ တကယ် မျက်လှည့်လိုပဲ ။ ခြေလှမ်းတွေကလည်း မြူးကြွသွက်လက်လို့ ။
အခုတလော ရာသီဥတုက ပူလာတာမို့လို့ ကိုးလ်က ရေခဲမုန့်၀ယ်သွားဖို့ ဆိုင်ထဲကို ၀င်လိုက်တယ် ။ ပြီးတော့ သူမက ရေရေရာရာရွေးမနေဘဲ အရသာအစုံပါအောင် နည်းနည်းစီ ယူလိုက်တယ် ။ အဲ့ဒီတစ်လျှောက်လုံးမှာ ကိုးလ်ရဲ့ မျက်လုံးတွေက ပြုံးလို့ ။
အဲ့ဒီနိဗ္ဗာန်ဘုံကိုရောက်တဲ့အခါ သူမရဲ့ နတ်သမီးလေးက ထုံးစံအတိုင်း အပြာရောင် ဂါ၀န်လွှင့်လွှင့်လေးထဲမှာ မြုပ်နေပြန်ရဲ့ ။
မြတ်နိုးမှုတွေ ရေစီးကမ်းပြိုလာတဲ့ ကိုးလ်က အဖြူရောင်ရဲ့ နဖူးလေးကို တစ်ချက်နမ်းလိုက်ပြီးတော့ ဘေးနားမှာ၀င်ထိုင်လိုက်တယ် ။ ချက်ချင်းဆိုသလိုပဲ ပျော်ရွှင်မြူးထူးသွားတဲ့ အဖြူရောင်က ကိုးလ်ရဲ့ ခါးကို သိုင်းဖက်တယ် ။
"ခင်ဗျားကို လွမ်းနေတာ ။ "
အဲ့ဒီအသံတိုးတိုးလေးအပြီးမှာတော့ ကိုးလ်က တောင်ပေါ်သွားရင် မှိုရလို့ ပျော်တဲ့ မျက်နှာတောင် မဟုတ်တော့ဘဲ အဲ့ဒီမှိုပေါက်နေတဲ့ တောင်ကြီးတစ်ခုလုံးကိုပဲ အပိုင်စားအုပ်စိုးရသွားသလို ပြုံးဖြီးနေဝောာ့တာပါပဲ ။
"ဖယ်ဦး ဖြူရဲ့ ။ ဒီမှာကိုယ် ရေခဲမှုန့်တွေ ၀ယ်လာတယ် ။ "
ကိုးလ်ရဲ့ အသံက နားထဲကိုတိုး၀င်လာတော့ ခေါင်းကိုတွင်တွင်ခါရမ်းဖို့ပဲ အားသန်နေခဲ့တယ် ။ အဲ့ဒီ ရေခဲမှုန့်တွေရဲ့ ရနံ့တွေက သူမရဲ့ နှာခေါင်းထဲမှာ သေချာပေါက် ဖြတ်ပြေးနေတာပေါ့ ။ ဒါပေမဲ့ အဲ့ဒီအစား ကိုးလ်ကိုပဲလိုချင်နေတယ် ။ အဲ့ဒီရနံ့တွေအစား ကိုးလ်ရဲ့ ကိုယ်သင်းနံ့ကိုပဲ မရမက ဖက်တွယ်ထားချင်တယ် ။ တစ်ရက်ထပ်တစ်ရက် သူမဘက်က ကိုးလ်ကို အရမ်းရူးလာတာကို သိပေမဲ့လည်း အဲ့တာကို ရပ်ပစ်ချင်စိတ်မရှိဘူး ။
ခါးကိုဖက်ထားတဲ့ အဖြူရောင်ကို ကိုးလ်က နမ်းလို့မှီတဲ့ အဲ့ဒီဆံနွယ်တွေ ၊နားရွက်တွေ ၊နဖူးတွေကို တစ်တိတိနဲ့ လိုက်နမ်းနေရင်း ကျောပြင်ကို လက်ဖဝါးနဲ့ ခပ်ဖွဖွလေး ပွတ်နေတယ် ။
"စတော်ဘယ်ရီရယ် ၊ ဘလူးဘယ်ရီရယ် ၊ ချောကလက်ရယ် ၊ အုန်းသီးရယ် ၊ နို့လည်းပါတယ် ။ ဘာစားချင်လဲ ? အကုန်တော့ စားရမှာပေါ့လေ ။ အရင်ဆုံးဘာစားကြည့်ချင်လဲ ? "
"ခင်ဗျားကို .."
ပြုံးစိစိနဲ့ မော့ကြည့်ပြီးပြောလာတဲ့ ကောင်မလေးကို ကိုးလ်က အူယားလွန်းစွာနဲ့ အောက်နှုတ်ခမ်းလေးကို ဆက်ကနဲ့ကိုက်တော့ အဖြူရောင်က ကိုးလ်ရဲ့ မေးစေ့ကို ခေါင်းနဲ့တိုက်လေရဲ့ ။ နောက်ပြီးတော့ သူမတို့နှစ်ယောက်က ရယ်မောနေကြပြန်တယ် ။
"အုန်းသီး အရသာ စားကြည့်မလား ? "
"အင်း "
ကိုးလ်ခွံ့ကျွေးလာတဲ့ ရေခဲမှုန့်ကို အရသာခံနေတဲ့ ပုစီကွေးလေးကို ကိုးလ်က အပြုံးစစနဲ့ ကြည့်ရင်း အသည်းယားလာဟန်နဲ့ ပါးပြင်ကို မွှေးကြူလိုက်ပြန်သည် ။
"ဘယ်လိုလဲ ကောင်းလား ? ထပ်စားဦးမလား ? "
"အင်း များများ ...."
ထပ်ရောက်လာတဲ့ ရေခဲမှုန့်တွေကို ဒီတစ်ခါတော့ နှုတ်ခမ်းတွေနဲ့ပါ အေးစက်ထုံကျင်တဲ့ထိ အရသာခံပစ်လိုက်ပြီးတော့ ကိုးလ်ရဲ့ နှုတ်ခမ်းတွေကို စက္ကန့်တော်တော်ကြာ ဖိကပ်ပစ်လိုက်သည် ။
"အေးအေးလေး မလား ? ခင်ဗျားရော အဲ့အရသာ ကြိုက်သွားပြီလား ? "
"အင်း .... ကြိုက်တာမှ Ice cream kissက နေ့တိုင်းမပျက်လုပ်ရမဲ့ ၀တ္တရားစာရင်းထဲတောင် ထည့်ချင်မိတဲ့အထိပဲ ။ "
ကိုးလ်ရဲ့ အဖြေကြောင့် အဖြူရောင်က အသံလေးတွေထွက်လာတဲ့အထိ ရယ်နေလေရဲ့ ။ အဲ့ဒီနောက် ကိုးလ်က ရေခဲမှုန့်ကိုယူစားပြီးတော့ ထုံကျင်နေတဲ့ နှုတ်ခမ်းတွေနဲ့ အဖြူရောင့်ရဲ့ နှုတ်ခမ်းပါးတို့ကို အရသာခံပြန်တယ် ။ အဲ့ဒီ အေးကျင်နေတဲ့ အနမ်းတွေက လည်တိုင်တွေဆီရောက်လာတဲ့အခါ အဖြူရောင်က အသက်ရှုမ၀တစ်ချက် ၀တစ်ချက်ပါပဲ ။
ဒီနေ့လည်း ကိုးလ်က ပန်းရောင်ကို ညသင်တန်းအပြန် ကြိုရမဲ့တာ၀န်ကို ထပ်ပြီး ပျက်ကွက်တော့မယ်နဲ့တူရဲ့ .....။
အခန်း ၈
"အာ အဲ့လိုပြောကြေးဆိုရင် ဟိုတစ်ခေါက် ကိုယ့်သားကိုပြန်မုဒိမ်းကျင့်တဲ့ လူက ပိုပြီးတော့ အြပစ်ကြီးတာပေါ့ ။ အဲ့လိုကေတာ့ မဟုတ်သေးပါဘူးကွာ အောက်သားတွေကလည်း တစ်ခါတစ်ခါသောက်ရမ်းမျက်နှာလိုက်တာပဲ ။ "
ခဏြအကာမှာပဲ ကြိုးချည်ထားတဲ့ တိုင်တွေက လေးဖက်လေးလံမှာ ရွေ့လျားပြီးတော့ ထိုလူက ဆွဲဖြဲခံရသလိုဖြစ်သွားတဲ့အခိုက်အတန့်မှာ ကိုးလ်က မြကည့်နိုင်တာကြောင့် မျက်နှာလွဲဖြစ်လိုက်ရသည် ။ သူမက ချက်ချင်းဆိုသလို ကြက်သီးတွေတြဖန်းဖြန်းထလာတယ် ။
"ဒါအီ အဲ့တစ်ယောက်က ဘာလုပ်ထားတာမို့လို့လဲဟင် အဲ့လိုအြပစ်ပေးခံရတာက .... "
"အာ.... ဒါတောင်နည်းသေးတယ် ။ အဲ့ခွေးသူတောင်းစားက အဲ့လိုမျိုးကို အခါတစ်သိန်းလောက်ခံသင့်တာ ၊ ငရဲပြည်မှာ သူ့ပစ္စည်းကို ဓားနဲ့နှုတ်နှုတ်စင်းပြီး အြပစ်ပေးမဲ့နေရာပါ ထပ်တိုးရမှာ ..."
"ဘာလို့လဲ ? "
" သက်ငယ်မုဒိမ်းလေ ။ ကေလး သုံးဆယ့်နှစ်ယောက်ကို မုဒိန်းကျင့်ခဲ့တာ အဲ့ဒီခွေးသားက ။ "
"အမ်း...... "
"ဟိုအဲ့တာဆို တာဝန်ကိုလုပ်ဖို့ မေအာင်မြင်ရင်ကျေတာ့လေ ဘယ်လိုငရဲမျိုးတွေ ခံရနိုင်တာလဲ ?"
"ဘာစားပြီးပြီလဲ "
"ဗိုက်ဆာလို့လား ?"
"အင်း "
"ရတာပေါ့ ရတာပေါ့ ။ ငါတို့အငယ်ဆုံးလေးက ထူးထူးဆန်းဆန်းလာတာပဲကို ၊ ခဏေလးနော် အခုချက်ချင်းသွားပြီးတစ်ခုခုလုပ်လာမှာမို့လို့ ခဏပဲစောင့် ။ "
ပန်းရောင်နောက်ကို လိုက်နေရမဲ့အချိန်တွေမှာ အြဖူရောင်နဲ့ရှိနေခဲ့တယ် ။ ပန်းရောင်ကို ဘာမှမြဖစ်လောက်ပါဘူးဆိုပြီးတော့ ဒီတိုင်းလွှတ်ထားခဲ့တာလည်းပါတယ် ။
အဲ့ဒီတာဝန်ကို စစချင်းကြားတုန်းက ကြောင်တောင်တောင်ကြီးလို့ထင်ခဲ့ပေမဲ့ နတ်ပြည်တတ်ဖို့ရည်ရွယ်ထားရင် သူက ဘယ်နှဘ၀ဖြူစင်ခဲ့တယ်ဆိုတာအေပ်ါမူတည်ပြီး ဂုဏ်ရှိစေတယ်လို့တော့ ကြားဖူးတာပဲ ။
တချို့လူတွေဆို ငယ်ငယ်ကတည်းက အမဲသားမစားမိအောင် တားစီးပေးရတဲ့ တာဝန်တို့ ၊ ဘာသားမှ မစားရေအာင် တားစီးပေးရတာတို့ ၊ အဲ့ဒီအရာတွေက နည်းနည်းတော့ ကြောင်တောင်တောင် နိုင်ပေမဲ့ သူတို့ဘ၀အတွက် အေထာက်အကူဖြစ်တယ်ဆိုပဲ ။
အဲ့ဒီနိဗ္ဗာန်ဘုံကိုရောက်တဲ့အခါ သူမရဲ့ နတ်သမီးလေးက ထုံးစံအတိုင်း အြပာရောင် ဂါဝန်လွှင့်လွှင့်လေးထဲမှာ မြုပ်နေပြန်ရဲ့ ။
မြတ်နိုးမှုတွေ ရေစီးကမ်းပြိုလာတဲ့ ကိုးလ်က အြဖူရောင်ရဲ့ နဖူးလေးကို တစ်ချက်နမ်းလိုက်ပြီးတော့ ဘေးနားမှာဝင်ထိုင်လိုက်တယ် ။ ချက်ချင်းဆိုသလိုပဲ ပျော်ရွှင်မြူးထူးသွားတဲ့ အြဖူရောင်က ကိုးလ်ရဲ့ ခါးကို သိုင်းဖက်တယ် ။
"ခင်ဗျားကို လွမ်းနေတာ ။ "
အဲ့ဒီအသံတိုးတိုးလေးအြပီးမှာတော့ ကိုးလ်က တောင်ပေါ်သွားရင် မှိုရလို့ ပျော်တဲ့ မျက်နှာတောင် မဟုတ်တော့ဘဲ အဲ့ဒီမှိုပေါက်နေတဲ့ တောင်ကြီးတစ်ခုလုံးကိုပဲ အပိုင်စားအုပ်စိုးရသွားသလို ပြုံးဖြီးနေဝောာ့တာပါပဲ ။
ခါးကိုဖက်ထားတဲ့ အြဖူရောင်ကို ကိုးလ်က နမ်းလို့မှီတဲ့ အဲ့ဒီဆံနွယ်တွေ ၊နားရွက်တွေ ၊နဖူးတွေကို တစ်တိတိနဲ့ လိုက်နမ်းနေရင်း ကျောပြင်ကို လက်ဖဝါးနဲ့ ခပ်ဖွဖွေလး ပွတ်နေတယ် ။
"ခင်ဗျားကို .."
"အင်း "
ကိုးလ်ခွံ့ကျွေးလာတဲ့ ရေခဲမှုန့်ကို အရသာခံနေတဲ့ ပုစီကွေးလေးကို ကိုးလ်က အြပုံးစစနဲ့ ကြည့်ရင်း အသည်းယားလာဟန်နဲ့ ပါးပြင်ကို မွှေးကြူလိုက်ပြန်သည် ။
"အင်း များများ ...."
ကိုးလ်ရဲ့ အေဖြကြောင့် အြဖူရောင်က အသံလေးတွေထွက်လာတဲ့အထိ ရယ်နေလေရဲ့ ။ အဲ့ဒီနောက် ကိုးလ်က ရေခဲမှုန့်ကိုယူစားပြီးတော့ ထုံကျင်နေတဲ့ နှုတ်ခမ်းတွေနဲ့ အြဖူရောင့်ရဲ့ နှုတ်ခမ်းပါးတို့ကို အရသာခံပြန်တယ် ။ အဲ့ဒီ အေးကျင်နေတဲ့ အနမ်းတွေက လည်တိုင်တွေဆီရောက်လာတဲ့အခါ အြဖူရောင်က အသက်ရှုမ၀တစ်ချက် ၀တစ်ချက်ပါပဲ ။
ဒီနေ့လည်း ကိုးလ်က ပန်းရောင်ကို ညသင်တန်းအြပန် ကြိုရမဲ့တာဝန်ကို ထပ်ပြီး ပျက်ကွက်တော့မယ်နဲ့တူရဲ့ .....။